“စစ်ကိုင်းနဲ့ဧရာ ရွှေကြက်ကျ ဘုရားအပေါ်က ရူ့မျှော်လိုက်ပါတဲ့မြင်ကွင်းလေးတွေ”
“စစ်ကိုင်းနဲ့ဧရာ ရွှေကြက်ကျ ဘုရားအပေါ်က ရူ့မျှော်လိုက်ပါတဲ့မြင်ကွင်းလေးတွေ”










“စစ်ကိုင်းနဲ့ဧရာ ရွှေကြက်ကျ ဘုရားအပေါ်က ရူ့မျှော်လိုက်ပါတဲ့မြင်ကွင်းလေးတွေ”
ရွှေကြက်ယက်ဆိပ်ကမ်းကိုနေ့လည်ပိုင်းရောက်ရောက်ချင်းဘုရားပေါ်တက်လို့မရသေးပါဘူး။
အလုပ်အရင်လုပ်ရတာကိုး။
လေးနာရီထိုးခါနီးလောက်မှအလုပ်ပြိးပါတယ်။
အဲတော့ ဘုရားအောက်ခြေအရင်ရိုက်ရပါတယ်။
ဒီရွှေကြက်ယက်ကို အဝေးကဘဲလှမ်းဖူးနေရတာနှစ်အတော်ကြာပါပြီ။
လာရင်ဖြစ်ရင်လဲ တောင်ဘက်စောင်းတန်းကဘဲတက် ပြီးပြန်တာများပါတယ်။
အခုတစ်ခါတော့ မြောက်ဘက်လှေခါးကနေတက်ဖြစ်ပါတယ်။
အရင်မြေသာနေရာမှာအုတ်ဖိနပ်လုပ်ထားတော့ ရေတိုက်စားတာကိုခံနိုင်ပါတယ်။
ရွှေကြက်ယက်ဆိုတာကို မန်းလေးအနီးတဝိုက်ကလူ သိပေမယ့် အဝေးကလူကတော့ သိမယ်မထင်ပါဘူး။
မန်းလေးကန်ပါတ်လမ်းအတိုင်းလာရင် ရွှေကြက်ယက်ဘုရားကိုရောက်ပါတယ်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာပါ။
ရွှေကြက်ယက် ရွှေကြက်ကျက ညီနောင်ဘုရားပါ။
နန်းတော်ရှေ့ဆရာတင်ရေးတဲ့ “စစ်ကိုင်းတံတား”သီချင်းထဲမှာ
(ရွှေကြက်ယက်ဘုရားဖူးပြီးတော့ စစ်ကိုင်းတံတားကူးတော့မည်)လို့ဆိုထားပါတယ်။
မြစ်ရူခင်းကို လှပစွာခံစားနိုင်သော နေရာလေးဖြစ်ပါတယ်။
အခုပုံတွေကတော့ ဘုရားပေါ်ကနေမြင်ရတဲ့ မြင်ကွင်းလေးတွေပါ။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(25-12-2011)
16 comments
ကိုပေါက်(မန္တလေး)
December 26, 2011 at 8:56 am
အောက်ဆုံးပုံကစောင်းသွားတယ် မပြင်ရဲဘူး ပျောက်သွားမှာစိုးလို့။
ခေါင်းသောစောင်းကြည့်ပေတော့နော်………..
ငပေါက်ဖော်
December 26, 2011 at 9:23 am
ကျနော့်လို ့စောင်းနေတဲ့လူအတွက် အတည့်ပဲ ခင်ည
😆
ကန်ထရိုက်တိုက်ဆောက်ရင် လှေခါးကျဉ်းကျဉ်းလေး လုပ်တတ်တဲ့ ဆရာခေါ်ဦးမှ
အကုန်အကျ သက်သာအောင်
😯
windtalker
December 26, 2011 at 12:27 pm
အား..ဒါ့ပုံ ကို ခေါင်းစောင်းပြီး ကြည့်လိုက်တာ
ဇါက်ညောင်းသွားဘီ
မာဆတ် လိုက်ပို ့
မာဆတ် လိုက်ပို ့
ငပေါက်ဖော်
December 26, 2011 at 7:57 pm
ဘာ မာဆတ် လဲ ဟ
သဂျီးက မတူအောင် ရေးဆိုလို ့..တမင်တကာ စောင်းတင်ပေးထားတာ..
