“ငယ်ငယ်တုံးက ခေါင်းလောင်းသံ -7″(ဂုဏ်ယူတတ်စေသော……….ဂုဏ်တင့်စေသော ………..)
- 3ကျောင်းအဝင်ပေါက်အရှေ့ဘက် အရင်ကတော့ သစ်သားတံခါး အခုတော့သံတခါး
“ငယ်ငယ်တုန်း ခေါင်းလောင်းသ-7ံ”
(ဂုဏ်ယူတတ်စေသော……….ဂုဏ်တင့်စေသော……………)
အဲဒီတုံးက ကျောင်းအုပ်ဆရာကြီးဦးလှ က အားကစား ကို အရမ်းအားပေးပါတယ်။
ကျနော်တို့ကျောင်းသားဘဝကဒီဇင်ဘာလဆိုရင်အမှတ်(9)ကျောင်းရဲ့ အားကစားပွဲတော်ပါဘဲံ။
တစ်လလုံးနီးပါးလောက်ပြိုင်ကြဘင်ခရာတီးဝိုင်းတွေလေ့ကျင့်ကြနဲ့ပျော်စရာကြီးပါ။
အားကစားမျိုးစုံမှာ ဝင်မပြိုင်တဲ့ ကျောင်းသားမရှိသလောက်ပါဘဲ။
မီတာတစ်ရာ ၊မီတာနှစ်ရာ၊မီတာရှစ်ရာ၊
တန်းကျော်ပြေးပွဲ၊ဘတ်စကက်ဘော၊ဘော်လီဘော၊ဘောလုံး၊ပင်ပေါင်၊
တင်းနစ်၊ကြက်တောင်၊အလျားခုန်၊သံလုံးပစ်အတော်လေးစုံပါတယ်။
ပြိုင်ပွဲမှာဝင်ပြိုင်တယ်ဆိုရင် စာသင်ခန်းဝင်စရာမလိုတော့ ဟုတ်ဟုတ် မဟုတ်ဟုတ်ဝင်ပြိုင်ကြပါတယ်။
ပြိုင်ပွဲဝင်မယ့်ဆိုရင်အရင်စာရင်းပေး။
စာရင်းပေးပြီးရင် အကြိုပြိုင်ပွဲတွေလူရွေးပွဲတွေထပ်လုပ်ပါတယ်။
ဆရာဒေးဗစ်လေသံနဲ့ပြောရရင် “ဟိ “ ယူတယ်ပေါ့။
နောက်ဆုံးကျန်တဲ့ဆယ်ယောက်( ဟိ ဝင်တဲ့သူပေါ့)ဘဲ
နောက်ဆုံးနေ့မှာဝင်ပြိုင်ခွင့်ရပါတယ်။
တကယ့်ပွဲကြီးနေ့မှာဝင်ပြိုင်ရတဲ့လက်ရွေးစဉ်တွေမှသာပွဲနေ့အခမ်းအနားမှာ စီတန်းလမ်းလျောက်ခွင့်ရပါတယ်။
အဲတော့လဲ အားလုံးက တကယ့်ပွဲနေ့မှာပါဝင်ခွင့်ရအောင်ကြိုးစားကြပါတယ်။
တကယ့်ပွဲနေ့မတိုင်ခင် ကျောင်းဝင်းထဲက ဘောလုံးကွင်းထဲမှာ ဘင်ခရာအဖွဲ့ကလေ့ကျင့်ပါတယ်။
တကယ်ပြိုင်ပွဲရက်နီးတဲ့အခါမှာ ဖွင့်ပွဲပိတ်ပွဲအတွက် လက်ရွေးစဉ်တွေက
လမ်းလျောက်လေ့ကျင့်ရပါတယ်။
ပိတ်ပွဲနေ့က ပိုပျော်စရာကောင်းပါတယ်။
ညမိုးချုပ်မှပိတ်ပွဲကျင်းပတဲ့အတွက် မီးဒုတ်တွေကို ကိုင်ပြီးလမ်းလျှောက်ရတာပါ။
ပွဲမကျင်းပခင်ရက်တွေမှာ အတန်းထဲမှာစာလဲကောင်းကောင်းမသင်ဖြစ်ပါဘူး။
ပွဲရက်ရောက်ပြီဆိုတာနဲ့ကျနော်တို့ကျောင်းဝင်ထဲမှာလူအပြည့်။
