မန္တလေးဂေဇက် နိုဝင်ဘာ ၂၀၁၁ – အယ်ဒီတာ့သင်ပုန်း

kaiDecember 13, 20111min4336

Wall Street မှပေးပို့လိုက်သော သတင်းစကား အားလုံးရကြမည်ထင်ပါသည်။
အမေရိကန်တို့၏ နေ့စဉ်ဘဝအချိန်တချို့ကို သိမ်းပိုက်လိုက်သော နယူးယောက် ဝေါစထရိ အနီးရှိ(Zuccotti Park)ပန်းခြံမှစတင်လိုက်သည့် လှုပ်ရှားမှုသည် ကမ္ဘာအနှံ့ခြေဆန့်ခဲ့ပြီးဖြစ်သည်။

သူတို့ဘာလုပ်ကြသနည်း

Occupy Wall Street (OWS)  ခေါင်းစဉ်ဖြင့် ဆန္ဒပြနေသူတို့ က သူတို့ သည် ၉၉% ဖြစ်ကြောင်း ထင်ရှားပြထားကြသည်။ အချို့မှာမူကျန်၁%  ၏လောဘကြီးမှုတို့ လျှော့ချရပ်တန့်အောင် တောင်းဆိုနေသည်ဆိုလေသည်။ အချို့မှာ အလုပ်လုပ်မဲ့ဖြစ်ရခြင်း၊ ကျမ်းမာရေးစောင့် ရှောက်မှုတို့ လျှော့နည်းနေခြင်း၊ဝယ်ပြီးအိမ်များ ဘဏ်လက်သို့ပြန်အပ်နေရမှု စသည်တို့ကို မီးမောင်းထိုးပြောနေကြသည်။

အမေရိကန်တို့၏ ၁ %သည်အမေရိက ပြည်ထောင်စု ချမ်းသာကြွယ်ဝမှုအားလုံး၏ ၄၀% ကို ပိုင်ဆိုင်ထားသော တနှစ် ၆သိန်းနှင့်အထက်ဝင်ငွေရှိသူများဖြစ်ပြီး ကျန် ၉၉% သည် အခြေခံလူတန်ုးစားနှင့် အလယ်လတ်တန်းစားကို ကိုယ်စားပြုသူများဖြစ်သည်။၉၉% တို့သည် လွန်သောဆယ်စုနှစ်များစွာကတည်းက လုပ်ခ လစာအပါအဝင် အခြေခံအခွင့်အရေးရရှိမှုတွင် များစွာနှိမ့်ချနှေးကွေးခံနေရသူမျာဖြစ် လေသည်။ ဆန္ဒပြသူတို့အသက်တန်းမှာ လစ်ဘရယ်ဖြစ်သူ လူငယ်များဖြစ်နေသည်ကို တွေ့ရပြီး လက်ဝဲ-လစ်ဘရယ်စွန်းရောက် (လွတ်ကင်းစွန်းစွဲ)သူများနေဟန် သုံးသပ် ကြသည်။

OWS ဟူသည် အဆိုပါ ၉၉%  မှ ၁% အား အသိပေး၊သတိပေးလိုရင်း ရည်ရွယ်ချက်နှင့် ထွက်ပေါ်ဆန္ဒပြနေခြင်းဖြစ်ပါသည်။

မျိုးစေ့

ပြီးခဲ့သော ၄နှစ်က လက်ယာ-ကွန်ဆာဗေးတစ် စွန်းရောက်(ရှေးစွန်းစွဲ) တို့၏ တီးပါတီ(Tea Party)လှုပ်ရှားမှုများကို တန်ပြန်ထိန်းညှိလိုသည့် လူ့သဘာဝမှ OWS ပေါက်ကွဲမှုဖြစ်စေရန် အခြေတည်လိုက်သည် ဆိုပါမည်။

ကွန်ဂရက်၏ ကြားနှစ်ရွေးကောက်ပွဲ(၂၀၁၀)တွင် လက်ဝဲယိမ်းသော အစိုးရ (အိမ်ဖြူတော်)၊ကွန် ဂရက်၊ စီးနိတ် ၃ရပ်လုံးအုပ်စီးမိထားသော ဒီမိုက ရက်တို့အား ဖြုတ်ချရန်နှင့် ရီပါ့ဗလစ်ကန်င်တို့ အနိုင်ရရန် တီးပါတီလှုပ်ရှားမှုများတိုးမြှင့်ဖွင့် လှစ်ခဲ့သည်။ ထိုလှုပ်ရှားမှု တို့ကြောင့်ပင် ရီပါ့ဗလစ်ကန်င်တို့ ကွန်ဂရက်တွင် ထိုင်ခုံ(၆၃ခု)ရရှိသွားကာ အင်အားများသူဖြစ်ခဲ့ပြီး ဟောက်စပီကာရာထူးကို လည်းရယူနိုင်ခဲ့ပါသည်။ Checks and Balances စံနစ်အရတိုင်းပြည်၏ ဘတ်ဂျက်ထိန်းချုပ်ပါဝါ ရရှိနိုင်ခဲ့ကာ  အစိုးရအဖွဲ့ အား ဘတ်ဂျက်စိစစ်ရင်း ထိမ်းကြောင်းပိတ်ဆို့ခြင်းအားဖြင့် ဒီမိုကရက်သမ္မတအား ဒုတိယ ၄နှစ်သက်တမ်းပြန်လည်ရွေးချယ်မခံရအောင် အထိပင် တိုးတက်လုပ်ဆောင်နိုင်ခဲ့ကြသည်။

ပြီးခဲ့သောစက်တင်ဘာ လဆန်းက အိုဘားမား တင်သွင်းသော (American Jobs Act)အားလည်း ပိတ်ဆို့နိုင်ခဲ့ကြသည်။ အဆိုပါAmerican Jobs Act သည် တိုင်းပြည်၏ အခြေခံနှင့် အလယ်လတ်တန်းစားတို့အတွက် အလုပ်အခွင့်အလန်းများဖေါ်ဆောင်ရာတွင် အကူအညီပေးမည့် (အစိုးရမ)ှ $447 billion ထုတ်သုံးမည့် ဥပဒေမူကြမ်းဟု ဆိုကြပါသည်။ သို့သော်လည်း အကြွေးပိနေသည့် အစိုးရမှ ထပ်မံငွေစိုက်ထုတ်မြှင့်တင်ပေးရန် ရီပါ့ဗလစ် ကန်င်တို့မှ အခွင့်အရေးမပေးခဲ့ပါချေ။

