Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗမာ့ဘုရား အောင်ဆန်း (ဗိုလ်ချုပ်)

             ဗိုလ်ချုပ်အောင်ဆန်းကို ဘုရားလို့ သုံးနှုံးလိုက်လို့ အမြင်တစ်မျိုးနဲ့ တစ်မျိုး မမြင်လိုက်ပါနဲ့ဦး။  ဒီနေရာမှာ ဘုရားဆိုတာ ဘယ်လိုမျိုးလဲလို့ အကျယ်ပြောကြည့်ရ မယ်ဆိုရင် ယနေ့သုံးနေကြတဲ့ ဘုရားဆိုတဲ့ ဝေါဟာရဟာ ” ပုရုရှ ” ဆိုတဲ့ စကားကနေ ” ပုရှား “၊ အဲဒီ ပုရှဆိုတာ ပုရိသနဲ့အနက်အတူူပါပဲ။ တနည်းအားဖြင့် ယောက်ျား ကောင်း၊ ယောက်ျားမြတ်လို့လည်း သဘောရသလို ခေါင်းဆောင်မွန်၊ ခေါင်းဆောင် ကောင်းလို့လည်း အဓိပ္ပါယ်ရောက်ပါတယ်။။ အဲဒီ ပုရှားဆိုတဲ့ စကားကနေ ခေတ်ကာလ ရွေ့လျားလာတော့ ယနေ့ အခါမှာ“ဘုရား”ဆိုပြီး သုံးနှုံးလာကြတာပါ။

ဆိုလိုတာက ဘုရားဆိုတာ ယောက်ျားကောင်း၊ ယောက်ျားမြတ်၊ ခေါင်း ဆောင်ကောင်း၊ ခေါင်းဆောင်မြတ်လို့ နားလည်ပေးဖို့လိုပါတယ်။ ဒါ့ကြောင့် ရှေးအခါက ဗမာတွေဟာ ရှင်ဘုရင်တွေကို ဘုရားလို့ ခေါ်ဝေါ်ကြတာဟာ သူတို့ရဲ့ ခေါင်းဆောင် ဆိုတဲ့ အဓိပ္ပါယ်နဲ့ သတ်မှတ်ခေါ်ဝေါ်ကြတာပါပဲ။

ဘုရားဆိုတဲ့ အသုံးအနှုံးကို ယနေ့ခေတ်မှာ ဘာသာရေးကိစ္စတွေလောက် မှာပဲ သုံးနေကြတာမို့ ကျယ်ကျယ်ပြန့်ပြန့်အနေနဲ့ ကိစ္စရပ်အသီးသီးမှာ ဆိုင်ရာဆိုင်ရာ ဘုရားတွေရှိနေတာကို သိမြင်ပေးဖို့လိုပါတယ်။ အကြောင်းအရာအပေါ်မူတည်ပြီး ရှေ့ သွားခေါင်းဆောင်(ဘုရား)တွေကတော့ အမျိုးမျိုးရှိနေကြမှာပေါ့။ အဲဒီထဲကမှ ဗမာတို့ရဲ့ သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ထဲက ရှေ့သွား ခေါင်းဆောင်ဖြစ် ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ယောက်ျားကောင်း၊ ယောက်ျားမြတ်၊ ခေါင်းဆောင် ကောင်း၊ ခေါင်းဆောင်မြတ်လို့ အဓိပ္ပါယ်ရတဲ့ “ဘုရား”လို့ သုံးနှုံးလိုက်ရခြင်းဖြစ်ပါတယ်။

ကမ္ဘာ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် အကြောင်းအရာအလိုက်၊ လူမျိုး ဒေသ အလိုက် ခေါင်းဆောင်(ဘုရား)တွေ အသီးသီးပေါ်ထွန်းခဲ့တာကို တွေ့မြင်ရမှာပါ။ လွန်ခဲ့ တဲ့ နှစ်နှစ်ထောင့် ငါးရာကျော်ခန့်က လူသားတွေရဲ့ သံသရာဆိုတဲ့ ဝဋ်ဒုက္ခတွေ လည်ပတ်နေရတဲ့ အဖြစ်ကနေ လွတ်မြောက်ဖို့အတွက် အိန္ဒိယမှာ ဂေါတမဗုဒ္ဓ ဘွဲ့အမည်ရတဲ့ ရှေ့ဆောင်လမ်းပြ ခေါင်းဆောင် (ဘုရား) တစ်ဦး (တစ်ဆူ) ပေါ်ထွန်းခဲ့ပါတယ်။ ဂေါတမဗုဒ္ဓဘုရားဟာ လူသားတွေ ကိလေသာကျေးကျွန်ဘဝက လွတ်လပ်သွားအောင် ခေါင်းဆောင်လမ်းပြပေးခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီးပါ။ ယနေ့အခါမှာ သံသရာဝဋ် ဒုက္ခ က လွတ်မြောက်လိုသူတု့ိသည် ဗုဒ္ဓဟောကြားခဲ့တဲ့ တရား (ဓမ္မ)တွေကို လိုက်နာကျင့် သုံးနေကြခြင်းဖြစ်ပါတယ်။

အလားတူ ကမ္ဘာမှာ လူသားတွေ ငြိမ်းချမ်းဖို့အတွက် လွန်ခဲ့တဲ့ နှစ် နှစ်ထောင် ကျော်ခန့်က ပေါ်ထွန်းခဲ့တဲ့ ယေရှုခရစ်တော်ဆိုတဲ့ မေတ္တာ၊ ဂရုဏာရှင် ခေါင်းဆောင် တစ်ဦးကိုလည်း ယနေ့အခါမှာ ကြည်ညိုသူခရစ်ယာန်ဘာသာဝင်များက ဘုရားဆိုပြီး ယုံကြည်ကိုးကွယ်နေကြတာဟာ သူတို့အတွက် ခေါင်းဆောင်ကောင်းဖြစ်လို့ပါပဲ။ ယေရှု ခရစ်တော်ဟောကြားခဲ့တဲ့ တရား (ဓမ္မ)တွေကို ယနေ့အခါမှာ ကျမ်းပေါင်းများစွာ ပုံနှိပ် ပြီး ဖတ်ရှုကြကာ လိုက်နာကျင့်သုံးနေကြတာကို တွေ့ရပါတယ်။

