“နေရာအနှံ့က ထန်းရိပ်ညိုကို ပြန်လည်ဖော်ထုတ်ခြင်း”
“နေရာအနှံ့က ထန်းရိပ်ညိုကို ပြန်လည်ဖော်ထုတ်ခြင်း”
ဟိုတစ်လောက ကျောက်ဆည်ဘက်ကိုရောက်တော့ ရှင်ပင်ဆပ်သွားကိုဆက်ဝင်ဖြစ်ပါတယ်။
လမ်းဘေးဝဲယာမှာ ရင့်မှည့်စပြုနေတဲ့ကောက်ပင်တွေ မြင်တော့ ဆင်းပြီးဓါတ်ပုံရိုက်ပါတယ်။
နောက်မှမြင်မိတာကတော့ အဝေးကထန်းပင်အုပ်စု။
လယ်ကွင်းအဝါရောင် စိမ်းညို့မှောင်ထန်းပင် သဘာဝရဲ့အလှတွေပါဘဲ။
အဲဒီထန်းပင်တွေမြင်တော့ နေရာအနှံ့မှာတွေ့ဘူးတဲ့ ကိုယ်လက်ဆော့ခဲ့ဘူးတဲ့
ထန်းပင်လေးတွေကိုသတိမိတော့ပြန်ရှာမိပါတယ်။
ကျောက်ဆည်ကအပြန် မြစ်ငယ်တံတားကိုဖြတ်ရပြန်ပါတယ်။
မြစ်ငယ်တံတားအနောက်ဘက်ဓါတ်ဆီဆိုင်အလွန်မှာစစ်ကိုင်း တံတားဦးဘက်ကိုသွားတဲ့
လမ်းအသစ်လေးရှိပါတယ်။
တစ်ရက် အဲဒီလမ်းကပြန်လာတာကိုအမှတ်ရမိပါတယ်။
အဲဒိလမ်းဘေးကလယ်ကွင်းတွေထဲမှာထန်းပင်တွေရှိတယ်။
အဲဒီလမ်းတစ်နေရာရောက်ရင် စစ်ကိုင်းတံတားအသစ်က ကုန်းကြီးတွေကို မြင်ရတဲ့နေရာ
လေးရှိပါတယ်။
စစ်ကိုင်းဘက်ရွှေကြက်ကျဘုရားကိုလဲမြင်နိုင်ပါတယ်။
ကြုံရင်ဝင်ကြည့်စေချင်ပါတယ်။
ကျနော်တို့မန်းလေးကျုံးပါတ်ပါတ်လည်မှာဆိုရင်လဲနန်းမြို့ရိုးပေါ်မှာထန်းပင်တွေရှိပါတယ်။
အနောက်ဘက်ကျုံးမှာလဲရှိသလို တောင်ဘက်ကျုံးမှာလဲရှိပါတယ်။
ဒီထန်းပင်တွေက နန်းတွင်း အတွင်းဘက်မြို့ရိုးပေါ်မှာပေါက်နေပြီး ကျနော်ထက်အသက်ကြီးပါတယ်။.