၂၀၀ရနှောင်းပိုင်း၏ Great Recession (စီးပွားရေးလေးလံကျဆင်းမှု)ဖြစ်သွားစေသည့် ရင်းမြစ်ဖြစ်သည့်ယိုယွင်းပြိုကျနေသည့် ဘဏ်နှင့် ငွေကြေးအဖွဲ့ ့အစည်းများ(ဝေါစ ထရိ)အား ဘုရှ်နှင့် အိုဘားမား သမ္မတ၂ဆက်မှ (လူထု၏အခွန်ငွေတို့ထဲမှ) ငွေထုတ်ယူကာ bailout လုပ်ကယ်တင်ပေးခဲ့သော်လည်း ယခုအလှည့်တွင် မူ ၉၉%သော မိမိတို့ အား အလှည့်မပေးရကောင်းလားဟူသည့် အတွင်းကြိတ်ဒေါသတို့ရှိနေနိုင်သည်။ ထိုမကျေနပ်မှုတို့အား အာရပ်နွေဦး တော်လှန်ရေး( Arab Spring)ဂယက်နှင့် ညှိချိတ်ကာ ( OWS)ဖြစ်တည်စေခဲ့သည် ထင်မြင်ပါသည်။

ချိန်ခွင်လျှာ

အမှန်တကယ်တွင်အမေရိကသည် အရင်းရှင် တို့၏နိုင်ငံ၊ ငွေရှင်တို့၏ဘုံနန်းဖြစ်ပေသည်။ ၁%သည် အရင်းရှင်စံနစ်၏ အဓိကကျောရိုး လည်းဖြစ်သည်။ ဝေါစထရိသည်အမေရိကအား အရှိန်ပြင်းပြင်းမောင်းနှင်နေရာ အင်ဂျင်ကြီးသာလျှင်လည်းဖြစ်ပါသည်။ ဤသည်ကို အမေရိကန်တို့ ရင့်ကျက် ကြေညက်နားလည်ကြပြီးဖြစ်သည်ဟု ယူဆပါ၏။

OWS နှင့် Tea Party လှုပ်ရှားမှုတို့အား နောင်လာမည့် ၂၀၁၂ သမ္မတရွေးကောက်ပွဲ အတွက် ပါတီကြီး၂ခု၏ အင်အားပြပြိုင်နေ သည့်အမြင်ဖြစ် မြင်ကြည့်နိုင်သည်။  တီးပါတီ လှုပ်ရှားးမှုတို့ကြောင့် မိခင်ရီပါ့ဗလစ်ကန်င်ပါတီ အားတည်ရှိနေသည်ထက် ညာဖက်ယိမ်း သွားစေသည်ဟု မြင်မိသည်။ ၂၀၁၂၏ရီပါ့ဗလစ်ကန်င် သမ္မတလောင်း အဖြစ်အရွေးခံရန် တက်လာသော သမ္မတလောင်း များစာရင်းတွင် တီးပါတီနောက်ခံထားရှိသူများ တယောက်မက ရှိနေသည်ကိုသက်သေမြင်ကြည့် နိုင်သည်။ သို့သော် အဆိုပါ လက်ယာယိုင်မှု ကြောင့်ပင် မိခင်ပါတီကြီးသည်ပင်လျှင် အက် ကြောင်းရာထင်သွားသည် ဆိုကြသည်လည်း ရှိ၏။

OWS လှုပ်ရှာမှုတို့သည် နိုင်ငံရေးအရ ရင့်ကျက် ပြီးဖြစ်သည် အမေရိကန်များမှ လက်ယာယိမ်း ကျနေသော နိုင်ငံရေးချိန်ခွင်လျှာကို ဘယ်ဖက် အစွန်းတွင်ရပ်တည်ကာ ပြန်ဆွဲယူနေသည် ဟုယူဆပါသည်။ အရှိန်ပြင်းထန်လာကာ အစိုးရအဖွဲ့နှင့် မိခင်ပါတီ(ဒီမိုကရက်ပါတီ)အား လက်ဝဲဖက်သို့ ယိုင်ပါမသွားစေခဲ့ပါလျှင်  နောက်နှစ် ၂၀၁၂တွင် ဒီမိုကရက်တို့ပြန်လည်အသာစီးရသွားမည် ယူဆပါ၏။
ဤသို့ဖြင် အစိုးရအဖွဲ့သည် အလယ်အလတ် လမ်းပေါ်တွင် ပြန်လည်ရပ်တည်နေမည်ဖြစ်ပြီး အမေရိကသည်  နိုင်ငံရေးတည်ငြမ်မှုတို့ဖြင့် ဆက်လက်တိုးတက်သွားပါလိမ့်မည်ဟု သာမန်(သတင်းလေ့လာသုံးသတ်နေသူ)မီဒီယာ သမားတဦးအနေဖြစ် ရိုးစင်းစွာမြင်မိပါသည်။

နိုင်ငံရေးအား “ဝဲယာလယ်စွန်း”တို့ဖြင့် တံဆိပ် တပ် အမည်ကပ်ပေးခြင်းသည် အင်အားချိန် ခွင်လျှာနှင့် အပြန်အလှန်ထိမ်းညှိမှုတို့တွင် ကောင်း သောရလဒ်တို့ကို မြင်သာထင်ရှားစေသည် ဖြစ်ပေရာ မြန်မာ့နိုင်ငံရေးရှိ ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတဦးသိန်းစိန်တို့အပါအဝင် ထင်ရှားနေသူများအား ယခုကဲသို့”ဝဲ-ယာ-လယ်-စွန်း”စာရင်းတင် ပြုစုထားသင့် ပါကြောင်းကို တိုက်တွန်းလိုက်ရပါသည်။

6 comments

  • kai

    December 13, 2011 at 4:53 pm

    စာတင်တာ.. နောက်တော့ တော်တော်ကျနေပါတယ်..။
    ပြီးခဲ့တဲ့လက..ပုံနှိပ်သတင်းစာမှာရေးထားတာပါ..။
    အဲဒါ.. ဒီနေ့.. OWS က..ယူအက်စ်ရဲ့.. အနောက်ဆိပ်ကမ်းအကြီးဆုံး၂ခုရဲ့.. အဝင်အထွက်တွေ.. ဆန္ဒပြပိတ်ဆို့ထားတဲ့သတင်းတောက်လျှောက်တက်နေတာမို့.. အမှတ်တရ တင်ပေးလိုက်တာဖြစ်ပါတယ်နော..။

    http://photoblog.msnbc.msn.com/_news/2011/12/12/9401799-occupy-protesters-halt-operations-at-some-western-ports
    Occupy protesters halt operations at some western ports

    OAKLAND, Calif. — More than 1,000 Occupy Wall Street protesters blocked cargo trucks at busy West Coast ports Monday, forcing some shipping terminals in Oakland, Calif., Portland, Ore., and Longview, Wash., to halt operations.

