ခရစ်စမတ်လက်ဆောင်
၁ ဒေါ်လာနဲ့ ၈ရ ဆင့်၊ ဒါအကုန်ပဲ။ နေ့တိုင်းသူမဈေးဖိုးကို နည်းနိုင်သမျှနည်းအောင်သုံးခဲ့သည်။ ဈေးအပေါဆုံး အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်ဆိုင်ပြီးတစ်ဆိုင် မရ ရအောင်ရှာဝယ်ခဲ့ပြီး ငွေကိုတတ်နိုင်သလောက်စုခဲ့ရတာ။
ငွေတွေကို နောက်တစ်ခေါက်ပြန်ရေကြည့်တယ်။ သူမ မမှားပါ၊ ၁ ဒေါ်လာနဲ့ ၈ရ ဆင့်၊ သူမမှာရှိသမျှ အကုန်ပါပဲ။ မနက်ဖြန်ဆိုရင် ခရစ်စမတ်ရောက်ပြီ။ ဒီငွေလေးနဲ့ သူမဘာမှလုပ်လို့မရတော့။ သူမတတ်နိုင်တာဆိုလို့ ငိုကြွေးဖို့ပဲ ရှိတော့တယ်။ ဆင်းရဲစုတ်ပြတ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ သူမတစ်ယောက်ထဲ ထိုင်ငိုနေလိုက်သည်။ သူမနာမည် ဒဲလာပါ။ ဒီအခန်းကျဉ်းလေးထဲမှာ သူမရဲ့ခင်ပွန်းဖြစ်သူ ဂျင်မ်နဲ့ အတူနေပါတယ်။ ကံကောင်းထောက်မလို့ ဂျင်မ်က အလုပ်တစ်ခုရပေမယ့် သူ့လခရဲ့ တော်တော်များများကို ဒီအခန်းလေးရဲ့လခအဖြစ်အသုံးပြုရသည်။ သူမအလုပ်ရဖို့ ကြိုးစားကြည့်ပေမယ့် ခေတ်ကာလကြောင့် အမျိုးသမီးတစ်ယောက်အလုပ်ရဖို့မလွယ်ကူပါ။ ခက်ခဲကြမ်းတမ်း တဲ့ဘဝမှာ သူမအတွက် စိတ်အချမ်းသာဆုံးအချိန်က ခင်ပွန်းသည်ဂျင်မ်ပြန်လာပြီး သူမကိုထွေးပွေ့နှစ်သိမ့်ပေးတဲ့အချိန်လေးပါပဲ။
သူမမျက်ရည်တွေကို သိမ်းပြီးမျက်နှာသစ်လိုက်ပါတယ်။ မနက်ဖြန် ခရစ်စမတ်နေ့၊ ဂျင်မ်ကိုခရစ်စမတ်လက်ဆောင်ဝယ်ပေးဖို့ ၁ဒေါ်လာနဲ့ ၈ရဆင့်ပဲရှိတယ်။ သူမရဲ့ခင်ပွန်းသည်ကို ခရစ်စမတ်လက်ဆောင် ကောင်းကောင်းလေးဝယ်ပေးချင်တယ်၊ တကယ်တန်ဖိုးရှိတာလေးတစ်ခုခုပေးပြီး သူမအနေနဲ့ သူ့ကိုဘယ်လောက်ချစ်တယ်ဆိုတာကိုပြချင်ပါတယ်။ မှန်ရှေ့မှာရပ်မိတော့ တစ်စုံတစ်ခုကိုသတိရပြီး သူမမျက်နှာ ဝင်းလက်သွားတယ်။ ပြီးတော့ သူမရဲ့ရှည်လျားလှပတဲ့ အညိုရောင်ဆံပင်တွေကို ဖြန့်ချပြီးမှန်ထဲပြန်ကြည့်မိတယ်။ ထူထဲလှတဲ့ဆံပင်တွေက ကုတ်အင်္ကျီတစ်ထည်လို ကျောပေါ်မှာနွေးထွေးလို့နေပါတယ်။ သူမဆံပင်တွေကို ပြန်ထုံးလိုက်ပြီး