ဂျော်ဒန်နိုင်ငံရှိ မြန်မာအလုပ်သမများ စိုးရိမ်ဖွယ်ရာအခြေအနေနှင့်ကြုံနေရ

aung97January 11, 20101min1504
ံဂျော်ဒန်နိုင်ငံရှိ မြန်မာအလုပ်သမများ စိုးရိမ်ဖွယ်ရာအခြေအနေနှင့်ကြုံနေရ
Saturday, 09 January 2010 20:12 ဘစောတင် Irrawaddy
ဂျော်ဒန် နိုင်ငံ မြို့တော် အမ္မန်မြို့အနီးရှိ Century Miracle Co.Ltd အထည်ချုပ်စက်ရုံတွင် ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ၏ စတင်ရန်ရှာမှုနှင့်ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားရာမှ ဆန္ဒပြခဲ့သည့် မြန်မာ အလုပ်သမ ၆၀ဝ ကျော်သည် ဖိအားပေးအကျပ်ကိုင်မှုများ၊ စိုးရိမ်ဖွယ်ရာအခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း သတင်း ရရှိသည်။
ထိုစက်ရုံမှ ဘင်္ဂလားဒေ့ရှ် အလုပ်သမားများသည် မြန်မာအလုပ်သမ များကို တွေ့သည့်နေရာ၌ ရန်မူနေ သဖြင့် အလွန်တရာ စိုးရိမ်နေရကြောင်း မြန်မာအလုပ်သမ တဦးဖြစ်သူ မအိအိခင်က ဧရာဝတီသို့ ယနေ့ တွင် ပြောသည်။
“အခု ကျမတို့ကို လူကြီးတွေက အလုပ်ဆင်းဖို ့ခေါ်ခိုင်းနေတယ်၊ အဓိကကျတဲ့ လူကြီး လေးယောက်ကို ပြော ခိုင်းထားတယ်၊ အခု သူတို ့လေးယောက်မရှိဘူး။ ရှောင်နေကြတယ်၊ လူကြီးတွေ ဘာပြောမလဲဆိုတာကို ကျမတို့စောင့်နေတယ်။ ကျမတို့ဘက်ကတော့ ပြောစရာဘာမှမရှိတော့ဘူး၊ ပြန်မယ်ဘဲပြောထားတယ်၊ အလုပ်ရှင်ကတော့ အတင်းစည်းရုံးနေတယ်။ ရန်ကုန်က အေးဂျင့် ကလည်း ဘာမှမဆက်သွယ်လာဘူး၊ ရန်ကုန်ကမိဘတွေ ဖုန်းဆက်လာတာကတော့ စည်းစိမ်သစ်က ဦးအေးမြင့် ဂျော်ဒန်ကိုလာနေတယ်လို့ ပြော တယ်၊ ခုအချိန်ထိတော့ ဘယ်သူမှ ရောက်မလာသေးဘူး၊ ဖြစ်နိုင်ရင် အမြန်ဆုံးလာပေးကြပါ၊ ဒီမှာ မိုးလင်း ရင် ရေမီးအကုန်ပိတ်ပစ်တယ်။ အ ပြင်လည်းမထွက်ရဲဘူး ရဲကလည်းကြောက်ရတယ်။ ဘင်္ဂလား တွေက လည်း ဗမာတွေကိုတွေ ့ရင် လုပ်မယ်ဆိုတာချည်းပဲ၊ ဂျော်ဒန်မှာ မြန်မာအလုပ်သမားရှိတဲ့ စက်ရုံနှစ်ရုံ ရှိတယ်၊ ကျမတို ့စက်ရုံက အာမခံပေးမယ့်လူမရှိဘူး” ဟု ၎င်းက ပြောပြသည်။