အစ္စလာမ်ကမ္ဘာမှာ လွန်ခဲ့တဲ့ ရာစုနှစ်တွေက ပေါ်ထွန်းခဲ့တဲ့ တမာန်တော် မိုဟာမက်ကိုတော့ အစ္စလာမ်ဘာသာဝင်တွေက ယောက်ျားကောင်း၊ ယောက်ျားမြတ်၊ ခေါင်းဆောင်ကောင်း၊ ခေါင်းဆောင်မြတ် တမာန်တော် (ဘုရား) ဆိုပြီး ယုံကြည် ကိုးကွယ်နေကြပါတယ်။ တမာန်တော်မိုဟာမက်ဟောကြားခဲ့တဲ့ တရား(ဓမ္မ)တွေဟာ မွတ်စလင်တို့အတွက် လမ်းညွှန်တွေပါ။

ဒါကတော့ ယနေ့ခေတ်ဘာသာရေးတွေက ပြောနေကြတဲ့ ဘုရားဆိုတဲ့ (ခေါင်းဆောင်)တွေပါပဲ။

သို့သော် ဘုရားဆိုတဲ့ အသုံးအနှုံးကို ဘာသာရေးကိစ္စတွေလောက်မှာသာ သုံး မယ်ဆိုရင် ဘောင်ကျဉ်းနေပါလိမ့်မယ်။ ဒါ့ကြောင့် ဆိုင်ရာအကြောင်းအရာအလိုက် ပေါ်ထွန်းခဲ့တဲ့ ခေါင်းဆောင် (ဘုရား) တွေနဲ့ သူတို့ရဲ့ လမ်းညွှန်ချက်တရား (ဓမ္မ)တွေကို တွေ့မြင်တတ်ဖို့လိုပါတယ်။

ဥပမာအားဖြင့် နည်းပညာရှေ့သွားခေါင်းဆောင် (ဘုရား) တစ်ဦးဖြစ်တဲ့ သော မတ်အက်ဒီဆင်ဟူသော ပုဂ္ဂိုလ်ကြီးတွေ့ရှိခဲ့တဲ့ လျှပ်စစ်မီးသဘောတရား (ဓမ္မ) တွေ ကြောင့် ယနေ့ခေတ်လူသားတွေ လျှပ်စစ်မီးရောင်တွေနဲ့ နေထိုင်ခွင့်ရခြင်းဟာ ဒီသော မတ်အက်ဒီဆင်ဆိုတဲ့ နည်းလမ်းပြခေါင်းဆောင် (ဘုရား)နဲ့ သူ့တွေ့ခဲ့တဲ့ သဘော တရား (ဓမ္မ)တွေရဲ့ ကျေးဇူးပါပဲ။

             ရိုက်ညီနောင်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ရှေ့ဆောင်လမ်းပြလုပ်ပေးခဲ့တဲ့ ကောင်းကင်ပျံယာဉ် (လေယာဉ်ပျံသန်းနည်း) သဘောတရား (ဓမ္မ)တွေကြောင့် ယနေ့ ကမ္ဘာမှာ သွားလာမှုတွေ လွယ်ကူမြန်ဆန်လာတာမို့ ဒီညီနောင် ခေါင်းဆောင် (ဘုရား) တွေရဲ့ ကျေးဇူးကို မေ့လို့သင့်တော်ပါ့မလား။

အလားတူ လူသားတွေအကျိုးများစေမယ့် နည်းပညာတွေ၊ ဆေးပညာတွေ၊ စီပွားရေး၊ လူမှုရေးပညာတွေနဲ့ နိုင်ငံရေးသဘောတရားပညာရပ်တွေမှာ ဆိုင်ရာဆိုင်ရာ ခေါင်းဆောင် (ဘုရား)တွေနဲ့ သူတို့ ရှာဖွေဖော်ထုတ်ပေးခဲ့တဲ့ သဘောတရား (ဓမ္မ) တွေရဲ့ ကျေးဇူးဂုဏ်တွေကို သိမြင်ပေးဖို့လိုပါတယ်။

ကမ္ဘာမှာ လူသားတွေအကျိုးများအောင် စွမ်းဆောင်ပေးသော ခေါင်းဆောင် (ဘုရား)တွေဟာ ဟိုအရင်ကလည်း ပေါ်ထွန်းခဲ့သလို  အခုလည်း ပေါ်ထွန်းနေကြပါ တယ်။ နောင်လည်းပေါ်ထွန်းနေကြဦးမှာပါ။ ဒီခေါင်းဆောင် (ဘုရား)တွေနဲ့ သူတို့ရဲ့ လမ်းပြပေးတဲ့ သဘောတရား (ဓမ္မ)တွေဟာ ကမ္ဘာကြီးကို အရင်ကလည်း စောင့် ရှောက်ခဲ့သလို အခုလည်း စောင့်ရှောက်နေပါတယ်။ နောင်လည်း စောင့်ရှောက် နေကြမှာပါ။

ဒါ့ကြောင့် ဆိုင်ရာကိစ္စရပ်တွေအလိုက် ဒီခေါင်းဆောင် (ဘုရား)တွေကို သိမြင်ကြပြီး ဆည်းကပ်တတ်ဖို့လိုသလို သူတို့ရဲ့ လမ်းညွှန်မှု သဘောတရား (ဓမ္မ) တွေကို လိုက်နာတတ်ဖို့လိုပါတယ်။ ဥပမာအားဖြင့် နေထိုင်မကောင်းဖြစ်လျှင် မိမိဖြစ် နေတဲ့ရောဂါအလိုက် ဆိုင်ရာဆရာဝန်ထံကို သွားရောက် ပြသကုသရသလို မိမိတို့ ဘဝမှာ သက်ဆိုင်ရာအကြောင်းအရာအလိုက် ခေါင်းဆောင် (ဘုရား)တွေရဲ့ လမ်းပြ သွန်သင်ပေးမှု (ဓမ္မ)ကို နာယူတတ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ထိုကိစ္စတွေမှာ မိမိတို့ လိုလားတဲ့ဆီကို ရရှိ၊ ရောက်ရှိမှာဖြစ်ပါတယ်။