တစ်ချက်နှစ်ချက်ရှိုက်လိုက်မိပါသေးတယ်။ ပြီးတော့ အနွေးထည်ထပ်ဝတ်ပြီး ဈေးဆိုင်တန်းတွေဘက် ထွက်ခဲ့လိုက်တယ်။ မဒမ် အီလီနွိုက်စ်လို့ ဆိုင်းဘုတ်တပ်ထားတဲ့ အခန်းရှေ့မှာရပ်လိုက်မိတယ်၊ အထဲမှာတော့ ကျွန်မလုံးဝမနှစ်မြို့တဲ့ မဒမ် အီလီနွိုက်စ်လို့ ခေါ်တဲ့ မိန်းမဝဝကြီးတစ်ယောက် ရှိတယ်။ “ကျွန်မရဲ့ဆံပင်ကိုရောင်းချင်လို့ပါ”လို့ပြောလိုက်တော့ သူမရဲ့ဆံပင်တွေကို ဖြန့်ချခိုင်းတယ် ပြီးတော့………………
ဂျင်မ်မှာ သူ့ရဲ့အဖိုးလက်ထက်ကတည်းက လက်ဆင့်ကမ်းအမွေရခဲ့တဲ့ ရွှေရောင်နာရီလေးတစ်လုံးရှိတယ်။ လက်ပတ်ကြိုး လေးကတော်တော်လေးဟောင်းနွမ်းနေရှာပြီ။ ဂျင်မ်ကပြောတယ် သူ့မှာတန်ဖိုးရှိတာဆိုလို့ နှစ်ခုပဲရှိတယ်၊ တစ်ခုက အဲဒီနာရီလေး နောက်တစ်ခုက သူမရဲ့ဆံပင်တွေတဲ့။ ဂျင်မ်မြတ်နိုးတဲ့ဆံပင်တွေကို ဒေါ်လာနှစ်ဆယ်နဲ့ရောင်းပြီး သူ့အတွက် ရွှေရောင် လက်ပတ်ကြိုးလေး တစ်ခုဝယ်လိုက်တယ်။ ၂၁ဒေါ်လာပေးရတဲ့ကြိုးလေး ဂျင်မ်ရဲ့လက်နဲ့ဆို အရမ်းကိုလိုက်ဖက်မှာပါ အတွေးနဲ့တင် သူမပျော်နေမိတယ်။။ ရ နာရီထိုးတော့မှာဆိုတော့ ဂျင်မ်ပြန်လာတော့မယ် ညစာအတွက် ပြင်ဆင်ချက်ပြုတ်နေရင်း သူမရဲ့ဆံပင်တွေကိုမြင်ရင် ဂျင်မ်ကဘာပြောမလဲဆိုတာကိုတွေးပြီး စိတ်လှုပ်ရှားနေမိပါတယ်။ ဆံပင်တိုတိုလိပ်လိပ်တွေက နားရွက်အပေါ်ရောက်ပြီး သူမပုံစံက ကျောင်းသူတစ်ယောက်ပုံပေါက်နေတယ်။ သူမကို မချစ်တော့မှာလည်း တွေးပူမိပါ တယ်။ သူမကို အရင်လိုလှနေစဲပဲလို့လည်းထင်စေချင်တယ်၊ သူမဆုတောင်း ပြည့်ပါ့ မလား …..။ ဂျင်မ်ပြန်ရောက်လာပါပြီ တံခါးဖွင့်ပြီးဝင်လာတဲ့ ဂျင်မ်ရဲ့ပုံစံက နည်းနည်းပိန်သွားတယ်။ ကုတ်အင်္ကျီက တော်တော်လေးပွယောင်းယောင်း ဖြစ်နေတယ်၊ သူ့အတွက် ကုတ်အင်္ကျီအသစ်တစ်ထည် လိုနေပြီပေါ့။ ဂျင်မ်က ကျွန်မကို စိုက်ကြည့်နေတယ်၊ ကျွန်မ သူ့အကြည့်တွေကို မဝေခွဲတတ်ဘူး။ စိတ်ဆိုးတာလည်းမဟုတ် ဝမ်းနည်းတာလည်းမဟုတ်တဲ့ ထူးဆန်းတဲ့အကြည့်၊ ကျွန်မ ကြောက်လာတယ်။ သူ့ဆီပြေးသွားပြီး ………..
