ပညာတတ်များသို ့ အိတ်ထဲမထည့်ပေးစာ
အားလုံးပဲ Merry Christmas ပါ …
ကိုယ့်အိမ်နဲ ့ဝေးနေတဲ ့အချိန်မှာ သူငယ်ချင်းတွေဆီက သတင်းစကားတခုခု .. တွေ ့ဖို ့ဆုံဖို ့ အကြောင်းတခုခုကိုပဲ မျှော်နေမိကြမယ် ထင်တယ် .. အထူးသဖြင့် တနဂ်နွေလို နေ့မျိုးပေါ့ ..
ဒီမှာတော့ မြန်မာ ၄၀ဝ ကျော်ရှိတယ်လို ့အရင်ကသိခဲ ့ဖူးတယ် .. ၃၅ဝ ကျော်လောက်က စက်ရုံအသီးသီးမှာ အလုပ်လုပ်ကြတယ် လို့လဲ သိခဲ့ဖူးတယ် .. စက်ရုံမှာလုပ်ကြတယ်ဆိုပေမယ့် စက်ရုံလုပ်သားက အစ ခေါင်းဆောင်ပိုင်းအထိ မြန်မာတွေ ရှိကြပါတယ် .. ကိုယ်တွေက စက်ရုံမှာနေရတော့ စက်ရုံထဲကလူတွေရဲ ့ခံစားချက်ကိုပိုနားလည်တယ် .. တနေ့ ၁ဝ နာရီကနေ ၁၂ နာရီထိ အလုပ်တွေလုပ် … တလ တလ ရတဲ ့လခလေးကို ငွေလွှဲခ မတန်တဆပေးပီး ငွေလွှဲနေရတဲ့သူတွေက အများစုပါ ..
ကျန်တဲ ့လူနဲစုကတော့ ကျောင်းတွေ ကုမ္ပဏီတွေမှာအလုပ်လုပ်ကြတယ်လို ့သိတယ် .. ဘာလုပ်ကြတယ်ဆိုတာတော့ မသိဘူး .. သူတို ့ဟာသူတို ့ကုမ္ပဏီသန့်ရှင်းရေးပဲဖြစ်ဖြစ် ရုံးမာလီပဲဖြစ်ဖြစ် ကျောင်းပြာတာပဲဖြစ်ဖြစ် … ကျောင်းဆရာပဲဖြစ်ဖြစ် .. အဲဒီလူတစုက “ပညာတတ်တွေ” လို ့သူတို ့ကိုယ်သူတို ့ခံယူထားကြတယ် လို ့သိရတယ်.. နို ့ . ပညာတတ် လို ့ဆိုရင်ဖြင့် ပညာတတ်တွေမှာ ရှိသင့်ရှိထိုက်တဲ့ သဘောထားပြည့်ဝမှုတွေ စာနာထောက်ထားစိတ် ပူးပေါင်းလိုစိတ် ကိုယ့်လူမျိုးချင်းချင်းချစ်တဲ့စိတ်တွေ ရှိကြမယ်လို ့ကိုယ်တွေ ထင်မိပါတယ် .. ကိုယ်သာအတော် ကိုယ်သာအတတ် ကိုယ်သာအကောင်း ဆိုပီး လူတွေ ့တိုင်း နှိမ်ချင်နေတဲ့စိတ်တွေ ပညာတတ်တွေမှာ မရှိစကောင်းပါလို ့လဲ ကိုယ်တွေထင်မိပါတယ်လေ .. ဒီတော့ကာ ကိုယ်ကိုယ်တိုင် ပညာတတ်အစစ် ဟုတ်မဟုတ် အဲဒီပညာတတ် တွေကပဲ စဉ်းစားချင့်ချိန်ကြည့်နိုင်ပါတယ် ..
ဘယ်သူကစပြီး ကင်ပွန်းတပ်လိုက်တယ်တော့ မသိဘူး .. စက်ရုံပိုင်းမှာလုပ်တဲ ့မြန်မာတွေကိုတော့ “စက်ရုံအသိုင်းအဝိုင်း” .. ပညာတတ်ဆိုတဲ ့လူတွေကတော့ “ကျောင်းအသိုင်းအဝိုင်း” ဆိုပဲ .. ကိုယ်တွေက သံရုံးထဲကို ဝင်ထွက်ခွင့်ရနေတဲ ့လူတန်းစားတရပ်ထဲက လူူမဟုတ်တော့ စက်ရုံလုပ်သားတွေနေရာကပဲ ကိုယ့်ကိုကိုယ်ခံယူတယ် .. စက်ရုံအသိုင်းအဝိုင်းပဲဖြစ်ဖြစ် ကျောင်းအသိုင်းအဝိုင်းပဲဖြစ်ဖြစ် အားလုံးက အိမ်နဲ ့ဝေးနေကြတဲ ့လူတွေပါ ..