              သံသရာဆိုတဲ့ ဝဋ်ဒုက္ခတွေမှ လွတ်မြောက်လိုတယ်၊ ကိလေသာကျွန်ဘဝမှ လွတ်လပ်ရေးရချင်တယ်ဆိုရင်် ဒီလွတ်မြောက်ရေးအတွက် ရှေ့သွားခေါင်းဆောင် ဖြစ်တဲ့ ဂေါတမဗုဒ္ဓဘုရားရဲ့ သွန်သင်ချက်၊ လမ်းညွှန်ချက် တရား (ဓမ္မ)တွေကို လိုက်နာကြဖို့ လိုပါတယ်။ ဂေါတမဗုဒ္ဓဘုရားရဲ့ လမ်းပြသွန်သင်မှုကို လိုက်နာမှသာလျှင် လွတ်လပ်တဲ့ လူသား (ဝိမုတ္တိပုဂ္ဂိုလ်)ဖြစ်မှာပါ။

အဲဒီလိုပါပဲ၊ ဗမာလူမျိုးတို့ သူ့ကျွန်ဘဝ ပြန်မဖြစ်ချင်ဘူး၊ ပြန်မရောက်လိုဘူး ဆိုရင်  သူ့ကျွန်ဘဝက လွတ်မြောက်အောင် ရှေ့သွားခေါင်းဆောင် (ဘုရား)ဖြစ်တဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ ဗမာတို့ရဲ့အာဇာနည် သူရဲ ကောင်း ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့လမ်းပြလမ်းညွှန်ပေးခဲ့မှု တွေကို မေ့ထားလို့ သင့်တော်ပါ့မလား။  ဗိုလ်ချုပ်အောင်ဆန်း ဟောပြာခဲ့တဲ့ မိန့်ခွန်း များနဲ့ ရေးသားခဲ့တဲ့ စာပေများဟာ ဗမာ့တို့အကျိုးစီပွားအတွက် သူ့ရဲ့လမ်းညွှန်သဘော တရား (ဓမ္မ)တွေပါပဲ။

ဒါ့ကြောင့် ဗမာ့လွတ်လပ်ရေးကို မြတ်နိုးသူတိုင်း၊ တည်မြဲလိုသူတိုင်း လွတ်လပ်ရေးခေါင်းဆောင် (ဘုရား) ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ် လမ်းညွှန်ခဲ့တဲ့ သဘောတရား (ဓမ္မ) တွေကို ဆည်းကပ်လိုက်နာတတ်ဖို့လိုသလို နောက်လိုက်ကောင်း အစုအဖွဲ့  (သံဃာ = ဘုန်းကြီးရဟန်းဆိုတာထက် နောက်လိုက် အစုအဖွဲ့ မှန်သမျှကို သံဃာဟု ကျယ်ကျယ် ပြန့်ပြန့် ဖွင့်ဆိုခြင်း၊)  အဖွဲ့ဝင်တွေဖြစ်အောင် ဗိုလ်ချုပ်တို့ကဲ့သို့ မြင့်မြတ်တဲ့ စိတ်ထားများဖြင့် တိုင်းပြည်နဲ့ လူမျိုးအကျိုး ရွက်ဆောင်ပေးကြဖို့လိုပါတယ်။ သို့မှသာ ဗိုလ်ချုပ်တို့ ကြိုးပမ်းခဲ့ရသောလွတ်လပ်ရေးကို ဆက်လက်တည်တန့်အောင် ထိန်းသိမ်းနိုင်ကြမှာပါ။

ဒါ့ကြောင့် ဗမာလူမျိုးတိုင်းသည် ဗမာ့ခေါင်းဆောင် (ဘုရား) ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ သူလမ်းညွှန်ခဲ့တဲ့ သဘောတရား (ဓမ္မ)တွေရယ် ဗိုလ်ချုပ်ကဲ့သို့ သူ့လမ်းစဉ်အတိုင်း ကျင့်သုံးနေကြသော နောက်လိုက်အစုအဖွဲ့ (သံဃာ)တွေကိုပါ အလေးထား ဆည်းကပ် (ဂစ္ဆာမိ)ခြင်းအားဖြင့် ဗမာ့အကျိုးကို ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရေးသား တင်ပြလိုက်ပါသည်။

 

( ဗမာ့လွတ်လပ်ရေးဘုရား ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ရည်တွေကို အာရုံပြု ရည်မှန်း လျှက် – – – )

29 comments

  • ကိုပါကြီး

    December 26, 2011 at 5:03 pm

    ဘုရား၊ တရား၊ သံဃာဆိုတာကို ဘာသာရေးကိုးကွယ်ယုံကြည်မှုဘောင်ထက် ကျယ်ပြန့်တဲ့အမြင်နဲ့ သုံးသပ်ပြထားတာပဲ။ ဒါဆိုရင် ကိုယ်နဲ့ပတ်သက်တဲ့အရာတွေမှာ သက်ဆိုင်ရာ ဘုရား၊ တရား၊ သံဃာဆိုတဲ့ တိသရဏကို ဂစ္ဆာမိ ဆည်းကပ်ရမယ်လို့ ဆက်စဉ်းစားမိတယ်ဗျာ။

  • kai

    December 26, 2011 at 5:17 pm

    ဘန်ကောက်မြို့… ထောင်တဲ့ဘုရင်ကို.. ထိုင်းလူမျိုးတွေ.. နတ်ဘုရားအဖြစ်.. ကိုးကွယ်ဆဲလို့.. မြင်ဖူးတယ်..။
    ပြောရရင်.. ရောမရဲ့… ရှေးဒဏ္ဏာရီထဲက.. အပိုလိုတို့.. အီးရော့စ်တို့. ဘုရား(Gods) တွေပါပဲ..။
    ဂေါတမဗုဒ္ဓကိုတော့.. မြတ်စွာဘုရားလို့.. ပိုအထူးပြုလေးလုပ်ထားတာလည်း သတိထားမိပါတယ်..။

