ဆောင်းဦးပုံပြင်
အေးသည် ။ ခိုက်ခိုက်တုန်နေအောင် ချမ်းမိသည် ။ ဦးခေါင်းထက်တွင် ပြင်ဦးလွင်ထုတ် ပြည်တွင်းဖြစ် ခေါင်းစွပ်ကလေး လည်း အပြည့်အဝ မနွေးထွေးတော့ပြီ ။ ယိုးဒယားမှာ ဝင်တဲ့ အအေးလှိုင်းကား မြန်မာနိုင်ငံ ကို အဖျားခတ်နေပြီတဲ့ ။ အဖျားဘဲခတ်လို ့တော်သေးပါရဲ ့လို ့၊
အအေးလှိုင်းသာ တစ်ကယ် ဝင်ခဲ့ရင် ၊ ဘယ်ဆီသွားနေရမလဲ မသိလို ့။
ဘယ်ဆီသွားနေရမလဲ မသိဆိုလို ့၊ ဒီလိုမျိုး အေးတဲ့ အချိန်ဆိုရင် ခိုလှုံစရာ ရင်ခွင်တစ်ခု ကို အရမ်းတမ်းတ မိသည် ။
ဆောင်းည ကို တစ်ကိုယ်ထဲ လျှောက်လှမ်းလာရင်း ၊ ဂစ်တာတွေတီးပြီး သီချင်းလိုက်ဆိုနေတဲ့ ၊ ခရစ်ယန်လူငယ်များ ကို တွေ ့တော့မှ ၊ ဒီဇင်ဘာ ခရစ်စမတ်နေ ့၊ ခရစ်စမတ် ပွဲတော် ကို ရောက်တော့မှာပါလားလို ့အတွေးထဲဝင်လာတယ် ။
ဪ…တစ်ရက်..တစ်ရက် ၊ သမုဒ္ဒရာဝမ်းတစ်ထွာ အတွက် စိတ်ရောကိုယ်ပါ နှစ်မြုပ်နေခဲ့တာနဲ ့အတိတ်တွေ ကို မေ့ထားခဲ့တာ ကြာနေပေါ့ လို ့၊ သက်ပြင်းချမိတယ် ။
လူတိုင်းမှာ အတိတ်ဆိုတာ ရှိကြပေမယ့် ၊ အများထက် ပို နာကြည်း ဝမ်းနည်းစရာ ကောင်းတဲ့ ကိုယ့် အတိတ် ကို အတင်းမေ့ထားခဲ့တာ ကြာခဲ့ပါပြီ ။
စဉ်းစားရင်း လမ်းလျှောက်ရင်း နဲ ့၊ အလင်းဖွင့်တဲ့ လမ်းဘေး လဘက်ရည်ဆိုင်သေးသေး လေး ထဲမှာ ဝင်ထိုင်လိုက်မိတယ် ။
ဆိုင်လေးထဲမှာ သီချင်းတစ်ပုဒ်ကို တိုးတိုးလေး ဖွင့်ထားတယ် ။
နားထောင်ကြည့်မိတော့ ၊ ကိုယ် အရမ်း ကြိုက်တဲ့ “ထူးအိမ်သင်” ရဲ ့ “ မြို ့ပြညများ ” ဆိုတဲ့ သီချင်း ဖြစ်နေတယ် ။ သောက်ဖို ့မှာထားတဲ့ ကော်ဖီ ပလိန်းတောင် ဖောက်မဖျော်ဖြစ်အောင်ဘဲ …တိတ်ဆိတ် ငြိမ်သက်သွားမိတယ် ။
“ အိုး..မြို ့ပြ ညများ မူးယစ်သွားခဲ့တယ်
ရင်ခုန်သံလေးရယ် ဆွံ ့အ နေခဲ့
ငါ့ ဝိညာဉ် ရယ်… ”
စိတ်ဓါတ်တို ့သည် လဲပြိုကျသွားခဲ့သည် ။ ဇွတ်အတင်း မေ့ ထားသော အတိတ်တို ့သည် ၊ ရုပ်ရှင်ပိတ်ကား တစ်ချပ် ကို ကြည့်နေရသလို မျက်လုံးထဲ ပေါ်လာသည် ။
ဆောင်းလေညင်း ကြောင့်လား ၊ ခံစားချက် ကြောင့်လား လို ့မေးလျှင် မဖြေနိုင်သော မျက်ရည်ပူ တစ်စက် ကျလာသည် ။
မျက်ရည်…မျက်ရည်
နောက်ထပ် သီချင်း တစ်ပုဒ် ထပ်နားထောင်ဖြစ်သည် ။ “ ထူးအိမ်သင် ” ပါဘဲ ။ တစ္ဆေအနမ်း
“ သွေးကြောများ ရပ်တန် ့သွားပြီလား ၊ ငါ့ ရင်မှာ တုန်လှုပ်သွား…
အေးစက်တဲ့ မင်းရဲ ့လက်တွေက ငါ့ ကိုယ်မှာ ဆော့ကစား…အား မင်းထွက်သွား..
