Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆန္ဒများနောက် တကောက်ကောက်

weiweiDecember 20, 20111min58718

ဆန္ဒမရှိပဲ အသက်ရှင်နေတဲ့ လူရယ်လို့ ရှိမည်မထင်ပါ။ ဆန္ဒတွေအမျိုးမျိုးအတွက် အသက်ရှင်ရပ်တည်နေရင်း ဆန္ဒပြည့်ဖို့အရေး ကြိုးပမ်းရင်း နေ့ရက်တွေ ကုန်ဆုံးနေကြတာပါလားလို့ သတိထားမိတာနဲ့အမျှ လူဆိုတာ အသက်ပိုကြီးလာလေလေ ဆန္ဒပိုများလာလေပါလားလို့ တွေးမိလာတာနဲ့ တစ်နေ့တာအတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ရိုးရှင်းလေးဆန္ဒများကို သတိထားသုံးသပ်ကြည့်မိပါတယ်။

ရုံးပိတ်ရက်မနက်စောစော အိပ်ယာထချိန်ကစလို့ ဆန္ဒတွေစဖြစ်တယ်။ အိပ်ယာစောစောထချင်တယ် … မနက်စောစော ဘုရားထရှိခိုးရမယ်ကောင်းမယ်လို့ ဆန္ဒဖြစ်တယ်။ ရုံးပိတ်တုန်း ကောင်းကောင်းအိပ်ပစ်လိုက်ချင်တဲ့ ဆန္ဒလဲဖြစ်တယ်။ ဆန္ဒတစ်ခုနဲ့တစ်ခု အားပြိုင်ရင်း တစ်ခုက အနိုင်ရသွားတာပါပဲ။ ပြီးတာနဲ့ နံနက်စာစားဖို့အတွက် ဆန္ဒဖြစ်ပြန်ပြီ။ ဘာနဲ့စားချင်ပါလိမ့်လို့ စဉ်းစားတယ်။ အလွယ်တကူစားလို့အဆင်ပြေမယ့် ညကကျန်တဲ့ထမင်းနဲ့ ကြက်ဥ အသီးအရွက်နဲနဲရောပြီး ထမင်းကြော်လိုက်ရင် အလုပ်ရှုပ်သက်သာမယ်။ ဒါပေမယ့် စိတ်က ပဲပြုတ်နဲ့ထမင်းကြော်ကိုမှ စားချင်တာလို့ ဆန္ဒဖြစ်ပြန်ရော။ ပဲပြုတ်ဆိုတာ အိမ်ပေါ်ကိုရောက်လာတာမဟုတ်။ ဆင်းဝယ်ရအုန်းမှာမို့ အဝတ်အစားက လဲရအုန်းမှာဆိုတော့ ဝယ်သင့် မဝယ်သင့် ချိန်မိပေမယ့် ဆန္ဒက ကြီးစိုးနေတော့ ဆင်းဝယ်မိပြန်ရော။ ကော်ဖီသောက်တာတောင်မှ နှပ်ပြီးမှသောက်ချင်တဲ့ဆန္ဒကြောင့် အလုပ်ရှုပ်ရပြန်ရော။ ရုံးပိတ်တုန်း ဖွယ်ဖွယ်ရာရာချက်စားချင်တဲ့ဆန္ဒကလဲထပ်ဖြစ်ပြန်ပါလေရော။ ရှိတာတွေနဲ့ ၃ မျိုးလောက် ချက်လိုက်တာနဲ့ အချိန်တွေလဲ တော်တော်ကုန်သွားပြီ။ ဟင်းချက်နေတုန်း သန့်ရှင်းရေးလုပ်ချင်တဲ့ဆန္ဒ၊ ဂေဇက်ကိုဖွင့်ဖတ်ချင်တဲ့ဆန္ဒ၊ ရုပ်ရှင်ကြည့်ချင်တဲ့ဆန္ဒ၊ သူငယ်ချင်းနဲ့ဖုန်းပြောချင်တဲ့ဆန္ဒ စတဲ့ မဆုံးနိုင်တဲ့ဆန္ဒတွေလဲ တစ်ခုပြီးတစ်ခုဖြစ်နေပါတယ်။

