Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စကားလုံးများရဲ ့ ရာဇဝင် (၄)

TTNUDecember 13, 20111min72922

စကားလုံးများရဲ ့ ရာဇဝင် (၄)
ကျမ်းကိုး Lock, Stock and Barrel: Past Times Oxford.

(16) Black sheep
(17) Blowing hot and cold
(18) Born with a silver spoon in your mouth
(19) Box and Cox
(20) Brand-new

(16) Black sheep
မိသားစုကို အရှက်ရစေ၊ ဂုဏ်သိက္ခာ ကျစေသူ
E.g. I don’t want to be regarded as the black sheep of my family.
မိသားစုကို အရှက်ရစေ၊ ဂုဏ်သိက္ခာ ကျစေသူ အဖြစ်နဲ့ ကျွန်တော် အထင်မခံချင်ပါဘူး။

သိုးမည်းတွေဟာ သိုးဖြူတွေလောက် တန်ဖိုးမရကြဘူး။
ဟိုးခေတ်တွေတုန်းက သိုးမည်းတွေဟာ မကောင်းဆိုးဝါးတွေ သယ်ဆောင်လာတယ်
လို့ အယူသည်းခဲ့ကြတယ်တဲ့။ ဒီလိုနဲ့ နောက်ပိုင်းမှာ …မိသားစု အသိုင်းအဝိုင်းကို
သိက္ခာကျအောင်လုပ်ရင် အရှက်ကွဲစေရင် သိုးမည်းလို့ ခေါ်ကြတော့တယ်။

(ဘဒင် သီချင်းထဲမှာ Sunday School မတက်တဲ့ သိုးမည်းကြီးတွေ လိ်ု့ပါတာမဟုတ်လား)

(17) Blowing hot and cold
သဘောထားခဏခဏပြောင်းတယ်၊
ခု စာကလေးကြော်၊ ခု ဆီထမင်း လုပ်တယ်၊
ဟိုလိုလို ဒီလိုလိုလုပ်တယ်။

E.g. He blows hot and cold about getting married.
သူက အိမ်ထောင်ပြုမဲ့ အရေး ဟိုလိုလိုဒီလိုလို ဇဝေဇဝါ လုပ်နေတယ်။

ရှေးဒဏ္ဍာရီလာ စကားဖြစ်ပါတယ်။ လူတစ်ယောက်ကို Satyr ဆိုတဲ့ နတ် ကနေစရာ
ထိုင်စရာပေးထားတယ်။ (Satyr ဆိုတာ ရှေးဂရိ ပုံပြင် ထဲက သစ်တောစောင့်
နတ်ပါ၊ လူမျက်နှာ လူကိုယ်လုံး ဆိတ်ခြေ၊ ဆိတ်ဂျို နဲ့ပါ။)

ဒီလူက ချမ်းအေးလွန်းလို့ လက်နွေးအောင် လက်တွေကို အာပူမှုတ်ပေးနေတယ်။
တစ်ချိန်တည်းမှာပဲ Satyr ပေးတဲ့ စွတ်ပြုတ် ပူနေလို့ အေးအောင် လေမှုတ်ပေး
နေရပြန်ပါတယ်။ ဒီလို ဘာလုပ်ရမယ်လို့ မဆုံးဖြတ်တတ်တဲ့ သူ့ ကို Satyr က စိတ်တို
ပြီး အပြင်ကိုနှင်ထုတ်လိုက်ပါသတဲ့။

(18) Born with a silver spoon in your mouth

ရွှေလင်ပန်းနှင့် အချင်းဆေး၍မွေးဖွားလာတယ်။

E.g. She is conceited, saying she was born with a silver spoon in her mouth.
သူမကိုသူမ ရွှေလင်ပန်းနှင့် အချင်းဆေး၍မွေးဖွားလာတယ် လို့ပြောပြီး ဘဝင်ကိုင်နေတယ်။

ရှေးအခါက ခရစ်ယာန်ဘာသာဝင် တွေက သူတို့သားသမီးမြေးမြစ်တွေ ကို ဘုရားကျောင်း
မှာ နှစ်ခြင်းဖြန်းခြင်း မင်္ဂလာပြုလုပ်ကြတဲ့အခါ ခေါင်းကိုင် မိဘ ဘိုးဘွားလုပ်သူက ခရစ်ယာန်
ဘာသာဝင် ဘုရားကျောင်းပွဲ တင်တဲ့ လက်ဆောင်အနေနဲ့ ငွေဇွန်းတွေ လက်ဆောင်ပေးလေ့ရှိကြတယ်။