မနက်ကတည်းကပြိုင်ပွဲတွေလုပ်လိုက်ကြတာကိုယ့်လူကိုယ်အားပေးကြတာပေ့ါ။
ကျနော်အကြိုက်ဆုံးကတော့ နေ့လည်အားကစားပြိုင်ပွဲတွေနားချိန်မှာဘင်ခရာ
တီးဝိုင်းက လက်စွမ်းပြလို့ ဧည့်ခံတာကိုပါဘဲ။
ရှေ့က တီးဝိုင်းခေါင်းဆောင်မေဂျာကလဲ သူ့လက်ထဲကဘုသီးတပ်ထားတဲ့ ဒုတ်ကြီးကို
လေထဲဝဲလိုက်ပြန်ဖမ်းလိုက်နဲ့လုပ်သာနေတာလမ်းလျှောက်တာမပျက်။
ကြည့်နေရတဲ့သူများမတော့ြ့ပုတ်များကျလိုက်ရင်ဆိုတဲ့အတွေးနဲ့အသဲတယားယား၊
နောက်ဘင်အကြီးကြီးတီးတဲ့သူကလဲ လက်ရိုက်တုတ်ကို
ဟိုဘက်ပစ်လိုက်ဒီဘက်ပစ်လိုက်နဲ့ တဝုန်းဝုန်း၊
လင်းကွင်းခြမ်းကြီး တချမ်းချမ်းတီးတဲ့သူကလဲ လင်းကွင်းတွေကို လေထဲပစ်ပြီးပြန်ဖမ်း။
တစ်ဖွဲ့လုံးကလဲ လမ်းလျှောက်ရင်းသီချင်းတွေတီးရင်း ပုံစံအမျိုးမျိုးဖော်လို့လမ်းလျှောက်။
အဖြူရောင်ဘောင်းဘီရှည်ရယ်ကြယ်သီးတွေနဲ့အလှဆင်ထားတဲ့အင်္ကျီအဖြူတွေနဲ့ဆိုတော့
မြင်ရတာအင်မတန်ကျက်သရေရှိ။
ကိုယ်တိုင်ပါဝင်ခွင့်မရတာကိုလဲ မချင့်မရဲ။
အကြိုက်ဆုံးပြကွက်ကတော့ ဆိုဒ်ဒရမ်ခေါ်တဲ့ဒရမ်သေးသေးဝိုင်းဝိုင်းလေးတွေကို
ရိုက်တဲ့ တုတ်လေးတွေကို အမျိုးမျုးိကစားပြီး ညီနေအောင်အလှပြကြတာပါဘဲ။
တွေးကြည့်ရုံနဲ့တင်မျက်စေ့ထဲမှာပြန်မြင်ပြီးလွမ်းလာပါတယ်။
ကျနော်တို့ကျောင်းသားပွဲတော်ပြီးသွားတာတောင်ကျောင်းသားတွေပါးစပ်ဖျားမှာ ပွဲတော်တုံးက
အကြောင်းတွေပြန်ပြောလို့မဝနိုင်အောင်ပါဘဲ။
ကျနော်တို့ကျောင်းသားဘဝမှာ ဒိုင်အို စိန်ပီတာ အမှတ်တစ်နဲ့ဖားသားလဖုန်း ကျောင်းတွေက
ကျောင်းပေါင်းစုံပြိုင်ပွဲတွေမှာ တကယ့်ကိုသဲကြီးမဲကြီး
အနိုင်မခံအရှုံးမပေးဘဲပြိုင်ကြတာကို မှတ်မိပါတယ်။
မိန်းကလေးကျောင်းဆိုလဲ အဓိကပြိုင်ဖက်ကတော့ အမှတ်8ကွန်ဗင့်နဲ့ အမှတ်(4)အမျုးိသမီးကျောင်းပေါ့။
တစ်ကျောင်းနဲ့တစ်ကျောင်းကလဲ အရည်အချင်းပြည့်မှီကြတော့ သူတလှည့်ကိုယ်တလှည့်ပါဘဲ။
တစ်ဖက်နဲ့တဖက်ပြိုင်ရင်းက ညိကြတာလဲအကြိမ်ကြိ်မ်။
ဒီလိုအားကစားပွဲနဲ့ပါတ်သက်ပြီး ညိခဲ့ကြတာလေးထဲကအမှတ်တရ
