ဦးရွှေအောင်၏ ခန္ဓာငါးပါး နဲ့ Maslow’s hierarchy of needs

Mg OggaDecember 12, 20111min1070

ဆရာကြီးဦးရွှေအောင်ဟာ ကျွန်တော်အနှစ်သက်ဆုံး ဗုဒ္ဓဒဿနပညာရှင်ကြီးဖြစ်ပြီး ဗုဒ္ဓတရားတော်တွေ ကို ဖွင့်ဆိုရာမှာ အတော်လေးနှစ်သက်ပါတယ် (ယောမင်းကြီးကို မြင်းထိန်းချီးကျုးသလိုများဖြစ်မလားမသိ) ဆရာကြီးရဲ့ စာအုပ်တွေအကုန်လုံးကို အကုန်ဉာဏ်မမှီပေမဲ့ အတော်အများ ဖတ်ဖြစ်တယ်။

Maslow က စိတ်ပညာရှင်တွေထဲ ဖရိုက်ပြီးရင် အနှစ်သက်ဆုံးပါ။ သူကတော့ အမေရိကန်နိုင်ငံသားလူသား ဝါဒီ စိတ်ပညာ ရှင်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ လူသားလိုအင်အဆင့်ဆင့် သီအိုရီနဲ့ နာမည်ကြီးတဲ့ စိတ်ပညာရှင်ယောက်ပါ။ စိတ်ပညာသင်ဖူးသူတိုင်းသူရဲ့ Humanistic theories of self-actualizationကို သိမှာပါ။နောက်ပိုင်း ဖွံဖြိုးရေးလုပ်ငန်း တွေမှာ Needs base approach ဆိုပြီးလုပ်လာတော့ ဖွံဖြိုးရေးသမား အတော်အများ လေ့လာရတဲ့ သီအိုရိ တစ်ခုဖြစ်ပါတယ်။

ဒီ Maslow’s hierarchy of needs နဲ့ ဆရာကြီးဦးရွှေအောင် နဲ့ ဘာဆိုင်လည်း ဆိုတော့တော့ ဆရာကြီး ခန္ဓာငါးပါးကို ဖွင့်ဆိုထားတဲ့ ပုံနဲ့ Maslow’s hierarchy of needs က အတော်လေး သွားတူတာကိုတွေ့ရတယ်။ ဆရာကြီး Maslow ကို ကိုးကားပြီး ဖွင့်ဆိုခဲ့တာလား ဆိုတာ မသိရပေမဲ့။ ဆရာကြီးရဲ့ အမြင်က Maslow ရဲ့ အမြင်ထက် နက်ရှိုင်းတာကို သွားသိရတယ်။

Maslow က လူသားတွေ မှာ လိုအင်တွေ ရှိတယ် ဒါတွေ ကတော့

ရုပ်ပိုင်းလိုအင် (Basic needs or Physiological needs) – စားဝတ်နေရေးနဲ့ လိင်ကိစ္စ တွေဟာ လူသားရဲ့ အခြေခံအကျဆုံးနဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ လို့ဆိုတယ်

လုံခြုံမှုလိုအင် (Safety Needs)- အခြေခံလိုအပ်ချက်ပြည့်စုံပေမဲ့ လူကလုံခြုံချင်သေးတယ် ရှိတဲ့ ဥစ္စာလေး မပျောက်အောင် ရာထူးလေး မြဲအောင် ကျန်းမာရေးကောင်းအောင် အလှမပျက်အောင် လိုချင်ကြတယ် ဒီနှစ်ခုကတော့ လူတိုင်းလူတိုင်း ရုပ်နဲ့ ဆိုင်တဲ့ လူတိုင်းလိုချင်ကြတဲ့လိုအက်တဲ့။ လူတင်မဟုတ် တိရစာ္ဆန်များလည်း ဒီလိုအင်နှစ်ခုကို လိုချင်တယ်။

ချစ်ခင်မှုလိုချင်(Love and Belonging Needs)- ဒီလိုအင် ကတော့ အရင်နှစ်ခုထက် နဲနဲ မြင့်လာသည် လူသားပိုဆန်လာတယ် လူတွေဟာ ချစ်တာခံချင်သလို သူများကိုလည်း ချစ်ချင်လာတယ် သူငယ်ချင်း အပေါင်းအသင်းနဲ့ နေချင်လာတယ်။ လူမှုသတ္တဝါ ဖြစ်လာတဲ့ သဘောပါ။