ကိစ္စတခုကို စကားပြောဖြစ်ကြတုန်းက လူတယောက်ကပြောသွားဖူးတယ် .. “စက်ရုံအသိုင်းအဝိုင်းကလူတွေက ကျောင်းအသိုင်းအဝိုင်းကလူတွေလို တွေးခေါ်တတ်မှာမဟုတ်ဘူး အတွေးအခေါ်တူမှာမဟုတ်ဘူး ” ဆိုပဲ .. သိပ်မိုက်ရိုင်းတဲ ့စကားလို ့ထင်မိပါတယ် .. စက်ရုံအသိုင်းအဝိုင်း ကလူတွေက ဦးဏှောက်မရှိ ပညာ မတတ်ကြတဲ့သူတွေလို ့တထစ်ချ လက်ခံထားပုံပါပဲ .. စက်ရုံအသိုင်းအဝိုင်း လို ့ဝါးလုံးရှည်နဲ ရမ်းးပီး သူသုံးနှုံးလိုက်တာဟာ စက်ရုံနဲ ့ပတ်သတ်နေတဲ ့လူတွေကို သိပ်အထင်သေးရာရောက်ပါတယ် .. သူ ့ကိုယ်သူလဲ သိပ်ဘဝင်မြင့်ရာရောက်နေပါတယ် .. ပြောခံရတဲ့သူက စက်ရုံမှာလုပ်နေပေမယ် ့ပညာတတ်လို ့ခေါင်းဆောင်ဖြစ်နေတဲ ့သူပါ .. သိမ်းကြုံးပြီး လူစုတစုကို လူစုတစုက အထင်သေးနေတာတော့ သိပ်ကြည့်လို ့မကောင်းဘူး .. အလုပ်ထဲမှာ တရုတ်၊ ကုလား၊ အဖြူ၊ အမည်း လူပေါင်းစုံနဲ ့ရင်ပေါင်းတန်းပြီးလုပ်နေကြရတာ .. လူမျိုးခြားတွေက ကိုယ်တွေကို လေးလေးစားစားဖြစ်သလောက် ကိုယ့်လူမျိုးချင်းချင်း ဖယ်ကျဉ်ထားတာတွေလဲ သိပ်ကြည့်လို ့မကောင်းဘူး .. ကြည့်လို့မကောင်းပေမယ့် မြင်မြင်နေရတယ်ဗျ ..
ဒီမှာ .. ခင်ဗျားတို ့ပဲ လူရာဝင်တယ် .. ခင်ဗျားတို ့ပဲ လူတောတိုးတယ် … ခင်ဗျားတို ့ပဲ ပြောတတ်ဆိုတတ်တယ် .. ဒီလိုလား .. ထားပါတော့ .. ဟုတ်ရင်လဲ ဟုတ်ကြပေမပေါ့ .. ကျုပ်တို ့က လူတောမတိုးတာမဟုတ်ဘူးဗျ .. အကုသိုလ်မရှာတာ ..
စကားလုံးကြီးကြီးတွေချပြောကြကြေးဆို ဘယ်မှာလဲ မျိုးချစ်စိတ် .. ဘယ်မှာလဲ ညီညွတ်ခြင်း စည်းလုံးခြင်းတွေ .. မြန်မာနိုင်ငံသားချင်းချင်း ကို်ယ့်ရေမြေနဲ ့ဝေးရာ ကိုယ့်အိမ်မဟုတ်တဲ့ နေရာမှာ အကြောင်းအမျိုးမျိုးကြောင့်ရောက်လာရတာက မြန်မာချင်းချင်းအတွက် နှိမ်ဖို ့တဲ ့လား .. ??? လုပ်သားတွေနေရာက စဉ်းစားကြည့်ပါ .. အစကထဲကမှ စက်ရုံအလုပ်ထဲရောက်နေရလို ့အားငယ်နေမယ်ဆိုရင် အဲလိုခွဲခြားဆက်ဆံပုံမျိုးနဲ ့နေစရာကိုရှိတော့မှာမဟုတ်လောက်ဘူး .. ကိုယ်ချင်းစာတတ်ရင် အင်မတန် သနားဖို ့ကောင်းပါတယ် .. နိုင်ငံခြားမှာ ရောက်နေတဲ့လူတွေကိုတောင် ဒီလောက်ခွဲခြားနေရင် မြန်မာပြည်မှာကျန်ခဲံတဲ ့လူသန်း ၅ဝ လောက်ကိုဘယ်လိုများသဘောထားပါလိမ့်မလဲ .. နိုင်ငံခြားမှာခင်ဗျားတို ့လို မနေနိုင်လို ့ဆိုပီး နှိမ်ပါသလား .. သိချင်မိပါတယ် ..
မြန်မာနိုင်ငံသားတွေကို ဘယ်လိုချစ်ပါတယ် … ဘယ်လိုကူညီစောင့်ရှောက်ပါတယ် ဆိုပီး .. ကိုယ်နာမည်ကြီးဖို ့တခုထဲနဲ ့မျက်နှာစိမ်း မျက်နှာကျက်ခွဲခြားပြီး မျိုးချစ်နေတာတွေကလဲ ရှက်တတ်ရင် သေလို ့တောင်ရတယ် .. ကိုယ့်မြို ့ ကိုယ့်အိမ်မှာနေနေရင် ဒါတွေလိုက်ပြောမနေပါဘူး .. ကိုယ့်ရှေ့မှာ ပြောမယ့်သူတွေ အများကြီး မို ့လို ့.. သူများမြို ့ရွာမှာ ကိုယ့်ရွာသားချင်းချင်း ဆက်ဆံကြပုံတွေက သိပ်အထှာမကျတာတွေတော့ ထုတ်ပြောရမှာပဲဗျ ..
