Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နေရာမှားနေတဲ့ ဒို ့တိုင်းပြည်

phone_kyawJanuary 1, 20121min32313

လူလိမ်တွေပေါတဲ့ ဒို ့တိုင်းပြည်
သူခိုးတွေပေါတဲ့ ဒို ့တိုင်းပြည်
နိုင်ငံရေးနားမလည်တဲ့ သူတွေက လွှတ်တော်အမတ်ဖြစ်တဲ့ ဒို ့တိုင်းပြည်
ဆရာဝန်တွေက ဂျာနယ်လစ်တွေဖြစ်တဲ့ ဒို ့တိုင်းပြည်
စာရေးဆရာတွေက နိုင်ငံရေးသမားဖြစ်တဲ့ ဒို ့တိုင်းပြည်
သူပုန်တွေက အန်ဂျီအိုတွေဖြစ်တဲ့ ဒို ့တိုင်းပြည်
စစ်သားတွေက နိုင်ငံရေးသမားတွေဖြစ်တဲ့ ဒို ့တိုင်းပြည်
ကျောင်းသားတွေက အကျဉ်းသားတွေဖြစ်တဲ့ ဒို ့တိုင်းပြည်
ဘုန်းကြီးတွေက ဘလောဂ်ဂါတွေဖြစ်တဲ့ ဒို ့တိုင်းပြည်
ရုပ်ရှင်သရုပ်ဆောင်တွေက လူမှုရေးလုပ်သူတွေဖြစ်တဲ့ ဒို ့တိုင်းပြည်
ဒီမိုကရေစီခေါင်းဆောင်ကြီးတွေက တရားဟောဆရာတွေဖြစ်တဲ့ ဒို ့တိုင်းပြည်
ဒို ့တိုင်းပြည် ဒို ့တိုင်းပြည် တလွဲတွေဖြစ်နေတဲ့ ဒို ့တိုင်းပြည်
ဒီမိုကရေစီလည်း တလွဲရတဲ့ ဒို ့တိုင်းပြည်။

ကဗျာမဟုတ်ပါ။ စာရေးဆရာတွေဖြစ်တဲ့ မောင်ဝံသ၊ ဦးကျော်ဝင်း၊ လူထုစိန်ဝင်း၊ ချစ်ဦးညို၊ နေဝင်းမြင့်၊ စတဲ့ နာမည်ကြီးစာရေးဆရာကြီးတွေအနေနဲ ့ ဘာ့ကြောင့်များ လွှတ်တော်အမတ်အဖြစ်ဝင်ရွေးမခံတာလဲမသိဘူး။ သူတို ့တွေပြောနေ ဟောနေတဲ့အကြောင်းအရာတွေက နိုင်ငံရေးတွေဖြစ်ပြီး ကိုယ်ကိုယ်တိုင် လွှတ်တော်ထဲဝင်ပြီး ဘာ့ကြောင့်များ နိုင်ငံရေးသမားအဖြစ် ဝင်မလုပ်ကြတာလဲ။ တလွဲဖြစ်နေပြီ။ အခုကြတော့ ကိုဇာဂနာက အစ၊ ချင်းမိုင်က ဗဟုအဖွဲ ့ဝင်တွေအဆုံး လွှတ်တော်အမတ်လုပ်ဖို ့အစီအစဉ်မရှိပါဘူးလို ့ပြောနေတာ့ ကျနော့်အတွေးထဲမှာ ဒီလူတွေရှုးနေလားလို ့တောင် ထင်မိတယ်။ ဒါဆိုရင် ဘာ့ကြောင့် သူတို ့ ပါးစပ်ကကော လက်ကကော နိုင်ငံရေးလို ့ပြောနေလဲ။ သူတို ့သိတယ်။ သူတို ့မှာစေတနာရှိတယ်။ တက်ကြွမှုရှိတယ်။ ပရိတ်သတ်ရှိတယ်။ ဆိုတော့ ဒီလူတွေမှ နိုင်ငံရေးမလုပ်ရင် ဘယ်သူတောင်းစားတွေက လုပ်ရမှာတုန်း။

ဘာမှ မသိတဲ့လူတွေက လုပ်ရမှာလား။ လမ်းဘေးက ဆိုက်ကားသမားတွေ လွှတ်တော်အမတ်အဖြစ် ဝင်ရွေးရမှာလား။ ဒါ့ကြောင့် တလွဲဖြစ်နေတယ်လို ့တော့ ကျနော်ထင်တယ်။

