ထေရဝါဒမှနှုတ်ထွက်ရခြင်းအကြောင်းအပိုင်းအစ – ၁

ဘုရားဟောပါဠိတော်+အဌကထာ+ဋီကာ တို့ကို ထေရဝါဒလို့ခေါ်ပါတယ်။အဌကထာဆိုတာဘုရားဟောခဲ့တဲ့ စကားတွေကိုအနက်ဖေါ်ပြတာတွေပါပဲ။အဌကထာလို့ဆိုတဲ့ကျမ်းပြုဆရာတွေရဲ့

ဘုရားစကားအပေါ်မှားမှားယွင်းယွင်း ကောက်ယူဖွင့်ဆိုချက်တွေကြောင့်

ဗုဒ္ဓဝါဒဟာကမာ္ဘမှာ ကျဆုံးခဲ့ရပါတယ်။ နောင်ဘဝဖြစ်ရေးနဲ့ မဖြစ်ရေးဟာ

ဘာသာတရားတိုင်းမှာရှိနေတာတွေပါ။ ဗုဒ္ဓလက်ထက်က ဘာသာရေးဆရာကြီးတွေလည်း

နောင်ဘဝဖြစ်ရေးနဲ့ မဖြစ်ရေးတွေပဲ လမ်းညွှန်ခဲ့ကြသူတွေပဲ၊ ဘာသာတရားတိုင်းရဲ့

အသည်းနှလုံးပါပဲ။ အဲ့ဒီအသည်းနှလုံးမရှိတဲ့ သဘောတရားဟာ ဘာသာတရားမဟုတ်တဲ့

သဘောတရားပဲ။

ဗုဒ္ဓဟာ အဲ့ဒီဘာသာတရားမဟုတ်တဲ့သဘောတရားကို ညွှန်ပြသူဖြစ်လို့

ဗုဒ္ဓနဲ့ ခေတ်ပြိုင် ဘာသာရေးသမားတွေက ဗုဒ္ဓအပေါ် နားမလည်နိုင်ဖြစ်ပြီးဗုဒ္ဓကို

နောင်ဘဝဖြစ်၊မဖြစ်…အစရှိတဲ့မေးခွန်းတွေမေးတော့ ဗုဒ္ဓက အဲ့ဒါတွေ

ငါမပြောဘူးလို့ချည်း ပြောခဲ့သူပါ။

ဗုဒ္ဓဟာ ဒါပဲပြောသူဆိုရင်တော့ ဘာမှမယူတဲ့အယူကို ယူသူလို့

ပြောရမှာဖြစ်ပေမယ့် ဗုဒ္ဓက ဒါပဲပြောသူမဟုတ်တာပဲ ဖြစ်တယ်။

လူ့ဒုက္ခရောက်မှုနဲ့ ဒုက္ခရောက်ကြောင်း၊ လူ့လွတ်လပ်ငြိမ်းချမ်းမှုနဲ့

လွတ်လပ်ငြိမ်းချမ်းကြောင်းတွေကို သူပြောတယ်လို့ ပြောခဲ့သူပဲဖြစ်တယ်။

လူမှာဒုက္ခရောက်တာနဲ့ လွတ်လပ်တာအပြင် လေးနက်တာဟာ

မရှိတော့တာပါပဲ။ အဲ့ဒီအချက်လေးချက်ကို အဌကထာကျမ်းပြုသူတွေ

နည်းနည်းလေးတောင် မရိပ်မိကြဘူးဖြစ်နေတယ်။ဒုက္ခရောက်တယ်ဆိုတဲ့

မလွတ်လပ်တာတွေ လူမှာဘယ်လိုဖြစ်သလဲဆိုတာ လုံးဝမသိသူတွေပါပဲ။

လူမှာဒါဟာအရေးကြီးဆုံးပဲ၊ ဒါမသိတော့ ရှေ့ပြော၊ နောက်ပြော၊အထက်ပြော၊

အောက်ပြော အဲ့ဒီအပြောတွေနဲ့ ဝေဆာလှပအောင် ပြောတာတွေထဲ မြောနေ၊

နစ်နေတဲ့ ထေရဝါဒဟာ ယုံကြည်ရုံထက် ဘာအသိအမြင်ဒဿနမှ မရတော့လည်း

ထေရဝါဒမှ နှုတ်ထွက်ရခြင်း အပိုင်းအစ တစ်ခုဖြစ်ခဲ့ရပြီပေါ့။

