ရေချိုးဆိပ်……………….(ရွှေကြက်ယက်ဆိပ်ကမ်း)
ရေချိုးဆိပ်……………….(ရွှေကြက်ယက်ဆိပ်ကမ်း)
“ရေချုးိဆိပ်………………….. ရွှေကြက်ယက်”
ဧရာဝတီဆိုတာ သူ့ကမ်းနံဘေးမှာနေသူတွေအတွက်တော့ မရှိမဖြစ်။
သယ်ယူပို့ဆောင်ရေး၊
စိုက်ပျိုးရေး၊
သုံးစွဲရေး ကဏ္ဍပေါင်းစုံဘက်ပေါင်းစုံကနေအသုံးဝင်ပါတယ်။
ဒီထက်မကဘဲ ကြည့်မဝရူ့မဝ စိတ်ချမ်းသာစေတဲ့မြင်ကွင်းတွေကိုလဲပေးစွမ်းနိုင်ပါသေးတယ်။
မြစ်နားမှာနေသူကတော့ ရေချုးိရင် အဝတ်လျှော်ရင် ဧရာဝတီရင်ခွင်ထဲပြေးဝင်လိုက်ကြတာပါဘဲ။
ကျနော်တို့လဲမြစ်နားမှာမနေပေမယ့် မြို့ထဲမှာရေရှားရင် ဖြစ်ဖြစ် အပျော်သဘောဖြစ်ဖြစ်
ဧရာဝတီမြစ်ထဲသွားရေချုးိခဲ့ကြပါတယ်။
“ရေချိုးဆိပ်”ဆိုတဲ့ဝင်းဦး ဆိုခဲ့တဲ့သီချင်းလေးကတော့ အင်မတန်လှပသော
စာသားများနဲ့ဖွဲစည်းထားတဲ့ဆရာမြို့မငြိမ်းရဲ့လက်ရာကောင်းလေးပါ။
“အိပွဲ့ အိပွဲ့ ငှက်သမ္မာန်ခတ်သွားတယ်………..
ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာကြောင်လွန်းတယ်။
တစ်စုတစ်ဝေးလုံမငယ် ကျိတ်ပုန်းစားကြတယ်၊
ရေချိုးနေရင်းကွယ် လှောင်ပြုံးပြုံး ပြုံးကြတယ်
ကုန်းပေါ်ကလူပျိုလေးရယ် ဘာကိုငေးလဲသိနိုင်တော့ဘူးကွယ်” တဲ့
မျက်စေ့ထဲမြင်လာအောင်ပုံဖော်ထားပါတယ်။
ရွှေကြက်ယက်ဆိပ်ကမ်းရောက်တော့ ဆရာငြိမ်းလိုပုံမဖော်တတ်တော့
လက်ဘဲဆော့လိုက်ပါတယ်။
မလှပေမယ့် အမှတ်တရပေါ့နော်။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(26-12-2011)
9 comments
ကိုပေါက်(မန္တလေး)
December 26, 2011 at 9:07 am
အခုရက်တော့ စာမရေးဘူးဗျာ။
ပုံတွေဘဲတင်မယ် ရိုက်ထားတာအများကြီးရှိလို့ပါ။
ငပေါက်ဖော်
December 26, 2011 at 10:31 am
ရေချိုးဆိပ်မှာ ရေချိုးနေကြတဲ့ ရှုခင်း အ ပြင်
ရေချိုးခန်းမှာ ရေချိုးနေကြတဲ့..မြင်ကွင်းလေးလဲ တင်ပါဦးခင်ဗျ
windtalker
December 26, 2011 at 12:29 pm
ကိုပေါက် ရန်ကုန် ရောက်ရင်
ပေါက်ဖော် ဆီ သွားဗျို ့
ရေချိုးခန်းမှာ ရေချိုးနေကြတဲ ့မြင်ကွင်း ရိုက်ဖို ့
သူ အကုန်ကူညီမှာ
အသေအချာဘဲ..ဟဲဟဲ
etone
December 26, 2011 at 11:20 am
လေးပေါက်ရေ … ရေချိုးဆိပ်မှာ ရေသာချိုးရလျှင်တော့ .. အပူရှပ်နိုင်တယ်နော် … ။
ဟာလာဟင်းလင်း နေပူပြင်ကြီးမှာ ရေလောင်းလိုက် နေပူလိုက်နဲ့ .. ဟီးဟီး .. 😀
နောက်တခု တွေးမိသေးတယ် …ကိုယ်ချိုးတဲ့ရေ .. ဒီရေကိုပဲ ပြန်ချိုးရနေသလို ဟီးဟီး … ။
နောကြ်ပီး မြစ်ကမ်းပါးမှာ တချို့က အိမ်သာလေးတွေလည်း လုပ်ကြသေးတယ်ဆိုတော့ …. 😛
ရွှေလောင်းမြို့လေးကို ကလေးအရွယ်က ရှင်ပြုလုပ်လို့ ရောက်ဖူးတယ် … ဧရာဝတီမြစ်ထဲဆင်းပြီး .. ရေချိုးရတာ … ။ အဲ့ဒီတုန်းကတော့ .. ရွံရကောင်းမှန်းမသိခဲ့ဖူး .. ဟီး 😀
နီကီတာ
December 26, 2011 at 11:42 am
ရောက်ဖူးချင်လိုက်တာနော်….. 😀
mihninlay
December 26, 2011 at 1:53 pm
တစ်ခေါက်သီတင်းကျွတ်လပြည့်တုန်းကရွှေကြက်ယက်ဘုရားဖူးသွားရင်း
အဲနားကရေချိုးဆိပ်မှာရေဆင်းကူးကြသေးတယ်
အရမ်းပျော်ဖို ့ကောင်းတာပဲ
ကိုပေါက်(မန္တလေး)
December 26, 2011 at 4:04 pm
ရေဆိပ်မှာရေချိုးရတာ အေးစိ်မ့်ပြီး ဖီးလ်ဘဲနော
စုံ စုံ
December 26, 2011 at 4:09 pm
ရေတော့မချိုးချင်ဘူး
နေညိုချိန် ကမ်းအစပ်မှာထိုင်ပြီး ရေဆော့ချင်တယ် 😛
ကိုပေါက်(မန္တလေး)
December 26, 2011 at 5:43 pm
မြစ်ရေဆိုတာ နွေမှာအေးပြီးဆောင်းမှာနွေးပါသတဲ့။
ဆောင်းမှာရေငွေ့တွေထနေတဲ့မြင်ကွင်းက တကယ်ကိုလွမ်းစရာ………….