ဖြစ်သမျှအကြောင်းအကောင်းကြည့်ပဲ

moethihaMay 28, 20101min811

အင်းကျွန်တော်တို့တွေကဲတဲ့ပုံကိုပြောပြရဦးမယ်
ကျွန်တော်တို့ကျောင်းနောက်ဆုံးရက်ကပေါ့ဗျာ။အဆောင်သူတွေကခေါ်တယ်နှုတ်ဆက်ပွဲလေးကျင်းပချင်လို့ပါတယ့်။ကိုယ်ကလဲသူတို့ကိုကြောင်နေတဲ့ကောင်တွေဆိုတော့ကောင်းတာပေါ့လို့လာခဲ့မယ်ဆိုပြီးသူငယ်ချင်းတစ်စုကျောင်းကိုသွားကျတယ်။ကျောင်းဆိုတာရတနာပုံကျောင်းကိုနော်။ကျောင်းနာမည်ကတာရတနာပုံဖြစ်နေတာကတော့ကျွန်တော်အပါအဝင်ရတာနာပုံပေါ့ဗျာ။
ကဲအဆောင်ကိုသူငယ်ချင်းတွေရောက်တော့နောက်ဆုံးရက်တဲ့လျှောက်လည်ရအောင်တဲ့ခေါ်ရော။ဒီကကောင်လဲဘယ်ရမလဲရအောင်လိုက်သွားတာပေါ့။သွားတဲ့နေရာကအစတုံးကတော့ဦးပိန်ကိုအရင်သွားတယ်။နောက်လှေစီးပြီးတော့သူတို့ကဝယ်စရာလေးရှိလို့တဲ့78shopping centre ကိုလိုက်ပို့ပေးပါတယ့်။လိုက်ပို့တာပေါ့၆နာရီတော့ထိုးသွားပြီ။အဆောင်ကရနာရီမှပိတ်မှာဆိုတော့မြန်မြန်သွားရမယ်တဲ့။အင်းအဲ့ဒီသွားတဲ့လမ်းမှာပဲကိုယ့်အတွဲနဲ့ကိုယ်ဆိုတော့ခပ်ခွာခွာလေးသွားကျတယ်။နောက်တော့လူကွဲရောအဲလူကွဲတာကိုသိတာကျွန်တော်တို့ဆိုင်ကယ်ဘီးပေါက်မှသိတယ် အနီးအနားမှာလဲဘီးဖာဆိုင်ကမရှိဘူး။အင်းပြသနာတော့စပြီပေါ့ဒီလိုနဲ့ဆိုင်ကယ်ကိုတွန်းရင်းလမ်းလျှောက်လိုက်ရတာရနာရီထိုးမှဘီးဖာဆိုင်ကိုတွေ့ရောဗျာ။ကိုယ့်ရဲ့ဆရာကမရှိတော့လိုက်ရှာနေရသေးသူကလဲအရှိန်နဲ့ဆိုတော့သူ့အရှိန်နဲ့အတူလိမ့်နေတာတော်တော်နဲ့တာရာဖြုတ်လို့မပြီးသေးဘူး။အဲဖြုတ်ပြီးတော့ဟိုစစ်ဒီစစ်နဲ့
နောက်တော့ကျွတ်လဲရမယ်တယ်ဗျာ။အင်းလဲ ဆိုတော့လဲ လဲရမှာပေါ့ဆိုပြီး ဘယ်လောက်လဲမေးတော့ကျွတ်ကဒီမှာမရဘူးတော့ ဟိုနားကဆိုင်မှာသွားဝယ်ရမယ်တဲ့ပြောပါလေရောနာရီဝက်လောက်တော့ကြာမှာတဲ့သူ့ဆီမှာကစက်ဘီးနဲ့ပဲသွားရတာဆိုတော့။
ကျွန်တော့မှာမျက်နှာလည်းပျက်လို့မဖြစ်ဖူး။ကောင်မလေးကလည်းရနာရီကျော်နေတော့မပြန်ရဲတော့ဘူးပဲပြောနေတာ။အင်းငါတော့အိုရပြီမှတ်နေတာ။
အိုရတယ်ဆိုတာလွယ်တာမဟုတ်ဘူးတဲ့ကျွန်တော့ကျမှလွယ်လို့မလိုချင်ဖြစ်နေတာ
ကိုယ်ကကျောင်းတတ်တုန်းအရွယ်ဆိုတော့မယူချင်သေးဘူးပေါ့ဗျာ။အဲ့ကိုယ်ရွှေဆရာသမားကပြန်ကြွလာပါပြီသီချင်းလေးတအေးအေးနဲ့လဲလိုက်တာ၈နာရီလောက်မှာပြီးတယ်ဗျာ။ကျွန်တော်လဲအဆောင်ကိုပြန်လိုက်ပို့တော့အဆောင်ကပိတ်ထားတယ်ဗျ။
သူကတော့သူ့သူငယ်ချင်းတွေကိုခေါ်ပြီးတံခါးဖွင့်ခိုင်းတော့အဆောင်မှူးပါရောထွက်လာတယ်။အဆောင်မှူးကတော့သူ့ကိုမေးတာပေါ့အဆောင်ပိတ်ချိန်ဘယ်အချိန်လဲဘာလို့အခုမှပြန်လာတာလဲနဲ့နောက်တော့ပြသနာတတ်တာကသူ့အမေတွေဆီကိုဖုန်းဆက်လိုက်တယ်တဲ့
ကောင်လေးတစ်ယောက်နဲ့ပါသွားတယ်ဆိုပြီးတော့မနက်ဖြန်ပဲလိုက်လာမယ်တဲ့ဗျာ။နောက်တော့ကျွန်တော့မိဘနဲ့သူမိဘတွေနဲ့တွေ့ဆုံပြောဆိုပြီးကျွန်တော်တို့ကိုအိမ်ထောင်ချပေးဖို့စီစဉ်ကျတာပေါ့ဗျာ။ကျွန်တော့ဖြင့်အိမ်မှာနေစရာကိုမရှိဘူး။အမေကပြောလိုက်အဖေကပြောလိုက်နဲ့
နောက်တော့ပြေလည်သွားတာကအဲ့ဒီကောင်မလေးသူ့အိမ်ကိုပြန်ပြီး၁လလောက်အနေကောင်လေးတစ်ယောက်နဲ့ခိုးရာလိုက်သွားတယ်တဲ့။ ပျော်လိုက်တာဗျာ ။သူ့မိဘတွေကတော့ကျွန်တော့မိဘတွေကိုလာတောင်းပန်တယ်။ကျွန်တော့မိဘတွေကလဲပြောဆိုပဲထားတာဆိုတော့ပြသနာသိပ်မရှိပဲနဲ့ပြီးသွားပါတယ်။

