Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဦးကြောင်ကြီး ပြန်ကြားရေးဝန်ကြီးဖြစ်လျင် If…

သဂျီးဦးခိုင် အများအကျိုး သယ်ပိုးထမ်းရွက်နေပုံ

ပြန်ကြားရေးဝံဂျီး အသစ်လဲပြီဆိုသောသတင်း စာနယ်ဇင်း မီဒီယာလောကတွင် ပျံ့နှံ့လျက်ရှိသည်။ အကြောင်းအရင်း တိတိကျကျ မည်သူမျှ မသိကြသော်လည်း မျက်စိကြီး နားကြီး လဗျွတ်ကြီး အတ္တကြီး အသိုင်းအဝန်းမှ ထွက်လာသော သတင်းအရ ယခင်ဝန်ဂျီး ဦးကြော်စမ်းတယောက် အကျွတ်တရားရကာ ဇိမ်ဖုံးဂျီး အပြီးအတိုင် ဝတ်သွားပြီဆိုသည် ။ ၎င်း၏ ဥပဇ္ဇါယ်ဆြာမှာ အမေလိကံနိုင်ငံ လော့အိန်ဂျလိစ်မြို့တွင် သီတင်းသုံးနေသော မွမ်းဒါလေ့ဃေစပ် အယ်ဒီတာချုပ် ဂျာပွန်ဇိမ်ဖုံးဂျီး ကိုဘေးနွားကင်ဥကိုင် ဖြစ်၏။ သူ၏ တရားမှာ “အချိန်ရှိခိုက် လုံ့လစိုက် အိပ်၊စား၊ကာမ နိဗ္ဗာန်ထိုက်” ဟူသော ဇိမ်တရားပင်ဖြစ်သည်။ ဦးကြော်စမ်း တယောက် ဆရာကောင်းတပည့် ပန်းကောင်းပန်ပီပီ နေညိုချိန်ရောက်တိုင်း ထန်းရည်နှင့် အညာနွားကင်ကို သုံးဆောင်ရင်း လူ့သဘာဝသစ္စာ ဇိမ်တရားကို ထန်းရည်သမားများအား ဟောကြားတတ်နေပေပြီ။ တအေ့အေ့ လေချဉ်တက်သံ ဇိမ်တရားများကား ထန်းတောတလျောက် ပျံ့လွှင့်နေပေတော့သည်။ 😀

ပြည်ရွာအနှံ့ ဇိမ်တရားများထွန်းကားပြီး ကစော်ဆိုင် ဘီယာဆိုင် မှိုလိုပေါက်စည်ကားနေ၍ ယစ်မျိုးခွန်၊ ကုန်သွယ်ခွန်၊ အမြတ်ခွန်၊ စည်ပင်ခွန်များဖြင့် အစိုးရ ဘဏ္ဍာရေးဌာနနှင့် စည်ပင်ဌာနများ လွန်စွာပျော်မြူး နေသလောက် ချွေးပြန်နေသူကား ပြန်ကြားရေးဌာန ဖြစ်သည်။ အရည်အချင်း ပြည့်ဝသည့် ဝန်ကြီးအသစ် ရှာမတွေ့နိုင်သောကြောင့် ဦးကြောင်ကြီးအား ပြန်ကြားရေးဝန်ကြီးခန့်ရန် အဘဂျီးထံမှ တိုက်ရိုက်အမိန့် ထွက်လာသည်။ အဘဂျီး သတိလက်လွတ် ဖြစ်နေပြီလော၊ အပ မှီနေပြီလော၊ သို့လော သို့လောများ အစိုးရအဖွဲ့အတွင်း ပွက်လောရိုက် ဆူညံသွားသည်။ သို့သော် မည်သူမျှ ကျယ်ကျယ်မဟရဲ၊ “အာချောင် မသာကောင်” ဆိုသောစကား ရှိထားသည် မဟုတ်ပါလော။။။။ 😮