ဖြစ်ခဲ့တာလေးတွေတော့ပြန်ပြောပြချင်ပါသေးတယ်။
ကျနော်တို့ကျောင်းမှာ ဆရာကြီးတစ်ဦးက ရင်ဘတ်မှာအမွှေးအမျှင်တွေနဲ့
ခန့်ခန့်ကြီးပေါ့။
အဲဒီအချိန်က ရှောင်ကွန်နရီရဲ့ ဂျိန်းစဘွမ်းကားတွေခေတ်စားနေချိန်ပေါ့။
ကျနော်တို့က ကျနော်တို့ဆရာကြီးကို ချစ်စနိုးနဲ့ ဂျိမ်းစဘွမ်းလို့ ခေါ်ကြပါတယ်။
အဲဒီနှစ်က ကျနော်တို့(၇)တန်းနှစ်ပါ။
ကျနော်တို့နဲ့ဒိုင်အိုကျောင်းအမှတ်(10)ကဘော့လုံးပွဲ ဖိုင်နယ်မှတွေ့ကြပါတယ်။
ကန်ရမှာတော့ကျနော်တို့ကျောင်းက ကွင်းမှာ။
အဲဒီနေ့မနက်ခင်း ကျောင်းစုဝေးချိန်မှာ ဆရာကြီးက ကိုယ့်ကွင်းမှာလာကစားမယ့်
ဧည့်သည်ကို ကောင်းကောင်းမွန်မွန်ဧည့်ခံဘို့။
ဒါပေမယ့် သန့်သန့်ရှင်းရှင်းနဲ့ ပွဲကိုနို်င်အောင်ကစားဘို့ မိန့်ခွန်းေြပြာပါတယ်။.
ကျနော်တို့အကြိုက်ဆုံးက နိုင်ခဲ့ ဒိုင်းရခဲ့ရင် ကျောင်းမှာပျော်ပွဲရွှင်ပွဲလုပ်ပေးမယ်
လို့ဆရာကြီးက ကတိပေးထားတာကိုပါ။
အဲဒီနေ့က မှတ်မှတ်ရရ ကျနော်တို့ကျောင်းအရှေ့ဖက်လမ်းက ဒါးတန်းရပ်ဘုရားပွဲနေ့ပါဘဲ။
ကစားတဲ့အချိန်မှာတော့ နှစ်ဖက်ကျောင်းကကျောင်းသားရော
ရပ်ကွက်ထဲကလာကြည့်သူတွေ့ရော ကွင်းအပြည့်။
ပြည့်ရုံတင်မကဘူး အနောက်ဘက်သံဝင်းချပ်ချ်အုဌ်တံတိုင်းပေါ်မှာရော
အဲဒီအုဌ်တံတို်င်းဘေးက ကုက္ကိုလ်ပင်တွေမှာရောအားပေးသူအပြည့်။
ကစားကြတာပွဲကြီးပွဲကောင်း။
နှစ်ဖက်စလုံးကခြေညီတော့ ဂိုးမသွင်းနိုင်။
အဲဒီအချိန်ဘယ်ကနေဘယ်လိုစလိုက်တဲ့ရန်ပွဲလဲမသိ ဝရုန်းသုံးကားနဲ့ချ ကြပြန်ရော။
တစ်ဖက်နဲ့တစ်ဖက်ဂဲတွေနဲ့ထုကြဆော်ကြနှက်ကြတော့ ဘောလုံးပွဲလဲပျက်သွားပါတယ်။
နောက်ဆုံးအချုပ်မှာတော့ နှစ်ဖက်လုံးကိုဖျန်ဖြေပေးနေတဲ့ကျနော်တို့ချစ်ဆရာကြီး
ဂျိန်းစဘွန်းခေါင်းကိုခဲမှန်လို့ကွဲသွားပါတယ်။
အဲလိုလဲ ဂျိန်းစဘွန်းကွဲတာလဲမြင်ရော ကျနော်တို့ကျောင်းသားတွေလူစုပြီး
ကျနော်တို့ကျောင်းအရှေ့ဘက် ဒါးတန်းရေခဲစက်နားမှာရှိတဲ့အမှတ်(10)ကျောင်းရဲ့
ကျောင်းအုပ်ကြီးအိမ်ကို ချီတက်ပြီး ခဲတွေနဲ့ အားပေးကြပါတော့တယ်။