ကျွန်တော်ပြောချင်တာကတော့ကောင်မလေးတွေကလဲခေါ်ရာကိုမလိုက်ပါနဲ့လို့။ကောင်လေးတွေကလဲမြောင်းပေးပေမယ့်ရေအစီးမတော်ရင်မဖြစ်သင့်တာတွေဖြစ်သင့်တတ်ပါတယ်လို့။
အိမ်ထောင်မှု၊ဘုရာတည်၊ဆေးမှင်စုတ်ထိုးမပိုင်လျှင်မလုပ်ပါနဲ့လို့တစ်သက်လုံးစိတ်ဆင်းရဲရတတ်ပါတယ်။
ဒါပေမယ့်ဘယ်လိုပဲပြောပြောဖြစ်သမျှအကြောင်းကတော့အကောင်းကြည့်ပါပဲလို့။

မှတ်ချက်။ ။ကျွန်တော့သူငယ်ချင်းအစားကျွန်တော်ကရေးပေးခြင်းဖြစ်ပါတယ်

One comment

  • intro

    May 28, 2010 at 2:55 pm

    အင်မတန် ကံကောင်းပါတယ်… နောက်တစ်ခါဆို သတိထားပေါ့ အစ်ကိုရာ… ဟားဟား

Leave a Reply