    While the protests attracted far fewer people than the 10,000 who turned out Nov. 2 to shut down Oakland’s port, organizers declared victory and promised more demonstrations to come.

    “The truckers are still here, but there’s nobody here to unload their stuff,” protest organizer Boots Riley said. “We shut down the Port of Oakland for the daytime shift and we’re coming back in the evening. Mission accomplished.”
    ..

  • naywoonni

    December 13, 2011 at 6:37 pm

    သူကြီးက အဲဒိဘက်က အကြောင်းပြော…။ ကျွန်တော်က ဒီဘက်က အကြောင်းပြောမယ်…။ နားထောင်
    စည်သူမောင်
    နည်းပညာဝန်ကြီးသို့ ပေးစာ ( ကျောင်းသားမိဘတစ်ဦး)

    သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးအေးမြင့်ထံ အိတ်ဖွင့်ပေးစာ

    သို့

    ဦးအေးမြင့်
    ပြည်ထောင်စုဝန်ကြီး
    သိပ္ပံနည်းပညာဝန်ကြီးဌာန
    ပြည်ထောင်စုသမ္မတမြန်မာနိူင်ငံတော်

    အကြောင်းအရာ။ ။ ဝန်ကြီး၏လုပ်ဆောင်ချက်များအပေါ် အကြံပြုသုံးသပ်ခြင်း

    ၁။ ကျွန်တော်သည်မြန်မာပြည်တွင်မွေးဖွား၍ မြန်မာပြည်တွင်ကြီးပြင်ခဲ့သော နိူင်ငံသားတစ်ဦးဖြစ်ကြောင်း ပထမပြောကြားလိုပါသည်။ နိူင်ငံတစ်နိူင်ငံဖွံ့ဖြိုးတိုးတတ်အောင် မူဝါဒများချမှတ်အကောင်အထည်ဖော်ရန် ဝန်ကြီး တို့တာဝန်သာ ဖြစ်ပါသည်။ မြန်မာပြည် ၁၉၄၈လွတ်လပ်ရေးရပြီးကတည်းက မြန်မာပြည်၏ပညာရေးကို အုပ်ချုပ် ခဲ့သော အစိုးရအဆက်ဆက်က တာဝန်ယူ အကောင်အထည်ဖေါ်ခဲ့ခြင်းမှာ ဝန်ကြီးတို့အစိုးရလက်ထက်အထိပင် ဖြစ်ရာ၊ မြန်မာပြည်၏နည်းပညာဖွံ့ဖြိုးတိုးတတ်မှု့သည် ဝန်ကြီးမင်းတို့အဓိက တာဝန်ရှိပါသည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံးသည် မိမိတာဝန်ယူရသည့် ဝန်ကြီးဌာန၏တာဝန်နှင့် ပညာရပ်ဆိုင်ရာများကို ဘယ်လောက် တတ်ကျွမ်းနားလည်ပါသလဲ…။ ကာလတို၊ ကာလရှည်ဖွံ့ဖြိုးရေး စီမံကိန်းများကို ဘယ်လို planing လုပ်ထား ပါသလဲ….။ဘာကြောင့်တိုးတတ်မှု့မရှိတာလဲဆိုသည့် အဖြေကိုတော့ရှာဖို့လိုပါလိမ့်မည်။ ဥပမာ ကြာကူလီ၊ လူသတ်သမား၊ သူခိုး၊ လူလိမ်လူညာ အရက်သမားကို သာသနာရေးဝန်ကြီးခန့်လျှင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်ကို ဝန်ကြီးမင်းတို့ ခန့်မှန်းနိူင်မည်ထင်ပါသည်။ ဝန်ကြီးဌာနများတွင် သက်ဆိုင်ရာဝန်ကြီးဌာန အကြောင်းကို ကောင်းစွာတတ်ကျွမ်းနားလည်သော ပညာရှင်များရှိကြပါသည်။ ထိုသူတို့လောက် မသိသော အသင်တို့ ဝန်ကြီးများက မည်ကဲ့သို့ စီမံပါမည်နည်း…။ ပမာဆိုရသော် သူတောင်းစားကို မြို့စားမင်းခန့်မိသော အဖြစ်မျိုးကို ကျွန်တော်တို့ အကြိမ်ကြိမ် ကြုံတွေ့ခံစားနေကြရပါပြီ…။

    ၂။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ပတ်သက်၍ပြောရပါလျှင် ယခင်ကမြန်မာပြည်တွင် စက်မှု့တက္ကသိုလ် နှင့် စက်မှု့လက်မှု့သိပ္ပံများမှာ သူငယ်တန်းကလေးကို လက်ချိုးရေတွက်ခိုင်းလို့ ရပါသည်။ ၎င်းတက္ကသိုလ်၊ GTI များတွင် တက်ရောက်သင်ကြားအောင်မြင်ပြီး နိုင်ငံအတွက်အထောက်အကူပြုမည့် အတတ်ပညာရှင်များပေါ်ထွက် ခဲ့ပါသည်။ SPDC အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏နည်းပညာနှင့် ပညာရေးကိုကမ္ဘာ့အဆင့်မီအောင် လုပ်နေပါတယ်ဟူ၍ နိုင်ငံတကာမှမြင်လာစေရန် For Show တက္ကသိုလ်၊ ကောလိပ်သိပ္ပံများ၊ မိုးကျရွှေကိုယ် ပေါ်ပေါက်ခဲ့ရပါသည်။ တကယ်တော့ ယင်းကဲ့သို ့တိုးချဲ ့ဖွင့်လှစ်သော နေရာများမှာ နိုင်ငံအကြီးအကဲ၏ဇာတိမြို ့ များမှလွဲ၍ ကျန်နေရာများမှာ Line of Commiunication ခက်ခဲလွန်းပါသည်။ ယခင်နည်းပညာဝန်ကြီးဦးသောင်း (ကျောက်ဆည်သား) လက်ထက်ကလည်း ကမ်းကုန်အောင် လုပ်ချင်တိုင်းလုပ်၍ ဌာနများအပေါ်မှာ ရက်စက်ယုတ်မာခဲ့ပြီးပါပြီ။ ကျွန်တော်သိရသမျှ ကတော့ ME, Phd တွေပလူပျံသလို ပေါ်ထွက်ခဲ့ပါသည်။ အဲဒီတုန်းက ဒီMasterတွေPhdတွေကို ဘယ်စံနှုန်း(Standard)နဲ ့ တိုင်းတာပြီးမွေးထုတ်ခဲ့ပါသလည်း။ ဦးသောင်းဆိုသည့် xxxဝန်ကြီးက ကြောင်တောင်တောင်လုပ်ရပ်တွေနဲ ့ ဝန်ကြီးဌာနကို နမူနာပြဖျက်ဆီးပြခဲ့ဖူးပါပြီ။ ဘယ်လိုMaster, BE, Phdတွေ ရခဲ့သည်ဖြစ်စေ ရခဲ့သောသူတိုင်းမှာ သူ ့နည်းသူ ့ဟန်