အသက်မဲ့နေတဲ့ မင်းအကြည့်တွေနဲ ့နှလုံးသားအား ဖမ်းစားထားတယ်
အခန်းထောင့် အမှောင်ထဲက စကားပြောသံများလား… အား ထိတ်လန် ့နေဆဲ…
စိတ္တဇည ခေါင်းလောင်းထိုးသံများ ငါ့ သန်းခေါင်ယံ အိပ်မက်လား
သွေးစုပ်တဲ့ မင်းရဲ ့နှုတ်ခမ်းတွေ က အရိပ်တွေ လို လေလွင့်သွား.. ”
………………………….
“ သူ ့နဲ ့ဖြူ ချစ်သူ တွေ ဖြစ်သွားကြတယ် ဆိုတာ က ၊ သူ ဖြူ ့ကို မရရင် သူ ့ကိုယ် သူ စာမေးပွဲ အကျခံ မယ် ဆိုလို ့ပါ ”
ချောက်ကနဲ ပိတ်လိုက်သော ဆိုနီဝေါ့မင်း လေး အဆုံးမှာ ၊ နာကြည်းစရာ စကားပြောသံများ တိတ်ဆိတ်သွားသည် ။
“ သူငယ်ချင်း စိတ်မကောင်းပါဘူး ”
တိတ်ဆိတ်ငြိမ်သက်သွားသော သူငယ်ချင်း နှင့် ကျွန်တော် တို ့ကြားမှာ ၊ ဆိုနီဝေါ့မင်း ကတ်ဆက် အနက်ရောင် ကလေး က ပြောင်ပြနေသလို ။
တက္ကသိုလ်၏ တစ်ဆိုင်ထဲသော ကန်တင်းဆိုင်ရှင်သည်လည်း ၊ ကျွန်တော့် အဖြစ် ကို နားလည်ရှာသည်ထင် ။ ကျောင်းဆင်းပြီး ဆိုင်ပိတ်ချိန်ရောက်နေတာတောင် ၊ သူ ့ဆိုင် ကို မပိတ်သေးဘဲ စောင့်ပေးနေရှာသည် ။
“ မင်း..အခု ဘယ်လို ဆက်လုပ်မယ် ၊ စိတ်ကူးသလဲ ”
သက်ပြင်းရှည်ကြီး တစ်ချက် ချမိလိုက်ပြီး
“ လေဒီဖက်စ် ဆိုတဲ့ အတိုင်း ၊ သူ ့ဆန္ဒ ကို ဘဲ ဦးစားပေးရတော့မှာပေါ့ကွာ ”
“ မဟုတ်သေးဘူးလေကွာ ၊ မင်းတို ့နှစ်ယောက် က သိပ်ချစ်ကြတဲ့ ချစ်သူတွေ လို ့တစ်ကျောင်းလုံးက သိထားကြတာလေ ၊ စိတ်ဆိုးလို ့စိတ်ကောက်လို ့ဆိုရင်တောင် မင်းဘက် က သွားချော့လိုက်ပါကွာ ”
“ မရတော့ဘူးကွ ၊ ငါ နဲ ့သူ နဲ ့က တောင်ကိုရီးယား နဲ ့မြောက်ကိုရီးယား လို ဖြစ်နေတာ ကြာပါပြီ ကွာ ၊ ထားပါ ၊ မင်း အခုလို ၊ လာသတင်းပေးတာကို ကျေးဇူးတင်ပါတယ် ၊ ငါတို ့လစ်ကြရအောင် ၊ ဆိုင်ရှင်လဲ ပိတ်ချင်နေရှာရောပေါ့ ”
“ အင်း…မင်း ဒီကိစ္စအတွက် စိတ်ညစ်ပြီး အရက်တွေ အများကြီး သောက်မနေနဲ ့ဦးနော် ”
“ အေး.. ”
