Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဦးခိုက်ပူဇော် ဗုဒ္ဓမြတ်စွယ်တော်နှင် ့မန္တလေး

mandalarthuDecember 11, 20116min65517


 


 

 

 

 

 

 

 

 

 

 

 

 

*****            ဦးခိုက်ပူဇော်  တရုပ်ပြည်မှ  ဗုဒ္ဓမြတ်စွယ်တော်  *******

 

(၈-၁၂-၂၀၁၁) နေ ့က နေ ့လည်ခင်းပိုင်းခန ့်တွင် ကျွန်မတို ့မန ္တလေးမြို ့သို ့ဗုဒ္ဓမြတ်စွယ်တော်သည်ရန်ကုန ်မြို ့မှကြွရောက်တော် မူလာခဲ ့ပြီဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ ့သော အောက်တို ဘာလ(၁၂)ရက်နေ ့ မှာ နေပြည်တော ်ရောက်ခိုက် ဖူးခွင် ့ကြုံ၍ ဗုဒ္ဓမြတ်စွယ်တော်ကို ဥပ္ပါတသနိ္တစေတီဂန္ဓကုဋိ လိုဏ်တော်မှာ ကျွန်မ ဖူးမြော် ခွင် ့ရရှိခဲ ့ရာ ယခု နဲ ့ပါဆိုလျှင် (၂)နေရာမှာ (၂)ကြိမ်ထက်မနည်း ဖူးခွင် ့ရ၍နှစ်ထောင်းအားရ    ကုသိူလ်စိတ်ဖြင် ့ဝမ်းသာပီတိဖြစ်မိသည်မှာ ပြောမပြတတ်အောင် ပင်။

တရုတ်ပြည်သူ ့သမ္မတနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်အား ကျွန်မတို ့မြန်မာနိုင်ငံ သို ့ဒေသစာရီ ပင် ့ဆောင် ပူဇော်ခဲ ့သည်မှာ ယခု အကြိမ်နှင် ့ပါဆိုလျှင် (၄)ကြိမ် တိုင် ရှိခဲ ့ပြီဖြစ်သည်။

(က) ပထမအကြိမ်   (၁၅-၁၀-၁၉၅၅ မှ ၈-၆-၁၉၅၆)  ထိ   (၈) လ

(ခ)ဒုတ်ိယအကြိမ်   (၂၀-၄-၁၉၉၄ မှ ၈-၆-၁၉၉၄) ထိ      (၄၅) ရက်

(ဂ)တတိယအကြိမ် (၆-၁၂-၁၉၉၆ မှ ၅-၃-၁၉၉၇) ထိ      (၉၀) ရက် နှင် ့

ယခု

( ဃ )စတုတ္ထအကြိမ် (၆-၁၁-၂၀၁၁  မှ ၂၃-၁၂-၂၀၁၁)ထိ  (၄၈)ရက် တိုင်တိုင်  မြန်မာနိုင်ငံတွင် ရဟန်းရှင်လူ ပြည်သူ အပေါင်း စိတ်ချမ်းမြေ ့စွာ ဖူးမြော်ကြည်ညို နို်င်ရေးအတွက် အပူဇော်ခံထားရှိမှာဖြစ်ပါတယ်။

 

 

 

ယခု အကြိမ် မြန်မာ နိုင်ငံတွင်

(၁)နေပြည်တော်၌ ဥပ္ပါတသနိ္တစေတီဂန္ဓကုဋို လိုဏ်တော်မှာ(၆-၁၁-၂၀၁၁ မှ ၂၁-၁၁-၂၀၁၁) ထိ (၁၆  ရက် )

(၂)ရန်ကုန်မြို ့က မ ္ဘာအေးကုန်းမြေ မဟာပါသာဏ ဂန္ဓကုဋိလိုဏ်တော် မှာ(၂၂-၁၁-၂၀၁၁  မှ ၇-၁၂-၂၀၁၁)ထိ

(၁၆ ရက်)နှင ့်

(၃)မန္တလေးမြို  ့မဟာအတုလဝေယံ(အတု မရှိ)ကျောင်းတော် မှာ(၈-၁၂-၂၀၁၁ မှ ၂၃-၁၂-၂၀၁၁)ထိ(၁၆ ရက)်

တင် ့တယ် သ ပ္ပာယ်စွာ ကြည် ညို အပူဇော်ခံမှာ ဖြစ်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

****ဗုဒ္ဓမြတ်စွယ်တော် ကြွရောက်သီတင်းသုံးအပူဇော်ခံထားရှိရာ မန္တလေးမြို  ့မဟာအတုလဝေယံ(အတု မရှိ)ကျောင်းတော်***

 

မနေ ့ က(၉-၁၂-၂၀၁၁) ့နံနက်ပိုင်း (၁၁)နာရီ ခန် ့တွင် ကျွန်မ သူငယ်ချုင်းများနှင် ့အတူ ဗုဒ္ဓမြတ်စွယ်တော် ကြွရောက်သီတင်းသုံးအပူဇော်ခံထားရှိရာ မဟာအတုလဝေယံ(အတု မရှိ)ကျောင်းတော်ကြီးသို ့ချီတက်ခဲ ့ကြပါတယ်။ ကုသိုလ်တော်ဘုရားဘက်မှာ ကျွှန်မတို ့စက်ဘီး၊ဆိုင်ကယ် များကို ဘုရားဖူးလာသူများအတွက် စနစ်တကျ အခမဲ ့အအပ်ခံ၍ စန္ဒာမုခိ ဘုရားရှေ ့မှာ ကားများကို စနစ်တကျ ထားရှိရပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