ကိုယ်ကိုယ်ကို တန်ဖိုးထားမှု လိုအင် (Self-Esteem Needs)- နောက်တစ်ခုက အရင်ဟာတွေ ထက်ပိုမြင့်လာပြီ အပေါင်းအသင်းနဲ့နေရုံတင်မဟုတ် လူမှုဆက်ဆံရေး တင်မဟုတ် ကိုယ့်ကိုကိုယ် လေးစား မြတ်နိုးတန်ဖိုးထားတတ်လာဖို့ လိုတယ်လို့ ဆိုထားတယ်။

အမှန်သိမြင်မှုလိုအင်(Self-actualization Needs)- ဒီလိုအင်ကတော့ အမြင့်ဆုံးနဲ့ နောက်ဆုံးလိုအပ်ဖြစ်ပြီး လူသားတိုင်း ပြည်ဝဖို့ ခက်ပါတယ်။ သေတာသွားတယ် ကိုယ့်ကိုကိုယ်ဘာကောင်မှန်း ဘာဖြစ်မှန်း မသိသူတွေ အများကြီးပါ။ ဒီလိုအင်ပြည်မှ လူသားအဆန်ဆုံး လူဖြစ်ကျိုး အနပ်ဆုံး ဖြစ်မယ်လို့ ဆိုထားတယ်။ Maslow ကတော့ Need for Self-actualization, occurs when individuals reach a state of harmony and understanding လိုဆိုထားတယ် သမမျှတပြီး ကိုယ်ကိုကိုယ်နားလည်ဖို့ က လူသားရဲ့ အမြင့်ဆုံးလိုအပ်ချက်လို့ ဆိုသပေါ့ ဒီလိုအင်ပြည့် မှ လူသားတစ်ယောက်ရဲ့ ပြည့်ဝတဲ့ ဘဝ ကို ရနိုင်မယ် လိုကိုပြောထားတယ်။

ဒါကတော့ ဗုဒ္ဓရဲ့ အဆုံးအမကို လုံးဝမသိတဲ့ အနောက်တိုင်း စိတ်ပညာရှင်တစ်ဦးရဲ့ ရူမြင်မှုပါ။ နောက် ဗုဒ္ဓရဲ့ အဆုံးမကို သိပြီး ဗုဒ္ဓတရားတော်များကို ဖွင့်ဆိုပြတဲ့ မြန်မာဗုဒ္ဓဒဿနပညာရှင်ဦးရွှေအောင် ရဲ့ ခန္ဓာ ငါးပါ အမြင်ကို ကြည့် ကြရအောင်….

ဒီဟာကို စဖတ်ဖူးတာ ဘဝအကျဉ်းသား စာအုပ်မှာထင်တယ်။နောက် ဗုဒ္ဓ(သို့)လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်(ကိုယ်ကျင့်ဗုဒ္ဓဝင်) စာအုပ်က နောက်ဆုံးအခန်း ဘဝ အသိများမှာလည်း ပြန်ပါတဲ့ ခန္ဓာငါးပါး သဘော မှာ ဖတ်မိတာပါ။ ဆရာကြီးရဲ့ အမြင်ဟာ Abraham Maslow ရဲ့ အမြင်ထက် ပိုမိုနက်ရှိုင်းပြီး အဆင့်မြင်တာကိုသွားတွေ့ရပါတယ်။

ဆရာကြီးက “လူသားတွေဟာ မိမိတို့ ခန္ဓာဖွဲ့စည်းမှုနဲ့ လောကကိုသိတယ် ခန္ဓာဖွဲ့စည်းမှုက ငါးမျိုးရှိတယ် သိတဲ့နေရာမှာလည်း အတ္တကို အခြေခံပြီး သိတာမို့ လွတ်လွတ်လပ်လပ်သိတာမဟုတ် ယထာဘူတကျသော သိနည်းမဟုတ် ” လိုဆိုထားပါတယ်။

