နည်းနည်းပြောမယ်….

kotun winlattDecember 9, 20113min31610

ကျနော်စာကြည့်နေရင်းမှ တစ်ဘက်ခြံက ရေဒီယိုအသံလွှင့်အစီအစဉ်မှ ဆင်းရဲမွဲတေ

မှုလျှော့ချရေး ဟူသည့် အသံကိုကြားလိုက်မိသည်။ သတင်းစာထဲတွင်လည်း ထိုသတင်း

တော်တော်များများပါလာနေသည်။ ဆင်းရဲမွဲတေမှုလျှော့ချရေး….ဆင်းရဲမွဲတေမှု….

ကျနော်တီးတိုးရေရွတ်ကြည့်နေမိပါသည်။

ကျနော် ဒီစကားလုံးလေးကိုသေသေချာချာတွေးနေမိပါသည်။ မကြားဘူးသောစကားလုံး

မဟုတ်ပေမယ့် မထူးခြားတော့သည် စကားလုံးဟုပြောရလိမ့်မည်ဟုထင်ပါသည်။

ကျနော်တို့လူမျိုးတွေ ဆင်းရဲမွဲတေမှုဆိုသည့်အရာနှင့်မွေးကတည်းက အတူတူပါလာသကဲ့

သို့မဟုတ်ပါလား။ သို့အတွက် အရေထူကာ ကိုယ့်အဆင့်နှင့်ကိုယ် ဘာမှန်းမသိအောင်

ဖြစ်နေကြရသည် ထင်ပါသည်။ ဆင်းရဲမွဲတေမှုဆိုတာ ပစ္စည်းဥစ္စာတစ်ခုတည်းဆင်းရဲမွဲတေ

တာမျိုး မဟုတ် တခြားတခြားသော စိတ်ဓာတ်၊ အသိပညာ၊ ဗဟုသုတတွေရော….

ထိုအရာတွေက ဆင်းရဲမွဲတေမှု အဆင့်မကတော့ပဲ ချွတ်ခြုံကျနေတာဟုပင် ဆိုရလေမည်လား။

တကယ်တော့ ချွတ်ခြုံဆိုတာက သူ့မှာခြုံစရာ ခါးဝတ်ပုဆိုးရှိနေပါသေးသည်။

(ချွတ်ခြုံ= ခါးဝတ်ကိုပင်ချွတ်၍ခြုံရလောက်အောင်ဆင်းရဲမွဲတေသည်။) ကျနော်တို့လူတန်းစားတွေမှာ

တော့ ဆင်းရဲမွဲတေရုံမျှမက မွဲပြာကျနေသော အဆင့်မျိုးမှာပါ။ မြို့နေလူတန်းစားနှင့် နှိုင်းစာလျှင်

တောနေလူတန်းစားတို့၏ ဘဝက ပိုမိုချွတ်ခြုံကျနေပါလိမ့်မည်။ မြို့နေလူတန်းစားတို့က ဘာပြောပြော

အသိဉာဏ်လေးတွေက မသင်ကြားရတောင် အမြင်လေးများ ကျယ်ဝန်းပါသည်။ ကျနော်တို့တောနေ

လူတန်းစားတို့မှာ အမြင် အကြားဘာမှရှိကြသည်မဟုတ်။ မနက်မိုးမလင်းမှီကတည်းက ထမင်းစားဘို့

ရုန်းကန်လှုပ်ရှားကြလိုက်ကြသည် ညနေမိုးချုပ်မှသာ နားကြရချေသည်။ ဒီတော့ သူတို့မှာ တွေးခေါ်

မြော်မြင်နိုင်ဖို့ စာဖတ်ချိန်မရနိုင်သလို စာပေများကိုဖတ်နိုင်သောစွမ်းအားမရှိကြပါ။ စာဆိုတာကလေး

