“လိုအပ်သည်”
လူတွင်မှန်က
ရောဂါဘယ
ကင်းကြဘို့ကားလိုအပ်သည်
သူတော်ကဝိ
ညဏ်ရှိဩဝါ
ဆုံးမနာခံလိုအပ်သည်
သုစရိုက်တြင်း
ကျင့်သုံးခြင်းစဉ်
အလျှင်းစောင့်ထိန်းလိုအပ်သည်
မပျင်းမရိ
ရှိမည်ခြောက်ပါး
ရှောင်ရှားဘို့ကားလိုအပ်သည်
အကျင့်သီလ
ပြည့်စုံကြလျှက်
အနေတတ်ဖို့လိုအပ်သည်
မှတ်သားသိဘွယ်
လူငယ်ရွယ်တို့
နာဝယ်ကျင့်သုံးလိုအပ်သည်..။
6 comments
blackchaw
December 9, 2011 at 9:55 am
ဟုတ်ကဲ့။ လိုအပ်တာလေးတွေကို မှတ်သားသွားပါတယ်ခင်ဗျာ။
လူငယ်ရွယ်တို့ ဆိုတော့ ကျွန်တော်တို့ လူလတ်ကြီးတွေ ပါဘူးလားဟင်င်င်။
ကိုပေါက်(မန္တလေး)
December 9, 2011 at 12:58 pm
ရောဂါဘယ ထူပြောက
ပိုက်ဆံရှိဘို့လိုအပ်သည်။
သူတော်ကဝိပညာရှိဘို့
ငွေရှိဘို့လဲလိုအပ်သည်။
အကျင့်သီလ ကောင်းမွန်က
ငွေပေးလို့လဲဝယ်ကြသည်။
htet way
December 9, 2011 at 4:15 pm
…ရောဂါကင်းစေချင်ပါသည်။
ကိုပေါက် စာသားလေးကြိုက်တယ် သောကြာ ကဗျာ ပြုံးစရာ လက်ထွက်လား
ကိုဝေသာတို့
သွားလေသူ ဆွေမင်း၊ဆရာကြီးအီကြာကွေးတို့ နဲ့ တဖွဲ့ ထဲလား
ကိုပေါက်(မန္တလေး)
December 9, 2011 at 6:40 pm
ဟုတ်ပါဘူးဗျာ။
ဆရာကြီးတွေနဲ့ မနိုင်းလိုက်ပါနဲ့။
ကျနော်က ဝါသနာရှင်သက်သက်ပါ.
aye.kk
December 9, 2011 at 8:16 pm
အားလုံးကိုကျေးဇူးပါ..
ယနေ ့လူငယ်လေးတွေဖတ်မိစေချင်တဲ့စေတနာနဲ ့ပါ..
တိုးတက်ကြီးပွားလိုတဲ့လူငယ်ရွယ်တွေကိုရည်ရွယ်ကာရေးသားမိပါတယ်..
ကျမငယ်ငယ်ကဘကြီးကဆုံးမထားဘူးတာလေးမှတ်ရနေလို ့ပါ..
ကျမကမလိုက်နာလို ့မတိုးတက်တဲ့သူဖြစ်ခဲ့တာကိုစိတ်ခံစားနေရလို ့ကောင်းစေချင်တဲ့သဘောနဲ ့ပါ..။
windtalker
December 9, 2011 at 8:57 pm
ကျန်းမာ မှ ချမ်းသာမယ် မှန်၏
ချမ်းသာ မှ ကျန်းမာမယ် အဲဒါလည်း မှန်၏