ရန်ကုန်မှာ ဘုရားဖူးခြင်း။
ဒီပို့စ် က ကျွန်တော့် ရဲ့ ၁၀ဝ မြောက် ပို့စ်ပါ။ ထူးထူးခြားခြားလေးဖြစ်သွားအောင် ရန်ကုန်မြို့က ဘုရားတွေကို
အတူဖူးရအောင် ဓါတ်ပုံလေးတွေ တင်ဖြစ်ပါတယ်။ ကျွန်တော်တင်ခဲ့တဲ့ ပို့စ်တွေကို သည်းခံဖတ်ရှုပေးပြီး
ကွန်းမန့်ချီးမြှင့်ခဲ့သူ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။
















19 comments
thit min
December 16, 2011 at 4:09 pm
သာဓုသာဓုသာဓုပါလို့
မကြာအခု ပတ္တနာပြုလိုက်
ဖူးခိုက်ရပါတယ် ကိုဘလက်ရေ။
(^^) ဓာတ်ပုံတွေ တော်တော်ကောင်းအောင်ရိုက်နိုင်တာ ထင်ရှားလှပါတယ်ဗျာ။
ခင်မင်စွာ
“ဘီလူးကြီး”ogre
December 16, 2011 at 4:18 pm
ကဲ
ဒီကနေပဲအကုန်ဖူးလိုက်ပြီး
ကိုဖာသာသွားရင်တစ်ရက်ထဲတောင်စုံမှာဟုတ်ဘူး
ကိုဘလက်ကိုတော့ ကျေဇူးတင်သွားပြီ
သာဓု 3စကွဲပဲ 🙂
Moe Z
December 16, 2011 at 4:24 pm
ရှယ်ပဲဗျို့ …. ရွာထဲက ဆရာကြီးတွေကောင်းမှုနဲ့
ထိုင်ရာကမထပဲ ဘုရားဖူးလို့ရတယ်
ကောင်းလေစွ 🙂
M-Lulin
December 16, 2011 at 4:26 pm
စုံနေတာပဲ ရန်ကုန် သားတောင် မရောက်ဖူးတဲ့ ဘုရား တွေ ပါနေတယ်။ ကျေးဇူးတင်ပါတယ် … ဘုရားဖူး လိုက်ရ တယ်။
Diamond Key
December 16, 2011 at 4:38 pm
ကိုဘလက်ရဲ့ ရာပြည့် ပို့စ်မှာ ရွာသူရွာသား အားလုံးကို ဘုရား ၁၆ ဆူကို ထိုင်ရမထ နေ့ခြင်းဖူးခွင့် ရစေတဲ့ ကုသိုလ်တွေ အတွက် နောက် နှစ်ပေါင်းတစ်ရာ၊ ပို့စ်ပေါင်း ကဋေကဍာ MG မှာ ဝေဖြာ နိုင်ပါစေသတည်း 😀
လင်းဝေ
December 16, 2011 at 4:43 pm
ရန်ကုန်မှာ မရောက်ဘူးသော ဘုရာများကတော့ ရှေးဘုရားများမှ မယ်လမု၊ ကျိုက္ကလို့၊ကျိုက္ကလဲ့။
နောက်တည် ဘုရာများ အကုန်နီးပါး။(စွယ်တော်ဘုရားကိုတော့ အပေါ်ထိအောင်တောင်တက်ဖူးတယ်၊ရွှေဆေးသွင်းဖို့လုပ်တုန်းက..လောဘကြောင့် ဘုရားရောက်)
manawphyulay
December 16, 2011 at 4:55 pm
ဟုတ်ကဲ့ပါ ခဏလေးနဲ့ ကွန်နက်ရှင်ကို စောင့်ရင်းနဲ့ ဘုရားစုံ ဖူးမြော်လိုက်ရပါတယ်။ ကျန်ခဲ့တာတွေထပ်တင်ပေးပါဦးနော်။ ခြောက်ထပ်ကြီုးဘုရား၊ ငါးထပ်ကြီးဘုရား၊ ဝဋ်ကြွေးတော်ပြေ၊ ပုံတူစေတီ ဇေကမ္ဘာတည်ဘုရားများ နောက်သန်လျင်တို့ဘာတို့ကော ဖူးပါဦး… မနော ကုန်ကျစရိတ်သက်သာအောင် ဒီကနေပဲ ဖူးမြော်ချင်လို့ပါ။ ဆက်လက်ဖြန့်ဝေနိုင်ပါစေနော်။ ပိုစ့်ပေါင်း မရေမတွက်နိုင်အောင် ဆက်လက်ရေးသားနိုင်ပါစေ….
koyinmaung
December 16, 2011 at 4:58 pm
ကျေးဇူးတင်ပါတယ်ကိုဘလက်ချောရေ..
