ဒေလီယာပန်းရဲ့အလှ
တစ်ခါတလေ အပျင်းပြေ အိမ်မှာ လက်တည့်စမ်းကြည့်မိတယ်။ ဘာပန်းမှန်းကိုမသိဘူး။ နောက်မှ အိမ်က လူကြီးတွေမေးကြည့်တော့ ဒေလီယာပန်းလို့ခေါ်တယ်တဲ့။ မြင်တော့မြင်ဖူးဘူး။ အိမ်မှာ ပွင့်လာမှသာမြင်ဖူးတာ။ နေကြာပန်းလိုပဲ အပွင့်ကြီးတွေက အရမ်းလှတယ်လေ။


တစ်ခါတလေ အပျင်းပြေ အိမ်မှာ လက်တည့်စမ်းကြည့်မိတယ်။ ဘာပန်းမှန်းကိုမသိဘူး။ နောက်မှ အိမ်က လူကြီးတွေမေးကြည့်တော့ ဒေလီယာပန်းလို့ခေါ်တယ်တဲ့။ မြင်တော့မြင်ဖူးဘူး။ အိမ်မှာ ပွင့်လာမှသာမြင်ဖူးတာ။ နေကြာပန်းလိုပဲ အပွင့်ကြီးတွေက အရမ်းလှတယ်လေ။
14 comments
poeaung6
December 14, 2011 at 4:17 pm
ပုံလေးတွေကလှပါတယ် မိန်းကလေးပီသတာကိုုတော့လေးစားတယ် ပန်းတွေကိုနားမလည်လို့ ဟီး
ကိုရင်စည်သူ
December 14, 2011 at 4:21 pm
ဒေလီယာပန်းက နေကြာပန်းနဲ့တူသလိုပဲနော့်..
ကိုရင်က ပန်းဆိုရင် အဲ့လို ပွင့်ပွင့်ကားကားကြီးဆို
ကြိုက်ဝူး… ငုံနေတဲ့ ပန်းမျိုးလေးတွေဆို သိပ်ကြိုက်တာ… 😳 😳
Moe Z
December 14, 2011 at 4:28 pm
ငုံနေတဲ့ပန်းလေးတွေဆိုတာ အပုန်းလေးတွေကိုပြောတာလားဟင် ?????
😛 😛
ကိုရင်စည်သူ
December 14, 2011 at 4:51 pm
ဟင်.. မိုး.. မဟုတ်ဘူး.. မိုး… 😐
ကိုရင်က ကလေးလေးတွေလို အငုံပန်းလေးတွေ
တယုတယနဲ့ ဂရုစိုက်တတ်တဲ့… ဒေါင်းမစစ်စစ်ကလေးတွေကိုမှ..
ရင်ခုန်တတ်တာ.. ပြောထှာ… 😳 😳
ပြောမယ့်သာပြောတယ်.. စည့် ရင်ဝှက်ပန်းကလည်း
မိုးစက်ဖြန်းမှ လန်းနိုင်မယ့် ပန်းလေးပါလား… 🙄 🙄 🙄
ကြောင်လတ်
December 14, 2011 at 8:53 pm
ကရင် စည်သူ သေချာကြည့်လိုက်ဦး၊
ဒေါင်းမလေးမဟုတ်တော့ဘူး၊
မျက်နှာတခြမ်း အုပ်ထားတဲ့ စနေမ လေးဖြစ်နေပြီ။
စနေမလေး……ဝေးဝေးရှောင်……………….။
မနောရဲ့
ပန်းလေးတွေ ကလည်း လန်း ပါတယ်…….။
မြင်ရတာလည်း စိတ်ချမ်းသာတယ်…….။
ဓါတ်ပုံကလည်း စွမ်းပါတယ်………။
Diamond Key
December 14, 2011 at 4:57 pm
ဓါတ်ပုံဆရာများကို လွန်ကျော်နိုင်သော manawphyulay ပါပေတည်း 😀
ပန်းကလေးများကား အလွန်လှဘိတော့ 😛
manawphyulay သည်လည်း ပန်းနှင့် အတူ လှပါ၏။ (font) 😆
လှသော ပန်းလေးကို ကြည့်တိုင်း ထိုအမည်က ပေါ်နေပါသောကြောင့်
inz@ghi
December 14, 2011 at 4:57 pm
copyright ခေတ်စားနေသကိုး ….ပုံတိုင်းမှာ ဆိုင်းလေးတွေနဲ့ …
ဘယ်ရောက်တွားတုန်း ဘဏ္ဏာရေးဝံဂျီးရေ …
သည်မှာ အငုံ လေးတွေရော …ဖြန်းရင် လန်းမယ်ဆိုတာတွေရော ……
ကိုအင်ဂျီး မမာတာ ဒါတွေပါတယ်….
စိုးတယ် စိုးမိတယ် စိုးထိတ်မိပါတယ်..