တွေ ကျောင်းသားအရွယ်တွေမှသာ ဖတ်ရတာ..လူကြီးတွေနှင့်ဘာမှမဆိုင်ဟုလည်းကောင်း စာဖတ်

၍ ထမင်းမစားရ အလုပ်လုပ်မှ ထမင်းစားရတာဟူ၍ လည်းကောင်း ယူဆထားကြပေရာ သူတို့တွေ

အတွက် တိုးတက်ရန်ကားး မီးရထားနှင့် ကားများသာရှိပေတော့သည်။

ဒီလိုလူတန်းစားမိဘများမှပေါက်ဖွားလာသော ကလေးများကို သူတို့တွေ ဘယ်လိုအုပ်ချုပ်ကြပါ

သနည်းဟုဆိုလျှင် အကြောက်တရားဖြင့် သာသမီးတို့ကို ပြုစုပျိုးထောင်ခဲ့ပါသည်။ ဒါကလည်း

မိဘတွေရဲ့ အပြစ်တော့မဟုတ် ထမင်းတစ်လုတ်အတွက် ပင်ပန်းကြီးစွာရုန်းကန်လှုပ်ရှားနေကြရ

သော မိဘများက သားသမီးများအပေါ် စိတ်မရှည်နိုင်သည်မှာလည်း သဘာဝကျပါသည်။

နောက်တစ်ဆင့်တက်လိုက်ကြပါစို့။ ကျနော်တို့တွေ အရွယ်လေးရလာချိန် မိဘတို့က

ကျောင်းသို့ကျနော်တို့ကို ပို့လိုက်ပေပြီ။ ကျောင်းတော်ကြီးမှာ ကျနော်တို့ ဘယ်လိုအုပ်ချုပ်ခံ

ရပါသနည်း။ ကျနော်ငယ်ငယ် သင်ကြားခဲ့ရသော ဆရာတစ်ဦးအား သတိရမိပါသည်။

ထိုဆရာသည် စာသင်ရာတွင် အရိုက်ကြမ်းပါသည်။ ကျနော်တို့ ပထမတန်း ဒုတိယတန်း

တတိယတန်းအထိ ထိုဆရာနှင့်သင်ကြားခဲ့ရပါသည်။ ဘယ်လောက်အထိရိုက်သလဲဆိုလျှင်

တစ်ခါ ကျောင်းသူလေးတစ်ဦးခေါင်းကို ရိုက်လိုက်ရာ ခေါင်းပေါက်သွားခဲ့ပါသည်။

ကျနော်တို့ ဘာမှပြန်ပြောနိုင်ခြင်းမရှိပါ။ ဆရာ့ကိုလူမမြင်ရလျှင်နေ အသံကြားရလျှင်ပင်

တုန်နေအောင်ကြောက်ရွံ့နေရတော့သည်။ ပြီးတော့ ရိုက်တော့မည်ဆိုလျှင်မေးပါသေးသည်.

အာလူးဟင်းစားမလား၊ မျှစ်ဟင်းစားမလား၊ ကြိမ်ဖူးဟင်းစားမလားဟူ၍ပင်။

အာလူးဟင်းဆိုသည်က ကျနော်တို့ခေါင်းကို ဘုထွက်အောင် သူ့လက်သီးဖြင့်ထိုးခြင်းပင်

မျှစ်ဟင်းဆိုတာက ဝါးခြမ်းပြားနှင့် ကျနော်တို့တင်ပါးကို အဆော်ပလော်တီးခြင်းပင်၊

ကြိမ်ဖူးဟင်းဆိုတာကတော့ ကြက်ဥကြိမ်ခေါ်သော ကြိမ်လုံးသေးသေးလေးဖြင့် ခပ်စပ်စပ်လေး

ပေါ့။ တုတ်တစ်ချက်၊ လက်သီးတစ်လုံးနှင့်အမှန်တရားကိုရောက်နိုင်ပါသလား။

ကျနော်ဒါမျိုးတွေရေးပြနေ၍ ဆရာကိုစော်ကားခြင်းမဟုတ်ပါ။ ကျနော်တို့တွေရဲ့

ကြောက်စိတ်တွေအစပျိုးလာရပုံ ထိုကြောက်စိတ်ကြောင့်ပင် မွဲတေရပုံများကို ပြောလို၍

ရေးပြနေခြင်းဖြစ်ပါသည်။

ဒီလိုအဖြစ်မျိုးတွေကို ကျနော်တို့ကျေးဇူးတင်သင့်ပါသလား။ “ကျောင်းနေပျော်၍ စာတော်ရမည်”

