မင်းကွန်း ကဗျာ။
ဒီရက်ပိုင်း ကျွန်တော် တကယ်မအားပါ။ ရွာကို ရသည့်အချိန်ဝင် ပြန်ထွက်လုပ်နေရပါသည်။
ဒီနေ့လည်း ပြေးရင်းလွှားရင်း ဓါတ်ပုံဝင်တင်လိုက်တာ နေ့လယ်တစ်ခင်းလုံးဖြစ်သွားပါသည်။
မည်သို့ပင်ဆိုစေကာမူ ကဗျာဆိုတာ စာနဲ့ရေးမှ ကဗျာဖြစ်တာမဟုတ်ပါ။
ကင်မရာနဲ့ရေးသော ဘလက်ရဲ့ မင်းကွန်း ကဗျာ ကို ခံစားကြည့်ပါခင်ဗျာ။































16 comments
thit min
December 15, 2011 at 4:47 pm
ကောင်းလှချည်လား
ဒေါင်းမြကြည်ရယ်။
ချောင်းဝ နဒီ
မြစ်ဖျားမှ သည် ၊
ဧရာဝတီ
ဝတ်တွားစီးဆင်း
ညီးချင်းတပုဒ်ကို
ဒီလိုသရုပ်နဲ့
အဟုတ်ထုတ်ဖော်
ဟယ် …
ဒါသမိုင်းနော်၊
အော် ..လို့ရတဲ့
ပုထိုးတော်ကြီး
ခံ့ညီးညီး ကို
တထီးတနန်း
အံ့မခန်းမျှ
လက်စွမ်းပြသည်
အလှပုံရိပ်
ငယ်ထိပ်တက်အောင်
စိတ်ကိုဆောင်ယူ
ရောင်တူတို့သွေး
ချစ်ခင်တွေးလို့
မနှေးခုပင်
ပြေးရောက်ချင်အောင်
အသင်စွမ်းဆောင်နိုင်စွတကား။
(^^) ခင်မင်စွာ
Diamond Key
December 15, 2011 at 4:47 pm
Photos Graphein Poem,
Delightful Mingone scene,
Very nice for all,
Writing by BlackChaw. 😀
blackchaw
December 15, 2011 at 4:54 pm
ကျေးဇူးပါ ကိုသစ်ရေ။
ချက်ခြင်းကြီး ကဗျာတစ်ပုဒ် ရေးထုတ်ပြီး
ကွန်းမန့် ချီးမြှင့်တာ ယုံတောင်မယုံနိုင်ပါဘူး။
နေ့တစ်ဝက်အချိန်ကုန်ခံရကျိုးနပ်ပါပေတယ်ဗျာ။
ကိုစိန်သော့ကြီး ရေ။ ကျေးဇူးတင်ပါတယ်ဗျာ။
ပုံတွေကိုလည်း ဆရာ အမှတ်ပေးပါဦးဗျာ။
thit min
December 15, 2011 at 5:01 pm
ဟုတ်တယ် ကိုဘလက်ရေ……….
ကျနော် ရင်ထဲက အံကျလာတာတွေ ချက်ခြင်းကောက်ရေးလိုက်တာ..
အပေါ်ဆုံးက ၁ ပုံရဲ့ ဖမ်းစားမှုက ကြက်သီးတွေထပြီး ကဗျာမှော် ဝင်သွားတာပါဘဲ။
ခင်ဗျားမပြောနဲ့ ကျနော် ကိုယ်တိုင်တောင် နောက်တစ်ခါ အခုလိုရေးဆိုရင်တောင် ရေးလို့ရမယ်မထင်ဘူး။
အမှန်ကတော့ ကိုဘလက်ရဲ့ ပြောင်မြောက်လက်စွမ်းထက်မှုက …………………….
ကျနော့နှလုံးသားကို ကဗျာဖြစ်သွားစေတာပါ။
ကျနော့စကားလုံးများကိုကဗျာဖြစ်သွားစေတာပါ။
ကျနော့အပြုံးများကိုကဗျာဖြစ်သွားစေတာပါ။
(^^)ကြည်နူးလှိုက်မော အတောမသတ် မပြောတတ်အောင်ကို ကျေးဇူးပါလို့။
“ဘီလူးကြီး”ogre
December 15, 2011 at 5:48 pm
ဆြာဘလက်
ပုံ(၁)(၂)(၆)
အကြိုက်ဆုံးပဲ ကောင်းလိုက်တဲ့မြင်ကွင်းဗျာ
TTNU
December 15, 2011 at 7:04 pm
ကိုဘလက်ချောရေ
မင်းကွန်း (၁)နဲ့(၆) သိပ်လှတယ်။ အကြိုက်ဆုံးက နောက်ဆုံးပုံ
“စေတီဖြူဖြူလေးက လွမ်းစရာဗျာ” …. I was touched!!
