ကိုယ့်အတွေးနဲ့ကိုယ်
အမှတ်သညာမဲ့တဲ့ ဉာဏ်အစဉ်မှာ
ပြစ်တင်မှုတွေသာပြည့်နှက်နေခဲ့ရင်
သံစဉ်တွေလည်းမလှတော့သလို
ဘဝအမြင်တွေလည်း ကျဉ်းမြောင်းရာကျလိမ့်မပေါ့ …။
တည်မြဲခြင်းတရားကို ဘယ်လိုခံယူကြမလဲ….
ဟော့ဟိုက ….
စိမ်းမြမြအရွက်တွေကြားက
ငှက်ကလေးတွေ အော်သံကို နာဆင်စမ်းပါ …။
ကြည်နူးစေချင်လို့လား …
ကြေကွဲစေချင်လို့လား …
နှလုံးသားရဲ့ စေညွှန်ရာလိုက်ပါရင်းပေါ့….။
သောကအပူများနဲ့ ခရီးဆက်နေခဲ့မိလား …
ဪ…..
ဒါဟာ လမ်းတစ်ခုပါပဲ…
တွေးကြရမှာက
မျိုးဆက်တွေ သွေးနဲ့ ခင်းခဲ့တာလား ….
ချွေးနဲ့ ခင်းခဲ့တာလား…
အသက်နဲ့ ရင်းခဲ့ကြတာလား….
သဘောတရားကတော့ ခပ်ပါးပါးပါ ….
စားမိသမျှလည်း ပြန်အန်ထုတ်လို့မှ မရတာ …
ပြင်ဆင်ချက်တွေနဲ့ စာမျက်နှာတစ်ခုလုံးလည်း ပေပွ …
ပိုင်းခြေရလဒ်နဲ့ ပိုင်းဝေရလဒ်က အချိုးချမရ …
မသိကိန်းများနဲ့ နေ့ရက်များအကြောင်း
မြိန်ရေ ယှက်ရေပြောရင်း ….
ဒီကနေ့အထိ …
ဦးနှောက်ရော နှလုံးသားကပါ
အမှတ်သညာမဲ့နေကြတုန်းပါ ….။
2 comments
aye.kk
December 5, 2011 at 5:04 pm
ဪ..
အမှတ်သညာဆိုတာရှိရင်ကောင်းပါတယ်..
အမှတ်သညာမရှိရင် သည်းခြေမရှိတာနဲ ့တူတူပါဘဲ..
ခံစားမှုမပြုဘဲဥပေက္ခာပြုနိုင်သူတွေ စိတ်ထားနိုင်တာလဲ အံ့ဩစရာပါဘဲ..
ယောနိသော မနသီကာရ လို ့ဘဲဆိုရမှာလား..ဘယ်လိုပြောရမလဲနော်..။
ကိုပေါက်(မန္တလေး)
December 5, 2011 at 5:51 pm
တစ်ခါတစ်ခါများ
မေ့ထားချင်ပါတယ်ဆိုမှ
ပိုသတိရ
ကောင်းလွန်းတဲ့အမှတ်သညာ
သက်ရှိသာဆို
ပါးကို ဘယ်ပြန်ညာပြန်
ရိုက်လိုက်ချင်ပါဘိ။
စိတ်ထဲမှာရှိနေတဲ့အစိုင်အခဲ
ကြေကွဲသွားတဲ့ထိအောင်လေ………………….