တားမရ ဆီးမရ။
ခဏနေတော့ ကျနော်တို့ကျောင်းမြောက်ဘက်မှာရှိတဲ့ အမှတ်(5)ရဲစခန်းက
ထွက်လာပြီးခဲနဲ့အားပေးနေသူအားလုံးကိုဖမ်း အချုပ်ကားပေါ်တင်ပြီး အိမ်တိုင်ယာရောက်လိုက်ပို့ပါတော့တယ်။
အိမ်ဝင်းပေါက်ကိုရောက်လို့ အချုပ်ကားပေါ်ကဆင်းလာတဲ့မြင်ရော အိမ်ကဆော်ပလော်တီးတာခံရပါတယ်။
အဲဒီနေ့ကပွဲပျက်သွားတော့ အရှုံးအနိုင်မပေါ်ပါဘူး။
နောက်ကျောင်းဖွင့်ရက်တစ်ရက်ရဲ့ညနေမှာ ဘောလုံးပွဲကို ပြန်ကန်ခိုင်းပါတယ်။
ကန်ရမယ့် ကွင်းကတော့ နန်းတွင်းကျောက်တိုင်ကွင်းပါ။
အဲဒီအချိန်တုံးကလဲ နန်းတွင်းကိုဝင်ချင်သလိုဝင်လို့မရပါဘူး။
ဘောလုံးပွဲကိုလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ်ဝင်ကြည့်လို့မရပါဘူး။
ကြည့်ချင်ရင်ကျောင်းကပို့ပေးတဲ့ကားနဲ့လို်က်ရမှာပါ။
အဲဒီနေ့ နောက်ဆုံးစာသင်ချိန်မှာ ဘောလုံးပွဲလိုက်မယ်ဆိုတဲ့လူတွေကို
ဆရာကြီးရုံးခန်းရှေ့မှာစုခိုင်းပါတယ်။
ပြိးတော့ ဆရာကြိးက ရန်မဖြစ်ဘို့ သတိပေးရင်း
တစ်ဂိုးသွင်းရင်သွင်းသူကို ငါးကျပ်ဆုချမယ်ပြောပါတယ်။
ကျနော်တို့ဘောလုံးပွဲလိုက်မယ့်သူတွေအားလုံးစုံလို့ ကားပေါ်တက်မယ်လဲလုပ်ရော ကျနော်တို့ ရဲ့လက်မောင်းနှစ်ဖက်ကို
ကာကွယ်ဆေးတွေထိုးပေးပါတော့။
နာလိုက်တာ လက်မောင်းတွေတောင်အောင့်လို့ပါဘဲ။
အဲဒီနေ့ကဘောလုံးပွဲမှာ ဘယ်သူတွေပါတယ်ဆိုတာကို အသေးစိတ်မမှတ်မိပေမယ့်ကျနော်တို့ သူငယ်ချင်း
“ငကြွက်”ကတော့ သူရဲကောင်းဖြစ်သွားခဲ့ပြီးဆရာကြီးပေးတဲ့ဆုကြေးကို ရခဲ့ပါတယ်။
ကျနော်တို့ကျောင်းကလဲဂိုးသွင်းရော ဆရာကြီးကိုယ်တိုင်မတ်တပ်ရပ်ပြီးလက်ခုတ်တွေတီးတော့
ကျနော်တို့ကလဲ ဘယ်နေလိမ့်မလဲ ဝမ်းစမိုးကသောသောညံပေါ့နော်။
လက်ခုပ်တီးလိုက်တိုင်းဆေးထိုးထားတာက နာတော့ အားရပါးရမတီးနိုင်တော့
ပါးစပ်ကဘဲပေါက်ကရအော်ရတာပေါ့။
ပွဲအပြီးနိုင်လာတော့ကားပေါ်မှာအော်ကောင်းသပေါ့။
“စိန်ပီတာကို နိုင်ချင်ရင်ဆယ်နှစ်တိုင်အောင်ကြိုးစားလိုက်အုံး”
“အမှတ်ကိုး ကို နိုင်ချင်ရင်ဆယ်နှစ်တိုင်အောင်ကြိုးစားလိုက်အုံး”
