ကမာ္ဘခြားတဲ့ချစ်သူ
ကျွန်မကို တောင်ပေါ်မြို့လေးတစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်မကို မမွေးခင်အထိတော့ မေမေကဂီတာတီးပါတယ်။ အရမ်းတော်တဲ့ ဂီတာပညာရှင်တစ်ယောက်လို့လည်းသိရတယ်။ ကျွန်မလူ့လောကထဲရောက်တဲ့အချိန်ကစပြီး မေမေက တီးဝိုင်းအဖွဲ့က ထွက်လိုက်ပါတယ်။ အခုတော့ ဂီတာလေးက အခန်းထောင့်မှာ တီးသူမဲ့လို့ပေါ့။ ကျွန်မငယ်ငယ်က ဘယ်အရွယ်ဆိုတာ သေချာမမှတ်မိတော့ဘူး ၅ နှစ်လား ၆နှစ်လား၊ အဲဒီတုန်းက မေမေဂီတာတီးရင် ကျွန်မရဲ့ လက်သေးသေးလေးကို ဂီတာအိုးပေါ်တင်ထားရတာကို အရမ်းသဘောကျခဲ့တာ။ မေမေကပြောတယ် အဲဒါတုန်ခါမှု ကြောင့်တဲ့။ ဂီတာတီးတိုင်း ကျွန်မရဲ့လက်ကလေးကို တင်ထားပြီး သူမရဲ့ဂီတသံကိုခံစားနိုင်တာကို မေမေကလည်း သဘောကျတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မကဆွံ့အနားမကြားသူတစ်ယောက်အဖြစ် မွေးဖွားခဲ့လို့ပါ။
နောက်ပိုင်းတော့ မေမေကဂီတာကို လုံးဝမတီးတော့ပါဘူး။ ကျွန်မအသက် ၁၈နှစ်ပြည့်တဲ့အထိပါပဲ။ အဖေဆိုတာကိုတော့ ကျွန်မမွေးကတည်းကမမြင်ဖူးပါဘူး၊ ကျွန်မကိုမွေးပြီးကတည်းက ထွက်သွားတာ တစ်ခါမှကို ပြန်မလာခဲ့ပါဘူး။ ဆွံ့အနားမကြားတဲ့သမီးလေး မွေးလာလို့များလား၊ မေမေကတော့ ဘယ်လိုမှတ်ချက်မျိုးမှမပေးပါဘူး။ မေမေ့ကိုကြည့်ရတာ တော့ ကျွန်မရဲ့ဖြစ်တည်မှုအပေါ် ဝမ်းနည်းတဲ့စိတ်မကောင်းဖြစ်တဲ့ အမူအရာမျိုးလုံးဝမတွေ့ဖူးပါ။ မေမေက အမြဲတမ်း တက်ကြွပျော်ရွှင်နေတတ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါကြောင့်လည်း လူချစ်လူခင်ပေါတာပေါ့။ ကျွန်မတို့အိမ်မှာ မူကြိုကျောင်းလေးဖွင့်ထားတယ်။ ကလေးတွေအတွက်တော့ မေမေကအကောင်းဆုံးဆရာမတွေထဲက တစ်ယောက်ပေါ့။ မေမေနဲ့ကျွန်မကြားက ဘာသာစကားကတော့ sign language လို့ခေါ်တဲ့ လက်ချောင်းတွေကို အသုံးပြုရတဲ့ ဘာသာစကားပါ။ ကျွန်မသူငယ်ချင်းတွေလည်း ဒီဘာသာစကားနဲ့ပဲပြောကြပါတယ်။ မေမေ့ကြောင့် ကျွန်မရဲ့ အနေအထားကို သူများနဲ့မတူဘူးလို့ တစ်ခါမှမတွေးမိဘူး။ သူ့ကိုမတွေ့ခင်အထိပေါ့။