ကြောင်ကြီး၏ ပြောင်မြောက်လှသော စာများကို အလွန်နှစ်သက်စွာဖြင့် တိတ်တခိုးဖတ်ရှုနေသည်မှာ အဘတက်ခြုပ်ဂျီးအဖို့ နှစ်ပရစ္ဆေတ ကြာမြင့်လှပေပြီ။ အထူးသဖြင့် သူ၏ အဆင့်အတန်း အလွန်မြင့်လှသော အတွေးအခေါ် အကြံအစည်များကိုဖြစ်သည်။ ယခုမှ ပူဇော်ထိုက်သူကို ပူဇော်၊ ဂါဝရပြုထိုက်သူကို ဂါဝရပြုခွင့် ရလေပြီ၊ ပညာရှိသူတော်ကောင်းနှင့် ပေါင်းဖော်မှီဝဲရလေပြီဟု ဝမ်းသာပီတိ ဖြစ်နေသည်။ အခြေအနေကို အမြတ်ထုတ်သူကား ကိလေသာကုန်ပြီဆိုသော ဇိမ်ဖုံးဂျီး ဥကိုင်ဖြစ်သည်။ ကြောင်ကြီးနှင့် ဆက်သွယ်ပေးရန် အကျိုးတော်ဆောင်ခ အမေရိကန်ဒေါ်လာ ၁သန်းတိတိကို ငွေသားဖြင့် ပေးရမည်ဟု တောင်းဆိုပြီး တဖက်တွင် ကြောင်ကြီးအား မြန်မာနိုင်ငံတွင် တိုင်းကျိုးပြည်ပြုလုပ်ငန်းများ လုပ်ဆောင်ရန် တိုက်တွန်းလေသည်။ အစိုးရ ကက်ဘိနက်ဝန်ကြီးအဖွဲ့တွင် ရာထူးတနေရာ ရအောင်ယူကာ ပြည်တွင်းရှိ အတောင်ပေါက်ခါစ မီဒီယာများကို အကူအညီရန် ကြံဆောင်ရမည်ဆိုသည်။ ဤသို့မလုပ်ပါက မြန်မာပြည်ကို တရုတ်ကြီး ကျွန်ပြုသွားလိမ့်မည်ဟု လီဆယ်ပြောလေသည်။ သဘောမတူလျင် အဆိပ်သောက်သေမည် မျက်ရည်ရွှဲလဲနှင့် တောင်းပန်သဖြင့် သူ့၏ အကြံအစည် အောင်မြင်သွားတော့သည်။ အလွန်ညစ်ပတ်ဆိုးဝါးလှသော သဂျီးပါပေတကား။။။။ 🙄

ဦးကြောင်ကြီး ပြန်ကြားရေးဝန်ကြီးဖြစ်ပြီး မကြာခင်တွင် မြန်မာ့မီဒီယာ လောကအတွက် ကြီးမားသော ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်တော့သည်။ ပလေးဘွိုင်း မဂ္ဂဇင်းကို မြန်မာဘာသာဖြင့် ပုံနှိပ်ထုတ်ခွင့်၊ ဗွီဒီယို နှင့် အွန်လိုင်း ဖြန့်ချီရောင်းချခွင့် ပေးလိုက်သည်။ ကန့်ကွက်ရန် ပြင်နေသော အပျိုဂျီးများအတွက် ပလေးဂဲလ် မဂ္ဂဇင်းအား အလားတူ ခွင့်ပြုလိုက်ခြင်းဖြင့် ကျေနပ် လက်ခံသွားစေသည်။ FM လိုင်းများတွင် ကာလသားပုံပြင်၊ လိင်ပညာပေးဇာတ်လမ်း၊ အညီအဟောက် ဝတ္ထုများကို အသံနေအသံထား ပေါင်းစုံဖြင့် ထုတ်လွှင့်စေသည်။ ရုပ်မြင်သံကြားအစီအစဉ်တွင် ဒေါက်တာချက်ကြီး၊ ညမင်းသား အစရှိသော အွန်လိုင်းဆိုက်များနှင့် အကျိုးတူ ပူးပေါင်းကာ high definition ဗီဒီယိုဖိုင်များကို ထုတ်လွှင့်ပြသပေးသည်။ အစိုးရမီဒီယာအား ဆရာကြီးလုပ်ရန် လက်သီးလက်မောင်းတန်းလာသော ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ အာရ်အက်အေ၊ ဧရာဝတီ၊ မဇ္ဈိမ အစရှိသော ပြည်ပမီဒီယာ အသံလွှင့်ဌာနများကား ခြေမကိုင်မိ လက်မကိုင်မိ ဘာကြံရမှန်းမသိ ဖြစ်ကုန်သည်။ ပြည်တွင်း မီဒီယာများမှာလည်း အံကြိတ်သူကြိတ်၊ သွားရည်ကျသူကျ ဖြစ်နေကြလေသည်။ မီဒီယာများအား ကြောင်ကြီး ပေးသော သင်ခန်းစာ ပြင်းထန်လှပေစွ။။။။ 😆