******       ကုသိုလ်တော် ရှေ ့ရှိ ကန်ရေပြင် ကို ဖြတ်၍ လှမ်းမြင်ရသော ဘုရားဖူးလာ ယာဉ်များ  *********

 

 

 

 

 

 

 

 

 

 

 

 

 

 

*********ကုသိုလ်တော ် ဘုရားရှေ ့ရှိ  ဘုရားဖူးများ အခမဲ ့ အပ်နှံရာ စက်ဘီး၊ ဆိုင်ကယ် များ  ***************

 

 

 

 

 

 

 

 

 

 

 

 

 

 *** *မြတ်စွယ်တော်ကို ကြိုဆိုနေကြသော ကုသိုလ်တော်   ဘုရားရှေ ့ရှိ ရောင်စုံ လှပ ကြာပန်းကလေးများ****

 

***** မြတ်စွယ်တော ် သို ့ ဖူးမြော်ရန်   လျှောက်လှမ်း  အဝင် လမ်းကလေး********

 

 

 

 

 

 

 

 

 

 

 

 

 

****** လမ်းဘေး ဝဲယာ တလျှောက်  စွယ်တောိ ပုံ  ရောင်းချနေကြသော  လက်ပွေ ့ဈေးသည်များ  ********

ထို ့နောက် ခြေလျှင်လျှောက် ကာ ဘုရားဖူးများစီတန်းဝင်ရောက်ရာနေရာဆီသို ့ လျှောက်လှမ်းခဲ ့ကြပါတယ်၊်၊ မန္တလေးမှာ(နေပြည်တော်နှင် ့မတူ)  တမူထူးခြားတာ ကတော ့လမ်းဘေးဝဲယာ တလျှောက်

စွယ်တော်မြတ်ဘုရားဧ။်ပုံတော်များကို ဘုရားဖူးလာသူ အပေါင်း ဈေးနှုန်းသက်သာစွာ ဖြင် ့ဝယ်ယူပူဇော်နိုင်ခြင်းပင်။စွယ်တော်ပုံတော်များမှာ အားလုံးပလတ်စတစ်လောင်းထား၍ ဆေးသားစိုစို နှင ့် သပ်သပ်ရပ်ရပ်ပင်။

 

 

 

 

 

 

 

 

 

 

 

 

 

 

***********             ဆေးသားစိုစို    ့ဈေးချိုချို  ဝယ်ယူရရှိ နိုင်သော စွယ်တော်ပုံများ       *************

 

 

 

 

 

 

 

 

 

 

 

 

 

 

********အဝင်ဝ တွင် တန်းစီနေကြသော ဘုရားဖူးများ *******

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

*** ဘုရားဖူးများ အားလုံးလိုက်နာရန်  သတ်မှတ်ထားသော စည်းကမ်းချက်များ***

 

ထိုနေရာမှစ၍ ကျွန်မတို ့အားလုံးကို

လှုဒါန်းလို သော ငွေ ကြေးမှ လွဲ၍ ဖောင်တိန်၊ကင်မရာ၊ပိုက်ဆံအိတ်၊ ဖုန်း စသည် ့အခြား မည်သည် ့ပစ္စည်းမှ ယူဆောင်ခွင် ့မပြုပါ။ကင်မရာယူခွင် ့မရသောကြောင် ့ အတွင် းမှာမည်သည ့်ပုံ မှရိုက်ခွင် ့မရခဲ ့ပါ။ကျွန်မတို ့လည်း သူငယ်ချင်း(၂)ယောက်ကို ပစ္စည်းများနှင် ့ထွက်ပေါက်တွင် အစောင် ့ထားခဲ ့ပြီး နောက် တလှည် ့စီ နှစ်ဖွဲ  ့ခွဲ၍

ဖူးမြော်ပူဇော်ခဲ ့ကြပါတယ်။

လျှောက်လမ်းကို အမျိုုးသားနှင် ့အမျိုးသမီး နှစ်လိုင်းခွဲထား၍ ဘုရားအဝင်ဝတွင် သေချာစစ်ဆေးခံပြီးမှ ဝင်ရောက်ကြရပါတယ်။

အတု မရှိ ကျောင်းဝင်းကျယ်ကြီး အတွင်းမှာတော ့တာဝန်ကျသူ အသီးသီးက တက်တက်ကြွကြွ ဖြင် ့ကျရာတာဝန်အသီးသီးကို ထမ်းဆောင်နေကြသည်မှာ မမောနိုင် မပန်းနိုင်။ကြည်နူးစရာပင်။

အလှူခံဌာနမှာလည်း ဘုရားဖူူူူူးလာရောက် လှူဒါန်းသူများက ကြိတ်ကြိတ်တိုး။အံ ့ချီးစရာ မြန်မာတို ့ဧ။်သဒ္ဒါတရားပါပေ။ကျွန်မတို ့လှူဒါန်းအပြီးတွင် ဖြတ်ပိုင်းနှင် ့အတူ (ဓမ္မဒါန) တရုပ်ပြည် စွယ်တော်ဘုရားရှိခိုးဂါထာစာရွက်လေးနှင် ့စွယ်တော်ပုံသေးလေးတပုံပေးပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

****** အလှူခံဌာနမှ   ဓမ္မဒါန အဖြစ် လက်ဆောင်ပေးသော စွယ်တော် ပုံ        **********

 

ဘုရားပေါ်ရောက်တော ့

အဝင်ဝ မှာ လှေကားကို မတက်နိူင်ရှာသော အဖွားအိုနှစ်ယောက်ကို ပွေ ့ချီခေါ်ပေးနေသော တာဝန်ကျ ဝတ်စုံဝတ်လူငယ်လေးနှစ်ယောက်နှင် ့တိုး၍လမ်းဖယ်ပေးရင်း ကြည်နူးစွာ သာဓုခေါ်မိသေးသည်။ အပေါ်ရောက်တော ့ထိုအဖွားအို နှစ်ယောက် အတွက် ဝှီးချဲ နှစ်စီး ကို တွန်း၍အပြေးလာပေးနေသော