    ဘာပဲဖြစ်ဖြစ်..ဒီစာလုံးလေးသုံးခွင့်ရဖို့…
    .. ရှေးစွန်းစွဲသူတွေကိုတော့ ..တော်တော်အတိုက်အခံလုပ် ချွတ်ရမယ်ထင်မိပါတယ်..။
    http://www.ancientgreece.com/s/Mythology/
    Ancient Greek Gods

  • မှော်ဆရာ

    December 26, 2011 at 5:35 pm

    သူကြီး သိပ်သဘောကျတဲ့ မတူတဲ့အမြင်ဆိုတာ
    ဒီအမြင်မျိုးပေါ့
    ်ကျွန်တော်ကတော့ ဘုရားပဲ ခေါ်ခေါ် ဗိုလ်ချုပ်ပဲခေါ်ခေါ် အဘပဲခေါ်ခေါ် အမျိုးသားခေါင်းဆောင်ပဲခေါ်ခေါ်
    ကန့်ကွက်စရာမရှိပါဘူး
    တကယ်တော့ သူပြောတဲ့လမ်းစဉ်ကို လိုက်နာဖို့က အခေါ်အဝေါ်ထက်ပိုအရေးကြီးတယ်လို့ထင်တယ်လေ
    အခေါ်အဝေါ်ကိစ္စကို အငြင်းပွားကြမယ်ဆိုရင် စည်းလုံးမှုပါ ပျက်သွားနှိုင်တယ်
    ဒါကြောင့် အများလက်ခံထားတဲ့ အမျိုးသားခေါင်းဆောင် ဆိုတာလေးကတော့ သင့်တော်မယ်ထင်တာပါပဲ

  • koaung

    December 26, 2011 at 6:15 pm

    ရောကုန်ပြီ ဖုရားဟာဖုရားပါ သူရဲကောင်းဟာသူရဲကောင်းပါ

  • True Answer

    December 26, 2011 at 6:19 pm

    ဒီလိုအချိန်မှာ ဘာသာရေးသဘောနဲ့ ငြင်းခုန်စရာဖြစ်အောင် သဘောထားကွဲအောင် ပြုလုပ်မှုမျိုးရှောင်သင့်ပေသည်။

    စကားလုံးသည် ပညတ်ဖြစ်သော်လည်း လူအများ နားလည်မှုလွဲအောင် စိတ်ဝမ်းကွဲအောင်မပြုသင့်ပေ။

    • ကိုပါကြီး

      December 26, 2011 at 6:35 pm

      အစွဲတွေကြောင့် ငြင်းခုံနေကြတာပဲ။ ဘာသာရေးအစွဲတွေနဲ့ ကြည့်မြင်နေမယ်ဆိုရင်တော့ ငြင်းခုံတာတွေ သဘောထားကွဲတာတွေဖြစ်မှာပဲ။ ငြင်းခုံကြရင်တော့ စိတ်ဝမ်းကွဲမှာ။ အစွဲကင်းကင်းနဲ့ သိမြင်နာလည်းပေးဖို့ အရေးကြီးပါတယ်။

    • ကိုငြိမ်းအေး

      February 4, 2012 at 6:42 pm

      ဘာသာရေးအမြင်ထက် ပိုမိုကျယ်ပြန့်သည့် အမြင်ဖြင့် နားလည်ပေးဖို့ လိုပါသည်။

      • sai mokkham

        April 20, 2012 at 4:23 pm

        အကိုရေ တအာမြင့်နြေ့ပီ မိရိုးဖလာအမြင်သမားတွေလိုက်နိုင်မှာမဟုတ်ဘူး နဲနဲလျော့ပြေားပေအုံးဗျ

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 26, 2011 at 6:19 pm

    ယောက္ခမကို အမေ
    ယောက္ခထီးကို အဖေ
    ( အဖေအမေသဘော )
    ယောက္ဖကို ဘရားသား
    ယောက္မ ကိုလှော်တက် ဟုတ်ပါဘူးယောင်လို့ စစ်စတား
    ( ညီအစ်ကို မောင်နှမသဘော )
    ကုလားဘုရားကို ဘုရား
    တရုပ်ဘုရားကို ဘုရား
    နတ်ဘုရားကို ဘုရား
    ဘာ ဘုရား
    ညာ ဘုရား
    သာရကာ ဘုရား
    ကွိ ဘုရား
    ကွ ဘုရား
    ဘာညာကွိကွဘုရား
    ဘုရား ဘုရား ဘယ်ဘုရားရွှေရှိပါလိမ့် ???? 😀
    ( ဘုရားတို့ကို သာမန်ခေါ်ကြသည့်သဘော )
    ဟိုဘုရားက ချဲနံပါတ်ပေးတယ်
    ဟိုဘုရားက ဟိုဘုံရောက်တယ် ဒီဘုရားက ဒီဘုံရောက်တယ်
    ( ဘုရားတို့ကို အားကိုခြင်းသဘော )
    ဟိုဘုရားက ဟိုလိုပြောတယ်
    ဒီဘုရားက ဒီလိုပြောတယ်
    ဟိုဘုရား ဒီဘုရားက ဘာညာကွိကွပြောတယ်
    ( ဗုဒ္ဓမြတ်စွာဘုရားသည် ဓမ္မ တရားကို ဟောကြားခဲ့သည် )
    ဆိုတော့ကာ
    ( (လေယာဉ်ပျံသန်းနည်း) သဘောတရား (ဓမ္မ) ) လို့ဆိုလေတော့
    နောက်က ဆရာ့ဆရာ ဂုရုကြီးတွေ ပြောဘို့ အနည်းငယ် ချန်လှပ်ထားလိုက်ပါမည်။