ကျွန်မတို့မြို့လေးရဲ့ တစ်ခုသောနွေရာသီကျောင်းပိတ်ရက်မှာ အလည်ရောက်လာတဲ့ ဧည့်သည်တစ်ယောက်ကို ဆရာက မိတ်ဆက်ပေးပါတယ်။ ကျွန်မက နားမကြားပေမယ့် lip-read ဆိုတဲ့ ပါးစပ်ကိုကြည့်ပြီးတော့ ဘာပြောတယ်ဆိုတာ ကိုနားလည်နိုင်ပါတယ် ဖြည်းဖြည်းပြောရင်ပေါ့။ သူကကျွန်မကို တွေ့ရတာဝမ်းသာပါတယ်လို့ ပြောတယ်။ ပထမဆုံး အကြိမ်အဖြစ် ကျွန်မ ကိုယ့်ကိုကိုယ်သိမ်ငယ်စိတ်ဝင်မိသွားတာပါ။ ကျွန်မသူ့ကို တစ်ခုခုပြန်ပြော ချင်တယ် ဒါပေမယ့် သူနားလည်မှာမဟုတ်ဘူး။ ကျွန်မငယ်ငယ်က ကလေးတွေနဲ့အတူတူကစားရင်း စကားပြောကြည့် ဖူးတယ်။ သူတို့ကကျွန်မ အသံကိုကြားတော့ ရယ်ကြတယ်လေ။ ဒါ့ကြောင့်နောက်ပိုင်းမှာ ကျွန်မရဲ့အသံကို လုံးဝအသုံးမပြုတော့ဘူး။ အချစ်ဆိုတာ တာဆီးလို့လည်းမရသလို ဖန်တီးလို့လည်းမရဘူး။ “She who has never loved has never lived” လို့ John Gay ကပြောတယ်။ ကျွန်မကတော့ အခြေအနေမတူတဲ့ သူတစ်ယောက်ကိုချစ်မိပြီး ကမာ္ဘတစ်ခုခြားနေရပါတယ်။ နေ့တိုင်း ကျွန်မအခန်းရဲ့ ပြတင်းပေါက်လေးကနေ သူကျွန်မအိမ်ရှေ့က ဖြတ်လျှောက်မယ့် အချိန်ကို စောင့်ကြည့်ရင်းသူ့ကို တိတ်တိတ်လေးငေးနေမိတာ။ ကျွန်မကိုမြင်ရင် ပြုံးပြတတ်တဲ့ သူ့ရဲ့နွေးထွေးတဲ့အပြုံးလေးတွေကို တကယ်မက်မောပါတယ်။ ကျွန်မတို့သားအမိကြားမှာ လျှို့ဝှက်ချက်ဆိုတာမရှိခဲ့ပေမယ့် သူနဲ့ပတ်သတ်တဲ့ ကျွန်မရဲ့ ခံစားချက်တွေကိုတော့ မေမေ့ကိုပြောပြဖို့ တွန့်ဆုတ်နေမိပါတယ်။ ကျွန်မရဲ့သူငယ်ချင်းကောင်း လည်းဖြစ်တဲ့ မေမေသိရင် ဘယ်လိုမှတ်ချက်မျိုးပေးမယ်ဆိုတာကိုလည်း သိချင်မိပါတယ်။
