အောက်ခြေက လူတွေအတွက် သံတော်ဆင့် – လူထုစိန်ဝင်း (www.news-eleven.com)
အောက်ခြေကလူတွေအတွက်
သာမန်ပြည်သူတွေအဖို့က ဒီမိုကရေစီရဲ့ အရသာကို ဘာတစ်ခုမှ မခံစားကြရသေးဘဲ စနစ်ဟောင်းကအတိုင်း ဟိန်းဟောက်ခြိမ်းခြောက်ခံရ၊ လယ်မြေတွေ အသိမ်းခံရ၊ အမျိုးမျိုး လှည့်ပတ်ပြီး ပိုက်ဆံတောင်းတာခံရဆိုတာမျိုးတွေပဲ ကြုံတွေ့နေရလေတော့ အပြောင်းအလဲဆိုတာကို မယုံနိုင်အောင်ဖြစ်နေကြတယ်။
ဒီလို သိက္ခာကျစရာတွေနဲ့ သံသယဖြစ်စရာတွေ ပပျောက်သွားအောင် အမြန်ဆုံး လုပ်ဆောင်ဖို့လိုတယ်။ အောက်ခြေက လူတွေရဲ့ဘဝတွေပါ ပြောင်းလဲမှ ပြည်သူတွေက ယုံကြည်လာမှာပါ။ အဲဒီလိုဖြစ်ဖို့ အောက်ခြေဌာနဆိုင်ရာတွေက စပြီးပြုပြင်ဖို့ လိုပါတယ်။ အရေးယူ သင့်တာတွေကို ထိထိရောက်ရောက် လူသိရှင်ကြားအရေးယူဖို့ လိုပါတယ်။
သတင်းစာတွေ ဂျာနယ်တွေဖတ်ပြီး သိရသမျှကတော့ ဝမ်းသာစရာ၊ အားတက်စရာတွေချည်းပဲ။ ဒါပေမယ့် စိတ်မကောင်းစရာ သတင်းတွေကလည်း ကြားမြဲကြားနေရသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စ၊ ပြည်တွင်းစစ်ရပ်စဲရေးကိစ္စတွေလို ကိစ္စကြီးတွေက ပေါ်လစီရေးရာမို့ ချက်ချင်းအဖြေမထွက်နိုင်သေးတာကို နားလည်လို့ရတယ်။ ပေါ်လစီကိစ္စ၊ နိုင်ငံရေးကိစ္စမဟုတ်တဲ့ ကိစ္စရပ်တွေမှာ ယခင်က ပုံစံအတိုင်း ဆက်လက်ဖြစ်ပွားနေတာတွေကတော့ မသင့်တော်ဘူး။ အစိုးရသစ်အပေါ်မှာ ယုံရနိုးနိုးနဲ့ မျက်လုံးဒေါက်ထောက် ကြည့်နေသူများရဲ့ သံသယတွေ ပိုပြီးတိုးလာစေတယ်။
Written by လူထုစိန်ဝင်း
6 comments
kai
January 2, 2012 at 4:49 am
================
အောက်ခြေက လူတွေအတွက် သံတော်ဆင့်
Written by လူထုစိန်ဝင်း
Sunday, 01 January 2012 11:34
အခုလေးတင် ကုန်ဆုံးလွန်မြောက်သွားတဲ့ ၂၀၁၁ ခုနှစ်ဟာ မယုံနိုင်လောက်အောင်ကို ထူးခြားတဲ့ဖြစ်စဉ်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်ပေါက်ခဲ့တဲ့ နှစ်တစ်နှစ်အဖြစ် မှတ်တမ်းတင်ရလိမ့်မယ်။
ဧည့်ဝတ်ပျူငှာကြိုဆို
ပထမဦးဆုံး ထူးခြားဖြစ်စဉ်ကတော့ ၁၉၆၂ ခုနှစ်ကတည်းက အာဏာသိမ်းပြီး အာဏာရှင်စနစ်နဲ့အုပ်ချုပ်လာတဲ့ စစ်အစိုးရကို ဖျက်သိမ်းပြီး အရပ်သားအစိုးရအသွင် ပြောင်းလိုက်တာဖြစ် တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သူ့အလိုအလျောက် အာဏာစွန့်ပြီး အနားယူသွားလိမ့်မယ်ဆိုတာ ဘယ်သူမှ မယုံနိုင်ကြဘူး။ အလားတူပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာလွှဲပေးခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဧည့်ဝတ်ပျူငှာကြိုဆိုပြီး လက်ဆွဲနှုတ်ဆက်လိမ့်မယ်ဆိုတာလည်း ဘယ်သူမှ မယုံနိုင်ဘူး။