အဆိုပါစက်ရုံတွင် မြန်မာအလုပ်သမ ၆၀ဝ ကျော်ထဲမှ အလုပ်သမားကြီးကြပ်ရေးမှူး (စူပါ) အဆင့်ရှိ သူ လေး ဦး ရှိကြောင်း၊ ယင်းစူပါလေးယောက်ကို အလုပ်သမားများအား အလုပ်ပြန်ဆင်းရန် အတင်းအဓမ္မ ဖိအားပေး စေခိုင်းနေသော်လည်း အလုပ်သမများက မဆင်းဟု တင်းခံနေသဖြင့် စူပါ လေးဦးမှာ ရှောင် တိမ်းနေသည် ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ် အလုပ်သမားက မြန်မာအလုပ်သမ မအေးမြတ်စန္ဒာ ဆို သူကို ရန်ရှာ ရိုက်နှက်မှုနှင့် ပတ်သက်ပြီး ၆ ရက်နေ့တွင် ယင်း ဘင်္ဂလားဒေ့ရှ်အလုပ်သမားကို အရေးယူပေး ရန် မြန်မာ အလုပ်သမများက အလုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း၊ သို့သော် အလုပ်ရှင် က မည်သို့မျှ အရေးမယူဘဲ မြန်မာအလုပ်သမများကိုသာ အလုပ်ဆင်းရန် ဖိအားပေးလျှက်ရှိကြောင်း သိရ သည်။
စက်ရုံအလုပ်သမ တဦးဖြစ်သူ မနှင်းနှင်းဝေက“အစက ကျမတို ့မြန်မာအလုပ်သမတွေဟာ ကိုယ်လူမျိုး အချင်းချင်း တလိုင်းတည်းလုပ်ကြတယ်။ ဟိုတလောက အလုပ်အရေးကြီး တယ်ဆိုပြီး လူတွေကို ရောပစ် တယ်၊ ကျမတို့က ဘင်္ဂလားဒေ့ရှ်၊ သီရိ လင်္ကာတွေနဲ ့အတူတူ ကျတယ်။ သူတို ့က ယောက်ျားလေးတွေ ဆိုတော့ ကျမတို ့က မလုပ်ချင်ဘူး၊ ပြီးရင် ကိုယ့်လူမျိုး အချင်းချင်း ပြန်လုပ်မယ်လို ့ပြောနေကြတာကို ဒီကုလားတွေက နားညီး တယ် ဘာညာနဲ့ပြောရာက စဖြစ် တာ၊ အေးမြတ်စန္ဒာ ကို ကုလားက ပါးသုံးချက် ဆင့်ရိုက်ပစ်တာ အခုထက်ထိ ပူထူပြီး ခံနေရတုန်းပဲ။ ဒါကြောင့် ကျမတို့ ဗမာတွေကို ဒီ ဘင်္ဂလားဒေ့ရှ်တွေ က မတရားချတယ်ဆိုပြီး မကျေနပ်လို့ စက်ရုံက လူကြီးတွေကို သွားပြောတယ်၊ အဲဒါကို ကုလား တွေက ခါးပတ်တွေနဲ့ရိုက်တယ်။ ကပ်ကြေးနဲ ့ပစ်တယ်။ ချည်လုံးတွေနဲ့ရော စုံနေတာပဲ၊ စန်းသီတာဆိုရင် ခါးပတ်နဲ့ အရိုက်ခံရလို ့ခေါင်းမှာ နှစ်ချက်ချုပ်လိုက်ရတယ်၊ အခြား လက်တွေ ခြေထောက်တွေ နာတဲ့လူတွေလည်း အများကြီးပဲ” ဟု ပြောပြသည်၊
မအေးမြတ်စန္ဒနှင့် မစန်းသီတာတို့ ၂ ဦးလုံး မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ဂျော်ဒန်နိုင်ငံတွင် လာရောက် အလုပ်လုပ် နေသူများ ဖြစ်သည်ဟုလည်း ဆိုသည်။
မနှင်းနှင်းဝေ၏ မိခင် ဒေါ်တင်တင်အုန်းကလည်း“ကျမအရမ်းကို စိုးရိမ်မိတယ်၊ ကျမသမီးလေးတို ့ဟာ အရမ်း ဒုက္ခရောက်နေတာကို ဖုန်းဆက်ပြောပြလို ့ကျမအိပ်လို့လည်းမရဘူး၊ အဲဒီမှာက မိန်းကလေးတွေချည်းပဲ ဆိုတော့ နိုင်စားတဲ့ လူတွေကလည်း အနို်င်ကျင့်ချင်ကြတာပေါ့လေ၊ မိန်းကလေးတယောက်ကို ယောက်ျား ကြီး တွေက ပါးရိုက်တာ။ အားကိုးရာမဲ့ ကလေးမတွေကို ဆက်လက်အနိုင်ကျင့်နေတာကတော့ တစက်မှ မတရားပါဘူး၊ ကျမတို့ သမီးလေးတွေကို ကယ်ကြပါလို့ပဲ ပြောပါရစေ”ဟု ပြောသည်။
