၂၀၁၂-ကိုအကောင်းမြင်တဲ့ ခြေလှမ်းတွေနဲ ့ဆက်ပြီးလျှောက်မယ်

phone_kyawDecember 27, 20111min2047

နှစ်ဟောင်းကုန်လို ့နှစ်သစ်ဖြစ်တဲ့ ၂၀၁၂-ကိုရောက်လာပြီဖြစ်တဲ့အတွက် ဆုတောင်းစာ၊ ချီးမွှမ်းစာအနေနဲ ့ ဒီစာကို ရေးပါတယ်။ ရင်ထဲကလာတဲ့ စကားလုံးတွေဖြစ်ကြောင်း ကြိုတင်ပြောပါရစေ။ ကျနော်က နိုင်ငံရေးပါရဂူမဟုတ်ပါ။ ဒါ့ကြောင့် လိုတာကိုဖြည့်ပြီးဖတ်ပါ။ ပိုတာကို ဖယ်ပြီးဖတ်ပါလို ့ ပထမဆုံးမေတ္တာရပ်ခံချင်တယ်။

အရမ်းကို အံ့ဩစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။ ဘယ်နို်င်ငံမှ မရှိတဲ့ စေ့စပ်ညှိနှိုင်းရေးမှုးတစ်ဦး မြန်မာပြည်မှာရှိခဲ့ပြီ။ သူကတော့ ရထားဝန်ကြီး ဦးအောင်မင်း။ ရထားဝန်ကြီးရဲ  ့အလုပ်က မြန်မာနိုင်ငံတွင်းမှာ ရထားတွေခေတ်မှီအောင်၊ အဆင့်အတန်းမြင့်အောင်လုပ်ရမယ်။ ပြည်သူတွေအဆင်ပြေချော့မွေ ့စွာခရီးသွားလာနိုင်အောင် စီမံဆောင်ရွက်ရမယ်။ ရထားလမ်းတွေ တိုးချဲ  ့တာ၊ မွန်းမံတာကို မျက်ခြေမပြတ်လုပ်ရမဲ့အလုပ်က ရထားဝန်ကြီးရဲ  ့အလုပ်ဖြစ်တယ်။ ဒါက နိုင်ငံတကာက ရထားဝန်ကြီးတွေ လုပ်ရတဲ့အလုပ်။ သို ့သော် သူများနိုင်ငံနဲ ့မတူ ၊ တမှုထူးခြားစွာ မြန်မာနိုင်ငံက ရထားဝန်ကြီးဟာ ရထားအလုပ်ကို မလုပ်ပဲ ပွဲစားလုပ်ရတယ်လို ့ဗျာ။ ထူးခြားနေတာကို ပြောတာပါ။ သူ ့ကိုရထားဝန်ကြီး မခန် ့ပဲ ငြိမ်းချမ်းရေးကိုယ်စားလှယ် (သို ့) ဝန်ကြီးခန် ့လိုက်ရင် ပိုလို ့တောင် သင့်တော်အုံးမယ်။

သူကလည်း အတော်ကြိုးစားပမ်းစား နဲ ့ထိုင်းနိုင်ငံတခွင်လုံးပတ်ပြီး ကွတ်တီရိုစားလိုက်၊ လောက်ခေါင်သောက်လိုက်နဲ ့။ ပြီးရင် အတိုက်အခံ နဲ ့သူပုန်တွေကို စည်းရုံးလိုက်ဆိုတော့ ၂၀၁၁-အတွက် သူ ့ကို The Man of Year 2011 ဆိုပြီး ဘုန်းကျော်ဘလော့ဂ်ကနေ ပေးချင်တဲ့အထိ စေတနာရှိပါတယ်။ သူနဲ ့တွေ ့ချင်တဲ့သူတွေကလည်း အတိုက်အခံလောကမှာ တစ်ပုံကြီးဖြစ်နေပြီ။ အနဲဆုံး ဓာတ်ပုံလေးများ တွဲပြီးရိုက်လိုက်ရရင်တောင် ခေတ်မှီသလိုမျိုး။ ဘာပဲဖြစ်ဖြစ် ရှေ  ့ဆက်တိုးပါ ရထားဝန်ကြီးရယ်လို ့ပဲ ပြောချင်ပါတယ်။