ဘုန်းကြီးတွေလည်း နိုင်ငံရေးလုပ်ကြတယ်။ နာမည်ကြီးဘုန်းကြီးတွေ၊ တက်ကြွတဲ့ ဘုန်းကြီးတွေလည်း အများကြီး။ သူတို ့လည်း နိုင်ငံရေးကို သိကြတယ်။ နားလည်ကြတယ်။ စာတွေလည်းရေးကြတယ်။ စိတ်ဓာတ်လည်း ကောင်းတယ်။ ဆိုတော့ ဒီလိုဘုန်းကြီးတွေလည်း ဘုန်းကြီးထွက်ပြီး လွှတ်တော်အမတ်အဖြစ် ဝင်ပြီးအရွေးခံသင့်တယ်။

တကယ်လို ့သာ ဒီအတိုင်းပဲ ဆက်ဖြစ်နေမယ်ဆိုရင် စစ်တပ်က နိုင်ငံရေးကို စိတ်မဝင်စားတဲ့လူတွေ အာဏာရှုးနေတဲ့ လူတွေပဲ အာဏာရပြီး၊ အထက်ကပြောတဲ့လူတွေ ဘေးကိုရောက်ပေါ့ဗျာ။ဒါရဲ  ့ အကျိုးဆက်ကတော့ တိုင်းပြည်က ပျက်သထက်ပျက်မှာပဲ။ ဘာ့ကြောင့်လဲဆိုတော့ နေရာမှားနေလို ့ပဲ။ ဒါ့ကြောင့် ကိုဇာဂနာ၊ ဦးကျော်သူ၊ မဖြူဖြသင်းနဲ ့တကွသော နာမည်ကြီးစာရေးဆရာတွေအပါအဝင် နိုင်ငံရေးကို စိတ်ဝင်စားသော သိသော တက်သော ပုဂိ္ဂုလ်များအားလုံး သတိ္တရှိရှိနဲ ့တလွဲမတွေးပဲ လွှတ်တော်အမတ်အဖြစ် ဝင်ပြီးအရွေးခံပါ။ လူထုကို လက်တွေ ့ကြကြ အကျိုးပြုစေချင်ပါတယ်။ အာဏာရှိလေ လုပ်ရတာ ပိုပြီး ထိရောက်လေပဲ။ အာဏာလည်းရှိတယ်၊ ပညာလည်းတက်တယ်၊ စေတနာနဲ ့တက်ကြွမှုလည်း ရှိတယ်ဆိုရင် ကျနော်တို ့လိုချင်တဲ့ တိုင်းပြည်အဖြစ် မြန်မြန်ရောက်မယ်လို ့ယုံကြည်တယ်။

13 comments

  • water-melon

    January 1, 2012 at 6:57 pm

    ဟာ မိုက်တယ်ကွာ၊ ရုို့ရို့၊
    ချိန်းဗဒီး အတွေးနဲ့ ချရေးတယ်ဗျာ
    မန်းလေးဂဇတ်မှာ ဆူပူအောင် လုပ်ခ ဘယ်လောက်ရလဲ
    နည်းသေးလား ဒို့ရွာလည်က အိမ်သာကြင်းထဲမှာ ရွှေကြောရှိတယ် သွားတူးပေတော့

  • nwnn

    January 1, 2012 at 7:31 pm

    မင်းမေလိုးသလား။ မင်းလာပြင်ပါ့လား… ။ နိုင်ငံပြင်ပမှနေပြီး ဖင်ခေါင်းလာကျယ်မနေနဲ့..။ မင်းအရွေးခံရင်ကော ဘယ်နှစ်မဲရမယ်ထင်လို့လဲ ငါလိုးမသား

  • ဆဲတဲ့သူတွေလဲဆဲကုန်ပီဘဲ။ခင်များမလဲဗျာ မယောင်ရာဆီလူး၊အပြောတစ်ပိဿာ၊အလုပ်တစ်ပဲနဲ ့အသံကောင်းဟစ်နေတဲ့ခေတ်ကုန်
    နေပီဗျ ကိုဘုန်းကျော်ရ။မဖြူဖြူသင်းပါ နာမည်မှားနေသလားလို ့ပါ ၊မဖြူဖြသင်းလို ့ရေးထားလို ့ပါ။

