Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒါလားဟဲ့………နိုင်ငံရေးဆိုတာ….ဟင်

chatsuDecember 9, 20111min2145

ဖိုးမင်းသိန်း

၈၈ မျိုးဆက်ကျောင်းသားအမည်ခံကာ ၂၀၁ဝ ရွေးကောက်ပွဲတွင် ဦးရွှေအုံး၏ ပြည်ထောင်စုဒီမိုကရေစီပါတီမှ ပလက်ဖောင်းခင်း တက်လာသည်။ အတွင်းရေးမှူးအဖြစ် သိန်းတင်အောင် ကို ခန့်ထားသည်။

ပါတီမဟာမိတ်ဖွဲ့စည်းစဉ် ရှမ်းနာမည်ပျက်စာရင်းဝင် စိုင်းအိုက်ပေါင်းနှင့်တွေ့ဆုံကြစဉ် ယခု ရွေးကောက်ပွဲ ပထမ သက်တမ်းတွက် တပ်ချုပ်ကြီး(ဗိုလ်သန်းရွှေ) ကို သမ္မတ ရွေးချယ်ရန် အဆိုပြုခဲ့သည်။ အဖွဲ့၏ဆုံးဖြတ်ချက်မဟုတ်ဘဲ အသားလွတ်ပြောဆိုမှုကြောင့် ပါတီတွင်း ဝိုင်းဆဲဆိုခြင်းခံရသည်။

ပါတီဥက္ကဌတာဝန်ယူစဉ် ဆွေးနွေးပွဲများ၊ စည်းဝေးပွဲများပြီးဆုံးသည့်အခါ မီဒီယာနှင့်ဆက်သွယ် ပြောဆိုပြီး မီဒီယာကိုနင်းကာ နာမည်ယူလာသည်။ အဖွဲ့၏ထုတ်ပြန်ချက်များ စာသားရိုက်နေဆဲပင် မီဒီယာကို ဆက်သွယ်ဖောက်သည်ချခဲ့သည်။

ရွေးကောက်ပွဲနီးလာချိန်တွင် အတွင်းရေးမှူးသိန်းတင်အောင်နှင့် စည်းဝါးကိုက်ကာ ပါတီမှ ထွက်ဟန်ပြခဲ့သည်။ ရုံးငှားခ၊ ဖုန်းခများကိုပါ သိန်းတင်အောင်အမည်ခံကာ ကူညီပံ့ပိုးခဲ့သည်။ ပါတီမှထွက်ပြီး ရွေးကောက်ပွဲကို ရှုတ်ချဟန်များ ပြောဆိုခဲ့သည်။ ရွေးကောက်ကော်မရှင်လည်း လွတ်ပေးခဲ့သည်။ ဟ ကြောင်းပေးခဲ့သည်။

ယင်းနောက်လက်ရှိ ဒီမိုကရေစီအင်အားစုများထံ ချဉ်းကပ်ပြန်သည်။ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ ညီမကိုယူပြီ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ပြန်သည်။ ကား၊ ငွေကြေးဖြင့် လူကြီးများကို ကြိုပို့တာဝန်ယူခြင်း၊ သတင်းပေးများကိုမွေးမြူခြင်းများကို ကိုဌေးကြွယ်မိခင် ဆုံးချိန်မှစပြီး ပေါ်ပေါ်တင်တင် ပြုလုပ်လာသည်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာသောအခါ သူကဘဲ ဒုတိယပင်လုံညီလာခံခေါ်ယူရေးကို ပရိုဂျူဆာ လုပ်ခဲ့သလိုလိုဖြင့် ချဉ်းကပ်ခဲ့ရာ ယခုအချိန်ထိပင်ဖြစ်သည်။ တဖက်မှလည်း မျိုးရန်နောင်သိမ်းကို အားပေးအားမြှောက်လုပ်ကာ ဗေဒါကျောင်းကို ဖွင့်ပေးခဲ့သည်။ ဟန်ပြကတော့ လူမှု အကျိုးပြု စေတနာကျောင်းလိုလို၊ လူငယ်ကွန်ယက်စုစည်းသလိုလို လူမှုအကျိုးပြုလုပ်ဟန်လိုလို သရုပ်ဆောင်ခဲ့သည်။