84 comments

  • uzin

    January 6, 2012 at 9:52 pm

    ထေရဝါဒမှ နုတ်ထွက်ရခြင်း အကြောင်း အပိုင်းအစ(၂)ကို ဆက်လက် ဆောင်မျှော်နေပါတယ်။

  • မှော်ဆရာ

    January 6, 2012 at 11:14 pm

    စာရေးသူဟာ လက်ရှိ ထေရဝါဒကို ကိုးကွယ်ယုံကြည်နေသူ ဟုတ်မဟုတ် သိချင်ပါတယ် …
    မဟုတ်ဘူးဆိုရင်တော့ ထေရဝါဒ မကောင်းကြောင်းကို ပြောဆိုတာထက်
    ကိုယ့်ကိုးကွယ်ရာ ဘာသာ ကောင်းကြောင်းကိုပဲ ပြောဆိုစေချင်ပါတယ် …။
    ထေရဝါဒ မကိုးကွယ်တဲ့သူ တစ်ယောက်က ထေရဝါဒအကြောင်း မကောင်းပြောတာ လက်မခံနှိုင်ပါ ….

    • မှော်ဆရာ

      January 6, 2012 at 11:16 pm

      ထပ်ပြောပါဦးမယ် …
      တခြားဘာသာကို ကိုးကွယ်နေတယ်ဆိုရင်တော့ ထေရဝါဒအကြောင်းကို ကောင်းသည် ဆိုးသည် ဝေဖန် ပြောဆိုခြင်းကို ထေရဝါဒ ကိုးကွယ်နေသူတစ်ယောက်အနေဖြင့် ကန့်ကွက်ပါသည်။

    • ဦးဦးပါလေရာ

      January 7, 2012 at 12:13 am

      မှော်ဆရာကို သတင်းပေးဦးမယ်။
      ပစ္စုပ္ပန်ကမ္မဝါဒ လို့လဲ ခေါ် မိုးပြာဝါဒ လို့လဲခေါ်တဲ့
      အဲဒီ(ထေရဝါဒလုံးဝမဟုတ်တဲ့)ဘာသာခြားတွေဟာ
      သူတို့ဘာသာအယူဝါဒကို ဖွင့်ဆို ရှင်းပြ စည်းရုံးခြင်းနည်းလမ်းများနဲ့ မဖြန့်ချီပဲ
      ထေရဝါဒဗုဒ္ဓဘာသာကို အပြစ်ဆို ရှုတ်ချ တိုက်ခိုက် တဲ့နည်းလမ်းများ အသုံးပြုလေ့ရှိတယ်။
      ကျုပ်ပြောတာ မှားလားမှန်လား စောင့်ကြည့်။

      ဒါ့ထက် မှော်ဆရာက ရန်ကုန်မှာမဟုတ်တော့ဘူးလား
      နယ်ပြန်သွားပြီလား..
      ဒါမှမဟုတ် မှော်အတတ်နဲ့ နှစ်ကိုယ်ခွဲပြီးနေနေတာများလား.. 🙂

      • မှော်ဆရာ

        January 7, 2012 at 8:20 am

        ကျွန်တော်က နယ်မှာနေတာ ခင်ဗျ ..
        ရန်ကုန်ကို တခါတလေမှ တက်လာတာပါ …
        တောသားလေးပါခင်ဗျာ …
        သုံးကိုယ်လောက်တော့ ခွဲချင်နေတယ် …
        မိန်းမသုံးယောက်လောက် ယူလို့ ရမလားလို့ … 🙂

