အလှူမျှော် ဂွင်ရှာ ခြံကြီး မိတ်ဆက်
တစ်နေ ့သ၌ ကျွန်ုပ် ဆြာကြီးပေ နေထိုင်ရာ မန်းဂေဇက်ရှိ အလှူမျှော် ဂွင်ရှာ စံအိမ်ကြီး သို ့ “ အရူးငတိ ၊ ရှက်ကီဖော်ကြီး နှင့် ကလားစူသီ ” တို ့သုံးယောက် ရောက်လာကြလေသည် ။
သည်သုံးယောက်နှင့် ကျွန်ုပ် မှာ မကြာခဏဆိုသလို တွေ ့ဆုံ သောက်စားပျော်ပါးနေကြ ဖြစ်သည် ။ မတွေ ့ဆုံမှီ ဂွင်ကောင်းခဲ့သူ က ဒကာဘဲ ။
ပထမ ဆုံး အရူးငတိ က
“ ဗျို ့ ဆာကီး ၊ ကျုပ် ဗိုက်ဆာလွန်းလို ့၊ ပိုက်ဆံ ငါးထောင် ဖြစ်ဖြစ် ၊ တစ်သောင်းဖြစ်ဖြစ် ပေးစမ်းဘာ ”
“ အလိုလေး ၊ မောင်ရင် တယ် အတောင်းကျန်းလှချေပ ၊ ကျုပ်တောင် တစ်ပြားမှ မရှိလို ့၊ ဘယ်မှ မသွားဘဲ ၊ အိမ်ထဲထိုင်နေရတယ် ၊ မင့်မှာ ဘယ်လောက်ပါခဲ့သလဲ ၊ ကျုပ် ကို ပေးခဲ့စမ်း ၊ မှန်း ”
ကျွန်ုပ် ဆြာကြီးပေ လည်း အရူးငတိ ၏ အိပ်ထောင် ကို ဇွတ်အတင်းနှိုက်ကြည့်သော် ၊ ငတိ က ခိုးရာပါပစ္စည်းရဲလိုက်ဖမ်းသည့် ပုံဖြင့် ပတ်ပြေးတော့သည် ။ သည် ငတိ တော့ အာကေ ပါလောက်တယ် အမှတ်ဖြင့် အမိလိုက်ဖမ်းပြီး အိတ်ထဲ နှိုက်ကြည့်တော့ ထီလက်မှတ် အဟောင်း နှစ်အုပ် ကို သရေကွင်းဖြင့် စီးထားသည်သာ ထွက်လာလေသတည်း ။ ကျွန်ုပ်လည်း မောမောဖြင့် ရွတ်နေကြ “ မအေ ၊ နှမ ဂါထာ ” ကို ရွတ်ပြီး စိတ်ပျက်သွားသည် ။ ထို ့နောက် ရှက်ကီဖော်ကြီး က
ကတုန်ကယင် ဖြင့်
“ ဆြာကြီးပေ ၊ ကျုပ် အတွက် ရှက်ကီ ဘယ်မှာလဲ ၊ မြန်မြန်ပေးစမ်းပါ ၊ ဒီမှာ ဂလုချင်လှဘီ ”
“ အောင်မာ ၊ ငါ့ဟာငါတောင် ဒီည ဘယ်သူ ့ဆီ သွားပြီး ကပ်သောက်ရမလဲ စဉ်းစားရကြပ်နေတာ ၊ မင်း အတွက် ရှက်ကီ စီစဉ်ထားပေးရဦးမယ် ဟုတ်လား ၊ ရော့ အင့် ဒါဘဲ ရမယ် ”
ကျွန်ုပ်လည်း စိတ်ပေါက်လာပြီး သောက်ပြီးသား ဘီယာသံဗူးခွံ နှင့် လှမ်းပစ်လိုက်ရာ ရှက်ကီဖောကြီးမှာ ကတုန်ကယင် ရှေ ့တိုးနောက်ဆုတ် ဖြစ်နေသောကြောင့် လွဲသွားကာ ကလားစူသီ ကို ဒေါင်ကနဲ ပိတ်မှန်သည် ။ ကလားစူသီ အကြောင်း ပြောပြရဦးမည် ။ သည်ကောင်နာ့မည် တွင်ရပုံမှာ ၊ သူ သင်္ဘောမတက်ခင် ၊ အလွမ်းပြေအောင် အပန်းဖြေမယ် ဟု ဆိုကာ ကျွန်ုပ်တို ့လူစု ရှက်ကီဆိုင်ဝင် ၊ မာဆတ်ထဲဝင် ၊ ကလပ်ထဲ သွားကဲကြတုန်းက ၊ မကတတ် ဘဲ ခုန်ပေါက်နေသဖြင့် ၊ ကလပ်မှ နှင်ထုတ်ခံခဲ့ရသည် ။ ထိုအချိန်မှ စပြီး သူ ့ကို “က မလား စူသီ” ဟု အမည်ဝိုင်းပေးထားရာမှ ကြာသောအခါ “ကလားစူသီ” ဟုသာ ခေါ်ကြတော့လေသည် ။ ကလားစူသီလဲ စိတ်တိုသွားပြီး
