လက်ပစ်ဗုံး
အချိန်က ၂၀၀၅-ခုနှစ် မတ်လ။ ပူပြင်းသော နေ ့တနေ ့။ နေရာက မဲ့ဆောက်မြို ့။ ထိုင်းနိုင်ငံရဲ ့မြို ့လေးတစ်ခု။ ဒီမြို ့မှာ မြန်မာအစိုးရကို ဆန် ့ကျင်တော်လှန်နေတဲ့ သူပုန်တွေရဲ ့ဌာနချုပ်တွေရှိတယ်။ ကျနော်တို့ပါတီရဲ ့ဌာနချုပ်လည်း ဒီမြို ့မှာ ရှိလေတယ်ပေါ့။
ပါတီဝင်တွေရဲ ့မိသားစုတွေဟာ အိမ်ငှားပြီးနေကြတယ်။ တစ်အိမ်မှာ မိသားစု သုံးလေးစု စုပေါင်းပြီး နေကြတယ်။ ငွေမတက်နိုင်လို ့ပါ။ ကျနော်တို ့နေတဲ့အိမ်မှာ မိသားစုလေးစုရှိတယ်။ အိမ်က နှစ်ထပ်တိုက်အိမ်။ NCUB လို ့ခေါ်တဲ့တပ်ပေါင်းစုဌာနချုပ်ရုံးရဲ ့လေးအိမ်ကျော်မှာ ကျနော်တို့ အိမ်ရှိလေတော့ လုံခြုံရေးသတိအမြဲရှိပါတယ်။
ကိုရဲ (အမေရိက)၊ ကိုနေဝင်း (အမေရိက)၊ ကိုဝဏ (အမေရိက)၊ ကိုအံ့ဇော် (နော်ဝေ) နဲ့ ကျနော်တို့ မိသားစုတွေ အဲဒိအိမ်မှာ စုပေါင်းပြီး နေကြတယ်။ ကျပ်ကျပ်တည်းတည်းနေရတဲ့ ဘဝပါ။ ထမင်းချက်ရင် တစ်ယောက်တစ်လှည့်၊ ဈေးဝယ်ရင်လည်း တစ်ယောက်တစ်လှည့်။ ငွေကိုင်တဲ့သူကတော့ ပါးစပ်နဲနဲစိုလေတယ်ပေါ့။ ထားပါတော့။ အားလုံးက ၁၀၉-၁၁ဝ ဆိုတော့ အတော်ပျော်ကြတယ်။ ဒါက ကျနော်တို့ရဲ ့အိမ်။
အိမ်ဘေးမှာ ချောင်းသေးသေးလည်းရှိတယ်။ အိမ်ရှေ ့မှာက ချောင်းသေးသေးလိုဖြတ်ဖို့အတွက် တံတားသေးသေးလေးရှိတယ်။ ငါးပေလောက်ပဲကျယ်တဲ့ သစ်သားတံတားလေးပါ။ အဲဒိ အနီအနားတစ်ဝိုက်မှာ အိမ်ကခလေးတွေကစားကြတယ်။
အိမ်က ရှိတဲ့လူတွေအကြောင်းကို နဲနဲ မိတ်ဆက်ပေးအုံးမယ်။
ကိုနေဝင်းဆိုတဲ့ လူက လူပျင်း။ ဘာမှ စိတ်မဝင်စားဘူး။ သူ ့မိန်းမ မမှု ကလည်း အုတ်ပျော်။ ဟိုအုတ်အုတ် ဒီအုတ်အုတ်နဲ့ ပျော်နေတဲ့လူ။
ကိုဝဏဆိုတဲ့ လူက လက်ဝါးတစ်ခြမ်းပျက်နေတဲ့လူ။ လက်ပစ်ဗုံးကို အားအားယားယား ကလိရင်း ဖျူ ့စ် ထ, ပေါက်လို့ လက်ဝါးတစ်ခြမ်း အဖျက်ခံရ သူပုန်အို အရက်သမားကြီး။ အသက်က (၅၀) နီးပါးရှိနေပြီ။ အခုထိ အမေရိကန် ပြည်ထောင်စုမှာ အငြိမ်းစားယူပြီး လန်းနေတုန်း။