    • mggwa

      January 7, 2012 at 1:07 pm

      ကိုယ့်လူတို့ရဲ့ ဘုန်းကြီးတွေကျတော့ မဟာယာန မကောင်းကြောင်း ရေးတာတွေ ဟောတာတွေ ဘယ်သွားထားကြမလဲ၊
      ကိုယ်ယူထားတဲ့ အယူဝါဒကို ကိုယ်ယုံတယ်၊ မှန်တယ်ထင်ရင် ကောင်းကြောင်းပဲပြောပြော၊ မကောင်းကြောင်းပဲ ပြောပြော နာစရာအကြောင်းမရှိပါဘူး ကိုယ့်လူတို့ရာ။
      ဒီအယူကို မယုံတော့တဲ့သူက နှုက်ထွက်ကြောင်းပြောတာလဲ ဘာမှ သဘောမကျစရာမရှိပါဘူး။
      ဒါ သူ့လွတ်လပ်ခွင့်ပဲလေ။ ဘာလဲ၊ တခြားဝါဒကနေ ထေရဝါဒကို ပြောင်းလာတယ်ဆိုတဲ့ စကားပဲ ကြားချင်တာလား။ သဘောထားမသေးကြပါနဲ့။ သူများဝါဒတွေကို ကိုယ်ပြောချင်သလို ပြောခဲ့ကြပြီးမှ ကိုယ့်အယူကို ထိတော့မှ မခံနိုင်ကြတာဟာ အလွန့်အလွန် သဘောထားသေးတာပါဗျာ။ နိုင်ငံကြီးသားပီသချင်ရင် သဘောကြီးမှပေါ့။

      • we ren thu

        January 13, 2012 at 8:36 pm

        ွှအဲ့ဒီလိုကြေးဆို ရင်———ဆိုပါတော့ အစ်ကို ့အမေကို တစ်ယောက်ယောက်က မုဒိမ်းကျင့်သွားတယ် -ဒါဆိုရင် ဘာလုပ်မလဲ တရားစွဲမလား ဆွဲထိုးမလား ဒါမှမဟုတ် သူလည်း သူ ့အမြင်နဲ့သူ ကောင်းတယ်ထင်လို ့မဒိမ်းကျင့် တာနေမှာပေါ့ ငါနဲ ့အမြင် မသူတိုင်း ငါက သူ ့ကို သွားလုပ်နေရင် ငါပဲ စိတ်ပုပ်စိတ်ယုတ်မွေးတဲ့သူ ဖြစ်တော့မယ်ဆိုပြီး ငြိမ်ခံမလား —– (သူတော်ကောင်းယောင်ဆောင်ပြီး ဝင်ဝင် လျှာရှည်နေကြတဲ့ မဟာအကောင်းမြဝါဒီ များလည်း ဆန္ဒရှိရင် ဖြေပေးနိုင်ပါတယ် ) —-
        ဒါကျတော့ရဲ့ အယဉ်ကျေးဆုံး ဥပမာပါ (ဒီထက် ကောင်းတဲံ example လေးတွေရှိသေးတယ်နော်)
        “ကိုယ်ယူထားတဲ့ အယူဝါဒကို ကိုယ်ယုံတယ်၊ မှန်တယ်ထင်ရင် ကောင်းကြောင်းပဲပြောပြောမကောင်းကြောင်းပဲ ပြောပြော နာစရာအကြောင်းမရှိပါဘူး ကိုယ့်လူတို့ရာ။”တဲ့ မှန်လိုက်လေဗျာ—အဲ့ဒိတော့ လောကမှာ
        မုဒိမ်းကျင့်တဲ့ကောင်တွေကလည်း သူတို ့အယူနဲ ့သူတို ့ကောင်းတယ်ထင်လို ့ကျင့်တာ
        ဘာဥပဒေ ဘယ်သူ ့ကိုမှဂရုစိုက်စရာမလိုဘူး ကိုယ့်အမေကို လာကျင့်သွားလည်း ဘာမှပြန်လုပ်စရာမလိုဘူး ငြိမ်သာခံနေကြ –(သူလည်းသူ ့အမြင်နဲ့သူ ကောင်းတယ်ထင်လို ့မဒိမ်းကျင့် တာလေ)
        သိပ်လည်း ဒေါသထွက်မနေကြနဲံ့ဦး…
        ကိုယ်ပြောချင်သလို ပြောခဲ့ကြပြီးမှ ကိုယ့်အယူကို ထိတော့မှ မခံနိုင်ကြတာဟာ အလွန့်အလွန် သဘောထားသေးတာပါဗျာ။ နိုင်ငံကြီးသားပီသချင်ရင် သဘောကြီးမှပေါ့။ ဟုတ်ဘူးလား–

    • kostudier

      January 8, 2012 at 8:20 am

      လက်ခံနေဆဲဆိုရင် သူက အကောင်းပဲ ပြောနေမှာပေါ့
      အဖြေကို အဝေးကြီးသွားရှာမနေပါနဲ့