ဆရာကြီးရဲ့ ခန္ဓာ ငါးပါးသဘောကတော့ –

ရူပက္ခန္ဓာဘဘော- လူတွေဟာကောင်းကောင်းစားချင် နေချင် ဝတ်ချင် ကျန်းမာချင်ကြတယ် ရုပ်ပိုင်း ထောင့်တ ချက်တွေဖြစ်တယ် ကောင်းကောင်းနေချင်တာကြောင့် ကျောက်ခေတ်ဂူအောင် ဘဝကနေ အိုးအိမ်တိုက်တာတွေ ဖြစ်လာ ကောင်းကောင်းနေချင်တာ ကြောင့် အဝတ်အစားမပါတဲ့ ဘဝကနေ ချမ်းပူဖျက်ယုံမဟုတ်ပဲ လှတပတ လေးတွေ ဖြစ်လာ ကောင်းကောင်းစားချင်တာကြောင့် အမဲလိုက် တာကနေ စိုက်ပျိုးမွေးမြုတတ်လာ ကျန်းမာချင်တာကြောင့် ဆေးဝါးတွေ ပေါ်လာတယ် လို ဆိုထားတယ်။ ဗုဒ္ဓဒေသနာတော်မှာတော့ ကျောင်း သင်္ကန်း ဆွမ်း ဆေး ဆိုပြီး ပစ္စည်း လေးပါး ပေါ့။ ဘဝအသိဟာ ချက်ချင်း ထွက်ပေါ်လာတာမဟုတ်ပဲ ဖြည်းဖြည်းချင်းတိုးတတ်လာတဲ့ သဘော ရူပက္ခန္ဓာ ကနေ ရုပ်ပိုင်းဆိုင်ရာ ဘဝအသိဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒီရူပက္ခန္ဓာ ဘသောဟာ Maslow ရဲ့ Basic Needs နဲ့ Safety Needs နဲ့ ဆင်ပါတယ် ဒါပေမဲ့ ဆရာကြီး မြင်သလို အတ္တကို အခြေခံတယ် ဆိုတာမျိုးကြတော့ မတူတော့ပြန်ဘူး တွေးတာကွာတော့ မြင်တာ ကွာ တယ် မဟုတ်ဘူးလားဗျာ။

ဝေဒနာက္ခန္ဓာ သဘော- စိတ်ချမ်းသားချင်း ခံစားမှုနဲ့ ဆိုင်တယ်။ စိတ်ချမ်းသားဖို့ ပျော်ရွှင်ဖို့ လူသားတွေ လိုအပ်တယ် ပျော်ရွှင်ဖို့ အနုပညာဟာ အဓိကကျတယ် အနုပညာမှာ တီတွင်မူပါတယ် စိတ်ချမ်းသားချင်လို့ အနုပညာကို တီတွင်ကြတယ်။ အနုပညာမှာ ရသပါတယ်။ ရသဟာ လောကရဲ့ နောက်ဆုံး မပြောင်းလဲ မဖောက်ပြန်တဲ့ ထာဝရ အမှန်တရားဖြစ်တယ်။ ဗုဒ္ဓဝါဒရဲ့ ရသကား နိဗ္ဗာန် ခရစ်ယာန်၏ ကား ထာဝရဘုရားသခင် အဖြစ်ယူကြတယ်။ ရသက လောကအလွန်သဘောဖြစ်တယ်။ အနုပညာရပ်တစ်ခုနဲ့တွေတဲ့အခါ ရသကို ခံစားကြတယ်။ ရသကို ခံစားတဲ့အခါ လောကကို မေ့တယ်။ လောကကို မေ့တာဟာလောကလွန် ခံစားခြင်းလို့တယ်။ နောက် လောကလွန်သဘောက ပြန်လည်ဆင်ခြင်တဲ့ သဘော (ပစ္စဝေက္ခဏာ) ရသကို တကယ်သိမိ ခံစားရင် ရသကပြန်လည် ရတဲ့ ယဉ်ကျေးမှုကို ကိုယ့်ဘဝမှာ ပြန်သုံးနိုင်တယ်။ ရသသည် အနက်ရိူင်းဆုံး ဓမ္မတွင်တည်တယ်။

ဒီအမြင်မှာတော့ Maslow ရဲ့ အမြင်နဲ့ သိသိသာသာကြီးကို ကွဲသွားပါပြီ ရသ ကို ခံစားမှု အပိုင်းကို Maslow က နောက် အမှန်သိမူလိုအင်မှာ တည့် သွင်းထားသော်လည်း ဆရာကြီးက ဒုတိယအမြင် ဝေဒနာက္ခန္ဓာ မှာ ထည့်သွင်းထားတာကိုတွေရပါတယ်။