“ ဟိတ် လူဒွေ ၊ ခင်ဗျားတို ့ဖာသာ ခင်ဗျားတို ့မကြီးမသေ နဲ ့ကမြင်းကြောထတာ ကျုပ် အသားနာရတယ်နော် ၊ ကြိုက်သွားဘီ ၊ ကျုပ် က ဒီနေ ့ဒီကို ရောက်လာတာ ၊ ပြီးခဲ့တဲ့အခေါက် ဘောလိုက်တာ မြိုးမြိုးမြက်မြက်လေး ရလာလို ့ပြုစုမလို ့၊ အခုတော့ ေxာ ဘဲ ရမယ် ” ( ေxာ = ဝါယော ကို အတိုကောက် သုံးသည် ။ ဝါယော = လေ )
“ ဟမ်…ဘောလိုက်တာ ၊ ဘာကြီးတုန်း ၊ မင်း…မင်း ဟိုဟာတွေလို လိုင်းပြောင်းသွားပြီလားဟင် ”
“ ထပ်တရီး ၊ ဘယ်ကလာ ၊ ဘောဆိုတာ သင်္ဘော ကို အတိုကောက် ပြောတာ ”
အရူးငတိ ၊ ရှက်ကီဖော်ကြီး နှင့် ကျွန်ုပ် တို ့လည်း ပြုစုမလို ့ဆိုသော စကားသံကို ကြားလိုက်ရသည် နှင့် ၊ လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး ၊ ပထမ ဆုံး ရှက်ကီဖော်ကြီး က ကလားစူသီ ကို ပြေးဖက်တောင်းပန်သည် ။
“ ငါ့ သယ်ရင်းကြီးကလဲ ၊ တို ့အချင်းချင်း မတွေ ့တာ ကြာလို ့တွေ ့ရင် ဒီအတိုင်း နှုတ်ဆက်နေကြဘဲ ဟာ ၊ ဟာဘဲဟာ ၊ စိတ်ချိုး စရာလားလို ့၊ ဟွင်းဟွင်း ”
အရူးငတိ က လည်း မခေ
သူ ့အိတ်ကပ်ထဲမှာ ငှက်မွှေးတောင် တစ်ချောင်းထုတ်ကာ ကလားစူသီ ၏ ဟိုစေ့ ၊ ( အို ရှုပ်ကုန်တော့မှာဘဲ ) မေးစေ့ ကို ဇွတ်ပွတ်တော့သည် ။
“ ဟီးဟီးဟီးဟီး ၊ ဟားဟားဟားဟား ၊ ဟေ့ရောင် ၊ မလုပ်နဲ ့..တော်တော့..ရပ်စမ်း ၊ ယားတယ်ကွ ၊ ဟီးဟီးဟီးဟီး ၊ ဟိုးဟိုးဟိုးဟိုး ”
“ စောန က ပြုစုမယ် ဆိုတဲ့ စကား ကို ၊ သေချာပြုစုပါမယ် လို ့အမြန်ပြောလိုက်စမ်းဘာ ၊ မပြောမချင်း အရယ်မရပ်ရဘူးမှတ် ”
ကျွန်ုပ်လည်း “ ဟေ့ စူသီ ၊ ပြောလိုက်ပါကွယ် ၊ မင့်နှယ် ၊ တို ့တွေ ကို ပြုစုဖို ့ရည်ရွယ်ပြီး လာခဲ့တာမလားကွဲ ့၊ ထွက်ပြီးသား နှပ်ချေး ပြန်မဝင်စကောင်းဘူးလေ ကွယ် ”
“ အာ ၊ ဆြာကြီးပေ ကလည်း ၊ ဆင်စွယ်တော့ လုပ်ပါ ”
“ ဘာဖြစ်ဖြစ်ကွာ ၊ အဓိက က အဓိက ဘဲ မလား ၊ ဟေ့…စူသီ..ကောင်လေးနှယ် လိမ်မာရဲ ့သား နဲ ့မမိုက်ချင်စမ်းဘာနဲ ့”
“ ဟီးဟီးဟားဟား ၊ ဟေ့ရောင် အရူးငတိ ရပ်ပါတော့ဟ ၊ ငါ့စကားအတိုင်း ပြုစု ပါမယ်ကွ ”
“ ဂယ်နော် ၊ မညာရဘူးနော် ၊ တစ်ကယ်ကတိ တည်ရမယ်နော် ”