ဖြူ နှင့် ကျွန်တော့် ကြားမှာ ၊ နားလည်မှုတွေ ဘာလို ့ဒီလောက် ဝေးကွာသွားခဲ့ရတာလဲ ၊ ကျွန်တော် အပြင်းအထန် စဉ်းစားခန်း ဖွင့်မိသည် ။ အဖြေတော့ ထွက်လာသည် ။ ထိုအဖြေ ကို ကျွန်တော် အပြင်းအထန် ငြင်းဆန်မိသော်လည်း ၊ ထိုအဖြေ မှ လွဲပြီး အခြားအဖြေ မရှိ ။
တက္ကသိုလ် ၏ ဒုတိယ နှစ် ကျောင်းသား ဘဝ နေ ့ရက်များသည် ပျော်စရာ အလွန်ကောင်းခဲ့သည် ။
ကြောင်စိုးလွင် ၊ မှောင်မျိုးသူ နှင့် ကျွန်တော် စိုးသူ တို ့သုံးယောက်သည် ပထမ နှစ် ကို ဆပ်ပလီ အတူတူ ဖြေပြီးမှ ဒုတိယ နှစ်သို ့တက်လာကြရာ ၊ ဒုတိယနှစ် တွင် သူငယ်ချင်း ဆိုတာထက် ပိုသော ခင်မင်ခြင်း ကို တည်ဆောက်နိုင်ခဲ့ကြသည် ။ ညီအစ်ကို ရင်းတွေထက်ပင် ပိုချစ်ခင်ကြသည် ။
ကြောင်စိုးလွင် ဆိုသည်မှာ နာမည်ပြောင် ဖြစ်၍ မိန်းခလေး များ ကို ဖွန်အရမ်းကြောင်တတ်သူ
မှောင်မျိုးသူ ကတော့ မှောင် ဆိုတဲ့အတိုင်း ၊ မှောင်လျှင် ပလောင်ထင်းသူ ဖြစ်သည် ။
ကျွန်တော် မောင်စိုးသူ တစ်ယောက် သာ ဟိုစပ်စပ် ဒီစပ်စပ် အကောင်းစားလေးရယ်ပါ
ရည်းစားမရှိကြသော ကျွန်တော် တို ့သုံးယောက်စလုံးသည် အလွန် တွဲဘက်ညီကြသည် ။
ရန်ဖြစ်မလား ၊ ဖဲရိုက်မလား ၊ ဖွန်မလား ၊ အရက်သောက်မလား အကုန်လာထားဘဲ ။
ဖြူ သည် ကျွန်တော် တို ့နှစ် တစ်နှစ်ထဲ အတူ တက်လာသော ၊ အလှဘုရင်မ အဖြစ် ရွေးခြယ် ခံရသော ၊ ပြုံးလိုက်လျှင် မျက်ခုံးလေး ပင့်တတ်သော ၊ ချစ်စရာ အရမ်းကောင်းသည့် ကောင်မလေး ဖြစ်သည် ။
ပထမ နှစ် တုန်းက သူမ ကို ဝိုင်းပြီး ချစ်ရေးဆိုကြသူ အများကြီး ရှိခဲ့သော်လည်း ၊ ဖြူ ဆိုသော ပန်းပွင့်လှလှလေးမှာ မည်သူမှ မခိုနားနိုင်ခဲ့ကြ ၊ ခိုနားခွင့် မပေးခဲ့ ။
အားလုံးကို ကြိုးရှည်ရှည် နဲ ့လှန်ထားသလို လုပ်သည် ။ စိတ်မရှည်ဘဲ ဇွတ်ကပ်လျှင် ၊ နာပြီသာ မှတ်တော့ ၊ သူမ အလှကား အဲဒီလောက် ဖြစ်သည် ။
ဖြူ ့ကို ကြိုးစားခဲ့သူများထဲတွင် ကျွန်တော် သည် နံပါတ် တစ် ဖြစ်ခဲ့သော်လည်း ဆန်ပြုတ် သောက်ခဲ့ရ၍ နောက်ပိုင်းတွင် အဆက်အသွယ် မရှိတော့ ။
ကျွန်တော် ဆိုတဲ့ကောင်ကလည်း စိတ်ပျော့ပေမယ့် ၊ ကိုယ့် ကို ငြင်းပယ် လိုက်ပြီဆိုလျှင်တော့ ထပ် မလှည့်ချင်တော့အောင် စိတ်နာမိသည် ။
