Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျမနဲ့ တစ်နေ့တာ ပေါင်းတင်ခြင်း

NovyDecember 15, 20111min72026

ဒီနေ့တော့ ရုံးပိတ်တယ် ရှောပင် ထွက်ရင် ကောင်းမလား

အလှပြင်ရင် ကောင်းမလား  အိုး.. မထူးပါဘူး နီးနီးနားနား လမ်းထဲ ကအလှပြင်ဆိုင် မှာပဲ အလှသွားပြင်တော့မယ်

အလှပြင်ဆိုင်သွားတာတော့ ဟုတ်ပါပြီ  အင်း..ဘာလုပ်ရင်ကောင်မလဲ

အသက်က 15 နှစ်လီလောက် ဖြစ်နေပြီဆိုတော့ အသားအရေကို ထိမ်းသိမ်းတဲ့ အနေနဲ့

ဘောဒီပေါင်းသွားတင်တာပဲကောင်းပါတယ်

ဟုတ်ပြီ ဟုတ်ပြီ  အဲဒီ့ဆိုင်မှာ ဒီကောင့် လည်းချနေတယ်တဲ့

အင်း..ပြောနေကြာတယ် အခုပဲသွားလိုက်တော့မယ်

ဟယ်.. အမ

မလာတာကြာပြီ ဘာလုပ်မလဲပြော

ဘော်ဒီပေါင်းတင်မလာလို့  ညီမရေ..

လာ အမ အကောင်းဆုံးလုပ်ပေးလိုက်မယ်နော်

ဒီလိုနဲ့ ပေါင်းတင်တဲ့ အခန်းထဲ ရောက်သွားလေသတည်းပေါ့

ပေါင်းတင်တဲ့ ဆေးတွေ ဂျေးချွတ်ဆေးတွေလိမ်းနေတဲ့ အထိကတော့ ဟုတ်နေတာပဲ

ပြီးတော့ ချွေးပေါက်တွေ ပွင့်အောင် အသားအရေလှအောင် ရေနွေးငွေ့နဲ့ ပေါင်းခံရမယ်လေ

ဆေးမြစ်တွေကို ထမင်းပေါင်းအိုးထဲ ထဲ့ အပေါ်က ဇကာလေးအုပ်ပြီး

မီးပလက်ထိုး လူကော အိုးကော ချွေးပေါင်းတဲ့ အိမ် ကလေးထဲကို

ဝင်ရတာပေါ့ လူကတော့ အထဲမှာ ရှိတဲ့ ခုံလေ ပေါ်မှာ ထိုင်ပေါ့

လုပ်ပေးတဲ့ ကောင်မလေးက ချွေးပေါင်းတဲ့ အိမ်ရဲ့ ဇစ်ကလေးကို ပိတ်လိုက်တယ်ပေါ့

အဲ့ဒီမှာ ဇာတ်လမ်းက စတော့တာပါပဲ

အဲတော မမရေ.. ဇစ်ပျက်သွားပြီး

အမ ကျမ လက်နဲ့ပဲ ကိုင်ထားပေးမယ်နော်

ကိုယ်ကလည်း အင်းပေါ့ သူ့လက်နဲ့ မကိုင်ရင်လည်း ရေနွေးငွေ့တွေက အပြင်ကို ထွက်ကုန်မယ်လေ

ဒီလိုနဲ့ပဲ ချွေးပေါင်းတဲ့ အိမ်လေးမှာ ခေါင်းလေးထုတ်ပြီ

ဇိမ်ခံမယ် ပဲ ရှိသေးတယ်

တစ်ခန်းလုံး မှောင်ကျသွားပါလေရော

ဟယ် ..မီးပျက်သွားပြီ..

အမ ..ကျမ အစဉ်ပြေအောင် လုပ်ပေးပါ့မယ်

ခဏနော်..

ကိုယ့်မှာတော့ မှောင်ထဲမှာ ငုတ်တုတ်ပေါ့

သူဘာများလုပ်လေ မလည်းပေါ့

တအောင့်လောက်ကြာတော့ မီးသွေးမီးဖို သေးသေးလေး တစ်ခုကို မီးမွေးပြီးယူလာတယ်လေ

ပြီးတော့ ဖျာတစ်ချပ်လည်းပါလာသေးတယ်

ဟယ့် . .. အဲ့ဒါဘာလုပ်ဖို့တုံး

အမ..ကို ချွေးဆက်ထုပ်မယ်လေ

ကျမ မျက်လုံးတောင်ပြူးသွားတယ်

သူလုပ်တာတွေလည်း ကြည့်အုံးလေ

ဆေးပေါင်းအိုးကို ခုန ယူလာတဲ့ မီးသွေးမီးဖိုပေါ်တင် အဲ့ဒီပေါ်မှာ ခုံ တစ်လုံးထားပြီး

