Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အသက်တစ်ရာမနေရ….. အမှု့တစ်ရာပွေရ…..

superDecember 9, 20111min3168

ကျနော့်သူငယ်ချင်းမလေးအိမ်ကို ကျနော်သွားလည်တဲ့အချိန်မှာ ဧည့်ခန်းမှာရေးထားတဲ့ စာလေးကို ကျနော်ဖတ်မိသွားတယ်၊ လူသာလာပါ ပြဿနာသယ်မလာပါနဲ့၊ ညအိပ်ညနေ ဧည့်သည်လက်မခံပါဆိုတဲ့ စာတမ်းလေးပါပဲ၊ ကျနော့်လည်း ဘာကြောင့်ဆိုတာ စပ်စုကြည့်ရင်း ကျနော့်သူငယ်ချင်းမလေးပြောပြတဲ့ အကြောင်းအရာလေးပါ……..

အသက်တစ်ရာမနေရ အမှု့တစ်ရာပွေရဆိုတဲ့ စကားပုံလေးအတိုင်းပေါ့၊ ကျမအသက် ၉နှစ်သမီးအရွယ်မှာ ကျမ အဖေရဲ့ ငယ်သူငယ်ချင်းဦးလူအေး အိမ်ကိုလာလည်ပါတယ်၊ အိမ်မှာတည်းပြီး သူတို့ ဒေသထွက် အထည်တွေကို ရောင်းဖို့ပေါ့၊ ကျမအဖေက ဝမ်းသာအားရကြိုဆိုပါတယ်၊ ကျောင်းပြီးကတည်းက မတွေ့ကြတာ ကိုယ့်ရပ်ကိုယ့်ရွာပြန်ပြီး အိမ်ထောင်တွေကျ မိသားစုအတွက် ရှာရဖွေရနဲ့ မဆုံးဖြစ်ကြဘူးလေ ရောက်လာတော့ ဝမ်းသာအားရ စကားတွေပြောကြနဲ့ ကျမတို့လည်း အဖေ့ကို ကြည့်ပြီးပျော်ရွှင်ကြတယ်၊ အဲ့လိုနဲ့ သူတို့ဒေသထွက်တွေရောင်းပြီး အိမ်ပြန်သွားလိုက်၊ ပြန်လာပြီးရောင်းလိုက်နဲ့ပေါ့၊ တစ်နေ့တော့ ကျမအဖေ့ရဲ့ သူငယ်ချင်းဦးလူအေးက သူတို့ရွာကပဲ ဦးဌေးဆိုတဲ့ လူတစ်ယောက်ကို ခေါ်လာခဲ့တယ်၊ ရွာမှာ ရောင်းတာဈေးှနှိမ်လို့ မြို့တက်ရောင်းတာဆိုပြီး ရောက်လာခဲ့ပါတယ်၊ ကျမတို့အိမ်မှာပဲတည်းပါတယ်၊ ကျမအဖေကတော့ ခြံလုပ်ငန်းလုပ်တာပေါ့၊ မနက်ကနေ ညထိခြံတွေကိုလှည့်ပတ်သွား၊ ပွဲရုံတွေမှာ ခြံထွက်သီးနှံတွေသွင်းနဲ့ ညဘက်မှ ကျမအဖေအိမ်ကိုပြန်ရောက်တာပေါ့၊ ဒီလိုနဲ့တစ်နေ့ အဖေ့သူငယ်ချင်းမပါပဲ အဖေ့သူငယ်ချင်းခေါ်လာတဲ့ ဦးဌေးကအိမ်မှာပစ္စည်းရောင်းရင်းလာတည်းပါတယ်၊ ခါတိုင်းလည်း