  • Arkar11

    December 26, 2011 at 7:22 pm

    ကိုငြိမ်းအေးရေ အထင်အမြင်မှားနေတာကို ထောက်ပြခွင့်ပြုပါ။
    အစ္စလာမ်ဘာသာဝင်တွေက တမာန်တော် မိုဟာမက် (Peace Be Upon Him) ကို Allah အသျှင်မြတ်ရဲ့ နောက်ဆုံးတမန်တော်မြတ်အဖြစ် ယုံကြည်ပြီး သူ့ရဲ့ way of life, codes of conduct တွေကို စံနမူနာ အဖြစ် သတ်မှတ်ကြပါတယ်…ဒါပေမယ့် မကိုးကွယ်ကြပါဘူးခင်ဗျား… အစ္စလာမ်မှာ Allah အသျှင်မြတ်ကလွဲပြီး အခြားမည်သည့်အရာမှ တုပနိုင်းယှဉ်ကိုးကွယ်ခွင့်မရှိပါခင်ဗျား…

    • mggwa

      December 26, 2011 at 10:06 pm

      Arkar11 က အစ္စလာမ်ဖြစ်မယ့်ပုံပဲ။ ထားပါလေ၊၊ ဘာ ဘာသာဝင်ပဲဖြစ်ဖြစ်ပေါ့။ အစ္စလာမ်ဘာသာဝင်တွေက တမာန်တော် မိုဟာမက် (Peace Be Upon Him) ကို ခေါင်းဆောင်တစ်ဦးအနေနဲ့ သတ်မှတ်တယ်မို့လား။ ဒါဆိုရင်တော့ ကိုငြိမ်းအေး Post လို သူလည်း ” ပုရှား “ ဆိုတဲ့ ခေါင်းဆောင်ဘုရားလို့ ပြောလို့မရဘူးလား။ မမြင်ရတဲ့ ကောင်းကင်ပေါ်ကအရာကိုမှ ဘုရားလို့ လက်ခံသတ်မှတ်မယ်ဆိုရင်တော့ ဘုရားတွေ ပိုများသွားလိမ့်မယ်ထင်တယ်။
      အေးလေ၊ ဘုရားတွေများတော့ ပိုကောင်းတာပေါ့။ တစ်ဆူမကယ်ရင် နောက်တစ်ဆူ ကယ်မှာလေ။ မဟုတ်ဘူးလား။

      • Arkar11

        December 27, 2011 at 11:25 am

        mggwa
        facts မှားနေတဲ့အတွက်ထောက်ပြတာပါ…ဘာသာရေးနဲ့ပတ်သက်၍ အငြင်းပွားလိုစိတ်အလျှင်းမရှိပါ…ဒီခေတ်မှာ ဘုရားဆိုတာ ဘယ်သူ့မေးမေး ကိုးကွယ်ရာလို့ဘဲ
        ပြောကြမှာပါ…မူရင်းအဓိပါ္ပယ်ကို မသိကြတော့သလို လက်ခံကြင့်သုံးခြင်းလည်း မရှိကြတော့ပါဘူး… ဒါ့ကြောင့် ဘုရား ဆိုတဲ့စကားလုံးကို ကိုးကွယ်ရာ အနေနဲ့ဘဲ ကန့်သတ်သုံးစွဲသင့်ပါတယ်…..
        (ခင်ဗျားရဲ့ “မမြင်ရတဲ့ ကောင်းကင်ပေါ်ကအရာကိုမှ ဘုရားလို့ လက်ခံသတ်မှတ်မယ်ဆိုရင်တော့” ဆိုတဲ့စကားလုံးဟာ အကြောင်းအရာတစ်ခုကို ဂဃနန မသိဘဲ ပြောချင်ရာပြောတတ်တဲ့ လူညံ့တွေရဲ့ အသုံးအနှုန်းဘဲဖြစ်ပါလိမ့်မယ်…)

        • mggwa

          December 27, 2011 at 4:54 pm

          ကိုးကွယ်တယ်ဆိုတာ ဘာ့ကြောင့် ကိုးကွယ်တာလဲ ?
          ညွှန်ပြမှုကို သဘောကျ လိုက်နာချင်လို့ ယုံကြည်လို့ လို့ ဆိုလို့မရဘူးလား ?
          မိမိ ယုံကြည်ပြီးအားကိုးလာတဲ့ ပုဂ္ဂိုလ်ပေါ်မှာ ကြည်ညိုလာမှာပဲ။
          ပုဂ္ဂိုလ်တစ်ဦးပေါ်မှာ ကြည်ညိုအားကိုးမိပြီး သူ့အဆုံးအမကို လိုက်နာလာတာကိုပဲ ကိုးကွယ်တယ် ပြောလို့ မရဘူးလား ?
          ဒီအကိုးကွယ်ခံရတဲ့ ပုဂ္ဂိုလ်ဟာ ကိုးကွယ်သူအတွက် ဘဝလမ်းညွှန် ခေါင်းဆောင် ဘုရားလို့ ဆိုလို့မရဘူးလား ?
          မမြင်ရတဲ့သူတွေနဲ့ စကားပြောနေသေးတဲ့သူတွေကိုတော့ ရွာသာကြီးက ဆရာဝန်တွေက ဆေးရုံက ပေးမဆင်းသေးဘူးတဲ့။ စဉ်းစားပေါ့လေ။

          (ဘာသာရေးအမြင်နဲ့ ပြောတာမဟုတ်ပါ၊ လူ့ အသိအမြင်နဲ့ပြောတာပါ။)

    • ကိုငြိမ်းအေး

      February 4, 2012 at 6:54 pm

      ဒီပို့စ်သည် လူ မသိမမြင်နိုင်သော သက်သေပြလို့မရသော၊ စိတ်ကူးကြံဆပြီးမှသာ သိနိုင်သော အကြောင်းအရာများကို မရည်ရွယ်ပါ။
      လူတစ်ယောက် သိနိုင်တဲ့ ပမာဏဘောင်ထဲကသာ ရေးပါသည်လို့ နားလည်ပေးပါ။

  • တောတွင်းပျော်

    December 26, 2011 at 10:42 pm

    ‘ ဘုရား ‘ ဆိုတဲ ့စကားလုံးကို ကိုးကွယ်ရာ ဘာသာရေးအပိုင်းမှာပဲ ထားလိုက်ပါတော ့….
    ခုချိန်ခုခါမှာ လူတွေက ‘ ဘုရား ‘ နဲ ့ ‘ ခေါင်းဆောင်/ကောင်း ‘ ဆိုတဲ ့ စကားလုံးအပေါ်မှာ
    သီးခြားအဓိပ္ပါယ်နဲ ့ ရှင်းရှင်းလက်ခံနေကြနေပြီ မို ့လို ့ပါ။