လူဂုဏ်တန်ထဲက မွေးလာတဲ့ ကလေးတွေကတော့ ဒီလိုလက်ဆောင် ပေးတဲ့အထိ စောင့်
စရာ မလိုဘဲ မွေးကတည်းကချမ်းသာလာကြတာမို့ ငွေဇွန်းတွေ ယူလာပြီးသားပါလို့ ပြော
ဆိုကြရာမှာ ဒီစကားစတင်ခဲ့ပါတယ်။

မြန်မာလိုဆိုရင်တော့ ငွေဇွန်းအစား ရွှေလင်ပန်းနဲ့ အချင်းဆေးတယ်လို့စကားပမာ
တင်စားပြောလာကြတယ်။( ပြိုင်စရာ ရှားလို့နော်။)

(19) Box and Cox

မရေမရာ အကြောင်းအရာနှစ်ခု တစ်လှည့်စီ ဖြစ်ရတဲ့ အခြေအနေ
E.g. A staff of ten in this company has to work very hard to alternate
two or more things simultaneously like Box and Cox.
ဒီ ကုမ္ပဏီ က ဝန်ထမ်း(၁၀)ယောက်မှာ အလုပ်နှစ်ခု သုံးခုကို တစ်ပြိုင်နက်တည်း
တစ်လှည့်စီ ကြိုးစားအားထုတ်လုပ်လိုက်ရတာ ဘောက်နဲ့ ကောက် ကျနေတာပဲ။

(၁၉)ရာစု လောက်က ဗရွတ်ရွှတ်တ ဟာသပြဇာတ် တစ်ခုရဲ ့ ခေါင်းစဉ်ပါ။ ဒီ ဇာတ်ထဲ
မှာ Box နဲ့ Cox ဆိုတဲ့ လူနှစ်ယောက်က အိမ်ခန်းတစ်ခန်း ကို တစ်ယောက်ကနေ့မှာ
ငှားနေရပြီး ကျန်တစ်ယောက်က ညမှာငှားနေရတယ်။ အိမ်ရှင်က အကျင့်ယုတ်ပြီး
ဒီလိုငှားတာကို နှစ်ယောက်လုံး နေ့တစ်ယောက်ညတစ်ယောက်နေရတာ မသိကြဘူး။
ဘာဖြစ်လို့လဲဆိုတော့ နေ့လုပ်ဆင်းသူကိုညငှားပြီး ညလုပ်ဆင်းသူကို နေ့ငှားတာမို့ပါတဲ့။
အဲဒီတော့ နှစ်ယောက်စလုံး နေ့သူပိုင် ည ကိုယ်ပိုင်တာ မသိကြဘူးလေ။

(20) Brand-new

အသစ်ကျပ်ချွတ်
E.g. Nowadays we can buy a brand-new car if we have an import permit.
ယခုခေတ် အခါမှာ တင်သွင်းခွင့် လက်မှတ်ရရင် မော်တော်ကားအသစ်ကျပ်ချွတ်
ဝယ်လို့ ရနှိုင်တယ်။

မူရင်း အဓိပ္ပာယ်က သံသတ္တုနှင့်လုပ်သော ပစ္စည်း ဖြစ်ပါတယ်။ရှေး အင်္ဂလိပ်စာမှာ
Brand ဆိုတာ မီးတုတ် လို့ ဖွင့်ဆိုပါတယ်။ ထိုမှ မီးဆိုတဲ့ အဓိပ္ပာယ်သက်လာပြီး
Brand –new ဆိုသည်မှာ မီးထဲ မှလတ်လတ် ဆတ်ဆတ် လက်လက်တောက်ပ
စွာ ထွက်လာသောသံထည်ပစ္စည်း ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

နိဂုံးချုပ်ကတော့…..