    နှင့်ကြိုးစားအားထုတ်မှုပြုခဲ့ကြပါသည်။ ထားပါတော့ ဝန်ကြီးမင်းလက်ထက်ကျတော့မှ ဒီကျောင်းတွေ၊ ဒီဆရာတွေ၊ ဒီကျောင်းသားတွေကို အရည်အချင်းမမီဘူးဟုယူဆပြီး အရည်အချင်းတွေကိုပြန်လည် ဆန်းစစ်၊ အဓ္ဓမကန် ့သတ် ချက်တွေနဲ ့အတင်းအကျပ်တွန်းတင်လို ့ ရနိုင်မည်ဟုယူဆပါသလား။ ကျောင်းသား/သူတွေ ဘာကြောင့် B.Tech, B.E, ME, Phd Entranceတွေမှာ အရေအတွက်နည်းနေရသလည်း။ ဝန်ကြီးမင်းလက်ထက်ကြတော့လည် “ငါကွ” ဆိုပြီးတမျိုးထွင် xxxဇာတ်လမ်းစပြန်ပါပြီ။

    ၃၊ ဝန်ကြီးမင်းနှင့်ဌာနအကြီးအကဲတွေ ကျောင်းတွေကိုလာစစ်ရင် လက်တွေ ့မကျသော “တာဝန်ရှိလို ့လာရတယ်” ပုံစံများစစ်ဆေး၊ ကျောင်းအုပ်၊ ပါမောက္ခတွေကလည်း သူတို ့ဘဝရပ်တည်မှု ပျက်စီးမှာစိုးလို ့ ဝန်ကြီးမင်းတို ့အလိုကျမည့် အချက်လေးတွေကို Follow လိုက်တင်ပြ။ ပြီးတော့ဝန်ကြီးမင်းတို ့က IELTSကွ Listening Skillကွ၊ Multi Media Labကွ ထင်ရာပြောပြီးပြန်သွားကြတာဗျဝန်ကြီးရ၊ ဝန်ကြီးမသိတာတွေပြောရဦးမယ်၊ ကျောင်းသားတွေ IELTS မတတ်တာ အပြစ်မဆိုပါနဲ ့ဦးသင်ပေးနေတဲ့ ဆရာတစ်ချို ့တောင်IELTSကိုနားမလည်လို ့ နီးစပ်ရာ Universityက English Department က ဆရာကြီးတွေဆီမှာ ကျူရှင်သွားတက်ပြီးမှာ မဟာ IELTS ကိုကျောင်းသားတွေကိုပြန်သင်ရတော့ ရယ်စရာပေါ့ဗျာ။

    ၄။ TOFEL နဲ ့IELTS ဆိုတာ International ဖြစ်တာမှန်တာပေါ့ဗျာ။ ဒီတော့ဘာလို်အပ်သလည်း English 4 skills ကအဓိကလိုအပ်တာပေါ့ဗျာ၊ 4 skills ဆိုတာရောဝန်ကြီးကိုယ်တိုင်လည်း သေသေချာချာသိရဲ့လားလို ့ မေးလိုက်ပါရစေ။ ကဲပြောလိုက်တော့မယ်ဗျာ 4 skills ဆိုတာ Alternate ဗျ၊ တစ်ခုပြီးမှတစ်ခုဆက်စပ်ပြီး ဆက်တိုက်ဖြစ်ပေါ်နေတာဗျ။

    A – Listening skill = နားထောင်နိုင်မှု။ တစ်ဦးတစ်ယောက်က English လိုပြောတာကို နားလည်နိုင်မှုစွမ်းရည်။

    B – Speaking skill = ကိုယ်ပြောချင်တာကို English လိုသဒ္ဒါစည်းကမ်းမှန်ကန်စွာ ပြန်ပြောနိုင်တဲ့စွမ်းရည်။

    C – Reading skill = သူများရေးထားတာကို ဖတ်နိုင်တဲ့စွမ်းရည်။

    D – Writing skill = ကိုယ်မေးချင်၊ ပြောချင်တာကို English လို ရေးနိုင်တဲ့စွမ်းရည်။

    လူကြီးမင်းတို ့ဘယ်လို လူ ့လောကထဲရောက်လာခဲ့လည်း။ ဝန်ကြီးမင်းကိုအမေကမွေးပြီးတော့ ငယ်ရွယ်စဉ်ဘဝမှာ စကားမပြောနိုင်ဘူးလေ အဲဒီတော့ Listening စလုပ်တယ်လေဗျာ။ နဲနဲကြီးလာတော့ Listen လုပ်ထားတာတွေကို Speaking လုပ်တယ်ဗျာ။ ကျောင်းမှာစတက်ရတော့ စာတတ်လာတော့ Reading လုပ်တယ်ဗျာ၊ ပိုမိုတတ်ကျွမ်းလာတော့ Writing လုပ်တယ်ဗျ။ တိုးတက်နေတဲ့ Europe နဲ ့America နိုင်ငံတွေမှာဆိုရင် ကျောင်းသားတွေကို 1.Listen, 2.Speak, 3.Reak, 4.Write ကိုအဆင့်မကျော်ဘဲနဲ ့ step by step သင်ကြရတယ်ဗျ ရိုးရိုးသင်ကြားရုံတင်မလုံလောက်ဘူးလို ့ ယူဆရင် အဲဒီ 4 skills ကို Games, Activities, Carol နဲ ့မှတ်မိအောင်တွဲသင်ရသဗျ၊ ဝန်ကြီးမင်းမသိရင် WE လို ့ခေါ်တဲ ့World Education Center မှာသင်တန်းတတ်ပါဦးဗျာ ကျောင်းသားတွေ IELTS မရတာကို အပြစ်ပြောနေရုံနဲ ့ ပြီးမှာမဟုတ်ဘူး လူကြီးမင်းလုပ်သင့်တာက Revolution မဟုတ်ဘဲ Evolution ဗျ။ မူလတန်းပညာရေးကနေစပြီး 4 skills ကို Alternate (or) step by step သင်ပေးရမှာ။ အခုလိုစိတ်ထင်တာတွေ လျှောက်မလုပ်ဘဲ Quantity ကျ Quality ကို Evolution နဲ ့သွားရမှာဗျနော်။ ဒါမှလူကြီးမင်းရဲ့ဝန်ကြီးဌာနမှာ တကယ် Qualify ဖြစ်တဲ့သူတွေပေါ်ထွက်လာမှာ၊ ကျောင်းသား/သူ၊ ဆရာတွေကို Qualify မဖြစ်ဘူးလို ့အပြစ်တင်မစောလိုက်ပါနဲ ့ နည်းပညာဝန်ကြီးဌာနရဲ့ ကျောင်းတွေအရည်အချင်းပြည့်မီလိုတယ်ဆိုရင် မှန်ကန်တဲ့Education တစ်ခုကိုရောက်ရှိဖို ့ အချိန်လေးယူပြီး မူဝါဒ စီမံကိန်းတွေ အရင်ချမှတ်ပါဦး။