ကျမကို လှမ်းခေါ်တယ်လေ

အမ. ဒီဘက်ခုံမှာ ပြောင်းပြီးထိုင်နော်တဲ့

ညီမရယ်. ဖြစ်ပါ့မလား အမကို လည်း မီးဟပ်ကုန်ပါအုံးမယ်

ကျမလဲ ပေါက်တဲ့ နဖူးမထူးဘူးဆိုပြီး ထိုင်လိုက်တယ်ပေါ့

မချောက မပြီးသေဘူးတော်ရေ့  မီးဖို ၊ ပေါင်းအိုး ၊ ခုံ၊ ကျမ အကုန်လုံးကို

ခုန သူယူလာတဲ့ ဖျာလိပ်နဲ့ ပတ်လိုက်ပါလေရော

ကျမလည်ပင်းနဲ့ ခေါင်းလေးပဲ ပေါ်တော့တယ်

အဲ့ဒါကို မချောက လည်ပင်းနဲ့ ဖျာလိပ်ကို တွဲပြီး တပတ်နဲ့ ထက်ပတ်လိုက်တယ်ပေါ့

ဆေးငွေ့တွေ အပြင်ကို မထွက်အောင်တဲ့

ကျမ ဘုရားတောင် တမိပါတယ်

ဗုဒ်ဓေါ .. အရှင်လက်လက် မအောင်ဖြူဖြစ်သွားပြီလားပေါ့

ပြီးတော့ သူကထွက်သွားတယ်ပေါ့

မှောင်ကလဲမှောင် ဖျာလိပ်ထဲမှာ ကျမ တစ်ယောက်ထဲ့ တော်တော်လေး စိတ်ညစ်နေရတာပေါ့

မြင်သာကြည့်လိုက်ကျပါတော့ ကျမပုံကို

ခဏနေတော့ တခြားကောင်မလေး တစ်ယောက် အခန်းထဲဝင်လာပြီ

ကျမကိုလည်းတွေ့ကော

အမလေး.. လန့်လိုက်တာအမရယ် ဘာကြီးများလည်းလို့

ခုန ပေါင်းတင်ပေးတဲ့ ကောင်မလေးက အခန်းထဲ ပြန်ဝင်လာပြီး

အမ .. မီးခဲပြာဖုံးနေပြီလား ယပ်ခက်ပေးမယ်လေဆိုပြီး

ဖျာလိပ်ကို လာမနေသေးတယ်

လူလည်း ချွေး မအောင်းပဲနဲ့ကို တော်တော်လေးချွေးပျံနေပါပြီ

တောပါပြီ ညီမရယ် ရေချိုးတော့မယ် လို့ ပြောလိုက်ရတယ်

မီးမလာလို့ ရေနွေးစိမ်ဖို့ ဝါတာဟီတာ လဲ မရပါဘူး

ဒါနဲ့ပဲ ရေချိုကန်ထဲဝင် သူတို့ ရေနွေးနဲ့ စပ်ထားတဲ့ ရေကို တစ်ခွက်ချင်း လောင်ချိုးတာခံပြီး

အိမ်ကို ပြန်လာရလေသတည်းပေါ့

အော် လှချင်တဲ့ ခုက်ခ………..

 

26 comments

  • Novy

    December 15, 2011 at 4:11 pm

    ဒီဖြစ်ရပ်ကလေး က ညီမလိုခင်ရတဲ့သူတစ်ယောက်ရဲ့
    တကယ် ဖြစ်ရပ်ကလေးပါ
    သူပြန်ပြောပြတော့ ရီရလွန်းလို့ မောတောင်မောပါတယ်
    အကြိမ်တစ်ရာမှာ တစ်ခါဖြစ်ခဲတဲ့ အဖြစ်အပျက်လေးတစ်ခုပါ

    • inz@ghi

      December 16, 2011 at 9:47 am

      အင်း …… ၁၅ နှစ်လီလောက်ကိုတောင် ညီမလို့ ပြောထားတော့
      အန်တီ နိုဗီ က အသက်အတော် ထောက်နေဘီပေါ့နော်……….
      ခိခိ…