ဒုတိယ နှစ် ကျောင်းစဖွင့်ပြီး ၊ နှစ်လခန် ့အကြာတွင် ၊ ကျွန်တော် တို ့အခန်းမှ ကျောင်းသား ကျောင်းသူ များ စုကာ ပုဂံသို ့ခရီးထွက်ဖြစ်ကြသည် ။
သီတင်းကျွတ် လပြည့်ည တွင် ပုဂံ၌ မီးပုံပွဲတစ်ခု ဖြင့် ၊ ဆော့ကစား ပျော်ပါးရင်း အားလုံး ပျော်ပျော်ရွှင်ရွှင် ၊ တည်းခိုသော ဘုန်းကြီးကျောင်းကြီးမှာ လည်း ကျွန်တော် တို ့ကျောင်းအဖွဲ ့များ သာ ရှိသဖြင့် လွတ်လွတ်လပ်လပ်ပင် ။
ပြည့်ဝ လှပနေသော လကြီး ကို ထိုင်ကြည့်ရင်း ၊ မှောင်မျိုးသူ ဝှက်ယူလာသည့် အရက်ပုလင်း ကို ကြောင်စိုးလွင် က တစ်ခွက်စီ ထည့်ပေးသည် ။
သကောင့်သားရှင်ဂွမ်းဂွိ ရောက်လာပြီး နှာခေါင်းရှုံ ့ရင်း မဲ့ပြသည် ။ နှစ်ယောက် က ခွက်တိုက်ပြီးသည် နှင့် တန်းမော့လိုက်ကြသော်လည်း ၊ ကျွန်တော့် မှာ မသောက်ဖြစ်သေး ။ မီးပုံပွဲဘေးတွင် ပါတီလုပ်နေကြသော ကျောင်းသား ကျောင်းသူများ ကို လှမ်းငေးကြည့်နေမိသည် ။ အားလုံးသည် လန်းဆန်း တောက်ပနေကြသည် ။ ဖြူ ့ကို လည်း တစ်ချက် ကြည့်ဖြစ်သည် ။ သူမ ပုံစံ ကြည့်ရသည်မှာ နေမကောင်းနေပုံရသည် ။ မျက်နှာ သိပ်မလန်း ။
ကျွန်တော်တို ့သုံးယောက် ထိုင်နေသည့် ဘက်သို ့၊ မိန်းခလေး အီးစီ ရှင်ဂွမ်းဂွိ ရောက်လာပြီး
“ ဟဲ့…ဘာတုန်း ၊ မျက်နှာကြီးက အီးမှန်တဲ့ ရုပ်နဲ ့၊ ဘာလဲ သောက်ချင်လို ့လား ဟဲဟဲ ”
“ မှောင်မျိုးသူ ၊ နင်ဟာလေ မှောင်ဆိုတဲ့ ဂုဏ်ဘွဲ ့ကိုတော့ ရောက်ရာအရပ်မှာ အသက်နဲ ့လဲပြီး ထိန်းတဲ့ကောင် ၊ တော်ပြီ ငါ မပြောချင်တော့ဘူး ၊ စိုးသူ ကို လာခေါ်တာ ၊ ဟဲ့..စိုးသူ ငါ နဲ ့ခဏ လိုက်ခဲ့စမ်းပါ ၊ နင် ့ကို ပြောစရာ ရှိလို ့”
“ ဟိတ်ဟိတ်..ဘာလဲ ၊ ငါတို ့သူငယ်ချင်းကြီး ကို မှောင်ထဲခေါ်ပြီး ဗရုတ်တော့ မကျ နဲ ့နော် ၊ သူ က ခံမှာ မဟုတ်ဘူး ၊ ဟီးဟီး ”
“ သေပါ့လား ၊ လာဟဲ့..စိုးသူ ရဲ ့၊ ပြီးရင် နင့်ကောင်တွေ လဲ ပြန်ပြောလို ့ရတယ် ၊ ငါပြောမှာ က သတင်းကောင်း ဟဲ့ ”