နောက်ထပ်လူငယ်လေးနှစ်ယောက်ကို တွေ ့လိုက်ရသည်။တာဝန်အရ မဟုတ်ဘဲ စေတနာအပြည် ့ထားကာ

တက်ကြွစွာဆောင်ရွက်နေပုံက မျက်နှာပေါ်မှာထင်ထင်ရှားရှား။ရင်ထဲ လှိုက်ခနဲ ကြည်နူးမိပါတယ်။

စွယ်တော်မြတ်စံပယ်ရာ ခမ်းမထဲ ရောက်ပါပြီ။ဝင်လျှင်ဝင်ချင်းဗုဒ္ဓမြတ် စွယ်တော်ဘုရားကို ပူဇော်သောတရားတော်ကို ရွတ်ဖတ်ပူဇော်နေသော အမျိုးသမီးတဦးဧ။် သာယာနာပျော်ဖွယ်အသံကို ကြားရသည်မှာ လည်းဝမ်းမြောက် ပီတိဖြစ် စရာပင်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကြီးကျယ်ခမ်းနားသပါ္ပယ်စွာ ပူဇော်ထားသော မြတ်စွယ်တော် ထံအာရုံညွှတ်ကာ တရွေ ့ရွေ ့လျှောက်လှမ်းလာရင်း မြတ်ဗုဒ္ဓဧ။် သရီရဓာတ်တော်ဖြစ်သော အထက်လက်ဝဲစွယ်တော်မြတ်ကို မျက်ဝါးထင်ထင် ကြည်ညိ ုစွာ ဖူးတွေ ့ရပါသောအခိုက်မှာတော ့

စိတ်တွင် ဝမ်းသာကြည်နူးပိတိလှိုင်းများ တငြိမ် ့ငြီမ် ့ဖြင် ့ဘုရားရှင် ကိုယ်စား ဖူးတွေ ့ရသလိုဖြစ်၍

ဖူး၍မဝနိုင်အောင်ပင်။ မြတ်စွာဘုရားဧ။် စွယ်တော် အစစ်ဖြစ်၍

ဆုတောင်းမိသည်ကတော ့သံသရာဝဋ် ဒုက္ခတို ့မှ ကျွတ်လွန်ရာမှန် ။မြတ်နိဗ္ဗာန်မှလွဲ၍

အခြားဘာမှ မရှိတော ့ပါ။် ကြာကြာရပ်၍ ဖူးမျျော်နေရန် မသင် ့သောကြောင် ့ခပ်ဖြည်းဖြည်းလျှောက်လှမ်းကာ ဗုဒ္ဓမြတ် စွယ်တော်ဘုရားဧ။် ရှေ ့မှောက်တွင် အေးအေးဆေးဆေး ထိုင်ကာဖူးမြော်မှ သာ အားပါးတရ ဖူးမြော်ရသည်မှာ စိတ်အေးချမ်းမှုကို အထူးခံစားရ၍ ဗုဒ္ဓကိုယ်စား ရည်မှန်းကာ ကုသိုလ်ပွား၍ ဖူးမဝနိုင် အောင် ပင်။ဖူးမြော်ပြီး ရွှေကျောင်းကြီးမှအောက်သို ့ အဆင်းမှာတော ကြည်ညို ဖွယ်ရာမြတ်စွယ်တော်ပုံ ပါသော ပြက္ခဒိန် တခု ကို တထောင်ကျပ် ဖြင် ့ဝယ်ယူပူဇော်ခဲ ့ပါတယ်။စွယ်တော်စံပါယ်ရာ ရွှေကျောင်းကြီးနှင ့်စွယ်တော်ကို်သယ်ဆောင  ်လာသော က၇ဝိတ်ပုံကားပါသော တီရှပ်တတည် ကို လည်း အမှတ်တရ ဝယ်ယူပူဇော်ခဲ ့ပါတယ်။

အနှစ်သက်ဆုံး ကတော ့စာအုပ်တွေပါဘဲ ။တာဝန်ရှိသူများရောင်းချပေးနေသော တရားစာအုပ်အမျိုးမျိုးနှင် ့စွယ်တော် သမိုင်းပြည် ့ပြ ည် ့စုံစုံ သိလိုနေခိုက် တွေလိုက် ့ရတာ ကတော ့ကျွန်မ အကြိုက်ဆုံးပင်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

****  မြတ်စွယ်တော် သမိုင်း    စုံလင် စွာ ရေးသားထားသည် ့ လုူတိုင်း ဖတ်သင ် ့သည် ့ စာအုပ်***** 

                                           (ရှေ ့ဘက် အဖုံးနှင် ့ နောက်ကျောဖံ ုး)

 

**ဗုဒ္ဓမြတ်စွယ်တော်ဧ။် သမိုင်းကြောင်းကို အသေးစိတ် ရေးသားဖော်ပြထားသော ဓမ္မဒါန  ထုတ်ဝေသော စာအုပ်ငယ် **

 

 

အပြင် မှာအလွယ်တကူရှာတွေ ့နိုင် ဖို ့ခဲ ယဉ်းသော စွယ်တော် သမိုင်းကြောင်းစာအုပ်တွေ ကို ဝမ်းသာအားရ ဝယ်ယူပူဇော်မိပါတယ်။