ဒေါ်တင်တင်အုန်းသည် ထိုင်းနိုင်ငံ မဲဆောက်မြို ့အထည်ချုပ်စက်ရုံ တရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ် သည်။
ဆန္ဒပြသည့်နေ့မှစ၍ ရေဖြတ်၊ မီးဖြတ်၊ ချက်ပြုတ် သုံးစွဲရန် ဂက်စ်ဖြတ်ခြင်းတို့ကို ခံထားရသဖြင့် မြန်မာ အလုပ် သမများသည် စားရေးသောက်ရေးအလွန်ခက်ခဲလျှက်ရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ် အလုပ်သမား၏ အန္တရာယ်ကိုလည်း စိုးရိမ် နေရကြောင်း သိရသည်။
ယခုကိစ္စနှင့်ပတ်သက်၍ မြန်မာအလုပ်သမများကို ဂျော်ဒန်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့သော ရန်ကုန်မြို့ရှိ စည်းစိမ်သစ် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီသို့ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူ တဦးက “ဂျော်ဒန်မှာရှိတဲ့ မြန်မာအလုပ်သမတွေကို အတင်းအဓမ္မ ပြန်ခိုင်းနေတာ မဟုတ်ပါဘူး ခင်ဗျား မဟုတ်ပါ ဘူး”ဟုသာ ပြန်လည် ဖြေကြားသည်။
အဆိုပါ Century Miracle Co.Ltd အထည်ချုပ်စက်ရုံတွင် မြန်မာ နိုင်ငံမှ လာရောက် အလုပ်လုပ်သော အမျိုးသားတဦးမျှမရှိဘဲ မြန်မာ အမျိုးသမီးများသာရှိကြောင်း သိရသည်။
ကူညီသင့်ပါတယ်
written by Ko Ko, January 11, 2010
ဂျော်ဒန် မှာလည်း မြန်မာတွေ ရှိကြောင်း အခု ဒီသတင်းကို ဖတ်မိမှပဲ သိရတော့တယ်။ ခလုတ် ထိမှ အမိတ- ဆိုသလိုပေါ့ဗျာ။
လူဆိုတာ အဆင် ပြေနေတုန်း အခါမှာတော့ ဘယ်သူ့ကိုမှ အသိပေးစရာ မလိုသလို ဘယ်သူ့ဆီ ကမှလည်း အကူအညီ တောင်းခံစရာ မလိုဘူးပေါ့။ဒုက္ခ ရောက်လာပြီ ဆိုရင်တော့ အော်ကြ ဟစ်ကြ အမျိုးသားအကြောင်း၊ နိုင်ငံ အကြောင်း၊ အစိုးရ ကောင်းကြောင်း မကောင်းကြောင်း၊ ဆွဲမိဆွဲရာ ဆွဲတော့တာ ထုံးစံပါ။
အရှေ့ အလယ်ပိုင်း ဒေသမှာ ကတော့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေရှ် နဲ့ နီပေါ နိုင်ငံ သားများကို ရှောင်လို့ မရနိုင်ပါ။ နေရာ အသီးသီးမှာ တွေ့နိုင ်ပါတယ်။
အထူးသဖြင့် ဆောက်လုပ်ရေး နဲ့ စက်ရုံ အလုပ်ရုံ၊ ဂိုဒေါင် ဌာနမျာ းတွေမှာ တောင်အာရှ နိုင်ငံသား များကို ပိုပြီး တွေ့ရတတ်ပါတယ်။
ထိုင်း၊ စင်္ကာပူ နဲ့ မလေး တို့မှာ မြန်မာတွေ ပလူပျံနေသလို ပါ။