လူဦးရေ ၄၀ဝ ကျော်ဆိုတာ သိန်းချီသောမြန်မာတွေရှိတဲ ့တခြားနိုင်ငံတနိုင်ငံနဲ့ယှဉ်ရင် အပုံတသိန်းပုံ တပုံတောင်မရှိပါဘူး .. ဒါပေမယ့် အဲဒီနိုင်ငံက အပုံကြီးသာတာတခုက “ငါက ကုမ္မဏီပိုင်ရှင်မို ့လို ့ သူကတော့ အလုပ်သမားမို ့လို ့ ” ဆိုပီး ဘယ်သူကမှ ဘယ်သူ ့ကိုမှ မနှိမ်ဘူး .. တယောက်နဲ ့တယောက်လက်တွဲခေါ်တယ် .. ဖေးမတယ် .. ကူညီတယ် .. အဲဒါတွေကြောင့်ပဲ သိပ်ပျော်ဖို ့ကောင်းတဲ ့ နိုင်ငံတခု ဖြစ်လာတယ် .. ဘယ်လို တွေ ့ဆုံပွဲမျိုးပဲဖြစ်ဖြစ် မြန်မာတွေ အားလုံး ပါဝင်နိုင်အောင် အမြဲတမ်း စီစဉ်တယ် .. တိုးတိုးတိတ်တိတ်လုပ်လိုက်တယ်ဆိုတာ တခါမှမတွေ ့ခဲ့ဖူးဘူး(ပါဆင်နယ် မပါ) .. မြန်မာချင်းချင်း တည့်တာမတည့်တာ ခေါ်တာမခေါ်တာကနောက်ထား .. လမ်းမှာတွေ ့ရင် မြန်မာလို နှုတ်ဆက်ရမှာရှက်လို ့ မတွေ ့ချင်ယောင်ဆောင်သွားတာတွေ နောက်ထား .. တခုခုဆို အားလုံးဝိုင်းလက်တို ့ကြတာကိုတော့ သတိရတယ် .. ညီညွတ်ကြတယ်ပြောရမလား .. သူငယ်ချင်းတွေနဲ ့တပတ်နေလို ့တရက်မတွေ ့ဖြစ်ရင်တောင် အဲဒီနိုင်ငံလိုနေရာမှာ မြန်မာတွေကြားထဲ ကိုယ့်ဆီကို သူက မက်ဆေ့ချ်ပေး သူ ့ဆီကို သူ က မက်ဆေ့ချ်ပေးရုံလေးနဲ ့ပဲ ကောင်းသတင်းဆိုးသတင်း အင်ဖော်မေးရှင်းက အလွယ်တကူပျံ ့တယ် .. ဒီမှာက အဲ့ဒီမက်ဆေ့ချ်သိမစိုးလို ့ ပုန်းလျှိုးကွယ်လျှိုးလုပ်နေရတာ ခင်များတို ့ မပင်ပန်းဘူးလားဗျာ … ခင်ဗျားတို ့ကို အဲဒီလို လူ ့ပတ်ဝန်းကျင်အစစ်နဲ ့တခါလောက်တွေ ့ဖူးစေချင်တယ် ..
အဲဒီနိုင်ငံက ပညာတတ်မြန်မာတွေကရော လူလူချင်းကိုယ်ချင်းစာစိတ် စာနာထောက်ထားစိတ် အဲဒါတွေထက် .. ပူးပေါင်းလိုစိတ် မြန်မာချင်းချင်းချစ်တဲ့စိတ် ဘာလို် ့ ပို ရှိကြသလဲ ? ယုံလားတော့မသိဘူး .. သူတို ့ဘယ်လောက်ပညာတတ်တယ်လို ့ထင်လဲ .. ဒီက ပညာတတ်ဆိုတဲ့လူတွေ မှန်းကြည့်လိုက် .. အဲဒီမှန်းကြည့်တာထက် သူတို့ကပိုပညာတတ်တယ် .. ခင်ဗျားတို ့ပညာတတ်တယ်ဆိုတာ ဟိုကရီလိမ့်မယ်ဗျ ..
မင်းကဘာလဲ ? မင်းကဘယ်လောက်တတ်လို ့လဲ ? မင်းလခကရောဘယ်လောက်ရနေလို ့လဲ? မင်းကဘယ်လောက်သိလို ့ ဒါတွေလာပြောနေရတာလဲ ? .. လို ့ ကျုပ်ကို မေးပါ .. မေးနိုင်ပါတယ် .. ကျုပ်ဖက်ကလဲ သိပ်ကိုဖြေချင်ပါတယ် .. ကျုပ်ဘာမှမဟုတ်ဘူး .. သာမန်လူတယောက်ပါ .. စာလေးပေလေးနဲနဲတတ်တော့ တိုင်းတပါးကို ယောင်လည်လည်ရောက်လာတယ် .. ဒါပေမယ့် လူတန်းစားခွဲခြားတာကို သိပ်မုန်းတယ် .. ဘယ်သူကြီးဖြစ်နေနေ လူတန်းစားခွဲခြားပုံမျိုးနဲ ့ဆက်ဆံလာရင်တော့ ကျုပ်သီးခံမှာမဟုတ်ဘူး .. နောက် အနှစ် ၁၀ဝ ဆို ခင်ဗျားတို ့လဲလစ်ပီ .. ကျုပ်လဲလစ်ပီ .. ကျုပ်ကတော့ ဒယ်အိုးကိုကြောက်သဗျ ..
ဒီနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာသံရုံး တခုအနေနဲ ့လဲ မြန်မာနိုင်ငံတခုလုံးကို ကိုယ်စားပြုသောအားဖြင့် တိုးတိုးတိတ်တိတ် ကိုယ့်အိတ်ထဲဖိတ်ရုံလောက် လုပ်နေတာမျိုး ကိုယ့်အိတ်အပြင်က မြန်မာတွေကို လုံးဝဂရုမစို်က်တာမျိုး မြန်မာနိုင်ငံသားချင်းချင်း အဆင့်အတန်းခွဲခြားတာမျိုး လူသားချင်းချင်းစာနာထောက်ထားသောအားဖြင့် မလုပ်မိစေချင်ပါ .. မြန်မာနိုင်ငံဆိုင်ရာ သံရုံးဆိုတာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအားလုံးအတွက် ကောင်းအတူ ဆိုးအတူမျှဝေပေးဖို ့ နိုင်ငံတော်မှကိုယ်စား လာရောက်နေပေးထားခြင်းဟု နားလည်မိပါတယ် .. ပေါ်တင်ကြီး ထိုင်ရှိခိုးမနေရင်တောင် မြန်မာနိုင်ငံသားအားလုံးကတော့ သံရုံးကို အားထားကြတယ်ဆိုတာလဲ သိစေချင်ပါတယ် .. ” သံရုံးဆိုတာ ရုံးပဲပေါ့ .. ရုံးအထှာပဲပေ့ါ .. သူတို ့ဘာပဲလုပ်လုပ် ရုံးကလူတွေရဲ ့ အမျိုးတွေ အသိတွေလောက်ပဲ ပါကြတာ ရုံးအထှာပဲ” လို ့ စက်ရုံထဲကမြန်မာတယောက်က ပြောသွားတယ် .. မြန်မာနိုင်ငံမှာတုန်းက တွေ ့ခဲ့ကြုံခဲံ့ဖူးတဲ ့ရုံးအထှာတွေ ဒီအထိ ပါလာတာကို စိတ်မကောင်းပါ … မြန်မာသံရုံးကို မြန်မာတွေကိုယ်တိုင်က အဲဒီလို အမြင်မမှားစေချင်ပါ ..
လူတကာရှေ ့ထင်ပေါ်ဖို ့ ကိုယ့်ပုံရှေ ့ဆုံးမှာပါဖို ့လောက်လုပ်နေကြတဲ ့”ပါလေရာ ငပိချက်” လူတစုလောက်ကိုမကြည့်ပဲ ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအားလုံးဆီကို အင်ဖော်မေးရှင်း အလွယ်တကူရောက်ဖို ့လဲ စဉ်းစားပေးစေချင်ပါတယ် .. လူများများလာစေချင်ရင် အားလုံးကို မလာလာအောင် ဖုန်းတဂွမ်ဂွမ်ဆက်ပီးခေါ်ပြီး .. (ပါဆင်နယ် ပါတီမျိုးကိုမဆိုလိုပါ) .. မြန်မာ တနိုင်ငံလုံးနဲ ့သက်ဆိုင်တဲ့ အသုံးအနှုံးမျိုးနဲ ့ ခေါင်းစဥင်္တပ်ထားတဲ့ ပါတီဖြစ်ပြီးတော့ ရှိတာမှ လူကလေး ၄၀ဝ ဗျာ .. ဒါကိုပဲ လူတစုက လူတစုမသိအောင် တိုးတိုးတိတ်တိတ် ကြိတ်လုပ်နေတာမျိုးတွေလဲ မဖြစ်စေချင်ပါ .. အားလုံးမပါစေချင်ရင် အားလုံးနဲ ့သက်ဆိုင်တဲ ့စာသားတွေ မထည့်ရုံပေ့ါ .. ဒီလောက်တော့ နားလည်ပါတယ်ဗျ ..
ကိုယ့်နိုင်ငံကလူတွေနဲ ့တွေ ့ ကိုယ့်နိုင်ငံကစကားတွေပြော ကိုယ့်နိုင်ငံကသီချင်းတွေဆိုပြီး ကိုယ့်နိုင်ငံက စားစရာတွေကို တပျော်တပါး စားသောက်ပျော်ရွှင်ရမယ် ့ အခွင့်အရေးမျိုး မြန်မာပြည်နဲ ့ဝေးနေတဲ ့ဘယ်မြန်မာမဆို ပါဝင်ချင်ကြပါတယ် … အဲဒီအချိန်တွေက စိတ်ရှုပ်ပင်ပန်း အိမ်လွမ်းနေတာတွေကို ဘယ်လောက်တောင် ဖြေပျောက်နိုင်သလဲဆိုတာ အားလုံးသိပါတယ် .. ဒါကြောင့် အဲဒီလိုအချိန်အခါမျိုးတွေမှာ ကွက်ကျားမြန်မာ မဟုတ်ပဲ မြန်မာအားလုံးပါဝင်လာနိုင်အောင် ကူညီစေချင်ပါတယ် ..
