Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“မန္တလေးရဲ့ ရှေးရှေးက စားသောက်ဆိုုင်”(အဝေးရောက်မန်းလေးသားများအမှတ်တရ)

1 ဒါကတော့ 29လမ်း 80-81 ကြားက ကျနော်ငယ်ငယ်ကစားခဲ့တဲ့ ဦးစိန်ခေါက်ဆွဲဆိုင် အရင်ကလို့တော့ တဲလေးမဟုုတ်တော့ဘူး တိုက်ဖြစ်သွားပြီ
2ဒေါ်စင်းယုံဆီချက် မီးလောင်ပြီးမှ ပြင်ထားတာပါ အရင်က အခန်းကျဉ်းကျဉ်းလေးပေါ့
3 တစ်ချိန်က မန်းလေးမြို့ က ပျော်တတ်သူများအတွက် ပျော်တော်ဆက်ခဲ့တဲ့ ရုံတော်ကြီး
4 ကိန်ကြည် စားသောက်ဆိုင် အုခုတော့ အိမ်အသစ်နဲ့သားနားသွားပြီ
5 ဒီဆိုင်ကတော့ မင်းဟိန်းနဲ့ ရုံစိန် ခေါက်ဆွဲဆိုင် ဒီဆိုင်က ဝက်သားသုတ်နဲ့ ထမင်းပေါင်းနာမယ်ကြီးတယ်
6 အရင်က တော့ ဘုရားဆင်းတုတွေအများကြီးရှိတဲ့ခေါက်ဆွဲဆိုင်ရွှေနဂါးရုပ်ရှင်ရုံရှေ့က
7 ဒါကတော့ 83လမ်းက နာမည်ကျော် မင်းမင်းကျော်ကဖေး
၈ဒီဆုိုင်လေးကို တော့ သွားဘူးသူတွေအမှတ်ရကြမယ်ထင်ပါတယ် 82-83ကြား 31လမ်း
9 ရွှေဝါ လမ်း80 32-33ကြား မှာပါ
10 ဒါကတော့ 31လမ်းက နာမည်ကျော် ကားပင်း သွားဘူးသူတိုင်းသိတယ်နော်

 

 

“မန္တလေး ရှေးရှေးက စားသောက်ဆိုင်”

 

“မလွမ်းစကောင်းလွမ်းစကောင်း”(ရှေးရှေးက မန်းလေး)ဆိုတဲ့နာမယ်နဲ့

မန်းလေးအကြောင်း ကို ရေးတဲ့အခါ  မန်းလေးက စားသောက်ဆိုင်များအကြောင်းလဲ

ပါလာပါတယ်။

အဲဒီစားသောက်ဆိုင်လေးတွေအကြောင်းကို သီးသန့်ပြန်ရေးပေးပါလို့

သူကြီးက ပြောလာတဲ့အတွက် “တ တမ်းတမ်း တ တတ လွမ်းတသသ မန်းလေး”ဆိုတဲ့

နာမယ်နဲ့သူကြီးအတွက်ရေးပေးခဲ့ပါတယ်။

အဲဒီတုံးကတော့ လက်လှမ်းမီသလောက်ဓါတ်ပုံလေးတွေရိုက်တင်ပေးခဲ့ပါတယ်။

အခုတော့ အဲဒီဓါတ်ပုံတွေကို သူကြီးခွင့်ပြုချက်နဲ့ အဝေးရောက်မန်းလေးသားများ

သွားခဲ့စားခဲ့ ကဲခဲ့တဲ့နေရာလေးကို ပြန်တင်ပေးလိုက်ပါတယ်။

အမှတ်ရနိုင်ပါစေ………….