ဟင်းချက်ပြီး သန့်ရှင်းရေးလုပ် ရေချိုးပြီးပြန်တော့ city mart သွားချင်တဲ့ဆန္ဒတစ်ခုထပ်ပေါ်ပြန်တယ်။ အားနေတုန်းသွားတာပေါ့လို့ ဆုံးဖြတ်လိုက်ပြန်တော့ အဝတ်အစားတွေနဲနေပြီ ရာသီဥတုပြောင်းနေတုန်း အသစ်ထပ်ဝယ်အုန်းမှလို့ ဆန္ဒဖြစ်ပြန်တယ်။ စားစရာနဲ့ အဝတ်အစားခေါင်းစဉ်တပ်ပြီး city mart ရောက်ပြန်တော့ ဟိုဟာလိုချင်၊ ဒီဟာလိုချင်နဲ့ လိုချင်သမျှ ခြင်းတောင်းထဲထည့်မိနေပြန်ရော။ လိုတာတွေ ဆုံးတယ်မရှိသလို ဆန္ဒတွေလဲ ဆုံးတယ်လို့မရှိဘူး။ မောသွားပြန်တော့ အအေးလေးတော့ သောက်အုန်းမှလို့ ကော်ဖီဆိုင်ထဲဝင်မိတာနဲ့ ကိတ်မုန့်တွေကိုကြည့်ပြီး စားချင်တဲ့ ဆန္ဒဖြစ်ပြန်ရော။ အိုး .. တစ်ခါတစ်လေစားတာပဲ .. ဘာဖြစ်လဲလို့တွေးပြီး စားချင်တာစား၊ သောက်ချင်တာသောက်၊ ရုပ်ရှင်ကြည့်ဖို့ DVD ရွေးဝယ်ပြီး အိမ်ပြန်လိုက်တယ်။

မောမောနဲ့အိမ်ပေါ်ပြန်ရောက်တော့လဲ ရုပ်ရှင်ကြည့် ခဏနားနေရင်း ရုပ်ရှင်ရုံမှာကြည့်ရရင် ပိုအရသာရှိမှာလို့ ဆန္ဒဖြစ်နေတယ်။ သူငယ်ချင်းနဲ့အတူကြည့်ရရင် ပိုကောင်းမှာလို့ တွေးနေမိပြန်ရော။ နောက်တစ်ပတ်ပိတ်ရက်ကျရင်တော့ အိမ်ထဲမှာတစ်ယောက်ထဲမနေတော့ပဲ အပေါင်းအသင်းတွေအိမ် လျှောက်လည်ရင်ကောင်းမယ်လို့ ဆန္ဒအသစ်ထပ်ဖြစ်ပြန်တာပဲ။ ညနေစာစားဖို့ ဟင်းတွေအများကြီးကျန်နေသေးပေမယ့် ကန်စွန်းရွက်ကြော်ပူပူလေးကိုမှ စားချင်တဲ့ဆန္ဒဖြစ်လာလို့ ကန်စွန်းရွက်လတ်လတ်ဆတ်ဆတ်ဆင်းဝယ်ပြီး ကြော်စားလိုက်ပြန်ရော။ ဂေဇက်ထဲလဲ ဝင်ကြည့်အုန်းမှလို့ ကွန်ပျူတာကိုဖွင့် ရွာထဲရောက်တော့ သူများစာတွေဖတ်ရင်း ရေးချင်လိုက်တာလို့ ဆန္ဒဖြစ်ပြန်ရော။ ဘာရေးရင်ကောင်းမလဲ စဉ်းစားရင်း တီဗီအစီအစဉ်ကို လက်မလွတ်ချင်တဲ့ဆန္ဒကလဲ ပေါ်လာပြန်ရော။ တီဗီလဲဖွင့်၊ ကွန်ပျူတာလဲဖွင့်ရင်း နောက်တစ်နေ့မနက် ရုံးသွားရင် ဘာဟင်းထည့်ယူသွားရမလဲစဉ်းစားရင်း ဟိုဟာလေးစားချင်တဲ့ဆန္ဒ၊ ဒီဟာလေးစားချင်တဲ့ဆန္ဒ၊ အကျီအသစ်ကလေး ဝတ်လိုတဲ့ဆန္ဒ စသဖြင့် တစ်ခုပြီးတစ်ခု ဖြစ်လို့နေပါတော့တယ်။ ဘုရားခန်းကို ပြုပြင်ပြောင်းလဲချင်တဲ့ဆန္ဒ၊ လိုက်ကာတွေကို အသစ်လဲတပ်ချင်တဲ့ဆန္ဒ၊ ဧည့်ခန်းအပြင်အဆင်ကို ပြောင်းပစ်ချင်တဲ့ဆန္ဒ၊ ထပ်မတိုးမှာသေချာနေတဲ့လစာကို ထပ်တိုးပြီးရချင်နေတဲ့ဆန္ဒ၊ နယ်မှာရောက်နေတဲ့သူငယ်ချင်းကိုတွေ့ချင်ပြီး စကားစမြည်ပြောချင်လာတဲ့ဆန္ဒ၊ အိမ်ကလူကြီးတွေ နေများကောင်းရဲ့လားလို့တွေးမိပြီး သူတို့နဲ့တွေ့ချင်တဲ့ဆန္ဒ၊ …… စသည် စသည်ဖြင့် မဆုံးနိုင်တဲ့ဆန္ဒတွေနဲ့ စိတ်မောပြီး အိပ်ပျော်သွားပါတော့တယ်။ ဒါတောင်မှ တစ်ယောက်စာအတွက်ပဲ ဆန္ဒတွေထားနေတာ မိသားစုအလိုက် ကလေးတွေအတွက်ပါ ဆန္ဒတွေဖြစ်နေတဲ့ မိခင်တွေဆိုရင် ဘယ်လောက်များပင်ပန်းလိမ့်မလဲလို့ ကိုယ်ချင်းစာတွေးမိပါတယ်။