နအဖ ကဖမ်းမည်ဆိုလျှင် ရွေးကောက်ပွဲအယုံအကြည်မရှိ ပါတီမှ နှုတ်ထွက်ကတည်းက ဖမ်းဆီးနိုင်ပါသည်။ ဘာကြောင့်မဖမ်းသနည်း။ သိန်းတင်အောင် ရှိနေပါသည်။ သိန်းတင်အောင် ကာရံပေးထားပါသည်။ ဦးရွှေအုံး ပါတီထောင်သောအခါ သိန်းတင်အောင် ကို အတွင်းရေးမှူးနေရာရအောင် ဖန်တီးပေးခဲ့သည်။

သိန်းတင်အောင် ဆိုသည်မှာ မည်သူနည်း။ မဆလခေတ် ဗိုလ်မှူးကြီးဟောင်း၏သားဖြစ်သည်။ စီးပွားရေးပိတ်ဆို့မှုကို တန်ပြန်ရာတွင် အေးလွင်သည် ဥက္ကဌဖြစ်ပြီး၊ သိန်းတင်အောင် သည် အတွင်းရေးမှူးဖြစ်သည်။ ပိတ်ဆို့မှုတရားခံသည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ကြောင်း စက်မှု(၁)ဝန်ကြီး ဦးအောင်သောင်း (ဒီပဲယင်း ဒါရိုက်တာ) နှင့် စည်းဝါးရိုက် ဖန်တီးခဲ့သည်။

ပိုမိုရှင်းရပါလျှင် အစ်မရင်းယောက်ကျားဆိုသူမှာ ဗိုလ်ချုပ်သိန်းဌေးဖြစ်သည်။ စစ်တပ်ကို ရာထူးလျှော့ချိန်တွင် ဗိုလ်ချုပ်ကြီးများ အနားယူခြင်းခံရသလို ခပ်များများ အရပ်ဘက်လဲကာ ကြံ့ဖွတ်လုပ်စေခြင်းခံရသည်။ ယောက်ဖ ဗိုလ်ချုပ်သိန်းဌေးမှာ တပ်မတော်၏ နံပါတ် ရ မြောက် ထိပ်တန်းခေါင်းဆောင်ဖြစ်လာသည်။ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး တာဝန်ခံဖြစ်လာသည်။ ယခင် ဦးပိုင်လီမီတက် ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီးတင်အေးနေရာဖြစ်သည်။ ယခုအခါ နယ်စပ်စည်ပင်ဝန်ကြီးဖြစ်သည့်အပြင် စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်သည်။ မြန်မာ့စစ်တပ်တွင် ဆွေမျိုးထဲမှာ နိုင်ငံရေးလုပ်မိပါက ရာထူးတက်လှမ်းဖို့ရာ မဖြစ်နိုင်တော့ပါ။ ယင်းအခြေအနေအရ သိန်းတင်အောင် မှာ ပါတီမှာ ၈၈ မျိုးဆက်ကျောင်းသားလိုလို ဒီမိုကရေစီ ဘက်တော်သားလိုလို ပါဝင်နေခြင်းကြောင့် ဗိုလ်ချုပ်သိန်းဌေး ရာထူးမကျဘဲ တက်လာခြင်းမှာ ယောက်ဖနှင့် ဦးအောင်သောင်းကောင်းမှုကြောင့်ဖြစ်ပါသည်။