အခုတလောကျွန်မ စိတ်နဲ့လူနဲ့ မကပ်တာ မေမေကရိပ်မိ သလိုပဲ၊ အခုလည်းစိတ်တွေမွမ်းကျပ်လာလို့ ကျွန်မတို့မြို့လေးရဲ့ဘုရားကျောင်းကို ကျွန်မ တစ်ယောက်တည်း ထွက်လာ ခဲ့မိတယ်။ ကျွန်မရဲ့ခြေထောက်တွေ ဟောလ်ထဲကို ချမိတာနဲ့ တုန်ခါမှုတစ်ခုကို ခံစားလိုက် ရတယ်။ ငယ်ငယ်က ကျွန်မရဲ့ လက်ကလေး မေမေ့ဂီတာပေါ်တင်တုန်းက ခံစားချက်မျိုး၊ အထဲမှာက ကျွန်မရဲ့ ကမာ္ဘတစ်ဘက်ကချစ်သူက ဒရမ်တီးနေ တယ်လေ။ သူက နာမည်ကြီးဒရမ်မာ တစ်ယောက်ပါတဲ့။ ကျွန်မက ချစ်သူရဲ့ဂီတသံကိုတောင် မခံစားနိုင်တဲ့သူပါ။ အဝေးကနေပဲ ချစ်ပါတော့မယ် ချစ်သူရယ်၊ ကျွန်မဆုံးဖြတ်ချက်က ပိုပြီးသေချာသွားပါပြီ။ ကျွန်မရဲ့ခံစားချက်ကို ဘယ်သူမှ မသိအောင် ကြိုးစားပြီးနေသွားပါ့မယ်၊ ကျွန်မရဲ့မေမေတောင်မသိအောင်လေ…။ ကျွန်မရဲ့ကမာ္ဘလေးကတော့ အမြဲတမ်း တိတ်ဆိတ်နေပါတယ်။ ဂီတသံတွေမရှိဘူး၊ ငှက်ကလေးတွေသီချင်းဆိုတဲ့အသံမရှိဘူး၊ လမ်းမပေါ်ကဆူညံတဲ့အသံတွေမရှိဘူး။ ကျွန်မဖတ်ဖူးတဲ့ ဝတ္ထုတွေမှာတော့ အစပိုင်းမှာ ဘယ်လိုအခက်အခဲတွေပဲရှိရှိ ဇာတ်သိမ်းခန်းရောက်ရင် မင်းသားနဲ့မင်းသမီးပေါင်းသွားကြပါတယ်။ ဘဝက ဝတ္ထုတစ်ပုဒ်မဟုတ်သလို ကျွန်မကလည်း မင်းသမီးမဟုတ်ဘူးလေ။ သူငယ်ချင်းတွေနဲ့ ကျွန်မတက်ခဲ့တဲ့ကျောင်းမှာ ဘဝတူကလေးတွေကို စာပြန်သင်ရင်း ကျွန်မရဲ့စိတ်ကို အရင်ကအနေအထားပြန်ရောက်ဖို့ ကြိုးစားရပါဦးမယ်။ မေမေ့ရဲ့ ရပ်တည်မှုကတော့ ကျွန်မအတွက် အကြီးမားဆုံးခွန်အားပါ။ ။
31 comments
ပေါက်ဖော်
December 15, 2011 at 9:50 am
ရင်ထဲ ထိချက် ပြင်းလွန်းတယ်.. (ရုပ်ရှင်နာမည်မဟုတ်)
ကပေါက်ဖော်၏ ရင်ထဲ အသဲထဲ..၂လုံးထဲမှ..ထွက်ပေါ်လာတဲ့ တုန်ခါမှုသာ ဖြစ်ပါသည်..
😆
Moe Z
December 15, 2011 at 10:06 am
တိုက်ဆိုင်သွားလို့လား ဘဘပေါက်ဖော်ရဲ့အကြောင်း
ဘာမှမသိဘူးနော် အပြင်မှာလည်းမမြင်ဖူးဘူး 😀 😀
meengelay
December 15, 2011 at 10:31 am
ဖတ်လို့ကောင်းလိုက်တာ ဒါပေမယ့် နည်းနည်းရှည်ရှည်လေးရေးရင် ပိုကောင်းမယ်နော်……
Moe Z
December 15, 2011 at 10:51 am
ကျေးဇူးပါ နောက်တစ်ခါရှည်ရှည်လေးရေးပေးပါ့မယ် 🙂
super
December 15, 2011 at 10:35 am
ကောင်မလေးကို သနားတဲ့စိတ်နဲ့ ခံစားရတယ်ဗျာ……….