ထိုရုပ်သံလိုင်းများ၊ မဂ္ဂဇင်းများukd အခကြေးငွေကြီးကြီးပေးဝယ်မှ ကြည့်ရှုခံစားခွင့် ရသည်။ နို့မို့ပါက fm လိုင်းမှလာသော ဇာတ်လမ်းတိုများကို မစားရဝခမန်း အာသာပြေ နားထောင်ရသောကြောင့် ပျိုပျိုအိုအို အပေါင်းတို့ ဝင်ငွေတိုးတက် ရရှိရန် အလုပ် ကြိုးကြိုးစားစား လုပ်ကိုင်ကြလေသည်။ ရဟန်းပျို များစွာလည်း လူထွက်ကုန်သည်။ စစ်သားများလည်း တပ်မှထွက်ကာ ပိုက်ဆံပိုရသော အရပ်သားအလုပ်များ လုပ်ကုန်သည်။ တိုင်းပြည် ကုန်ထုတ်စွမ်းအားစု အချီးအနှီးဖြစ်သော အဝါ၊ အစိမ်း အခွင့်ထူးခံလူတန်းစား နှစ်ရပ်အား တိုက်ဖျက် ရမည်ဆိုသော ဂျာပွန်ဇိမ်ဖုံးဂျီး၏ အကြံအစည် အထမြောက် အောင်မြင်လေပြီ။ မီဒီယာလောက ပွင့်လင်းလာမှု နှင့်အတူ ထွန်းကားလာသည်က တည်းခိုခန်းများဖြစ်သည်။ ခန်းလုံးပြည့် မှန်ကြီးများ၊ အသံလုံခန်းများ၊ ခမ်းနား ထည်ဝါသောအိပ်ခန်း အဆင်အပြင်များဖြင့် စုံတွဲများအတွက် ဈေးနှုန်းချိုသာစွာ အချိန်ပိုင်း ဖွင့်လှစ်ပေးသည်။။။။ 😳

၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလ ရောက်သောအခါ ကံစမ်းမဲများ၊ တိုက်ရိုက်ထုတ်လွှင့် ပြသပွဲများ၊ ပရိတ်သတ် ကိုယ်တိုင်ကိုယ်ကျ ပါဝင်သရုပ်ဆောင်ပွဲများဖြင့် ပိုမို စည်စည်ကားကား ရှိနေပေသည်။ နိုင်ငံရေး ဟောပြောပွဲများကို စိတ်မဝင်စားသူ မရှိသဖြင့် ရေပန်းစားလှသော အန်အယ်ဒီ တရားပွဲ၌ပင် လူတရာ မပြည့်တော့ချေ။ ထို့ကြောင့် ဤတချီတွင်လည်း ကြံဖွတ်ပါတီမှ ကြိုတင်မဲဖြင့် အနည်းငယ်မျှ အသာစီးရကာ နေရာအားလုံးတွင် အနိုင်ရသွားသည်။ အဘတက်ခြုပ်ဂျီး ဘုန်းတန်ခိုးကား ငြိမ်းကာနီး ဆီမီးတာက်ပမာ အရှိန် တငြီးငြီး တောက်လောက် နေပြန်တော့သည်။ 😥

19 comments

  • amatmin

    December 17, 2011 at 12:48 pm

    ဦးကြောင်ကြီး ပြန်ကြားရေး ဝံဂျီး ဖြစ်ပြီးနောက် စီစီတီဗွီ သတင်းဌာန နဲ့ပူးပေါင်းကာ တရုတ်မလေးတွေကို ဘယ်လိုလက်စားချေတယ်ဆိုတာလေး သိချင်တာဗျ.. 🙂
    ဖြစ်နိုင်ရင် LIVE ပြပေးဗျာ.. 🙂

  • ဆူး

    December 17, 2011 at 12:54 pm

    ဘာမန်းရမှန်း မသိလို့ သူများ မန်းတာ ကော်ပီကူးပြီး မန်းပေးလိုက်တယ်။

    inz@ghi says:

    ကျုပ်နဲ့စူသီ နဲ့ တွေ့ရင် ကြောင်ဆာတေးဖြစ်မယ်…
    သဂျီးနဲ့ တွေ့ရင်တော့ ကြောင်စာရှိမီ ဖြစ်မယ်…
    ကိုဘီလူးနဲ့ တွေ့ရင် ကြောင်ပေါင်းဖြစ်မယ်…
    တပ်မ၇ရနဲ့တွေ့ရင် ကြောင်ချဉ်ဘတ်ဖြစ်မယ်…
    ဟီဟိ..

