“{ဧရာဝတီ}={မြစ်ပြင်နဲ့တံတား}(ဆောင်းနေ့လည်ခင်းမြင်ကွင်း)”
“{ဧရာဝတီ}={မြစ်ပြင်နဲ့တံတား}(ဆောင်းနေ့လည်ခင်းမြင်ကွင်း)”











“{ဧရာဝတီ}={မြစ်ပြင်နဲ့တံတား}(ဆောင်းနေ့လည်ခင်းမြင်ကွင်း)”
အခုရက်အလုပ်ကိစ္စနဲ့ ရွှေကြက်ယက်ဆိပ်ကမ်း ကိုရောက်ခဲ့ရပြန်ပါတယ်။
အရင်က ဒီရွှေကြက်ယက်ဘုရားကို အဝေးကသာလှမ်းမြင်ခဲ့ဓါတ်ပုံရိုက်ခဲ့ပေမယ့်
ဒီဧရာဝတီတံတား အမည်တွင်မယ့်တံတားကြီးမပြီ်းခင်က ဆိုတော့
ဘုရားပေါ်ကို မတက်ဖြစ်တာ သုံးနှစ်လောက်တော့ ရှိပါပြီ။
အခုရက်တော့ ဒီဇင်ဘာဆောင်းနေ့လည်ခင်းမှာ ရွှေကြက်ယက်ဆိပ်ကမ်းကိုရောက်မိပါတယ်။
အဲတော့ ထုံးစံအတိုင်းလက်ဆော့မိပြန်ပါတယ်။
အင်မတန်မှ လှပတဲ့ပုံလေးတွေကိုရလိုက်တယ်လို့လဲထင်မိပါတယ်။
စစ်ကိုင်းကို အခါခါသွား ဒီဘုရားနားကဖြတ်သွား အပေါ်တက်ဘို့အချိန်မရနဲ့
မချင့်မရဲဖြစ်ခဲ့ရတာကလဲအခါခါ
ဒီနေ့မှာတော့ ဒီဘုရားပေါ်ကနေ ဓါတ်ပုံရိုက်ချင်တဲ့ စိတ်အဆာလဲပြေသွားပါတယ်။
အခုပုံတွေက တံတားနဲ့ပါတ်သက်တဲ့ပုံတွေပါဘဲ။
နောက်ရက်မှာတော့ မြစ်ပြင်နဲ့စစ်ကိုင်းတောင်အလှတွေကိုတင်ပေးပါအုံးမယ်။
အခုနေ့လည်ခင်းဆိုတော့ ဆောင်းညနေရဲ့ မြင်ကွင်းတွေလဲတင်ပေးပါအုံးမယ်နော်။
ကြည့်ပြီးရင်စိတ်ကြည်နူးကြမယ်လို့ထင်မိပါတယ်။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(23-12-2011)
16 comments
tt lay
December 23, 2011 at 3:01 pm
လှလိုက်တာဟယ် တော်လိုက်တဲ့ကိုပေါက်
hmee
December 23, 2011 at 3:28 pm
နေရောင်လို့ လေးပေါက်ပြောလို့သာ စိတ်ထဲမှာ ရေထဲကို လရောင်ဟပ်နေသလိုပဲ။ လပြည့်နေ့လရောင်ဟာ မြစ်ပြင်ရဲ့ လှိုင်းကြက်ခွပ်မှာ အရောင်ဟပ်နေသလိုပဲ။ ငယ်ငယ်က လပြည့်နေ့မှာ စစ်တောင်းမြစ်ကမ်းမှာ ထိုင်ပြီး လရယ် လရောင်အောက်က မြစ်နဲ့ ပဲခူးရိုးမရယ်ကို ပြန်သတိရတယ်။ အခုလိုပဲ ထင်ထင်ရှားရှားကြီးကို မြင်ရတာ။
Moe Z
December 23, 2011 at 4:31 pm
အားလုံးလှတယ်လေးပေါက် ခွေးလေးကဟိုဘက်ကမ်းကိုမျှော်နေတာလား
သနားပါတယ် သူ့အဖော်လိုက်ရှာပေးလိုက်လေ 😛
blackchaw
December 23, 2011 at 4:34 pm
စိတ်ကို ကြည်လင်လန်းဆန်းစေသော
ဧရာဝတီ တံတား ပုံလေးများပါ ကိုပေါက်ရေ။
ကျွန်တော်လည်း ပြည်က ဧရာဝတီ တံတားကို
ဓါတ်ပုံရိုက်ခဲ့ဘူးတယ်။
သိမ်းမထားမိခဲ့လို့ အခု နောက်တစ်ခေါက်ရောက်ရင်တော့
လှိမ့်ရိုက်ဖို့ ကြံထားတယ်ဗျာ။
aye.kk
December 23, 2011 at 5:54 pm
ကိုပေါက်..