အရှေ့ အလယ်ပိုင်း ဒေသ နိုင်ငံ တစ်ခုဖြစ်တဲ့ ဒူဘိုင်းမှာလည်းပဲ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေရှ်၊ နီပေါ နဲ့ သီရိလင်္ကာ နိုင်ငံသားတွေ ဆိုတာ မမြင်ချင် အဆုံးပဲ။နေရတိုင်း၊ ချောင်တိုင်း၊ နေ့နဲ့ ညတွေမှာ သူတို့တွေကို တွေ့နေ ရတယ်။
မြန်မာတွေရဲ့ အမြင်မှာတော့ ဘင်္ဂလား ဆိုတာ စာရင်းထဲကို မထည့်တာ။
ပြောလိုက်ရင် အကုန် ပါသွားဦးမယ်။ ဒီလိုပါ- မမိုက်ရင် မိဝေးဖဝေး နိုင်ငံခြား တိုင်းပြည် တွေမှာ ထွက်ပြီး အလုပ် မလုပ်ဘူး။ မင်း တစ်ရာ မိုက်ရဲရင် ငါလည်း တစ်ထောင်လောက် မိုက်တတ် တယ် ဆိုတဲ့ စိတ်ထားမျိုးနဲ့အလုပ် လုပ်ရတယ်။
ကြားရသ လောက်ကတော့ ဒူဘိုင်းမှာရှိတြဲ့ မန်မာ များကတော့ မခေကြဘူး။ သူတစ်ခွန်း ငါတစ်ခွန်း၊ ဘ တစ်ပြန် ကျား တစ်ပြန်ပါပဲ။
အင်းပေါ့လေ ဂျော်ဒန် နိုင်ငံမှာ ဆိုတော့လည်း အများနဲ့ အလှမ်း ဝေးလွန်းတာကိုး။ ပြီးတော့ မိန်းမသား တွေချည်းလည်း ဖြစ်ပြန်တော့ ပိုခက်တော့ တာပေါ့ဗျာ။ဒါကိုတော့ ရန်ကုန် အေးဂျင့်ကလည်း တာဝန်တော့ မကင်းပါဘူး။ ကူညီပေး သင့်ပါတယ်။ တစ်ခုခုတော့ လုပ်ပေး သင့်တယ်လို့ ထင်ပါတယ်။
written by maung din, January 10, 2010
I felt so sorry for that. let’s help them.
by နေလင်း, January 10, 2010
နယ်ချဲ့ ခောတ်တုန် းကတောင် ကိုယ့်နိုင်ငံမှာပဲ အဆင့်တန်း ရှိရှိ ကျွန်လုပ်နိုင်သေးတယ်..။
ဘယ်သူ ့အပြစ်လည်း လို ့ပြောရ တာလည်း မောပြီ
written by အိုက်လုံး, January 10, 2010
ပြည်ပ ရောက်နေတဲ့ တိုင်းချစ် ပြည်ချစ် အသံကုန် အော်နေတဲ့ ဆရာကြီးတွေ က ကူညီဖို ့ဆိုတာတော့ မဖြစ်နိုင်
ပါဘူး ဘာလို ့တုန်း ဆိုတော့ ဒီလို ကိစ္စမျိုးက ငွေရှိရုံနဲ ့မရပါဘူး အာဏာနဲ ့မှ ရမယ့် ကိစ္စမျိုးပါ
written by ကိုစစ်အောင်, January 10, 2010
မြန်မာ ပြည်မှာ လဲ ကျယ်မရ သူများတိုင်း ပြည် မှာ လဲ အနိုင်ကျင့် ခံရ တော်တော် သနား စရာ ကောင်းနေပါလား ။ အားလုံး ဟာ စီးပွားရေး အဆင် မပြေတာက စတာပဲလေ။ မြန်မာ ပြည်မှာ သာ လုံလုံ လောက်လောက် ရ ရင် ဘယ်သူက တခြား တိုင်းပြည် သွားမှာ လဲ ။
XXXXX
written by win aung, January 10, 2010
That is very important Class XXXXX
Who is responsibility?YGN agent or who, they should be arrived in Jordan.