အဖေ့သူငယ်ချင်းနဲ့အတူလာနေကြဆိုတော့ ကျမတို့လည်း ဘာမှမပြောပဲအိမ်မှာတည်းခွင့်ပြုခဲ့တယ်၊ အဲ့လိုနဲ့ ကျမတို့အိမ်ကို ဆွမ်းခံကြွတဲ့ ဘုန်းဘုန်းနဲ့ စကားပြောကြရင်းနဲ့ ဆွေမျိုးမကင်းတွေဖြစ်နေကြတယ်ဆိုတာသိရပါတယ်၊ နောက်ပိုင်းတော့ ဦးဌေးက ဈေးရောင်းလာရင်း ဆွေမျိုးဘုန်းကြီးကျောင်းမှာပဲတည်းတော့မယ်ဆိုပြီးတည်းပါတယ်၊ အဲ့လိုနဲ့ပေါ့………. တစ်နေ့မှာ ကျမအဖေက ခြံအလုပ်တွေရှိတော့ မနက်အစောကြီးကတည်းက ခြံကိုထွက်သွားပါပြီ၊ အမေက ထမင်းဟင်းချက်နေတဲ့အချိန် ကျမက အမေ့ကို ဝိုင်းကူချက်နေပါတယ်၊ အဲ့ဒီအချိန်မှာ ဦးဌေးဆိုတဲ့သူရောက်လာပြီး အစ်မရေ ကျနော့်ပစ္စည်းလေး ခဏထားခဲ့ဦးမယ်နော်၊ ညဖက်မှလာယူမယ်ဆိုပြီးပြောပါတယ်၊ အမေကလည်း မီးဖိုချောင်းထဲကနေဟင်းချက်ရင်း ထားသွားလိုက်ပါ ရပါတယ်လို့ပြောလိုက်ပါတယ်၊ ဘာပစ္စည်းလဲဆိုတာ မကြည့်ပါဘူး၊ ခါတိုင်းလို ရွာထွက် ပစ္စည်းလေးတွေ ထားသွားတာပဲလို့ ထင်လို့ပါ။ ကြည့်လဲမကြည့်ပါဘူး၊ ကျမကတော့ စပ်စုတတ်တဲ့အကျင့်ရှိတော့ ဘာပစ္စည်းထားသွားတာလဲမသိဘူးဆိုပြီး အဲ့ဒီလူထားခဲ့တဲ့ ပုဆိုးလေးနဲ့ထုတ်ထားတာကို ဖွင့်ကြည့်ပါတယ် စက်ပစ္စည်းတစ်ခုကို တွေ့ပါတယ်။ ဒါပေမယ့် အဲ့ဒီပစ္စည်းက ဘာလဲဆိုတာတော့ ကျမမသိပါဘူး၊ အမေ့ကိုသွားပြောပါတယ်၊ ဦးဌေးထားသွားတာ ခါတိုင်းလို မဟုတ်ဘူး၊ ဘာလဲမသိဘူး၊ စက်ပစ္စည်းတစ်ခုပဲလို့ ကျမအမေကိုပြောတော့ ကျမအမေက သူများပစ္စည်းကို စပ်စုပြီး သွားမကိုင်ရဘူးလို့ပြောပါတယ်၊ ကျမအမေကလည်း ဦးဌေးဘာပစ္စည်းထားသွားတယ်ဆိုတာကို မကြည့်ပါဘူး၊ အဲ့လိုနဲ့ ညဘက်ရောက်တော့ ဦးဌေးကိုဖမ်းသွားတယ်၊ ဘုန်းကြီး ပစ္စည်းခိုးလို့ဆိုပြီးရပ်ကွက်ထဲမှာ သတင်းထွက်လာပါတော့တယ်၊ အဲ့ဒီမှာပဲ ကျမအမေက တစ်အားကြောက်သွားပါတယ်၊ မနက်က