အမည်နာမနဲ့လိုက်အောင်..
စိတ်ကူးတံခါးပေါက်က..
မိုးတစ်ဆုံးမြေတစ်ဆုံး..
ကမ္ဘာကုန်ကျယ်သရွေ ့လေ..
ရွာဝင်သူတွေရဲ ့ရင်တွေထဲ..
မြင်တာနဲ ့ရွှေရင်အေးစေဖို့..
အလှတရားတွေကိုဖွေရှာပေး..
လေးစားကာခင်ပါရမေ့နိုင်ပါ့လေး..။
ကိုပေါက်(မန္တလေး)
December 23, 2011 at 5:56 pm
မိုးစက်ရေ
ကွဲကွာသွားတဲ့ခွေးနှစ်ကောင်ရဲ့အလွမ်းကဗျာလေးရှိတယ်။
ညကျရင်စာအုပ်ထဲမှာပြန်ရှာပြီးတင်ပေးမယ်၊
ကဗျာလေးနာမယ်က မျှော်ပြီကွဲ့…ဝူးတဲ့
windtalker
December 23, 2011 at 7:36 pm
တံတားနှစ်စင်း
ပလားထင်း
အထက်ကိုမျှော်
ဆက်ရက် ကို ကြော်
အသက်ကိုခေါ် ပြီး
ပျော်ပျော်ကြီး မြည်း
လူ ့စည်းစိမ် တည်း
pooch
December 23, 2011 at 8:03 pm
လေးပေါက် ဒုတိယပုံလေးကို အကြိုက်ဆုံးပဲ …
နောက်များ မြစ်ကြောင်းပြောင်းလို့ ရေမတွေ့တော့ရင် ဒီပုံလေးတွေက သမိုင်းဝင်နေမလားပဲ ….
လေးပေါက် စိတ်တိုင်းအကျဆုံးလေးတွေကို ရွေးပြီး ဝါသနာ သက်သက်ဆိုပြီး တကိုယ်တော် ပြပွဲလေးကို ပြနိုင်ရင် သိပ်ကောင်းမှာပဲ …… အမှတ်တရများ ဆိုပြီးတော့လေ
inz@ghi
December 23, 2011 at 8:44 pm
လေးပေါက်ရေ့
အားပေးမယ်နော ….
နံပတ် ၄ပုံရဲ့ …ကဗျာလေးကို ခံစားချင်သားဗျာ..
အခါအခွင့်သင့်ရင် ဖတ်ချင်လိုက်တာ….
(ကျနော်တို့ စာ ဘာသာမှာက ..သည်လိုကဗျာ အမျိုးအစားက …
အရှားသား လားဗျာ့ …)
ပုံနံပတ် ၅နဲ့ ရ ကောင်းမွန်တယ်ဗျာ …လေးပေါက် တကယ်ကောင်းခဲ့တဲ့ပုံတွေဗျ…
၉ ကိုတော့ .ကျနော် မကြိုက်ဘူးဗျ…
တိုင်ဟာ ဘယ်ဘက်နည်းနည်းရောက်ရင် … ဒါမှမဟုတ်လည်း …အင်္ဂတေကြားက
ညောင်ပင်ပေါက်စလေး ဟာ ပိုပြီး နေရာပေးခံရရင် အတော်လှမယ့်ပုံဗျ ….
ဆိုပါတော့ theme တခုလို့ဘဲ ..
အနှောင်အဖွဲ့တွေ …အတားအဆီးတွေကြားကနေ လူးလွန့်ပြီး အညွှန့်တလူလူနဲ့..