ဇက်ညောင်းရင် သဂျီးဆီက မာဆတ်ဘိုး တောင်း
ကိုပေါက်(မန္တလေး)
December 26, 2011 at 8:57 pm
မောင်ပေရေ မာဆတ်မသွားနဲ့ ဈေးကြီးတယ်။
ဈေးသက်သက်သာသာနဲ့အညောင်းပြေတဲ့နေရာလိုက်ပို့ပေးမယ်ကွာ။
TTNU
December 27, 2011 at 12:06 am
ကိုပေါက်ရေ…
အညွှန့်တွေနဲ့ပုံတွေထဲမှာ(၅)ကိုပဲ ကြိုက်တယ်။
(၉)ကို ကြည့်ပြီးအသက်ရှုကျပ်တယ်။
(၂)ကိုကြည့်ပြီးအတွေးစထွက်တယ်။
(၄) အကြိုက်ဆုံး။ အောက်ထိ ဆင်းသွားရပေမဲ့ ရေရှိတယ်။လူရှိတယ်။
etone
December 27, 2011 at 11:18 am
လေးပေါက် ..ပုံထဲမှာ ပိုင်ရှင်မဲ့တဲ့ ပန်းပါတယ်နော် .. ဟီးဟီး ။ ဘယ်သူများ ကမန်းကတန်းထားသွားပါလိမ့် ..။
ရုပ်ရှင်ထဲမှာဆိုလျှင်တော့ … ပန်းတွေကြွေ / ခြွေတာတို့ …. ပန်းတွေ အနင်းခံရတာတို့…. ပင့်ကူအိမ်မှာ လိပ်ပြာမိတာတို့… ရေဘုံပိုင်ခေါင်းကရေတွေ တစက်ချင်းကျတာတို့ ရိုက်ပြထားလျှင်တော့ … အဓိပ္ပါယ်က .. ဟိဟီး … ။
လှေခါးတော့လှေခါး ..သွားလို့မရတဲ့ လှေခါးပုံကို စိတ်ဝင်စားတယ် … ။
ငယ်ငယ်ကတည်းက ဘာအကျင့်မှန်း မသိဘူး… အဲ့လို … ပိတ်ထားတဲ့နေရာတွေ ၊ လှေခါးတွေ ၊ စတိုခန်းတွေဆို အရမ်းစိတ်ဝင်စားတာပဲ … ။ ဆေးရုံကြီး လိုက်သွားတုန်းကလည်း … သံစကာနဲ့ကာထားတဲ့နေရာကို ဘာပါလိမ့်လို့ … အတင်း စပ်စုကြည့်တော့ … အလောင်းသယ်တဲ့ အနောက်လှေခါးတဲ့လေ .. တိန် … 🙄
Novy
December 27, 2011 at 11:30 am
ကိုပေါက်ရေ..
ဓါတ်ပုံလေးတွေကို ကြည့်ပြီ
တစ်ချိန်တုန်းက ဇေယျာရွှေမြေက
တစ်ယောက်သောသူကိုတောင် သတိယမိပါရဲ့
ကိုပေါက်(မန္တလေး)
December 27, 2011 at 12:21 pm
အဝေးရောက်တစ်ယောက်သောသူကို သတိရလာ
………………………………………………
တစ်ခါတစ်လေတော့လဲဝမ်းတော့ အနည်းမိသား
………………………………………………………………..
စိုင်းထီးဆိုင်ရဲ့ မင်းခယောက်ျား
စုံ စုံ
December 27, 2011 at 1:25 pm
လေးပေါက်ရေ အောက်ဆုံးပုံထဲကသစ်ပင်ကိုစိတ်ဝင်စားတယ်
ဘာပင်လဲမသိဘူးနော် ဒီလိုရှည်ရှည်သွယ်သွယ်မျိုးမမြင်ဖူးဘူး
ပိတ်ထားတဲ့လှေကားကိုဘာကြောင့်ပိတ်တာလဲဆိုတာစပ်စုချင်တယ်
နောက်ပြီးတပင်တည်းအညွှန့်တလူလူဖြစ်နေတာကိုလဲ အရမ်းသဘောကျတယ်
ကိုပေါက်(မန္တလေး)
December 27, 2011 at 2:47 pm
အောက်ဆုံးပုံထဲက အပင်က မန်းကျည်းပင်ပါခင်ဗျာ
အုတ်တံတိုင်းကြားညှပ်နေတာပါ
စုံ စုံ
December 27, 2011 at 4:10 pm
sorry လေးပေါက်
ပုံ၁ဝမှာ မန်းကျည်းပင်လို့ရေးထားတာကို မျက်စိရှန်းသွားတယ်
ပုံကိုစောင်းကြည့်ရင်းနဲ့ရေးထားတဲ့စာကိုကျော်သွားတာ 😛
ကိုပေါက်(မန္တလေး)
December 27, 2011 at 5:30 pm
ရပါ၏
ကိုပေါက်(မန္တလေး)
December 28, 2011 at 3:08 pm
စောင်းတာလဲပြင်ပြီး မှားနေတာလဲပြင်ပြီး
ရွှေကြက်ယက်နဲ့ရွှေကြက်ကျ မှားရေးထားတာကို ပြင်လိုက်ပါတယ်။
Onyx
December 28, 2011 at 4:52 pm
စောင်းတာတော့ဟုတ်ပါပြီ ဘယ်ဘက်ကို စောင်းစေချင်တာတုန်းဗျ။
နောက်တာပါ ။ ပုံလေးတွေက ကောင်းပါတယ်ဗျာ ။
လှေခါးက ဘာလို့ ပိတ်ထားတာလဲဆိုတာလေး သိရင် လင်းစမ်းပါ ကိုပေါက် ရယ်။
ဗဟုသုတ ရတာပေါ့။
ကိုပေါက်(မန္တလေး)
December 28, 2011 at 9:01 pm
လှေခါးက ဘာလို့ပိတ်ထားလဲဆိုတော့ ကျဉ်းလို့ပါ အဲဒီမှာဘုရားလေးတစ်ဆူတင်ထားပါတယ်။