ကိုအံ့ဇော်ဆိုတဲ့ လူကထောင်ထွက်။ ထောင်ထွက်ဆိုပြီး အထင်မသေးနဲ့။ မိုက်လို ့ထောင်ကျတာ မဟုတ်။ ကြိုက်လို့ထောင်ကျတာ။ သူ ့အိမ်မှာ ဆေးခြောက်မိလို့ဆိုပြီး မြန်မာအစိုးရက သူ ့ကို နှစ်ရှည်ထောင်ချခဲ့တယ်။ သူတို့အပြောကတော့ ထောက်လှမ်းရေးတွေ အကွက်ဆင်ပြီး ဖမ်းတယ်ပေါ့။ အမှန်မှန်က သူကလည်း ရှု တာကိုး။ ကိုအံ့ဇော်က ၈၈-မျိုးဆက် နိုင်ငံရေးသမား။ လုံးဝကိုမာတဲ့ သံချောင်းနို်င်ငံရေးသမား။ တော်လှန်ရေးသမား။ ထောင်ကထွက်တော့၊ ထပ်ဖမ်းမှာကြောက်လို့ဆိုပြီး မဲ့ဆောက်က လူ့ဘောင်သစ်ဌာနချုပ်ကိုရောက်လာတဲ့လူ။ ကျနော်တို့နဲ့ ရေစက်ကြုံလေတယ်ပေါ့။ နိုင်ငံခြားကို အတူထွက်တဲ့အထိ ဘန်ကောက်က အကျဉ်းထောင်ထဲမှာ သူတို့မိသားစုနဲ့ အတူနေခဲ့ရသေးတယ်။ ကျနော်က ဩစတျေးလျ။ သူက နော်ဝေ။ သူလည်း စာရေးတယ်။ အရက်ဖိုးရဖို့အတွက် ခေတ်ပြိုင်မှာ ဆောင်းပါးရေးတဲ့လူ။ အခုတော့ နော်ဝေမှာ အရက်ဖိုးများများရတော့ ဆောင်းပါးတောင်မရေးတော့ဘူး။
တနေ့မှာ အိမ်ရှေ ့တံတားနားမှာ ကစားနေတဲ့ ကိုဝဏရဲ ့သမီးက လက်ပစ်ဗုံးတစ်လုံးတွေ ့တယ်။ သူတွေ ့တော့ အိမ်ကလူကြီးတွေကို သူပုန်သားသမီးပီပီ အလျှင်အမြန် သတင်းပို့လေတယ်။ လက်ပစ်ဗုံးက တံတားအောက်က ချောင်းထဲမှာရေကြည်နေတော့ ကောင်းကောင်းမြင်ရတယ်။ ခလေးမလေး သတင်းပို့တော့ တော်လှန်ရေးသတိ၊ ရန်သူသတိ အမြဲရှိတဲ့ ကိုဝဏက မှုးကြောင်မှုးကြောင်နဲ့ ချက်ချင်းအိမ်က တယ်လီဖုန်းကို ကောက်ကိုင်ပြီး ပါတီဌာနချုပ်က ပါတီရေးရာညွန်ကြားရေးမှုးချုပ် ကိုအောင်ကို (အမေရိက) ထံကို ဆက်လက်သတင်းပို့လေတယ်။
” လက်ပစ်ဗုံးတစ်လုံးတွေ ့ကြောင်း၊ အရွယ်အစားက လိမ္မော်သီးအရွယ်ရှိကြောင်း၊ အိမ်ရှေ ့က ချောင်းထဲမှာ ရှိသဖြင့် ထပေါက်လျှင် အကုန်လုံးမသာဖြစ်နိုင်ကြောင်း ” သူရဲ ့စိုးရိမ်ချက်ကို တင်ပြလေတယ်။
ဒီမှာတင် ချက်ဆို နားခွက်က မီးတောက်တဲ့ ပါတီရေးရာညွှန်ကြားရေးမှုးချုပ်က လိုအပ်သလို စီစဉ်ညွှန်ကြားလေတယ်။ ပါတီမှာ ထိုင်းထောက်လှမ်းရေးကိုနဲ့ ဆက်ဆံဖို့အတွက် တာဝန်ပေးထားတဲ့ ငပုကျော်စွာဝင်း (အမေရိက) ဆီကို ကိုအောင်ကိုက ချက်ချင်း အမိန် ့ပေးတယ်။