  • kai

    January 7, 2012 at 6:46 am

    အောက်ကလင့်ကနေ.. ယူအက်စ်ရဲ့ ..(ဘာသာရေးနဲ့ဆိုင်တဲ့)အဖြစ်ကလေးတခုရေးထားတာ ပြန်ဖတ်ကြည့်ကြစေလိုပါတယ်နော..။

    http://myanmargazette.net/82523/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit

    ကောင်းတဲ့ပါတ်ဝင်းကျင်ကိုလိုချင်ရင်.. မြတ်နိုးရင်.. တဦးချင်းစီက.. ကိုယ်တိုင်ပါဝင်တည်ဆောက်ကြမှ ရမှာပါ..။
    လွတ်လပ်ခြင်းကိုလိုချင်ရင် သူတပါးရဲ့ လွတ်လပ်ခြင်းကို.. ကိုယ်ကိုယ်တိုင်လည်း လေးစား လက်ခံလက်နာရပါလိမ့်မယ်..။

    ဆိုတော့..
    အတွေးအမြင်တွေ.. မပိတ်ထားကြပါနဲ့
    လွတ်လပ်စွာ စည်းရုံးနိုင်ရေးနိုင်ပါတယ်..။
    ဒါပေမဲ့ စည်းကမ်းများ တိတိကျကျ လိုက်နာစေလိုကြောင်းပါခင်ဗျား..။

    6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
    – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….

    • မှော်ဆရာ

      January 7, 2012 at 8:07 am

      >>>>> ရှေ့ပြော၊ နောက်ပြော၊အထက်ပြော၊

      အောက်ပြော အဲ့ဒီအပြောတွေနဲ့ ဝေဆာလှပအောင် ပြောတာတွေထဲ မြောနေ၊

      နစ်နေတဲ့ ထေရဝါဒဟာ ယုံကြည်ရုံထက် ဘာအသိအမြင်ဒဿနမှ မရတော့ <<<<<
      တခြားဘာသာကို ရွာထဲမှာ အဲဒီလို ပြောရင် တခြားဘာသာဝင်တွေ ငြိမ်ခံနေမလား တွေးမိတယ် ….
      သူ့ဘာသာကို ဘယ်လိုပဲ ကောင်းတယ်ပြောပြော … မြင့်မြတ်ပါတယ်ပြောပြော ဖြစ်တယ် … ကိုယ်နဲ့မှ မဆိုင်တာ …. သူ့အမြင် သူပြောတာပဲ …။ လွပ်လပ်စွာပြောပေါ့ ဖြစ်တယ် …။
      ဒါပေမယ့် ထေရဝါဒ က မကောင်းဘူး … ပြောတာတော့ ကျွန်တော့အနေနဲ့ လက်မခံနှိုင်ဘူး …။
      ရွာထဲမှာ ဒီလိုမျိုး ရေးရတာ ၊ မရေးရတာတော့ သူကြီးအပိုင်း … ကျွန်တော်နဲ့ မဆိုင်ဘူး …။ သူကြီးက သူကြီးကိုး …. 🙂
      ကျွန်တော်က ထေရဝါဒအနေနဲ့ပဲ ကန့်ကွက်ပါတယ် ပြောတာ ..။
      ရေးလို့ရတယ် ဆိုရင်တော့ ကလေးတွေ ဖအေပြိုင်သလိုလုပ်ကြတော့မယ် …
      နင့်အဖေက အရက်သမား ၊ ဖဲသမား ၊ ဆေးသမား …
      ငါ့အဖေက နင့်အဖေထက် တော်တယ် …ဆိုတာမျိုးလေ … 🙁
      ကိုယ့်ဘာသာ ကိုယ်ကြိုက်တာရေး … တခြားဘာသာအကြောင်း မပါကြေးဆိုရင် မကောင်းဘူးလား သူကြီးရယ် ….