ထို ့ထက်မက ဂေဇက် အဖွဲ ့သားများကို ပြန်လည်မျှဝေပေးချင်မိတာကလည်း စိတ်ထဲမှာ ထိန်းမနိုင် သိမ်းမရ ပင်။

ဗုဒ္ဓမြတ်စွယ်တော်နှင်  ့မန္တလေး

မန္တလေးနှင် ့ ဗုဒ္ဓမြတ်စွယ်တော်

ယခု မန္တလေး  ၌ကြွရောက်နေသည် ့ မြတ်စွယ်တော်သည်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဗုဒ္ဓမြတ်စွာဘုရားဧ။် စွယ်တော် အစစ်ဖြစ်၍ မိမိစိတ်အာရုံ၌ မြတ်စွာဘုရားဧ။် အသွင် ကို ထင်အောင် ရုုှုုပြီး မြတ်စွာဘုရားဧ။် ဂုဏ်တော ်ကို အာရုံ ပြု ကာ မြတ်ဗုဒ္ဓဧ။် ဓာတ်တော်မွေတော်စစ ်စွယ်တော်မြတ်အား ပူဇော်အဓိဠာန်ဝင်သော် မျက်မှောက် ဘဝ၌လည်း အကျိုးထူးများခံစားရရှိနိုင်သည်။ နောင် တမလွန် ဘဝ၌လည်း နတ်ရွာ သုဂတိသို  ့ရောက်ရှိကာ ကောင်းကျိုးချမ်းသာအပေါင်းနှင် ့ ပြည ့်စုံနိုင်မည်ဖြစ်၍

ယခု မန္တလေး  ၌ကြွရောက်နေသည် ့

ဗုဒ္ဓမြတ်စွယ်တော် အား အခါမလင ့် သွားရောက် ဖူးမြော်ပူဇော်အပ ်လှပေကြောင်း

 မန္တလေး  ဂေဇက် အဇွဲ ့သားများနှင် ့မြန်ပြည်သူ အားလုံး အားတိုက်တွန်း လိုက်ရပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

****စွယ်တော် ဦးခိုက် ပြီး အပြန်  အနောက်ဘက် ဘုရားပေါက်မှ ထွက် ခွာလာသော ဘုရားဖူးများ*****

 

 

 

 

 

 

 

 

 

 

 

 

 

 

******* ပျားပန်းခပ် မျှ စည်ကားလှ  စွယ်တော် ဦးခိုက် ကြသူ များ ဧ။် အပြန်ခရီး    **********

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

******  လာသူ ၊ ပြန်သူ  ကုသိုလ်ယူ

တက်တက်ကြွကြွ  ဖူးအပ်လှ

ဦးခိုက်ပူဇော်

မန္တလေးမှ    ဗုဒ္ဓမြတ်စွယ်တော ်******

17 comments

  • windtalker

    December 11, 2011 at 11:35 am

    ဟုတ်ကဲ့ဗျာ ၊ ကျေးဇူးတင်ပါတယ်နော ၊ သွားရောက် ဖူးမျှော်လိုက်ပါဦးမယ်
    အသိလင်မယား သွားဖူးတုန်းကတော့ ၊ အိမ်ကို နှစ်ခေါက်ပြန်ရတယ် တဲ့
    ပထမ အခေါက်က မျက်မှန်ပါသွားလို ့တဲ့ ၊ ဒုတိယအခေါက် က ဘောင်းဘီနဲ ့မို ့တဲ့

  • manawphyulay

    December 11, 2011 at 5:11 pm

    အင်းနော်။ ဓာတ်ပုံရိုက်ခွင့်တော့မပြုပဲ ဓာတ်ပုံတွေတော့ ရိုက်ပြီးရောင်းခွင့်တော့လုပ်ထားတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ မန်းလေးမှာလည်း အရမ်းလူများလားဟင်။

  • parlayar46

    December 11, 2011 at 7:08 pm

    ရန်ကုန်မှာတုန်းကတော့ စွယ်တော်လာဖူးသူတွေရဲ့ အိတ်တွေ ထီးတွေ အသုံးအဆောင်တွေကို အဝင်နားက အအေးရောင်း ချိုချဉ်ရောင်းတဲ့ ယာယီဆိုင်လေးတွေမှာ အပ်ခဲ့ရတယ်။ ပစ္စည်းတစ်မျိုးကို အပ်ခ ငါးရာပေးရလို့ မတန်တဆဖြစ်တာထက် တန်ဘိုးရှိပစ္စည်းတွေကို ဘာအာမခံချက်မှမရှိတဲ့ နေရာတွေမှာ ထားခဲ့ရတာ တော်တော် နောက်ဆံတင်းစရာ စိတ်မဖြောင့်စရာပေါ့။

    ဒါစီမံသူတွေရဲ့ ချွတ်ယွင်းချက်ပဲ။ စွယ်တော်တော့ လာဖူးချင်ဖူး- ဖြစ်ချင်တာဖြစ်ရင် မင့်ကံပဲ…လို့ သဘောထားရာရောက်တယ်။ ညံ့လိုက်တဲ့ သဘောထားမျိုးပဲ။ လူတွေကို စေတနာမပါခဲ့တာ ခေါက်ရိုးကျိုးနေတော့ ဒီကော်မတီဝင်လူကြီးမင်းများအပါအဝင် လူတွေ တုံးသထက်တုံးကုန်ပြီ။

    ကျုပ်သာ ဝင်စီမံခွင့်ရရင် လုပ်အားပေးလူငယ်လေး ဆယ်ယောက်လောက်ခေါ်ပြီး ဒီကိစ္စကို ငှက်ပျောသီး အခွံနွှာရတာထက်ပိုမခက်အောင် အသာလေးမျက်စိမှိတ်လုပ်ပေး စီမံပေးလို့ရတယ်။