ဆန္ဒတစ်ခုနောက်လိုက်မိရင် နောက်ဆန္ဒတွေနောက်လဲ တကောက်ကောက်နဲ့ အဆက်မပြတ်လိုက်နေဖြစ်ပါတယ်။ ခန္ဓာကိုယ်က လိုက်နိုင်တုန်း ငယ်ရွယ်စဉ်မှာ သိပ်မသာပေမယ့် အသက်ရလာတာနဲ့အမျှ ဆန္ဒတွေနောက် အကုန်မလိုက်နိုင်တော့တာနဲ့ စိတ်အလိုမကျမှုတွေဖြစ်လာပါတော့တယ်။ အလိုမကျတာနဲ့အမျှ ပေါက်ကွဲစရာထွက်ပေါက်ရှာတတ်ကြတာ လူ့သဘာဝဖြစ်ပါတယ်။ လောဘတွေများလာတာကနေ ဒေါသစိတ်ဘက်ကူးလာကြခြင်းဖြစ်ပါတယ်။ အကြောင်းရင်းရှာမိရင် ဆန္ဒတွေများလို့ဆိုတာကို တွေ့မိမှာဖြစ်ပါတယ်။ ကောင်းသောဆန္ဒနဲ့ မကောင်းသောဆန္ဒ နှစ်မျိုးရှိပေမယ့် လူ့စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်လေ့ရှိတာမို့ မကောင်းသောဆန္ဒတွေနဲ့ အချိန်ကုန်ရင်း အေးချမ်းမှုကို ရှာဖို့အချိန်မရနိုင်လောက်အောင် အလုပ်များနေတာကို သတိထားမိမှာဖြစ်ပါတယ်။

ဆန္ဒတွေကို ဘယ်လိုထိန်းချုပ်မလဲ? ရောင့်ရဲတင်းတိမ်တတ်အောင်နေတာ မကောင်းဘူးလား? ဆန္ဒတွေကို အတတ်နိုင်ဆုံးပြည့်အောင်ကြိုးစားတာ မှန်သလား ?????????

18 comments

  • nozomi

    December 20, 2011 at 2:47 pm

    လိုအင်ဆန္ဒဆိုတာတော့ ဘယ်တော့မှ မပြည့်ဘူး ၊ ဒါလေး ရလာရင် ဟိုဟာလိုချင်ပြန်ရော ၊ ဟိုဟာဆိုတာ ရတော့ နောက်ထပ် ဟိုဟာတွေ ထပ်ပေါ်လာပြန်ရော