ဆူး
January 22, 2012 at 5:20 pm
ကိုအင်ဂျီး မမာတုန်းပဲလား။
aye.kk
December 14, 2011 at 6:14 pm
ဒေလီယာနဲ့ဒေစီယာဆိုပြီးပန်းနှစ်မျိုးဆင်တူပေမယ့်ကွဲပြားပါတယ်..
အံတီတို ့အိမ်မှာပွင့်တဲ့ဒေလီယာပန်းကအထပ်တွေပိုများပါတယ်အပွင့်ကပွင့်ဖတ်ပိုများကာ
တစ်အားပိုလှပါတယ်..။
alinsett
December 14, 2011 at 7:29 pm
ပုံတွေက လှပါတယ်။မနောရေ..။
ရိုက်ချက်ကလေးတွေလည်းကောင်းပါတယ် ။
စိတ်ကို ကြည်လင်သွားတာပဲ။
ကျေးဇူးပါပဲ။
ရှူံးနိမ့်မှုများနဲ့.. လူ
December 14, 2011 at 11:18 pm
ကြုံတုန်း မေမြို့သားတစ်ယောက်အနေနဲ့ နည်းနည်းဝင်လျှာရှည်ပါရစေ..
ဒေလီယာပန်းဆိုတာ ငယ်ငယ်ကတည်းက ကျွန်တော်ရင်းနှီးလာခဲ့ပါတယ်။ သူက မြေကြီးထဲက ဥကနေ အပင်ထွက်ပြီးပေါက်လာတာပါ။ ပုံစံကတော့ နေကြာပင်ပေါက်ပုံစံနဲ့ တူပါတယ်။ ပွင့်ချပ်တွေက ခု မနောပြတဲ့ ပုံလေးကို ကြည့်လိုက်ပြီးမှ ကိုယ့်ဖာသာ ဟယ်ကနဲ၊ ဟင်ကနဲ နဲ့ ဪ.. ဒေလီယာတွေတောင် ပေါ့ပေါ့ပါးပါးလေးတွေ ဖြစ်လာရှာပြီ၊ သူတို့ခမျာ ပွင့်ချပ်တွေ အများကြီးမဝတ်နိုင်တော့ဘဲ ဘီကီနီသာသာ ပွင့်ချပ်လေးတွေနဲ့ မော်ဒယ်မလေးတွေ ဖြစ်လာဘီလို့ တွေးမိပါတော့တယ်။ 😀
မနောက်တော့ဘဲ အတည်ပြောရမယ်ဆိုရင်တော့ မေမြို့မှာ တွေ့ရတဲ့ ဒေလီယာလို့ ခေါ်တဲ့ပန်းဟာ ပွင့်ချပ်တွေ အမြောက်အမြားနဲ့ တော်တော်လေးကိုလှတဲ့ ပန်းပါဆိုတဲ့အကြောင်း…
(ဂလောက်ပဲ တော်သေးဘီ)
manawphyulay
December 15, 2011 at 2:18 pm
ဟုတ်တယ် မနောလည်း ဘာပန်းမှန်းမသိလို့ ရိုက်လာပြီး ပြန်တင်ပြတာပါ အိမ်ကိုမေးကြည့်တော့ အဲဒီပန်းလို့ပဲပြောတော့ အရင်မြင်ဖူးတာ အထပ်ကလေးတွေနဲ့ သေးသေးလေးတွေလေခုက အဲလိုမဟုတ်ဖူးဖြစ်နေတယ်။ ဘာကွာလဲဆိုတာ သိတဲ့သူရှိရင်ပြောပြပါဦး။ နောက်ဒီပန်းကကော ဘာအမျိုးအစားဖြစ်ပါသလဲ။
ဆူး
January 22, 2012 at 5:22 pm
ပန်းကတော့ လှပါတယ်။
အထပ်ထပ်နဲ့ ပန်းလေးက ပိုလှတယ်။
အေးတဲ့ နေရာမှာ ရှင်သန်တဲ့ မျိုးရင်းလားတော့ မသိဘူး။ ဒီမှာတော့ သိပ်မတွေ့လှဘူး။
ခြံထဲမှာ အမြဲပန်းပွင့်နေရင် စိတ်ချမ်းသာတယ်။
MaMa
January 22, 2012 at 6:27 pm
အဲဒီပန်းကိုတော့ ဘာပန်းမှန်းမသိဘူး။
ဒေလီယာပန်းတော့ အရမ်းကြိုက်တယ်။
ငယ်ငယ်က ဇာတိမှာ စိုက်ဖူးတယ်။
အရောင်စပ်ရင် ပိုလှတယ်။
တစ်ပွင့်နဲ့ တစ်ပွင့် အရောင်စပ်ပုံက မတူဘူး။
ရန်ကုန်အိမ်မှာ စိုက်တုန်းကတော့ ပင်စည်ကို ကြွက်ကိုက်သွားတာ ကုန်ရော 😥