    ဒီပုံတွေထဲကြည့်ရတာ မန္တလေးမှာက ရန်ကုန်ထက် ပိုအဆင်ပြေမယ့်ပုံရှိတယ်။
    ပိုစ့်တင်ပေးသူကိုတော့ သာဓုခေါ်ပါတယ်ဗျာ။

    • mandalarthu

      December 12, 2011 at 9:07 pm

      ဟုတ်ပါတယ် ကို ပေ နဲ ့ကို ပါလေရာ ရှင် ့…
      နေပြည်တော်မှာတုန်းကပို ကောင်းတဲ ့တချက်က ပါလာတဲ ့ပစ္စည်းတွေကို လက်ခံပေးတဲ ့နေရာတခု ကို ထားပေးပါတယ်။ ဒါကြောင ် ့ဘုရားဖူးတွေ စိတ်ဖြောင် ့လက်ဖြောင် ့ဖူးနိုင်ကြပါတယ်။ ပြီးတော ့ ဘောင်းဘီ ၊စကတ် ဝတ်လာတဲ ့ (ကျား/မ) တွေကို လုံချ ည်တွေခေတ္တ ငှားပေးပြီး ဘုရားဖူးဖို ့ ့စီစဉ်ပေးထားပါတယ်။ဒါပေမယ် ့ နေပြည်တော် မှာ က လူက အတော်များတာမို ့ မန္တလေးလို အေးအေးဆေးဆေး ရပ်ပြီး ဖူးခွင် ့မရပါဘူး။
      မနောေ၇…..
      ဒီမှာ ဓာတ်ပုံတွေတော့ ရိုက်ခွင် ့မပေးပေမယ် ့ အပြင်မှာ ရောင်းခွင့်တော့လုပ်ထားတဲ့အတွက်
      နေပြည်တော်မှာ ထက် ပိုဝယ်ယူပူဇော်လို့ရတာပေါ ့။ အဲဒါသိပ်ကောင်းပါတယ် …စာအုပ်တွေရောပေါ ့။
      လူကတော ့ ဒီမှာ ပုံမှန်ပါဘဲ။ရုံးပိတ်ရက်မှ ပိုများတယ်။

  • True Answer

    December 12, 2011 at 7:58 am

    သတင်းအချက်အလက်တွေအပြင် ပုံတွေ စုံစုံလင်လင်နဲ့ စွယ်တော်ကို ဖူးမြင်ခွင့်ရတဲ့ အတွက်
    ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

  • koyin

    December 12, 2011 at 11:37 am

    သာဓု သာဓု သာဓု ပါဗျာ…
    ခုလို ပုံလေးတွေနဲ့ဆိုတော့ ကိုယ်တိုင် မဖူးမျှော်နိုူင်တဲ့သူတွေ အဝေးရောက်နေတဲ့သူတွေအတွက်
    ကိုယ်တိုင် ဝင်ဖူးနေရသလို ခံစားလိုက်ရပါတယ်…
    အရမ်းကို ကျေးဇူးတင်ရှိလှပါတယ်…

  • etone

    December 12, 2011 at 1:01 pm

    မန္တလာသူရေ … နှစ်ခေါက်တောင် သွားဖူးဖြစ်တယ်ဆိုတော့ … ကြားရသူတောင် ပျော်သလိုလိုဖြစ်သွားတယ် … ။ ရန်ကုန်မှာတုန်းက တစ်ခေါက်သွားဖူးဖို့တောင် အနိုင်နိုင် …. လေးနာရီလောက်တန်းစီရတဲ့အဖြစ် … မစောင့်နိုင်လို့ လှည့်ပြန်သွားတဲ့အဖြစ် .. အမျိုးမျိုးသော အဖြစ်တွေနဲ့ … မဖူးလိုက်ရတဲ့လူတွေများပါတယ် … ။
    ပြန်မကြွခင်တစ်ရက်က ကျွန်မတောင် စွယ်တော်ဖူးမလို့ …. မနက်လေးနာရီထဖြစ်တယ် …… ရေချိုး မနက်စာစားနဲ့ အိမ်ကထွက်တော့ ငါးနာရီဖြစ်နေပြီ .. ဟိုကိုရောက်တော့ ငါးနာရီခွဲ … အောင်မလေးလေး … လူတန်းကြီးများ နည်းတာမဟုတ်ဘူး … တမိုင်ခွဲလောက်ရှိမယ် … ။ အဲ့ဒီလိုသာ ရပ်စောင့်နေရလျှင်တော့ ညနေလောက်မှ ဝင်လို့ရမှာမို့ …. မစောင့်နိုင်လို့ … မအူမလည်နဲ့ .. ဝင်ပေါက်နားသွားရပ်နေလိုက်တယ် … ။ 😀
    ဘုန်းကြီးတပါးကြွတဲ့နောက် ကပ်လိုက်ရင်း … အထဲကိုရောက်သွားပြီး … ဆယ်မိနစ်လောက် ဟိုတွန်း ဒီတိုက်နဲ့ … စွယ်တော်ဖူးခွင့်ရခဲ့တယ် ..ဒီတခါက နှစ်ကြိမ်မြောက်ဖူးခွင့်ကြုံခြင်းပေါ့ … ။ တစ်ခါထက် တခါတော့ ဝင်ခွင့်ပိုကြပ်လာသလိုပဲ … ။
    ဖိနပ်ကို မအပ်ပဲ ချွတ်ချင်သလို ချွတ်တော့ .. ဖိနပ်ပျောက်ခဲ့လေရော 😆