“စိန်ပီတာကို နိုင်ချင်ရင်ဆယ်နှစ်တိုင်အောင်ကြိုးစားလိုက်အုံး”
“အမှတ်ကိုး ကို နိုင်ချင်ရင်ဆယ်နှစ်တိုင်အောင်ကြိုးစားလိုက်အုံး”
ကျနော်တို့ကျောင်းသားဘဝမှာ ကျောင်းတိုင်းကျောင်းတိုင်းက အားကစားကိုအားပေးခဲ့ကြပါတယ်။
ကျောင်းလက်ရွေးစဉ်ဘဝကနေတိုင်းလက်ရွေးစဉ် မြန်မာလက်ရွေးစဉ်ဖြစ်သွားသူတွေလဲရှိခဲ့ပါတယ်။
ကျနော်တို့ကျောင်သားတွေကို ကိုယ့်ကျောင်းကိုချစ်စိတ်အားကစားချစ်စိတ်တွေ
ရင်ထဲမှာကိန်းအောင်းနေအောင် ဂုဏ်ယူတတ်အောင် ဂုဏ်တင်အောင်ကြိုးစားလာအောင် တင်ပေးကြပါတယ်။
ကျောင်းတွင်းအားကစားပြိုင်ပွဲတွေကိုကျင်းပ၊
အဲဒီကမှာ တစ်မြို့ထဲကကျောင်းပေါင်းစုံပြိုင်ပွဲတွေကျင်းပ။
နောက်ထပ်တိုးတော့ တပြည်လုံးဆိုင်ရာကျောင်းသားပွဲတော်တွေကျင်းပလို့
ဂုဏ်တင့်စေပြီး ကျနော်တို့ရင်ထဲမှာလဲဂုဏ်ယူတတ်တဲ့စိတ်တွေကိန်းအောင်း
လာခဲ့ပါတယ်။.
ကျောင်းတွေက နိုင်တယ်ဆိုရင်လဲ ဒိုင်းဆုကြီးကိုကားပေါ်တင်လို့မြို့တစ်ပါတ်
လှည့်ပြီးအောင်ပွဲခံခဲ့ကြပါတယ်။
ဒီလိုအောင်ပွဲခံချိန်မှာလဲ မြို့သူမြို့သားတွေကလဲလမ်းပေါ်ထွက်ပြီးကြိုဆိုကြ
အားပေးကြနဲ့ပွဲတော်တမျှ လမ်းပေါ်မှာလူတွေလျှံကုန်ပါတယ်။
ကျောင်းသားတွေကလဲ ကိုယ့်ကျောင်းကို ဂုဏ်မြင့်စေ့မယ့်သံချပ်တွေ
အော်ဆိုလို့တစ်ပျော်တစ်ပါး။
တစ်ခါသားမှာတော့ အဲလိုလှည့်ပြီးအောင်ပွဲခံနေတုန်း
ကျုံးဘေးအရောက်မှာ တရုပ်တန်းရပ်ကွက်ကလူမိုက်တွေနဲ့ညိပါတော့တယ်။
အဲဒီကလူတွေက ကားပေါ်မှာလို်က်လာတဲ့ကျောင်းသူကိုအစ အပျော်သွေးတွေကြွနေတဲ့ကျောင်းသားနဲ့အရပ်လူမိုက် ဖို်က်တင်တွေချကြပါတော့တယ်။
အရပ်ခံကလဲ သူတို့ လူတွေစုပြီးရိုက်။
အဲဒီအချိန်မှာခါတော်မှီညီညွတ်ကြတဲ့ ကျောင်းပေါင်းစုံကကျောင်းသားတွေကလဲပြန်ချ။
လမ်းပေါ်မှာခဲတွေပလူပျံကုန်ပါတယ်။
ခဏနေတော့မှာ အဲဒီအရပ်က လူမို်က်ခေါင်းဆောင်ကလက်ထဲမှာပုလင်းတစ်လုံးကိုင်ပြီးပြေးအထွက်
“ဖယ်ကြ ဖယ်ကြ သူ့လက်ထဲက ပုလင်းထဲမှာအက်ဆစ်တွေ”လို့အော်သံအကြား