သိုးမည်းဆိုးဘိ Black sheep
Blowing hot and cold အမျိုးမျိုးသဘောထားတန်း
ရွှေလင်ပန်းနဲ့ အချင်းဆေး Born with a silver spoon in the mouth
Box and Cox မရေမရာ ၊တစ်လှည့် တစ်ယောက် မမြင်ဘူး ဖြစ်၊
အသစ်ကျပ်ချွတ် Brand-new အစစ်။

22 comments

  • Moe Z

    December 14, 2011 at 8:25 am

    တီချာ့အတန်းကို သမီးအရင်ဆုံးလာတက်တယ်နော် 🙂

  • inz@ghi

    December 14, 2011 at 8:48 am

    ဂီလည်း နေမကောင်းတဲ့ကြားက ကြိုးစား လာတက်သွားပါကြောင်း…

    I’m a brand-new black sheep in certain box and Cox situation attending your class together with a girl who was born with a silver spoon in her mouth and so she always blows hot and cold.

    😀

    အောင်မယ်ငီး ချမ်းထှာ …ပြန်ကွေးနေဦးမှ….

    • Moe Z

      December 14, 2011 at 9:09 am

      私はあなたを殺すためにしたい

      • inz@ghi

        December 14, 2011 at 9:23 am

        အောင်မယ်ငီး သတ်မယ်တဲ့ ဂျ ….
        နေမကောင်းဘာဘူးဆိုမှ နော်. …

        စိုးတယ် စိုးမိတယ် စိုးထိတ်မိတယ်…

        ほんま???怖いいい。。。。。
        【涙。。涙。。】

        • thit min

          December 14, 2011 at 11:05 am

          もうぜチャンへ
          違う日本語だよ! 誰から覚えたの?

  • MaMa

    December 14, 2011 at 9:11 am

    တီချယ်နုရေ-
    သင်တန်းတော့လာတက်သွားတယ်။
    ဒါပေမယ့် ကျမကတော့ အ အ စကားပြောသင်သလို ဖြစ်နေတယ်။ 🙁

  • ကြောင်ကြီး

    December 14, 2011 at 9:46 am

    Brand.. Brand.. Burn.. Burn! 😡 👿

  • blackchaw

    December 14, 2011 at 9:56 am

    ကျွန်တော်က သိုးမည်းဟောင်းကြီးပါ ဆရာမကြီး ခင်ဗျား။
    သင်တန်းလာတက်သွားပါတယ်ခင်ဗျာ။

  • super

    December 14, 2011 at 11:02 am

    သင်ယူလေ့လာမှတ်သားသွားပါသည် တီချယ်ကြီး…….

  • thit min

    December 14, 2011 at 11:14 am

    ဆရာမကြီး တီတီနုရဲ့ စာသင်ခန်းမှာ ဒို့ ” သိုးမည်း ” များ ဟေးလားဝါးလားလုပ်မိနေပါလား။
    ဆရာမကြီးရေ ရိုက်ပါဗျို့။
    သိုးမည်းတွေကလည်း များမှန်းခုမှသိတော့တယ်ဗျာ။
    သေနတ်သမား ကလည်းပါသေး။
    စာသင်ခန်းထဲမှာ “ညံ ” နေရော။ စိတ်ကုန်(~အုန်း၊အုန်း)
    (စာမဖတ်ကြဘူး၊ ပြောချင်ရာတွေလာ ပြောနေကြတာ၊ ကျနော်လဲပါတယ်ဗျ)
    (^^)

  • Moe Z

    December 14, 2011 at 11:20 am

    တီချာ့ရဲ့ကြိမ်လုံးမီးတောက်နဲ့တွေ့တော့မယ်ထင်တယ်
    ခေါင်းလောင်းသံကြားလို့ ပြေးပြီဗျို့ 😀

  • pooch

    December 14, 2011 at 12:34 pm

    teacher , i blow hot and cold in business. please give me some money to do something. he he.. :mrgreen:
    now my mom is going to kick me out because i am lazy and naughty… 🙁

  • windtalker

    December 14, 2011 at 3:37 pm

    Pooch blows hot and cold about getting married.
    So she becomes “ A-PYO-GYI ” . Hee
    Just kidding par naw မပု

  • manawphyulay

    December 14, 2011 at 4:52 pm

    တီချယ် သမီး အကုန်ကူးယူသွားတယ်နော်။ သေချာ ကျက်မှတ်မှ အများကြီးပဲ သမီးက ဉာဏ်သိပ်မကောင်းဘူးတီချယ်ရဲ့ ဖြည်းဖြည်းသင်ပေးနော်….