နွေခေါင်ခေါင်ကြီးမှာ ဗူးစင်ထဲ ခရမ်းဝင်သီးသလိုဖြစ်နေမလားမသိ .. မတတ်နိုင်ပါ .. အမြင်မတော်တာတွေဆိုရင် တနေ ့မဟုတ်တနေ ့ တယောက်မဟုတ် တယောက်ကတော့ ပြောလာကြမှာပါ .. ဖတ်ဖူးတဲ့ စကားပုံတခုရှိတယ် .. .. “ဘယ်သူမှ မသိစေချင်ရင် မလုပ်နဲ ့” တဲ့ .. ရှင်းရှင်းလေးပါ .. ပညာတတ်တွေ ဆင်ခြင်နိုင်ကြပါစေ ..
ခမာမြေရောက် မြန်မာမောင်နှမများအားလုံး
နှစ်သစ်မှာ နှစ်ဟောင်းက စိတ်အနှောင့်အယှက်မျိုးတွေနဲ ့ ကင်းဝေးကြပါစေ။
YingLamp
ခမာမြေမှ မြန်မာတဦး
27 comments
thit min
December 26, 2011 at 9:27 am
“စက်ရုံအသိုင်းအဝိုင်းကလူတွေက ကျောင်းအသိုင်းအဝိုင်းကလူတွေလို တွေးခေါ်တတ်မှာမဟုတ်ဘူး အတွေးအခေါ်တူမှာမဟုတ်ဘူး ” ……………..
ဆိုကတည်းက ပညာတတ်ပြောတဲ့စကားမဟုတ်ဘူးဆိုတာရှင်းနေပါပြီ။
အတန်းပညာတတ်တာဟာ၊ ဘွဲ့တွေတန်းစီနေတာဟာပညာတတ်မဟုတ်ပါဘူး။ သင်လို့ရထားတဲ့သင်ညာတွေပါ။
အမှန်အမှားကိုဝေဖန်ပိုင်းခြားနိုင်တဲ့ ဆင်ခြင်တုံတရားရှိတဲ့ လူ တယောက်ဖြစ်မယ်။ လေးတန်းတောင်မအောင်ဘူးဆိုလဲ
အဲဒီလူဟာပညာတတ်ပါ။
ကိုယ့်ကိုကိုယ်ဖော်မသူတော် ကိုယ့်ကိုကိုယ်ဖျက်သံချေးတက်နေသူတွေကိုတော့ ကျနော်က ပညာတတ်စာရင်းမဝင်ဘူး
လို့ပြောချင်ပါတယ်။
သူတပါးကိုနိမ့်ချပြောဆိုတတ်ကတည်းက ဆင်ခြင်တုံတရားမဲ့လှပါတယ်။
လူ့တန်ဖိုးဟာ ဘွဲ့လဲမဟုတ်ပါဘူး။ကျောင်းလဲမဟုတ်ပါဘူး။ အောက်စ်ဖို့တက္ကသိုလ်ထွက်ထဲမှာလည်း ဆေးစွဲနေတဲ့
ဘိန်းစားတွေအပုံပါဘဲ။
ကိုယ့်ဘဝ ရပ်တည်ချက် ဘယ်နေရာမှာဘဲရှိရှိ စိတ်ဓာတ်အဆင့်အတန်းကသာ လူ့တန်ဖိုးမလို့ အဲဒီလို ပညာတတ်ယောင်
ဆောင်ပညာမဲ့ တွေရဲ့ စကားကိုစိတ်ထဲ ထားမနေပါနဲ့လို့ ပြောပါရစေခင်ဗျား။
YingLamp
December 26, 2011 at 1:12 pm
ဟုတ်ပါတယ် အကိုသစ်မင်းရေ .. အကိုသစ်မင်းပြောသွားတာ အရမ်းကိုတန်ဖိုးရှိပီး အားလဲတက်ရပါ .. အဲဒီစကားတွေနဲ့ပဲ ကိုယ်တွေလိုသူငယ်ချင်းတွေကို အားပေးပါ့မယ် .. ဟိုလူတစုကတော့ သူ ့လူနဲ ့သူ ့စာရင်းနဲ ့ ကွက်တိပါပဲ .. စကားတွေတင် ပြောခံခဲ့ရတာမဟုတ်ပါ .. မတော်တဆ တွေ ့ဆုံခဲ့ရတဲ ့ မိနစ်ပိုင်းလေးမှာတောင် မျက်နှာကို ချီနေအောင် နေတတ်ကြတဲ့သူတွေပါ .. ရှိပါစေလေ .. 🙂
ငပေါက်ဖော်
December 26, 2011 at 9:34 am
တစ်နယ်တစ်ကျေးရောက်နေတာတောင်..အဝှာ ပြုနေကျတာ မကောင်းပါဗျာ..
မျှမျှတတ လုပ်ကြပါ
ပြော..ပြော..
အနော်တို ့က ပြောမှသိမှာဗျ..