ခဏထားခဲ့မယ်လို့ပြောတဲ့ ဟာလားမသိဘူးဆိုပြီး ဖွင့်ကြည့်တော့မှ ဘုန်းကြီးကျောင်းကနေ ခိုးလာတဲ့ ပစ္စည်းကိုတွေ့ပါတယ်၊ ကျမအမေက ဘာလုပ်ရမှန်းမသိပဲဖြစ်နေချိန်မှာ ကျမအဖေက ခြံကနေပြန်ရောက်လာပါတော့တယ်၊ ကျမအမေက အကျိုးအကြောင်းပြောပြတော့ အမေ့ကိုဆူပါတယ်၊ ဘယ်လိုလုပ်ကြမလဲဆိုပြီးပြောတော့ ကျမတို့အားထားတဲ့ ဘုန်းဘုန်းဆီကိုအဲ့ဒီပစ္စည်းနဲ့အတူသွားပါတယ်၊ တကယ်တော့ ကျမမိဘတွေ ဥပဒေအကြောင်းတွေကို နားမလည်ပါဘူး၊ ဘုန်းဘုန်းကြီးဆီရောက်တော့ အခုဖြစ်ခဲ့တဲ့ အကျိုးအကြောင်းကို ပြောပြတော့ ဘုန်းဘုန်းကြီးကိုယ်တိုင်ကလည်း ဥပဒေအကြောင်းမသိတော့ နင် တော်တော်အတာပဲဆိုပြီးကျမအမေ့ကို ဆူပါတယ်၊ မသိပဲလက်ခံရမလားဆိုပြီးပေါ့၊ သူ့ယူခဲ့တဲ့ကျောင်းကို ပြန်သွားထားလိုက်ရင် ပြီးပြီပေါ့ဆိုပြီးပြောပါတယ်၊ အဲ့ဒါနဲ့ အဖေနဲ့အမေလည်း ဘုန်းဘုန်းပြောတဲ့အတိုင်း အဲ့ဒီလူယူခဲ့တဲ့ကျောင်းက ဘုန်းကြီးဆီကို သွားပြန်ပေးပါတယ်၊ အဲ့ဒီအချိန်မှာပဲ ဦးဌေးက သူခိုးခဲ့တဲ့ ပစ္စည်းကို ကျမတို့အိမ်မှာထားပါတယ်လို့ရဲစခန်းကိုပြောပါတယ်၊ အဲ့ဒီမှာ ရဲတွေက အိမ်ကိုလာရှာပါတယ်၊ ရဲတွေအိမ်မှာ ပစ္စည်းလာရှာတဲ့အချိန်မှာ အဖေနဲ့အမေက ဘုန်းကြီးကျောင်းကို ပြန်သွားထားပြီး ပြန်လာတဲ့အချိန်မှာ အဖေ့ကို ရဲတွေက လက်ထိပ်ခတ်လိုက်ပါတယ်၊ ကျမအဖေက ဘာလို့ခတ်တာလဲ ကျနော့်မှာ အပြစ်မရှိဘူး၊ ကျနော် ယူတာလဲမဟုတ်ဘူးလို့ပြောပါတယ်၊ ဒါပေမယ့် အဖေ့ကို စခန်းလိုက်ခဲ့ပါ ခင်ဗျားကို ခိုးရာပါပစ္စည်းလက်ခံမှု့နဲ့ ဖမ်းပါတယ်လို့ပြောပါတယ်၊ စခန်းရောက်မှရှင်းပါလို့ပြောပြီး ကျမအဖေလည်း ရဲစခန်းကို ပါသွားပါတယ်၊ စခန်းရောက်တော့ ကျမအဖေကို ခိုးရာပါပစ္စည်းလက်ခံမှု့၊ ပစ္စည်းဖျောက်ဖျက်မှု့ဆိုပြီး (၁) တရားခံအနေနဲ့ တတ်လိုက်ပြီး