windtalker
December 15, 2011 at 11:12 am
ကျမ နာမည် မိုးဇက်လေးပါ မန်းဂေဇက်မှာ ပျော်ပါဒလယ်
အမေကတော့ မြူးဇစ်ရှင်းပေါ့ ဂစ်တာကြီး တီးပါဒလယ်
အခုထပ်တွေ ့တဲ့ သူလေးကြောင့် မေမေ့ ကို အားနာဒလယ် ။ အားနာဒလယ်
Moe Z
December 15, 2011 at 11:50 am
ကိုပေပြောမှ မိုးစက်လည်း deaf girl ဖြစ်သွားပြီ 😀
inz@ghi
December 15, 2011 at 3:01 pm
Owntune ဆိုရင် မိုးစက်ဟာ ကျနော် တကယ် ရသပေါ်လွင်အောင် ချယ်မှုန်းနိုင်တဲ့ ဝတ္ထုတို စာရေးဆရာမ တယောက်ပဲ…
Translate ဆိုရင်တော့ စကားလုံးကြွယ်ဝပြီး ခံစားဖန်တီးနိုင်တဲ့ ဘာသာပြန်ဆရာမ တစ်ယောက်ပါပဲ…
Story လေးတခုကို စိတ်ကူးဉာဏ်ကွန့်မြူးပြီး ပေါင်းစပ်ဖွဲ့စည်းထားတာပါ ဆိုရင်တော့ ခင်ဗျားရဲ့ adoption, adaptation နဲ့
innovation ability ကို ချီးကျူးရမှာဖြစ်ပါတယ်…
လေးစားပါတယ်ခင်ဗျာ.
ခင်တဲ့
Inz@ghi
etone
December 15, 2011 at 3:43 pm
မိုးဇက်ရေ … ဆန်းတော့ဆန်းတယ်နော် … ။ ဆွံအနားမကြားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ရင်ထဲမှာ တခြားကောင်လေးတယောက်ရှိနေတာကိုပါ … ။ မပြည့်စုံတဲ့ လူတွေဟာ အများအားဖြင့် မိသားစုအပေါ်ပဲ မှီခိုတတ်ကြသလို အခြားလူတွေနဲ့ အရောတဝင် ဆက်ဆံတာနည်းပြီး .. မိသားစုတွင်းတောင်မှပဲ … တဦးတည်း သီးခြားနေချိန်ပိုများတယ် .. ဒီကောင်မလေးကို စိတ်ဓါတ်မကျအောင် ပြုပြင်ပေးခဲ့တဲ့ .. သူ့အမေအရမ်းတော်တယ် … ။ လူတယောက်မှာ အရေးအကြီးဆုံးကတော့ စိတ်ပါပဲ … ။ သူ့ပေါ်မူတည်ပြီး စိတ်ခံစားမှုကွာခြားတယ် … ။ 🙂
Moe Z
December 15, 2011 at 4:15 pm
ဟုတ်ကဲ့ မိုးစက်ရဲ့ရည်ရွယ်ချက်ကလည်း
အဲဒီအကြောင်းအရာလေးကို ပေါ်လွင်စေချင်တာပါ
အများနဲ့မတူတာကို အားငယ်စရာလို့မမြင်ပဲ ရပ်တည်စေချင်ပါတယ်
windtalker
December 15, 2011 at 7:42 pm
သားသားမမ ရန်ကုန်သူ
ဆဲပုံဆိုပုံ ခွက်ပြောင်သူ
အများနဲ ့မတူ အပနား နဲ ့ယူ
သားသားမမ မမ ရန်ကုန်သူ
Moe Z
December 15, 2011 at 3:56 pm
ဖတ်ဖူးတဲ့ ဝတ္ထုတစ်ပုဒ်ပါ Different Worlds တဲ့
ဘာသာပြန်ဖို့စဉ်းစားတော့ နည်းနည်းပျင်းတယ်
ပြီးတော့ Translating ဆိုတာ ဘယ်တုန်းကမှဂုဏ်ထူးမထွက်ခဲ့တဲ့ဘာသာရပ် 😀
ဝတ္ထုထဲမှာက ထုံးစံအတိုင်း Happy Ending ဆိုတော့
မိုးစက်ကခွဲပေးလိုက်တာ 🙂
အပြင်မှာဆိုရင်လည်း နီးစပ်ဖို့မလွယ်ဘူးထင်လို့
inz@ghi
December 16, 2011 at 8:18 am
မိမိုးဇိ …
ညည်းအတော် ကီးမြင့်ပါလားအေ…..