ကျနော်ကလေးဘဝမှာဒီအပင်တွေက အရွယ်ရောက်နေပါပြီ။
ထန်းပင်ပုံတွေစုပြီးတင်မယ်လို့စဉ်းစားလိုက်တော့ြပြီးခဲ့တဲ့ဇွန်လတုံးကပြင်ဦးလွင်သွားတဲ့လမ်း
အုန်းချောကအပြန်မှာ စိမ်းမြနေတဲ့လယ်ကွင်းတွေကြားထဲမှာ အထီးကျန်သလိုမတ်မတ်ကြီးရပ်နေတဲ့ထန်းပင်ကြီးကိုသွားသတိရမိပါတယ်။ သူ့နောက်ဘက်မှာတော့ ဘော်ငွေရောင်တိမ်တိုက်ကြီးကလဲရှိနေပြန်ပါတယ်။ ဒီထန်းပင်လေးက မေမြို့ပန်းဈေးတန်းနဲ့သိပ်မနီးမဝေးနေရာလေး အတက်လမ်းဘက်မှာရှိတာပါ။
လူ့စိတ်ဆိုတာက အခက်သားလားဗျာ။ တစ်ပင်တည်းရှိနေတဲ့ဒီထန်းပင်ပုံမြင်တော့ သူ့လိုဘဲ တစ်
ပင်ထဲရှိနေတဲ့ထန်းပင်ကို သတိရမိပြန်ရော။ ဒီထန်းပင်လေးက ရန်ကုန် ရွှေတိဂုံဘုရားပေါ်မှာရှိတာပါ။ အဲဒီနေ့က ကျနော်ဘုရားရင်ပြင်တော်ပေါ်ရောက်တာနေ့လည်ပိုင်းနေတွေပူကျက်လို့နေပါတယ်။
ဒီဓါတ်ပုံရိုက်ခါနီးမှာတော့ မြင်ရတဲ့အတိုင်းမိုးတွေအုံ့လို့ပေါ့။
ရွှေတိဂုံကပြန်လာပြီးနောက်တစ်ရက် ကမ္ဘာအေးစေတီကိုရောက်တာ့ အခုမြင်ရတဲ့အတိုင်းထန်းပင်ညီနောင်လေးကို လက်ဆော့မိတာပါဘဲ။
အဲဒီထန်းပင်ညီနောင်ကိုမြင်တော့ ဒီလိုထန်းပင်ညီနောင်လေးကိုတွေ့ဘူးပါတယ်ဆိုပြန်စဉ်းစားမိတဲ့အခါတောင်မြို့ လို့ကျနော်တို့ခေါ်တဲ့ အမရပူရမြို့ကိုသွားတုံးက လမ်းဘေးမှာရို်က်ထားတဲ့ ပုံလေးကိုသွားသတိရမိပြန်ပါတယ်။ တစ်ပုံကတော့ စက်တင်ဘာလတုံးကရို်က်ထားတာပါ။ နောက်တစ်ပုံကတော့ တောင်သမန်အင်းကို သွားတဲ့လမ်းမှာ နိုဝင်ဘာလထဲမှာရိုက်တာတဲ့ပုံလေး။ နှစ်ပုံလုံးထန်းပင်ညီနောင်နဲ့ပုံ တစ်ပုံကတော့ နဂါးရုံဘုရားနားမှာပါ။
အဲဒီနဂါးရုံဘုရားနားကထန်းပင်မြင်တော့ တစ်ခါမုံရွာဘက်သွားတော့ ကောင်းမူ့တော်မရောက်ခင်လေးမှာ ရှေးဘုရားအိုအိုလေးဘေးက
ထန်းပင်ညိုညိုတွေကိုု သတိရမိပြန်ပါတယ်။
အဲဒီမုံရွာသွားတဲ့နေ့မှာပါဘဲ။ လမ်းဘေးတစ်နေရာမှာ တစ်ပင်ထည်းထီးထီးရပ်နေတဲ့ ထန်းပင်ကြီးကိုမြင်ရပြန်ပါတယ်။ သူ့အောက်မှာတော့ စိုက်ခင်းစိမ်းစိမ်းလေးတွေ။