ကျွန်တော် လည်း ရှင်ဂွမ်းဂွိ ခေါ်ရာ နောက်သို ့လိုက်သွားတော့ ၊ တည်းခိုဆောင်များ ဘက် သို ့ရောက်ဖြစ်သွားသည် ။
“ ကဲ..မယ်မင်းကြီးမ ၊ ပြောစရာ ရှိတယ် ဆိုတာ ဘာတုန်း ၊ ပြောတော်မူ ”
“ နင် ့အတွက် သတင်းကောင်းပါဟဲ့ ၊ ဟိုဟာလေ…နင် ဖြူ ့ကို ဘယ်လို သဘောထားလဲ ၊ အဲဒါ ပြောပြစမ်းပါ ”
“ ဟင်…နင် ပြောစရာ ရှိတယ် ဆိုတာ ဒါဘဲလား ၊ ဒါဆို ငါ အရက်ဘဲ သွားသောက်တော့မယ် ဟာ ၊ ငါ့မှာ အဲ့ကိစ္စအတွက် ပြောစရာ စကားမရှိဘူး ”
“ မင်းသားရယ် ၊ စကားကို ဆုံးအောင် နားထောင်ပါဦး ၊ နင် ဖြူ ့ကို ချစ်နေသေးလား ဟင် ၊ ငါပြောချင်တာက ဟာ ၊ နင် ဖြူ ့ကို တစ်ကယ်အတည်ကြံခဲ့တာလား ”
“ နေစမ်းပါဦး ၊ နင် နဲ ့ဘာဆိုင်လို ့၊ ငါ့ ကို ဒါတွေ လာမေးနေတာလဲ ၊ ဟိုကဖြင့် ၊ အစားအသောက်တောင် မပျက်ဘူး ”
“ ဒီလိုဟဲ့ ၊ ငါ ့ကို ဖြူ က ပြောတယ် ၊ နင် သာ ဖြူ ့ကို အတည် ဆိုရင် ဖြူ ့အနေနဲ ့လက်မခံနိုင်စရာ အကြောင်း မရှိပါဘူး တဲ့ ၊ သိပြီလား ”
“ ဟင်..နင် ဘာပြောလိုက်တယ် ၊ ရှင်ဂွမ်းဂွိ ငါ့ကို ပြန်ပြောပြစမ်းပါ ”
“ ဟင်း..အခုမှ ၊ ဖြူ က သူ ့ကို နင်ပြန်ဝိုက်ရင် လက်ခံမယ်တဲ့ ဟေ့ ”
“ အဲဒါ သူ ပြောခိုင်းတာလား ၊ တစ်ကယ်လား ”
“ အေးပေါ့ဟဲ့ ၊ အလကားနေ..ငါက လျှောက်ပြောပါ့မလား ”
ကျွန်တော့် ရင်ထဲ ဘယ်လို ပျော်လို ့ပျော်မှန်းမသိ ဝမ်းသာမိသွားသည် ။ ဟုတ်သည် ။ ဖြူ ့ကို ကျွန်တော် အရမ်းချစ်ခဲ့သည် မှာ အမှန် ။ သူမ အနားတွင် ကျောင်းသားများ ဝိုင်းဝိုင်းလည်နေသည် ကို ကြည့်ရတာ တစ်ကြောင်း ၊ ကျွန်တော့် ပရိုပို ့စ် ကို အင်းမလုပ် အဲမလုပ် နေသည် မှာ တစ်ကြောင်း ၊ မုန်းချင်သလို ဖြစ်ခဲ့ပြီး နောက်ဆုတ်ခဲ့သော်လည်း ၊ သူမ ကို ချစ်နေသေးကြောင်း ၊ ယခုမှ ပြန်သိရသည် ။ သို ့သော်လည်း ယောက်ျားတို ့သိက္ခာ ၊ မာန ဆိုတာ က ရှိနေသေး၍ ခပ်တည်တည် ဖြင့် ဟန်ပြန်လုပ်ရသည် ။
“ သူ ့မှာ ရွေးခြယ်စရာတွေ ဒီလောက် အများကြီး ရှိနေတာဟာ ၊ ငါ့ လို ကောင် ကို ဒီလို ပြောပါ့မလား ”