    ”ဆိုလိုတာက ဘုရားဆိုတာ ယောက်ျားကောင်း၊ ယောက်ျားမြတ်၊ ခေါင်း ဆောင်ကောင်း၊ ခေါင်းဆောင်မြတ်လို့ ိ နားလည်ပေးဖို့လိုပါတယ်။”
    ဒီနေမှာခေါင်းဆောင်ကောင်း၊ခေါင်းဆောင်မြတ် ဆို အမျိုးသားတွေကိုပဲညွှန်းတာလား?
    တကယ်လို ့ အမျိုးသားခေါင်းဆောင်ကောင်းကို ဘုရားလို ့ဆိုရင်
    အမျိုးသမီးခေါင်းဆောင်ကောင်းကို ဘယ်လိုခေါ်ရမလဲ?
    ကျနော်တို ့မှာ အများလက်ခံအသိအမှတ်ပြ ုတဲ ့ခေါင်းဆောင်အမျိုးသမီးကြီးတစ်ယောက်ရှိလို ့ပါ။

    အနယ်ကျ ရှင်းနေပြီးသား ရှ ုပ်သွားမှာစို းလို ့ ကျနော် ့ရဲ ့တစ်ထွာတစ်မိုက် ဉာဏ်လေးနဲ ့
    ဝင်ပွားမိတာပါ…

  • moegyothwar

    December 27, 2011 at 3:10 pm

    ဘယ်သဘောနဲ့ ဒီအသုံးမနှုံးကို သုံးလဲဆိုတာ မသိလို့ တခုတော့ပြောပါရစေ….. ဘုရားဆိုတာကို ကျွန်တော်တို့ ကိုးကွယ်ယုံကြည်တဲ့ ဘာသာရဲ့ အထွတ်အမြတ်ကိုသာ သုံးနှုံးတာဖြစ်လို့ ဘုရားရှင်က လွဲလို့ သာမန်ပုထုဇဉ်ကို မသုံးစေချင်ပါဘူး။
    ဗို်လ်ချုပ်အပါအဝင် ကျဆုံးခဲ့တဲ့ လွတ်လပ်ရေးသူရဲကောင်းတွေ ဟာကျွန်တော်တို့ အလေးထားရမဲ့၊ တန်ဖိုးထားရမဲ့သူတွေဖြစ် ပါတယ်။ တန်ဖိုးထားလေးစားပါတယ်.. အဲ….ကိုးကွယ်ယုံကြည်သက်ဝင်မှု့နဲ့တော့ရှုပ်ထွေးလာအောင် မလုပ်သင့်ဘူး ထင်ပါတယ်။

  • thantmonzaw

    December 27, 2011 at 3:15 pm

    သစ္စာလေးပါးမြတ်တရားကို သဗ္ဗေညုတဉာဏ်တော်နဲ.ကိုယ်တော်တိုင်သိမြင်တော်မူသော သူကိုမှ
    ဘုရားလို.ခေါ်ဆိုကြောင်းမှတ်သားဘူးပါတယ်။ခေါင်းဆောင်လမ်းပြသူခြင်းတူသော်ငြားလည်းရည်ရွယ်ချက်
    ပုံသဏ္ဍန်မတူညီပါ။ဗိုလိချုပ်ကမြန်မာပြည်အတွက်ပါ၊ဗုဒ္ဒကသုံးဆယ်.တစ်ပုံအတွက်ပါ။
    တောတွင်းပျော်ရဲ.comment မှာစဉ်းစားစရာလေးထပ်ပြီးpasteလိုက်ကြောင်းပါ။
    ဒီနေမှာခေါင်းဆောင်ကောင်း၊ခေါင်းဆောင်မြတ် ဆို အမျိုးသားတွေကိုပဲညွှန်းတာလား?
    တကယ်လို ့ အမျိုးသားခေါင်းဆောင်ကောင်းကို ဘုရားလို ့ဆိုရင်
    အမျိုးသမီးခေါင်းဆောင်ကောင်းကို ဘယ်လိုခေါ်ရမလဲ?
    ကျနော်တို ့မှာ အများလက်ခံအသိအမှတ်ပြ ုတဲ ့ခေါင်းဆောင်အမျိုးသမီးကြီးတစ်ယောက်ရှိလို ့ပါ။????????????

    • kai

      December 27, 2011 at 3:20 pm

      သက်ဦးဆံပိုင်ဘုရင်ခေတ်က.. ဘုရင်တွေကို ဘုရားခေါ်ကြရသလို.. အင်္ဂလိပ်ဝင်လာတော့.. အဲဒီဘိုကြီးတွေကိုလည်း.. မြန်မာတွေ ဘုရားထူးပါတယ်..။
      အရှင်ကြီး..သခင်ကြီး..ဘုရား..အရှင်ဘုရား.. ပြောခဲ့ကြသပေါ့…။
      ဒါတွေ…ဒါတွေကြောင့်.. သခင်ဘသောင်းက.. စိတ်ဓါတ်မြှင့်ပေးတဲ့အနေနဲ့.. သခင်မျိုးဟေ့.. တို့ဗမာ လုပ်ပြီး.. တို့ဗမာအစည်းအရုံးထောင်တာပါနော.. 🙂