ခေါင်းဆောင်နှစ်ယောက် လက်ဆွဲနှုတ်ဆက်နေတဲ့နောက်က ချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကြီးကို ရုပ်မြင်သံကြားမှာ ဖျတ်ကနဲ မြင်တွေ့လိုက်ကြရချိန်မှာ
ကြည့်နေသူတိုင်း ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြတယ်။ ဒီမြင်ကွင်းမျိုး မြင်တွေ့ရလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်မထားခဲ့ကြဘူးကိုး။
ထောင်တန်တဲ့ စကား
အဲဒီနောက်တော့ “ထောင်” တန်တဲ့ စကားတွေဖြစ်တဲ့ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့၊ သမဂ္ဂဖွဲ့စည်းရေးတို့ဆိုတဲ့ စကားတွေကို အစိုးရဘက်ကရော ဒေါ်အောင်ဆန်းစုကြည်တို့ ဘက်ကပါ နေ့စဉ်ရက်ဆက် ရက်ရက်ရောရော ဖောဖောသီသီကြီး ပြောဆိုလာခဲ့ကြတယ်။ အစိုးရရဲ့ အာဏာရပါတီက ခေါင်းဆောင်ကြီးတွေတစ်ယောက်ပြီး တစ်ယောက်၊ အတိုက်အခံအဖြစ် သတ်မှတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲမှာ လက်ခံတွေ့ဆုံကြပြီး၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ဝင်ရောက်လာမှာကို ကြို
ဆိုကြောင်း ပြောကြတယ်။ ဦးဆောင်နိုင်တဲ့ အရည်အချင်းပြည့်ဝသူ ဖြစ်ကြောင်း ချီးကျူးထောပနာပြုကြတယ်။
ယုံကြည်တာပဲပြောတော့တယ်
ဒေါ်အောင်ဆန်းစုကြည်ကလည်း နှစ်ဆယ့်သုံးနှစ်လုံးလုံး အခိုင်အမာကိုင်စွဲထားတဲ့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်ရေးဆိုတဲ့ အချက်တွေကို မပြောတော့ဘူး။ ၂၀၁ဝ ပြည့်နှစ်အထိ ပြောနေသေးတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းတို့၊ ဒုတိယပင်လုံညီလာ
ခံတို့ဆိုတဲ့ စကားတွေလည်း မပြောတော့ဘူး။ အဲဒီအစား ဒီမိုကရေစီလမ်း စမြင်တွေ့နေရပြီတို့၊ သမ္မတကြီးဦးသိန်းစိန်ကို ယုံကြည်တယ်တို့ဆိုတဲ့ စကားတွေပဲပြောတော့တယ်။ တစ်ဖက်က အထင်အမြင်လွဲမှားစရာဖြစ်နိုင်တဲ့ ထောင်သောင်းချီတဲ့ လူစုလူဝေးကြီးတွေလည်း မလုပ်တော့ဘဲ ရုပ်ရှင်မင်းသားမင်းသမီးတွေ၊ အဆိုတော်တွေကို သီးခြားတွေ့ဆုံတာ မျိုးတွေပဲ လုပ်တော့တယ်။
သာမန်ပြည်သူတွေအဖို့က ဒီမိုကရေစီရဲ့ အရသာကို ဘာတစ်ခုမှ မခံစားကြရသေးဘဲ စနစ်ဟောင်းကအတိုင်း ဟိန်းဟောက်ခြိမ်းခြောက်ခံရ၊ လယ်မြေတွေ အသိမ်းခံရ၊ အမျိုးမျိုးလှည်ွပတ်ပြီး ပိုက်ဆံတောင်းတာခံရဆိုတာမျိုးတွေပဲ ကြုံတွေ့နေရလေတော့ . . .