“ဂျင်မ် ကျွန်မကို အဲဒီလိုမကြည့်ပါနဲ့၊ ကျွန်မ… ကျွန်မရဲ့ဆံပင်တွေကို ရောင်းခဲ့တယ် ဘာဖြစ်လို့လည်းဆိုတော့ ရှင့်အတွက်လက်ဆောင်ဝယ်ပေးချင်လို့ပါ၊ ဆံပင်ဆိုတာမကြာခင်ပြန်ရှည်လာ မှာပါကွယ်၊ ကျေးဇူးပြုပြီး ကျွန်မကို Merry Christmas လို့ပဲပြောပေးပါနော် ကျွန်မမှာရှင့်အတွက် သိပ်ကောင်းတဲ့လက်ဆောင် ရှိတယ်လေ”။
“မင်းပြောတာ မင်းရဲ့ဆံပင်တွေကို ဖြတ်လိုက်ပြီ”
“ဟုတ်တယ်ဂျင်မ်၊ ကျွန်မဆံပင်တွေကို ဖြတ်ပြီးရောင်းလိုက်ပြီ၊ ဒါပေမယ့် ဂျင်မ်ရယ် ကျွန်မက ရှင့်ရဲ့ဒဲလာပါပဲ၊ ကျွန်မကို မချစ်ပဲတော့မနေပါနဲ့နော်”
“မင်းရဲ့ဆံပင်တွေ မရှိတော့ဘူးပေါ့နော်”
“ကျွန်မပြောပြီးပြီလေ၊ ဘာလို့လဲဆိုတော့ ရှင့်ကိုကျွန်မ သိပ်ချစ်လို့ပါ၊ ညစာစားရအောင်ပါဂျင်မ်ရယ်”
သူကရုတ်တရက် ကျွန်မကိုပွေ့ဖက်ပြီး သူ့ရဲ့အိတ်ထဲက တစ်စုံတစ်ခုကိုထုတ်လိုက်တယ်၊ အဲဒီအထုပ်လေးကို စားပွဲပေါ်တင်ပြီး
“ငါမင်းကိုချစ်တယ် ဒဲလာ၊ မင်းရဲ့ဆံပင်တိုသည်ဖြစ်စေ ရှည်သည်ဖြစ်စေ အရေးမကြီးပါဘူး၊ ဒီအထုပ်လေးကိုဖွင့်ကြည့်လိုက် ငါဘာလို့စိတ်မကောင်းဖြစ်သွားတယ်ဆိုတာ မင်းနားလည်လိမ့်မယ်”
သူမစိတ်လှုပ်ရှားစွာနဲ့ စက္ကူလေးနဲ့ပတ်ထားတဲ့အထုပ်ကို ဖြည်လိုက်တယ်။ ရုတ်တရက်သူမ ဝမ်းသာလွန်းလို့အော်လိုက် မိတယ်၊ ပြီးတော့ ချက်ချင်းမျက်ရည်တွေကျလာတယ်၊ ဘာလို့လည်းဆိုတော့ ဂျင်မ်ပေးတဲ့လက်ဆောင်က သူမသိပ်ကြိုက်တဲ့၊ စတိုးဆိုင်ရှေ့ရောက်တိုင်း ငေးခဲ့ရတဲ့၊ ဈေးလည်းအင်မတန်ကြီးတဲ့ ဘီးလှလှလေးတစ်စုံပါ။ သူမအရမ်းလိုချင်ခဲ့တဲ့ အဖိုးတန် ဘီးလေးတွေကို သူမအခုပိုင်သွားပြီ၊ ဒါပေမယ့် သူမရဲ့ဆံပင်တွေမရှိတော့ဘူးလေ။ သူမထပ်ငိုမိပြန်တယ် မျက်ဝန်းမှာ မျက်ရည်တွေအပြည့်နဲ့ ဂျင်မ်ံရဲ့လက်ဆောင်ကို ကိုင်ထားပြီး “ကိစ္စမရှိဘူးဂျင်မ် ကျွန်မရဲ့ဆံပင်တွေသိပ်မကြာခင်ပြန်ရှည်လာမှာပါ” ပြီးတော့ သူမသတိဝင်လာပြီး
“ဒီမှာဂျင်မ် ရှင့်အတွက် ကျွန်မရဲ့လက်ဆောင်၊ ရှင့်နာရီအတွက် လက်ပတ်ကြိုးလေး၊ ရှင့်နာရီနဲ့ ဒီကြိုးလေး ဘယ်လောက်လိုက်ဖက်တယ်ဆိုတာ ကြည့်ရအောင်”
ဂျင်မ်က သူ့ရဲ့လက်တွေကို နောက်ပစ်လိုက်ပြီးထိုင်ချလိုက်တယ်။ ပြီးတော့ သူမကိုပြုံးကြည့်ပြီး
“ဒဲလာ ငါတို့ရဲ့လက်ဆောင်တွေကို အချိန်ကာလတစ်ခုအထိ သိမ်းထားကြရအောင်ပါ၊ သိပ်တန်ဖိုးရှိတဲ့ပစ္စည်းလေးတွေပါ၊ မင်းသိလား မင်းအတွက်လက်ဆောင်ဝယ်ဖို့ ငါ့ရဲ့နာရီကိုရောင်းပစ်လိုက်ပြီ၊ ကဲ ငါတို့ညစာစားကြရအောင်ပါ”
…………………………………………………………………………………………………………….
(လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နယူးယော့ခ်မြို့တော်ရဲ့ နောက်ခံနဲ့ သိပ်ချစ်ကြတဲ့လူငယ်နှစ်ယောက်အကြောင်းပါ O.Henry ရဲ့ Christmas Presents ကိုမှီငြမ်းပြီး အနီးစပ်ဆုံးပြန်ရေးထားတာပါ)
25 comments
inz@ghi
December 18, 2011 at 11:32 am
ကျေးဇူးတင်ပါတယ် ဆရာမလေးရယ်….
ခင်တဲ့
Inz@ghi
windtalker
December 18, 2011 at 11:59 am
ယခုစာ ကို ဖတ်ပြီး ၊ အိမ်ပြန်ရောက်သွားသော မောင်ပေ နှင့် သူ ့လေဒီ စကားပြောနေသည် ။
“ကဲကဲ သဲ ရေ မင်းအတွက် မောင့်ရဲ ့လက်ဆောင် က တော့
ဂေဇက် က ဆရာမလေး မိုးစက် ရဲ ့ရှော့စတိုရီ လေးဘဲ
မင်း ဖတ်ဖို ့အတွက် ၊ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက် အကြောင်းလေးပါ
မောင် နဲ ့သဲ နဲ ့လည်း ဒီလိုမျိုး ချစ်ကြရမယ်နော် ”
small cat
December 18, 2011 at 6:28 pm
မိုးဇက်ရေ အနှစ်ပါတဲ့ စာလေးတပုဒ်ပါ၊
ရင်ထဲကို တကယ်ထိပါတယ်။
ကိုပေရဲ့မဒမ်နာမည်က သဲသဲတဲ့လား၊
MaMa
December 18, 2011 at 6:52 pm
မိုးစက်ရေ- ခရစ်စမတ်အမှီ ရွာထဲကို လက်ဆောင်ပေးလိုက်တာပေ့ါလေ .. 😀
Moe Z
December 19, 2011 at 10:07 am
ဟုတ်တယ်မမ… ရွာသူရွာသားအားလုံးအတွက် မိုးစက်ရဲ့လက်ဆောင် 🙂
inz@ghi
December 19, 2011 at 10:09 am
ပြန်ရောက်ပြီလား ဆရာမလေးရေ……
ဘာပဲဖြစ်ဖြစ် ဆံပင်တွေအတိုတော့ မဖြတ်ပါနဲ့ ….
နော်…
Inz@ghi
naywoonni
December 18, 2011 at 8:25 pm
မိုးဇက်လည်း ဆံပင်တွေ အတို ဖြတ်မပစ်လိုက်နဲ့ဦးနော် ……တော်ကြာ
blackchaw
December 19, 2011 at 10:07 am
ကိုပေက ကြော်ငြာ ဝင်ထိုးတာပေါ့လေ။
သည်းတွေ ဘာတွေ လုပ်မနေပါနဲ့ ဗျာ။ အသည်းကြီး လို့သာ ခေါ်။
ဒါမှ အသည်းလေး ခေါ်ဘို့ အဆင်သင့်ဖြစ်မှာဗျ။ ဟားဟား။
blackchaw
December 19, 2011 at 10:14 am
အခုအတိုင်းလှတယ် ပေါ့ ။
နွယ်ပင်
December 19, 2011 at 10:58 am
မိုးစက်ပေးတဲ့ ခရစ်စမတ် လက်ဆောင်လေးကို သဘောကျပါတယ် ……….
Moe Z
December 19, 2011 at 11:17 am
သဘောကျတယ်ဆိုရင်တော့ ဝမ်းသာပါတယ်..