သညာက္ခန္ဓာသဘော- သည် အသိအမြင်ဖြစ်တယ်။ ပျော်ရွှင်ရုံနဲ့ မပြီး ဘဝခရီးဖြောင့်တန်းဖို့ အသိမြင်လိုတယ်။ အသိမြင်က တသတ်မတ်တည်းမဟုတ် ရွှေ့ရွှေ့သိဖြစ်ထွန်းလာတဲ့ သဘော အလုပ်တွေ စနစ်တွေ ဝါဒတွေ မှာ အပြစ်အနာဆာတွေ ကိုဖာထေးရင်း ပိုကောင်းတဲ့ အရာတွေ ဖြစ်လာတယ်။ ဒါကို ပညာရေးလို့ ဆိုလိုရတယ် စားမူနေမူဝတ်မူ ကျန်းမာမူတွေ တိုးတတ်လာတာ သညာက္ခန္ဓာ တိုးတတ်လာလို့ ဖြစ်တယ် လို ဆရာကြီးကဆိုထားတယ်။ လောကရေးရာ က အဆုံးမရှိသလို သင်ယူမှု ပညာရေးဟာလည်း အဆုံးမရှိလို့ ပြောထားတယ်။

ဒီနေရာမှာ Maslow က လိုအင်အဆင့်ဆင့် ကို ချိတ်ဆက်သလို ဆရာကြီးကလည်း ချိတ်ဆက် ပြထား ပါတယ်။ သို့သော် ရူမြင်မှု ကတော့ အကွာကြီးကို ကွာလှတယ်။ ပညာရေးဆိုင်ရာ စဉ်ဆက်မပြတ်သင်ယူရေး ဆိုတာတွေ ကို ဆရာကြီးအစာကြီးထဲက သိခဲ့တယ်ဆိုတာ ထင်ရှားတယ်။

သင်္ခါရက္ခန္ဓာသဘော- ဒီခန္ဓာကတော့ တီထွင်မူနဲ့ ပတ်သက်တယ်။ လူတွေဟာ လက်အခြေအနေထက် ပိုကောင်းတဲ့ ဘဝ ကို လိုချင်တယ် ဒါကြောင့် ပိုကောင်းအောင် ဖန်းတီတယ် တီထွင်တယ် သညာက္ခန္ဓာ အရ သင်ကြားမှတ်သားပြီး သင်္ခါရက္ခန္ဓာအရ တီထွင်ဖန်တီးတယ်။ မူလဘဝ အခြေအနေ ထက်ပို ကောင်းအောင် လုပ်ကြတယ်။

Maslow က တီထွင်ဖန်တီမှု ကို အမှန်သိမြင်မှု လိုအင်ထဲ ထည့်ထားပေမဲ့ ဆရာကြီးရဲ့ သညာက္ခန္ဓာ နဲ့ ချိတ်ဆက်သလို မချိတ်ဆက်ထားပါ။

ဝိညာဏက္ခန္ဓာသဘော- နောက်ဆုံးခန္ဓာဖြစ်တယ်။ မြင့်မြတ်မှု ကို အခြေခံတယ်။ လူတိုင်းမြင့်မြတ်ချင်ကြတယ်။ ယုတ်မာနိုမ်ကျသူဖြစ်နေအုန်း မြင့်မြတ်မှုဂုဏ်ကို လိုချင်ကြတယ်။ မြင့်မြတ်မှုရရှိနိုင်တဲ့ အရာဟာ ဘာသာတရားဖြစ်တယ်။ ဘာသာတရားဟာ စိတ်ရဲ့ ငြိမ်းချမ်းမှုဖြစ်တယ်။ စိတ်ငြိမ်းချမ်းတာ စိတ်ပျော်ရွှင်မှု မဟုတ်။ စိတ်ပျော်ဖို့က ဝေဒနာက္ခန္ဓာအလုပ် စိတ်ငြိမ်းချမ်းဖို့ကား ဝိညာဏက္ခန္ဓာသဘောဖြစ်တယ်။

ဘာသာတရားတွေ အစကကြောက်ရွှံမှု ကို အခြေခံသော်လည်း နောက် မြင့်မြတ်မှု ကို ဦးတည်လာတယ်။ ကြောက်ရွှံတာက ငြိမ်းချမ်းခြင်းရဲ့ ဆန်ကျင့်ရာဖြစ်တယ်။ ငြိမ်းချမ်းဖို့ အတွက် မြင့်မြတ်ဖို့လိုတာ သိလာကြတယ်။ လူတိုင်းငြိမ်းချမ်းချင်ကြတယ်။ ဒါကြောင့် ဘာသာတရားတွေမှာ မြင့်မြတ်မှု ပါဝင်လာတယ်။ ဒီဝိညာဏက္ခန္ဓာနဲ့ ဘဝကို ထိန်းချုပ်နိုင်သော ဘဝအသိမျိုးဖြစ်မှ လောကချမ်းသာ(လောကီ) ကျော်လွန်ပြီး လောကလွန်ချမ်းသာ(လောကုတ္တရာချမ်းသာကို ရနိုင်မယ် လို့ ဆရာ ကြီးကဆိုထားတယ်။Maslow ရဲ့ အမြင်ကတော့ လောကီးချမ်းသာမှာ တင်ရပ်၍နေတာတွေရတယ်။