“ အေးပါကွ ၊ ရပ် ပါတော့ ဟ ၊ ရယ်ရလွန်းလို ့မောလှဘီ ”
အရူးငတိ က ဒါမျိုးကြ တော်သည် ။ ကိုယ်လိုချင်သော စကား ရမှ ရပ်လိုက်တော့သည် ။
ကလားစူသီ လည်း ငှက်တောင်နှင့် ထပ်ကလိယား ထိုးခံရမည် ကို ကြောက်သဖြင့် ၊ သူ ့အိတ်ထဲ မှ ပါလာသော ငါးထောင်ကျပ်တန် တစ်အုပ် ကို ရိုသေစွာ ထုတ်ပေးသည် ။
ကျွန်ုပ်လည်း ၊ ခြံထဲတွင်အလကားလာနေသော ၊ လက်တိုလက်တောင်းခိုင်းနေကြ တပည့်ကျော် ပဲလှော် ကို စားဖို ့သောက်ဖို ့ သွားဝယ်ရန် ပိုက်ဆံပေးခိုင်းလိုက်သည် ။
“ ပြောစမ်းပါဦး ကလားစူသီ ၊ ဘာတွေ မြိုးမြိုးမြက်မြက် ရလာသလဲ ဆိုတာ ”
“ ဟုတ်ပ ၊ ငါတို ့လဲ မင်း ထုခဲ့တဲ့ ဂွင်း တွေ အဲလေ ဂွင်အတွက် မုဒိတာ ပွားရတာပ ”
“ ဒီလိုဗျ ၊ ဒီတစ်ခေါက် ကျုပ် ဘော က ဟိုပြန်ပေးတွ ရှိတဲ့လမ်းကနေ ဖြတ်ခဲ့တာလေ ”
ဟေ.. ၊ ဟမ်.. ၊ ဟုတ်လား.. ၊ မင်းတို ့ပြန်ပေးမဆွဲခံရဘူးလား ၊ ငါ့ရောင်ကြီးက ဘော်ဒါတွေ ကို သိတတ်လို ့၊ ဘောတစ်ခုလုံး ကံကောင်းခဲ့တယ် မှုတ်လား
“ ဟေ့လူဒွေ ၊ ခင်ဗျား တို ့မေးတာဖြေရမှာလား ၊ ကျုပ့် အဖြစ် ကို ဆက်ပြောရမှာလား ”
ကျွန်ုပ်လည်း အရူးငတိ နှင့် ရှက်ကီဖော်ကြီး ကို တိတ်တိတ်နေရန် လက်ပြလိုက်ပြီး
“ ကလားစူသီ ဆက်ပြော ”
“ ခင်ဗျားတို ့တစ်တွေ မှန်းလိုက်မှဖြင့် သောက်တလွဲတွေ ချည်းဘဲ ၊ ဒါတောင် ဟို အရူးငတိ က စာကလေးဗေဒင် ၊ ဟို ရှက်ကီဖော်ကြီးက ကြွေဗေဒင် ၊ ဟို ဆြာကြီးပေ က ခပ်တည်တည် နဲ ့ဘောလုံးပွဲခန် ့မှန်းနေသေးတယ် ၊ တော်လိုက်ကြဒါ ကို ”
“ ဒီမှာ မောင်ရင် ၊ မင်းကို ၊ ဆက်ပြော လို ့ပြောတာ က မင့်ဖြစ်ခဲ့ပုံကို ပြောတာနော် ၊ ဒီလိုသာ ငါတို ့ငယ်ကျိုးငယ်နာဒွေ ဆက်ဖော်နေမယ် ဆိုရင်တော့ ၊ ဟေ့ အရူးငတိ အသင့်ပြင်လိုက်စမ်း ”
အရူးငတိ က ငှက်မွှေးတောင် ကို ပြန်ထုတ်ပြီး ၊ ရှက်ကီဖော်ကြီး က တံခါးပေါက်နား ပြေးပိတ်ရပ်လိုက်သည် ။
“ ဟီး..ချစ်လို ့စတာဘာ ၊ ခင်ဗျားတို ့က လဲ စိတ်ချီးဘဲ ”
“ ဒီမယ်မောင်ရင်ရဲ ့၊ ငါတို ့သုံးယောက်စလုံးက မင့်လို ထောပတ်သီး အဲလေ သင်္ဘောသီး မဟုတ်တော့ ခါနာ တောင် နပ်မှန်ရုံ တွယ်နေရတာကွဲ ့၊ ကဲဘာလေ ၊ မင့် ဖြစ်ပုံ သာ ဆက်ပြောစမ်းဘာ ”
“ ဒီလိုဗျာ ၊ ထုံးစံအတိုင်း ၊ ညတစ်ညကြတော့ ၊ ကျုပ်တို ့ဘော ကို အဲ့ကောင်တွေ လာ ဆွဲတာပေါ့ ၊ ကျုပ်တို ့လဲ ဘာလက်နက်မှ မပါတာ ၊ ငြိမ်ခံရတော့တာပေါ့ ”