ဒီကာလမှာခေတ်စားနေတဲ့ Development တွေအကြောင်း နဲနဲလောက်ပြောချင်တယ်။ စစ်တွေ၊ ထားဝယ်၊ သီလဝါစတဲ့ စီမံကိန်းကြီးတွေအကြောင်းပါ။ ဒေါ်လာ ဘီလီလျံအများအပြားနဲ ့တည်ဆောက်နေတော့ တိုင်းပြည်အတွက်အထူးပဲ အကျိုးအမြတ်ရနိုင်ပါတယ်။ အလုပ်အကိုင်၊ အရင်းအနှီး၊ နည်းပညာတွေလည်း စီမံကိန်းနဲ ့အတူပါလာတာကို တွေ ့နေရတယ်။

သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ရွာတွေအရွှေ  ့ခံရမှု၊ လူ ့အခွင့်အရေးတွေ ချိူးဖောက်ခံရမှုတွေလည်း မြင်နေကြားနေရတယ်။ ဒီနေရာမှာ မကြားရတာက စီမံကိန်းကနေ အမြတ်ငွေဘယ်လောက်ရမှာလဲ။ အလုပ်အကိုင်အခွင့်အလမ်းတွေဘယ်ေ

လာက် ဖန်တီးပေးနိုင်မှာလဲဆိုတာကို စာရင်းဇယားနဲ ့မတွေ ့ရသေးဘူး။ စီမံကိန်းတည်ဆောက်နေတဲ့ကာလမှာတောင် ကျွမ်းကျင်အလုပ်သမားတွေအများစုက ပြည်တွင်းက မဟုတ်ပဲ ပြည်ပနေခေါ်ယူတင်သွင်းနေတာကို မြင်နေရတယ်။ဥပမာ မြစ်ဆုံမှာ တရက်ကားမောင်းတဲ့လူတောင် တရုတ်တွေဖြစ်နေတာကိုကြည့်ပါ။ ရခိုင်ဘက်က ရွှေဂစ်စီမံကိန်းမှာလည်း ကိုယ်တော်ချောတရုတ်တွေပဲ နေရာတိုင်းမြင်နေရတော့ တိုင်းပြည်ထဲက လူတွေသူများကိုတောင်ခိုင်းစားနေရပြီလို ့တောင် ပြောရမလိုဖြစ်နေပြီ။

ဖြစ်စေချင်တာက ဒီလိုစီမံကိန်းတွေမှာ မြန်မာတွေကို သုံးပုံပုံရင် နှစ်ပုံလောက် ခန် ့သင့်တယ်။ သူများတွေနဲ ့တွဲပြီး ပညာယူသင့်တယ်။ ဒီလိုအခွင့်အလမ်းကို အစိုးရက ဥပဒေနဲ ့တိတိကျကျပြဌာန်းသင့်တယ်။  အခုတော့ မြန်မာတွေဟာ စီမံကိန်းတိုင်းမှာ အောက်ခြေသိမ်းအလုပ်ဖြစ်တဲ့ လက်နဲ ့မြေတူးတာ ဘေးကနေ သူများတွေကို ကူညီတာပဲတွေ ့နေရတယ်။

ဘယ်စီမံကိန်းပဲဖြစ်ဖြစ် လက်တလောမြင်နေရတာက တိုင်းရင်းသားနယ်မြေတွေထဲမှာဖြစ်နေတယ်။ ထွက်လာမဲ့အကျိုးအမြတ်တွေဟာ ဗဟိုအစိုးရလက်ထဲ (သို ့) Bank Account ထဲကိုပဲ ဝင်သွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ အစိုးရအနေနဲ ့အကျိုးအမြတ်တွေကို တကယ်ပိုင်ရှင်အစစ်တွေလက်ထဲကို များများထည့်ပေးဖို ့လိုတယ်။ အမြတ်ငွေရဲ  ့ရာခိုင်နှုံးအတော်များများကို သူတို ့နယ်မြေဖွံ ့ဖြိုးရေးအတွက် ခွဲဝေသုံးဆွဲသင့်တယ်။

