စီးပွါးရေးဆိုတာ.. သူများမလုပ်သေးတာ တီထွင်နိုင်မှတဲ့လား …
ဒီခေတ်ကြီးဟာ နေရာတကာပြိုင်နေကြရတဲ့ခေတ်ကြီးပါ …။
ကဲ .. လူငယ်လေးတွေစုပြီး လူငယ်စုံတွဲတွေ အေးအေးဆေးဆေးနားထောင်နိုင်တဲ့
Music သရေတာ တခုတီထွင်ထားပါတယ်။ Music ဝါသနာပါကြတာသိတော့
အရသာအပြည့်အဝရအောင် ဖန်တီးထားပြီး အအေးခန်းထဲမှာ ငြိမ့်နေအောင်နားထောင်နိုင်ကြမှာပါ။
ပြီးတော့ ကျန်တာတွေဘာပါသေးလဲတော့မသိပါဘူး ..။
တီထွင်မှုကတော့ချီးကျူးစရာပါ ….။
လူငယ်တွေတင်မက လူကြီးတွေကြိုက်ကုန်မှာလဲစိုးရပါတယ် …။
12 comments
“ဘီလူးကြီး”ogre
December 16, 2011 at 4:29 pm
အဲဒီမြူးဇစ်ကဖီး ထက် ညာဘက်က
ဦးပြောင် ထမင်းဆိုင်ကိုစိတ်ဝင်စားတယ်ဗျာ…. 🙂 🙂
blackchaw
December 16, 2011 at 5:50 pm
သူငယ်ချင်း စုံတွဲလူငယ်များ အတွက် ဆိုတော့
ကျွန်တော်တို့ စုံတွဲ လူကြီးတွေ သွားလို့ရဘူးပေါ့နော…။
ဘယ်နေရာမှာရှိတာလဲဗျာ။ သိထားရတာပေါ့။
ဆူး
December 16, 2011 at 6:40 pm
အကြံကောင်းတော့ တချက်တဲ့.. ဒီရွာရဲ့ နာမည်ကျော် သတင်းထောက် ဦးဖတ်တီး ကိုယ်တိုင် ကွင်းဆင်းပြီးတော့ အချက်အလက်တွေ ပြန်လည် တင်ပြပြီး အစီရင်ခံစာတင်ဖို့ လွတ်လိုက်ပါ့မယ်။
ဆက်ရန် မျှော်………
mummymoon
December 16, 2011 at 6:54 pm
နေရာကြည့်ရတာကတော့ စမ်းချောင်း ပဒုမ္မာကဇာတ်ရုံအနောက်ဖက်က တိုက်တန်းဖြစ်မယ်–
ဦးပြောင်ထမင်းဆိုင်လဲ အဲဒီနားမှာရှိနေတယ်လေ– စမ်းချောင်းမယကရုံးနဲ့လဲ သိပ်မဝေးပါဘူး– မမြင်ဘူးထင်ပါ့(မျက်စိလျှမ်းနေတာလဲ ဖြစ်မယ် ဟီးx)
fatty
December 16, 2011 at 7:01 pm
မှန်ပါတယ်ဗျာ ပဒုမ္မာကွင်းအနောက်ဖက်တန်းမှာပါ ..။
ဆူး ကတော့ထောင်ပြီဗျို့ …။ ladyboy တွေကိုကြောက်တယ် ..။
windtalker
December 16, 2011 at 9:14 pm
တစ်ကယ်ယူမှာ သေချာတဲ့ ချစ်သူများ အတွက်ဆိုရင်တော့ စိတ်ချ ပျော်ရွှင်စရာ နေရာလေး လို ့တွေးမိတယ် ။
ခက်တာက ၊ အခုခေတ် က တစ်ကယ်လဲ မယူနိုင်ဘဲ ၊ ယူချင်ကြတာလဲ မဟုတ်ဘဲ ၊ အပြာကားတွေ ကြည့်ပြီး လက်တည့်စမ်း ၊ ဆန္ဒကို ရှေ ့တန်းတင်နေကြတာ ဆိုတော့ ၊ ပိတ်သင့်တယ် လို ့ဘဲ ပြောပါရစေ ဗျ