koaung
December 15, 2011 at 7:09 pm
ပုံလေးတွေလှလိုက်တာဗျာ တရိုင်ပေါ့သုံးရင်ပုံတွေဒီထက်ပြတ်မယ်လို့ထင်မြင်မိပါကြောင်း
windtalker
December 15, 2011 at 7:57 pm
ဘရာသာ ရေ
ဘရာသာ့ စာ ၊ ပုံ နဲ ့ကွန်မင့်များကို ဖတ်ဖြစ်သွားတဲ့
အင်တာနက်ဆိုင် မှာ အလုပ်လုပ်တဲ့ ခလေးမ လေး က ပြောခိုင်းလိုက်လို ့
သူလေး က မင်းကွန်းသူလေ
သူ ့ကို အစိမ်းတစ်ထောင်ဘဲ ပေးပါတဲ့
လှေအကြီးကြီး နဲ ့လိုက်ပို ့ပေးပါမယ်တဲ့ ဗျို ့
ကျုပ် လဲ ပြန်ပြောလိုက်တယ်
ဟဲ့…နင်တို ့လို မင်းကွန်းသူားတွေ စီးသလို ဘယ်စီးတတ်မှာတုန်းလို ့
ဟိုက ဟိုက်ဘော့စ် လို ့
အခု မင်းကွန်းကို လာတယ် ဆိုတာကလဲ
အထက်က လွှတ်လိုက်တဲ့ မစ်ရှင်း ကိတ်စန ကြောင့် လဲ ဖြစ်ချင်ဖြစ်နေမှာ ဆိုတော့
နင့်လှေကြီး နဲ ့အလကားလိုက်ပို ့မယ် ဆိုတောင်
သက်သောင့်သက်သာ မရှိမှာ စိုး လို ့စီးမှာ မဟုတ်လောက်ဘူး လို ့ပြန်ပြောလိုက်ပါတယ်နော
ဘယ်ရမလဲ..နော
ငါ့ ဘရာသာဘလက် ကို လာမထိနဲ ့။
ထိရင် ဘရာသာဘလက် ဘဲ ခံ လို ့
ဟီဟိ
pooch
December 15, 2011 at 8:31 pm
ကိုဘလက်ရေ ပုံတွေ က အရမ်းကို လှသလို အကြာကြီးလည်း စောင့်ကြည့်လိုက်ရတယ်
manawphyulay
December 15, 2011 at 8:40 pm
တစ်ခါမှ မရောက်ဖူးသေးဘူး။ မင်းကွန်းကို ကြားဖူးနေတာပဲရှိတယ်။ အရမ်းသွားချင်နေခဲ့တာ။ ခုတော့ အဝေးကနေ ရှုခင်းမျိုးစုံနဲ့ ရောက်ရှိခဲ့ရပါပြီ။ ကျေးဇူးအရမ်းတင်ပါတယ်ရှင်။
MaMa
December 15, 2011 at 9:08 pm
ဧရာဝတီ နဲ့ အသားကျနေတဲ့ လူတွေရဲ့ စက်လေ ှငယ်လေးတစ်စီး ကို တွေ့လိုက်တော့ ကျမတို့ရဲ့ မြစ်ဝကျွန်းပေါ်မြို့လေးကို သွားသတိရတယ်။
မြစ်ဝကျွန်းပေါ်သားတွေလည်း ဧရာဝတီ နဲ့ အသားကျနေပြီး အဲလို စက်လှေငယ်လေးတွေစီးပြီး ခရီးသွားကြရတယ်လေ။
naywoonni
December 15, 2011 at 10:02 pm
ဟွန့်….။ တားတားတို့ တူတူ ပုန်းခဲ့တဲ့ ခေါင်းလောင်ကြီးလည်းမပါပူး…။ မင်းကွန်းရောက်တိုင်း ခေါင်းလောင်းကြီးအောက်ဝင် တူတူ ပုန်နေကြ ဟာကို….။ အူးအူး ဘယက် ပြန်ရိုက်ပေး ခေါင်းရောင်းကြီးပုံ ….။ ဒါပဲဒါပဲ ဒါဗျဲ……………….။
amatmin
December 15, 2011 at 10:28 pm
ဆြာဘလက်ရေ..
ဓါတ်ပုံ ကဗျာမှာ လွင့်မျောနေရင်း..
ဆရာသစ်ရဲ့ မှော်ဝင်ကဗျာစာသား နဲ့ပေါင်းပြီးခံစားလိုက်ရတော့..
မင်းကွန်း ကိုချစ်သော ကျွန်တော် ပြောချင်တာကတော့
ကျေးဇူးတင်ပါတယ် ကိုဘလက်ကြီးရယ်….
M-Lulin
December 15, 2011 at 11:08 pm
အပြန်လမ်း မှာလက်ဆော့ပြီး ရိုက်ထားတာ ဆိုတဲ့ ပုံ မှာ အဝါရောင် ရောင်ပြန်လေးတွေနဲ့ မိုက်တယ်ဗျာ .. ဒါနဲ့ အဲ့ဒီ့ မင်းကွန်း ပထိုးတော် ပေါ် တက်လို့ ရလားဗျ … တက်လို့ ရရင် နဲနဲ နေစောင်းအောင် စောင့်ပြီး တစ်ပုံ လောက် ကစ်ခဲ့ရမှာဗျ .. လာလည်ချင်လိုက်တာဗျာ .. အပေါ်ဆုံး ပုံ လှတယ် ….
E.T
December 16, 2011 at 6:42 pm
ဦးဘလက်လည်း ပရိုပဲ။ ဓာတ်ပုံတွေ မိုက်တယ်။ အားလုံးကြိုက်၏။
aye.kk
December 16, 2011 at 6:56 pm
သဒ္ဓါတစ်ရားကိုယုံကြည်တဲ့ကိုဘလက်ချောရေ..
အများသူငှာကြည့်မြင်ရအောင်တင်ပေးတဲ့အတွက်ဝမ်းသာရွှင်လန်းမိပါတယ်..။