What about international labour organization?Search true , such correct.
အကူအညီပေးပါရန်မေတ္တ� ��ရပ်ခံချက်
written by ko aung, January 10, 2010
ထို ၆၀ဝ တွင် ကျွန်တော်၏ သူငယ်ချင်း တဦး ပါဝင်ပါသည်။
ဂျော်ဒန်တွင် မြန်မာသံရုံး မရှိသည့်အတွက် နီးစပ်ရာ အီဂျစ်နိုင်ငံ မြန်မာသံရုံးသို့ ph ဆက် အကူအညီ တောင်းခံပါသော်လည်း အ ဆက်အသွယ် မရပါ။ ထို့ကြောင့်စုံစမ်းပေးပါရန်
written by obasa.aye, January 10, 2010
မြန်မာအလုပ်သမား၊ ဂျော်ဒန်မှာ ဖြစ်တယ ်ဆိုတာ၊ သဘာဝလို့ ပြောရင်ရပါသေးသည်။ ကိုယ့်မြန်မာပြည်မှာ ကိုယ်လူမျိူး အချင်းအချင်း။ အနိုူင်ကျင့် နေတာတွေ တပုံကြီးပါ။ ဒါတွေလဲ အာလုံး အသိပါဘဲဗျာ။ ပြောခြင်တ ာကတော့ တိုင်းပြည် အုပ်ချူပ်တဲ့၊ လူကြီးတွေကမှ ကိုယ့်လူမျိူးကို ၊ဘယ်တုန်းကများ ကူညီဘူးတဲ့ သာဓကရှိဘူးလို့လဲ၊ သူတ သိတာ၊ သယံ ဇာတတွေ သုံးပြီး၊ တိုင်းပြည်က လူတွေကို ဘယ်နည်း နှင ့်နှိုပ်ကွပ်ရမယ်၊ ဒို့ရွှေသားစဉ် မြေးဆက် အာဏာတည်ဘို့ဘဲ၊ ကောင်းတာ ဟူသ၍ ဘာမှ နှစ်၂ဝကျော် အတွင်း အတွေ့ မမြင်မကြား ဘူးပါဗျာ။ ကောင်းတာ လေးများသိရင် ပြောကြပါဗျိူ့။
ဒါတွေ ဘယ်သူ့ကြောင့်လဲ
written by kyaw, January 09, 2010
ဒါတွေဟာ အရင်းစစ်တော့ အမြစ် မြေက ဆိုသလို ဘယ်သူ့ကြောင့်လဲ? စစ်အစိုးရဟာ သူတစ်ပါး တိုင်းပြည်မှာ ကျွန်ခံပြီး လုပ်နေရတဲ့ သူတွေဆီက တစ်လကို ၁၀% အခွန် ကောက် ဒါပေမယ့်ြ ဖစ်လာသမျှ အလုပ်သမား ပြဿနာ တွေကို ဘာမှ တာဝန်ယူခြင်း မရှိပါဘူး။ မိမိပြည် တွင်းမှာလည်း အလုပ် အကိုင်တွေ၊ လုံလောက်တဲ့ လစာငွေေ တွစီစဉ် ပေးနိုင်ခြင်း မရှိဘူး။ ဒါတွေကို တစ်ချို့ နိုင်ငံတွေက ဓါတ်သိပြီးြ ဖစ်တဲ့အတွက် ငါတို့လုပ် ချင်သလို လုပ်လို့ ရတယ်ဆိုပြီး မြန်မာ အလုပ်သမားတွေ အပေါ်မှာ ဖိနှိပ အနိုင် ကျင့်နေကြတာပါ။ မြန်မာ အလုပ်သမားတွေ အနေနဲ့လည်း မိသားစု စားဝတ် နေရေး၊ အခြေအနေ အရပ်ရပ်ကြောင့် သူတစ်ပါး တိုင်းပြည်မှာ ဒုက္ခမျိုးစုံကို ခါးစီး ခံနေရကြရတာပါ။
တခုခုတော့ ကူညီကြသင့်တယ်
written by ကူညီကြပါ, January 09, 2010
ပြည်ပ ရောက်နေတဲ့ တိုင်းချစ်ပြည်ချစ် အသံကုန် အော်နေတဲ့ ဆရာကြီးတွေ ဒီကိစ္စကို တခုခု အကူအညီ ပေးဖို့ စဉ်းစားသင့်တယ်။