စာသင်ကျောင်းတိုင်း၌ မြင်ရတွေ့ရသော ဆောင်ပုဒ်လေးပင်။

ကျနော်တို့တွေ တကယ်ရော ကျောင်းနေပျော်ခဲ့ကြပါရဲ့လား….။ကြာတော့ကျနော်တို့ကလေးတွေ

ကျောင်းဆိုတာကြီးကိုကြောက်ရွံ့လာကြကာ အရွယ်အနည်းငယ်ရလာချိန်မှာ မိဘတို့နှင့်

အတူ ဒိုးတူဘောင်ဘက် ဆင်းရဲတွင်းနက်ကြပါတော့သည်။

မိဘတို့ကလည်း ပညာမဲ့လူတန်းစားဆိုတော့ သေစာရှင်စာရေးတတ်ရင်တော်ရော့ပေါ့ဟုသာ..

ထိုသို့ အကြောက်တရားများဖြင့်ကြီးပြင်းလာရသော ကျနော်တို့ ဘွဲ့တွေရပြီး နိုင်ငံအကျိုး

သယ်ပိုးရန် ဝန်းထမ်းလုပ်ကြသောအခါရော အထက်လူကြီးက မည်သို့ အုပ်ချုပ်ပါသနည်း။

ဒီလိုတွေ သံသရာလည်ကာ အကြောက်တရားများနှင့် တစ်ယောက်နှင့် တစ်ယောက်

ကြောက်ကန်ကန်နေကြသဖြင့် ကျနော်တို့လူမျိုးတွေ ဆင်းရဲမွဲတေနေရခြင်းဖြစ်ပါသည်။

ဤသို့ပညာတတ်သူတွေရော ပညာမဲ့သူတွေပါ အကြောက်တရားများနှင့်ကျင်လည်

နေရကာ မကြောက်သင့်သောကြောက်သင့်တော့တွေးတောမှုသိပ်မရှိတော့ပဲ အကုန်

လုံးရောထွေးကာကြောက်ရွံ့နေကြပါတော့သည်။

အဘယ်ကြောင့်ဤသို့ဖြစ်ရပါသနည်း။  တွေးခေါ်မြော်မြင်စဉ်းစားဆင်ခြင်မှုမပြုနိုင်ခြင်းနှင့်