မျက်လုံးဒေါက်ထောက်ကြည့်တာတွေ
သတင်းစာတွေ ဂျာနယ်တွေဖတ်ပြီး သိရသမျှကတော့ ဝမ်းသာစရာ၊ အားတက်စရာတွေချည်းပဲ။ ဒါပေမယ့် စိတ်မကောင်းစရာ သတင်းတွေကလည်း ကြားမြဲကြားနေရသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စ၊ ပြည်တွင်းစစ်ရပ်စဲရေးကိစ္စတွေလို ကိစ္စကြီးတွေက ပေါ်လစီရေးရာမို့ ချက်ချင်းအဖြေမထွက်နိုင်သေးတာကို နားလည်လို့ရတယ်။ ပေါ်လစီကိစ္စ၊ နိုင်ငံရေးကိစ္စမဟုတ်တဲ့ ကိစ္စရပ်တွေမှာ ယခင်က ပုံစံအတိုင်း ဆက်လက်ဖြစ်ပွားနေတာတွေကတော့ မသင့်တော်ဘူး။ အစိုးရသစ်အပေါ်မှာ ယုံရနိုးနိုးနဲ့ မျက်လုံးဒေါက်ထောက် ကြည့်နေသူများရဲ့ သံသယတွေ ပိုပြီးတိုးလာစေတယ်။
သိက္ခာကျစရာဖြစ်ရ
အထူးသဖြင့် အခုတလောကြားနေရတဲ့ တောင်သူတွေရဲ့ လယ်ယာမြေတွေကို အတင်းအကြပ်သိမ်းယူတဲ့ ကိစ္စမျိုးဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စမျိုးဖြစ်တယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဝန်ကြီးတွေက စိုက်ပျိုးလုပ်ကိုင်နေတဲ့ လယ်မြေများကိုမသိမ်းဖို့ ညွှန်ကြားထားတယ်လို့ ပြောနေပေမယ့် အောက်ခြေမှာတော့ သိမ်းယူမှုတွေ ရှိနေသေးတယ်။ သမ္မတနဲ့ ဒုသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများက ပြည်သူများစိတ်ချမ်းသာအောင် ဆောင်ရွက်ကြရမယ်။ ဥပဒေအထက်မှာ ဘယ်သူမှမရှိအောင် လုပ်ဆောင်ရမယ်လို့ ထပ်ခါတလဲလဲ ပြောနေကြပေမယ့် အချို့အောက်ခြေဌာနအသီးသီးရဲ့ ဝန်ထမ်းတွေကအရင် ခေတ်ကအတိုင်း အာဏာပါဝါပြမြဲ၊ နိုင်ထက်စီးနင်းပြုမြဲ၊ လာဘ်ပေးလာဘ်ယူတွေ လုပ်မြဲဖြစ်နေကြတဲ့အတွက် အစိုးရ သိက္ခာကျစရာဖြစ်ရတယ်။
အောက်ခြေကလူတွေအတွက်
သာမန်ပြည်သူတွေအဖို့က ဒီမိုကရေစီရဲ့ အရသာကို ဘာတစ်ခုမှ မခံစားကြရသေးဘဲ စနစ်ဟောင်းကအတိုင်း ဟိန်းဟောက်ခြိမ်းခြောက်ခံရ၊ လယ်မြေတွေ အသိမ်းခံရ၊ အမျိုးမျိုး လှည့်ပတ်ပြီး ပိုက်ဆံတောင်းတာခံရဆိုတာမျိုးတွေပဲ ကြုံတွေ့နေရလေတော့ အပြောင်းအလဲဆိုတာကို မယုံနိုင်အောင်ဖြစ်နေကြတယ်။
ဒီလို သိက္ခာကျစရာတွေနဲ့ သံသယဖြစ်စရာတွေ ပပျောက်သွားအောင် အမြန်ဆုံး လုပ်ဆောင်ဖို့လိုတယ်။ အောက်ခြေက လူတွေရဲ့ဘဝတွေပါ ပြောင်းလဲမှ ပြည်သူတွေက ယုံကြည်လာမှာပါ။ အဲဒီလိုဖြစ်ဖို့ အောက်ခြေဌာနဆိုင်ရာတွေက စပြီးပြုပြင်ဖို့ လိုပါတယ်။ အရေးယူ သင့်တာတွေကို ထိထိရောက်ရောက် လူသိရှင်ကြားအရေးယူဖို့ လိုပါတယ်။
ပြည်သူ့သံတော်ဆင့်
အထက်က တာဝန်ရှိလူကြီးတွေအနေနဲ့ မြို့တကာနယ်တကာက အသေးအဖွဲကိစ္စမှန်သမျှကို သိမနေနိုင်ဘူး။ အသေးအဖွဲဆိုပေမယ့် သက်ဆိုင်သူပြည်သူများအဖို့တော့ သေရေးရှင်ရေး ကိစ္စဖြစ်ချင်ဖြစ်နိုင်တယ်။
လူကြီးတွေအထိ သိသင့်တဲ့ကိစ္စတွေကို ရေးသားဖော်ပြပေးတဲ့တာဝန်ကို သတင်းစာနဲ့ဂျာနယ်၊မဂ္ဂဇင်းတွေက ယူကြရတယ်။ အထူးသဖြင့် အခုလို အတိုက်အခံ နိုင်ငံရေးပါတီရယ်လို့ မရှိတဲ့အချိန်မှာသတင်းမီဒီယာတွေက ပြည်သူလူထုရဲ့အသံတွေကို လွှင့်ထုတ်ပေးတဲ့သံတော်ဆင့်အဖြစ်ဆောင်ရွက်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက အခုအခါ အတိုက်အခံပါတီ မဟုတ်တော့ဘဲ၊ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မောင်နှမပါတီလိုဖြစ်နေပြီဆိုတော့ သာမန်ပြည်သူများမှာ သတင်းမီဒီယာတွေပဲ အားကိုး အားထားပြုပါတော့တယ်။
သတင်းသမားဆိုတာကတော့ဘယ်အစိုးရတက်တက် ပြည်သူ့မျက်နှာကိုသာ ကြည့်ရမှာဖြစ်လေတော့ ဟိုဘက်က ငြိုငြင်မှာ ဒီဘက်က ငြိုငြင်မှာကို ကြည့်မနေနိုင်ပါဘူး။ ဒါမှ စတုတ္ထမဏ္ဍိုင်လို့ အခေါ်ခံထိုက်မှာ ဖြစ်ကြောင်းပါ။
http://www.news-eleven.com/index.php?option=com_content&view=article&id=11724:2012-01-01-05-41-52&catid=78:2009-11-13-06-25-17&Itemid=135
aye.kk
January 2, 2012 at 8:20 am
အမြင်တည့်မတ်လမ်းခင်းပြတဲ့သူကြီးဦးခိုင်အား..
