“နံနက်ခင်းစိတ်ရွှင်(အပိုင်းငါး)” (မိုးဥတုမဟုတ်တဲ့မိုးနံနက်ခင်းနဲ့ ဆောင်းဝင်စနံနက်ခင်း)

“နံနက်ခင်းစိတ်ရွှင်(အပိုင်းငါး)”
(မိုးဥတုမဟုတ်တဲ့မိုးနံနက်ခင်းနဲ့ ဆောင်းဝင်စနံနက်ခင်း)












“နံနက်ခင်းစိတ်ရွှင်(အပိုင်းငါး)”
(မိုးဥတုမဟုတ်တဲ့မိုးနံနက်ခင်းနဲ့ ဆောင်းဝင်စနံနက်ခင်း)
ပုံမှန်ဆိုရင်သီတင်းကျွတ်နဲ့နီးနေတဲ့အောက်တိုဘာလဆိုတာ မိုးကုန်ပါပြီ။
ဒီနှစ်ကတော့ အောက်တိုဘာထဲမှတောင်မိုးရွာလို့ကောင်းတုန်းပါဘဲ။
မိုးကောင်းတဲ့နှစ်မှာမှ မိုးများတဲ့ ရှမ်းပြည်တောင်ပိုင်းကိုခရီးသွားရပါတယ်။
စက်တင်ဘာလ 30ရက်နေ့မှာ တောင်ကြီးကို အောင်ပန်းကနေပြန်အလာလမ်းမှာတောင်ကြီးမြို့အတက်လမ်းမှာ
လှပတဲ့ရူ့ခင်းတွေရယ် ရေတံခွန်ရယ်မြင်ခဲ့ရပါတယ်။
နောက်နေ့တော့ တောင်ကြီး ကနေအေးသာယာသွားတဲ့လိုင်းကားကိုစီး။
လမ်းခုလတ်မှာဆင်းပြီး အခုမြင်ရတဲ့ပုံတွေလက်ဆော့ပါတယ်။
လမ်းမှာလူတစ်ယောက်မှ မရှိ။
တစ်ခါတစ်လေဖြတ်သွားတဲ့ ဆိုင်ကယ်တစ်စီးတစ်လေ။
အရှိန်ပြင်းပြင်းနဲ့ဆင်းသွားတဲ့လိုင်းကားတွေဘဲ။
ပြန်ရောက်မှ တွေးပြီးကြောက်မိပါတယ်။
ဒါပေမယ်လဲ ကိုယ်ရိုက်ထားတဲ့ပုံလေးတွေမြင်တော့
အမောကိုပြေလို့။
မန်လေးရောက်တော့လဲမိုးမကုန်သေးပါဘူး။
ဒီတော့လဲမနက်ခင်းလမ်းလျှောက်ရင်းလက်ဆော့။
ထူးထူးခြားခြားကြိုက်မိတဲ့ပုံလေးကတော့ နေထွက်လာတာင်
အိမ်မပြန်ချင်သေးတဲ့လမင်းလေးပါ။
ပန်းနုရောင်ကောင်းကင်နဲ့လိုက်ဖက်လှပါတယ်။
လက့်ဆော့သမျှ တင် ကြည့်ဘို့သာပြင်ကြပေတော့
မိတ်ဆွေတို့ရေ……………………….
ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။
(15-12-2011)
6 comments
blackchaw
December 15, 2011 at 6:41 pm
အောက်ဆုံးပုံနေထွက်တာလေး ကြိုက်မိတယ်ဗျာ။
ကိုပေါက်(မန္တလေး)
December 15, 2011 at 6:44 pm
သူများကြိုက်မကြိုက်တော့မသိဘူး ကျနော်ကတော့ကြိုက်လို့တင်လို်က်ပါပြီ။
pooch
December 15, 2011 at 9:31 pm
လေးပေါက်ရေ သစ်ပင်သစ်တောတွေ စိမ်းစိုနေတာကိုက အနော်တို့ မြန်မာပြည်ရဲ့ ပြယုဒ် တခုလိုပါပဲ
နောက် ဝီရိယ ကြီးတဲ့ လေးပေါက်လိုလူတွေက တော့ သဘာဝတရားရဲ့ အလှအပတွေကို သူများတွေထက်ပိုပြီး မြင်နိုင်ခံစားနိုင်ပါတယ်…. ခုလိုလဲ မျှဝေနိုင်တယ် မျှဝေတဲ့ အတွက်လည်း ကျေးဇူးတင်တယ်….
လေးပေါက်ရဲ့ ဝီရိယက သူများထက်ပိုသာပါတယ် ဒါကြောင့် ကိုစိန်သော့ဆီမှာသာ ပညာနည်းနည်းပါးပါးယူလိုက်လို့ကတော့ လေးပေါက် တကိုယ်တော် ပြပွဲလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်….
ကိုပေါက်(မန္တလေး)
December 15, 2011 at 10:34 pm
နန်းမတော်ရေ
ကိုစိန်သော့ဆီမှာပညာယူဘို့အတွက် ကင်မလာကောင်းကောင်းလဲ လိုတယ်လေ။
ကင်မလာ အရင်ဝယ်ပေး။
“ဘီလူးကြီး”ogre
December 16, 2011 at 8:41 am
အဲလိုမနက်ခင်းဒွေ မကြိုက်ဘူးဂျာ
စိတ်ကုန်ဒယ်
ဘာမှဟုတ်ဘူး..မနက်ရေချိုးရင်ချမ်းလို့ 🙂 🙂 ;p
kotun winlatt
December 16, 2011 at 9:09 am
မနက်စောစောမှာ စိတ်ရွှင်လန်းစရာပုံလေးများကို
လာရောက်ကြည့်ရှု့သွားပါတယ်…ကိုပေါက်ရေ…
ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ…။