ယခုလည်း ပြည်ထောင်စုဒီမိုကရေစီပါတီ ခေါင်းဆောင်များ အားလုံးလိုလို နှုတ်ထွက်ချိန်တွင် အီးဂယက် အထောက်အပံ့ယူကာ ပါတီအခွံကို တိုက်ခန်းဖြင့် ကျောက်မြောင်းဈေးအနီးတွင် ဇိမ်ကျကျဖွင့်လှစ်ဆဲဖြစ်သည်။ ဦးအောင်သောင်း၏ အဖွဲ့အချုပ်အပေါ် ပူးသတ်ရေး စီမံကိန်း သင်တန်းကို တက်ရောက်ထားပြီးဖြစ်သည်။ တဖက်မှ ဖြိုးမင်းသိန်းကို အဖွဲ့ချုပ်နှင့် ပူးကပ်စေကာ သတင်းအချက်အလက်ကို ရယူခြင်းဖြင့် ဆရာကြီးအောင်သောင်းနှင့် ယောက်ဖ ဗိုလ်ချုပ်သိန်းဌေးတို့ကို အမြဲ အစီရင်ခံစာ ပို့နေသည်။

အဖွဲ့ချုပ်ရုံးလူငယ်နှင့် ဒေါ်စုခြံဝင်း လူငယ်များကြားတွင် သဘောထားကွဲလွဲအောင် ခြေထိုး လုပ်နေသည်ကို ခပ်များများ ရိပ်စားမိချိန်တွင် ဖြိုးမင်းသိန်းကတော့ ဒေါ်စု၏ အနီးကပ် အရေးပေးခြင်းကို စိတ်မကောင်းစွာ မြင်နေရပါသည်။

—-

ပြည်တွင်းကပေးပို့လာတဲ့ အင်မတန်မှ စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ စာတစောင် လက်ခံရရှိထားပါတယ်။

ကိုသားဆွေ

လိုသလိုဆက်လုပ်လို့ရပါတယ် ။
ဖတ်ကြည့်ပါ။ အခက်အလက်တွေကအမှန်ပါ။

ဆိုတဲ့ ရာနှုန်းပြည့်ခွင့်ပြုချက်နဲ့ထောက်ခံချက်ပါ တပါတည်း ရထားပြီးဖြစ်တာမို့ မကြာခင်မှာ အားလုံးဖတ်ရှူလေ့လာနိုင်ဖို့ တင်ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျား။
Like · Share
by facebook thar swe

5 comments

  • chatsu

    December 9, 2011 at 11:01 am

    သတင်းအချက်အလက်မှန် မမှန်သေချာအောင် အတည်ပြုပေးကြပါ။

  • လင်းဝေ

    December 9, 2011 at 12:20 pm

    မှားနေပါတယ်။
    ကိုယ်နဲ့ ဘာမှ တော့ မဆိုင်ဘူး။ ကိုယ်လည်း နိုင်ငံရေးသမားမဟုတ်ဘူး။
    သို့သော် ရိုးသားတဲ့သူတစ်ယောက်ကို အပုပ်ချနေတဲ့အတွက် ဝင်ပြောဦးမယ်။

    ဖြိုးမင်းသိန်းကို မသိဘူး။ မျိုးရန်နောင်သိန်းကိုလည်း မသိဘူး။( မျိုးရန်နောင်သိန်း အင်တာဗျူးဖြေတာတွေဖတ်ပြီး နည်းနည်း အူကြောင် လို့တော့ မှတ်ချက်ချမယ်။)
    ကိုသိန်းတင်အောင် ကို သိတာ( အိမ်နီးနားချင်း ဖြစ်ခဲ့ဖူးတာ ) သိပ်မကြာသေးဘူး ပြောလို့ရပေမယ့်၊ တိုက်ဆိုင်စွာပဲ ငယ်ငယ်တုန်းကတည်းက သိထားတဲ့သူတွေနဲ့ သူနဲ့ အရမ်းရင်းနှီးနေတာပါပဲ။
    သူ့အိမ်ဝင်ထွက်နေတဲ့ထဲ က နိုင်ငံရေး လုံးလုံး မသိတဲ့ သူတစ်ယောက်ဆို ကျနော်တို့နဲ့ ဟိုး အဖေတွေလက်ထက်ကတည်းက သူငယ်ချင်း၊ အထက်တန်းကျောင်းမှာလည်း အဲဒီညီအစ်ကိုတွေနဲ့ ကျနော်တို့ ညီအစ်ကိုတွေက အတန်းတူ။ နောက် ကိုသိန်းတင်အောင်နဲ့ ၈၈ တောခိုဘက် တစ်ယောက်ကလည်း ကျနော်တို့ အထက်တန်းကျောင်းက ပဲ။ အရင်တုံးက အိမ်နီးနားချင်းပဲ။