    မတူတဲ့အတွေးနဲ့ မန့်တာနော..
    ကြောင်ကိုစားစရာ စာရင်းသွင်းနိုင်ရင် မီလျံဘစ်ဇနက် ဖြစ်လာမယ်…

    ပုံ
    ကြောင်မာကတ်တာ

    • kai

      December 17, 2011 at 3:44 pm

      ဆူးမမကိုပဲ..ထောက်ခံပေးလိုက်တယ်..။ 😆

  • inz@ghi

    December 17, 2011 at 12:56 pm

    ကျုပ် အူးဖွတ်ကျား ဘယ်နားတွားထားတာဒုံး…
    ကျော်တော့ ပြည်ထဲရေး ဝံချီးဆို …
    ပီး ကျုပ် ကြံထားတာတွေချည်း အကုန်လုပ်ချတွားဒယ်…..
    ဥကြောင် ဥကြောင် ……

    တော်ဘာဘီ ….ဇိမ်ဖုံးဂျီး ဆက်ဝတ်နေဒါဘဲ ကောင်းပါတယ်…
    ဒါဗျဲ….
    😛

    • မှော်ဆရာ

      December 17, 2011 at 4:18 pm

      အူးဖွတ်ကျားကို ရှောက်လုပ်ရေး ဝံကြီး ခန့်ပါမယ် …

  • windtalker

    December 17, 2011 at 1:18 pm

    အာချောင် မသာကောင်
    ကြောင်ကြီး လောင်xီး (ဆောရီး “မ” ရေးဖို ့ကျန်ခဲ့လို ့ပါ )
    အကောင်ဖီး ဆောင့်တီး

  • ဦးဦးပါလေရာ

    December 17, 2011 at 2:58 pm

    ကွက်ကျော်မြင်သော ဦးကြောင်ပါပေတကား…

    ဒီစာဖတ်ပြီး တပ်ချုပ်ငြိမ်းကြီး တော်တော်နောင်တရသွားမယ်… 😀 😀

  • manawphyulay

    December 17, 2011 at 3:15 pm

    ဦးကြောင်ကြီး ဝံဂျီးဖစ်ရင် ပျားဖွတ်ရမှာပေါ့နော်… အဟိ 😛 အဲကျရင် ပျားရည်နည်းနည်းလောက်တော့ ပေးနော်။

  • char too lan

    December 17, 2011 at 4:27 pm

    ဪ…….. ငတ်ကြီးက လာကျနေပြန်ပီ………….. 😛

  • MaMa

    December 17, 2011 at 5:13 pm

    နှောင်းလူများသာမက ရှေးလူများပါ အတုယူစရာ
    မတူထူးခြား အကြံဉာဏ်များပါပေတကား..
    ထူးလှချေသည် တမုံ့ 😀

  • ကြေးမလောင်

    December 17, 2011 at 5:50 pm

    ဟယ် ဘယ်လိုကြီးလဲ မသိဘူး.. ကြောင်ကြီးက အဲလိုမျိုးလား… တခါမှ မတွေးမိဘူး။
    ပေါက်ပေါက်ရှာရှာ တော်တော် ရေးတာပဲနော်.. တကယ်တမ်းသာ အဲလို လုပ်ရင် ကြောင်တမျိုးသားလုံး နှာခေါင်းရှုံ့ခံရမှာ သေချာတယ်။

    • inz@ghi

      December 17, 2011 at 5:54 pm

      အဲ့သဟာပြောတာပေါ့ ကြောင်မလေးရယ် ….ကိုရီးဂီ ..မမာတဲ့ကြားကနေ …
      မီးဒုတ် ရှို့နေတာသာကြည့်ပေတော့ ….
      ဝှူး ….မောတွားဘီ…
      တော်သေးဘီ …..