အားလုံးလဲဝရုန်းသုန်းကားနဲ့ထွက်အပြေး။
ရန်ပွဲလေးလဲရပ်သွားပါတယ်။
ဒါကတော့ အမှတ်တရအဖြစ်လေးပါဘဲ။
ကျနာ်တို့ရှစ်တန်းအရောက်မှာတော့ ကျနော်တို့ရဲ့ဆရာကြီးဦးလှနေရာမှာ
ဆရာမကြီးဒေါ်တင်တင်လှ ပြောင်းလာခဲ့ပါတယ်။
အဲဒီနှစ်ကစလို့ ကျနော်တို့ကျောင်းမှာ ကျောင်းတွင်းအားကစားပွဲတော်ပျောက်သွားခဲ့တာတော့ ကျနော်ဆယ်တန်းအောင်တဲ့အထိပါဘဲ။
အခုအချိန်မှာတော့ ကျနော်လဲကျောင်းသားဘဝလွန်မြောက်ခဲ့
ခေါင်းလောင်းသံလေးနဲ့ဝေးခဲ့တာကြာပါပြီ။
အခုလက်ရှိအနေအထားမှာ ရော ကျောင်းသားလေးတွေစိတ်ထဲမှာ
မိမိနေထိုင်ရာကျောင်းကို ဂုဏ်ယူချစ်မြတ်နိုးသောစိတ်ရှိမရှိ၊
ဂုဏ်တင့်အောင်ဖန်တီးပေးလိုသောစိတ်ရှိမရှိကတော့
ကျနော်မသိတာတော့ အမှန် ။
ဒါပေမယ့်ခေါင်းလောင်းသံလေးတွေကတော့ အခုချိန်ထိကြားယောင်နေဆဲပါဘဲ။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။
(26-12-2011)
13 comments
ကိုပေါက်(မန္တလေး)
December 27, 2011 at 8:58 am
ဒီတစ်ခါကတော့ ဓါတ်ပုံတွေတင်နေတာနဲ့ (6)နဲ့(7)အကြားတစ်ပတ်တောင်ကြာသွားပါတယ်။
TTNU
December 27, 2011 at 9:36 am
ကိုပေါက်ရေ…
တီချာ ဆရာမ ပေါက်စဘဝကို ပြန်သတိရစေတဲ့ Postလေးဖြစ်ပါတယ်။
(၉)နဲ့ (၁၀) ခဏခဏ ဘောင်းတော်မှာ လှံခ ခဲ့ကြသောကာလများပေါ့။
ဆရာမကြီးဒေါ်တင်တင်လှ လက်ထက်မှာပဲ အားကစားပြိုင်ပွဲတွေတော့
ရှိပါသေးတယ်။ ပွဲတော်ကြီးသာမလုပ်ဖြစ်တာထင်ပါရဲ ့။
ပုံ(၄) ထဲမှာ ရှေးရှေးပုံရိပ်လေးလည်း တမ်းတဆဲ….
ငပေါက်ဖော်
December 27, 2011 at 11:52 am
အဘတို ့ငယ်ငယ်က ကျောင်းသား ဘဝတောင် ပြန်သတိရသွားပြီ ကွယ်
အဘငယ်ငယ်က ဘာဆိုလားပဲ ကွဲ ့..အခုမှသာ ညာဆိုလား ဖြစ်သွားတာ
😆
ပုံ၊
သက်တော်ရှည်ဘာဆိုလားညာဆိုလားဘိုးပေါက်
koyinmaung
December 27, 2011 at 12:41 pm
ငယ်မူပြန်ဆရာပေါက်ရဲ့လက်ရာကတော့
ဖတ်တဲ့သူကိုပါငယ်မူပြန်စေခဲ့ပါပြီကော…
အော်…အပူအပင်ကင်းတဲ့လူငယ်ဘဝ
ပြန်မရနိုင်တော့ပေမဲ့ လွမ်းဆွတ်မိပါရဲ့…..