    ဆိုတော့ ပြောရရင် ကိုသိန်းတင်အောင်နဲ့ ပတ်သက်လို့တော့ သေသေချာချာသိထားပါတယ်။
    အခုရေးတဲ့သူပြောတဲ့ ဆွေမျိုးတော်စပ်ပုံကမှန်ပေမယ့် အခြားအကြောင်းတွေက မှားပါတယ်။

    ကိုသိန်းတင်အောင်အဖေက တပ်ကနေပြီး မဆလ ဒေသပါတီ ဥက္ကဌ ဖြစ်ခဲ့တယ်။ ဟုတ်တယ်။
    အဲဒီလိုမျိုးဆိုရင် မနေ့တစ်နေ့ကမှ သေသွားရှာတဲ့ အင်အယ်ဒီက ဦးလွင် ကိုရောဘယ်လိုလုပ်မလဲ။
    ကိုသိန်းတင်အောင် အစ်မ ယောကျာင်္း က ဗိုလ်ချုပ်သန်းဌေးဆိုတာမှန်တယ်။
    ( ကိုသိန်းတင်အောင် မိန်းမ ဆရာဝန်မရဲ့ မောင်က ဗိုလ်မှုးစိုင်းသိန်းဝင်း )
    ကိုသိန်းတင်အောင် တောခိုကျောင်းသား ဘဝက ကိုသန်းဌေးက ဗိုလ်ပေါက်စပဲရှိသေးတယ်။
    ပြန်ဝင်လာပြီး ပြန်ဖမ်းခံရတယ်။ ထောင်ထဲမှာ အရိုက်ခံရလို့ ကျောရိုးထိထားပြီး အခု ကျေားရိုးအဆစ်တစ်ဆစ်ဖြုတ်ထားရလို့ နာဗ့်ကြောပါသွားပြီး ချေးပါသေးပေါက် မသိတဲ့အတွက် ဒိုင်ပါ ဘောင်းဘီ ဝတ်ထားရတယ်။ ကျောင်းမြောင်းက ပါတီရုံးခန်း တောင် မငှားနိုင်လို့ ပိတ်လိုက်ရပြီ။ ပါတီက အခွန်ပဲရှိမှာပေါ့။ ဘာကို ဇိမ်ကျမှာလဲမသိဘူး။ အခွံပဲရှိပါတယ်ဆိုနေမှ။ ပါတီအငယ်လေးပဲလေ။ သူတို့မှာ ရံပုံငွေမရှိ ဘာမှ မရှိ ဘာလှုပ်ရှားမှု သွားလုပ်ကြမလဲ။ ကိုသိန်းတင်အောင် ယောက္ခမအိမ်ကပ်နေတာ(အရင်က သူ့အစ်မ ဗိုလ်ချုပ်သိန်းဌေး ရဲ့ ရန်ကုန်က အိမ်မှာ သွားနေတာကို ၂၀၀၉ လောက်ကတည်းက ဆင်းခိုင်းလို့) ။ သူ့မိန်းမ ဆရာဝန်မ ဝင်ငွေက အဓိက။ လူလည်သတင်းပေးဆိုရင် ဒီလိုနေပါ့မလား။

