ကဗျာများနှင့် စကားစမြီ
ကဗျာလား …?
ဝင်လာခဲ့ပါ
ဘာပဲဖြစ်ဖြစ်
တွေဝေမှုရှိုက်သံမှတစ်ဆင့်
ရင်နင့်နင့်ပြူထွက်
ဆူဝေလျက်စကားလုံးများ
နင်မုန်းသွားလည်း
ငါးပြုံးပြုံးလေးဆက်ချစ်နေမယ်….။
အဲဒိလိုမဟုတ်ဘူး
ငါလည်းဖြစ်ညှစ်ပြီး
သာယာဘွယ်လေညှင်းအောက်
ဖြတ်မလျှောက်တတ်ဘူး…….။
ဆူဆူညံ
ငြင်းခုံသံများအောက်မှာ
ပျင်းပျင်းရှိရင် ထိုင်နေပါ….။
မရပ်မနားလှည့်ပတ်
ပန်ကာလေကမရပ်
ဆံစများဖြတ်ညှပ်
နှပ်ထားခြင်းခံထားရတဲ့
ဖန်ခါးခါး ဖျော်ရည်များ
အရသာခံစားသူများအတွက်
ပျက်ကွက်မှုများဆေးကြောရင်း
ဒေါသစိတ်ကို ဖုန်သုတ်နေမယ်…။
ကဗျာလား
ဘာပဲဖြစ်ဖြစ်
ဝင်သာလာခဲ့ပါ……….။
နေဝန်းနီ
12 comments
windtalker
December 8, 2011 at 9:40 pm
ဒီညဘဲ
အရင်လူ မဟုတ်တဲ့
နောက်လူတွေ နဲ ့တွေ ့ဆုံခြင်း
စားပွဲက အပြန်
ပါးနှစ်ဘက် က ရှိန်းတိန်း ရှိန်းတိန်း
ဂေဇက် ကို ဝင်
ဘိုနီ ့ကဗျာကို ဖတ်
အားကျခြင်းများစွာနဲ ့
ဒီကွန်မင့် ကို ရေးခဲ့တယ်
blackchaw
December 8, 2011 at 10:20 pm
ကဗျာမဟုတ်ပါဘူး။
မဝင်လာတော့ဘူးဗျာ။
ဘလက်ပါ။
ထွက်ကွာ ဆိုလည်း
ဘာတတ်နိုင်မှာလဲဗျာ နော။
thit min
December 8, 2011 at 10:23 pm
မီးမီးခဲ ဆို မဝင်ရဘူးပေါ့နော်။
ကိုရင်စည်သူ
December 8, 2011 at 10:46 pm
ဝင်လာခဲ့ပါ။
သင်လုပ်ချင်ရာလုပ်ပြီး
ပြန်ထွက်သွားပါ..။ (ကိုရင့်နှလုံးသား)
TTNU
December 9, 2011 at 12:12 am
ဆရာနေဝန်း ဒီတစ်ခါ ကဗျာ နားလည်ပါသည်။
နားလည်လည် မလည်လည် ကြိုးစားဖတ်ပါမည်။
တစ်ခါတစ်ရံ ပါဠိသာဖတ်လို့ နည်းနည်းလေးနားလည်ချင်လည်မည်။
မော်ဒန်ဟုခေါ်သောကဗျာများကို ဒုံးဝေးနေမိပါသည်။
“မရပ်မနားလှည့်ပတ်
ပန်ကာလေကမရပ်”
သော ( လျှပ်စစ်မီးလာသော) ထိုအခန်းထဲသ်ို့
ကဗျာ ဝင်လာသောအခါ ….
ဘာကျွေးပါမည်နည်း။ (မီးလာနေ၍) အနည်းဆုံး ကော်ဖီတစ်ခွက်
ဖြစ်တန်ရာသည်။
“နှပ်ထားခြင်းခံထားရတဲ့
ဖန်ခါးခါး ဖျော်ရည်များ” အေးစက်နေသောကြောင့် ၊ခါးနေသောကြောင့်
ကဗျာ သောက်ပါ့မလား။ 😀
ပေါက်ဖော်
December 9, 2011 at 2:46 pm
ဝတ်မှုံလေးလား.