4 comments

  • Kyaemon

    January 12, 2010 at 11:21 am

    Many sad comments on this issue:

    1. It’s because of FAILED policies of the Junta.
    True. Just enjoying monopolies for themselves and their cronies.
    2. Scarce jobs and high unemployment driving people overseas.
    True.
    3. Even when enslaved under prior British colonial rule, conditions were not as worse off as now.
    True.
    4. Junta(s) always take(s) payroll tax 10% even ahead. Take(s) passport renewal tax all the time. Do/Did nothing to protect. Just entrenching themselves in power for decades and for eternity and oppressing people.
    True.

    Many comments ask for help from fellow expatriates.

    My comment:
    True. Some things need to be done from the Governmental level. They require speedy action.

    For this, I add:

    1. Burma expatriates need to call up the various Burmese embassies in the country they are now residing.

    2. Contact the NCGUB (National Council of the Govt of the Union of Burma), or local activists. Examples: Burmese American Democracy Alliance, Campaign for Burma (UK), L A Organizers, … they have contacts. They can, in turn, contact international non profit organizations. This is an opportunity to serve and a chance to win friends and influence people.

    Some can be done for the long term by local and expatriate Burmese businessmen with the help from multinational companies.

    Set up factories like the textile factories in Burma. Naturally, there are enormous difficulties. But this is one solution. People need not go overseas.

    There were multinational companies from South Korea, Taiwan, Vietnam, Japan, China, western countries…. interested relatively lower Burma wages. Won’t work? Think again. However, need hard work, goodwill, and perseverance.

    Example: War ravaged Cambodia is now growing. People got work. I heard China has been setting up “a factory every month” there.

    (Local Burmese industralists/merchants can find out from the Commercial sections of Chinese embassy and those of other countries. Nothing to lose. Not mutually advantageous? Just decline).

  • moethiha

    May 22, 2010 at 9:00 am

    သနားပါတယ်ဟယ်။သူတို့ခင်ဗျာ

  • saddyangel.9

    August 31, 2010 at 1:47 pm

    ကူညီနိုင်တဲ့သူများကူညီပေးလိုက်ကြပါ….

  • timothy

    August 31, 2010 at 2:55 pm

    I have been working in various countries and nowadays, my colleagues all over the world have their own incidences and witness the abuse of local people over Burmese. Even compatriot overseas workers knew that Burmese are indifference to their own plight of living under dictatorial regimes. What they do not know is we had paid thousands of our lives and limbs in peaceful demonstrations facing the battle-hardened ( Criminal) soldiers equipped with tanks, bring-carriers and automatic machine guns. We never received water cannon and rubber bullets from our own ( Fascist) troops. We were very brave to be able to survive such brutal treatment from Dictators. Do not bow down to the pressure of less than 10% tortures of military regime. Do not see other overseas compatriots through racially tainted eyes. Indian or Bangladeshi are the same human as we Burmese are. In foreign countries, we have to work in mixed races and genders. Do not expect the racially, sexually outdated segregated working condition of Burma. Fight back if you are attack. I will report this incidence to the Jordanian authority and International Labour Organization. The agent you mentioned in the article seems like one of the target- sanctioned company by EU and USA. Do not waste the time expecting help from the Military thugs, Burmese embassy staffs and Burmese agencies. They are genuinely useless people when they have to deal something in overseas territories. Burmese Prime Minister and Foreign Minister had to sit at the discarded corners because they afraid of the foreigners and their inquiry about condition in Burma. No one care about these thugs when they attend meeting in Asean Countries. Besides, These thugs do not interested in Burmese trouble in overseas. The excuse they used to give when they were approached for help is ” they, the people came to work in foreign lands on their own accord and why should I help them as it was not my business”. Than Shwe is not interested in this news and he is completely happy with the suffering of his enemy, Burmese people. One thing we can do is BOYCOTT THE ELECTION.

Leave a Reply