      သိသာစေဖို့ပါ..။

      • thantmonzaw

        December 27, 2011 at 4:54 pm

        ဘုရားလို.ထူးစေချင်တဲ.ဘုရင်ကိုထူးရတော.တာေပေါ.ဗျာ။ဘုရင်.မိန်းမကိုမိဖုရားတဲ.ဗျာ၊
        မိဘုရားလို.တော.မရေးကြဘူးဗျ၊(ကျနော်သိသလောက်)။ဒါပေမဲ.ဘုရားလို.ထူးရတိုင်းဘုရား
        အစစ်မှမဟုတ်ပဲ၊ဦးဇင်းတွေကိုလဲဘုရားထူးကြတာပါပဲသူတို.ကသုတဗုဒ္ဓလို.ယူဆကြလို.ပါ။
        ဗိုလ်ချုပ်ကဗိုလ်ချုပ်ပါ၊ဘုရားကဘုရားပါ၊သပ်သပ်စီပါ။ခေါ်ဝေါ်သမုတ်တဲ.နေရာ၊အချိန်ကာလ
        ကွဲပြားပါတယ်။အဓိက က ဘုရားဆိုတဲ.အဓိပါယ်ကိုရှင်းလင်းဘို.ပါ။စကားနီုင်လုဘို.မဟုတ်ပါ။
        ကိုယ်ကဘုရားလိုထင်တဲ.လူကိုဘုရားခေါ်ချင်ရင်တော.သဘောပါပဲ။
        စိတ်၏ကျမ်းမာခြင်းနဲ.ပြည်.စုံပါစေဗျာ…

      • mggwa

        December 27, 2011 at 5:06 pm

        ဒီခေတ်မှာလည်း ဘုရားထူးခေါ်နေရတဲ့ ဘဝတွေကလွတ်အောင် ကြိုးစားဖို့ မကောင်းလား ?
        မှန်ပါ့ဘုရား၊ တင်ပါ့ဘုရားတွေက စဉ်းစားစရာ ? ? ? ?
        လူလူချင်း ဒူးတုတ်ပြီး ကျုံ့ကျုံ့လေးဆက်ဆံနေရတာကိုက စဉ်းစားစရာ ? ? ? ?
        မိမိကိုယ်ကိုယ် မိမိ ခေါင်းဆောင်ကောင်း ဘုရားဖြစ်အောင်ကြိုးစားဖို့ မလိုလား ?
        အဲဒါဆို နောက်လိုက်ကောင် ဖြစ်အောင် ကြိုးစားရမှာပဲ။
        နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်မှာလေ။

        (ဘာသာရေးအမြင်နဲ့ ရေးတာမဟုတ်ပါ၊ လူ့ အသိအမြင်နဲ ရေးတာပါ။)

  • True Answer

    December 27, 2011 at 4:04 pm

    ကျနော်တို ့မှာ အများလက်ခံအသိအမှတ်ပြ ုတဲ ့ခေါင်းဆောင်အမျိုးသမီးကြီးတစ်ယောက်ရှိနေတယ်ဆိုတာ ကို သတိရပါ။ ဆိုတဲ့ ကို တောတွင်းပျော် saying ကို သဘောကျပါတယ်ဗျာ။

    ဘာဝါဒီ ညာဝါဒီသမားတွေကတော့ …
    ဟိုလိုလို ဒီလိုလို အသုံးအနှုန်း တွေနဲ့ပဲ၊
    ရှိသယောင် မရှိသယောင်၊
    ဟုတ်သလို မဟုတ်သလို၊
    လက်ခံသလို လက်မခံသလို၊
    ငြင်းပယ်သယောင်၊ မငြင်းပယ်သယောက်၊
    နဝေတိမ်တောင်အယူအဆတွေကို ချပြနေဆဲပါပဲ။
    နဝေတိမ်တောင် အယူအဆနောက်ကွယ်က အကြံအစည်ကိုတော့
    မိမိကိုယ်တိုင်သာ အသိဆုံးဖြစ်ပါလိမ့်မယ်။

  • poeaung6

    December 27, 2011 at 4:16 pm

    ကိုငြိမ်းအေးရေ ဘုရား ဆိုတဲ့ဝေါဟာရကို အနက်ဖွင့်ရင် အဓိပယ်ကောက်လွဲနိုင်ပါတယ် ဗိုလ်ချုပ်ကို ဘုရား လို့တင်စားရင် မြတ်စွာဘုရားကို ဘယ်နာမ်းစား သုံးမလည်း လောကီ အသုူံးနဲ့ လောကုတ်တရာ အသူံး မရောစေချင်ပါ အဓိပယ်လည်းမတူပါ လုပ်ဆောင်ချက်ချင်းလည်းမတူပါ ဘာသာတိုင်းမှာ ဘုရား ဟာ တစ်ဆူသာရှိပါတယ် နောက်ပြီး ယခုလောကမှာ ဝေါဟာရ ကြွယ်ဝနေပါပြီ ယခင်ခေတ်များက ဝေါဟာရ တီထွင်မှုအားနည်းပါတယ် ဒါဟာလည်း မြန်မာ စကားမှာ မွေးစားစကားတွေကိုကြည့်ရင်သိနိုင်ပါတယ်

  • မိုးချမ်းမြေ့

    December 27, 2011 at 6:02 pm

    ဘုရားစွဲ..။ တရားစွဲ..။ ဘုရင်စွဲ..။ မူးမတ်စွဲ..။ ဗိုလ်ချုပ်စွဲ..။ ရဲဘော်စွဲ..။ သူဌေးစွဲ..။ သူတောင်းစားစွဲ။ သောတာပန်စွဲ…။ ငရဲစွဲ…။ အလှူရှင်စွဲ…။ အလှူခံစွဲ..။ ဓမ္မကတိကစွဲ..။ နောက်လိုက်တပည့်စွဲ…။ တရားပွဲကျင်းပသူစွဲ…။ တရားနာသူစွဲ…။ အလုပ်ရှင်စွဲ..။ အလုပ်သမားစွဲ..။ တရားသူကြီးစွဲ..။ တရားခံစွဲ..။လာဘ်ပေးစွဲ..။ လာဘ်ယူစွဲ…..နဲ့…စွဲချင်သလိုစွဲကြစမ်းပါ…။ သေခြာတာကတော့…ဘယ်အစွဲကမှ..no good ပါ..။ နောက်ဆုံးကုန်ကုန်ပြောရရင်…တရားစွဲတောင်မှမထားပဲ…ဖောင်ကဲ့သို့ကျင့်ကြပါဆိုထဲက.. ဗုဒ္ဓရဲ့…ရှေ့ဆောင်လမ်းပြမှုနဲ့…ကျုပ်တို့ဗုဒ္ဓဘာသာစွဲသမားတွေနဲ့က…လားလားကြီးဆန့်ကျင်နေတယ်ဆိုတာကို ပေါ်လွင်သွားအောင်ဖေါ်ပြပေးလိုက်တဲ့…ကိုငြိမ်းအေးရေ….Thank you very much..ပါပဲ..။