    ၅။ ဗမာစကားပုံမှာရှိတယ်ဗျ သားသမီးမကောင်းရင်မိဘ”ခေါင်း” တပည့်မကောင်းရင်ဆရာ့”ခေါင်း”တဲ့ အဲဒီတော့ကျောင်းသားတွေ ဆရာတွေတကယ် Qualify မဖြစ်ရင် ဝန်ကြီး “ခေါင်း” ဖြစ်မှာဗျ။ ကိုယ့်ကျောင်းသား/ဆရာတွေကို တကယ်Qualify မဖြစ်ဘူးလို ့ယူဆနေရင် ငါးတကာယိုတဲ့ချေး ၊ ပုစွန်ဆိတ်ခေါင်းစုဆိုတဲ ့ဗမာစကားပုံလို ကျောင်းသား/သူ/ဆရာ ယိုတဲ့ချေး ဝန်ကြီးခေါင်းစုသွားရင် ဝန်ကြီးကိုယ်တိုင် “ချီးဘရိန်း” (your brain will be full with faeces) ဖြစ်သွားခဲ့ရင် ဝန်ကြီးကိုယ်စားလှယ် ရှက်မိပါရဲ့။

    စာကြွင်း – ဪ၊ မှတ်မှတ်ရရသတိရသေးမိသေးသဗျ 1988 democracy uprising ကစက်မှု တက္ကသိုလ်ကစခဲ့တာဆိုတော့ ကျောင်းသားတွေမကျေမနပ်ဖြစ် Uprising တစ်ခုထပ်ဖြစ်ရင် စစ်အာဏာရှင်အလိုကျ သခင်အားရကျွန်ပါးဝလုပ်ပြီး ရည်ရွယ်ချက်ချက်ရှိရှိနဲ ့ ဝန်ကြီးမင်းလုပ်နေသလားတောင် ထင်မိပါရဲ့ဗျာ။

    ဒီပို့စ်ကတော့ ကျွန်တော့်စာသားတွေမဟုတ်ပါဘူး၊ ကျောင်းသားမိဘတစ်ဦးက ရေးချင်တယ်ဆိုလို့ တင်ပေးလိုက်တာပါ…
    http://gtuonline.org/profiles/blog/show?id=2660565%3ABlogPost%3A887233&xgs=1&xg_source=msg_share_post

  • naywoonni

    December 13, 2011 at 6:40 pm

    ကလေးတွေကို ကလေးလိုထားကြပါ

    နှစ်ပေါင်း ၂ဝ လုံးလုံး ၁ဝ တန်းနဲ့အထက် လူငယ်လေးတွေနဲ့ လူကြီးကလေးတွေကို အင်္ဂလိပ်စကားပြောသင်ပေးတဲ့ ဆရာလုပ်ခဲ့ရာမှာ တော်တော်စိတ်တိုရတဲ့ကိစ္စတခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ အားလုံးလောက်နီးပါးလို့ ဆိုရလောက်အောင်ကို လူငယ်လေးတွေဟာ ကိုယ်ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်၊ ဘာကို ကြိုက်တယ်ဆိုတာ ရေရေရာရာ မသိတဲ့ကိစ္စဖြစ်ပါတယ်။

    စကားပြောသင်တန်းဆိုတော့ စကားများများ ပြောခိုင်းရပါတယ်။ စကားပြောဖို့ အစပျိုးတဲ့အနေနဲ့ အလွယ်ဆုံးဖြစ်တဲ့ ‘ဘဝရည်မှန်းချက်ဘာလဲ’ ဆိုတဲ့အကြောင်း ပြောစေပါတယ်။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဝါသနာပါ ကြိုက်နှစ်သက်တာကို ပြောရမှာဆိုတော့ ဘာမှ ခက်ခဲစရာမရှိဘူး။ အလွယ်ဆုံးအကြောင်း အရာဖြစ်တယ်လို့ သဘောထားပြီး ပြောစေတာပါ။ ဒါပေမယ့် ဒီအလွယ်ဆုံးက သူတို့အတွက် အခက်ခဲဆုံးအရာ ဖြစ်နေတာကို တွေ့ရပါတယ်။

    အားလုံးလောက်နီးပါးမှာ ဘဝရည်မှန်းချက် (Ambition or Goal) ရယ်လို့ တိတိကျကျ ရေရေရာရာ ပြောစရာ မရှိကြပါဘူး။ အတော်များများဆိုရင် ဘဝရည်မှန်းချက်ဆိုတာထား “ဘာ့ကြောင့် အင်္ဂလိပ်စကားပြောသင်တန်း လာတက်တာလဲ” ဆိုတဲ့ မေးခွန်းကို တောင် တကယ်တမ်းပြတ်ပြတ်သားသား ဖြေနိုင်ကြဘူးဆိုတာ တွေ့ရပါတယ်။

    “အင်္ဂလိပ်စကားတတ်ချင်လို့ လာတက်တာပါ” လို့တော့ ဖြေကြတာပါပဲ။ “အင်္ဂလိပ်စကား ဘာဖြစ်လို့တတ်ချင်တာလဲ၊ တတ်ပြီးရင် ဘာလုပ်မှာလဲ” လို့ ဆက်မေးရင် အများစုက ယေဘုယျကျလွန်းတဲ့ “နိုင်ငံခြားသွားချင်လို့” ဆိုတဲ့ အဖြေပဲ အပေးများပါတယ်။