      😀

      ခင်တဲ့…
      ရွာ့ အော်ဂျောလန်
      ဂီဂီ

      • Novy

        December 16, 2011 at 11:38 am

        ဂီဂီရေ..
        မနို အသက်က သိပ်မကြီးသေးပါဘူး
        15 နှစ်လီ + – – = …..
        အဲ့လောက်ပဲရှိပါသေးတယ်
        အသက်ကြီးပေးမဲ့ မပျက်စီးသေးပါဘူး
        သွားတွေကို ပြောတာပါ
        ဟားားးားာားားားးားာ

  • Wow

    December 15, 2011 at 4:21 pm

    ပေါင်းသွားတင်လိုက်တာ မအောင်ဖြူဖြစ်သွားတာ ရီရပါတယ် Novy ရေ…

  • kai

    December 15, 2011 at 4:42 pm

    အံ့ဖွယ်သုတပါတကား..။ 😆

    • ဦးဦးပါလေရာ

      December 15, 2011 at 6:05 pm

      အဲဒါ ကျုပ်တို့လူမျိုးတွေရဲ့ ကြံရည်ဖန်ရည်ပဲ သူကြီးမင်း.. 😀 😀

  • TTNU

    December 15, 2011 at 6:50 pm

    Novy ရေ နောက်တစ်ခါ အဲဒီဆိုင်မသွားနဲ့တော့။

  • koaung

    December 15, 2011 at 6:55 pm

    မြန်မာ့နည်းမြန်မာ့ဟန်ပေါ့ဗျာ 😀

  • kotun winlatt

    December 15, 2011 at 7:40 pm

    ဟီဟိ…..ပေါင်းးးတင်ရာကနေ…
    ဖျာလိပ်နတ်ဖြစ်ကရော….
    ဟားးးးဟားးးးး

  • windtalker

    December 15, 2011 at 7:50 pm

    ဖတ်ရင်း ဖတ်ရင်း နဲ ့မနိုကြီး တစ်ယောက် တော်တော် ကြည့်ရဆိုးမှာဘဲ လို ့ပြုံးနေမိရင်း ၊ စာဆုံးမှ ၊ သူမဟုတ်ပါဘူး ဆိုဘဲ ၊ တယ်နောက် ၊ သူမှသူ ဘဲ ၊ သိနေဒယ်

    • Novy

      December 16, 2011 at 11:42 am

      ကပေ
      တို့မဟုတ်ကြောင်း ရွှေပြည်နန်း သနခါးကြောငြာ သလို
      ထောက်ခံစာလေးသွားတောင်းရမှာလာဟင်

  • manawphyulay

    December 15, 2011 at 7:58 pm

    အဲလို ချွေးထုတ်တာတော့ ငယ်ငယ်တုန်းက ကလေးမီးဖွားတဲ့အိမ်သွားတုန်းကတော့ မြင်ဖူးခဲ့တယ်။ မီးနေသည်တွေ ချွေးအောင်းတဲ့အခါမှာ ဖျားလိပ်ပတ်ပြီး အထဲမှာ ဇလုံ ဒါမှမဟုတ် မီးသွေးငွေ့ငွေ့ မီးဖိုလေး ထည့်ပေးပြီ ဖျားလိပ်ပေါ်ကနေ စောင်တစ်ထည်လွှားပေးထားကိုတော့ မြင်ဖူးပါတယ်။ ဒီလို ပေါင်းတင်တာတော့ တစ်ခါဖူးမှ မမြင်ဖူး မကြားဘူး စမ်းတော့စမ်းသားနော်…

    • Novy

      December 16, 2011 at 11:45 am

      မနော်ဖြူရေ..
      ဆိုင်ကကောင်မလေးလည်း မီးပျက်သွားလို့
      ကြံရာ မရကနေ မြန်မာ့နည်း မြန်မာ့ဟန်ကို
      သတိရပြီး လုပ်လိုက်တယ်ထင်ပါတယ်

  • zaw min

    December 15, 2011 at 8:40 pm

    ဟေ့..ဟေ့..တိုးတိုးလုပ်ကြပါ..ဗမာနည်းဗမာဟန်ကို ဂျပန်တွေသိသွားရင် လိုက်လုပ်ကုန်အုံးမယ်…

  • small cat

    December 16, 2011 at 7:51 am

    မနောဖြူပြောတာဦးသွားတယ်ဗျ၊အပေါ်ကလူတွေ က ဖျာလိပ်နတ်မအောင်ဖြူ လို့ပြောနေကြတာ။
    တကယ်တော့ အပျိုစစ်စစ်ကနေ(အပျိုဆိုရင်ပေါ့လေ) မီးနေသည်ဖြစ်သွားတာပါဗျာ။
    သနားထှာ သွပ်သွပ်သွပ်။
    (ရိုင်းသွားရင် ခွင့်လွှတ်ကြပါဗျို့)