လေးစားကာကျေးဇူးတင်ပါသည်ဟုပြောကြားလိုက်ပါစေ..။
htet way
January 2, 2012 at 6:09 pm
မှန်ပါတယ်ခင်ဗျား ဆရာကြီးပြော သလိုအောက်ခြေကစပြီးပြင်ရမှာပါ
လူတွေက စနစ်ဆိုးကိုဖက်တွယ်တုန်းပါပဲ အကြောက်တရားနဲ့ ပဲ ဆက်သွားချင်ကြပါတယ်
တရားရုံးတွေ မူမပြင်ကြသေးပါဘူး လဘ်စားတုန်းပါပဲ ။စစ်ဆေးရးတွေကလည်းငွေပေါ်မူ
တည်နေကြပါတယ် အောက်ခြေကနေပြည်သူယုံကြည်အောင်လုပ်ရပါမယ်။
ပြည်သူတွေရဲ့ ဘဝကို တိုးတက်အောင်လုပ်ဖို့ ထက် ရုံးတွေက မူဟောင်းကို အရင်ပြင်ရမယ်။
kotun winlatt
January 2, 2012 at 6:19 pm
ပြုပြင့်သင့်တယ်လို့ ပြောနေရုံနဲ့ မပြီးဘူးခင်ဗျ…
တကယ်လည်း လုပ်မှ ဖြစ်မှာ…
နယ်တွေဘက်မှာ ဘာမှပြောင်းလဲမှုမမြင်ရသေးဘူး ခင်ဗျ..
လာဘ်စားမှုအစ မူးယစ်ဆေးဝါးကိစ္စအဆုံးပေါ့…။
မောင်သန်းထွဋ် ဦး
January 2, 2012 at 7:11 pm
မှန်ပါတယ်။ဒီသတင်းက ကူးယူဖော်ပြတာဖြစ်ပေမယ့် ဒီစာပုဒ်လေးကို ကိုးကားပြီးကျနော်က စာရေးဖို ့ကြံစည်မိပါသေးတယ်။
စာရေးသူကို အပြစ်မမြင်မိပါကြောင်း။လေးစားစွာဖြင့်…….
small cat
January 4, 2012 at 7:21 am
အပင်တစ်ပင်မှာ အမြစ်(အောက်ခြေကနေ)ရေကိုစုပ်ယူပြီးအပေါ်ကိုထောက်ပံ့ပါတယ်၊အခေါက်ဆိုတဲ့ ပင်စည်ရဲ့အလယ်လမ်းကြောင်းတွေကပေါ့။
အဲဒီတော့ အောက်ခြေဖြစ်တဲ့အမြစ်တွေကိုသာစ ခုတ်ဖြတ်၊ရေသောက်မြစ်ပါမြေလှန်ပြီး ခုတ်ကြပါတော့ဗျာ၊အဲဒါမှ ဒီအပင်ကြီးလဲသေမှာပါ။ ခုတ်ရင်တော့တပြိုင်တည်းပြတ်အောင်သာသေချာခုတ်ကြနော် ၊တစ်ခုခြင်းအေးအေးလိုက်ခုတ်နေလို့မရဘူး၊ တမြစ်ပြတ်ရင်နောက်တစ်မြစ်ထွက်လာမှာ၊အပင်ကြီး မသေမခြင်း အမြစ်တွေကို ပြန်ပွားပေးနေဦးမှာဗျ၊