    “ဘာဖြစ်လို့ နိုင်ငံခြားသွားချင်တာလဲ” လို့ ဆက်မေးကြည့်။ စာကောင်းကောင်း သင်ချင်လို့၊ အလုပ်ကောင်း ကောင်း လုပ်ချင်လို့ဆိုတဲ့ အဖြေနှစ်ခုပဲ တခုမဟုတ်တခုပေးမှာ သေချာပါတယ်၊ အင်္ဂလိပ်စကားကောင်းကောင်းတတ်တာနဲ့ စာကောင်းကောင်းတတ်မယ်၊ အလုပ်ကောင်းကောင်း ရမယ်လို့ သူတို့စိတ်မှာ ထင်နေကြရှာတာကိုး။

    အင်္ဂလိပ်စကားတတ်တိုင်းသာ ပညာတတ်တွေဖြစ်မယ်ဆိုရင် အင်္ဂလိပ်တွေ၊ အမေရိကန်တွေအားလုံး ပညာတတ်ကြီးတွေချည်း ဖြစ်နေမှာပေါ့လို့ ထောက်မေးလိုက်ရင် သူတို့ ဘာဆက်ပြောရမှန်း မသိတော့ပါဘူး။

    အမေရိကန်လူမျိုးတွေရဲ့ ၂၃ ရာခိုင်နှုန်းဟာ စာအိတ်ပေါ်က လိပ်စာ ရေးထားတာကို၊ လမ်းညွှန်ဆိုင်းဘုတ် ရေးထားတာကိုတောင် ဖတ်နိုင်စွမ်းမရှိဘူးဆိုတဲ့ တိုင်းမဂ္ဂဇင်း ရေးသားချက်ကိုပြောပြတဲ့အခါ မယုံနိုင်သလို တောင် ဖြစ်သွားကြရလေတယ်။

    ထားလိုက်ပါတော့။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား သင်တဲ့တတ်တဲ့အကြောင်း ပြောချင်တာမဟုတ်လို့ ဆက်မပြောတော့ပါဘူး။ ပြောချင်တဲ့အကြောင်းက ၁ဝ တန်း ကျောင်းသား၊ ကောလိပ်ကျောင်းသားအရွယ် လူငယ်လေးတွေဟာ သူတို့အသက်အရွယ်၊ သူတို့ရောက်နေတဲ့ အတန်းနဲ့စာလိုက်ရင် ရင့်ကျင်မှုပိုင်းက တော်တော်ကြီးလိုနေသေးတယ်ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။

    အထက်တန်းပြီးဆုံးလို့ တက္ကသိုလ်ကောလိပ်ကျောင်းသူ ကျောင်းသားဖြစ်ပြီ ဆိုတာနဲ့ ကလေးဘဝကို လွန်မြောက်သွားပြီး လူကြီးကလေးတွေ (Yong men or Women) ဖြစ်ပြီးလို့ သတ်မှတ်ရပါတော့မယ်။ ဒီအရွယ်ကစပြီး ကိုယ့်ဘဝ တသက်တာအတွက် စတင် ပန္နက်ချရပါပြီ။ ဆရာဝန်၊ အင်ဂျင်နီယာ လုပ်စားမှာလား၊ ကျောင်းဆရာတို့ ရှေ့နေတို့ လုပ်စားမှာလား၊ အနုပညာသမားလုပ်မှာလား တခုခုကို ရွေးချယ်သတ်မှတ်ပြီး ဖြစ်နေရပါမယ်။

    သတ်မှတ်ပြဌာန်းချက် ခိုင်ခိုင်မာမာနဲ့ ကြိုးစားသူမှ ထူးချွန်ပေါက်မြောက်သူ တယောက် ဖြစ်လာနိုင်ပါတယ်။ ရည်မှန်းချက် မရေမရာနဲ့ အများယောင်လို့ လိုက်ယောင်တဲ့သူမျိုးဟာ ဘယ်တော့မှ ထူးထူးချွန်ချွန် ဖြစ်မလာနိုင်ပါဘူး။ သူလိုငါလို ယောင်တောင်တောင် လူစားမျိုးအဖြစ်နဲ့သာ ဘဝဆုံးသွားရမှာ ဖြစ်ပါတယ်။

    ဘဝရည်မှန်းချက်ပန်းတိုင်ရှိရတဲ့အကြောင်းကို သုံးသပ်ကြည့်တော့ ငယ်စဉ်ကလေးဘဝ မှာကတည်းက ဝါသနာတခုခုကို စွဲစွဲလမ်းလမ်းမရှိလို့ဘဲလို့ ယူဆပါတယ်။ လူတယောက် ဘာဖြစ်လာမယ်၊ ဘယ်လို အကျင့်စရိုက်မျိုး ရှိမယ်ဆိုတာ ကလေးဘဝ ပြုစုပျိုးထောင်မှုနဲ့ နေမှုထိုင်မှုပတ်ဝန်းကျင်ပေါ်မှာ အများဆုံး မူတည်ပါတယ်။ အဲဒါကြောင့် ကလေးပညာရေး လေ့လာသူတွေ၊ စိတ်ပညာရှင်တွေက မူလတန်းအရွယ် ကလေးပညာသင်ကြား ရေးကို အထူးဦးစားပေးအဆင့် သတ်မှတ်ဆောင်ရွက်ဖို့လိုကြောင်း နှိုးဆော်နေကြတာ ဖြစ်ပါတယ်။

    မူလတန်းပညာသင်ကြားရေးဆိုင်ရာ ပညာရှင်တိုင်းလိုလိုက မူလတန်းအရွယ် ကလေးတွေကို စာသင်ကြားမှု များများလုပ်တာကို သဘောမကျနိုင်ကြပါဘူး။ မူလတန်းအရွယ်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက သင်ပေးတဲ့စာကို ဆင်ခြင်ဉာဏ်နဲ့ ပိုင်းခြားဝေဖန်နိုင်စွမ်း မရှိသေးပါဘူး။

    အဲဒါကြောင့် စာများများသင်မယ့်အစား ကလေးတွေရဲ့မွေးရာပါ ပင်ကိုဗီဇ အညွန့်ကလေး ရှင်သန်ကြီးထွား လာအောင်သာ မြေတောင်မြှောက်ပေးသင့်တယ်လို့ ဆိုကြပါတယ်။ ဗီဇအညွန့်ကလေး ရှင်သန်ဖို့အတွက် ရေခံမြေခံကောင်း ဖန်တီးပေးရုံမျှလောက်သာ ကျောင်းတွေက ဆောင်ရွက်သင့်ကြတယ်လို့လည်း ဆိုကြပါတယ်။