“ ကဲ..ယုံတာ မယုံတာ တော့ နင့်အပိုင်းဘဲ ၊ ငါကတော့ ငါ့တာဝန်ကျေပြီ ၊ ဒါဘဲ လစ်ပြီ ”
“ ဟဲ့ဟဲ့..နေပါဦးဟဲ့ ၊ ဟီး..နင်ကလဲ ၊ ငါ ကျေးဇူးမမေ့ပါဘူးဟာ ၊ ဒီအကြောင်း အတွက် တို ့ကျောင်းပြန်ရောက်တဲ့အခါ ရှယ်ပြုစုမယ် ၊ နောက်ပြီး ဖြူ ့ကို ပြောလိုက်ပါဟာ ၊ သူ အဆောင် ကို ပြန်ရောက်မှ ငါ သူ ့ဆီ လာခဲ့တော့မယ်လို ့၊ နော်..အဲဒီလို ပြောပေးပါနော် ”
“ ဟုတ်ပါပြီ မင်းသားရယ် ၊ အခုတော့ ကျွန်တော်မျိုးမ ပြန်ပြီး သွားကစားလိုက်ဦးမယ်နော် ”
“ အေးအေး.. တစ်ကယ်ကျေးဇူးတင်ပါတယ် ဟာ ”
ကြောင်စိုးလွင် နှင့် မှောင်မျိုးသူ ဆီ ပြန်ရောက်တော့ ၊ မျက်နှာကား ထိန်းမရ ၊ စိတ်အပျော်တွေ သည် မျက်နှာတွင် ရောင်ပြန်ဟပ်နေသည် ထင်သည် ။
“ ဟေ့ကောင် ၊ ဘာမှိုတွေ ရလာသလဲ ၊ ပြောစမ်းပါဦး ”
“ ဟုတ်ပ ၊ မျက်နှာကြီး ကို ဖြီးနေတာဘဲ ”
“ ဒီလိုကွ… ”
ကျွန်တော် ကြားခဲ့ရသည် များကို ပြန်ပြောပြလိုက်တော့ ၊ သူရို ့နှစ်ယောက်ပါ ပျော်သွားကြပြီး ၊ ထိုည က အရက်သောက်ဖြစ်ကြခြင်း သည် ကျွန်တော့် အတွက် ဂုဏ်ပြုပွဲ ဖြစ်သွားခဲ့သည် ။
ပုဂံမှ ပြန်လာအပြီး ၊ လူစု ခွဲကြတော့ ၊ ဖြူ ့အနား ကို ကပ်ပြီး “ ညနေကြ ၊ ငါ နင့်အဆောင် လာခဲ့မယ်နော် ” ဟု ပြောလိုက်တော့ ၊ သူမ လှပစွာ ပြုံးလိုက်ပြီး ၊ ခေါင်းညိတ် ပြခဲ့သည် ။ သူမ အပြုံးကို မြင်လိုက်ရသော ကျွန်တော် သည် အသက်ရှူရန် ခဏမေ့သွားမိသည် ။ လှလွန်းလိုက်လေခြင်း ။ ထိုအချိန်တွင် ကျွန်တော့် စိတ်ထဲတွင် ဘာကြောင့်မှန်းမသိ ၊ တစ်ခုခု ကို ကြောက်မိလာသလိုလို နှင့် ၊ ကြက်သီး ထသလိုလို…
*********************
ဇါတ်သိမ်းပိုင်း ကို ဆက်လက်ရေးတင်ပါမည် ။
——- သပ္ပူရိသ စာချစ်သူ စာဖတ်သူ အားလုံးကို လေးစားကျေးဇူးတင်ပါသည် ——-
13 comments
comegyi
December 18, 2011 at 10:37 pm
ဖြူလေးက စိုးသူဖက်ကိုပြန်လာတယ်ဆိုတော့
စိုးသူမှာ အစွမ်းထက်
အဆောင်ကောင်းကောင်းတစ်ခုရှိလို့ဖြစ်ရမယ်