    • mandalarthu

      December 12, 2011 at 9:18 pm

      ိိုTrue Answer နဲ ့ ကိုရင်ရေ ……
      ကိုယ်တိုင် မဖူးမျှော်နိုူင်တဲ့သူတွေ အဝေးရောက်နေတဲ့သူတွေအတွက် ရည်ရွယ်တာရော ၊ဒီမှာ ရှိပြီး မဖူးဖြစ်သေးတဲ ့လူတွေ အတွက်ပါရည်ရွယ်ပါတယ်။
      အမြင်မှန်မှန် နဲ ့ မြင်ပေးလို ့ကျေးဇူးပါဘဲ နော်။
      အိတုန်ေ၇…..
      မန္တလေး မှာ က ရန်ကုန်မှာလောက် အချိန် အကြာကြီး တန်းမစီ ရလို ့အဆင်ပြေပါတယ်။ ပါလာတဲ ့ပစ္စည်းတွေကို စောင် ့ဖို ့လူတယောက် ထားခဲ ့ရလို ့အချိန် (၂)ဆ ကြာတာတော ့အမှန်ပါ။ ဖိနပ်တွေ အတွက် ကလည်းသေချာအခမဲ ့တိုကင်နဲ ့စနစ်တကျ လက်ခံပေးတာမို ့
      အရမ်းအဆင်ပြေတာတော ့အမှန်ပါဘဲ။ ည(၉)နာရီ ထိ လူတိုင်း ဖူးခွင် ့ရတာမို ့ကိုယ် အားတဲ ့အချိန်လေး ပြေးသွား ဖူးကြတာပါဘဲ။

  • kai

    December 12, 2011 at 4:26 pm

    စွယ်တော်အရွယ်အစားလေးများ.. သိခွင့်ရနိုင်မလား..။

    • parlayar46

      December 12, 2011 at 8:33 pm

      သူကြီးနော်….

      နားအေးပါးအေးနေရတာ ပျင်းတယ်လား…

    • mandalarthu

      December 12, 2011 at 8:42 pm

      ဟုတ်ကဲ ့ပါ သူကြီးရှင် ့
      ကျွန် မ က နောက် ရေးမယ် ့ ပို ့စ်မှာ ဖော်ပြမှာ မို ့ဒီမှာ အသေးစိတ်မရေးလိုက် ရတာပါ။
      ဗုဒ္ဓဧ။်မြတ်စွယ်တော်ပုံ မှာ သာမာန်လူများဧ။် အံသွားနှင ့်ဆင်တူပြီး အမြစ်မှာ သုံးခွ ဖြစ်ပါတယ်။
      ထိပ်ဝမှာ ပြား၍ တစ်လက်မ ပတ်လည်ခန် ့ရှိပါတယ်။ အရှည ် မှာ နှစ်လက်မခန် ့ရှိ၍ လုံးပတ်မှာလည်း နှစ်လက်မခန် ့ရှိပါတယ်။

  • nayminn

    December 12, 2011 at 5:05 pm

    ရန်ကုန်တိုင်းဒေသကြီးတွင် ၁၆ ရက်ကြာ အပူဇော်ခံခဲ့သည့် ဗုဒ္ဓမြတ်စွယ်တော်ကို လာရောက်ဖူးမြော်ခဲ့ကြသော ဒေသခံပြည်သူများက ကျပ်သန်းပေါင်း ၁၅၀ဝ ကျော်နှင့် နိုင်ငံတကာ ငွေကြေးများစွာကို ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

    နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ရ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ကမာ္ဘအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အတွင်း အပူဇော်ခံခဲ့သည့် အဆိုပါ ဗုဒ္ဓမြတ်စွယ်တော်မှာ ယခုအခါ မန္တလေးတိုင်းဒေသကြီးသို့ ဆက်လက်အပူဇော်ခံရန်အတွက် ယခုလ ၈ ရက်က မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် မန္တလေးတိုင်းဒေသကြီးသို့ ပင့်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။

    ၁၆ ရက်ကြာ အပူဇော်ခံခဲ့သည့် ဗုဒ္ဓမြတ်စွယ်တော်တွင် ကျပ် ၁၅၀၈၁၆၈၉၈၆ နှင့် ကန်ဒေါ်လာ ၇၃၇၉၉ အပါအဝင် အက်ဖ်အီးစီ ၃၇၈၉၊ ရွှေငွေလက်ဝတ်ရတနာမျိုးစုံ ၈၃၇ရ ခု (ခန့်မှန်းတန်ဖိုး ၁၀၄၉၆၀၀၆၀၀) ကို ရရှိခဲ့ရုံ သာမက နိုင်ငံပေါင်း ၅၈ နိုင်ငံတွင် အသုံးပြုလျက်ရှိသော ငွေကြေးများစွာလည်း အလှူခံရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ် ၄၀၀၃၃၇၂၅၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကျပ် ၁၂၂၇၀၀၈ဝ နှင့် အခြားဝန်ထမ်းများစွာကလည်း အလှူငွေများစွာကို လှူဒါန်းခဲ့ကြောင်း သိရသည်။