    ဆန္ဒတွေကို ထိန်းချုပ်လွန်းတာတော့လဲ သိပ်ကကောင်းဘူး (ကျွန်တော်တစ်ယောက်တည်း ရဲ့ အမြင်နော် ..)
    အဲဒီတော့ ဖြစ်ချင်တဲ့ ဆန္ဒတွေထဲက ဖြစ်သင့်တာ ၊ ဖြစ်နိုင်တာ အရင်လုပ် ကျန်တာတော့ လိုဘမပြည့်တတ်တဲ့ လူ့သဘောလေး နှလုံးသွင်းလိုက်ရင် အဆင်ပြေသွားမယ်ထင်တယ်

    ထပ်မတိုးမှာသေချာနေတဲ့လစာကို ထပ်တိုးပြီးရချင်နေတဲ့ဆန္ဒ ဆိုတာတော့ ဒီနှစ်ပြည့်နိုင်တယ်လို့ အသံနဲနဲထွက်နေတယ်နော် ၊ အန်တီဝေကြီး စိတ်မလျော့နဲ့ဦး

  • inz@ghi

    December 20, 2011 at 2:51 pm

    ~~~~~မီးများနဲ့ ကင်းဝေးရာ ..ငါ မီးထွန်းပြီးတော့လိုက်ရှာ …
    လောကပညတ်များထဲ ငါအလယ်မှာ~~~~~
    တားတားကတော့ ဆန္ဒ သိပ်မကြီးပါဘူး…..

    ဟိုတခါပြောသလို ပြောရရင်. …အမြင့်ပေ …၃သောင်းရထောင်အထက်မှာ
    ၁ပါတ်၁ခါလောက် ပါတီပေးနိုင်လောက်အောင် စုဆောင်းမိရင် တော်ဘာဘီဂျာ…

    😀

    ခင်လို့ ဝင်,စ သွားတာပါနော…
    aja aja fighting !!!!

  • Moe Z

    December 20, 2011 at 3:04 pm

    စိတ်ဆန္ဒဖြစ်လိုက်တိုင်းသိ သတိလေးနဲ့ထိန်း အဲဒါဆရာတော်တွေဆုံးမတာ 😀
    မိုးစက်ကတော့မထိန်းနိုင်သေးဘူး လောဘကလည်းကြီးသေး
    လူကမလိုက်နိုင် ဖြစ်ချင်တာကများနေတယ် 🙁

  • ဆူး

    December 20, 2011 at 3:16 pm

    ဆန္ဒနဲ့ ဘဝ တထပ်တည်းကျဖို့ လူတွေ အားလုံး ကြိုးစားနေရတာပါပဲ။
    ပင်ပန်းလှပါပြီ။ မောလည်း မောနေပြီ.. ဒါတောင် နောင်တမရဘူး ရှိသေးတယ် မလျှော့ဘူး။ မြင်အောင်ပြောတော့ မြင်တယ် မြင်တယ်လို့သာ ဖြစ်မိပါတယ်။ မြင်ပြီးတော့ ဆက်သွားရအုန်းမဲ့လူ့ဘဝ မသေမချင်းတော့ ဆန္ဒတွေကို အများကြီး မဟုတ်ရင်တောင် အနည်းအကျဉ်းတော့ လိုက်ရောရမှာပဲလေ.. ဘယ်တတ်နိုင်မလဲ။

  • နီကီတာ

    December 20, 2011 at 3:21 pm

    ဆန္ဒဆိုတာ ကောင်းသော ဆန္ဒရှိသလို ၊ မကောင်းသော ဆန္ဒ လည်းရှိတယ်တဲ့
    (စကားချပ်-အထက်လူကြီးတစ်ယောက်မှ ပြောပြထားခြင်း)

    တကယ်လို့ သူများမှာ ရှိတာကို မတော်လောဘနဲ့ လိုချင်တဲ့ ဆန္ဒ
    သူများကိုမကောင်းဖြစ်စေချင်တဲ့ ဆန္ဒ
    မေကောင်းကြံတဲ့ ဆန္ဒ
    မကောင်းသော စိတ်အကြံနဲ့ ဆန္ဒ
    အစရှိသဖြင့်သော ဆန္ဒ များကို မကောင်းသော ဆန္ဒဟုခေါ်သလို၊

    အောင်မြင်ချင်တဲ့ စိတ်ဆန္ဒ
    တတ်သိချင်တဲ့ ဆန္ဒ
    ကြိုးစားချင်တဲ့ ဆန္ဒ
    ဇွဲမလျှော့တတ်သော ဆန္ဒ
    အစရှိသဖြင့်သော ကောင်းသော ဆန္ဒ များလည်းရှိတယ် တဲ့

    ဘာပဲဖြစ်ဖြစ် ဆန္ဒဆိုတာ ဆန္ဒပါပဲလေ………….

