ဟေမန္တ
“ဟေမန္တ”
မြူခိုးကဝေ
စိမ့်လေကဆော်သွေး ။
နှင်းပွင့်ကြွေဟေမာန်တွင်းမှာ
မြင်ကွင်းကဖွေး ။
နန်းထိုက်တဲ့ပန်း
ပွင့်လန်းကပင်မြင့် ။
ဂုဏ်မြင့်သူဆံမှာပန်တော့
လှဟန်သွင်တင့် ။
လွပ်လပ်ခဲ့ပြီ
တို့ပြည်ကိုတို့စိုး ။
တို့အမျိုးကျက်သရေက
တက်နေသို့တိုး … ။ ။
2 comments
Gipsy
December 3, 2011 at 1:18 pm
နှစ်ကိုကျော်၍
လကိုရက်ကူး
ချိန်ခါဦးဝယ်…
ဆောင်းဖူးသခင်
ပန်းသဇင်တို့
စောလျှင်တနှုန်း…
ဂမုန်းနှင်းဆီ
သရဖီလည်း
စုံညီပွင့်ရှာ…
ဆောင်းရာသီကား
အေးချမ်းမည်သာတည်း…..။
မောင်သန်းထွဋ် ဦး
December 3, 2011 at 1:30 pm
ကိုဝေးလွင့်တိမ်ရေ ဆောင်းနဲ ့ပတ်သက်လို ့ဆရာဦးကျော်ရင် ကဗျာလေးတင်ထားတယ်။အားပေးလှည့်ပါနော့