နိုင်ထက်စီးနင်းပြုခံရမှုများခြင်းကြောင့်သာဖြစ်ပေသည်။

ကျနော်တို့တောနေလူတန်းစားတို့၏ ဘဝများမှာ ဆင်းရဲသထက်ဆင်းရဲ မွဲသထက်မွဲကာ

နလန်မထူနိုင်အောင်ဖြစ်နေရပါသည်။ ဒီကြားထဲ လုပ်အားပေး၊ ဘာကြေးညာကြေးစသဖြင့်

ကောက်ခံမှုများ၊ ဘောင်းဘီရှည်ဝတ်ကာ စာအုပ်၊ ပြက္ခဒိန်အတင်းလာရောက်ရောင်းချမှုများ

စသည်တို့ကို ခါးစည်းခံနေရသည့်အပြင် ရပ်ကြေးရွာကြေးမကျေလျှင်

ရွာပယ်ခံရသည်များကလည်းရှိနေသေး၏။

ထိုသို့ အရိုးစွဲ အယူအဆများနှင့် ပညာမဲ့တောနေလူတန်းစားတို့၏ ဆင်းရဲမွဲတေမှုကို

အမှန်တကယ်လျှော့ချပေးလိုသည်ဆိုလျှင် သူတို့တွေ၏ စိတ်ထဲမှ ထင်မြင်ယူဆနေမှုများကို

အရင်ပြုပြင်ပေးရပါလိမ့်မည်.။ လက်ရှိအုပ်ချုပ်သူလူတန်းစားများကလည်း အရင်ကလို

ပညာမဲ့လူတန်းစားများအပေါ် လုပ်အားပေးခိုင်းစေမှု ဘာကြေးညာကြေးကောက်ခံမှုများ

မလုပ်တော့ပဲ စေတနာသန့်သန့်ဖြင့် ကူညီပေးရန်လိုအပ်ပါလိမ့်မည်။

တစ်ဦးနှင့်တစ်ဦး အကြောက်တရားနှင့်ဆက်ဆံရန်မလိုသော လူမှုပတ်ဝန်းကျင်တစ်ခု

ထူထောင်သင့်ပါသည်။ မည်သည့်အကြောင်းကြောင့်ပဲဖြစ်ဖြစ် အကြောက်တရားဖြင့်

နေထိုင်ရခြင်းမျိုးတွေကိုမရှိစေလိုတော့ပါ။ လေးစားခံလို၍ အကြောက်တရားကိုအသက်သွင်း

ခဲ့သော် အကြောက်တရား၏ နောက်ကွယ်မှ လေးစားမှုကပ်ပါမလာပဲ ရွံရှာမုန်းတီးမှုသာပါလာလေ့

ရှိကြောင်းသတိပြုသင့်ပေသည်။

ထိုသို့မဟုတ်ပဲ အရင်အတိုင်းသာ ခြောက်လုံးလှန့်လုံးများဖြင့်သာခရီးဆက်နေဦးမည်ဆိုလျှင်

အကြောက်တရားများ၊ ဆင်ခြင်တုံတရားနည်းပါးမှုများနှင့် တောနေလူတန်းစားတို့ဘဝများမှာ

လူဟုအမည်တွင်ရုံမှတပါး …..ဆင်းရဲလျှက်သာ…ဆင်းရဲနေလိမ့်ဦးမည်ဟု…….။

ဤအရာများကား ဆင်းရဲမွဲတေမှုလျှော့ချရေးဟူသည့် စကားလေးနှင့်ပတ်သက်ပြီး ကျနော်တွေး

၍ ရသမျှ ခံစားရသမျှဖြစ်ပါသည်။လိုအပ်မှုများရှိနေလျှင်လည်း ဖြည့်စွက်ပြောကြားပေးခဲ့စေလိုပါသည်။

10 comments

  • htet way

    December 9, 2011 at 3:31 pm

    ဆင်းရဲသားလျှော့ပါးးရေး ကအသံကျယ်လာပါ
    အဝတ်ဆင်းရဲ အစားဆင်းရဲ နေစရာဆင်းရဲ
    သတ္တိဆင်းရဲ ချစ်သူဆင်းရဲ အတွေးအခေါ်ဆင်းရဲ
    ဆရာရေးတဲ့ ဆောင်းပါးကြိုက်ပါတယ်
    ငွေဆင်းရဲမူချည်းပဲ မကြည့်ပဲ အတွေးအခေါ် ဆင်းရဲတာတာကို
    သိသင့် ကြည့်သင့်ပါကြောင်း။

  • ပေါက်ဖော်

    December 9, 2011 at 3:46 pm

    ဒီ့ထက်လဲ ပိုပြောပေးပါဦး..ဗျ

    • “ဘီလူးကြီး”ogre

      December 9, 2011 at 6:14 pm

      ဒီလူရီးက ချွတ်ချုံတဲ့
      ကပေါက်ဖော်တော့….ချွတ်ချုံလိုရဘူးလေ
      ကြည့်ပါလား ဘောင်းဘီတိုလေးနဲ့… 🙂