ဘာလို့လည်းဆိုတော့ ဖြူ့ကိုလိုက်ရင်း
ဆန်ပြုတ်တောင်သောက်ခဲ့ရတဲ့
အခြေအနေကနေ အခုပြန်ဖြစ်လာတာကိုး ….
ကိုပေါက်(မန္တလေး)
December 18, 2011 at 10:40 pm
နောက်နေ့ ဖြူအဆောင်သို့ကျနော်ရောက်သောအခါ
ဖြူပြောလိုက်သောစကားကြောင့် ကျနော့်မှာ နှလုံးသွေးများရပ်တန့်
မောင်ပေ ဖြူ ကို ရှင်ယူမှဖြစ်မယ်။
ရှင်မကယ်ရင်တော့ ဖြူလဲသေလိုက်ရုံဘဲရှိတော့တယ်။
ဖြူမှာလေ…………….ဖြူမှာ…………………
comegyi
December 18, 2011 at 11:21 pm
ကိုပေါက်ခင်ဗျား
ဖြူ့မှာ ……….
တာဝန်ယူတတ်သူတို့
တာဝန်ယူဖို့အကြောင်းကိစ္စ
ဖန်နေပြီထင်တယ်နော်..ဟိ…
ကြောင်ကြီး
December 19, 2011 at 11:31 am
ဖြူ့မှာ..ဖြူ့မှာ…ဖြူးမှာ ကရင်သူပုန်တွေ ဝင်နေပြီ။ အဲဒါ မြို့မီးလောင် တောကြောင် လက်ခမောင်းခတ်မိုလို့ ကိုကြောင်စိုးလွင် ဖြူးမြို့သွားပြီး ပစ္စည်းလုပေးပါ။။။
aye.kk
December 19, 2011 at 7:18 am
ဘဝထုဆစ်..
အချစ်ဆိုတာ..
မရှိမဖြစ်..
မြဲသစ်နေတဲ့သံသရာ..။
“ဘီလူးကြီး”ogre
December 19, 2011 at 8:51 am
တစ်ဖြည်းဖြည်းနဲ့ နောက်ကြောင်းတွေတော့ပေါ်လာပါပြီ
မဒမ်ပေကို လက်တို့ ထားချေမှပဲ
blackchaw
December 19, 2011 at 9:01 am
နှလုံးသား မြို့ဟောင်း တူးဖေါ်ချက်တွေ ပါလား
ကိုပေရေ။
အသာလုပ်နော်
မဒမ်ပေသာ သိသွားရင် ဒန်တန့်တန်…။
windtalker
December 19, 2011 at 11:54 am
ဟင်..ခင်ဗျားဘဲ ခင်ဗျား ကျောင်းသားဘဝ ခံစားချက်တွေကို
ကိုယ်တိုင်မရေးရဲလို ့၊ ကျုပ် ကို ဇွတ် အတင်းရေးခိုင်းပြီး
အခုမှ….ပေတူးတူး လာမလုပ်နဲ ့နော်
ဂေဇက်ကို နေ ့စဉ် ဝင်ဖတ်ပါတယ်ဆိုတဲ့ မဒမ်ဘလက်ရေ
ကျုပ် က အက်စ်ဘလက် ရဲ ့ဟိုအရင်က ခံစားချက်တွေ ကို အငှားဝင်ဖွဲ ့ထားတာပါခင်ဗျ
Moe Z
December 19, 2011 at 11:55 am
ပုဂံမှာ သွားကဲခဲ့တဲ့ နယူးရီးယားပုံပြင်တွေထဲကတစ်ပုဒ်ပေါ့လေ
မဒမ်ပေရေ လက်တို့တယ်နော် 😛
inz@ghi
December 19, 2011 at 12:18 pm
တခါတုန်းကပေါ့ဗျာ ….