ဒါမှ အဲဒီနိုင်ငံရောက်ဖြစ်ရင် ဆောင်ရန်ရှောင်ရန်လေးတွေ..သိလာမှာ
😯
YingLamp
December 26, 2011 at 1:15 pm
အားလုံးကို သိစေချင်လို ့ပြောရပါတယ် .. ဟုတ်ပါတယ် .. အဲဒီနေရာရောက်ခဲ့ရင်တော့ ဖတ်ထားတာတွေ သတိရပေးပါဗျာ … 😛
kanjosan
December 26, 2011 at 9:49 am
မည်သူမဆို ခေါ်ခြင်သည်ဖြစ်စေ မည်သူမဆို မခေါ်ခြင်သည်ဖြစ်စေ ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝအခြေအနေ ကိုယ့်အားကိုကိုးလို့ ကိုယ့်ထမင်းကိုယ်စားရမလေ…
YingLamp
December 26, 2011 at 1:16 pm
ကိုယ့်ထမင်းကိုယ်စားနေကြချင်းတူတူ စိတ်အနှောင့်အယှက်ကင်းကင်းလေးနဲ ့စားရတော့ ပိုဝင်တာပေါ့ ကန်ဂျိုဆန် ရယ် ..
comegyi
December 26, 2011 at 12:52 pm
ကိုသစ်မင်းစကားနဲ့ပြောရရင်တော့
အဲဒီ သင်ညာ တတ်တွေအကြောင်း
ကို Yinglamp ရေးပြတာ
စိတ်တောင်မကောင်းဘူး
လူတိုင်း ဆင်ခြင်တုံတရားလေးနဲ့
လူအချင်းချင်းနေရာပေး တန်ဖိုးထား
လေးစားကြစေချင်ပါတယ်ခင်ဗျား……..
YingLamp
December 26, 2011 at 1:19 pm
“လူအချင်းချင်း နေရာပေး တန်ဖိုးထား .. ”
ဟုတ်တယ်ဗျ .. ရုပ်ဝတ္တုတွေထက် လူကိုတန်ဖိုးထားတတ်ကြဖို ့အချို ့မြန်မာလူမျိုးတွေကို အစကနေပြန်သင်ပေးရမယ်ထင်တယ်ဗျ ..
windtalker
December 26, 2011 at 2:07 pm
ကိုရင်လန် ့ရေးပြတဲ့သူတွေ ခန် ့မှန်းကြည့်ရတာ ၊ ရွာတို ့နယ်တို ့က ၊ လယ်ရောင်းပြီး ရောက်နေတဲ့ ဟာတွေ နေမှာပါဗျာ ။
ခမာမြေ က လည်စရာပတ်စရာ အကြောင်းလေးတွေ ကို လည်း တင်ပြပေးပါဦးဗျို ့
hmee
December 26, 2011 at 2:43 pm
ရွာတို့ နယ်တို့ ကတိုင်း မဟုတ်ရပါဘူး မောင်ပေရယ်။ လူရဲ့ စိတ်အဆင်အတန်းနဲ့သာ ဆိုင်တာပါကွယ်။ မြို့ကြီးပြကြီးနေပြီ စိတ်အနေ အောက်တန်းကျသူတွေ အပုံကြီးပါကွယ်။ အပြင်ရောက်မှ မမြင်ဖူးတာမြင်ရ မစားဘူးတာစားရ မနေဖူးတာ နေရတော့ အဟုတ်ကြီးထင်ပြီး ဘဝင်လေဟပ် မေးကို အောက်မချပဲ ဘာမဟုတ်တာကို မာန်တက်နေတာတွေ မြင်ရတော့ ကြည့်ပြီး သံဝေဂတောင် ရပါသေးတယ်။ 🙁
YingLamp
December 26, 2011 at 6:16 pm
တောကရယ် မြို ့ကရယ် တော့ မဟုတ်ပေမယ့် ကိုယ်တွေကတော့ ရန်ကုန်သား ဆိုရင်ကို နာမည်နဲ့တင် တဝက်ကဖျားနေပါပီ .. အဲဒီ ထဲမှာ ရန်ကုန်သားက ၈ဝ ရာနှုန်းပါပါတယ် .. ရန်ကုန်သားအားလုံးကိုမဆိုလိုပါ .. ဒါပေမယ့် ရန်ကုန်သားတွေက ရှေးထဲက ထုံးစံအတိုင်း လိုက်ရင်းနဲ ့ အဲဒီအထှာတွေ အဆင့်ဆင့်ဆက်ခံရင်း ရန်ကုန်သားဆိုရင် ဒီအထှာတွေနဲ ့ပဲဖြစ်ကုန်သလားတော့ မသိပါဗျာ .. ကိုယ်တွေက တောင်ပေါ်ကပါ .. နယ်ကလူတွေ တောကလူတွေ တောင်ပေါ်ကလူတွေက ရိုးရှင်းပါတယ်ဗျာ ..
windtalker
December 26, 2011 at 7:18 pm
အေးဗျာ
ဆောရီးပါဗျာ
ဟုတ်တယ်နော
ပညာတတ် တဲ့သူ ညစ်ရင်
ပညာမတတ် တဲ့သူ ထက် ပိုဆိုးတယ် နော
ဦးဦးပါလေရာ
December 26, 2011 at 2:25 pm
အဲလိုသိုးမည်းတွေက အခြားနိုင်ငံတွေက မြန်မာလုပ်သားတွေထဲမှာလဲ အနည်းစုအနေနဲ့ ရှိကြပါတယ်။
ဒါပေမယ့် သူတို့ကြမ္မာသူတို့ဖန်တီးတာပါပဲ။
မြန်မာအများစုကလဲ သူတို့ကိုအဖက်မလုပ် အခြားလူမျိုးတွေကလဲ သူတို့ကို အဖက်မလုပ်နဲ့ ဖြစ်ကုန်တာပါပဲ။
YingLamp
December 26, 2011 at 6:08 pm
ဟာ .. ဟုတ်တယ်ဗျ .. သူတို ့အိုးနဲ ့သူတို ့ဆန်တန်နေတာနဲ ့ပဲ ဘေးလူတွေ နောက်လူတွေက ကြွက်ချေးတွေဖြစ်ကုန်သလိုလို .. တကယ်တော့ သူတို ့ကလဲ မခေါ်ရဲတော့တာလဲ ဖြစ်မယ်ဗျ ..