  • Thel Nu Aye

    January 1, 2012 at 9:07 pm

    ကိုဘုန်းကျော်ရေ ရှင်နောက်ကိုဘာမှမရေးတော့ရင်ကောင်းမယ်။ ရှင်ဘာကောင်လဲတော့မသိဘူး။ ပုံမှန် မဟုတ်တာတော့ရိပ်မိတယ်။ နိုင်ငံရေးကိုဗန်းပြပြီးလုပ်စားနေတဲ့အချောင်သမားဆိုတာရှင့်ဆောင်းပါတွေအရပိုပိုပြီးသိလာရတယ်။ ရှင်လုပ်စားလို့မရလေ၊ ရိုးရိုးသားသားတိုင်းပြည်ကောင်းစားအောင်ကိုယ်စွမ်းညဏ်စွမ်း ရှိသလောက်လုပ်နေတဲ့သူတွေကိုအပုပ်ချနေတာရှင်မရှက်ဘူးလား။ မကျေနပ်ရင်ရှင်ပြန်လာပြီးလွှတ်တော် ကိုယ်စားလှယ်အရွေးခံလေ။ ဒါမှတိုင်းပြည်တိုးတက်မှာ။ ရှင်ပြောနေပုံအရရှင်ပဲအားလုံးကိုသိပြီးကျန်တဲ့လူ
    တွေကဘာမှမသိဘူးဆိုတော့။ ရှင်ပဲတိုင်းပြည်တိုးတက်အောင်ပြန်လာပြီးလုပ်ပါ။ အပြင်ကနေအောက်က လိအာမနေနဲ့။ ရွံလို့။

  • sadabawa

    January 1, 2012 at 11:06 pm

    Admin များခင်ဗျာ …
    စာဖတ်သူတွေ ကို သနားပါ၊ ငပေါ စာတွေ မတင်ပေးပါနဲ့။ အချိန်ကုန်ပါတယ် ….

  • memeseku

    January 1, 2012 at 11:18 pm

    no no no…..
    we all have agreed about him not to comment on his post
    no crisis
    no debate
    no opinion
    this might be the best way
    let him go
    🙂 shall we wait what would he do
    please
    with all respect

  • သိန်းစိမ်

    January 1, 2012 at 11:37 pm

    အေရိုးဂျီး
    လခွီးဖြစ်နေလား
    နင်ကျတော့ ရွှေတူးပြီး လခွီးမိုလို ့ နိုင်ငံရေးအကြောင်းလာပြောနေလား
    ဘောပဲ
    သောက်တလွဲတွေ သိပ်မလုပ်နဲ ့
    သောက်ခလေးတွေ အတုယူမှားမယ်
    နာ့အနား လာပြီးသောက်တလွဲလာပြော..သောက်တလွဲလုပ်ကြည့်
    ခလေးကောခွေးကော အထာမထားဘူး.သောက်ခွက်ချီပဲ ရိုက်ပစ်မယ်
    ဘောပေါက်

  • chityimhtoo

    January 2, 2012 at 9:27 am

    တဂျီး အဲ့ကောင်ကို ဘလော့ပါ။ရွာထဲမှာဒီသူတောင်းစားလုပ်တာ သမာဓိပျက်တယ်။အကုသိုလ်များတယ်။

  • MTY

    January 2, 2012 at 11:11 am

    ပြောပါရစေ..ဒီမိုကရေစီရပြီဟုတော့မပြောချင်ပါ..ဒါပေမဲ့.နာလည်ထားတာတော့ဆန့်ကျင်သူတစ်ယောက်ပင်လျှင်သူ့ခံယူချက် ကိုသူဖေါ်ထုတ်ခွင့်ရှိတယ်ဟုထင်ပါတယ်..ဆဲရေးတိုင်ထွာတာတော့မကောင်းဘူးထင်ပါတယ်..Mandalay Gazette မှာမဆဲသင့်ပါ။
    မည်သူ့ကိုမဆိုပြောတာပါ။

  • MTY

    January 2, 2012 at 8:31 pm

    ဒီမိုကရေစီရနေပြီလို့တော့မပြောချင်ပါ။ဒါပေမဲ့ဒီမိုကရေစီမှာဆန့်ကျင်ဘက်တွေတောင်သူ့အမြင်ပြောခွင့်၊ယုံကြည်ခွင့်ရှိတယ်ထင်ပါတယ်။Manadaly Gazetteမှာတောင်ဆဲရေးတိုင်းထွာနေကြတာတော့မကောင်းဘူးထင်ပါတယ်၊
    ဘယ်သူ့ဘက်မှမပါပါ။ဆဲတာမပါဘဲပြန်လည်ချေပပ၊ပြန်ပြောစရာတွေအများကြီးလို့ထင်ပါတယ်။ရိုးရိုးသားသားပြောပြတာပါနော်။