  • pooch

    December 20, 2011 at 3:31 pm

    ရလေလိုလေ အိုတစေ ္တလို့ဆိုကြတာပဲ မမဝေ ရယ် …
    ကိုယ်တိုင်လည်း ဆန္ဒများနောက်တကောက်ကောက်ပါပဲ ….
    ဆန္ဒကြီးရင် ကြီးသလောက် အားထည့်နေရတာပါပဲ…..
    တခါတခါကျပြန်တော့လည်း ငြီးငွေ့မိတယ်…. ဪ.. ဘဝ ဘဝ…တခဏမို့သာပဲ …

  • blackchaw

    December 20, 2011 at 3:42 pm

    ဂီဂီ့လိုပဲ၊ ထူးအိမ်သင်သီချင်းလေးနဲ့ မန့်မယ်ဗျာ။

    သွေးသားများနဲ ့
    ခန္ဓာကိုယ်ထဲမှာ
    အားလုံးကိုခွဲစိတ်
    ဘယ်မှာလဲ မင်းရှိရဲ့လား
    ကိုယ့်ရဲ့ကိုယ်မှ
    ကိုယ်မပိုင်တဲ့ ဥစ္စာ
    ရုပ်ဒြဗ် ပစ္စည်းများ မင်းတပ်မက်နေမလား

  • thit min

    December 20, 2011 at 5:02 pm

    အဲဒီ……………… ချင်ပြန်ရော ကတော်တော်ဆိုးတာနော်။
    အတောမသတ်ဘူး။ ကိုယ်ချင်းစာတယ်။ ပြောရင်းဆိုရင်း ပြောရအုန်းမယ်။
    ပိန်းဥပြုတ်ထားတယ်။
    ဆီလေးနဲ့ ဆားလေးနဲ့ ဖြူးစားရင်း လက်ဘက်ရည်သောက်ချင်လိုက်တာ။ တကယ်..
    (^^)စားကြအုန်းမလား။

    • ဆူး

      December 20, 2011 at 5:10 pm

      ပိန်းဥ ကို အဲလို စားတာတော့ မသိဘူး.. မနေ့က အမေချက်တဲ့ ဟင်းကို အခု စဉ်းစားရင် အခု ပြန်စားချင်တယ် လွတ်ကောင်းပဲ.. ပုဇွန်ဆိတ် အကောင်မကြီးမသေးလေးတွေကို ဆီသတ်ပြီး ပိန်းဥ ကို ပျော်အောင် ချက်လိုက်တာ အရည် ပြစ်ပြစ်နှစ်နှစ်နဲ့ အရသာ က ပုဇွန် အရသာ ချိုချိုလေးနဲ့ ပိန်းဥ အရသာ စီးစီးလေး လိုက်ဖက်ညီပြီး အရသာ သိပ်ရှိတာပဲ။ ထမင်းနဲ့ ပိန်းဥဟင်း အရည်လေး စန်းပြီးတော့ စားလိုက်တာ တော်တော် ကောင်းပဲ ဗျို့…

    • weiwei

      December 20, 2011 at 5:21 pm

      ဈေးထဲမှာ ပဲမြစ်တွေရောင်းနေပြီ … ပြောရင်းဆိုရင်း ပဲမြစ်ပြုတ်ကို ဆီဆမ်း၊ ဆားဖြူးပြီး စားချင်စိတ်ပေါ်လာပြီ …

      • windtalker

        December 21, 2011 at 2:32 pm

        ပဲမြစ် ကို ပြုတ်ပြီး ၊ ငရုတ်ကျည်ပွေ ့သန် ့သန် ့နဲ ့ထောင်း
        မြေပဲလှော် နဲ ့နှမ်း အသင့်အတင့်ကိုထောင်း
        အုန်းသီး ကို အမျှင်လေးတွေ ခြစ်
        ပြီးမှ ထောင်းထားတဲ့ ပဲမြစ်ပေါ်ကို နှမ်းဆီ မွှေးမွှေး ဆမ်း ၊ မြေပဲလှော်နဲ ့နှမ်း ရောထောင်းထားတာရယ် အုန်းသီးရယ် ဖြူးလိုက်ရင်ဖြင့်
        အားပါးပါး…..
        ကောင်း မှ ကောင်း ဘဲဗျို ့။ ( ကိုယ့်ဟာကိုယ် အားပေးသည် )