 

ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့

(2-1-12)

 

 

 

37 comments

  • ငပေါက်ဖော်

    January 2, 2012 at 10:46 am

    မန်းလေးက စားသောက်ဆိုင်တွေ..
    အပြင်အဆင်..ရုပ်ထွက် တော်တော်ဆိုးနေတယ်လို ့မြင်မိသဗျ
    ရန်ကုန်က နာမည်ကျော်စားသောက်ဆိုင်တွေကို
    မီဖို ့များကြီးလိုသေးတယ်လို ့လဲ မြင်မိတယ်ဗျ
    ခင်တဲ့
    ပေါက်ကလေး

    • water-melon

      January 2, 2012 at 12:27 pm

      ကိုပေါက်ဖော်ကြီးရေ အပြင်အဆင်က မလန်းမပေမဲ့ လက်ရာကတော့ ရှယ်နော်။
      ဆိုင်ကြီးတွေက service amount ပေးရတယ်ဗျ။ ၂၀၀၀ဝသောင်းဖိုးစားရင် ၂၀၀ဝ က အလကားပေးရတယ်။ နှမြောစရာကြီး 😆

      နံပါတ် ၈ ဆိုင်တော့မသိဘူးဗျ
      လေးပေါက် နံပါတ် ၁ဝ က ၃၁ လမ်း ၈၄-၈၃ ကြားကလား
      အခုဂိမ်းဆိုင်ဖွင့်ထားတယ်နော်
      ဘေးက မင်းကွန်းပိုင် အဆောက်အအုံလား ဟင်
      လမ်း ၈ဝ ၃၆ – ၃ရ ကြားက ဆိုင်ကလည်း လက်ရာကောင်းတယ် လေးပေါက်

  • Thel Nu Aye

    January 2, 2012 at 12:17 pm

    ရှေးတုန်းကနေယနေ့ခေတ်အထိရပ်တည်လာနိုင်တာဂုဏ်ယူစရာပါ။ သူ့ရဲ့ဆိုင်အပြင်အဆင်မလှပပေမဲ့သူ့ရဲ့ လက်ရာကတော့အဆင့်မှီနေဆဲဆိုတာခေတ်အဆက်ဆက်သားစဉ်မြေးဆက်ရပ်တည်လာနိုင်ခဲ့တာသက်သေ ပါပဲ။ သင့်တင့်တဲ့ဈေးနှုန်းနဲ့အရသာကောင်းလိမ့်မယ်ဆိုတာမြင်ရုံနဲ့သိနိုင်ပါတယ်။ စိတ်ကူးရှိတိုင်းသွား စားနိုင် မှာပါ။ရန်ကုန်မှာကတော့ဆိုင် အပြင်အဆင်အတွက်ပေးရတဲ့ဈေးနှုန်း ကစားတဲ့မစားအစာတပွဲစာမကလို့ ဆိုင်တခါထိုင်မယ်ဆိုရင်တော်တော် စဉ်းစားရပါတယ်။

  • blackchaw

    January 2, 2012 at 12:28 pm

    ဗိုက်ဆာတဲ့ အချိန်နဲ့ သွားတိုက်ဆိုင်တယ်ဗျာ။
    ခေါက်ဆွဲကြော်ကို ဟိုတုန်းက ငှက်ပျောရွက်နဲ့ ထုတ်ပေးတာ
    ပြန်သတိရတယ်ဗျာ။