ဘော်ဒါတွေ အဖွဲ့လိုက် …အဲ့သည့် ပုဂံ ကိုပဲသွားရင်း …..
အဲ့သည့်လို မီးပုံပွဲ လုပ်ရင်း ….အဲ့သည့်မှာ ….
စကော့တလန် စမ်းရေစိမ် အတွေးတွေက ရီဝေစွာနဲ့ ကခုန်ခဲ့တာပေါ့ ….
ကျနော့်လက်ထဲက ဂစ်တာ အိုလေးတလုံးက ချစ်တေးတွေသီလို့ ….
မှတ်မှတ်ရရ ကျနော် ဆိုဖြစ်တာ အရင်က မန္တလေးက အဆိုတော် ကိုစု
(မှားရင်ပြင်ပါ)ဆိုပြီး တလောလေးက ဇော်ပိုင် ပြန်ဆိုထားတဲ့ ….
အိပ်မက်နတ်သမီး တဲ့ …ဟုတ်တယ် အဲ့သည့်ညက ကျနော့် အိပ်မက်နတ်သမီးလေးကို
ရှာတွေ့ခဲ့သပေါ့ဗျာ …. မှန်ရာပြောရရင် သူခေါ်ရာနောက်ကို အဝတ်တထည် ကိုယ်တခု နဲ့
လိုက်ခဲ့ဖူးသူပါ ….. ယုံကြည်မျှော်လင့်ခြင်း လမ်းမမှာ ကျနော်ဟာ ခြေဗလာနဲ့ပေါ့ …..
တော်ပါဘီဗျာ …ရင်ထဲမကောင်းလို့ ..မရေးတော့ပါဘူး ….
ထှောက်ခ်…
အဲ့ညက နာမူးနေတုန်း …နာ့ စကောလ် ကို ခိုးတာ ဘယ်ကောင်တုန်းကွ. ….
ခွီးတဲ့မှဘဲ …ခိုးရင်လည်း ..ညှပ်ဖိနပ်အစုတ်လေးတော့ ..ထားခဲ့မှပေါ့…
အားပေးပါသည် ကေပိုရယ် ….
ဟီဟိ ….
windtalker
December 19, 2011 at 12:21 pm
ဪ…
တစ်ခါတုန်းက ပုဂံမနက်ခင်းတစ်ခုမှာ
ခြေတုံးလုံး နဲ ့ ညက အမူးပြေပုံမရဘဲ အဝတ်အစားဘိုသီဘတ်သီ နဲ ့
အရက်ပုလင်း ဖင်ကြားညှပ်ပြီး လျှောက်သွားနေတဲ့ ငတိတစ်ယောက် ဟာ
နင်ပေါ့လေ
ငါတွေ ့ခဲ့ဖူးပါတယ်..
naywoonni
December 19, 2011 at 7:08 pm
အင်းကပေ …ကပေ…။ အီးရက်တွေ သောက်ပီး ဆောင်းည ချောက် အိပ်မက်တွေ မက်လာပြန်ပီ ထင်ရဲ့…။
ms.pay sote
December 20, 2011 at 11:08 am
ရွာထဲက လူတွေဖတ်ရအောင် နောက်ထပ်ဇာတ်လမ်းလေးတွေ ရေးပြပါဦး ကိုမေပေါင် 😛