kyawtheinmyint 23
December 26, 2011 at 6:00 pm
ညီလေးမောင်ပေရေ ကိုယ်လဲတောသားပါပဲကွာ တောက၊နယ်ကမို့လို့ ထူးြ့ပီးရိုင်းသွားတာတော့ မဟုတ်ရပါဘူး မြို့မှာရော တောမှာပါ လူကောင်း၊လူဆိုး၊လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြပါတယ်၊ ဘယ်နေရာ၊ဘယ်ဒေသရောက်ရောက် ယဉ်ကျေးခြင်း၊မယဉ်ကျေးခြင်းကတော့ ပြုမူသူရဲ့ ဝမ်းစာပြည့်ခြင်း၊မပြည့်ခြင်းနဲ့ပဲ သက်ဆိုင်ပါတယ်။
YingLamp
December 26, 2011 at 6:20 pm
ဘယ်နေရာ ဘယ်ဒေသရောက်ရောက်ပါ .. သူ ့စိတ်ဓာတ်နဲ ့ပဲဆိုင်တယ် .. ဟုတ်ပါတယ် .. သူတို ့သာ ဒီစာကို ဖတ်မိပြီးရင် အပင်မြင့်လို ့လေတိုက်တယ် လို ့များမာန်တက်နေဦးမလားမသိ . . မပြည့်တဲ ့အိုး ဘောင်ဘင်ခတ်သံတွေက ပိုကျယ်ပါတယ် .. နော့်ဗျာ .. 😀
kyawtheinmyint 23
December 27, 2011 at 6:20 am
ကိုရင်းလန့်ရေ ကျနော်သိချင်တာကတော့ ထိုင်း၊ကမ္ဘောဒီးယား၊လာအို အဲဒီ၃နိုင်ငံက ရေးတဲ့ စာလုံးတွေက တူသလိုပဲနော် ဘယ်နေရာတွေမှာတူပြီး၊ဘယ်လိုနေရာမှာကွဲပြားခြားနားတယ်ဆိုတာလေးကို ကိုရင်းလန့် အချိန်ရရင် လေ့လာပြီး ဂေဇက်မှာတင်ပေးပါလားခဗျာ၊ပြီးတော ကိုရင်းလန့်ရဲ့ စက်ရုံလုပ်ငန်းခွင်ထဲက ပျော်ရွှင်စရာ၊စိတ်ညစ်စရာတွေနဲ့ ပင်ပန်းခဲ့တဲ့ နေ့ရက်တွေအကြောင်းအပါအဝင်၊ခမာမြေရဲ့ လှပတဲ့ရှုခင်းပုံလေးတွေနဲ့ ကိုရင်းလန့်ရဲ့ အတွေ့အကြုံတွေကို ဂေဇက်မှာ တင်ပေးပါလို့ အကြံပေးတိုက်တွန်းပါရစေ။
YingLamp
December 27, 2011 at 6:50 am
ကျေးဇူးတင်ပါတယ်ဗျာ .. ဒီလိုစာမျိုးကလဲ စိတ်ဝင်စားတဲ့သူနဲတယ်ဗျ .. ကျနော်က မျှဝေချင်လို့သာရေးပီးတင်လိုက်ရတာပါ .. ကို kyawtheinmyint တို ့လို စိတ်ဝင်စားတဲ့သူတွေရှိနေရင်တော့ ကျနော်ဆက်ရေးဖို ့ကြိုးစားပါ့မယ် .. ထပ်ပြီးကျေးဇူးပါ .. 🙂
char too lan
December 27, 2011 at 11:01 am
ရေခြားမြေခြားရောက်မှ မဟုတ်ဘူး ကိုယ့်ဝန်းကျင်နားလေးတင်ကြုံနေတာ
ငါသာတတ် ငါသာလျှင်မြတ်၏လို့တွေး သွေးနားထင်ရောက်ပီး လူချဉ်ဖတ်ဖြစ်နေတဲ့
တက်ကနော်လော်ဂျီဘွဲ့ရ စာတီဖီကိတ်တစ်ထပ်ကြီးကိုင်ထားတဲ့ ဟာတွေနဲ့ နေ့စဉ်ရက်ဆက်ကြုံခဲ့ဖူးတယ် သူတပါးအမှား/အားနည်းချက်တွေကို ရှာဖွေစိတ်ဆိုး တစ်ချိန်လုံးလက်ညှိုးထိုး နေပီး သူတို့အမှားကွင်းကွင်းကြီးပေါ်သွားတာတောင် ထောက်ပြလို့ ထိခိုက်သူတွေကို
ဆောတီးတစ်ချက်ပြောမထွက်ကြဘူး ဘာဥကပေါက်မှန်းမသိတဲ့ဟာတွေပဲ…
ဆက်မပြောချင်တော့ဘူး
YingLamp
December 27, 2011 at 6:19 pm
ပေါက်ကွဲကုန်ဘီဟ .. 😀
winkyawaung
December 27, 2011 at 11:47 am
မေတ္တာရှင် ဆရာတော်( ရွှေပြည်သာ) ပြောတဲ့` မြန်မာတွေ ဘာကြောင့်မချမ်းသာတာလဲ ´ထဲ မှာ ရေးထားပါတယ်။ ဘယ်သူက ပညာတတ် ဘယ်သူက ပညာမဲ့ ဆိုတာ ပါ ပါတယ်။ ဖတ်ကြည်လိုက်ပါ။ ဒီ ဂေဇက်ထဲ မှာ အဲဒီပို့စ် ရှိနေတယ်ထင်ပါတယ် ။
http://july-dream.blogspot.com/2010/11/why-arent-we-rich.html မှာ
ဖော်ပြထားပါတယ်။
YingLamp
December 27, 2011 at 6:20 pm
ကျေးဇူးဗျ ..