ရန်ကုန်ရောက်ပေမဲ့ခုလိုဘုရားစုံမဖူးဘူးပါဘူး…
ဓါတ်ပုံလေးတွေကူးထားလိုက်ပါတယ်….
nozomi
December 16, 2011 at 5:54 pm
ကျွန်တော် မရောက်ဖူးတဲ့ ဘုရားတွေလဲ အခုမှ ဖူးရတော့တယ် ၊ လက်ရာတွေ သဘောကျတယ် ၊ ပထမဆုံး ရွှေတိဂုံပုံက အောင်မြေဘေးက ရိုက်တာ ထင်တယ် ၊ တကယ် ကြည်ညိုစရာအပြည့်ပဲ
ရန်ကုန်က နာမည်ကြီး ဘုရား ၁၅ ဆူ (ပုံကတော့ ၁၆ ပုံ ) ကို ၁၅ မိနစ်အတွင်း ဖူးရင် လိုတရမည်လို့ သတင်းဖြန့်လိုက်ဦးမှ
ပို့စ် ၁၀ဝ မှ သည် ၁၀၀ဝ ၊ ၁၀၀၀ဝ ထိ ဆက်လက် ရေးသားနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်နော
( မတောင်းလဲ စေတနာအရ ရေးမဲ့ ဆရာဆိုတာ သိပါတယ်)
koaung
December 16, 2011 at 6:32 pm
ဓတ်ပုံကောင်းဘို့ကရာသီဥတုနဲ့ဆိုင်ပါတယ်ဗျာ ကြည်လင်တဲ့ရာသီဥတုနဲ့ ကြည်လင်သော ဖုရားပုံတော်များသည်ကြည်ညိုဖွယ်ကောင်းလှ၏္ဒ္ဒှ္ဒ
ဆူး
December 16, 2011 at 6:54 pm
၁၀ဝ မြှောက် အတွက် ဂုဏ်ယူပါတယ်။
ဘုရားတွေလည်း ဖူးသွားပါတယ်။
ပြောသာ ပြောရတယ်.. ရန်ကုန်ကို နိုင်ငံခြားသားတွေလာရင် ဘယ်က ဘယ်လို စပြီး လိုက်ပြရမယ် မှန်း စဉ်းစားလို့လည်း မရဘူး။
ပို့စရာကလည်း ဘုရားပဲ ရှိတယ်။ ဘုရားကလည်း စဉ်းစားမိရင် ရွှေတိဂုံ ဗိုလ်တထောင် ဆူးလေး မယ်လမု ဒါလောက်ပဲ စဉ်းစားလို့ ရတာ..
အခုတော့ စဉ်းစားတွေးတော ဖို့ ဘုရားတွေ အများကြီး တွေ့လိုက်တယ်။ နောက်ဆို တန်းစီပြီး လျှောက်သွားလို့ ရပြီ။ ကျေးဇူးတင်ပါတယ်။
fatty
December 16, 2011 at 7:20 pm
ဘုရားပုံတော်တွေစုပြုံပြီးတွေ့ရင် ပိုက်ဆံအလုံးလိုက်အခဲလိုက်ဝင်မယ်လို့
တွက်ထားတာ အခုတော့နမိတ်ပြပြီပေါ့ ..
အပြင်မှာတွေ့ရင်အဝကျွေးမယ်ဗျာ ..။
ကြောင်ကြီး
December 17, 2011 at 1:21 pm
ပိုက်ဆံအများကြီး ရမယ်ဆိုလို့ ကျနော်လည်း ဝင်ဖူးသွားတယ်ဗျို့။
pooch
December 16, 2011 at 7:45 pm
ကိုဘလက်ချောရေ ၁၀ဝ တောင်ပြည့်သွားပြီလား အားကျလိုက်တာ ကျမဆို ရွာထဲရောက်တာ နှစ်ဝက်လောက်ရှိတော့မယ် ခုထိ ၁၁ ပုဒ်လားပဲ ရှိသေးတယ် မရေးနိုင်ဘူး မတွေးနိုင်ဘူး
ပုုဒ်ရေ ၁၀ဝ ကနေ ထောင်သောင်းမက ရေးနိုင်ပါစေနော်
ဆူးလေပုံကို ရိုက်ထားတာလေး သဘောအကျဆုံးပါပဲ တခါမှ အဲ့လို ရိုက်တာ မမြင်ဖူးဘူး..