    ဦးရွှေအုံးထောင်ပြီး ဖြိုးမင်းသိန်း ဥက္ကဌ လုပ်တဲ့ ပါတီမှာ ထောင်သူကသေသွားပြီး ဥက္ကဌက တိုးတိုးတိတ်တိတ် ထွက်သွားလို့ သူကျန်နေခဲ့တာပဲ။ ဖြိုးမင်းသိန်းကို သူ သိပ်အစာမကြေကြောင်းတော့ ပြောဖူးတယ်။ ပါတီဥက္ကဌ လုပ်နေရင်းမှာပဲ ဘယ်သူ့ကိုမှ မပြောပဲ ရွေးကောက်ပွဲမယုံဘူး ထွက်မယ် ဆိုပြီး လုပ်သွားလို့တဲ့။
    အေးလွင်နဲ့ စခဲ့တာမှန်တယ်။ အေးလွင် သူခိုး ငဘုန်း အရူးမှန်းသိလို့ ခွဲခဲ့ကြတာပဲ။ နေမျိုးဝေ တို့လည်း အေးလွင်နဲ့ ပေါင်းခဲ့တာပဲ။ လက်ရှိ ဘယ်သူ ဘာလုပ်နေတယ် ဘယ်လို စွန့်လွှတ်စွန့်စားလုပ်နေတယ်က အရေးကြီးပါတယ်။

    နောက် အခြေအမြစ်မရှိ ကိုသိန်းတင်အောင်က ဘာသတင်းပေးမှာတုန်း။ နေရာလိုချင်ရင် NDF ကနေ ရွေးကောက်ပွဲ ဝင်ခဲ့မှာပေါ့။ အခုလည်း NLD သွားပြေးကပ်မှာပေါ့။ သူ ယုံကြည်ရာ သူလုပ်နေကြတဲ့ သူတွေကို အပုပ်မချစေချင်ပါဘူး။

    ဖေ့စ်ဘုတ်ပေါ်တင်ထား တဲ့ သားဆွေ ဆိုတာ အခုမှပဲ ကြည့်မိတယ်။ ဒီကောင် အခု ဘာလုပ်နေလဲ တော့မသိဘူး။ ဒီကောင့်ကို အရင် ထောက်လှမ်းရေးက သတင်းစာထဲ ဓါတ်ပုံပြပြီး လွတ်မြောက် လုပ်ပေးလိုက်ပြီး နယ်စပ်မှာ သတင်းပေး သွားလုပ်နေခဲ့တယ် လို့ ထင်တာပဲ။ ကဲ သူများကို စွပ်စွဲ ရတာ လွယ်သလားမမေးနဲ့။

    • kokoover

      December 9, 2011 at 2:30 pm

      ဖတ်ရတာ စိတ်ဝင်စာစရာကောင်းတယ်

  • koyinmaung

    December 9, 2011 at 12:37 pm

    ဟေ့….ဘာသံတွေလဲဟ
    ဒို့ကတယောက်မှမသိလို့
    နားဘဲထောင်တော့မယ်…….

  • blackchaw

    December 9, 2011 at 1:13 pm

    ရွာထဲက ကိုရင်စည်သူကို မင်းသမီးလေး ဝတ်မှုန်ရွှေရည်က ကားတင်ပြေးပါတယ်တဲ့။
    ကိုရင်စည်သူ က သူ့မှာ ချစ်ရမယ့်သူ ရှိပါတယ်ဆိုပြီး အတင်းငြင်းတာကို
    ငြင်းလို့ မရပါဘူးတဲ့။ အဲဒီလို ကြားပါတယ်။
    သတင်းအချက်အလက်မှန် မမှန်သေချာအောင် အတည်ပြုပေးကြပါ။

Leave a Reply