      ကျုပ်ကတော့ဆင်းရဲမွဲတေမှုကို..မျိုးရိုလိုက်ရောဂါတစ်ခုလိုမဖြစ်စေချင်ဘူးဗျာ
      ဒီရောဂါက ကုရခက်တယ် ……တစ်နေ့ငါးတစ်ကောင်ပေးပြီးကြွေးရုံနဲ့တော့မထိရောက်ဘူးထင်တယ်
      ပိုက်ကွန်လဲပေး…..ကွန်ချက်လဲပြ ဒါမှ အဆင်ပြေမယ်ထင်တာပဲ….။။

  • ကိုရင်စည်သူ

    December 9, 2011 at 5:09 pm

    နည်းနည်းမပြောနဲ့….. များများပြောပါဗျာ…
    ပြောစရာတွေက အများကြီးပဲ…
    အားပေးပါတယ်ခင်ည… 🙂

  • naywoonni

    December 9, 2011 at 6:15 pm

    နဲနဲ မပြောနဲ့ ညီလေးရေ……။ များများသာပြော..။ အားမနာ ပါးမနာပြော

  • kosharshi

    December 9, 2011 at 6:41 pm

    ဆင်းရဲသားများ သေကြေပျက်စီးပြီး လျှော့ချမယ်ဆိုရင်တော့ မလုပ်ကြပါနဲ့လို့..

  • windtalker

    December 9, 2011 at 7:12 pm

    ဒီကိစ္စက ပြောသင့်ပါတယ် ။
    ပြောရုံသပ်သပ်နဲ ့တော့ အားလုံးအဆင်ပြေလာမှာ မဟုတ်သေးပါဘူး ။
    ကျုပ်တို ့အားလုံး တတ်နိုင်သူအားလုံး တတ်နိုင်သလောက် ၊ ကိုယ်ချင်းစာစိတ် နဲ ့
    ကိုယ့်ပတ်ဝန်းကျင် ၊ ကိုယ့်ရပ်ကွက် ၊ ကိုယ့်မြို ့ရွာ ၊ ကိုယ့်နိုင်ငံ ထဲက မရှိဆင်းရဲသားတွေ အတွက် ….

  • small cat

    December 10, 2011 at 6:17 am

    ဆင်းရဲနွမ်းပါးမှု မဟုတ်တော့ပါဘူး၊ အသုံးအနှုန်းပြောင်းလိုက်ပါတယ်၊ ဆင်းရဲမှုပပျောက်ရေးလို့သုံးပါတယ်။
    မနေ့က အစည်းအဝေးတစ်ခုမှာ ဆင်းရဲ မွဲတေမှုလို့ သုံးလို့ ဟန့်တားခံရတာလေးသတိရတယ်။
    ရည်ရွယ်ချက်ကောင်း ပေမဲ့ အကောင်အထည်ဖော်တာ လွဲနေတာလေးတွေ တွေ့နေရပါသေးတယ်။

  • kotun winlatt

    December 10, 2011 at 11:29 am

    ဆင်းရဲမှုပပျောက်ရေးဆိုတော့ အကုန်ပါတာပေါ့နော်…
    ဆင်းရဲမှတော့ နွမ်းပါးတော့မှာပေါ့….။ ဆင်းရဲတယ်ဆိုတာ
    စားဝတ်နေရေးအပြင် ပညာရေး ကျန်းမာရေး စိတ်ဓာတ်တွေကအစပေါ့..
    အကုန်လုံး ကျနော်တို့ တိုးတက်လာအောင် လုပ်ဆောင်ကြရမှာပါ…
    ကျနော်တို့ အားလုံးမှာ တာဝန်ရှိကြပါတယ်ဗျာ…။
    အားလုံးလုပ်ဆောင်နိုင်မှသာ…ကျနော်တို့ ဒီနွံ့ထဲက ရုန်းထွက်နိုင်ကြမှာပါ…။

Leave a Reply