  • TTNU

    December 14, 2011 at 7:59 pm

    မိုးစက်၊ မောင်ဂီ၊ မောင်သစ်၊ မမ၊ မောင်ကြောင်ကြီး၊ဘလက်၊ ဆူပါ၊ ပူးချ်၊ မောင်ပေ၊ မနောလေးဖြူ။

    ကလေးတွေ ရန်မဖြစ်ကြနဲ့။ စာတွေ ဖတ်ကြ။ ကူးယူကြ ။ မှတ်မိအောင် ကြိုးစားကြ။

    (I’m a brand-new black sheep in certain box and Cox situation attending your class together with a girl who was born with a silver spoon in her mouth and so she always blows hot and cold.) မောင်ဂီ့ ဝါကျ A+ ရ ။

    အားလုံးကိုချစ်သော
    ဆရာမ

  • ကြောင်လတ်

    December 15, 2011 at 1:21 pm

    ဆရာမကြီးခင်ဗျာ ကျနော်ငယ်ငယ်က Everyday English ဆိုတဲ့ လစဉ်ထုတ် အင်္ဂလိပ် မဂ္ဂဇင်းစာအုပ်ထဲမှာပါတဲ့ (ဆရာတက္ကသိုလ်ထင်ကြီးရေးတာလို့ထင်ပါတယ်) အဲ့လို စာတွေ အများကြီး ကူးယူထားခဲ့ဖူးပါတယ်။အခုတော့ဘယ်မှ ရှာလို့မရတော့ပါ၊ ကျနော့်အလုပ်နဲ့ သုံးလည်းမသုံးတတ်တော့ပါ။
    မေ့လည်းကုန်ပါပြီ။ အခုနမူနာပြန်ပြောပြဖို့ ဖြစ်ညှစ်စဉ်းစားတာတောင်
    The fat is in the fire. ဆိုတာလေးပဲခေါင်းထဲပေါ်တော့တယ်။ အခု ဒီစာမျိုးတွေ ပြန်ဖတ်/မှတ်ရတော့
    ဆရာမကြီး ကိုကျေးဇူးအထူးတင်ကြောင်းပါ။

  • Sonny

    December 15, 2011 at 1:28 pm

    ွှတီချယ်ကြီးရေ
    Born with the silver spoon in the mouth ဖြစ်ဖို့က တော့ အတိတ်ကံ လည်းလိုမယ်ထင်ပါရဲ့နော်
    ချစ်ခြင်းအားဖြင့်….သားဆန်နီ

  • tun sanay

    December 28, 2011 at 2:04 pm

    teacher…….1 တို ့2 တို ့ကဘယ်နား ရှာရမှာတုန်း???

  • TTNU

    December 28, 2011 at 3:40 pm

    ကိုသစ်ရေ…
    အခုနပဲ Choose as better comment ဆိုတာ မနှိပ်ခင် တီချာ စာရေးထားသေးတယ်။
    အခုပေါ်မလာတော့ဘူးတော့။ ဘယ်ရောက်သွားတာလဲ မသိ။ ထပ်ရေးမယ်နော်။

    ကျေးဇူးတင်ပါတယ်ကိုသစ်ရေ…
    တီချာဆိုရင် အဲဒီ http… တိုလီမုစ္စလေးတွေ မရှာတတ်ပါ။
    IT စမ်းတဝါးဝါး မို့ ဒီခလုတ်နှိပ် ဒါရတယ်ပဲမှတ်ထားလို့
    သားတော်မောင် ခဏခဏ စိတ်ပျက်ရပါတယ်။

    Thank you very much indeed, my dear!

  • kay jonas

    December 29, 2011 at 10:30 am

    တီချယ်ရေ စကားလုံးများရဲ့ရာဇဝင်ကို ဖြစ်နိုင်သမျှ frequently တင်ပေးစေချင်ပါတယ် ကျွန်တော်တို.အတွက် အကျိုးများလို့ပါ

  • nozomi

    December 29, 2011 at 1:27 pm

    မှန်မှန်တက်
    များများကူး
    မြန်မြန်ကျက်သွားပါမည်
    တီချယ်ကြီးခင်ဗျာ

Leave a Reply