မုံရွာကထန်းပင်မြင်တော့ မဆီမဆိုင် အင်းဝသွားခဲ့တာကို သတိရပြန်ရော။ အင်းဝက ထန်းပင်ပုံကတော့မှတ်တမ်းလိုသဘောထားပြီး ယူထားလိုက်ရတယ် သိပ်တော့ စိတ်တိုင်းမကျလှဘူး။ ပုံထွက်သိပ်မကောင်းဘူးထင်လို့ပါ။ ဒါပေမယ့် ရေထဲမှာအရိပ်ကျနေတာလေးကချစ်စရာကောင်းနေပြန်ရော။ မိဘနဲ့သားသမီးလိုပေါ့ဗျာ ကိုယ့်ကလေးလှလှ မလှလှ ချစ်ရသလိုပါဘဲ။
အင်းဝရောက်ပြန်တော့ ဗားကရာကျောင်းတော်ကိုသွားကြတာပေါ့ဗျာ။ ဗားကရာကျောင်းကအပြန်မှာ မြောက်ဘက်ကိုလှမ်းကြည့်မိတော့ ရေအိုင်လေးထဲမှာက ကြာပင်လေးတွေ။ဟိုးအဝေးမှာကတော့ ထန်းပင်ညိုညို။ ဗားကရာကအပြန်မယ်နုအုတ်ကျောင်းကိုသွားမယ်ဆိုတော့ မြောက်ဘက်ကနေတောင်ဘက်ကိုအသွားလမ်းဆိုးဆိုးလေးထဲဝင်ပြန်တော့ ဟိုး အနောက်ဘက်မှာ ရွှေရောင်ဝင်းနေတဲ့ဘုရားဘေးမှာထန်းပင်လေးတွေ့ပြန်ရော။ မြန်မာပြည်မှာထန်းပင်အတော်ပေပါတယ်။ ဗားကရကျောင်းရောက်ပြန်တော့လဲပါတ်ပါတ်လည်မှာထန်းပင်တွေ။
အပြန်လမ်းအဝေးကလယ်ကွင်းကြားမှာလဲထန်းပင်။ကြည့်လို့ကတော့ အတော်လေးလှပါတယ်။
တိုးရစ်စ်တစ်ယောက်ဓါတ်ပုံရိုက်နေတာကိုလိုက်ကြည့်မိတော့သူကလဲထန်းပင်ကိုရို်က်နေတာပါ။ ဗားကရာမှာဘဲ။
အပြန်လမ်းအဝေးကလယ်ကွင်းကြားမှာလဲထန်းပင်။ကြည့်လို့ကတော့ အတော်လေးလှပါတယ်။
ဒီပုံလေးကတော့ မန်းလေးတက်သိမ်းအင်းကထန်းပင်လေးပါ။ ဒီထန်းပင်လေးကို အချိန်မတူ ရာသီမတူ အမြင်ဒေါင့်မတူဘဲရိုက်ပြထာတဲ့ပုံတွေကို ထပ်ပြီးတင်ပေးမှာပါ။ မြင်ဘူးပြီးသားဆိုရင်တော့ခွင့်လွှတ်ပါနော်။
ကိုပေါက်လက်ဆောင် ပုံစာတွဲ
(2-12-2011)
16 comments
Diamond Key
December 2, 2011 at 9:44 am
ကိုပေါက်……….အိမ်ရှေ့မင်း ထန်းပင်အုပ်လေးတို့၊ ရန်ကင်းတောင် ထန်းစုလေးတို့ လည်း ထည့်အုံးလေ။ သူလည်း နာမည်ကြီး ထန်းပင်တွေနော်…………:mrgreen:
(ဘုရားက ထန်းပင်တွေ ပါသလို တောတန်းကြားက ပင်လေးတွေလည်း ပြစ်မထားနဲ့လေ….:D )
ထန်းပင်တွေ ချည်းပဲလား………..မြူအိုးလေးတွေ ၊ ပဲကြီးလှော်၊ မြေကြွက်ကြော် (ပုရစ်ကပြောပြီးတော့) လေးပါရိုက်ပြရင် ……….. 😉
mg aoukall
December 2, 2011 at 10:20 am
ထန်းပင်တွေ ကိုမြင်ရတော့ ကျွန်တော်တို့ရွာ ပတ်ပတ်လည်က ထန်းတောတွေ ကို သတိရလိုက်တာဗျာ…
အင်း……….အခုဆို ရွာမပြန်နိုင်သေးတာ ၅ နှစ်ကျော်ပီ….