    အဆိုပါ အလှူငွေ နဲ ့လက်ဝတ်ရတနာတွေမှာ နေပြည်တော် နှင့် မန္တလေးမြို ့က အလှူငွေတွေ မပါသေးပါ။
    မြန်မာလူမျိူးတွေ ရဲ ့ လှူဒါန်းပုံမှာ လွဲမှားနေသည်ဟု ယူဆပါသည်။ မြန်မာနိုင်ငံတဝှမ်းရှိ ဘုန်းတော်ကြီး ကျောင်း / စာသင်တိုက်များ ၊ လူအိုရုံ ၊ စာသင်ကျောင်း နဲ ့ကျန်းမာရေးဌာနများကို လှူဒါန်း ပါက ပိုမိုအကျိူးပြုနိုင်ပါသည်။ အခုလှူဒါန်းလိုက်သည့် ရွှေ ၊ ငွေ လက်ဝတ်ရတနာတွေကို ဘယ်သူရမည့် လည်းလို ့စဉ်းစားကြည့်ပါက တရုတ်နိုင်ငံ က ဗုဒ္ဓစွယ်တော်ပြပြီး ပြည်သူလူထုရဲ ့ချွေးနဲစာကို ရယူသွားခြင်းဖြစ်သည်။

    By သစ်ထူးလွင်

    • ဦးဘဇင်း

      December 12, 2011 at 6:12 pm

      အဲ့ဒါကတော့ တော်တော်လိုက်ညှိနှိုင်းရမယ်ထင်ပါတယ်
      စာအဆိုတော့ရှိသား ဘာတဲ့
      သဒ္ဓါလွန်ကဲ ပညာနည်းဆိုလား
      ပညာလွန်ကောက်ကျစ်လို့လည်း ဆိုကြပြန်တာဘဲ
      တစ်ခုရှိတာကတော့ ဓာတုစေတီဆိုတဲ့ အသိစိတ်နဲ့
      အလှူပေးသူရဲ့ သဒ္ဓါရယ် အလှူကိုလက်ခံရရှိတဲ့ ဓာတုစေတီရယ် ကြားမှာ
      ကိုယ်က မစ္ဆရိယစိတ်မထားဘို့က တော်တော်အရေးကြီးမယ် ထင်တာဘဲ ( အထင် )
      ဒီကြားမှာ ပြောရခက်နေတာက ဘုရားဒါယကာလို့ဆိုနိုင်မလား 😀
      ဘုရားကို ဓာတ်ပုံရိုက်ခွင့်မပေးတာတော့ သိပ်ဘဝင်မကျမိပါဘူး
      မဆီမဆိုင် ဟိုးအနော်ရထာခေတ်ကို သတိရမိပါရဲ့
      ဘုရားသာသနာ လာပင့်တာကို ဘုရင်ကိုယ်တိုင်က
      သာသနာမျှဝေရကောင်းမှန်းမသိတော့ ပြည်ပျက်ခဲ့တာဘဲကလား
      ဆိုတော့ကာ မြတ်စွာဘုရားရှင်ရဲ့ ဓာတုတော်ဘဲနော
      သတ္တဝါတွေ လိုအပ်သလို ကြည်ညိုပါစေပေါ့
      ခုဟာက လူတွေကိုတော့ မှတ်တမ်းတင်ခွင့်မပေးဘူး
      သူတို့ကြတော့ ဘာတဲ့
      ဘက်စုံမွန်းမံစရိတ်ဆိုပြီး ဓာတ်ပုံရောင်းစားတယ်ဆိုတော့
      မြတ်စွာဘုရားရှင်ရဲ့ ဓာတုတော်တွေကို ရုံသွင်းစားသလိုတောင်
      ဖြစ်မနေဘူးလားသိဘူးနော
      အင်းအင်းအင်း ပြောရရင်တော့ အောလပုံဘဲ

      • mandalarthu

        December 12, 2011 at 10:10 pm

        ဦး ဘဇင်းရှင် ့
        ဟုတ်ပါတယ်။ဦး ဘဇင်းပြောသလို ပါဘဲ။ သဒ္ဒါလွန်တော ့စွန် ့ ။ပညာလွန်တော ့ကွန် ့ ဆိုတဲ ့ အတိုင်း လှူ တန်းတဲ ့နေရာမှာ လူ အမျိုးမျိုးရဲ ့ စရိုက်အလိုက် ညှိနိုင်းရ အတော် ခက် မယ်ထင်ပါတယ်။
        ဘုရားကို ဓာတ်ပုံရိုက်ခွင့်မပေးတာတော့ IT ခေတ်ကြီးထဲမှာ မြတ်ဗုဒ္ဓရဲ ့သရီရ ဓာတ်တော် စွယ်တော် အစစ်ရဲ ့လုံခြုံရေး အတွက် တားမြစ်ထားတာလို ့ထင်ပါတယ်။မသမာသူတွေ ဆို တာ နေရာတိုင်းမှာ ရှိနိုင်တာမို ့ကြိုတင်ပြီး ကာကွယ်ထားတဲ သဘောဖြစ်မှာပါ ၊့ဘက်စုံမွန်းမံစရိတ်ဆိုပြီး ဓာတ်ပုံရောင်းစားတာမဟုတ်ပါဘူး။ အထဲ မှာလှူတဲ ့သူတွေကို လက်ဆောင်ပေးတာပါ။ အလှူငွေ အနဲ အများ အလိုက်ပေါ ့။အပြင် မှာက လက်ပွေ ့ဈေးသည်တွေ က သူတို ့ဘာသာသူတို ့ပုံတွေ ကော်ပီ ကူးပြီး (၂)ပုံ မှ (၅၀၀)ကျပ်နဲ ့ဈေးချိူချိူနဲ ့သူတို ့ဝမ်းစာ အတွက် သူတို ့ အလု အယက် ရောင်းကြ၇ရှာတာပါ။ အဲဒါကို တာဝန်ရှိသူတွေက နားလည် ခွင် ့ပြုပေးထားတာပါ။နားလည်မှု လွဲသွားရင် ကျွန်မ တင်ပြတာ လိုသွားလို ့ထင်ပါတယ်။