တကယ်ခိုးတဲ့သူကိုတော့ (၂) တရားခံအနေနဲ့စွဲပါတယ်၊ ပစ္စည်းပျောက်တဲ့ဘုန်းကြီးက ကျမအဖေနဲ့မဆိုင်ပါဘူး၊ လွတ်ပေးပါလို့ပြောပါတယ်၊ နောက်ပြီး တရားခံကိုယ်တိုင်ကလည်း ကျမအဖေနဲ့ မသက်ဆိုင်ကြောင်းထွက်ဆိုပါတယ်၊ ဒါပေမယ့် ကျမအဖေကိုလွတ်မပေးပါဘူး၊ ပိုက်ဆံတောင်းပါတယ်၊ ကျမအမေကလည်း ဘာမှမလုပ်တတ်ပါဘူး၊ ကျမကိုယ်တိုင် အဖေ့ကို အချုပ်ထဲထိလိုက်ကြည့်ပြီး မျက်ရည်ကျပါတယ်၊ ကျမအဖေက ဘာလို့လာတာလဲ မလာရဘူးလို့ပြောတယ်၊ ကျမအမေကတော့ အချုပ်ထဲကို မသွားရဲပါဘူး၊ ထမင်းပို့ကို ကျမဦးလေးသွားပါတယ်၊ ကျမက အဖေ့ကို တွေ့ချင်လို့ ဦးလေးကို အတင်းပူဆာပြီးလိုက်ပါတယ်၊ ကျောင်းမှာလည်း သူငယ်ချင်းတွေက ကျမအဖေအကြောင်းပြောကြပါတယ်၊ အဲ့ဒီအချိန်က ကျမလို ကလေးတစ်ယောက်အတွက် ဝမ်းနည်းစရာဖြစ်ခဲ့ပါတယ်၊ သူငယ်ချင်းတွေရဲ့ သူ့အဖေက ပစ္စည်းခိုးလို့ ဖမ်းခံရတာဆိုတဲ့ မယုံသင်္ကာတဲ့အကြည့်တွေကိုရင်ဆိုင်ရပါတယ ်၊ ဒါပေမယ့် ကျမအဖေ အပြစ်မရှိတာကို ကျမကိုယ်တိုင်သိပါတယ်၊ အဖေ့အစ်မဆီမှာ အဖေ့လယ်လေးကို ရောင်းပြီး ရဲတွေကို ပေးရကမ်းရပါတယ်၊ စားသောက်ဆိုင်မှာ နေ့ရော၊ ညရော ရဲတွေစားသမျှ တစ်ဝိုင်းစာရှင်းပေးရမယ်ဆိုပြီး ကျမအဖေကို မလွတ်မချင်းရှင်းရပါတယ်၊ ကျမတို့လယ်ရောင်းရတဲ့ပိုက်ဆံနဲ့ အဖေ့အတွက် ရဲတွေကိုပေးရ၊ တရားရုံးပေးရနဲ့ အမွေရတဲ့လယ်လေးလည်း ကုန်ပါတယ်၊ အဖေ့မှာ အပြစ်မရှိတာကို စစ်ဆေးတွေ့ရှိတဲ့အတွက် တရားရုံးတော်က လွတ်လိုက်ပါတယ်၊ လယ်ရောင်းလို့ရတဲ့ငွေလေးကုန်သွားသလို၊ ကျမဖေလည်း ဆေးရုံကိုတင်လိုက်ရပါတယ်၊ အဲ့ဒီနောက်ပိုင်းမှာ ကျမတို့ ညအိပ်ဧည်သည်လက်ခံဖို့ကြောက်သွားခဲ့ပါတယ်၊ နှစ်တွေလည်းကြာခဲ့ပါပြီး၊ ဒါပေမယ့် အဖြစ်အပျက်လေးကို မမေ့နိုင်သေးတာကတော့ ခုထိပါပဲ…………..