    ဒီလိုဆိုကြတာဟာ စနစ်တကျ သုတေသနတွေလုပ်ပြီး လေ့လာသုံးသပ် ထားတာဖြစ်လို့ ဘာမှ ယုံမှားသံသယရှိစရာ မလိုပါဘူး။ ပညာရှင်တွေရဲ့သုံးသပ်အဆိုပြုချက်အတိုင်း ကျောင်းတွေနဲ့ ဆရာမိဘတွေက ဘယ်လောက်ထိ လိုက်နာကျင့်သုံးကြသလဲဆိုတာကိုသာ ဆန်းစစ်ကြည့်ကြဖို့ လိုပါတယ်။

    ‘ပညာခေတ်’၊ ‘ပညာခေတ်’ ဆိုတဲ့အသံက ဒီခေတ်မှာ သိပ်ပြီး ကျယ်လောင်နေလေတော့ နိုင်ငံတိုင်းလိုလိုမှာပဲ ကျောင်းတွေနဲ့ ဆရာမိဘတွေဟာ ‘ပညာလောဘ’ သိပ်ကြီးလွန်းကြပြီး ပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ ဆန့်ကျင်ဘက် ပြုလုပ်နေကြတာတွေကို တွေ့မြင်နေရပါတယ်။

    ကလေးတွေကို သူ့သဘာဝအလျောက် ကြီးထွားခွင့် မပေးကြတော့ဘဲ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဇွတ်အတင်းကြီးပုံသွင်းပြီး နတ်ရေကန်ထဲ ပစ်ချနေကြတာမျိုးတွေ လွန်ကဲနေတာ တွေ့ရပါတယ်။

    ဂျပန်နိုင်ငံမှာဆိုရင် ပဋိသန္ဓေ တည်စကတည်းက မိဘများဟာ မူကြိုကျောင်းကောင်း ပေ့ဆိုတာကိုသွားပြီး စာရင်းသွင်းထားကြရတယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ကောင်းကောင်း ဝင်ခွင့်မရတဲ့အတွက် ကျောင်းဖွင့် ရာသီတွေမှာ ဆယ်ကျော်သက်သက်သေမှုနှုန်းကမ္ဘာမှာ အမြင့်ဆုံး ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

    နောက်ပြီးတော့ ဈေးကွက်စီးပွားရေးခေတ်ကြီးထဲမှာ ပညာရေးက ကျွဲကူး ရေပါ ဈေးကွက်ကောင်းကြီးတခု ဖြစ်လာလေတော့ ကျောင်းတွေ၊ တက္ကသိုလ်တွေဟာ ကျောင်းသား ‘ဖောက်သည်’ များများရရှိရေးအတွက် အပြိုင်အဆိုင် ‘မက်လုံးတွေ’ပေးပြီး လုပ်ဆောင်လာကြရပါတယ်။ ၁၃ နှစ်သားနဲ့ ပီအိပ်ချ်ဒီတန်း တက်နေတယ် ဆိုတာမျိုးကို ကောင်းကောင်းကြီး ကြော်ငြာပြီး ဈေးခေါ်နေကြပါတယ်။ အဲဒီ ‘ဈေးခေါ်’မှုနောက်ကို မိဘတွေက လောဘတကြီး လိုက်ကြပါတယ်။ ဒီမှာ ကလေးတွေဟာ သနားစရာဘဝ ရောက်ကြရပါတော့တယ်။

    ကလေးသဘာဝ မြူးထူးပျော်ရွှင် ဆော့ကစားခွင့်၊ မိခင်ရဲ့ရင်ခွင်မှာ နွေးထွေးစွာ ‘ပူဆာခွင့်’ မရနိုင်ကြတော့ပါဘူး။ ‘ကလေးအခွင့်အရေး’ လုံးဝ ဆုံးရှုံးကြရရှာပါတယ်။ ငယ်စဉ်က မိဘကို ပူဆာခွင့် မရခဲ့တဲ့ ကလေးဟာ ကြီးပြင်း လာတဲ့အခါမှာ ဘယ်နည်းနဲ့မှ ‘ကေသရာဇာ ခြင်္သေ့မင်း’ ဖြစ်မလာနိုင်ပါဘူး။ ငြိမ်သက်နေတဲ့ ‘သိုးငယ်ကလေး တွေ’သာ ဖြစ်လာကြမှာ မလွှဲမသွေပါ။

    ဒီကိစ္စနဲ့ပတ်သက်ပြီး မလေးရှား တက္ကသိုလ်က ပါမောက္ခတဦးဖြစ်တဲ့ မစ္စတာဇူး ပြောခဲ့တဲ့ စကားလေးတခွန်းဟာ မှတ်သားစရာ ကောင်းလွန်းလို့ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်က ဆောင်းပါးတပုဒ်မှာ ထည့်ရေးခဲ့ဖူးပါတယ်။

    “ကျောင်းသားတွေကို ဘယ်လိုကိုင်တွယ်ရမှန်းကို မသိတော့ဘူး၊ သူတို့ဟာ သိပ်ကျိုးနွံလွန်းအားကြီးတယ်။ ကျနော်တို့က တောက်မယ့်မီးခဲ တရဲရဲဆိုတာမျိုး လိုချင်တယ်၊ သူတို့က ရေလိုက်ငါးလိုက် လုပ်တာကလွဲရင် တခြားဘာမှ မလုပ်တတ်ကြဘူး။ ဒီလိုလူမျိုးတွေနဲ့ ဘယ်လိုလုပ်ပြီး နိုင်ငံကို တဟုန်ထိုး တိုးတက်အောင် လုပ်လို့ရမှာလဲ” လို့ ပါမောက္ခဇူးက ပြောခဲ့တာပါ။

    မလေးရှားတက္ကသိုလ်ကပဲ ဒုတိယ အဓိပတိ တာဝန်ယူခဲဖူးတဲ့ ပါမောက အန့်ကူအဇစ်ကလည်း …

    “ပိုက်လုံးတွေ ဘယ်လိုဒီဇိုင်းဆွဲရမယ်ဆိုတာ သင်ယူလို့ ရနိုင်ပါတယ်၊ ဒါပေမယ့် တချိန်တည်းမှာ ဘယ်လိုစဉ်းစားတွေးခေါ်ရမယ် ဆိုတာလည်း သိနေဖို့လိုပါတယ်၊ အမှန်တရားဆိုတာ ပျောက်ကွယ်နေပြီး လူတွေအားလုံး အောင်လက်မှတ်စက္ကူလေးတွေနောက်ပဲ အရူးအမူး လိုက်နေကြတယ်” လို့ ဆိုခဲ့ပါတယ်။