    • mandalarthu

      December 12, 2011 at 9:44 pm

      ိကိုနေမင်းရှင် ့…..
      လူအချို ့ ရဲ ့ လှူဒါန်းပုံမှာ လွဲမှားနေတာ ကတော ့နေရာ အများအပြားမှာပါ။ ကိုနေမင်းစေတနာနဲ ့ပြော သလို မှန်ကန်တဲ ့နေရာမှာ အကျိုးရှိရှိ လှုဒါန်းတတ်ဖို ့ဆိုတာတော့ တကယ်လို အပ်ပါတယ်။
      ဒါပေမယ် ့ မြန်မာလူမျိုးတွေရဲ ့ သဒ္ဒါစိတ်က နဂို ကတည်းက ထက်သန်ပြီးသားဖြစ်လို ့
      လှုဒါန်းတဲ ့နေရာ မှာ စိတ်ပြတ်မှသာ အဲ ဒီ အလှူ က ဒါနမြောက်မှာ ဖြစ်တယ်လိုု ့ သိထားကြတာမို ့
      ဒီနေရာမှာ ကိုနေမင်းတွေ းသလို
      အခုလှူဒါန်းလိုက်သည့် ရွှေ ၊ ငွေ လက်ဝတ်ရတနာတွေကို ဘယ်သူရမည့် လည်းလို ့ ့စဉ်းစားကြည် ့မှာ မဟုတ်ပါဘူး။ ဘုရားရှင်ရဲ ့အသမ္ဘိ န္န သရီရ ဓာတ်တော် ကို ရည် စူးပြီးလှူဒါန်းပူဇော်ကြတာပါ။
      ကျွန်မ ကိုယ်တိုင်လည်း စိတ်ပြတ်စွာနဲ ့လှူခဲ ့တာပါဘဲ။ဘယ်နေမှာဘဲ သုံးသုံး၊ ဘယ်လိုဘဲ သုံးသုံးပေါ ့။ သဒ္ဒါအားကောင်းတဲ ့လူနဲ ့ပညာ အားကောင်းတ ဲ ့လူ (၂)ဦး က ရှုမြင် ပုံတွေ မတူညီနိုင် ကြပါဘူး။

  • Maung Dae`

    December 16, 2011 at 3:39 pm

    အင်း… ကျွန်တော်လဲ အလှူငွေ ကိစ္စကို တော်တော်တွေးဖြစ်တယ်.. အဲ့ဒီ ငွေတွေက တရုတ်ကယူသွားမှာလား… မြန်မာနိုင်ငံမှာပဲ ကျန်ခဲ့မှာလား
    တရုတ်ကယူသွားမှာဆိုရင်ကော… တရုတ်က အဲ့ဒီပိုက်ဆံတွေနဲ့ ဘာလုပ်မှာလဲ..
    မြစ်ဆုံကိစ္စကလဲ လောလောလတ်လတ်ဖြစ်ထားတာဆိုတော့ အဲ့ဒီအတွက် လျော်ကြေးများလား…. ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေကို တစ်ခါတစ်လေမှာ ဉာဏ်နည်းတယ်လို့ ဝေဖန်ချင်တယ်…
    တရုတ်ပြည်က စွယ်တော်ကို လှူမယ့်အစား မြန်မာနိုင်ငံအတွင်းမှာ ယိုင်နဲ့ ပြိုပျက်လုနီးပါးဖြစ်နေတဲ့ ဘုန်းကြီးကျောင်းမှာ ကပ်သပ်ပြီး သီတင်းသုံးနေရတဲ့ သံဃာတော်တွေ အများကြီးပါ….
    နာမည်ကြီးပြီး တရားစခန်းတွေ အများကြီး ဖွင့်ပြီး ဘုန်းကြီးကျောင်းကြီးကို ဟီး ထအောင်ဆောက်ပြီး နေနိုင်တဲ့ ကျောင်းတိုက်တွေကို လှူမယ့်အစား မိဘမဲ့ ကလေးတွေကို ခေါ်ယူစောင့်ရှောက် ပညာသင်ပေးနေတဲ့ ဘုန်းကြီးကျောင်းတွေကို လှူတန်းတာက ပိုမိုအကျိုးရှိပါလိမ့်မယ်…
    ဗုဒ္ဓဘာသာ ထွန်းကားမှုနည်းတဲ့ တိုင်းနယ် ပြည်နယ်တွေမှာ ဘာသာပြန့်ပွားရေးအတွက် ဆောင်ရွက်နေတဲ့ သံဃာတော်တွေ သီတင်းသုံးဖို့ ကျောင်းတိုက်တွေ စေတီတွေ အခြေခံ အသုံးအဆောင်တွေ အများကြီးလိုပါတယ်.. အခု စွယ်တော်မှာ လှူလိုက်တဲ့ငွေ ပမာဏက အခြားသော လူမှုလုပ်ငန်းတွေ ဘာသာရေးလုပ်ငန်းတွေမှာ ကောင်းကောင်းအသုံးချနိုင်ပါတယ်…

  • mandalarthu

    December 16, 2011 at 4:02 pm

    ဟုတ်ပါတယ် ကို ဒေးရေ
    အမှန်တကယ် ကို အဲဒီနေရာတွေ က လို အပ်နေကြတာပါ။
    လှူတဲ ့လူတွေလဲ ရှိပါရဲ ့……ဒါပေမယ် ့
    လူမှုရေး အတွက် လိုတဲ ့ငွေကြေးပမာဏ က အမြဲ လို အပ်နေတာဆို တော ့……
    မြန်မာလူမျိူးတွေကလဲ ကိုယ်နိုင် သလောက်ပေါ ့…..လှူတော ့လှူနေကြတာပါဘဲ။

Leave a Reply