” အမြန်ဆက်လုပ်။ ချက်ချင်းဆောင်ရွက်။ ဒါပဲ”
စော်နဲ့ ဇိမ်ယူနေတဲ့ ငပုကျော်စွာလည်း ချက်ချင်း မဲ့ဆောက်က ထိုင်းထောက်လှမ်းရေးကို ဖုန်းဆက်ပြီး “ဆပ်ဝါဒီ ခပ် ဖိ”၊ ဘာညာဆိုပြီး ငထောက်တွေကို ရွှီးလေတယ်။ ကျော်စွာဝင်းဆိုတာက ကျနော်နဲ ့အတူတူ သူပုန်လုပ်ကြတဲ့ ငယ်ပေါင်းဘော်ဒါကြီးပေါ့။ ထိုင်းစကားကို အတော်ကျွမ်းတော့ သူ ့ကိုပါတီက ထိုင်းထောက်လှမ်းရေးနဲ့ ပါတီကြားမှာ ဆက်ဆံဖို့အတွက် ဆက်ဆံရေးအရာရှိအဖြစ် ခန့်ထားခံရတဲ့ လူ ပေါ့။ လစာတော့ မရဘူး။
သူကလည်း နဲနဲဆို များများပိုပြောတတ်တဲ့ အကျင့်ရှိတော့ ထိုင်းထောက်လှမ်းရေးတွေကို အားရပါးရ ကြပ်, တယ်ပေါ့ဗျာ။ ဗုံးတွေ ့တဲ့ နေရာက NCUB ဌာနချုပ်၊ NUGB ရုံးတိုနဲ့ နီးတဲ့ နေရာဆိုတော့။
မဲ့ဆောက် နိုင်ငံရေးရပ်ကွက်က သိတဲ့အတိုင်း။ သတင်းတစ်ခုထွက်ပြီဆိုရင် အားလုံးသိတယ်။ မီဒီယာတွေကလည်း စိတ်ဝင်တစား စောင့်ကြည့်တာခံရတဲ့လက်ပစ်ဗုံး။ သတင်းက မဲ့ဆောက်တမြို ့လုံးကို ပြန့်သွားပြီ။
“လက်ပစ်ဗုံးတစ်လုံးကို လူ့ဘောင်သစ်အဖွဲ့ဝင်တွေရဲ ့အိမ်နားမှာ တွေ့လို့တဲ့”
သန်းတုတ်ပြီး အတင်းပြောသလို တဆင့်ပြီးတဆင့် ပေါက်လေတယ်။ နအဖ ထောက်လှမ်ရေးတွေကများ တမင်တကာ လုပ်ကြံတယ်လို့ဆိုပြီး ထင်ကြေးပေးတဲ့လူကပေးတယ်။
နာရီဝက်လောက် ကြာတော့ ဆိုင်ကယ်ဖွတ်ချက်ဖွတ်ချက်နဲ့ သေနတ်အတိုကို ခါးချိတ်ပြီး ထိုင်းထောက်လှမ်းရေးနဲ့ ကျော်စွာဝင်းတို့ ရောက်လာကြတယ်။ ချောင်းထဲက လက်ပစ်ဗုံးကို လာကြည့်တယ်။ ကြည့်သာကြည့်သွားတယ်။ ဘယ်သူမှ ရေမြောင်းထဲကို ဆင်းပြီး မဆယ်ရဲကြဘူး။
ထိုင်းထောက်လှမ်းရေးက မဆယ်ရဲတော့ သူကပဲ ဆက်ပြီး မဲ့ဆောက်က ထိုင်းစစ်တပ်ကို လှမ်းပြီးအကြောင်းကြားတယ်။ ထိုင်းစကားနဲ့ သူတို့ပြောတော့ ကျနော်နားမလည်ဘူး။ ဒီလိုပြောတယ်လို့တော့ ခန့်မှန်းမိတယ်။
” လက်ပစ်ဗုံးတွေ ့ရှိ။ ရေမြောင်းထဲမှာဖြစ်။ အနီးအနားမှာ သူပုန်အိမ်တွေရှိ။ အမြန်လာကြည့်”