unclegyi1974
December 16, 2011 at 10:14 pm
ဟဟမောင်ဖက်..ခက်တော့တာပဲ
ဖြေးဖြေးလုပ်ပါဟ
လိုတာရှိပြောမှပေါ့
ညှိလို့ရတယ်ကွယ်
ကိုဖက်အိမ်ကလေဒီမပါလည်းတယောက်ထဲလည်းလာလည်ကြည့်ပါအုန်းကွယ်
အားလုံးပြည့်စုံစေရပါ့မယ်
ကြောင်ကြီး
December 17, 2011 at 11:17 am
ကြောင်ကြီး စုံတွဲသွားရင် ထိုင်ချင်တဲ့ဆိုင်ကတော့ သီးသန့်အခန်းထဲမှာ အချစ်သီချင်းငြိမ့်ငြိမ့်လေးနဲ့ နီယွန်မီးရောင် မှိန်ပြပြထွန်းထားပြီး ထိုင်စရာ တယောက်ထိုင် တခုံပဲထားပေးတဲ့ ဆိုင်ဖြစ်ပါတယ်။ (ထိုင်ခုံကိုတော့ သက်တောင့်သက်သာနဲ့ ခိုင်ခိုင်ခံ့ခံ့ ရှိဖို့လုပ်ပေးထားရပါမယ်) အဲဒီဆိုင်မျိုး ဦးဖက်ဖွင့်ဖို့ အကြံပေးပါဒယ်။။ 😳
ခင်မင်ရင် အကြွေးစနစ်ဖြင့် အားပေးရန် ဝန်မလေးသူ ပလေးကက်ကြောင်ကြီး
manawphyulay
December 17, 2011 at 3:56 pm
မြူးဇစ်က ဘယ်မှာရှိလဲတော့မသိဘူး။ ဦးပြောင်ဆိုင်က ဘယ်နေရာမှာလဲ သိချင်ပါတယ်။ ပုံကြည့်လိုက်တာ မြူးဇစ်ဆိုင်းဘုတ်တွေထက် ဦးပြောင်ဆိုင်ကို မျက်လုံးပြူးပြီး ဖတ်မိတယ်။
ဦးဦးပါလေရာ
December 17, 2011 at 5:10 pm
စမ်းချောင်း ပဒုမ္မာကွင်းဘေး ၊ ပဒုမ္မာလမ်း ပေါ်မှာ အရှေ့ဘက်ခြမ်းမှာရှိပါတယ်။ ပဒုမ္မာကွင်းရဲ့ အနောက်ဘက်ဆိုင်တန်းတွေထဲမှာပေါ့။
ဗားဂရာဘက်ကဝင်လာရင် စမ်းချောင်းလမ်းကို မဆုံခင် သုံးပုံနှစ်ပုံလောက်မှာပါ။
ရွှေမြို့တော် ချစ်တီးထမင်းဆိုင်၊ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးဆိုင်တွေကျော်ရင် ရောက်ပါပြီ။
ကိုယ့်သားသမီးတွေကို လိုက်ဖမ်းရမယ့်နေရာတွေ လိုက်ကြည့်ထားလို့ ပြောနိုင်တာလေ..:)
KING
December 17, 2011 at 9:12 pm
ရှယ်ပဲ အိမ်ကလူကြီးတွေ အင်တာနက် မသုံးတတ်တာ
ဒီတစ်ခါ ဂွင်ပဲ … 🙂
koyinmaung
December 18, 2011 at 5:48 pm
ဆရာဖက် ဆိုင်ရှင်ကမှာသွားတယ်
ညကျယင်ထမင်းစားဖိတ်လိုက်ပါတယ်
ခုလိုကြော်ငြာပေးတဲ့အတွက်လဲကျေးဇူးတင်တဲ့အကြောင်း
ပြောလိုက်ပါတဲ့…..ဟဲဟဲ