    ဒါတင်မက ပါမောက္ခ အန့်ကူအဇစ်က …

    “အသိဉာဏ်ကို အရောင်းအဝယ် လုပ်နေကြတယ်၊ ပညာသင်ကြားတဲ့ ကျောင်းဆိုတာ လူ့အဖွဲ့အစည်းအတွက် အသုံးချဖို့ ကျောင်းသားတွေ ထုတ်လုပ်ပေးတာထက် ပိုပြီး မြင့်မားတဲ့ ရည်မှန်းချက် ရှိရမယ်” လို့လည်း ထောက်ပြဝေဖန်ခဲ့ပါတယ်။

    မလေးရှားပါမောက္ခ နှစ်ဦးလိုပဲ အနောက်နိုင်ငံက ပညာရေး အတွေးအခေါ် ပညာရှင်တွေကလည်း ဒီနေ့ခေတ်တက္ကသိုလ်တွေရဲ့ ‘ဘွဲ့ရထုတ်လုပ်ရေးစက်’ ကြီးတွေအဖြစ် ပြောင်းလဲလာမှုကို ဝေဖန်ထောက်ပြကြတာတွေ အများကြီးပါပဲ။

    ထားပါတော့၊ ပြောမယ်ဆိုရင် ဆုံးမှာမဟုတ်တော့ပါဘူး။ အဓိကပြောချင်တဲ့ လူငယ်တွေရဲ့ဘဝရည်မှန်းချက် ခေါင်းပါးပုံကိစ္စပဲ ဆက်ပါတော့မယ်။ ဘဝ ရည်မှန်းချက်ပန်းတိုင် မရှိရင် အကြောင်းက ငယ်စဉ်ကလေးဘဝမှာ တုန်းက ဝါသနာတခုခုကို စွဲစွဲလမ်းလမ်း မရှိခဲ့လို့ဖြစ်ကြောင်း အထက်မှာ ရေးခဲ့ပါတယ်။

    ဝါသနာက လူတယောက် ‘ဘာဖြစ်လာတယ်’ဆိုတဲ့နေရာမှာ အခြေခံအကျဆုံး ဖြစ်ပါတယ်၊ ဝါသနာ (Hobby) တခုခု ကို မက်မက်မောမော စွဲစွဲလမ်းလမ်း ဖြစ်လာရာက မလုပ်ရရင် မနေနိုင်တဲ့ (Habit) ခေါ်တဲ့ အကျင့် ဖြစ်လာပါတယ်။ အဲဒီ(Habit) က ရင့်မှည့်လာမှ (Ambition) ဆိုတာ ဖြစ်လာပါတယ်။

    အဲဒါကြောင့် ဘဝရည်မှန်းချက်ရှိဖို့ ဝါသနာက အစပြုရပါတယ်။ အဲဒီ ဝါသနာ အစပြုဖို့ မူလတန်းကျောင်းတွေက ဆောင်ရွက်ပေးရပါမယ်။ မူလတန်းကျောင်းတွေမှာ ကလေးတွေ ဆော့ရင်း ကစားရင်း သီချင်းဆိုရင်း၊ ပုံနားထောင်ရင်း၊ ပုံတွေဆွဲရင်းကနေပြီး တဦးစီတဦးစီ တခုခုကို စွဲလမ်းနှစ်ခြိုက်သွားအောင် လုပ်ပေးရပါမယ်။

    အဲဒီလို လုပ်ပေးကြရဲ့လားဆိုတာ ပြန်လည်သုံးသပ်သင့်ကြပါတယ်။ မိဘတွေဘက်ကလည်း ‘ပညာလောဘ’ အလွန်အမင်း မကြီးကြဖို့ လိုပါတယ်။ ကိုယ့်သားသမီးလေးတွေကို သနားကြပါလို့ ပြောချင်ပါတယ်။

    လူ့လောကထဲ ဝင်မယ်ကြံခါစရှိသေးတဲ့ ကလေးငယ်လေးတွေကို ကလေးဘဝရဲ့အရသာလေး ပြည့်ပြည့်ဝဝ ခံစားခွင့်ပေးကြပါ။ အနှစ်နှစ်ဆယ်အစိတ် စာတွေ သင်ယူကျက်မှတ်ရခြင်းဆိုတဲ့ ဒုက္ခကြီးကို ကလေးတွေ လှလှကြီး ခံကြရဦးမှာပါ။ လူ့ဘဝရဲ့ ပူပင်ကြောင့်ကြခြင်း၊ ဆင်းရဲဒုက္ခ ကင်းဝေတဲ့အချိန်ဆိုလို့ မွေးကင်းစနဲ့ ကျောင်းမနေမီကာလဆိုတဲ့ အချိန်တိုကလေးသာ ရှိတာပါ။

    နဂိုကမှ တိုတောင်းလှတဲ့ ဒီအချိန်ကလေးကို ထပ်ပြီး တိုအောင် မလုပ်သင့်ကြပါဘူး။ ‘ပညာခေတ်’ ဆိုတဲ့ စကားလုံးကြီးနဲ့တော့ နုနယ်လှသေးတဲ့ ကလေးငယ်လေးတွေကို မနှိပ်စက်ကြပါနဲ့။ ကလေးတွေကို ကလေးလိုထားကြပါလို့ လူကြီးတွေကို မေတ္တာရပ်ခံပါရစေဗျာ။

    လူထုစိန်ဝင်း

    အတွေးအမြင် စာစဉ် (၁၆၅) ၂ဝဝ၄ ခုနှစ်
    စောနကဆိုဒ်ကတွေ့တာပဲ……။

  • inz@ghi

    December 13, 2011 at 6:58 pm

    ကောင်း၏ ကောင်း၏ ကျနော်က အလယ်က ခွဖတ်မယ်
    😀

  • ကြောင်လတ်

    December 13, 2011 at 10:07 pm

    ကောင်းသည်ကောင်းသည်၊ မဒန်ကြောင်လတ်ကို ပြရန် ပရင့်ထုတ်ရပါဦးမည်။

  • ကြောင်ကြီး

    December 14, 2011 at 9:31 am

    သဂျီးရဲ့ အော်ကျူပိုင်း လှုပ်ရှားမှုကြီး ဂန့်တော့မယ်ဗျ….။

Leave a Reply