 

 

8 comments

  • “ဘီလူးကြီး”ogre

    December 9, 2011 at 6:39 pm

    မှတ်ကရောပဲ အခုဥပဒေတောမသိဘူး
    အရင်ကဥပဒေအရ တရားစွဲဆိုလို့တရားရုံးကိုရောက်သွားရင်
    တရားစွဲဆိုတဲ့ရဲနဲ့ လုံးဝဆိုင်တော့ပါဘူး
    ရဲစစ်ချက်နဲ့ ဥပဒေအကြံပေးတင်ပါတယ်
    ဥပဒေအကြံပေးက ဘယ်ပုဒ်မနဲ့ တရားစွဲဆိုသင့်ကြောင်းဆုံးဖြတ်ပါတယ်
    အဲဒီပုဒ်မအတိုင်းတရားစွဲပါတယ် ရုံးတင်ပါတယ်
    ဒီအခါမှာ ရဲဟာတရားစွဲသူသက်သေ သာသာပဲရှိပါတော့တယ်
    ရဲကဖြဲခြောက်တိုင်းကြောက်ဘို့မလိုတော့ပါဘူး
    တရားရုံးမှာသာ အပြစ်မရှိကြောင်းထုခြေလျှောက်လဲရမှာပါ တရားရုံးနဲ့သာဆိုင်ပါတယ်
    တစ်ခုပြောခြင်တာက မြန်မာပြည်က ဥပဒေမှာ
    ““ ရဲထံထွက်ဆိုချက်ဟာ သက်သေခံမဝင်ပါဘူး””
    တရားရုံးထွက်ဆိုချက်သာအတည်ဖြစ်ပါတယ် ရဲထံထွက်ဆိုတာကိုငြင်းပယ်နိုင်ပါတယ်
    ရဲထံထွက်ဆိုချက် အဲဒီအချက်ဟာ တရားစီရင်ရေတည့်မတ်ဖြောင့်မှန်စေဘို့ တရားသူကြီးအနေနဲ့
    ထည့်သွင်းစဉ်းစားရမယ်အချက်များသာဖြစ်ပါတယ်
    တရားသေမှန်ကန်တယ်လို့မယူနိုင်ပါဘူး
    ရဲတွေကိုကြွေးရတယ်ဆိုတော့ ဖြဲစား ဟောက်စား ခြောက်စား
    ““မရရင်ရစ် ရစ်လို့မရရင်ရန်လုပ် ရန်လုပ်လို့မှမရရင် ရတာယူပြီးပြန်တဲ့”” စောက်ကျင့်မကောင်း
    ရဲတွေကြောင့် လယ်ပြုတ်ရတာပါပဲ…ကျွတ်ကျွတ်…သနားထှာ 🙂
    အမှုဖွင့်တော့တစ်ခါပေး
    အကြံပေးတင်တော့တစ်ခါပေး
    ရဲသက်သေခေါ်တော့ ရဲကိုတစ်ခါပေး
    ရဲက ဖော့ပြီးထွက်ပေးမယ်ဆိုလို့တစ်ခါပေး
    ရုံးရောက်တော့ ရှေပတ်စာရေးတစ်ခါပေး
    ရှေပတ်စားရေးလမ်းညွန်မှုကြောင့် တစ်ရားသူကြီးတစ်ခါပေး
    အစိုးရရှေ့နေ ဆွဲချ ကိုတစ်ခါပေး
    အမိန့်ချကာနီးတော့တစ်ခါပေး
    အမှုဖြစ်လို့ကတော့ ဘာပြောကောင်းမလဲ ဘာမှကိုပြောမကောင်းဘူးဖြစ်သွားမယ်

    • E.T

      December 9, 2011 at 7:28 pm

      တချို ့ရဲတွေက မသိ၊ နားမလည်သူတွေကို ဖြဲခြောက်မယ်ဆိုတာကြီးပဲ။ ကိုယ်က သူ ့ကို ဦးအောင် ဖြဲနိုင်မှ တော်ကာကျတယ်။ ဆူပါရေ ့ နောက်တစ်ခါ ရဲတွေဖြဲတာနဲ ့ ကြုံလို ့ရှိရင် ပြောလိုက်ပါ “လာမဖြဲနဲ ့ မန်းဂေဇက် ဖတ်ပြီးသားလို ့” 😉

      • windtalker

        December 9, 2011 at 9:11 pm

        ကိုဘီလူး တို ့ကတော့ သိပြီးသား ဖြစ်မှာပါ
        တွေ ့တာနဲ ့ မျက်နှာတည်တည်နဲ ့
        ညီလေး အကိုကြီး တွေ လှိမ့်သုံး
        ရှိန်သွားလိမ့်မယ်

  • super

    December 9, 2011 at 9:38 pm

    ကိုဘီလူးကြီး၊ ကိုE.T၊ကိုတော်ကာတို့ပြောသလိုပေါ့ မသိတဲ့နားမလည်တဲ့သူတွေဆိုခံရတာပါပဲဂျာ…..