  • unclegyi1974

    December 27, 2011 at 8:57 pm

    ကိုငြ်ိမ်းအေးရေ ခင်ဗျားရဲ့အဆိုကိုကန့်ကွက်ပါတယ်ဗျာ
    ဘုရားအဖြစ်ကိုရောက်အောင်ကျင့်ရတာကိုကဘယ်လောက်ဆိုတာဗုဒ္ဓဘာသာမှန်ရင်
    သိပါတယ် ဘုရားကဘာတွေဟောပြောသွန်သင်ခဲ့သလဲ
    ဗိုလ်ချုပ်ကဘာတွေပြောဆိုဆုံးမခဲ့သလဲဘာမှမတူပါဖူးဗျာ
    ဘုရားကလောကီကလွတ်မြောက်အောင်နည်းလမ်းပေးပြီးကျင့်ကြံကြဖို့ပြောတာပါ
    ဗိုလ်ချုပ်ကလောကီစည်းပွားနိုင်ငံတိုးတက်အောင်ပြောကြားတာပါ
    ဘာဆိုဘာမှရည်ရွယ်ချက်မတုူပါဖူး
    ထို့အတူပဲတီထွင်ခဲ့တဲ့လူတွေလည်းလောကကလွတ်မြောက်အောင်ဘယ်သူမှ
    မတီထွင်နိုင်သေးပါဖူးဗျာ
    ဘယ်လိုမှမတူတာတွေကိုအတင်းတူအောင်လိုက်ပြီးဆွဲစိလိုက်တာလို့ပဲမြင်တယ်ဗျာ
    ကျွန်တော်ကိုကအမြင်နည်းနေလို့ဖြစ်နိုင်ပါတယ်လေ

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 27, 2011 at 9:27 pm

    ဤမှန်သောသစ္စာစကားကြောင့် အဟံ ဘဒ္ဒ န္တ မိုက်ကယ်ဂျော်နီအောင်ပု တည်ဟူသော
    ငါ ( အတ္တဖြုတ်၏ ) သည် မင်္ဂလာ စုံတွဲ ရှစ်ဆယ့်ခြောက်ခါ ဆက်တိုက်ပေါက်၍
    ဤ ရွာအတွင်း နေထိုင်လေသော သေးပေါက်လျှင် ရေနံဆီထွက်သော
    အကြင် လင်လိုခြင်နေသော အပျိုကြီး နှင့် ဘဝ ဆက်တိုင်း လွဲရပါစေသဒီး ( မာနဖြုတ်၏ )
    …………………………
    ………………………..
    ကိုငြိမ်းအေးခင်ဗျား
    ဘုရားဟူသည် သက်ဆိုင်သူ၏ ခံယူချက် ( ယုံကြည်ကိုးစားခြင်း ) ပေါ် မူတည်၍ များစွာ ရှိသော်ငြားလည်း
    ( ဓမ္မ ) ဟူသည် သဗ္ဗညု မြတ်စွာ ဘုရားရှင်တော်မြတ်သည်သာ
    ( ဤတွင် ပွင့်တော်မူပြီေးလသော မြတ်စွာဘုရားရှင်တို့သည် တူညီသော ဓမ္မ သဘောရှိကုန်၏ )
    ဟောကြားတော်မူသည်ဖြစ်ပြီးပါလျှင်
    ထိုသော မြတ်စွာဘုရား ရှင်တော် မြတ်တို့၏ နိဗ္ဗာန် ရောက်ကြောင်း ( ဓမ္မ ) တရားတော် မြတ်တို့သည်ကား
    လောကီ လိင်ဗျံမှ သည် အိုးပုတ် ဂျိုးရုတ်ထိ မသက်ဆိုင်ပါကြောင်း
    ရိုးသားစွာ သတိပေးအပ်ပါသည်ခင်ဗျ

  • mgmaung

    January 1, 2012 at 5:48 pm

    သက်ဆ
    ဗိုလ်ချုပ်ကို

  • mgmaung

    January 1, 2012 at 5:56 pm

    သက်ဆိုင်ရာ ဘုရားတိုင်မှာ ဂုဏ်ရည်တွေ ရှိကြပါသည်/
    ဗိုလ်ချုပ်အောင်ဆန်းကို ခေါင်းဆောင်မို့ (ပုရှား)ဘုရားလို့ ဂုဏ်တင်မယ်ဆိုရင်တော့ တွေ့ရတဲ့ ဂုဏ်ရည်တွေက
    ၁။ တစ်မျိုးသားလုံးကို ဦးဆောင်မှုပေးနိုင်ခြင်း/
    ၂။ စည်းလုံးညီညွတ်အောင်စွမ်းဆောင်နိုင်ခြင်း/
    ၃။ အမှန်တရားအတွက် တော်လှန်လိုစိတ်ကြီးခြင်း/
    ၄။ မိမိကိုယ်ကို ယုံကြည်မှု အားကြီးခြင်း/
    ၅။ တည်ကြည်ပြတ်သားခြင်း/
    ၆။ မျိုးချစ်စိတ် ထက်သန်ခြင်း/
    ၇။ ရဲစွမ်းသတ္တိကြီးခြင်း/
    ၈။ မဟုတ်မမှန်တာ မလုပ်လိုခြင်း/
    ၉။ ကိုယ်ကျိုးမကြည့်ခြင်းတွေ တွေ့ရပါတယ်။

    (ထပ်တွေ့သေးရင် ဖြည့်ပေးကြပါ။)

  • Don Juan Ronald

    April 20, 2012 at 7:46 pm

    သိပ် လေး နက် လွန်း လို့ ဝင် မ ရှုပ် တော့ ဘူး ။

  • Don Juan Ronald

    April 20, 2012 at 7:47 pm

    သိပ် လေး နက် လွန်း လို့ ဝင် မ ရှုပ် တော့ ပါ ဘူး ။

Leave a Reply