မိုးစက်ရဲ့လက်ဆောင်ဆိုပေမယ့် တဆင့်ပြန်ပေးလို့ရတယ်နော်
ကိုပေလိုပေါ့ 😛
ဆူး
December 19, 2011 at 11:46 am
မိုးဇတ် ဆံပင် ဆိုတာ ရှည်တဲ့ အမျိုး အတို မဖြတ်ပဲ ထားရင် သေချာ ထုံးထားနော်… ရွာထဲက ကာလသားတွေက စိတ်မချရဘူး.. ညာတာပါတေးနဲ့ အရှည်မဖြတ်နဲ့ ပြောပြီး ဘစ်ကားစီးရင်း ကတ်ကြေးစာ မိသွားလို့ လက်ပတ်ကြိုး မဝယ်လိုက်ရပဲ အရက်ဖိုးထဲ ပါသွားအုန်းမယ်နော်.. သတိတော့ ထားအုန်း။
အခုကတည်းက မဖြတ်နဲ့နော် မဖြတ်နဲ့နော်.. ဝိုင်းပြောနေကြတာ အကြံ ရှိမယ် ထင်တယ်။
inz@ghi
December 19, 2011 at 11:56 am
ဟာလဘွားရီးဆူးကတော့ ….မီလွယ်ဝူးဘဲ….
ဒါမျိုးက ကြုံဖူးမှသိတာ ..အာဟိ. …ဘယ်တုန်းက ကပ်ကြေးစာမိဖူးသလဲမသိ…
စိတ်မပူပါနဲ့ဇက်ကလေးရယ် …
ဇက်ကလေး ..ဆံပင်တိုသွားရင် ဂီဂီ မြရိပ်ညိုလိုက်ပို့ပီး ဆံပင်ဆက်ခိုင်းပေးပါ့မယ်…
ဇက်အတွက်ဆို ကျောက်ကပ်တလုံးထုတ်ရောင်းပြီး
လေယာဉ်စားရိတ်လုပ်ကာ ယခုချက်ခြင်း ဗမာပြည်ပြန်လာမည့်
ဂီ
Moe Z
December 19, 2011 at 12:02 pm
မျက်ရည်တောင်ဝဲချင်လာပြီ ကိုအင်ဂျီးရယ် 😛
ဇာတ်လမ်းအသစ်ပြန်ရေးပေးရမလား
ကျောက်ကပ်ထုတ်ရောင်းပြီး လက်ဆောင်ဝယ်ပေးတဲ့ဇာတ်လမ်း 😀 😀
ဆူး
December 19, 2011 at 12:08 pm
ကာယကံရှင် မောင်ဂိ မဟုတ်တဲ့ ကျောက်ကပ်ကြီး ရောင်းပြီး ကြွလာတာ ဖြစ်နေအုန်းမယ်။
ကြောင်ကြီး
December 19, 2011 at 12:02 pm
ထိုနေ့ညစာကား အရသာအရှိဆုံးပေတည်း။။။။ 😳 ရှလွတ် ရှလွတ် (စိတ်ကူးနှင့်ပင် အတော်ချိုမြိန်နေပေသည်)။ မိုးစက်လေးကလည်း ချစ်ရတဲ့ ကိုကြောင်ကြီးအတွက် ရွှေဆိုင်ကနေ တဆယ်ကျပ်သားရှိတဲ့ အခေါက်ရွှေဆွဲကြိုးကြီး ဝယ်ထားပြီးစောင့်နေ၊ ကိုကြောင်ကြီးကလည်း မိုးစက်လေးအတွက် အိမ်နားက နိုင်းတီးနိုင်းဆန့် စူပါမားကက်ကြီးကနေ မိုးစက်လေးအတွက် အလှကုန်ပစ္စည်းတွေ တပွေ့တပိုက်ကြီးဝယ်လား။ အပြန်အလှန် လဲလှယ်ကြ။ ပြီးတော့….အဲ ဘာဆက်လုပ်ရင် ကောင်းမလဲ။။။ ဟိုဥစ္စာ..ညစာစားကြမယ်နော်။။။။။ 😳
မိုးစက်ရေ..အဲဒီဝတ္ထုလေးကို ဘာသာပြန်တင်ဆက်ထားတဲ့ အသံလွှင်ဇာတ်လမ်းကို ရေဒီယိုကနေ ငယ်စဉ်တုန်းက နားထောင်ဖူးပါတယ်။
Moe Z
December 19, 2011 at 12:05 pm
ဦးကြောင်ကြီး ငယ်စဉ်ကဆိုရင် မိုးစက်တောင်မမွေးသေးဘူးထင်တယ် 😀
KING
December 19, 2011 at 2:58 pm
အမှန်တွေ အရမ်းကြီးမပြောနဲ့