ဒီအချိန်မှာ အိမ်ရှေ ့မှာ လူတွေစုရုံးစုရုံးနဲ့ ရေမြောင်းထဲက လက်ပစ်ဗုံးကို ငုံ ့ငုံ ့ပြီး ကြည့်နေကြတယ်။ အားလုံးက ရင်တမမနဲ့။ ဗမာတွေရဲ ့ထုံးစံအတိုင်း ထင်မြင်ချက်တွေနဲ ့အတူ အာ တာပဲရတယ်။ ဘယ်သူမှ လက်တွေ ့ဆင်းပြီး မဆယ်ရဲကြဘူး။
နာရီဝက်လောက်ကြာတော့ ထိုင်းစစ်တပ်က မိုင်းရှာတဲ့စစ်သားတွေရောက်လာကြတယ်။ အရာရှိတစ်ယောက်နဲ့ ရဲဘော်လေးယောက် အဖွဲ ့လေးပေါ့။ ထိုင်းစစ်တပ်က စစ်ကားနဲ့ အတူ မိုင်းရှာတဲ့ကိရိယာ ယူလာကြတယ်။ ဘယ်မှာလဲ လက်ပစ်ဗုံး။ ဝိုင်းကြည့်နေတဲ့လူတွေကလည်း အများကြီးဆိုတော့ မိုင်းရှာတဲ့အဖွဲ ့ကလည်း ပဲ များများ။ စစ်သာမတိုက်ရဲတာ လူ အရှေ ့မှာတော့ ဟန်တပြပြနဲ့ ဟန်ပဲရှိတဲ့ ထိုင်းစစ်သားတွေပါလား။ ဘယ်သူမှ ချောင်းထဲကို ဆင်းပြီး လက်ပစ်ဗုံးကို မကောက်ရဲဘူး။ မြန်မာစစ်သားသာဆိုရင် အရာရှိ အမိန် ့ပေးတာနဲ့ ဘာမှမစဉ်းစားပဲ ဆင်းပြီးကောက်မယ်လို့ တွေးမိတယ်။
သူတို့ ပြင်ဆင်နေတုန်း လက်ပစ်ဗုံးကို ကလိလို့ လက်ပြတ်နေတဲ့ ကိုဝဏက အိမ်ရှေ ့ဝရံတာကနေ မိန် ့မိန်ကြီးနဲ့ “မစမ်းရင်” ဆေးပေါ့လိပ်အတိုကို ဖွာပြီး ထိုင်ကြည့်လေတယ်။ သူ့ခေါင်းထဲမှာလည်း တခါသေဘူး ပျဉ်ဘိုးနားလည်တယ်ဆိုတဲ့ အတွေးမျိုးရှိလေမလားပဲ။ ငါသာဆင်းပြီးဆယ်ရင် နောက်ထပ် လက်တစ်ဘက်ထပ်ပြီး ပျက်လိမ့်အုံးမယ်ထင်တယ်။ အသာလေးငြိမ်နေမှ………..ဆိုတဲ့အတွေးမျိုးပေါ့။
နိုင်ငံရေးအကျဉ်းသားဟောင်း ထောင်ထွက်၊ စာရေးဆရာ ကိုအံ့ဇော်က အနီးနားမှာ ကပ်ပြီး စပ်စုလေတယ်။ လက်ပစ်ဗုံးဆိုတာ ဘယ်လိုဟာလဲ။
” ကိုအံ့ဇော်…..အကိုက လူ့ဘောင်သစ်ရဲ ့ဗဟိုကော်မတီဝင် တစ်ယောက်ပဲဆိုတော့ အကိုပဲ လက်ပစ်ဗုံးကို ဆင်းပြီးကောက်လေ” လို့ နောက်တော့….သူက ဒီလိုပြန်ပြောတယ်။
” အာ…မင်းကလဲ” ဆိုပြီး အိမ်ထဲကို စပ်ဖြဲဖြဲနဲ့ တန်းပြေးလေတော့တယ်။ ကျနော်ပြောတာ မမှန်ဘူးလား။ သူက ခေါင်းဆောင်။ ကျနော်ကရဲဘော်လေ။ ခေါင်းဆောင်ဆိုတော့ ရှေ ့က ရဲရဲဝံ့ဝံ့ ဦးဆောင်ရမှာပေါ့။ ဟုတ်ဘူးလား။