“ အဲဒါကြောင့် ၊ ငါ့ လေးဂွ ကို ယူသွားပါဆို ”
“ ကျုပ်တို ့ဘော က သဂျီး အူးပိုင် ခဗျာလဲ သူရို ့စေညွှန်သလို လုပ်ရတော့တာပေါ့ ၊ နောက်နေ ့မနက်ကြ ၊ ကျုပ်တို ့ဘော ပေါ်က လူအားလုံးကို သူရို ့ခေါ်စစ်ကြတယ် ၊ ဘော အနှံလဲ အဖိုးတန်ပစ်စီး ပါမပါ လိုက်ရှာကြတာပေါ့ ”
“ ဘာတွေ ပါသွားဒုန်း ၊ ဘာတွေ တွေ ့သွားသေးလဲ ”
“ ဖြစ်ချင်တော့၊ ကျုပ်တို ့ဘော သယ်လာတာက ၊ မိတ်အင်ယူအက်စအေ ကွန်ဒုံးတွေ ဘဲ ဖြစ်နေတယ် ၊ အဲဒါနဲ ့ပြန်ပေးတွေလည်း ညစ်သွားတာပေါ့ ၊ ဒါနဲ ့သဂျီး အူးပိုင် ကို ဖက်စ်ပို ့ခိုင်းလိုက်တယ် ၊ ဘော ကို ဘယ်လောက်နဲ ့လာရွေးဖို ့ဘာညာ ၊ သဂျီးအူးပိုင် နဲ ့ဆက်သွယ်ရေးကောင်လဲ ဖက်စ်ပို ့မလို ့လုပ်တုန်း ၊ ပြန်ပေးခေါင်းဆောင် က ရုတ်တရက် နေရင်းထိုင်ရင်း အကောင်းကြီးကနေ တစ်ဆတ်ဆတ် တုန်လာတယ် ။ မျက်နှာကြီး ကို ရှုံ ့မဲ့လို ့၊ သူ ့ဖင်သူ လက်နဲ ့ပိတ်ပြီး ကုန်းနေတယ် ။ ပြန်ပေးတွေ အားလုံးလဲ သူရို ့ခေါင်းဆောင် ကို ကြည့်ပြီး ပြာကုန်ကြတယ် ။ ကျုပ်တို ့မလဲ သူ ့ကြည့်ရတာ မသက်သာဘူး ။ အဖြစ်ကဆိုးတယ် ။ သဂျီးအူးပိုင် က ကန်ကလေး အဲဒါဘာဖြစ်တာလဲ ဆိုပြီး လွှမ်းပိုင် သီချင်းဆိုသလို မေးလိုက်တယ် ။ လိပ်ခေါင်း တဲ့ဗျာ ။ ”
ထိုစဉ် စားဖို ့သောက်ဖို ့ဝယ်ခိုင်းလိုက်သော ၊ ကျွန်ုပ် တပည့်ကျော် ပဲလှော် ပြန်ရောက်လာသဖြင့် ၊ ဘီယာတစ်လုံး ကို အရင်ဖောက်ပြီး ကလားစူသီ ကို တိုက်လိုက်သည် ။ ကလားစူသီ လည်း ဘယ်တုန်းကများ ငတ်လာခဲ့သည်မသိ ။ ဖောက်ပေးလိုက်သော ဘီယာ တစ်လုံး လုံးကို တစ်စက်မကျန် မော့သောက်ပြီး
“ ခင်ဗျား တို ့သိကြတဲ့ အတိုင်းဘဲ ၊ ကျုပ် က ဆေးလေးဘာလေး နဲနဲ ကု တတ်တယ် မလား ”
“ ဟေ…မသိပါဘူးဟ ၊ ဘယ်တုန်းက ကုတတ်သွားတာလဲ ”
“ အေးလေ…ကြားတောင် မကြားဖူးဘူး ၊ ဘာလဲ ရမ်းကုလား ”
“ လုပ်ပြန်ဘီ ၊ မကြားဖူးလဲ ပုံပြင်သာမှတ်တော့ ၊ အဲဒီမှာ ကျုပ် လဲ သဂျီးအူးပိုင် ကို ပြောလိုက်တယ် ၊ သဂျီး ကျုပ် လိပ်ခေါင်း ဆိုရင် ကုတတ်တယ် လို ့၊ သဂျီးလဲ ဝမ်းသာသွားပြီး ၊ ပြန်ပေးခေါင်းဆောင် နဲ ့အပေးအယူ လုပ်လိုက်တယ် ၊ လိပ်ခေါင်း ကုပေးမယ် ၊ ကျုပ်တို ့ကို ပြန်လွှတ်ပေး ပေါ့ ၊ ဒါနဲ ့ပြန်ပေးခေါင်းဆောင် လဲ မယုံသင်္ကာ နဲ ့၊ ဟုတ်လား တစ်ကယ်ပျောက်မှာ သေချာလားပေါ့ ၊ မဟုတ်ရင် သေနတ်ဆိုတဲ့ သဘောနဲ ့သေနတ် ကို ပြတယ် ၊ သူဂျီးအူးပိုင် လည်း မျက်နှာငယ်လေး နဲ ့ကျုပ် ကို အားကိုးတစ်ကြီး ကြည့်ရှာတယ် ၊ ကျုပ် လဲ လက်မ ထောင်ပြလိုက်ပြီး ၊ အဲဒီနောက် ဘော ပေါ်က အခန်းတစ်ခု ထဲ မှာ ပြန်ပေးခါင်းဆောင်နဲ ့ကျုပ် နဲ ့နှစ်ယောက်ထဲ ပေါ့ဗျာ ၊ သူ ့ဟာ ကို ကျုပ်ကြည့်တော့ ၊ ထွီ ရွံစရာကောင်းလိုက်တာဗျာ ၊ ကျုပ် က ကုတတ်တယ်သာ ပြောတာ ဘယ်သူ ့ကိုမှ ကုပေးခဲ့ဖူးတာ မဟုတ်ဘူးလေ ၊ ဒီကုနည်း က ကျုပ်တို ့မျိုးရိုးမိသားစုတွေ ဘဲ အမွေဆက်ခံ ရတဲ့ ဆေးကုနည်းကိုး ၊ ကျုပ် လဲ စပြီး ကုမယ်လုပ်ရော ၊ ပြန်ပေးခေါင်းဆောင် နှယ်ဗျာ ၊ ယောက်ျားမဟုတ်တဲ့ အတိုင်းဘဲ ၊ အော်လိုက်တာကိုး ၊ တစ်ခါ ၊ နှစ်ခါ ၊ သူ သုံးခါ လဲ အော်အပြီး ကျုပ် ဆေးကုတာလဲ ပြီးသွားတယ် ”
ကလားစူသီ လည်း မောသွားဟန်ဖြင့် ဘီယာပုလင်းခွံ ကို ခေါက်ပြသည် ။
ကျွန်ုပ်တို ့လည်း ကောင်းခန်းရောက်မှ ကြော်ငြာဝင်သလို ၊ ဇက်တငံ့ငံ့ နှင့် ပဲလှော် ကို ဘီယာတစ်လုံး အမြန်ဆုံး ဖောက်ခိုင်းလိုက်သည် ။
သကောင့်သား ကလားစူသီ သည် ဘီယာပုလင်းအသစ်ကို ကုန်အောင် မော့ပြီးမှ
“ ထွီ ၊ ခင်ဗျားတို ့ကို ခင်လို ့သာ ပြန်ပြောပြတယ် ၊ အခုပြောနေရင်းနဲ ့မျက်လုံးထဲ ပြန်မြင်လာပြီး အန်ချင်လိုက်တာ ”
“ ကဲပါ ၊ ငါ့ရောင်ရာ ၊ ပြောမယ့်ဟာသာ ဆက်ပြောစမ်းဘာ ၊ ပြီးမှ မင်းဟာမှ အန်ဖတ်ဆို ့သေသေ ”
“ ငနဲကြီး က မျက်လုံးလေး ပေကလပ် ပေကလပ် နဲ ့၊ မှန်လေးတစ်ချပ်ယူ ဖင်ကုန်းပြီး သူ ့ဟာသူ မှန်နဲ ့ချိန်ကြည့်နေတယ် ၊ ပြီးလဲ ပြီးရော ၊ အားပါး ကျုပ် ကို ဇွတ်ဖက်နမ်းတော့တာဘဲ ၊ ယောက်ျားချင်းကြီးဗျာ ကစ်ဆင်းတွေ ဆွဲတာ ၊ ရွံလိုက်တာဗျာ ထွီ ၊ ပြီးတော့ ကျုပ်တို ့နှစ်ယောက် အခန်းထဲကနေ ၊ ပြန်ထွက်လာကြတာပေါ့ ၊ ပြန်ပေးခေါင်းဆောင် က အားရပါးရ ပြုံးပြုံးကြီးနဲ ့၊ သဂျီးအူးပိုင် ကို ကျေးဇူးတင်စကားပြောတယ် ။ ပြီးတော့ သူ ့လူတွေ ကို ကျုပ်တို ့ဘောကို ပြန်လွှတ်ပေးဖို ့ခိုင်းတယ် ။ ကျုပ် တို ့ဘော ထွက်ခါနီးမှ ၊ ပြန်ပေးခေါင်းဆောင် က သူ ့တပည့် တစ်ယောက် ကို ကျုပ်ဆီ လက်ဆောင်အဖြစ် အိတ် လေးတစ်ခု ပေးခိုင်းလိုက်တယ် ။ ဆေးကုခ ပေါ့ဗျာ ။ ကျုပ်လဲ ဘာမှ မဟုတ်လောက်ဘူး ထင်ပြီး ပေါ့သေးသေးဘဲ ကျုပ်သေတ္တာထဲ ထည့်လာခဲ့တာ ၊ အခု ဒီပြန်ရောက်ပြီး ဟိုနေ ့က သေတ္တာပြန်ရှင်းတော့မှ ၊ အဲ့အိတ်လေး ကို သတိရပြီး ၊ ထုတ်ကြည့်လိုက်တော့ ဘာတွေ ့ရတယ် မှတ်လဲ ၊ စိန်ပွင့်လေးတွေဗျ ၊ အားလုံး ၁ဝပွင့်တောင်မှ ။ ဒါနဲ ့ဟိုနေ ့က ပန်းဆိုးတန်းလမ်း က စိန်ကုန်သည်ဦးမဲချော ဆီမှာ သွားပြတော့ တစ်ပွင့် ကို သိန်းတစ်ရာ ပေးဝယ်လိုက်တယ် ။ အဲဒါ အခု ခင်ဗျားတို ့သုံးယောက် ကို ကျုပ် ပြုစုရတဲ့ အကြောင်းရင်းဘဲ ”
“ အိမ်း…ကောင်းလေစွ ၊ ကောင်းလေစွ ၊ တယ်တော်သော ၊ ဆရာသမား မိတ်ဆွေကောင်းများ အပေးမှာ သိတတ်ရှာသော ကလားစူသီပါပေတစ်ကား ၊ ယခုလို ပြုစုရသော အကျိုးကြောင့် ၊ နောင်လည်း အဲဒီလို လိပ်ခေါင်းရောဂါသည် များ နှင့် အဆက်မပြတ် တွေ ့ရပါစေ လို ့ကျွန်ုပ်ဆြာကြီးပေ မှ ဆုတောင်းမေတ္တာ ပို ့ပေးပါတယ်နော ”
“ ကဲ..ပြီးရင် သောက်ကြစို ့လေ ၊ ကျုပ် က သောက်ချင်လှဘီ ”
“ နေပါဦး ဖော်ကြီး ရဲ ့၊ ဒီမှာ ကလားစူသီ ၊ မင်း ဆေးနည်း ကို ငါရို ့ကို ပြောပြဦးလေ ”
“ ဒါက ဒီလို ရှိပါတယ် ၊ ဒီဆေးနည်းဟာ ဆိုရင် အင်မတန်မှ အစွမ်းထက်ပါတယ် ။ ဒီဆေးနည်း ကို ကျုပ် တို ့မျိုးရိုးမိသားစုဝင်တွေမှသာ သင်ယူခွင့်ရှိပါတယ် ၊ ခင်ဗျားတို ့တွေ အနေနဲ ့၊ ဒီဆေးနည်း ကို တတ်ချင် သိချင်သပ ဆိုရင် ၊ သင်ယူခွင့်ရှိမယ့် တစ်ခုထဲသော နည်းလမ်းကတော့ ၊ ခင်ဗျား တို ့ညီမဖြစ်ဖြစ် ၊ အမ ဖြစ်ဖြစ် ကျုပ် ကို ပေး ၊ ကျုပ် မိန်းမ ဖြစ်ရင် ကျုပ် က သူ ့ကို သင်ပေးမယ် ၊ ပြီးမှ ခင်ဗျား တို ့က ကိုယ့်နှမ ကိုယ့်အမ ဆီက ပြန်သင်ကြပေါ့ ၊ ဘယ်လိုလဲ ပေးမှာလား ”
“ အောင်မာ ၊ ကလားစူသီ နင်တယ်ဂျလည်ကြပါလား ၊ ဆေးနည်း လဲ မသင်ချင်တော့ဘူး ၊ ညီမလဲ မပေးဘူး ၊ အမလဲ မပေးဘူး ၊ သောက်ကြစို ့”
“ ဟုတ်တယ်..ကဲ..ပျော်ပျော်ပါးပါး သောက်ကြပါစို ”
သို ့ဖြင့် ၊ ကျွန်ုပ်တို ့လေးယောက် နှင့် တပည့်ကျော် ပဲလှော်တို ့သည် အားလုံး မူးမှောက် သည်အထိ သောက်စားကြပြီး သကာလ ၊ နောက်နေ ့မနက်ကြမှ ပြန်လူစုခွဲ ဖြစ်ကြသည် ။
ဤတွင် ကျွန်ုပ် ၏ “ အလှူမျှော် ဂွင်ရှာ ခြံကြီး မိတ်ဆက် ” အကြောင်းပြီး၏
နောင်လည်း ကျွန်ုပ်တို ့လေးယောက် တွေ ့ဆုံခန်းများကို အလျင်းသင့်သလို တင်ဆက်ပေးသွားပါမည် ။