ကိုပေါက်(မန္တလေး)
December 2, 2011 at 11:25 am
အိမ်ရှေ့မင်းထန်းတောကို သွားမယ်ဆိုပြီးခုထိမရောက်နိုင်သေးတဲ့နေရာဗျာ။
kyawtheinmyint 23
December 2, 2011 at 4:21 pm
ဓါတ်ပုံရှုခင်းတွေအတွက် ကျေးဇူးပါ ဦးပေါက်ရေ နံပါတ်၅ ပုံကိုတော့ အကြိုက်ဆုံးပါပဲ။
blackchaw
December 2, 2011 at 5:20 pm
ရွှေတိဂုံရင်ပြင်က ထန်းပင်တောင် ပါအောင်ရိုက်နိုင်တာ ချီးကျူးပါတယ် ကိုပေါက်ရေ။
ကိုပေါက်(မန္တလေး)
December 2, 2011 at 5:26 pm
အဲဒါက ကျနော်ဇူလိုင်လ ရန်ကုန်လာတုန်းက ရိုက်ထားတာလေ
မှော်ဆရာ
December 2, 2011 at 5:29 pm
ဟေ့ မကျေနပ်ဘူးဟေ့ … ထန်းပင်ကြပါပြီး ကိုရင်ပုပုံ တစ်ပုံမှ မပါတာ ဘာကြောင့်တုန်း .. သက်သက်ကို ရှောင်ကွင်း ရိုက်သွားတာလား ….။ 🙂 🙂
ဒီလောက် ထန်းပင် များနေတာ တစ်ပုံမဟုတ် တစ်ပုံမှာတော့ ကိုရင်ပု ပါကို ပါရမယ် … 😀
ကိုပေါက်(မန္တလေး)
December 2, 2011 at 10:02 pm
ကိုရင်ပု ပုံပါအောင်ရိုက်မလို့လုပ်တာ အမူးလွန်တော့ မရိုက်ရဲဘူး။
December Snow Lay
December 2, 2011 at 10:20 pm
ကိုပေါက်က မြွေပွေးမကြောက်ဖူးလား ဟင် ။
မြွေပွေးပေါမဲ့ ပုံမို့ပါ ။
ကိုပေါက်(မန္တလေး)
December 2, 2011 at 10:30 pm
ခင်ဗျားပြောမှဘဲတွေးကြောက်လာတယ်။
ဓါတ်ပုံရို်က်တော့မယ်ဆိုရင်အောက်ကိုသတိကိုမရတော့တာပါ။
aye.kk
December 3, 2011 at 5:50 am
ဪ..
ကိုပေါက်ရေ..ကျေးလက်ဒေသ မြို့ပြအပါဝင် ထန်းတောအလှက မြင်ရသူတိုင်း စိတ်ဘဝင်ရွှင်လန်း
ချမ်းမြေ ့ရပါတယ်..ရှာရှာဖွေဖွေ တင်ပြပေးတာလည်း ကျေးဇူးပါနော်..။
kanjosan
December 3, 2011 at 10:07 am
ကိုပေါက်… ထန်းပင်တွေ လိုက်ပြီး ဓါတ်ပုံရိုက်ပြီး ထန်းရေရော မသောက်ခဲ့ဘူးလား။ ဟုတ်တယ်.. မန်းလေးမှာဆို အိမ်ရှေ့မင်း ထန်းတောရော မပါဘူးလား။။။
windtalker
December 3, 2011 at 2:37 pm
ထန်းရည် ပုံ နဲ ့
ထန်းရည် အရသာလေးပါ
ထည့်ရေးပေးပါ
ကိုပေါက်(မန္တလေး)
December 3, 2011 at 4:26 pm
မောင်ပေ မပြောတော့ဘူး၊
တစ်ခါတည်းထန်းပင်အောက်ခေါ်ပြီး အမုန်းတိုက်လိုက်မယ်ကွာ။
လာချိန်းလိုက်ကြရအောင်။
char too lan
December 3, 2011 at 8:42 pm
ဪ………………….. ဘပုကိုခုတလောရှာရခက်နေပါတယ်လို့ထင်တယ်
တရားခံရှေ့ဆောင်လမ်းပြ မဟာဒူဝံကျယ် ဂ လေးလေးပေါက်ကိုးးးးးးးးးးးးးးးးးးးးး
ကိုပေါက်(မန္တလေး)
December 5, 2011 at 9:55 pm
ရိုးရိုးဘဲနေပါရစေ ချန်တာလူးရေ
မကျယ်ပါရစေနဲ့ကွယ်။