  • ဒီဆိုင်လေးတွေရပ်တည်ချက်က အနည်းဆုံးနှစ်သုံးဆယ်ကျော်ပါပြီ။
    အဆင်အပြင်လှတာ မလှတာထက် မန်းလေးသူ မန်းလေးသားတွေက
    ဟိုး ငယ်ငယ် အဖေတွေလက်ထက်ကတည်းက
    အခု ကို်ယ်တိုင်သားသမီးတွေရတဲ့ခေတ်အထိ
    အမြဲစားသောက်နေတဲ့ဆိုင်တွေမို့တင်ပေးတာပါ။
    အမြင်တော့မလှပါဘူး။
    ဒါပေမယ့်ရှေးနှစ်ပေါင်းများစွာက တည်းက အခုထိရှိနေခဲ့တဲ့ဆိုင်တွေမို့ တင်ပြပေးတာပါ။
    အဲဒီပုံတွေထဲမှာ
    (6) ကတော့ ဆိုင်ရှင်ပြောင်းသွားပါပြီ။အရင်ပိုင်ရှင်လက်ထက်မှာ အဲဒီထဲမှာဘုရားဆင်းတုတွေအများကြီးစုဆောင်းထားခဲ့ဘူးပါတယ်။
    (8)ဆိုင်လေးကတော့ အခုမြို့သစ်မှာပြောင်းဖွင့်ပါတယ်။
    ပိတ်ထားပေးမယ့် အမှတ်တရပါ။
    ပေါက်ဖော် မန်းလေးလာရင် အဲဒီဆိုင်စုတ်စုတ်ကလေးက မုန့်ကောင်းကောင်းကို
    လိုက်ကျွေးပါမယ်။
    ပြောရရင် မနေ့ညကတောင် ဒေါ်စင်းယုံမှာ ဝက်သားသုတ်နဲ့ထမင်းဝင်စားခဲ့သေးတယ်။
    တစ်ပွဲမှ 2000ကျပ် ထမင်းတစ်လုံးမှာ သုံးရာ။
    အခုခေတ်ဈေးနဲ့ဆိုအတော်တန်ပါတယ်။
    ဝက်သားသုတ်တစ်ပွဲက လူနှစ်ယောက်ကောင်းကောင်းစားလို့ရပါတယ်။

    ဟုတ်ပါတယ် နံပါတ်10 က83-84 ကြားမှာပါ။
    သူ့ဘေးမှာ အရင်က မောင်အေးရဲ့ ရွှေအိမ်စည်လက်ဖက်ရည်ဆိုင်ရှိပါတယ်။

  • windtalker

    January 2, 2012 at 2:20 pm

    နံပါတ်၈ ပုံထဲက ဆိုင် က အခုထိ ရှိသေးတယ် မို ့လား
    ခေးမ လေး တွေ လှတပတလေးတွေ ဝတ်စားထားပြီး
    ဘာလုပ်ကြမှန်း ကို မသိရပါဘူးဗျာ…
    သိချင်စမ်းပါဘိ

    • windtalker

      January 2, 2012 at 7:30 pm

      မြို ့သစ် က ဘယ်နား ကို လိုက်သွားရမှာလဲ ဗျ
      မသိလို ့မှ မေးပါတယ် ဆို
      မရှင်းမလင်း မဖြေနဲ ့နော်

  • MaMa

    January 2, 2012 at 6:29 pm

    ကိုယ့်မြို့ မဟုတ်တော့ မန္တလေးရောက်ရင် ကိန်ကြည် တစ်ဆိုင်ပဲသိလို့ အဲဒီတစ်ဆိုင်ပဲ စားဖူးတယ်။
    မှတ်မှတ်ရရ မန္တလေးက အအိပ်ပုတ်တယ်။ (အမှန်အတိုင်း ပြောတာ မန္တလေးသူား များ စိတ်မဆိုးရ) 😛
    ရန်ကုန်မှာဆို မနက်စာကို ၅ နာရီလောက် စားချင်လည်းရတယ်။
    မန္တလေးရောက်တော့ မနက်စောစော မုန့်စားပြီး ပြင်ဦးလွင်တက်ဖို့ကို မုန့်ဆိုင်တွေက မထွက်ကြသေးဘူး။
    မန္တလေးမြို့က ၉ နာရီလောက်မှ စပြီး စည်ကားသလားလို့။

    • pooch

      January 6, 2012 at 2:44 pm

      ဟုတ်ပါတယ် မမ ရယ် သူများတော့ မသိဘူး ကျမတော့ အိပ်ပုတ်ကြီးတယ်……
      အိပ်နေလို့ကတော့ ဘယ်ဖုန်းလာလာ ပိတ်ပြီး ဆက်အိပ်တယ်… အိမ်ဖုန်းဆက်လည်း ပြန်ဆက်မယ် ပြောပြီး ဆက်အိပ်တယ်….. ဘယ်သူနိုးနိုး ဘယ်လိုနိုးနိုး မထလို့ ပုဂံသွားတဲ့နေ့ က အကြီးဆုံးဖြစ်ပြီး နောက်ဆုံးမှထလို့ နောက်ကျမှထွက်ရတယ်.. ဟီး… :mrgreen:

  • မန်းလေးသားက စိတ်မဆိုးပါဘူး။
    မသိလို့ဒီလိုပြောတယ်လို့အောင့်မေ့ပါတယ်။
    မန်းလေးမှာ ညအလင်းဆိုင်တွေရှိသလို မနက်စောစော ရတဲ့ဆိုင်လဲရှိပါ့။
    နောက်တစ်ခါလာရင်ပြော လိုက်ပို့ပေးမနော………………

  • inz@ghi

    January 2, 2012 at 6:36 pm

    မန်းဒလေးအကြောင်းကို မားတက်တင်း ဆင်းနေသလား မှတ်ရ ….
    လေးပေါက် ….ဂီ့ အတွက် ကျနော်ကျနော်နဲ့ ပြောတတ်တဲ့ တီလုပ်ကပြားမလေး တီယောက်
    ရှာပေးဘာလားဟင်င်င်. …မန်းဒလေးသား ဖစ်ချင်လို့..
    ဟီး…

  • kotun winlatt

    January 2, 2012 at 6:41 pm

    ဒီကနေ ပုံတွေက မြင်ရဘူးးး
    မန်းးလေးးလာမှ ကိုပေါက်ဆီမှာပဲ
    ပုံတွေ လာငေးတော့မယ်ဗျာ…

  • မန်းဒလေားသား အတုဖြစ်ချင်ရင် တနဲ့ သ ကို ကွဲအောင်မပြောနိုင်တဲ့သူကိုရှာပေးမယ်။
    မစစ် တစစ်ဆိုရင်လဲ ဖြစ်တယ်။
    မန်းလေးသားအစစ်ဖြစ်ချင်ရင်တော့ ခပ်မဲမဲဘဲရမယ်။

  • kotun winlatt

    January 2, 2012 at 6:56 pm

    ကိုပေါက်ကျနော် တကယ်လာမှာနော်…မန်းးလေးးရောက်ရင်
    ပုန်းးးးမနေရဘူးးးးနော်…မန်းးလေးးးရောက်ရင်ပြောမယ်ဗျ..
    ဆြာပေဆီမှာလည်းးဆိုင်ကယ်နဲ့ ကျောက်စိမ်းးလဲလာဦးးမယ်..

  • မပုန်းပါဘူးဗျာ ကိုပေါက်ကကျောက်သမား မောင်ပေကိုခေါ်ပြီး နန်းမတော် မယ်ပုနဲ့ပါတွေ့ပေးပါမယ်။
    ပုန်း………ပေါက်………….ပေ…………ပု…………ပါ။

  • unclegyi1974

    January 2, 2012 at 9:04 pm

    ရန်ကုန်ပါရောက်နေပြိီဖြစ်တဲ့မန်းမြို့တော်ပေါက်စီဆိုင်ကျန်သွားပြီနော်ကိုပေါက်
    သူလည်းဆိုင်သက်တမ်းရင့်လှပြိီ သူ့ဘေးကစိန်လှအောင်ဆီချက်လည်းကျန်သေးနော်

  • မန်းမြို့တော်တုန်းက အဟောင်းကိုဓါတ်ပုံရိုက်မထားလိုက်ရတော့ မတင်လိုက်ရဘူး အီးကယ်ဂျန်ရဲ့။

  • Moe Z

    January 3, 2012 at 9:57 am

    နံပါတ် ၅ ဆိုင်က ဝက်သားသုတ်နဲ့ထမင်းပေါင်း စားချင်တယ်လေးလေးပေါက်
    တကယ်ကောင်းလားဟင် 😛
    ပြီးခဲ့တဲ့အခေါက်က သူငယ်ချင်းလိုက်ပို့လို့
    ရတနာပုံညဈေးတန်းကို ရောက်ဖူးတယ် စားချင်တာစား အကုန်ရတယ်
    လမ်းဘေးဆိုင်တွေဆိုပေမယ့် ညဘက်က ဖုန်ထူတာလည်းမမြင်ရဘူး စားလို့ပိုကောင်းတယ် 😀

  • ဈေးသက်သာပြီး တကယ်ကောင်း
    ထမင်းပေါင်းများစားမိရင်လျှာလည်
    ဝက်သားသုတ်များစားမိရင်လည်း အကုန်မေ့
    …………………………….