  • MaMa

    December 20, 2011 at 5:10 pm

    ဝေဝေရေ-
    ဆန္ဒတွေ တစ်ခုပြီး တစ်ခု ဖြစ်နေသလို
    ဆန္ဒရှိတိုင်း ဖြစ်နိုင်နေတာကို အားကျသွားတယ် နော့။ 🙂
    (အမှန်က ဆန္ဒတွေ တခုပြီး တခုဖြစ်နေတာကို သိနေတာကိုက အားကျစရာ..) 🙂

    • weiwei

      December 20, 2011 at 5:18 pm

      ငယ်ငယ်တုန်းက ဒီလောက်ဆန္ဒမများပဲ အသက်ကြီးလာမှ ပိုပြီးဆန္ဒများလာတာကို စိတ်ပျက်ပြီး ရေးလိုက်တာ … ဆန္ဒတစ်ခုကိုဖြည့်လိုက် နောက်တစ်ခုပေါ်လာလိုက်နဲ့ … စိတ်ဆန္ဒတွေ မပြည့်တာများပြီး အလုပ်ထဲမှာ ဒေါသနဲ့ လက်အောက်ငယ်သားတွေအပေါ် ထွက်ပေါက်ရှာတတ်တဲ့ အရာရှိကြီးများကို စိတ်ပျက်မိတာလဲပါတာပေါ့ …
      ဘာပဲဖြစ်ဖြစ် နဲနဲလျော့နိုင်ရင် အကောင်းဆုံးပဲပေါ့နော် …

      • TTNU

        December 20, 2011 at 11:37 pm

        ဝေရေ…
        (ဆန္ဒတစ်ခုကိုဖြည့်လိုက် နောက်တစ်ခုပေါ်လာလိုက်နဲ့ … ) လို့ ဝေရေးထားတာလေ။
        အဲဒါလေးကိုက ဖြစ်နေတယ်။ဖြည့်လိုက်တယ်။နောက်တစ်ခုပေါ်လာတာက ရှေ ့တစ်ခု
        ပျက်သွားလို့ပေါ့။ ဆန္ဒတွေ ဖြစ်ပြီးပျက်စီးနေတာ ပြနေပြီ။ Go and grab it!

        တီချာ့ လည်း ဒီ ” ချင် ” လိုက်တာလေးတွေ အများကြီးပါပဲ။
        ဒါကြောင့် ဆရာတော် ဦးဃောသိက တရားထဲမှာပါသမို့လား။

        မသိမှုကြောင့် ထင်ရာလုပ်
        ထင်ရာလုပ်လို့ ဒုက္ခရ
        ဒုက္ခထဲက အမြစ်ထွက်
        အမြစ်ထွက်တော့ အပင်ပေါက် ချာလည်ဒုက္ခရောက်။

        ( ဒီ အမြစ်ဆိုတာ တဏှာ ၊ဥပါဒါန်၊ ကမ္မဘဝ။ လိုချင်တော့
        စွဲလန်း စွဲလန်းတော့ အားထုတ်)

        ” ချင်တယ် ” ဆိုတဲ့ စားချင်တယ်။သွားချင်တယ်။တွေ့ချင်တယ် ….မဆုံးသောဆန္ဒတွေ
        ကြောင့် အပင်မှမျိုး မျိုးမှအပင် အမျှင်မပြတ် ဖြစ်နေကြတာနော်။

  • ဦးဦးပါလေရာ

    December 20, 2011 at 9:15 pm

    အသက်ကြီးလာမှ ပိုပြီး ဆန္ဒတွေ များလာတာလဲအမှန်ပါပဲ…။
    ပိုပြီးစိတ်ပျက်စရာကောင်းတာက အသက်ကြီးလာလေ ပိုပြီး ဆန္ဒတွေကို မဖြည့်ဆည်းနိုင်လေပဲ…။