အဲ့လာ …ကိန်းဘရစ်ချ် ကြီးကတောင် ညွှန်းတဲ့ စာအုပ်ပဲ…
Award-winning original fiction တဲ့…
နာ့ မီးကျိုးမောင်းပျက် အဲအိဂေါ့ဖြင့် ဖတ်တတ်မှာ မဟုတ်သဖြင့်
အော်ရီဂျင်ဒယ် စာအုပ်အား..လက်ရှောင်တွားဘာကြောင်း….
ဒက်ဂလောက် ဒက်ဂလောက်…
Moe Z
December 16, 2011 at 9:59 am
ဒါကြောင့် ဘာသာပြန်ဖို့လက်ရှောင်ပြီး
ကိုယ့်သဘောနဲ့ကိုယ် ပြုပြင်ဖန်တီးလိုက်ပါတယ်ဆို 😀
နွယ်ပင်
December 15, 2011 at 4:24 pm
မိုးစက်ရေ ဆွံအနားမကြားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ စိတ်ကိုရေးပြတာ တကယ်ကိုပဲ
ပေါ်လွင်ပါတယ် .. ဆက်ရေးပါဦး ……..
TTNU
December 15, 2011 at 4:58 pm
မိုးစက်လေး
မောင်ဂီပြောတဲ့အတိုင်းပဲ
သမီးမှာ
သိမ်းယူစွမ်းအား။
ပြုပြင်ပြောင်းယူစွမ်းအား။
ဉာဏ်သစ်စွမ်းအား။
ရှိတာမှန်ကြောင်း
အမေကြီးထောက်ခံသည်။
manawphyulay
December 15, 2011 at 5:17 pm
ဘေးနားမှာ ခွန်အားတွေ အမြဲပေးနေတဲ့ မေမေတစ်ယောက်လုံးရှိနေပြီပဲကွယ်။ ၅၂၈ မေတ္တာက အလွန်အေးချမ်းလှပါတယ်။ ဒီတော့ ဘာလိုသေးလဲနော်။
blackchaw
December 15, 2011 at 5:28 pm
မိုးစက်ရဲ့ ရေးချက်တွေက
ဂွဒ် တယ် ဗျား။
pooch
December 15, 2011 at 8:30 pm
August Rush ဆိုတဲ့ ကားလေးကို ဘာမဆိုင် ညာမဆိုင်သတိရသွားတယ်
အဲ့ဒါလည်း ဂီတနောက်ခံ ကားလေး ကြည့်ပြီး မျက်ရည်ကျတယ် ဘယ်နှစ်ခါ ကြည့်မိမှန်းတောင်မသိဘူး
“ဘီလူးကြီး”ogre
December 16, 2011 at 8:03 am
အင်း…..သနားထှာကွယ်
ဒီလိုဘဝ..မျိုးတွေမရှိကြပါစေနဲ့ဆုတောင်းပါတယ်
ဒါပေမယ့် ……ဝဋ်မှာအမြဲလို့ဆိုလေတော့။။
Moe Z
December 16, 2011 at 8:34 am
အရင်ဆုံး ကွန်မန့်တွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်..
@ မနွယ်ပင်
မူရင်းဝတ္ထုကအရှည်ကြီးပါ မိုးစက်ကချုံ့လိုက်တော့ သိပ်မပီပြင်လှဘူးထင်နေတာ ကျေးဇူး..
@ တီချာTTNU/ ကိုအင်ဂျီး
နောက်ထပ်ရေးဖို့ ခွန်အားဖြစ်စေတဲ့ ကွန်မန့်တွေပါ ကျေးဇူးအထူးတင်ပါတယ်
@ မမ မနော
မိခင်တစ်ယောက်ရဲ့အရေးပါပုံကို ပေါ်လွင်စေချင်တာ ခံစားမိသွားတယ်ပေါ့..
@ ဘဘ ဘလက်
ကျေးဇူးအများကြီးတင်ပါတယ်..
@ မမ pooch
ဟုတ်တယ်နော် မိုးစက်လည်း အဲဒီကားလေးအရမ်းကြိုက်တယ်
@ ဦးဘီလူး
ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်ကပဲဖန်တီးတာပါ ဘေးကလူတွေက သနားပြီးကူညီကြပေမယ့်
တကယ်ရင်ဆိုင်ရတာက ကိုယ်ကိုတိုင်ပါပဲ၊ ဒါကြောင့် ကာယကံရှင်က ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ အရေးအကြီးဆုံးပါ ကျေးဇူးပါနော်..