kai
December 27, 2011 at 12:41 pm
လူအများစုဖြစ်တဲ့.. လူ၃၀ဝ က..စံနစ်တကျ..အသင်းအဖွဲ့လေးဖွဲ့ပြီး.. လုပ်ကိုင်ကြည့်ပါလား…။
ကိစ္စတခုပေါ်တယ်ဆို.. အချင်းချင်းတိုင်ပင်..စည်းဝေးပြီး.. လုပ်ကြတာက စပေါ့..။
ဘာသာရေးအခြေခံထားရင်.. လောလောဆယ်စုစည်းရလွယ်ဟန်ရှိပေမဲ့.. ကြာရင်.. ပိုထိလွယ်ရှလွယ်.. ကွဲလွယ်တာတော့.. အတွေ့အကြုံအရ မြင်တွေ့မိပါတယ်.။
ဆိုတော့.. တတ်နိုင်ရင်.. ဘာသာရေး၊ မပါ..လုပ်ကြည့်ပါ.။
လူမှုရေးစစ်စစ်..လုပ်နိုင်ပါတယ်..။
မြန်မာတယောက်ယောက် နေထိုင်မကောင်းရင် သွားကြည့်တာ..။ နာရေး၊သာရေး ဝိုင်းလုပ်ပေးတာ စသဖြင့်.. စနိုင်တာပါ..။
အဲဒီလိုနဲ့.. ကျန်တဲ့လူနည်းစုတွေပါ.. ပါလာအောင် ပြန်စည်းရုံးပေါ့..။ တနှစ်လောက်ကြာရင်.. သိသိသာသာ ထူးခြားတာ တွေ့ရမှာပါ…။
အဲဒီလို လုပ်သင့်တယ်ထင်ပါတယ်..။
YingLamp
December 27, 2011 at 6:22 pm
သိပ်ကောင်းတဲ ့ အိုင်ဒီယာပါ .. ဒီလိုဆိုရင် အစ တော့ ကိုယ်ကိုတိုင်ပဲ စ ရမှာပဲ .. ကြိုးစားကြည့်တာပေါ့ဗျာ .. ကျေးဇူးပါ .. 🙂
kai
December 27, 2011 at 6:31 pm
ကြိုးစားကြည့်ပါနော..။
ကိုယ်ကမစ..ဘယ်သူကစလုပ်မှာမဟုတ်လို့.. ကိုယ်တိုင်ပဲစပါ..။
သာရေး၊ နာရေးဖြစ်ရင်.. ငွေစုကောက်လိုက်ပါ..။
ကူညီလိုက်ပါ..။ ၁နှစ်မလုပ်ရပါဘူး..။ ပညာတတ် ဆိုသူများပါ.. လာပြီးပါဝင်ကူညီပါလိမ့်မယ်..။
တကယ်တော့…အလုပ်သဘောမှာ.. အောက်ခြေအတန်းကော်လာပြာတွေက.. ယူနီယံ(သမဂ္ဂ)ဖွဲ့ရပါတယ်.။
အဲဒီလိုနဲ့..ကော်လံဖြူတွေကို.. အတိုက်အခံလုပ်နိုင်တာပါနော..။
အဲဒါလေးလည်း.. သတိထား..သိထားပါ..။
inz@ghi
December 27, 2011 at 7:58 pm
နောက်ထပ် စာအရေးကောင်းသူတစ်ဦး ကို
ရွာ့ ဂျလေဘီ ဂီဂီ ကကြိုဆိုပါတယ်ခင်ဗျား..
များများရေးပါဦးနော…
ခင်တဲ့
ဂီ
ရင် နင့် အောင်
February 3, 2012 at 2:28 pm
လူတန်းစားခွဲခြားတယ်ဆိုတာ နေရာတိုင်းရှိနေတာပဲ …
အသိပညာနဲ့ အတတ်ပညာ မကွဲပြားတာလည်း နေရာတိုင်းမှာ ရှိနေတာပဲ။
ဘာမှ မတည်မြဲတာတွေကို အာရုံအနောက်မခံပါနဲ့ဗျာ။
ဖတ်ခွင့်ရတာအတွက် ကျေးဇူးပါ။