ဒါပေမဲ့လက်ရှိအနေအထားထိ အစိုးရမှာ ဒီလိုစဉ်းစားချက်မျိုးတောင်မရှိသေးဘူး။ သူတို ့မရှိပေမဲ့ ပိုင်ရှင်တွေဖြစ်တဲ့ ရခိုင်တို ့၊ ရှမ်းတို ့မှာ အထူးသဖြင့်တာဝန်ရှိတယ်။ ကိုယ့်ပစ္စည်းကိုသူများက လာတူးပြီးရောင်းစားတယ်။ ပြီးရင် ကိုယ်က ဘာမှပြန်မရတဲ့အပြင် ရွာတွေတောင်ရွှေ  ့ပေးရသေးတယ်။ ဒါ့ကြောင့် တိုင်းရင်းသားတွေ မညံ့ဖို ့အရေးကြီးတယ်လို ့ပြောချင်တယ်။

လက်ရှိစီမံကိန်းရဲ  ့ဘေးပတ်ဝန်းကျင်က ရွာတွေကို နစ်နာကြေးပေးတာ တအားနဲတယ်။ တရုတ်ကုမဏီတွေကတရုတ်လုပ်အပေါစားတီဗွီနဲ ့ငွေကြေးအနဲငယ်လောက်ပဲပေးနေတယ်။ ဒီကိစ္စအတွက် သက်ဆိုင်ရာ လွှတ်တော်အမတ်တွေ ဘာမှ မလုပ်သေးတာ အတော်အံ့ဩမိတယ်။

တချိန်တုန်းက မကြားဘူးတဲ့ ထိုင်းနိုင်ငံရောက်အလုုပ်သမားတွေကို ကူညီတာ၊ ပတ်စ်ပို ့ထုတ်ပေးတာတွေဟာ အရမ်းကို ကျေနပ်စရာကောင်းနေတယ်။ အရင်တုန်းက မြန်မာတွေဟာ ခိုးကြောင်ခိုးဝှက်အနေအထားမျိူးနဲ ့ထိုင်းမှာကျွန်ခံနေစရာမလိုတော့ဘူး။ ပေါ်တင်ရဲရဲဝံ့ဝံ့ သွားလာနိုင်ပြီ။ အစိုးရကိုယ်တိုင် ပါဝင်ပက်သက်လာတော့ အလုပ်သမားတွေအနေနဲ ့အားကိုးရလာပြီ။ ထိုင်းအစိုးရက လုပ်ချင်သလို လုပ်ဖို ့မဖြစ်နိုင်တော့ဘူး။

ဒီလိုအနေအထားမျိုးဖြစ်အောင်လုပ်ပေးတဲ့အစိုးရကို ကျေးဇူးတင်စရာတော့မလိုဘူး။ ဒါက သူတို ့အလုပ်။ သူတို ့အလုပ်ကိုသူတို ့လုပ်တာကို အားအားယားယားကျေးဇူးတင်ရင် မြောက်ကိုးရီးယားလို Great Leaders and Dear Leaders ဆိုပြီး ဖြစ်နေအုံးမယ်။

နောက်တစ်ခုအားရစရာကောင်းတာက အလုပ်သမားအရေးနဲ ့ပက်သက်ပြီး တိုင်းပြည်ထဲမှာ ဘဏ်လေးခုကို ငွေကြေးလုပ်ပိုင်ခွင့်ပေးတာ အရမ်းကောင်းတယ်။ ဒီနေရာမှာ မေးချင်တာက ဘာ့ကြောင့်အားလုံးသော ဘဏ်တွေကို ဒီလိုအခွင့်အလမ်းတွေမပေးတာလဲ။ ကျနော့်အမြင်ကတော့ အားလုံးကိုပေးသင့်တယ်။

ဒီနေ ့အထိပြည်ပကနေ အလုပ်လုပ်ပြီး တိုင်းပြည်ထဲက လူတွေကို ငွေလွှဲတာ အရမ်းစိတ်ကုန်နေပြီ။ ဟွန်ဒီနဲ ့က အလုပ်မဖြစ်ဘူး။ တိုင်းပြည်လည်း အခွန်မရဘူး။ ကျနော်တို ့လိုလူတွေအတွက်လည်း အရမ်းနစ်နာရတယ်။ အမှန်တကယ်ပေါက်ဈေးကို မရဘူး။ ပြီးရင်အလိမ်လည်းခံရသေးတယ်။ ဥပမာ စင်္ကာပူမှာ ဒေါ်လာသန်းနဲ ့ချီပြီး လိမ်သွားတဲ့ကိစ္စဆိုရင် ဘယ်လောက်သနားစရာကောင်းလဲ။ မြန်မြန်လွှဲလို ့ရပါစေဆိုပြီး ဆုတောင်းနေပါတယ်။