  • etone

    January 3, 2012 at 2:59 pm

    လေးပေါက်တို့ခေတ်တုန်းက ပေါ်ပြူလာဖြစ်တဲ့ ဆိုင်တွေပေါ့နော် … ။
    မန္တလေးကိုတော့ တခါမှ မရောက်ဖူးဘူး .. ဟီး … ။ 🙄

  • kanjosan

    January 3, 2012 at 4:59 pm

    ဝင်းလိုက်နားက ညပိုင်ထွက်တဲ့ ထမင်းပေါင်းကလဲ အရင်တည်းက ရှိတာမလား ကိုပေါက်…

  • naywoonni

    January 3, 2012 at 6:26 pm

    မန္တလေးမှာသာကျောင်းတက်ခဲ့တယ်ပြောတာ အဲဒိလိုကြီးကြီးကျယ်ကျယ်ဆိုင်တွေ မရောက်ဖြစ်တာတော့ အမှန်ပဲ…။ မင်းမင်းကျော်ကတော့ လ္ဘက်ရည်ဆိုင်ဆိုလို့ ရောက်ဖူးတယ်…။ မုတ်ဆိတ်ကလည်းနာမယ်ကြီးတာပဲနော် မရှိတော့ဘူးလား…။ နောက်ကျောင်းနဲ့နီးတဲ့ (အဲဒိတုန်းက ရတနာ ဘုမ္မိမှာဆိုတော့) ပန်းသ္ခင် လ္ဘက်ရည်ဆိုင် ရောက်တယ်…။ ညပိုင်းဆို 35 လမ်း သံလမ်းဘေးက ညဇီးကွက် (ညအလင်းဖွင့်တဲ့ ဆိုင်) ညတိုင်းသွားထိုင်ဖူးတယ်…။ နောက်ပိုင်း ရတနာပုံရေကူးကန်မှာ သူငယ်ချင်းက မန်နေဂျာဖြစ်နေလို့ အလကားသွားထိုင်ဖူးတယ်…။

  • ဦးဦးပါလေရာ

    January 4, 2012 at 10:15 am

    မန္တလေးမှာ တော်တော်ကြာအောင်နေဘူးတာတောင် ဒီဆိုင်တွေ အကုန်မသိဘူး။
    နောင်တချိန်အလုပ်သွားလုပ်ဖြစ်ရင်တော့ အကုန်ရောက်အောင်သွားဦးမယ် ကိုပေါက်ရေ။

  • ဟုတ်ပါ့
    ဝင်းလိုက်နားအညအလင်းဖွင့်တဲ့ထမင်းပေါင်းဆိုင်က အခုလဲဖွင့်ပါသေးတယ်။
    ဒါပေမယ့် အခု ညဆယ်နာရီလောက်ထိဘဲဖွင့်တယ်။
    မုတ်ဆိတ်ကတော့ ဆရာဦးစောအောင်ကျုရှင်အဖြစ်ပြောင်းသွားပါပြီ။
    ကိုနေတို့ခေတ်က ဖွင့်တဲ့ ပွဲထိုင်လဲ မရှိတော့။
    ပန်းသခင်ကတော့ ပန်းပန်လျက်ပါဘဲ။
    35လမ်းဘေးကဆိုင်ကတော့ ကျွဲနို့ကောင်းပါ၏ ဆိုင်နာမယ် ရှိန်ကြီး
    အပျိုကြီးဖျော်သော လက်ဖက်ရည် လူပုျိုသုးိကြီးများ ဝိုင်းဝိုင်းလည်ပါ၏။
    ကိုနေကတော့ အဲဒီအပျိုကြီးကို သတိရမည်ထင်ပါ၏။