E.T
December 16, 2011 at 9:01 am
ဆွံ့အနားမကြားသူ တစ်ယောက်ဖြစ်လို ့ အားငယ်စရာမရှိပါဘူး။ တစ်ခြား သူ ့မှာလုပ်နိုင်တဲ့ စွမ်းရည်တွေ အများကြီးပါ။ အဲဒီလို လူမျိုးက သာမန်လူတွေထက်ပိုပြီး ကြိုးစားအားထုတ်မှုကောင်း ပါတယ်။ ဆွံ့အနားမကြားဖြစ်ပြီး ကမာ္ဘကျော်နေတဲ့ သူတွေအများကြီးပါ။ အဲဒါကြောင့် ညီမလေး မိုးဇက် အားမငယ်ပါနဲ ့ ကိုကိုတီ တစ်ယောက်လုံးရှိတယ်။
Moe Z
December 16, 2011 at 10:03 am
ကိုပေနဲ့ ကိုဂြိုဟ်သားတော့ BBQ ဖြစ်ချင်ပြီထင်တယ် 🙁
E.T
December 16, 2011 at 10:31 am
ဘာသာပြန်တာ ကောင်းလွန်းလို ့ မိုးဇက်ကိုယ်တိုင်လားထင်မိလို ့ပါဗျာ 😛 BBQ တော်တော်ကြိုက်တယ် ထင်တယ်နော်။ BBQ လုပ်မယ်ဆိုတာကြီးပဲ မီလွယ်ဘူး 🙁
inz@ghi
December 16, 2011 at 10:41 am
ဇက်ကလေး ..သည်လူဂျီးတွေ အသားက စားကောင်းမယ် မထင်ဘူး …
သည်လူဂျီးဒွေကို ရှို့ ဖို့ ကိစ္စတော့ ကမှော်ရီးနဲ့ လွှဲပေးခဲ့…
ဘီဘီကျူ ကြိုက်ရင် ကအင်ဂျီး ပြန်လာမှ ၁၉လမ်းမှာ လိုက်ကျွေးမယ်…
ပုံ
တရုတ်တန်းကနေ တုတ်ထမ်းစောင့်နေမည့် ဂီဂီ…
(မှတ်ချက် အသားကင် တုတ်..)
ပီအက်စ်။ ဘီဘီကျူ ဆိုရာဝယ် ဘီဘီ စုပ်ရင်းနှင့် ကျူမည်ဟု အတိတ်စိမ်းပေးခြင်း မဟုတ်ပါ
ကြောင်ကြီး
December 16, 2011 at 12:24 pm
sign language ဆိုလို့ ကိုယ်တိုင်ကြုံဖူးတဲ့ ရယ်စရာလေးတခုကို ပြောချင်တယ်။ အမှန်တော့ ရယ်ရမလို ငိုရမလို ဖြစ်တာပါ။ အလုပ်တခုမှာတုန်းက ဆွံ့အနားမကြား အမေရိကန် တယောက်နဲ့ စကားပြောတဲ့အခါ ကိုယ်ပြောနေတဲ့ ပါးစပ်အနေအထား အဖွင့်အပိတ်ကို နားမလည်လို့ ဇဝေဇဝါဖြစ် စိတ်ရှုပ်နေတာကို အတော်ရယ်ချင်မိတယ်။ သူတို့ ဆွံ့အနားမကြားကျောင်မှာ ပုံမှန်အသံထွက် ပါးစပ်အဖွင့်အပိတ်ပဲ သင်ခဲ့ရတာဆိုတော့ ကြောင်ကြီး ငပိသံနဲ့ပြောတဲ့အခါ ဘယ်လုံးစေ့ပတ်စေ့ နားလည်ပါ့မလဲ။။
Moe Z
December 16, 2011 at 12:32 pm
😀 😀 😛
inz@ghi
December 16, 2011 at 12:47 pm
ဇက်ကလေး …
စကားမစပ်
နားမကြားလို့ စကားမပြောတတ်တဲ့လူတွေ(အသံအိုး၊
အသံကြိုး လျှာ စသည့် အသံထွက် အင်္ဂ ါ အစိတ်အပိုင်းတွေ အားလုံးအကောင်း)
ကို စကားပြောသင်လို့ ရတယ် မဟုတ်လားဗျ…??