ဒိထက်ကောင်းတဲ့ အပြောင်းအလဲတွေလုပ်ဖို ့များများလိုသေးတယ်လို ့မြင်တယ်။ ဥပမာ အမြဲတမ်းလူတွေပြောနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ပွင့်လင်းလာရေး နဲ ့ တရားရေးစနစ်ခိုင်မာသထက်ခိုင်အောင်လုပ်ဖို ့ဖြစ်ပါတယ်။ ဒါတွေကိုမြန်မြန်နဲ ့များများပေးဖို ့ ချက်ချင်းလုပ်ပေးပါ။

လက်ရှိအခြေအနေအထိတော့ အစိုးရလုပ်နေတာတွေကို အားလုံးလိုလိုထောက်ခံနေတယ်။ ဒါပေမဲ့ အစိုးရ ့ဖြစ်ချင်တဲ့အတိုင်း လုပ်နေတာကိုတော့ မကြိုက်ဘူး။ ပြည်သူလူထုရဲ  ့အသံတွေကို နားထောင်ပြီးလက်နာဖို ့လိုသေးတယ်။ အကောင်အထည်ဖော်ဖို ့လိုသေးတယ်။ ခေါင်းတော့ညိမ့်တယ်။ ပြီးရင် မေ့ချင်ယောင်ဆောင်တာမျိုးလည်း မကောင်းဘူး။ လက်ရှိအနေအထားထက် ပိုပြီးပွင့်လင်းလာရင် ကောင်းလာရင် လူတိုင်းက အားပေးမှာပဲ။

နောက်ဆုံးတစ်ခုတောင်းဆိုချင်တာက ပြည်ပမှာရှိနေတဲ့မြန်မာပညာရှင်တွေနဲ ့စီးပွားရေးသမားတွေကို ပြန်လာပါ။ တိုင်းပြည်ထဲမှာလာလုပ်ပါဆိိုုယုံနဲ ့မလုံလောက်သေးဘူးလို ့မြင်တယ်။ သူတို ့တွေကို Offer ပေးရမယ်။ ဥပမာ ရာထူး၊ လစာ နဲ ့အာမခံကောင်းကောင်းပေးရမယ်။ ဒါမှ သူတို ့တွေ ပြန်လာချင်တဲ့စိတ်ရှိမယ်။ အထူးသဖြင့် မက်လုံးပေးကိုပေးရမယ်။ မည်သည့်အလုပ်မဆို အလုပ်ခေါ်ရင် မက်လုံးပေးရပါတယ်။ ဒါမှ လုပ်ချင်တဲ့ Motivation ရှိလာမယ်။ ပြန်လာပါဆိုယုံနဲ ့ပြန်လာမှာမဟုတ်ဘူး။လူတိုင်းက တိုင်းပြည် ချစ်တော့ချစ်တယ်။ ထမင်းတော့ အငတ်မခံနိုင်ဘူး။ အနဲဆုံးကိုယ့်မိသားစုဖူလုံဖို ့အရေးကြီးတယ်။

အစိုးရကသာ နဲနဲလေးပျော့လာရင် အတိုက်အခံကော ပြည်သူကော အလိုလိုပျော့လာမှာဖြစ်တဲ့အတွက် တိုင်းပြည်စည်းလုံးစေချင်ရင် ဒိထက်ပိုပြီးပျော့ပြောင်းတဲ့ချည်းကပ်မှုတွေနဲ ့အတိုက်အခံကိုချည်းကပ်ကြည့်ပါ။ အတိုက်အခံကလည်း မိမိဖြစ်ချင်တာတွေကြီးပဲ မကြည့်ပဲ ပြေလည်နိုင်မဲ့ နည်းလမ်းကိုလည်း ရှိထားစေချင်တယ်။