လိပ်ခေါင်းကုဆေးနည်း ကို သိရှိလိုသော စာဖတ်သူများ အနေဖြင့် ကလားစူသီ ၏ စည်းကမ်း ကို သေချာစွာ ဖတ်အပြီး ၊ သဘောတူသည် ဆိုမှ ၊ ကျွန်ုပ်ထံ ကလားစူသီ ၏ လိပ်စာ ကို စုံစမ်းမေးမြန်းကြပါရန် ။
——- အားလုံးကို ကျေးဇူးတင်ပါသည် ——-
( အထူးသဖြင့် ဒိန်ညှင်းသီးနှင့်ဝက်နို ့ပို ့စ်ရေးတင်သူ ချစ်ခင်လေးစားရပါသော မိတ်ဆွေကြီး ကို ပိုကျေးဇူးတင်ပါသည် ။ သူ ့ပို ့စ် ကို ဖတ်ပြီးမှ သည်ပို ့စ်အတွက် အိုက်ဒီယာ ရမိပါကြောင်း ၊ ယခုပို ့စ်ပါ မိတ်ဆွေများအနေဖြင့်လည်း ၊ မိမိတို ့၏ အဖြစ်မှန်များကို ဖော်ကောင်လုပ်သည်ဟု မယူဆ ဘဲ ၊ ခွေးလွှတ်နားလည်ကြပါကုန် )
15 comments
ကိုပေါက်(မန္တလေး)
December 14, 2011 at 9:51 pm
မောင်ပေ
လိပ်ခေါင်းကုနည်းတတ်အောင်သင်လိုက်ပါလား၊
အခုမြန်မာပြည်က အဆိုတော်အားလုံးဒီရောဂါရှိတယ်ပြောတယ်နော်။
ဂွင်ကျယ်လောက်တယ်။
windtalker
December 14, 2011 at 9:54 pm
အဟက်..ကိုပေါက် စိတ်ဝင်စားရင် ၊ အဲဒီ့မှာ စည်းကမ်း ကို သေချာအရင်လေ့လာပါနော
သေချာပြီ ဆိုရင်တော့ ပြော ၊ ကလားစူသီ နဲ ့ဆက်သွယ်ပေးမယ်
ကိုရင်စည်သူ
December 14, 2011 at 10:11 pm
အားလေး … အိုင်ပီကိုပေရေ… အလှူမျှော်ဂွင်ရှာ ခြံကြီးက
ရှက်ကီပေါက်ဖော်နဲ့ ကလားစူသီလည်း (ကုလားမတစ်ယောက်ကို ဆင်ကြံကြံခဲ့မိလို့
အနော့်အား ကလားစူသီဟု သမုတ်ကြလေသတည်း) ကြံရာမရအဆုံး
ကျွန်ုပ်၏ လျှို့ဝှက် လိပ်ခေါင်းဆေးတော်ကြီးအား အိုင်ပီကိုပေအား
တိတ်တိတ်လေး ခိုးပေးလိုက်ပါတယ်။ 😛 😛 😛
ကိုပေရေ.. ဒညိန်သီးနဲ့ ဝက်နို့အုံနဲ့တောင် ဒီလောက်အိုင်ဒီတွေ
ထွက်နေရင်… နောက်ကို ကိုရင်ရေးမယ့်… ဆိတ်နို့၊ ကြက်နို့.. နွားနို့.. တို့ဆိုရင်
ဒီထက်ကောင်းမယ်အိုင်ဒီယာတွေ ထွက်ဦးမယ် ထင်တယ်…
အလှူမျှော်ဂွင်ရှာအုန်းမယ့် ကိုပေနဲ့ ရှက်ကီရောင်ရင်းများ… 😆 😆 😆
လင်းဝေ
December 15, 2011 at 9:45 am
ဘဲထီးဂွတ်။
ဘောစီးတဲ့ စူသီ့ကို စိန်ကုန်သည် ဦးမဲချော က နည်းနည်း ဈေးနှိမ်လိုက်သလားလို့။
စူသီ့ အစ်မ တို့ ညီမတို့ ယူလိုက်ရင်လည်း ဆေးပညာသင်ပေးလို့ရတာပဲလေ။
ပေါက်ဖော်
December 15, 2011 at 10:00 am
ဟမလေး.. ကလားမစူသီရဲ့ သင်တန်းကြေးကလဲ..ဖလားဖလား..မတွေးရဲအောင်ဘဲ..