  • kyawhan21

    January 2, 2012 at 9:56 pm

    နိုင်ငံရေးဆိုတဲ့လူတန်းစားဟာ သီးခြားသတ်မှတ်ချက်မရှိပါ လူထုလူတန်းစားအသီးသီးဟာ မိမိမွေးဖွားရာမိခင်တိုင်းပြည်၏ နိုင်ငံရေးအမှု(စားဝတ်နေရေး) ကိုထမ်းရွက်ရသော နိုင်ငံရေးသမားများဖြစ်ပါသည်၊ ပြည်သူကိုဦးဆောင်သူသည်ရဟန်းသံဃာသော်ဖြစ်ကောင်းဖြစ်မည်။ အနုပညာသမားလည်းဖြစ်မည် ဆိုက်ကားနင်းသူလည်းဖြစ်မည် အဆိုပါလူတန်းစားကွာဟမှုကို နှိမ့်ချခွဲခြားဆက်ဆံခြင်းသည် ဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေးကိုတိုက်ခိုက်စော်ကားသည်နှင့်တူပါသည် ၊ပြည်သူ့ခေါင်းဆောင်ဆိုသည်မှာ မိုးပေါ်ကကြလာသည့်မိုးကြရွှေကိုယ်များမဟုတ် ပြည်သူထဲမှရှင်သန်ပြီး လူထုလူတန်းစားအသီးသီးကပင်ပေါက်ဖွားကြသူများဖြစ်သည် ၊ပြည်သူကိုနားမလည်သောသူသည်ပြည်သူ့ခေါင်းဆောင်မဖြစ်နိုင်၊
    အခွန်စားတပ်မတော်ဝန်ထမ်းတစ်ဦး၏ သားဖြစ်သူက အခွန်ထမ်းပြည်သူကို အဘယ်ကြောင့်တိုက်ခိုက်စော်ကားသည်ကို နားမလည်နိုင်အောင်ဖြစ်ရပါသည် ၊နိုင်ငံရေးဟူသည်လွတ်လပ်စွာသဘောထားကွဲခွင့်ရှိသော်လည်း ဘုန်းကျော်၏နိုင်ငံရေးရပ်တည်မှုမှာ ဘယ်ပြည်သူကိုကိုယ်စားပြုသည်ကို မိမိကိုယ်တိုင်ဆန်းစစ်ဝေဖန်ရန်အကြံပြုလိုသည် ၊မြန်မာ့လူတန်းစားအသီးသီးကို ချစ်မြတ်နိုးခြင်းမရှိသူသည်မြန်မာနိုင်ငံကို ချစ်မြတ်နိုးခြင်းမမည်ပါ၊
    ဆဲဆို၍ comment ပေးသူများ ကျွန်တော်ကျော်ဟန် လက်စုံမိုး၍တောင်းပန်ပါသည်၊ ဤမျှဒေါသပြင်းထန်သည်ကိုကြည့်ချင်းအားဖြင့် မည်မျှစိတ်ထိခိုက်ရသည်ကို ကျွန်တော်ကိုယ်ချင်းစာပါသည်၊ သို့သော် mandalaygazette သတင်းစာသည် မြန်မာပြည်အုပ်ချုပ်နေသူများ အထူးတလည်စောင့်ကြည့်လေ့လာကြောင်းသိရပါသည် ၊ပြည့်သူ့အသံအစစ်ဟုယူဆနေကြောင်းလည်းသိရပါသည် သို့ကြောင့်ပြည်သူအပေါ်အစိုးရ လှစ်ဟင်းသမျှပြည်သူ့ ရပိုင်ခွင့်များကိုဖေါ်ထုတ်ပြီး တင်ပြရင်း ကျွန်တော်တို့မိသားစုတွေ စည်းလုံးညီညွတ်စွာ ပြည်သူ့ဝန်ကိုထမ်းရွက်ကြပါလို့ ရိုကျိုးစွာတောင်းဆိုလိုပါသည်၊
    ဘုန်းကျော်၏ postများသည် ဘုန်းကျော်၏ ကိုယ်ပိုင်ယူဆချက်ဖြစ်ပြီး အမှန်တကယ်မြန်မာပြည်နှင့်မြန်မာ့ လူထုလူတန်းစားကို အကျိုးမပြုပါသောကြောင့် အထက်တွင် အကိုတော်တစ်ဦးဆိုခဲ့သည့်ိအတိုင်း လူငယ်များလမ်းမလွဲစေရန် ပညာပေးနည်းဖြင့်ရှင်းချက် ထုတ်ပါက ပိုသင့်တော်မည်ဟုထင်မိပါသည်၊
    ဘုန်းကျော်
    မောင်ရင်ကိုယ့်ကိုကိုယ်တော့သိမှာပေါ့ မောင်ရင်တွေးကြည့်လိုက်စမ်း လမ်းထဲမှနေပူကျဲကျဲ ဆိုက်ကားနင်းတဲပြည်သားတစ်ဦးလောက် ကုန်ထမ်းနေတဲ့လုပ်သားတစ်ဦးလောက် တိုင်းပြည်ဝန်ကိုထမ်းပြီးခဲ့ပြီလားလို့ မောင့်ရင့်အဖေစားခဲ့တဲ့ထမင်းဟာ သန်းရွှေကျွေးတဲ့ထမင်းမဟုတ်ဘူး အဲဒီငါတို့တိုင်းပြည်ရဲ့ အခြေခံကုန်ထုတ်စွမ်းအားတွေဖြစ်တဲ့ ဒီအလုပ်သမားလူတန်းစားတွေဆောင်တဲ့အခွန်တွေ၊ မောင်ရင်ဘာလို့ ဒီအလုပ်သမား လူတန်းစားတွေရဲ့ဘဝကိုမြှင့်တင်ဘို့ မကျိုးစားဘဲနှိမ့်ချဘို့ကျိုးစားသလဲ မောင်ရင်ဟာ ဂဠုံငစောများဝင်စားလေသလား