နောက်ဆုံးအနေနဲ ့ရထားဝန်ကြီးရာထူးကနေ လေယျာဉ်ဝန်ကြီးရာထူးတောင်ရနိုင်တယ်ဆိုတာကို ပြောချင်ပါတယ် တကယ်လို ့ ဒိထက်ပိုပြီးအောင်မြင်လာရင်။ ၂၀၁၂-မှာ ဦးသိန်းစိန်ဦးဆောင်သော အစိုးရ၊ ဒေါ်စုဦးဆောင်သော အတိုက်အခံနှင့်တကွ အားလုံးသော မြန်မာပြည်သူတိုင်း ကျန်းမာပျော်ရွှင်ကြပါစေ။

အားလုံးသောဘက်တိုင်းကလူတွေ အစိုးရအဖွဲ ့ထဲမှာ ပါဝင်နိုင်ပြီး တိုင်းပြည်နဲ ့လူမျိုးအတွက် အလုပ်လုပ်နေတာကို ၂၀၁၂-မှာ မြင်နိုင်ပါစေလို ့ဆုတောင်းမိပါတယ်။

၂၀၁၂-ကိုအကောင်းမြင်တဲ့ ခြေလှမ်းတွေနဲ ့ဆက်ပြီးလျှောက်မယ်

7 comments

  • KoNyeinChan

    December 27, 2011 at 7:35 pm

    ((((၂၀၁၂-ကိုအကောင်းမြင်တဲ့ ခြေလှမ်းတွေနဲ ့ဆက်ပြီးလျှောက်မယ် )))) ဆိုလို ့ သာဓု ဗျာ သာဓု..
    ဟေ့လူ ကိုဘုန်းကျော်.. ကျုပ်ခင်ဗျားကို အကြံဉာဏ်ပေးချင်တာက သူတပါး သုတ ရသ ရမယ့် စာမျိုးဘဲ ကြိုးစားရေးပါလို ့.. ကောင်းသော စာတွေကိုဆက်ရေးနိုင်ပါစေဗျာ…
    နှုတ်တစ်ရာ စာတစ်လုံးတဲ့. ယောကျင်္ားပါးစပ်က ထွက်တဲ့ ကတိ တည်ပါစေဗျာ….

    • ငပေါက်ဖော်

      December 27, 2011 at 7:44 pm

      ဟင့်..
      ချင့်ယုံ..ချင်ယုံ..
      ဟိုတစ်နေ ့ကတင်.အယ်ဒီတာတွေကို ကစ်ပြီး ရန်တိုက်ပေးသွားတယ်
      အဲဒီ ငပုံးကျော်က စိတ်မှန်တာမဟုတ်ဘူး..

      😆

  • နီလေး

    December 28, 2011 at 10:39 am

    စီမံကိန်းတည်ဆောက်နေတဲ့ကာလမှာတောင် ကျွမ်းကျင်အလုပ်သမားတွေအများစုက ပြည်တွင်းက မဟုတ်ပဲ ပြည်ပနေခေါ်ယူတင်သွင်းနေတာကို မြင်နေရတယ်။ဥပမာ မြစ်ဆုံမှာ တရက်ကားမောင်းတဲ့လူတောင် တရုတ်တွေဖြစ်နေတာကိုကြည့်ပါ။ ရခိုင်ဘက်က ရွှေဂစ်စီမံကိန်းမှာလည်း ကိုယ်တော်ချောတရုတ်တွေပဲ နေရာတိုင်းမြင်နေရတော့ တိုင်းပြည်ထဲက လူတွေသူများကိုတောင်ခိုင်းစားနေရပြီလို ့တောင် ပြောရမလိုဖြစ်နေပြီ။