ဝင်လာခဲ့ပါ.
မှုံလေးအတွက်ဆို.ကိုနေတံခါး အမြဲဖွင့်လျက် (ဂျက်ပျက်နေလို ့)
နှုတ်ခမ်းမွှေးညှပ်…(မညှပ်ရင် ကြွက်ကိုက်တော့မယ်လေ)
ဘီအီးဖြတ်၍ (ဈေးတက်လို ့)
မှုံလေးတစ်သက် ပျော်တော်ဆက်ပေးမဲ့ သူပါကွယ်
manawphyulay
December 9, 2011 at 3:11 pm
ဝင်လာခဲ့ပါ
ဖိတ်ခေါ်ထားလဲ
မြင်သာမြင်
မကြင်ရတဲ့ ကွန်နက်ရှင်ရယ်ကြောင့်
မဝင်လာခဲ့မှာ
ပြန်သွားခဲ့ပါပြီလေ….
htet way
December 9, 2011 at 4:26 pm
အမုန်းလား
မလိုချင်ဘူး သိပ်ကြောက်တယ်
နင်မုန်းသွားလည်း
နောက်တယောက်မျှော် တို့ပျော်မှာပဲ
နှပ်ထားခြင်းခံရတဲ့
ငါ့ဘဝကိုမုန်း မပြုံးနိုင်ဘူး
လူပျိုကြီး ဘဝ သိပ် ဟန်ကျတယ်
အမုန်းလား မလာနဲ့နော်
အချစ်မရှိရင်မနေတတ်လို့
( တခါတလေပါ)
Moe Z
December 9, 2011 at 4:45 pm
ဝင်လာပြီး ပြန်ထွက်သွားပါသည် ။။။
pooch
December 9, 2011 at 6:01 pm
ကဗျာလား ?
နဘေလည်း နားမလည်ဘူး…
ကာရံလည်း မစပ်တတ်ဘူး…..
ဒါပေမဲ့…
ဖတ်တတ်တယ်..
ခံစားတတ်တယ်…..
ဂဇက်ထဲက ကဗျာဆရာလား ?
အဘနီကိုတော့မှတ်မှတ်ရရ ပဲ
တခြားတော့ သိပ်မသိဘူး…..
ကိုပေါက်(မန္တလေး)
December 9, 2011 at 9:58 pm
အဘနီ
ကဗျာလားဘာလား
မစဉ်းစားနဲ့။
ဝင်ခဲ့ရဲရဲ ငါ့ရင်ထဲကို။
မနေချင်ရင်ပြန်ထွက်
စိတ်မကွက်ဘူး။
ကလူသလို မြူသလို
အမူတော့မပိုနဲ့။
ငါ့စိတ်တွေယားလာရင်
ငါ့နုတ်ခမ်းမွေးကားကားကြားမှာ
မင်း……………..ဟင်း……………..ဟင်း………….
ဟင်း……………………..နော်။
မိုးချမ်းမြေ့
December 10, 2011 at 10:00 am
ဆန္ဒပေါ်လာတာကြောင့်…ရေးချမိလိုက်တယ်..။ ခံစားမိနိုင်ပါစေ…
“ ကြိုးတစ်ချောင်းရဲ့…ရာဇဝင်”
….. ချစ်သူအတွက်တော့
ငါဟာ…
ကြိုးမဟုတ်
အဆုံးမဲ့..စင်္ကြဝဠာဖြစ်တယ်….။
….. ငါ့အတွက်တော့
ချစ်သူဆိုတာ..
ကြိုးမဟုတ်
အရုပ်တစ်ရုပ်…ဖြစ်နိုင်ကောင်းရဲ့…။
….. နှစ်ဦးစလုံးအတွက်တော့
ကံကြမ္မာဆိုတာ…
စေစားနိုင်တဲ့အရာမဟုတ်
အတုပြုလုပ်ထားတဲ့….
ကြိုးကွင်းတခုသာဖြစ်နေတယ်လေ….။