  • TTNU

    December 9, 2011 at 11:25 pm

    ဒီ ရဲ ဆိုတဲ့ ကောင်တွေက လူဆိုးသူခိုးဖမ်းဖို့ သုံးရမဲ့ ပညာတွေကို
    ငိုစားရယ်စား နယ်ပယ်မှာ အိပ်သွန်ဖာမှောက် အစွမ်းပြနေကြတာ။

    ရဲက အမှုမှန်ပေါ်အောင် ဇွဲကြီးစွာနဲ့ ၊ အထောက်အထား တွေ သဲလွန်စတွေနဲ့
    ရှာတယ်၊ ကောက်ချက်ချတယ်ဆိုတာ
    ရုပ်ရှင်ထဲမှာပဲရှိတယ်။ ( မြန်မာ့ မြန်မာရုပ်ရှင် မှာမဟုတ်)။

    “မင်းတို့ကို ပြည်သူ့ ဝိုင်းတွေ ရဲ ထားပြီ” လို့ တောင်အော်ဖို့…
    အာကေရ ထားရင်…အသံမထွက်။

  • Zippo

    December 10, 2011 at 12:03 am

    မုဆိုးရဲ့ပစ်ကွင်းထဲကိုရောက်သွားတဲ့ သမင်ငယ် ရဲ့ အဖြစ်နဲ့ အတူတူပါပဲ ၊
    ကျားရှေ့မှောက်လဲ သလိုမျိုး ၊ သူတို့ကို သင်တန်းတွေက အဆင့်ဆင့်
    လက်ဆင့်ကမ်း ပို့ချ သင်ကြားထားပြီးသားလေ ၊
    ကူညီပါရစေ တဲ့ ။ ( ဏှီးဏ္ဍား$ွီး@ွီစ်)

  • kai

    December 10, 2011 at 5:54 am

    အခုကိစ္စတွေက… ဥပဒေအကြောင်းသေချာနားမလည်လို့.. အခုလိုဖြစ်သွားတာလို့ ထင်မိတယ်..။
    ရဲနဲ့.တရားရေးကို ရောထွေးတန်းတူမြင်ကုန်တာကြောင့်လို့ထင်တယ်.။

    ဆိုတော့..
    နားမလည်ရင်..နားလည်တဲ့ရှေ့နေငှားပြီး.. အာမခံနဲ့ အပြင်မှာပဲနေရမှာလို့ယူဆမိတာပဲ..။
    တရားရုံးက အပြစ်မရှိဘူးပြောရင်.. လွတ်ပြီပေါ့..။

    အပေါ်ကကိုရင်ဘီလူးရှင်းရေးထားတာ.. သေသေချာချာ ဖတ်သင့်တယ်ထင်ပါကြောင်း…။

  • small cat

    December 10, 2011 at 7:09 am

    သဂျီးက ဗူးလေးရာ ဖရုံဆင့်ခိုင်းနေပြီ၊ ဥပဒေနားလည်လည်းခံရတာပဲ ၊ ရှေ့နေဖိုးထပ်ကုန်တာပဲအဖတ်တင်မယ်၊ သူတို့တွေက ညှိပြီးသား၊ အဆင်ပြေအောင်ပေါင်းစားနေကြတာ။အဲလိုမှမလုပ်ရင် အဲ့ရှေ့နေ အဲ့နားကပ်လို့ရမှာမဟုတ်၊ တကယ်တကယ်၊ မရုံမရှိနဲ့

Leave a Reply