မိုင်းရှာတဲ့ ကိရိယာနဲ့ ထိုင်းစစ်သားတွေ ပထမဦးဆုံး စမ်းသပ်တာ မရဘူး။ တီ…တီ….တီ….ဆိုတဲ့ အသံမမြည်ဘူး။ ဒီအချိန်မှာ ရေကလည်းနောက်နေတော့ လက်ပစ်ဗုံးကို မမြင်ရဘူး။ ရေကြည်တုန်းကတော့ ကောင်းကောင်းတွေ ့ရတယ်။ မိုင်းရှာတဲ့ဟာကြီးနဲ့ မရတော့ ထိုင်းစစ်သားတွေက ရေပုံးနဲ့ ပေါက်တူး တောင်းတယ်။ ကျနော်တို့အိမ်က ရေပုံး အစုတ်နဲ့ အရိုးကျိုးနေတဲ့ ပေါက်တူးကို သွားယူပြီး သူတို့ကိုပေးလိုက်တယ်။
ဒီမှာတင် ထိုင်းစစ်သားတွေ ငါးပတ်ကြပီ။ ချောင်းကို တားတမံတွေ ပိတ်။ ရွံ ့ဗွက်တွေပေကြံ၊ ချွေးတရွှဲရွှဲနဲ့ ချောင်းထဲကရေကို ခပ်ထုတ်ကြလေတယ်။ ကျနော်လည်း ဝင်ပြီး ကူပေါ့ဗျာ။ လက်ပစ်ဗုံး ရှိတဲ့နေရာကိုတော့ အမှတ်အသားလုပ်ထားတယ်။ အဲဒိနေရာကို မသွားရဲဘူး။ ထ ပြီးကွဲရင် အားလုံးသေကုန်မှာဆိုတော့။
တစ်နာရီလောက် ငါးပတ်ကြရင်း အားလုံးမျှော်လင့်တောင်းတနေတဲ့ လက်ပစ်ဗုံးကြီးကို တွေ ့ပါပြီ။ တွေ ့တော့ချက်ချင်း ဘယ်သူမှမကောက်ရဲဘူး။ ငါးပတ်ပြီး ကြီးလာတဲ့ ကျနော် ငါကျီးနဲ့ ငါးမွေထိုး ကို ဗွက်ထဲမှာ စမ်းသလို ဖြည်းဖြည်းချင်း အဆူးမဆူးအောင် စမ်းကြည့်တယ်။ လက်ပစ်ဗုံးက သံနဲ့လုပ်ထားတဲ့ လက်ပစ်ဗုံးမှ မဟုတ်တာ။ ဆယ်ပြီး ကုန်းပေါ်ကို ပစ်တင်ပေးလိုက်တော့ လူတွေအားလုံး ရှဲ က နဲ။ ကွဲမှာကြောက်လို့ထင်တယ်။ သူတို့ကိုင်ကြည့်တော့မှ လက်ပစ်ဗုံးက သင်္ကြန်မှာ ရေထည့်ပြီး ကစားတဲ့ လက်ပစ်ဗုံးဖြစ်နေတယ်။ ဒီမှာတင် အားလုံးဝိုင်းရယ်ကြလေတယ်။ ထိုင်းစစ်သားတွေက “ချစ်ဖိုင်” ဆိုပြီး ဆဲပါလေရော။
ဒါ့ကြောင့် မိုင်းရှာတဲ့ ကိရိယာနဲ့ ရှာတာ မတွေ ့တာကိုး။
နောက်ဆုံးတော့ အရမ်းတော်တဲ့ ထိုင်းထောက်လှမ်းရေး၊ မိုင်းရှာကျွမ်းတဲ့ ထိုင်းစစ်တပ်၊ စစ်ရေးသတိအမြဲရှိတဲ့ သူပုန်တွေအားလုံး ကိုဝဏရဲ ့လေးနှစ်အရွယ် သမီးလေး ကြပ်, တာကို ခံလိုက်ရလေသတည်း။
ချစ်ဖိုင်=ဆဲခြင်း (ထိုင်းစကား)
ဆပ်ဝါဒီခပ်= မင်္ဂလာပါ (ထိုင်းစကား)
ဖိ = အကို (ထိုင်းစကား)
7 comments
KoNyeinChan
December 24, 2011 at 8:51 am
အဲ့ဒီလို လုပ်ပါဗျ ကိုဘုန်းကျော်ရ.. ဖတ်လို ့ကောင်းတယ် Bravo!!!!!