ငယ်ငယ်က တီဗီမှာ စွံ့အနားမကြား ကျောင်းက ဆြာမက
စာရွက်ကလေးပေါ် ကြိုးချည်ထားတဲ့ အစလေးချည်ထားတဲ့ဟာလေးကို
မှုတ်ပြီး လေသံ အဖိအဖော့ အပြင်းအပျော့တွေကို သင်ပေးတာ
ကြည့်ဖူး သလားလို့ပါ lip read ဆိုတာလည်း အဲ့ထဲက တခုဖြစ်မပေါ့….
ကအင်ဂျီး
Moe Z
December 16, 2011 at 2:11 pm
lip reading ကို ဆွံ့အနားမကြားကျောင်းတွေမှာ ဘာသာရပ်တစ်ခုအဖြစ်နဲ့သင်ပေးတယ်
ကိုအင်ဂျီးပြောတဲ့ ကလေးမျိုးကိုတော့ မမြင်ဖူးဘူး
မူရင်းဝတ္ထုထဲမှာက ဒရမ်မာကိုပဲအသားပေးပြီးရေးထားတယ်
ထင်တာကိုပြောရမယ်ဆိုရင်(နားလည်လို့မဟုတ်ဖူးနော်) စကားပြောသင်လို့တော့ရချင်ရမယ်
သူ့ရဲ့အသံကို control လုပ်ဖို့ခဲရင်းလိမ့်မယ်
မွေးစားမေမေ ဒေါ်ဝီကီကိုမေးကြည့်ပါလားဟင် 😀
ဆူး
December 16, 2011 at 6:13 pm
မိုးဇတ်ရေ.. ဒီပိုစ်ကို ဖတ်နေတဲ့ အထဲမှာ တကယ် စွံအ နားမကြား ကလေးငယ်တွေ လူကြီးတွေ ပါနေမယ်ဆို ဘယ်လို နုတ်ခွန်းဆက် စကားပြောချင်လဲ.. အရင် ဖိုရမ် တခုမှာ ဆွံ့အ နားမကြား ကလေးငယ်များ အပြန်အလှန် စကားပြောဖို့ စာရိုက်နိုင်ဖို့ လုပ်ပေးထားတာ ရှိတယ်။
သူတို့လေးတွေက အမူအရာနဲ့ နှုတ်ခမ်းကို ကြည့်ပြီး သူတို့ကို ပြောတာ သိနိုင်ပေမဲ့.. သူတို့ကို အက္ခရာ စာလုံးတွေ သင်ရတာ တော်တော် ခက်တယ်ပြောတယ်။ သူတို့ ရေးတဲ့ သူတို့ အကြောင်းလေးတွေထဲမှာ ဖတ်ဖူးတာ ပြောပြတာပါ။
အခု ပိုစ်ကိုလည်း စာရိုက်ရခက်လို့ စာပဲ ဖတ်နေတဲ့ သူတွေလည်း ရှိချင် ရှိမှာပေါ့။
Moe Z
December 18, 2011 at 10:11 am
မမဆူးရေ မိုးစက်က celebrity တစ်ယောက်လည်းမဟုတ် 😀
ဒါပေမယ့် မမဆူးပြောသလို ဒီထဲကဇာတ်လိုက်မလေးနဲ့ဘဝတူ ပုဂ္ဂိုလ်တစ်ယောက်ယောက်ကများ ဒီပို့စ်ကိုဖတ်မိမယ်ဆိုရင်
မိုးစက်ပြောချင်တာက (((အားမငယ်ပါနဲ့ ဘဝကိုအရှုံးမပေးပါနဲ့
စာများများဖတ်ပါ ရေးပါ Helen Keller ကို သတိရပါ
ကမာ္ဘအနှံ့အပြားမှာ ဘဝတူတွေအများကြီးပါလို့))) 🙂