“တူသောနေရာ မတူသောရာသီ တူသောသစ်ပင် မတူသောအမြင်”
(အပိုင်းနှစ်)
“တူသောနေရာ မတူသောရာသီ တူသောသစ်ပင် မတူသောအမြင်”
(အပိုင်းနှစ်)
နေ့စဉ် ကျနော်လမ်းလျှောက်တဲ့လမ်းမှာ ဒီထန်းပင်လေးကရှိနေပါတယ်။
အဲတော့ကြုံတိုင်းသတိရတိုင်းခလုပ်နှိပ်လို့လက်ဆော့ဖြစ်နေမိပါတယ်။
ရိုက်ဖြစ်ပြန်ရင်လဲ စက္ကန့်မိနစ်လောက်သာခြားပြီး တစ်နေရာထဲကို ထပ်ခါထပ်ခါရိုက်မိပါတယ်။
အဲတော့ နည်းနည်းလေးဘဲ ကွဲပြားတော့ တူသလိုလို မတူသလိုလို။
ဒါပေမယ့်သေချာကြည့်တော့ မှာ မတူခြားနားတဲ့အလှလေးတွေကို မြင်ရပါတယ်။
နောက်ကျနော်ရိုက်ထားတဲ့ပုံလေးတွေက အရပ်သဘောနဲ့လူပြိန်းကြည့်ကြည့်ရင်
တော့လှနေမှာပါ။
ကျနော်ကလဲလက်ဆော့ထားတာကိုးဗျ။
အဲတော့ တတ်သိတဲ့ပညာရှင်များက ကျနော်လိုအပ်ချက်တွေကို အားမနာတမ်းထောက်ပြစေချင်ပါတယ်။
ဒါက တကယ့် စိတ်ရင်းအမှန်နဲ့ပြောပြတာပါ။
ပိုလှတဲ့ ပိုသေသပ်တဲ့ ပိုပြီးကောင်းမွန်တဲ့ပုံလေးတွေ ကျနော်ရိုက်တတ်လာအောင်
ဝိုင်းကူညီပေးစေလိုပါတယ်။
အမှတ်စဉ်တစ်ကနေ 24ထိက (3-12-2011)နေ့ မနက်စောစောရယ် နေ့လည်ပိုင်းရယ်မှာရို်က်တဲ့ပုံ။
အမှတ်စဉ် 25ကနေ 34ထိက (4-12-2011)မှာရိုက်တဲ့ပုံ အဲဒီနေ့က မိုးတွေရွာထားပါတယ်။
ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့
(5-12-2011)
Post Views: 149
3 comments
windtalker
December 5, 2011 at 11:13 am
တီတီ..ဟယ်လို ၊ ကိုပေါက် မန်းတလေး လား
ကျုပ် မောင်ပေ ဘာ
ဒီတစ်ပါတ် ဦးပုသ်နေ ့
ဓါတ်ပုံ သွားရိုက်မယ်
အဆင်ပြေဖို ့ကြိုးစားထားပါ
ဒါပါဘဲ
ပေါက်ဖော်
December 5, 2011 at 11:39 am
အွင်း..
ဘယ်လိုများ..ရိုက်ခဲ့တဲ့နေရာတွေ ပြန်မှတ်မိနေပါလိမ့်
ကိုပေါက်(မန္တလေး)
December 5, 2011 at 5:41 pm
ဘယ်လိုမှတ်မိသလဲဆိုရင် …………..အိုဗာတင်းသောက်ထားတာလေ