  • ကိုကျော်ဟန်ရဲ ့အပြောအဆို အဆုံးအမလေးကိုကူးယူပြန်မန် ့လိုက်ပါတယ်။ကိုဘုန်းကျော်မြင်တတ်ပါစေဗျာ။

    မောင်ရင်ကိုယ့်ကိုကိုယ်တော့သိမှာပေါ့ မောင်ရင်တွေးကြည့်လိုက်စမ်း လမ်းထဲမှနေပူကျဲကျဲ ဆိုက်ကားနင်းတဲပြည်သားတစ်ဦးလောက် ကုန်ထမ်းနေတဲ့လုပ်သားတစ်ဦးလောက် တိုင်းပြည်ဝန်ကိုထမ်းပြီးခဲ့ပြီလားလို့ မောင့်ရင့်အဖေစားခဲ့တဲ့ထမင်းဟာ သန်းရွှေကျွေးတဲ့ထမင်းမဟုတ်ဘူး အဲဒီငါတို့တိုင်းပြည်ရဲ့အခြေခံကုန်ထုတ်စွမ်းအားတွေဖြစ်တဲ့ ဒီအလုပ်သမားလူတန်းစားတွေဆောင်တဲ့အခွန်တွေ၊ မောင်ရင်ဘာလို့ ဒီအလုပ်သမားလူတန်းစားတွေရဲ့ဘဝကိုမြှင့်တင်ဘို့မကျိုးစားဘဲနှိမ့်ချဘို့ကျိုးစားသလဲ မောင်ရင်ဟာ ဂဠုံငစောများဝင်စားလေသလား

  • MTY

    January 3, 2012 at 5:48 pm

    ဲဆဲဆိုခြင်းအားများစွာမုန်းတီးရွံရှားမိပါသည်။ဒီမိုကရေစီမှာ..ဆန့်ကျင်ဖက်တွေတောင်လွတ်လပ်
    စွာတွေးနိုင်၊ရေး၊ပြောနိုင်ပါတယ်။manadalaygazette..မှာလိုလွတ်လပ်စွာရေးနိုင်တဲ့နေရာမှာ
    မဆဲသင့်ပါ။တခြားweb site တွေမှာဆဲတာတွေမိုးမွန်နေတာတွေ့ဘူးပါသည်။သူတို့အဆင့်နဲ့သူတို့
    နေပါစေ။ပညာရှိပြန်လှန်ပြောနိုင်ရေးနိုင်နေတာဘဲလေ။သုံးခါတိတိတင်ပြခြင်းပါ။

Leave a Reply