mihninlay
December 27, 2011 at 1:25 pm
ဟိုးအရင်တုန်းကတော့အ.လ.က(၂)ဆိုရင်ဘောလီဘောမှာထိပ်ဆုံးကပဲ
ကျောင်းမှာလာပြိုင်လို ့နိုင်ရင်လေးပေါက်တို ့အော်သလိုပဲ
အမှတ်(၂)ကျောင်းကိုနိုင်ချင်ရင်ဆယ်နှစ်ဆယ်ကမ္ဘာကြိုးစားပါအုံးဆိုပြီးအော်လိုက်ရတာအမော
ရှုံးပြီဆိုလဲတစ်ဘက်ကျောင်းကိုအော်ဟစ်ပြီးဆဲကြပြန်ရောငယ်သေးတော့ရန်ဖြစ်တဲ့ထဲတော့ဝင်မပါရဲဘူး
နောက်တော့ကျောင်းအုပ်ကြီးလဲပြောင်းရောဘောလီဘောမှာဘိတ်ချေးဖြစ်သွားရော
ကျွန်တော်တို ့၈တန်းနှစ်မှာပြိုင်ပွဲစတော့မယ်ဆိုမှလာခေါ်တယ်ဘယ်လိုသွားလေ့ကျင့်ချိန်ရမှာလဲ
ဒီတော့ရှုံးပြီးရင်းရှုံးပေါ့
MaMa
December 27, 2011 at 2:55 pm
ငယ်ငယ်က သံလျှက်စွန်းမှာလုပ်မယ့် ကျောင်းအားကစားပွဲကို သူငယ်ချင်းတွေဝင်ပြိုင်တော့ ကိုယ်လည်း လိုက်သွားချင်မိတယ်။ ပြိုင်ပွဲဝင်တဲ့လူတွေချည်းပဲ သွားရမှာမို့ အားကစားတစ်ခုခု ဝင်ပြိုင်ဖို့ သူငယ်ချင်းတွေကလည်း အားပေးတယ်။
အဲဒါနဲ့ အပြေးတော့ မပြိုင်နိုင်ဘူး၊ သံလုံးပစ်ပြိုင်ပွဲဝင်မယ်ဆိုပြီး လူစစ်ပွဲဝင်တော့ မျဉ်းကြောင်းရောက်အောင် မပစ်နိုင်တာနဲ့ပဲ ကျန်ခဲ့ပါလေရော။ အဲဒီလို ထူးချွန်ခဲ့တာ။ 😀
ကိုပေါက်(မန္တလေး)
December 28, 2011 at 1:34 pm
ဟုတ်ပါတယ် မာမီရေ
ဆရာမကြီးဒေါ်တင်တင်လှ လက်ထက်မှာ လဲကျောင်းပေါင်းစုံအားကစားပြိုင်ပွဲတွေ
ရှိခဲ့ အနိုင်ရခဲ့ပါတယ်။
ကျနော်တို့ကျောင်းတွင်း ပွဲတော်မရှိတော့တာကို ပြောတာပါခင်ဗျာ။
သေချာခွဲမပြောမိလိုက်ဘူးရယ်။
windtalker
December 28, 2011 at 1:53 pm
ကိုပေါက် တို ့ငယ်ငယ်တုန်းက ဒေါ်ဂျမ်းပွဲရုံ ပေါ်ပြီ ထင်ပ
ကိုပေါက်(မန္တလေး)
December 28, 2011 at 4:20 pm
ဒေါ်ဂျမ်းပွဲရုံပေါ်တာ ကြာကြာလှပေါ့ ။
မောင်ပေ့အမျုးိတော်တယ်ထင်တယ်နော်။
သတိတရမေးတာ။
windtalker
January 1, 2012 at 8:16 pm
ကျုပ် အမျိုးတော်တဲ့ လူပါတဲ့ ဘုတ်အုပ် ကို သေချာ မှ မဖတ်ဘဲ ရမ်းတုတ်နေတယ်
ကိုပေါက်(မန္တလေး)
January 1, 2012 at 10:22 pm
ရမ်းမတုတ်ပါဘူးမောင်ပေရယ် ရေးသမျှ အမှန်တွေချည်းပါဘဲ
Khin Latt
January 2, 2012 at 5:50 am
ကိုပေါက်ရေ – ကိုယ်မသိတဲ့ ကျောင်းပေမဲ့ ကျွန်မလဲ ကြည့်ရင်း ကိုယ့်ကျောင်းကိုယ်ကို ပြန်လွမ်းမိပါတယ်။
ကျွန်မ ကတော့ အားကစားမှာ ညံ့သလားမမေးနဲ့။
တစ်ခါတစ်ခါ အတိတ်ကို ပြန်ကြည့်ရင် စိတ်ကို ပိုပြီးနုပျိုစေပါတယ်။
Post လေးအတွက် ကျေးဇူးပါနော်။
တစ်သက်နဲ့တစ်ကိုယ် မန်းမြို့ကို တစ်ခေါက်ဘဲ ရောက်ဘူးသေးတယ်။
ကိုပေါက်(မန္တလေး)
January 2, 2012 at 8:19 am
မန်းလေးကိုနောက်တစ်ခေါက်လာရောက်ဘို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.