အသာရေးပါ ပေသိင်္ခရဲ့..အသာရေးပါ
😯
Moe Z
December 15, 2011 at 10:13 am
ငယ်ကျိုးငယ်နာတွေပေါ်ကုန်ပြီဗျို့
ဦးမဲချောကို သီချင်းရေးဆရာမှတ်နေတာ
စိန်ကုန်သည်ကိုး ဘောစိပဲ 😛
windtalker
December 15, 2011 at 12:18 pm
ညီမငေး မင်ဂါပွဲကြရင်
ဦးမဲချော ကို သာ သတိရလိုက်ဘာကွယ်..
Moe Z
December 15, 2011 at 12:26 pm
စပွန်ဆာပေးခိုင်းရမှာလား ကိုပေ
မတက်နဲ့ဦးနော် ဘဘ ဘလက် 😀
windtalker
December 15, 2011 at 12:50 pm
အမရာ ၂ ဘော ကို အစိမ်း၃၀၀ဝ ပေးစီးခဲ့သူပါကွယ်
အဲ့လောက်ဆို ဆန်းမစ်ပက်ဗျူးလောက်တော့ ငှားနိုင်ကောင်းပါရဲ ့နော
ကြောင်ကြီး
December 15, 2011 at 12:57 pm
ကျောက်စိမ်းသူဌေးနဲ့ စိန်သူဌေး ဘယ်သူပိုချမ်းသာသလဲ သိချင်သား…..။ ကြောင်ကြီးကသန်းကြွယ်သူဌေး၊ ကြောင်ကြီးသခင်မလေး ဂရုမစိုက်လို့။။။ (:
“ဘီလူးကြီး”ogre
December 15, 2011 at 1:24 pm
ကုလားစူသီးက
ခြံထဲလာတဲ့လူတွေ ဟင်ချက်ကြွေးတယ်
ကပေရဲ့ အလှူမျှော်ဂွင်ရှာခြံထဲလာရင် ကပေက အရက်တိုက်တယ်..ကောင်း၏ 🙂 😛
windtalker
December 15, 2011 at 1:34 pm
ကိုဘီလူး ဆီ ရောက်ရင်
သူက မတစ်ထောင်ကြားမှာ ကိုယ်ပျောက်နေသူ ဆိုတော့
ဘာနဲ ့များ ဧည့်ခံမှာပါလိမ့်
သိချင်စမ်းပါဘိ
ဟီဟိ
blackchaw
December 15, 2011 at 1:36 pm
အသာလုပ်ပါ ကိုပေရယ်။
အမရာ ၂ က ကျွန်တော်တို့ သူငယ်ချင်းမတစ်ယောက်ရဲ့ သင်္ဘောပါဗျာ။
ကျောင်းက သူငယ်ချင်းတွေ မန်း ကိုလာလည်တယ်ဆိုတော့
သူ့သင်္ဘောပေါ်မှာ ဧည့်ခံတဲ့ သဘောပါ။
သွားတာလာတာစားတာလည်း
ကျောင်းက ဘောစိ သူငယ်ချင်းတွေပဲ
စပွန်ဆာပေးသွားတာပါဗျာ။
ဘလက်တို့ က အလကားလိုက်ပြီး စားသောက်ပြီး
ဓါတ်ပုံရိုက်ခဲ့တာပါ။
windtalker
December 15, 2011 at 1:39 pm
ဟီး လွန်တာရှိရင် ဝန္တာမိပါ ဘရားသား ဘလက် ရေ
ရေးသာ ရေးတင်လိုက်သာ ဘရားသားဘလက် ကိုတော့ ကြောက်ပါတယ်ခင်ဗျာ
မင်းသိင်္ခကတောင် ဘရားသား တို ့ဂိုဏ်းအကြောင်း ရေးခဲ့ဖူးသေးတာဘဲ…နော
pooch
December 15, 2011 at 3:55 pm
နာမည်တွေကလည်း လန်ထွက်နေတာပဲ ရှာရှာပေါက်ပေါက် ပေးလည်းပေးတတ်တယ်