ဟာသ အတိုအထွာ – ၁

True FaithMay 27, 20101min652

အမေ

မောင်လှနဲ့ မောင်မြ မင်းတို့ရဲ့ “ကျနော်တို့ အမေ”စာစီစာကုံးက အထူထူ ဖြစ်နေပါလား။

ကျနော်တို့ အမေက တယောက်တည်းမို့ပါ။

ဖောရိန်း ပိုက်ဆံ

အိနိ္ဒယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိနေသည့် မြန်မာလူငယ်နှစ်ဦး အနက် တဦးက..

“ဆေးလိပ်သောက်ချင်လိုက်တာကွာ။ မင်းမှာ ပိုက်ဆံရှိသေးလား။”

“ဖောရိန်းပိုက်ဆံပဲ ရှိတယ်။ ယူမလား”

“အေး။ ယူမယ်။”

“ရော့”

“ဟင် မင့်ဟာက မြန်မာပိုက်ဆံကြီး”

“ဒို့ရောက်နေတာ အိနိ္ဒယလေ။ အဲတော့ မြန်မာပြည်က ဖောရိန်းပေါ့။ မြန်မာပိုက်ဆံကလည်း ဖောရိန်းပိုက်ဆံပေါ့ကွ”

အဝင်အထွက်

ကျောင်းသားလေးတွေက မွေးမြူရေးခြံကို လေ့လာနေကြတယ်။

ခြံရှင်။   ။ ဒီကြက်ဥတွေထဲက ကြက်ကလေးတွေ ပေါက်လာတာပဲ။

ကလေး။   ။ အံ့ဩစရာပဲနော်။

ခြံရှင်။   ။ ကြက်ကလေးတွေ ထွက်လာတာကိုလား။

ကလေး။   ။ ဟင့်အင်း။ ကြက်ကလေးတွေ ဥထဲကို ဘယ်လိုဝင်ခဲ့သလဲ ဆိုတာကိုပါ။

လျှောက်လဲချက်

အဖေ။   ။ မင်း သမိုင်း မဖြေနိုင်ခဲ့ဘူးဆို။

အမေ။   ။ အို အဲဒါ ကျမသားလေး အပြစ်မဟုတ်ပါဘူး။ သူတို့မေးတာက သားမမွေးခင်က

အကြောင်းတွေပဲ။

လူပေါင်းမှားလို့

လူကြီးတယောက်ဟာ လမ်းလျှောက်လာရင်း ခြံတခြံရဲ့ လူခေါ်ဘဲလ်ကို မမှီတမှီနှိပ်နေတဲ့ ကလေးတယောက်ကိုတွေ့တော့

“ငါ့တူက ဘဲလ်ကို နှိပ်ချင်တာလား။”

ကလေးက ခေါင်းညိမ့်ပြတယ်။ ဒါနဲ့ လူကြီးက ဘဲလ်ကို ၃ ချက်လောက် နှိပ်ပေးလိုက်တယ်။

“ကဲ နှိပ်ပြီးပြီ ငါ့တူ”

“နှိပ်ပြီးရင် ပြေးကြစို့ ဦးလေး” ဆိုပြီး တခါတည်း ထွက်ပြေးပါလေရော။

(မဇ္ဈိမ ဂျာနယ်မှ ဟာသတချို့ကို ကူးယူဖော်ပြပါသည်။)

2 comments

  • မန်း ရိပ်

    September 18, 2010 at 8:40 am

    ကောင်းတော့ကောင်းပါတယ်
    ဒါပင်မယ့် သိပ်မရယ်ရဘူး

  • mahar zaw

    February 4, 2012 at 9:49 pm

    လူပေါင်းမှားလို ့ဆိုတဲ ့ဟာသလေးကိုတော်တော်သဘောကျပါတယ်..
    ကျေးဇူးပါ.နောက်လည်းရယ်စရာဆိုလက်တို ့ပါဦးနော်

Leave a Reply