ကိုကြောင်ကြီး ရှက်သွားပါအုံးမယ်
😀
စုံ စုံ
December 19, 2011 at 4:52 pm
ဒီဇာတ်လမ်းလေးကိုဖတ်ဖူးတယ် ငယ်ငယ်ကဆိုတော့ ရသတမျိုးပေါ့
အခုမိုးဇက်ပြန်ပြောပြတော့လဲ ရသတမျိုးနဲ့ ဖတ်ရတာကောင်းပါတယ်
အရမ်းချစ်ကြတဲ့သူတွေအတွက် လက်ဆောင်ကအဓိကမကျပါဘူး
ရင်ထဲကမေတ္တာသာအဓိကကျတာပါ တယောက်ကိုတယောက်
နှစ်နှစ်ကာကာမေတ္တာထားခြင်းဟာလဲ တန်ဖိုးမဖြတ်နိုင်တဲ့
လက်ဆောင်တွေအပြန်အလှန်ပေးတာနဲ့တူတူဘဲပေါ့
ဟုတ်ဘူးလား 🙂
Moe Z
December 20, 2011 at 8:10 am
ဟုတ်တော့ဟုတ်ပါတယ် … ဒါပေမယ့် မေတ္တာကိုလည်း ပြတတ်ရသေးတယ်လေ 😀
ကိုယ်ကမေတ္တာထားပေမယ့် သူမသိရင်ဘယ်လိုလုပ်မလဲ
နားလည်မှုတွေလွဲကုန်မှာပေါ့ 😛
ကိုရင်စည်သူ
December 20, 2011 at 10:59 am
ဒါမျိုး ပို့စ်လေးတွေ နီကီလေးတို့ များများဖတ်သင့်တယ်..
မိုးလေးလည်း များများရေးပြီး တင်ပေးပေါ့…
မိုက်ကယ်ကိုရင်အပေါ်ဆို… နီကီတာလေးက..
အရမ်းကို ဂျက်မသိုင်းကွက်တွေထုတ်ချတာ…
နီကီလေး ဒီပို့စ်ဖတ်ပြီး စည့်အပေါ်ကို
ခရစ်စမတ်လက်ဆောင်တွေပေးနိုင်ပါစေ… 😳 😳
Moe Z
December 20, 2011 at 11:04 am
စိတ်မပူပါနဲ့ကိုရင်ရယ် မေတ္တာဆိုတာအသွားအပြန်ရှိပါတယ်
ပေးသလောက်တော့ ပြန်ရမှာပေါ့
ကိုယ်ကနည်းနည်းပေးပြီး သူ့ဆီကများများပြန်လိုချင်လို့တော့မရဘူးလေ
(ဘယ်သူ့ဘက်မှမလိုက်ဘူး ကြားဆိုအကုန်ရှောင်တယ်) 😀 😀
ကိုရင်စည်သူ
December 20, 2011 at 11:58 am
ဘယ်နှဲ့ မိုးဂလေးရယ်.. စည်က ပေးသလောက် ပြန်ယူတဲ့
အချစ်မျိုးမဟုတ်ပါဘူးကွဲ့… ပြန်ပေးစရာ မလိုလောက်အောင်ကို
အပြည့်ပေးထားတာဘာ… 😳 😳
ကိုရင်လည်း ကြားဆိုအကုန်ရှောင်ပါတယ်..
လက်ကြား၊ ချိုင်းကြား၊ ခြေမကြား၊ စပ်ကြား (Gay မဟုတ်ပါ)
inz@ghi
December 20, 2011 at 12:07 pm
စပ်ကြား (Gay မဟုတ်ပါ) လို့ ရေးထားတာ ထောက်ခြင်းအားဖြင့် …
ကိုရင်စည် ရှောင်တဲ့ စပ်ကြားက ဂေးမဟုတ်ဘူးဆိုတော့ ……ဒါဆို ……ကရင်စည် က ဂေး မရှောင်ဘူးပေါ့ …..
နီကီရေ့ ….သည်မှာ ဝန်ခံကုန်ဘီ ….ထိန်းဦး …..အပုန်းလေးတွေက လက်သွက်တယ် ကြားတယ်နော….
ညည်း ကျန်ရစ်ဖစ်တွားမယ် …ခစ်ခစ်…..
manawphyulay
December 20, 2011 at 11:49 am
မနောလည်း ဖြတ်ရောင်းမှာပါ။ သူ့ကို ကျွေးဖို့တော့မဟုတ်ပါဘူး။ ရွာထဲဝင်ဖို့ နက်သုံးခမရှိတဲ့အချိန်ကျရင်ပေါ့…. 😛