ဒါပေမယ့် ဇာတ်ကောင်တွေကို နည်းနည်း နှိမ်သလိုဖြစ်နေတယ်.. သူတို ့ကိုယ်တိုင်ဖတ်မိရင်လည်း ခင်ဗျားအပေါ်မကောင်းမြင်မယ်.. နည်းနည်းပြင်ဗျာ..
KoNyeinChan
December 24, 2011 at 8:54 am
တွေ ့လား ရွာသားတို ့… ကိုဘုန်းကျော်အနေနဲ ့ ဘဝအတွေ ့အကြုံများခဲ့တဲ့လူတစ်ယောက်ဆိုတာ.. ကဲ အားလုံး ဝိုင်းဝန်းပြီး သူ ့ကို ကောင်းသောဘက်က လက်ကမ်းကြိုလိုက်ကြရအောင်ဗျာ… အကျိုးရှိမယ့် သုတ ရသ စာတွေကို ကိုဘုန်းကျော်ဆက်ရေးနိုင်ပါစေဗျာ
chityimhtoo
December 24, 2011 at 5:51 pm
ko nyein chan စောက်ရူးလီးစား ကိုသွားမြှောက်ပေးနေတယ် ။ ကိုယ့်ဘာသာရေး ပြီးနာမည်
နောက်တစမျိုးနဲ့ ပြန်ချီးကျူးနေတာလား။ဘုန်းကျော်ဆိုတဲ့ကောင်ကိုရွာထဲမှာသပိတ်မှောက်တယ်။
fuck
ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု
December 24, 2011 at 9:57 am
ဖုတ်ကျော် 😀 ဂဒေါ့
တစ်မျိုးမဟုတ် တစ်မျိုး ပတ်ပြီးပြဿနာရှာဗျန်ဘီ
တွေ့မှ
မင်းဒေါ့လား ဘုန်းကြီးဝတ်ခိုင်းပြီး ဆွမ်းကောင်းကောင်းချက်ကြွေးဘလိုက်မယ်
ပြောဒါလဲပြောဘော့ကွ
ဒီလိုဘလိုင်းဂျီးလိုက်ပြောလိုက်ဒေါ့
88 ကျောင်းသားဟောင်းတွေ ဘုမသိဘမသိ
ဗိုလ်ချုပ်အောင်ဆန်းလေသံဖမ်းပြီး တော်လှန်ရေးသမားလိုလို သဘုန်လိုလို
နောက်ဆုံး UN ကပေးတဲ့ လခလေးနဲ့ ငါးချလိုက် ဆေးရှုလိုက်
တတိယနိုင်ငံတွေကို ရေမျှောကမ်းတင်တွေပါဆိုပြီး လစ်သွားတာ
လူတွေသိကုန်မှာပေါ့ကွ
လီးစားရဲ့
88 သဘုန်တွေ ဖုတ်ကျော်ကို ဝိုင်းဆော်ကြဟေ့ 😀 😀 😀
ငပေါက်ဖော်
December 24, 2011 at 10:01 am
သင်္ကြန်ဗုံးနဲ ့.သံဗုံးနဲ ့မှားသတဲ့
တော်တော်နောက်တဲ့..ခလေးမ….
သူ ့ရှေ ့..ကျိုက်ထီးရိုး သေနတ်တောင် မကိုင်တော့ဘူး..တော်ဘီ
🙄
ကိုပြောင်ကြီး.
နောက်ထပ်..စာကောင်းပေကောင်းလေးတွေလုပ်ပါဦး..
😆
KING
December 24, 2011 at 10:07 am
သူ့ရဲ့ မတူတဲ့ အမြင်က
ဟီးးးးးးးး
😀
မပြောတော့ပါဘူးဗျာ …. 😛
အဲဒီကလေးမရှိနိုင်မယ့်နေရာလေး ပြောပြပါအုံး ကြိုရှောင်ထားလို့ရအောင် … 😛
မောင်သန်းထွဋ် ဦး
December 24, 2011 at 11:47 am
အသံကောင်းတော့ ဟစ်နေပီပါလား။ကိုဘုန်းကျော်….ရေ
တိုင်းတစ်ပါးရောက်နေလို ့လူပါးဝတဲ့စကားတွေကိုလျှော့ပြော
ကောင်းကောင်းရေးပါဗျာ။ကြိုဆိုပါတယ်။