“တစ်ခါ တစ်ရံ”

laypyayMay 25, 20101min17711

“တစ်ခါ တစ်ရံ ”
တစ်ခါ တစ်ရံ….. လောကကြီးက အမှောင်ချတယ်
တစ်ခါ တစ်ရံ….. သတ်ပုံမှားတဲ့ညတွေ ကခုန်ကြတယ်
တစ်ခါ တစ်ရံ….. ကြိမ်စာတို့ ခြေချင်းယှက်ကြတယ်
တစ်ခါ တစ်ရံ….. လောဘစိတ်တို့ တောင်တက်ကြတယ်
တစ်ခါ တစ်ရံ….. အမှောင်ညတို့ အလင်းရောင် စားသုံးကြတယ်
တစ်ခါ တစ်ရံ….. အိမ်မက်က အော်တယ် အန္ဓဆိုတာ အမှန်တရားတဲ့
တစ်ခါ တစ်ရံ….. အနတ္တက နတ္တ ယောင်ဆောင်တယ်
တစ်ခါ တစ်ရံ….. အနိစ္စက နိစ္စလိုလို ရိုးမယ်ဖွဲ့တယ်
တစ်ခါ တစ်ရံ….. ဒုက္ခကို သုခ အမှတ်နဲ့ သောက်သုံးကြတယ်
တစ်ခါ တစ်ရံ….. ဓမ္မကို အဓမ္မက အနိုင်ယူတယ်
တစ်ခါ တစ်ရံ….. ဝါဒ အချင်းချင်း တိုက်ခိုက်ကြတယ်
တစ်ခါ တစ်ရံ….. မာန အချင်းချင်း ယှဉ်ပြိုင်ကြတယ်
တစ်ခါ တစ်ရံ….. အတ္တတွေ ကိုယ်စီ အရောင်တင်ကြတယ်
တစ်ခါ တစ်ရံ….. အနာဂါတ်တွေ မီးပြတ်ကြတယ်
တစ်ခါ တစ်ရံ….. အတိတ်တွေ ရေဆာကြတယ်
တစ်ခါ တစ်ရံ….. ပစ္စုပ္ပန်ဆိုတာ ဘာလဲ တဲ့
တစ်ခါ တစ်ရံ…. ကဗျာဆရာက သူကိုယ်သူ မာန်ထောင်ပြတယ်
တစ်ခါ တစ်ရံ….. ကောင်းကင်က မြေပြင်နဲ့ မိတ်ဆက်ပြတယ်
တစ်ခါ တစ်ရံ….. ငါဟာ ဝိညာဉ်တွေရဲ့ ခေါ်ဆောင်လိုက်ပါရမယ်
တစ်ခါ တစ်ရံ….. ကမ္ဘာကြီးလဲ ပြာကြရမယ်
တစ်ခါ တစ်ရံ….. သူတိုလဲ…..
သူတို့လဲ…………။

11 comments

  • မန်း ရိပ်

    September 2, 2010 at 2:45 pm

    တခါ တရံ အမှန်တရား လုံးလုံး မမျှတပါ

  • windtalker

    September 19, 2011 at 2:37 pm

    တစ်ခါ တစ်ရံ … ကုန်ဈေးနှုန်း များ လွန်စွာ တက်၏
    တစ်ခါ တစ်ရံ … နေရထိုင်ရ လွန်စွာ ကြပ်တည်း၏
    တစ်ခါ တစ်ရံ … ဂေဇက်ထဲ စာဝင် ရေး၏
    တစ်ခါ တစ်ရံ … ကွန်မင့် များလည်း ရေး၏
    တစ်ခါ တစ်ရံ … သူကြီးလည်း လက်လန် သွား၏

  • AKKO

    September 19, 2011 at 3:15 pm

    တစ်ခါ တစ်ရံ တစ်ခါ တစ်ရံ …တစ်ခါ တစ်ရံ နဲ့ အရံပေါင်းမြောက်များစွာ ရနေပြီလား … ။ ဒါဆို ဖိနပ်ဆိုင် ဖွင့်လိုက်တော့ …. 🙄

  • ပေါက်ဖော်

    September 19, 2011 at 4:10 pm

    တစ်ခါ တစ်ရံ……
    တစ်ခါ တစ်ရံ…ဘီအီးဂလုတယ်..
    တစ်ခါ တစ်ရံ…ဘီယာဂလုတယ်..
    တစ်ခါ တစ်ရံ…ဘယာကြော် အကြွေးစားတယ်
    တစ်ခါ တစ်ရံ…ဘဲကင် လက်ငင်းစားတယ်.
    တစ်ခါ တစ်ရံ…ဘေဘီဖြစ်ချင်တယ်..
    တစ်ခါ တစ်ရံ…ဘေဘီ လိုချင်တယ်..
    တစ်ခါ တစ်ရံ…ဘရုစလီ ဖြစ်ချင်တယ်..
    တစ်ခါ တစ်ရံ…ဘေလုဝ ဖြစ်ချင်တယ်
    တစ်ခါ တစ်ရံ…ဘာဘာ ဘာမှသိဘူး…
    တစ်ခါ တစ်ရံ…ဘာဘာ အကုန်သိတယ်..
    တစ်ခါ တစ်ရံ…ဘာတွေပြောလို ့ပြောမှန်းမသိဘူး..
    တစ်ခါ တစ်ရံ…ဘာမှ ဆက်မရေးတာ အကောင်းဆုံးမှန်း သိလိုက်ပါဘီ
    😀

    • windtalker

      September 19, 2011 at 7:53 pm

      တစ်ခါ တစ်ရံ
      မန်းတလေးမြို ့ကို လာပြီး
      ဘီယာ ဘီအီး
      သောက်သုံးတော်မူလှည့်ပါ

      • ပေါက်ဖော်

        September 19, 2011 at 8:41 pm

        ကြုံဦးမှာပါ..
        ညှင်း..ညှင်း..ညှင်း..
        😛

  • Happykoko1234

    September 27, 2012 at 11:35 pm

    အော် တခါတရံ ……………

  • uncle gyi

    September 28, 2012 at 8:37 am

    လေပြင်းမုန်တိုင်းသာဆို
    ဘယ်လိုတခါတရံတွေဖြစ်ကုန်မလဲမသိဖူး
    လေပြေမို့သာတော်တော့တယ်ကွယ်

  • MaMa

    September 28, 2012 at 9:09 am

    တစ်ခါ တစ်ရံ….. သတ်ပုံမှားတဲ့ညတွေ ကခုန်ကြတယ် …
    ဆိုရင်တော့ စည်းဝါး လိုက်မပေးဘူး။
    ကြိမ်လုံးနဲ့ လိုက်မယ်။ :harr:

    • mayjuly

      September 28, 2012 at 12:56 pm

      တစ်ခါတစ်ရံ ..သတ်ပုံမှားချင်ယောင်လဲ ဆောင်တတ်ပါတယ် … :hee:

Leave a Reply