    ဖြစ်စေချင်တာက ဒီလိုစီမံကိန်းတွေမှာ မြန်မာတွေကို သုံးပုံပုံရင် နှစ်ပုံလောက် ခန် ့သင့်တယ်။ သူများတွေနဲ ့တွဲပြီး ပညာယူသင့်တယ်။ အခုတော့ မြန်မာတွေဟာ စီမံကိန်းတိုင်းမှာ အောက်ခြေသိမ်းအလုပ်ဖြစ်တဲ့ လက်နဲ ့မြေတူးတာ ဘေးကနေ သူများတွေကို ကူညီတာပဲတွေ ့နေရတယ်။
    ကိုဘုန်းကျော်ရေ ဒီအဆိုလေးကိုတော့ထောက်ခံပါတယ် အင်မတန်မှဝမ်းနည်းဖို့တဲ့ကိစ္စလေးတွေပါ အစိုးရက မသိတာလား မသိဟန်ဆောင်နေတာလားတော့မသိပါဘူး ပညာတတ်လူငယ်တွေအများကြီးပါ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးဖို့ အမှန်တကယ်လိုအပ်နေပါတယ် ဒီလိုအခွင့်အလမ်းကို အစိုးရက ဥပဒေနဲ ့တိတိကျကျပြဌာန်းသင့်တယ်။ အစိုးရက အလုပ်အကိုင်ဖန်တီးပေးဖို့ စာလေးတစ်စောင်လောက်ထွက်နေရုံနဲ့မလုံလောက်ပါဘူး တကယ်ကို တင်းတင်းကျပ်ကျပ်လုပ်သင့်ပါတယ် တရုတ်တွေက ကို့မြန်မာနိုင်ငံထဲမှာ လုပ်ချင်သလိုလုပ်နေတာကို မြင်နေရတာမို့ တကယ်ကို မခံချင်စရာအကောင်းဆုံးပါ

    • ကြောင်ကြီး

      December 28, 2011 at 10:43 am

      ရွာထဲက မမှန်ဆိုသူလေးကတော့ မြန်မာပြည်မှာ တရုတ်တွေလာရင်းနှီးမြှုပ်နှံတာ စေတနာအပြည့်နဲ့ဆိုပဲ…။ သနားလို့ဆိုလား ဘာလား…။ မမှန်ရေ..နင်တို့အမျိုးတွေ မကောင်းကြောင်း ရွာထဲလာဖွသူရှိနေပြီ။ ဒါကြတော့ မမြင်ချင်ယောင်ဆောင်နေရလား….။ ငါ့တုန်းကကြတော့ ပြောလိုက်တာ ရစရာမရှိအောင်။ နင်မပြောရင် ငါပြောမယ်..နင့်ကိုငါခြစ်ချင်တယ်…ဂျစ် ဂျစ် ဂျစ်…။

  • etone

    December 28, 2011 at 11:49 am

    လူတွေ .. လူတွေ … အမှတ်ကို မရှိဘူး … ။ မိအေး ကမှ နှစ်ခါနာသေးတယ် … သူတို့က သုံးလေးကြိမ်နာတာတောင် မမှတ်သေးဘူး … ။ ဒီလူရေးသမျှ ဂွကျကျတွေချည်းမို့ …. ပြန်မဆွေးနွေးလျှင် တယောက်ထဲ လေသွားမှာပဲ … ။ လက်မစောင့်စည်းမှုကြောင့် … သူလည်း နေပျော်သွားပြန်ပြီ … ။
    ရေးချင်တဲ့လူရေး…… နာကတော့ … ယနေ့မှစ နှစ်တရာတိုင် သူ့ပို့စ်အောက်မှာ ကော့မန့် လုံးဝ လုံးဝမရေးတော့ပါ … ။ဆဲချင်ဆဲ ဆိုချင်ဆို .. သောက်ရေးလုပ်ပြီး မဖတ်တော့ပါ …. ။

    သူ့ပို့စ်မှန်းမသိလို့ ကလစ်နှိပ်ရင်း ရောက်လာလို့ ရေးလိုက်မိပြန်တယ် … နောက်ဆို ဆင်ခြင်တော့မယ် ။ 😡

  • ဒီလူဗျာ. အသံကောင်းဟစ်လို ့။သူ ့စာကိုလက်မခံတဲ ့အယ်ဒီတာကိုစောင်းဆဲသလိုလိုနဲ ့သိမ်းကျုံးဆဲသွားလိုက်တာ။
    မရှက်တယ်ဗျာ။လူပါးဝလို ့။

  • kosharshi

    December 28, 2011 at 2:49 pm

    စာကို စာလိုပဲဖတ်ပါသည်ခင်ဗျား..

Leave a Reply