အားမာန်ဝင့်ပြီးတက်လာတယ်… အို .. ထိုးဖောက် ထွက်လာခဲ့ရတဲ့ကြမ်းတမ်းတဲ့ဘဝအတွက် ဘာအားငယ်စရာရှိလဲ ..
ရှေ့မှာ ပေါင်းကူးတံတားကြီး …ဧရာမ ..အနာဂတ်အိပ်မက် ကြီး ..
သည်လို mood မျိုး ဖန်တီးလို့ရကောင်းရဲ့ဗျာ…..
ကဗျာတပုဒ်လောက် ထွက်ကျကောင်းရဲ့ဗျာ …နည်းနည်း မချင့်မရဲဖြစ်ခဲ့ရတဲ့ပုံပါဗျို့…
၁ဝထက် ၁၁ကိုပို နှစ်သက်တယ်ဗျ… (ကျနော့်အမြင်သက်သက်ပါ…)
ကျနော် ညွှန်းသလိုရိုက်တယ်လို့ တခုတ်တရ ဖော်ပြပေးတဲ့အတွက်လည်း ကျေးကျေးပါ…
သည်၂ပုံမှာ တူညီတာတခုကတော့ …ရှေ့ကခင်းကျင်းတဲ့အရာရဲ့ဆွဲဆောင်မှု+
လှပတဲ့ နောက်ခံbackground ကိုပါ ထင်ဟပ်သွားလို့ပါဗျ…
ကမ်းခြေလှေ ..ရှုပ်ရှုပ်ထွေးထွေးက ရှေ့မှာ..နောက်မှာတော့ တည်ကြည်ခံ့ညားတဲ့
ရှင်းလင်းပြတ်သားတဲ့ တံတားကြီး …အို..composition အရကော perfect ပါပဲလား
လေးပေါက်ရယ်……
ကျေးကျေးပါဗျ
ခင်တဲ့
Inz@ghi
ကိုပေါက်(မန္တလေး)
December 23, 2011 at 9:57 pm
နက်ဖြန်ကော်နက်ရှင်ကောင်းတယ်ဆိုရင် ဒီနေရာလေးမှာဘဲ နေဝင်ချိန်အလှလေးတွေတင်ပါမယ့်
မြင်သူကြည်နူးစေဘို့။
ငပေါက်ဖော်
December 23, 2011 at 10:48 pm
“မျှာ်ပြီကွဲ့…ဝူး” လေးလဲ လုပ်ပါဦး
ကိုပေါက်(မန္တလေး)
December 23, 2011 at 11:13 pm
တင်ပေးမယ် အရေးထဲစာအုပ်ပျောက်နေလို့ ပေါက်ငယ်လေးရေ
MaMa
December 24, 2011 at 7:33 am
ကိုပေါက်ရေ-ဓာတ်ပုံကို လှေငယ်ရှင်ဆုတောင်းနဲ့ တွဲပေးလိုက်တော့ ဓာတ်ပုံက အသက်ရော အသံရော ဝင်လာသလိုပဲ။ 🙂
TTNU
December 24, 2011 at 11:58 am
ကိုပေါက်ရေ…
စစ်ကိုင်းတံတားဘက်ဆီကို သူလာမလားလို့ မျှော်ငေးမိသည်…
အဝေးဘယ်ဝယ်ဘယ်ဆီ မောင်ရောက်နေသည်လည်းမေမသိတောပြီ….
ဧရာဝတီ ရေဇလာနဒီ…
ကိုပေါက်
ငိုချင်ရက်
လက်လာမတို့နဲ့နော်။
ဒါပဲ။
ကိုပေါက်(မန္တလေး)
December 24, 2011 at 2:54 pm
မာမီရေ
အဲဒီဇေယျာကမ်းအလှပန်းချီက နောက်ပိုစ်တွေမှာ လာမယ်
လေ…………….
ကိုပေါက်(မန္တလေး)
December 25, 2011 at 9:26 am
အခုနေဝင်ဆည်းဆာက စစ်ကိုင်းတံတားနဲ့ ဧရာဝတီအလှကိုတင်ပေးလိုက်ပါပြီ။