weiwei
December 16, 2011 at 7:53 pm
ရန်ကုန်မှာ နေနေတာ ကြာလှပေမယ့် ဘုရားတွေစုံအောင် မရောက်ဖူးသေးဘူး …
ကိုဘလက်ကျေးဇူးနဲ့ တစ်ထိုင်ထဲ အကုန်ရောက်သွားတော့တာပဲ …
windtalker
December 16, 2011 at 8:03 pm
ဘရာသာ ဘလက်ရေ
ဂေဇက်လာ နဲ ့ဂေဇက်ဝင် ဗုဒ္ဓဘာသာ များဖူးမျှော်ရအောင်
ဘုရားပုံတော်များကို ကြည်ကြည်လင်လင်ရှင်းရှင်းလင်လင်း တင်ပေးတဲ့ အတွက်
အားပါးတရ ဖူးမျှော်ရပါ၏
ထို ့အတူ ဆုတောင်းမိပါ၏
အသွားအပြန် လေယာဉ်လက်မှတ်ဖိုး အတွက် ကြံစည်မိပါ၏
အဆင်ပြေခဲ့လျှင် ထပ်တွေ ့မည် ဖြစ်ပါကြောင်း
ကိုရင်စည်သူ
December 16, 2011 at 9:22 pm
ကိုဘလက်ရဲ့ ၁၀ဝ မြောက်ပို့စ်မှသည် နောက်ကို ၁၀၀ဝ မှ ၁၀၀၀၀ဝ အထိ
ပို့စ် မြောက်များစွာရေးပြီး ဂေဇက်ရွာအကျိုးနှစ်ဆတိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့
ယခုပို့စ်မှ ဘုရားစေတီတော်များကို ဖူးမြော်ရင် ဆုတောင်းပေးလိုက်ပါတယ်ဗျာ..။ 🙂 🙂
ကိုပေါက်(မန္တလေး)
December 16, 2011 at 10:01 pm
ချစ်မိတ်ဆွေကိုချောသို့………………………..
ဖတ်ညွှန်းဆိုတဲ့စာ
ရွာရဲ့လိုအပ်ချက်
ဖြည့်စွက်ပေးနေတဲ့ကိုချော။
တရွေ့ရွေ့နဲ့ရွှေ့ခဲ့တာ၊
ဒီရက်မှာ ရွှေ့ချက်ပေါင်း (100)တိုင်ခဲ့။
မြိုင်ဆိုင်လှတဲ့ကော်မင်းများစွာ
ပိုင်ဆိုင်ထားပြန်သူတစ်ယောက်။
ပြောင်မြောက်တဲ့ရိုက်ချက်နဲ့အတူ
ဘုရားဖူးတွေထွက်ခဲ့။
အသက်ထက်ဆုံး
စိတ်ချမ်းသာ
ကိုယ်ကျန်းမာ
လိုတာကို မတဘဲရ
ပျော်ရွှင်လှစွာသောဘဝကိုပိုင်ဆိုင်သူ…………………
နှစ်ပေါင်းများစွာ သက်ရှည်ကျန်းမာ
ဘဝများစွာကို ဖြတ်သန်းနိုင်ပါစေကြောင်း
ဆုတောင်းတယ်ဆိုတာကို သူကြီးမကြိုက်သော်လည်း
ချစ်ခင်မူ့အပေါင်းနဲ့ ဆုတောင်းပေးလိုက်ပါသဗျာ။
ခင်သော
ကိုပေါက်(မန္တလေး)
MaMa
December 17, 2011 at 5:53 pm
ဆူးလေစေတီကို သစ်ပင်နဲ့ ငှက်နှစ်ကောင်နဲ့ အမိအရ ရိုက်ထားတဲ့ပုံ အကြိုက်ဆုံးပဲ။
မြင်ဖူးသမျှပုံတွေနဲ့လည်း မတူကွဲပြားတယ်။
ရန်ကုန်ဘုရား စုံသလား မမေးနဲ့
ဘုရင့်နောင်က ရွှေသံလွင်ဘုရားတောင် ပါလိုက်သေး… 🙂