  • Khin Latt

    January 5, 2012 at 3:27 am

    ကိုပေါက်ရေ ဆိုင်ပုံတွေချည်းဘဲလား။ အစားအသောက် ပုံ လေးတွေများလဲ တင်ပေးပါဦး။ သွားရည်ကျချင်လို့။ 😀

  • ko Kyaing

    January 5, 2012 at 7:08 pm

    ကျွန်တော်ကတော့မန်းတလေးရောက်ရင် မန်းတလေးထမင်းပေါင်း ဗထူးကွင်းနားက မြီးရှည် ကိုစားဖြစ်အောင်စားတယ် ရန်ကုန်မှာ မရဘူးလေ

  • padonmar

    January 5, 2012 at 10:57 pm

    မိုးကုတ်ဒေါ်ရှန်ဆိုတာ ရန်ကုန်ဝင်္ကဘာလမ်းမှာဖွင့်ထားတာတွေ့မိပါတယ်။
    မစားဖူးသေးပါ၊
    မန်းလေးသားကိုပေါက်က မန်းလေးစာ အမြည်းပေးချင်ရင် အဲဒီမှာခေါ်ကျွေးလို့ရပါကြောင်း ချွန်တွန်းလုပ်လိုက်ပါသည်။

  • ရွှေဘိုသား

    January 6, 2012 at 10:03 am

    အကျင့်ပျက်တွေ ဖျောက်စေချင် ဆိုပြီး တင်ထားသေးတယ်လေးပေါက်ရေ လေးပေါက်ကောင်းမှုကြောင့်ပေါ့

  • ကြောင်ကြီး

    January 6, 2012 at 11:26 am

    ဆီချက်ခေါက်ဆွဲ၊ ဘဲပေါင်းခေါက်ဆွဲ၊ ကြေးအိုးပြုတ်၊ ကြေးအိုးဆီချက်၊ ခေါက်ဆွဲကြော်၊ ဘဲကင်၊ ဘဲသားသုတ်၊ ဘဲသွေးသုတ်၊ ဝက်ခေါက်ကင်၊ ဝက်ကလီစာအစုံသုပ်၊ အူမကြီးသုတ်၊ ဝက်ခြေထောက်စွတ်ပြုတ်၊ ဝက်သားပေါင်း…………. တော်ဘီကွာ ကြက်ဥကျော်နဲ့ ငါးသေတ္တာ စားပြီး အိပ်တော့မယ်….

  • captainamerica

    January 8, 2012 at 1:38 pm

    ကျွန်တော်ကတော့မန္တလေးကိုရောက်ရင်ဗိုလ်အောင်ဒင်ဆိုင်လေးဘဲအရင်ပြေးမြင်မိတယ်။:D

  • Moe Z

    January 9, 2012 at 11:56 am

    လေးပေါက် မန္တလေးပြန်ရောက်သွားပြီလား
    လာမယ်လေးပေါက် စောင့်နေ မိုးစက်ကအိမ်ရှင်တာဝန်မကျေပေမယ့်
    လေးပေါက်ကတော့ကျေရမှာနော် ဖုန်းနံပါတ်ရပြီးပြီ ဘယ်ပြေးမလဲ 😀 😀

  • မိုးစက်ရေ
    လေးပေါက်က မပြေးပါဘူးကွယ်။
    လမ်းဘဲံလျှောက်တာပါ။
    မှိအောင်လမ်းလျှောက်ရင် ကျွေးမယ်။
    လေးပေါက်ဘယ်လိုလမ်းလျှောက်တယ်ဆိုတာကို ဘလက်ချောကိုမေး့ကြည့်လို်က်တော့။
    အလကားစတာ မန်းလေးရောက်ရင် ဖုန်းဆက်လိုက်ပါ

Leave a Reply