    ဥပမာ ခရီးတွေထွက်ချင်တယ် – သိပ်မအားတော့ဘူး သိပ်လဲမသွားနိုင်တော့ဘူး..
    ဗူးသီးကြော်ပူပူလေးကို မန်ကျီးအချဉ်ရည်လေးနဲ့ တို့တို့စားချင်တယ် – ဆီတွေများလို့ မစားရတော့ဘူး..
    ဆီထမင်းလေးကို ဂျင်းနံ့လေးမသိမသာထည့်ထိုးပြီး ကြက်ကြော်နုနုလေးနဲ့စားချင်တယ် –
    အစာမကြေလို့ မစားရပြန်ဘူး..
    တခါတရံ အုန်းထမင်းမွှေးမွှေးလေးကို မဆလာနံ့သင်းထားတဲ့ ကြက်သားဟင်းလေးနဲ့စားချင်တယ် –
    လေဖြတ်မှာစိုးလို့ ဆရာဝန်ကမကျွေးဘူး..

    အဆိုးဆုံးကတော့ ဒီလိုဆောင်းညတွေမှာ ဂစ်တာလေးတီးပြီး စိုင်းထီးဆိုင်သီချင်းတွေ ခင်မောင်တိုးသီချင်းတွေ အော်ဆိုချင်တယ် –
    အဲဒါကတော့ (အရူးလို့အထင်မခံနိုင်ရင်) တသက်လုံးကို လုပ်လို့မရတော့ဘူး 🙁

  • မောင်သန်းထွဋ် ဦး

    December 20, 2011 at 10:47 pm

    မမဝေ ရော ဦးပါလေရာပါ ပြောထားကြတာလေးတွေအရမ်းကောင်းပါတယ်။ဆန္ဒတွေကတော့ ဘယ်တော့မှမပြီးသတ်နိုင်ပါဘူး။

  • တညင်သား

    December 21, 2011 at 12:24 pm

    ငယ်ငယ်တုန်းက သူငယ်ချင်းတစ်ယောက် ချဲထိုးတယ်ပေါ့ ..အရင်တုန်းက ၅ ကျပ်ဖိုး ပေါက်ရင် ၃၀၀ဝ ရမယ် ဆိုပါတော့ .. သူ့ဘဝ မှာ ဒီတကြိမ်သာ စပြီး ထိုးဘူးတာပါ အဲဒီအချိန်က တစ်လမှာ တစ်ခါ ချဲထွက်တာပေါ့ သူက ချဲပေါက်ရင် ဘောင်းဘီဝယ်မယ် အကျင်္ ီဝယ်မယ် ဂစ်တာဝယ် စသဖြင့် စိတ်ကူးယဉ်လိုက်တာ..သူလိုချင်တာ အကုန်မဟုတ်သေးဘူး ပိုက်ဆံ ရှိရင်ဦးစားပေးဝယ်ရမဲ့ စာရင်းမှာပဲ ချဲပေါက်ရင်တောင် သူအမေစီက ၂၅ဝ ချေးရမယ်တဲ့….သူမိခင်ကိုပြောပြတော့ သားရယ် မင်းကို ချဲပေါက်ပါစေလို့ပဲဆုတောင်းပေးရမလား မပေါက်ပါစေနဲ့လို့ပဲ ဆုတောင်းပေးရမလားမသိတော့ပါဘူးတဲ့.. 🙂
    လူတွေရဲ့ ဖြစ်ချင်တဲ့ဆန္ဒ တွေကတော့ ပြောမနေပါနဲ့ သိကြားမင်း ဖန်ဆင်းပေးတဲ့ ကျွဲတောင်မှ့ ဘာတဲ့ ဂျို နဲနဲကားနေလို့ ဆိုတော့……..

  • ကြောင်ကြီး

    December 21, 2011 at 12:29 pm

    စန္ဒာ့ကို ထိန်းချုပ်နိုင်တာ သူရိယ…… သူလာရင် စန္ဒာထွက်ပြေးရရော။ ရုပ်ရှင်မင်းသားဝင်းဦးလည်း စန္ဒာ့ကို ထိန်းချုပ်ထားဖူးသေးတယ်၊ သူလည်းသေရော စန္ဒာလည်းပျောက်တာပဲ။ 😀

Leave a Reply