    • Novy

      December 16, 2011 at 11:53 am

      ကြောင်ပိစီ..
      တို့ညီမလေးက အပျိုစစ်လိုက်တာမှ စစ်စစ် တောင်နေသေး
      ရည်းစားလေး 2ယောက်လားထားဘူးတာ ဟွန်းးးးးးးးး

      • windtalker

        December 16, 2011 at 12:00 pm

        ကိုယ် က သဘောထားကြီးပါတယ် မနိုရယ်
        အမှန် ဆိုရင် မနိုက ၁၅ နှစ်လီရွတ်ပြီး တစ်ယောက်ထဲ လမ်းလျှောက်နေချိန်မှာ
        ကိုယ့်ရင်ထဲ မှာ နွေရာသီ တွေ ပေါ့

  • ကြောင်ကြီး

    December 16, 2011 at 9:43 am

    ကြောင်ကြီး ဗွီဒီယိုကမ်ကော့ဒါလေး ဝယ်ထားတာ လက်တည့်စမ်းချင်လို့ ဆိုင်နေရာလေး အပမ်းမကြီးရင် ပြောပြပါလား။။။။ ဓာတ်ပုံတွေကို အီးမေးလ်ကနေ ပို့ပေးပါ့မယ်။။ 😎

    • Novy

      December 16, 2011 at 11:47 am

      ကြောင်းဆိုး…
      သူဒါပဲချောင်းနေတယ်
      ပြောဝူး ရိုက်သတ်တောင်ပြောဝူး

  • ပေါက်ဖော်

    December 16, 2011 at 10:23 am

    နည်းပညာ အသစ်တွေပါလား..
    ကိုယ့်ဘာသာ ပြန်တင်လို ့ရဘီ..
    ဆိုင်သွားစရာလိုတော့ဘူး..
    ဟာရေး..ဟာရေး.. 😆

    • Novy

      December 16, 2011 at 11:49 am

      ပေါက်ဖေါ်
      ဘာသာတင်တော့ ရှင့်ကို ဘယ်သူက ချေးချွတ်ပြီး ပေါင်းတင်ဆေးလူးပြီး နှိပ်ပေးမှာလဲ
      အကူလိုတယ်နော်…အကူ. အကူ

  • နီကီတာ

    December 16, 2011 at 11:14 am

    ဒါနဲ့ အခန်းထဲဝင်လာပြီး လန့်သွားတဲ ့ကောင်မလေးက
    ဖျာလိပ်နတ်ဗေဒင်မမေးသွားဘူးလား 😀

  • နွယ်ပင်

    December 16, 2011 at 11:26 am

    မဆိုးပါဘူး မြန်မာတွေရဲ့ ဉာဏ်က ဒီလိုနေရာမှာဆို ဖြတ်ကနဲပဲ 🙂
    တစ်နည်းနဲ့မရတော့ တစ်နည်းပေါ့ Customer ကိုဒီအတိုင်း ပြန်မလွှတ်ချင်တဲ့
    စေတနာလို့ ဖြည့်တွေးပေးလိုက်ပါ 😛

  • ဆူး

    December 16, 2011 at 12:48 pm

    အဲဒါ မြန်မာကွ.. ဟားဟား..
    တော်ချက်ကတော့ ကမ်းကုန်တယ်။
    မနိုရေ ဖတ်ပြီး ရီလိုက်ရတယ်။

  • Shwe Ei

    December 16, 2011 at 2:58 pm

    အော် ဖစ်မှဖစ်ရလေ။ မီးစက်လေးဘာလေးမနှိုးဘဲ ဖျာပတ်ပေးရတယ်လို့။ ကောင်းမှကောင်း 🙂

  • E.T

    December 16, 2011 at 6:47 pm

    Customer ကိုငြိုညင်သွားမှာစိုးလို ့ သူ ့တို ့ကဖြစ်အောင်လုပ်ပေးလိုက်တာနေမှာ ဟိဟိ။ ဆိုင်ကြီးဖွင့်ပြီး မီးစက်လေးတော့ ရှိသင့်တယ်လို ့ထင်ပါတယ်။ တော်သေးတာပေါ့ မီးမဟပ်သွားလို ့။ ဟပ်သွားရင် ငါ့အမတော့ သွားပြီ 😛

Leave a Reply