ဒီဘဝအသိ ငါးမျိုးက လူတိုင်းရဲ့ စိတ်သဏ္ဍန်မှာရှိပါတယ်။ သို့သော် တစ်ပြေးညီရှိတာ မဟုတ်။ သူအဆင့်နဲ့ သူ၊ သူစရိုက်နဲ့ သူ အနုအရင့် ကွာတယ်။ ဒါကို ပါရမီလို့ ဆရာကြီးက ဖွင့်ဆိုပါတယ်။ ဒီပါရမီကို လုပ်ယူလို့ ရတယ်ဆိုလည်း ဆိုတယ်။

နောက်ဆုံး ခန္ဓာဖြစ်တဲ့ ဝိညာဏက္ခန္ဓာ ကို သိသထက်သိ ထက်မြက်အောင် လုပ်မှ အိပ်မက်သဖွယ်ဖြစ်တဲ့ ဝိပလ္လာသတရားတွေ ကို ဖယ်ရှားနိုင်ပြီး နိုးထသူဘဝ ရောက်မယ်လို့ ဆိုထားပါတယ်။

နောက်ဆုံးပြောရရင် ဆရာကြီး ရဲ့ သုံးသပ်ချက်နဲ့ Maslow ရဲ့ သုံးသပ်ချက် မှာ အတော်လေး ဆင်သော်လည်း နိဗ္ဗာန်အမြင် ပါရမီ အမြင် နဲ့ လောကီအမြင် အတော်လေးကို ကွာဟသွားတာ တွေ့ရ ပါတယ်။ ဆရာကြီး Maslow ရဲ့ စာအုပ်ကို ဖတ်ပြီး ဗုဒ္ဓဒဿနအမြင်ထည့် သွင်းထားတာ လား မသိရပေမဲ့ ဆရာကြီးရဲ့ အမြင်ကတော့ Maslow ရဲ့ အမြင်နဲ့ များစွာကွာဟလှပါတယ်။

ဆရာကြီးရဲ့ ကိုယ်ကျင့်ဗုဒ္ဓဝင်စာအုပ်ကြီးကို ဆရာကြီး ပြီးအောင် မရေးသွားနိုင်ရှာပါ ဒီစာအုပ်ရေးသား ခိုက် ၂၂ ဒီဇင်ဘာ ၁၉၉၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာအောင်သင်း က ဆရာကြီး စာအုပ်သာ ရေးပြီးသွားခဲ့ရင် ဆရာကြီး သာ အသက်ရှင်လျက်ရှိသေရင် ခေတ်တခေတ်ပြောင်းမယ်ဆိုတောင် ကောက်ချက်ချဖူးပါတယ်။ ဒါကြောင့် ဝေမျှလိုက်ပါတယ်။

ဆရာကြီးစာအုပ်ထဲကအတိုင်းမဟုတ်ပဲ အပြောပုံစံဖြင့် ကိုယ်ဘာသာကိုယ်ပြန်ရေးတာမို့ လွဲမှားခဲ့တာရှိသော် ကျွန်တော်အပြစ်သာ။

Ref:

http://en.wikipedia.org/wiki/Abraham_Maslow#Humanistic_theories_of_self-actualization

ဦးရွှေအောင် ဗုဒ္ဓ(သို့)လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်(ကိုယ်ကျင့်ဗုဒ္ဓဝင်)

p.s

လူကိုမတွေ့ဖူးမမြင်ဖူး မသိကျွမ်းဖူးပေမဲ့ စာပေကျေးဇူး ဓမ္မကျေးဇူးကြီးလှသော ဆရာကြီးဦးရွှေအောင် နှင့် စိတ်ပညာကို ကျွန်တော်လို နလပိန်း ကို နားလည်အောင်သီးခံ သင်ကြားပေးသော ကွယ်လွန်သူ ဆရာဦးအောင်သန်းဦး(ဌာနမှုး စိတ်ပညာဌာန ရန်ကုန်တက္ကသိုလ်) တို့ ကို ဒီစာဖြင့် ကန်တော့ပါ၏။

မောင်ဥဂ္ဂါ

တန်ဆောင်မုန်းလဆန်း ၁၃ရက် ၁၃၇၃