      😀

      • ကြေးမလောင်

        December 17, 2011 at 6:05 pm

        ဘာ မမာတာလဲ မသိဘူးနော် မိးဒုတ်က ဘာလဲဟင်..
        ဦးလေးက မမာဘူး ဆိုတော့ ပျော့နေလို့လား.. စိတ်မဆိုးနဲ့နော်.. ဘာလို့ မောတာလဲဟင်..
        နားကို မလည်တော့ဘူး။ 😛

      • inz@ghi

        December 17, 2011 at 6:27 pm

        ဂီဂီ့ ကြောင်ဟင်းလျာ …
        (မူရင်း စာကို ….ကပေ့ပိုစ့်တွင်ရှုပါ)

        Try your Cat This @ HoMe

        1.ကချင်ပြည်က လာတဲ့ ရှကောပါကော ထည့်ပြီး
        2.ကြက်သွန်နီ နိုင်းဂျင်းနဲ့ နူးအောင်ပြုတ်မယ်ဗျာ..
        3.ကြက်သွန်တွေ ကြေသွားပြီး ပျောက်သွားတဲ့အထိ ပြုတ်မယ်ဗျ
        ရေထပ်ထပ်ဖြည့်ပေးရလိမ့်မယ်
        4.ဆီမွေး နဲ့ မိတ်သလင် ပါထည့် ….
        5.ဆီကျန်ရေကျန်လေးမှာ ကြက်သွန်ဖြူပါးပါးလှီးထည့်မယ်
        6. မြေပဲကို ၈စိတ်ကွဲအောင်ထောင်းထည့်လိုက်ဦး…
        7.အငန်အတွက် တော့ ကင်းမွန်နံပလာ သုံးရမယ်ဗျ…
        8ငြုပ်ကောင်းလေးထည့်ပြီး
        9.နံနံပင်လေးအုပ်လိုက်ရင်. …
        ရှလွတ်…..
        😀

        • ကြေးမလောင်

          December 18, 2011 at 10:24 am

          ဦးလေးက မမာပဲ ပျော့ပြဲ ပြီး မောနေတာတောင် ကြောင်သား ဟင်းစားချင်သေးတယ်လား..
          သူပဲ မကြောက်မရွံ့ အဲဒါ အတွေးနဲ့တင် ဝဋ်လည်နေတာ ဖြစ်နေတာဖြစ်မယ်။

  • KING

    December 17, 2011 at 8:32 pm

    ဝံကြီး ဖြစ်သွားသော ဦးကြောင်ကြီးသည် ဝံကြီးနှင့်အားမရဘဲ
    နောက်လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ရန် ဂေဇက်ရွာမှ
    ကြောင်တစ်မျိုးသားလုံး၏ အကူအညီဖြင့် ကြောင်တစ်မျိုးသားလုံး ညီညွတ်ရေးပါတီကိုဖွဲ့ရန် ကြံစည်သည်။ ထို့ပြင် ကြောင် သမ္မဂ၊ ကြောင် အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ စသည်သည်ဖြင့် အတွေးနယ်ချဲ့ကာ အိပ်ငိုက်ရင်း အိမ်တွင်မွေးထားသော ကြောင်အား …… (အဲ ဘာရေးရမလဲမသိတော့ဘူး) …. 😀

  • ရွှေဘိုသား

    December 18, 2011 at 9:13 am

    ဦးကြောင် ဝံကြီးဖြစ်လျှင် ကိုကြောင်းကလေး ဝက်ကြီးဖြစ်မှာ သေချာပါကြောင်း

  • naywoonni

    December 18, 2011 at 7:47 pm

    ဦးကြောင်ကြီး ပြန်ကြားရေးဝန်ကြီးဖြစ်လျင် If…
    ကြောင်မလေးတွေ /ဒါမှမဟုတ် တလုပ်မလေးတွေ ဝိုင်းဝိုင်းလည်နေမှပေါ့……….။ နော်….။

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 20, 2011 at 7:38 pm

    သက်သတ်လွတ်စားတဲ့ ကိုကြောင်ကြီးခင်ဗျား
    ခုလို ကျွန်တော့်ဆိုဒ်ရဲ့ ပရိတ်သတ်တစ်ဦးဖြစ်တာ
    သိရတဲ့အတွက်
    အတိုင်းမသိ ဝမ်းသာမိပါတယ်
    ပုံ……………
    ……………… ဒေါက်တာချက်ကြီး

Leave a Reply