      • kai

        January 7, 2012 at 8:30 am

        အတွေးအခေါ်နဲ့ ပါတ်သက်တာမို့.. ကိုရင်မှော်ပြောသလို..
        ..ဒါကိုလက်မခံဘူး..ကန့်ကွက်တယ်.။ မကြိုက်ဘူး.။ ရှေ့နောက်မညီဘူး..။ ကြိုက်သလို ချေပပြောခွင့်ရှိပါတယ်..။
        ရှေးရောမခေတ်ကဆို.. အတွေးအခေါ်ဟောပြောတဲ့သူက.. လူစည်ရာနေရာလေး.. ထိုင်ခုန်လေးချ.. အပေါ်တက်ရပ်ပြောခဲ့ကြတာပါ..။
        ဗုဒ္ဓဘုရားရှင်နဲ့.. သားတပည့်သံဃာတွေလည်း ဒီအတိုင်းလုပ်ခဲ့ကြတာပဲ..။
        ခဲနဲ့ပေါက်..ဝိုင်းဆဲ.. ဝိုင်းရိုက်တာတောင်ခံရသပေါ့…။

        သူပြောလာတွေတွေ.. တခုချင်း.အချက်အလက်တွေကိုယူပြီး.. .ချေပလို့ရပါတယ်..။
        ပိုကောင်းတာတွေညစ်ထုတ်.. ထွက်လာစေချင်ရင်.. ဆဲဆိုပြလို့တောင်ရပါတယ်..။
        ( ဒီမှာတော့.. ဒီနှစ်ထဲ ဆဲတာ ခွင့်မပြုနိုင်တော့ပါဘူး..)
        ==
        အင်း..
        အခု.. ထပ်ရေးလာမယ့်စာတွေကို.. ဖတ်တော့ကြည့်ချင်ပါသေးတယ်.။
        ကျုပ်အနေနဲ့ကတော့.. ခံငြင်းစာရာတွေရှိလာရင် အချက်အလက်နဲ့ငြင်းရင်း.. ကိုယ့်ဖက်က.. ယုံကြည်ရာကို ခိုင်မာအောင်လုပ်ဖို့ပြင်ထားပါတယ်..။

        နောက်တခုက…
        မြန်မာပြည်ထဲ.. ထေရဝါဒကလွဲလို့.. တခြားဘာသာကိုးကွယ်ရာတွေ အင်မတန် ဖိနှိပ်ပါတယ်..။
        ကမ္ဘာ့ဘာသာရေး အဖိနှိပ်ဆုံး၄နိုင်ငံထဲ မြန်မာပြည်ပါတယ်..။
        အခု ပစ္စုပ္ပန်ဝါဒရဲ့.. အကြီးအကဲကိုလည်း ဖမ်းပြီးထောင်ချထားတယ်..။
        မဟာယာနက.. ကျောင်းဆောက်လှူတန်းတာတွေ..ငွေလှူတာတွေကိုလည်း.. ဘုန်းကြီးတချို့က.. နာမည်ဝင်ခံပြီး.. မူရင်းအလှူရှင်အမည်တွေ ..ဖျောက်ကွယ်ယူထားကြတယ်..။
        ဒါတွေက.. ဗုဒ္ဓဘာသာ ခေါင်းစဉ်အောက်က ကိုးကွယ်ရာတွေပဲရှိသေးတယ်.။
        (မဟာယာန/ထေရဝါဒ/ပစ္စုပ္ပန်ကမ္မ+ဗုဒ္ဓဘာသာ)

        အခုလိုလုပ်နေကြတာဟာ.. အစွန်းရောက်လွန်းနေတယ် မြင်မိတာမို့.. ဘာသာရေးရဲ့လွတ်လပ်မှုလေးကိုတော့.. ဒီရွာက..အတိုင်းအတာတခုအထိ..ပိုပိုသာသာလေး.. ခွင့်ပြုပေးချင်ပါတယ်နော..။

        အဲဒါလေး..ရွာသူားတွေကို.. အသိပေးတင်ပြထားပါရစေ..။

        • ဆူး

          January 7, 2012 at 10:10 am

          သဂျီး ရွာထဲမှာ ထိန်းကျောင်းရတာ ပင်ပန်းနေပြီ.. ဗိုက်ဆာ နေပြီလား အသားဟင်း စားသွားအုန်း သေချာ ချက်ပေးမယ်။
          http://t0.gstatic.com/images?q=tbn:ANd9GcQXUBvcV7mCLKQH-V1KJ6tr9_20cl5vnft8vN-kvgQA290Y5NLccQ

          ထေရဝါဒ ကို မတိုက်ခိုက်ပဲ လာ သူ့လမ်းကြောင်းနဲ့ သူဖြစ်နေရင် ဘာမှ ပြသနာ ဖြစ်စရာ အကြောင်း မရှိဘူး။
          မိုးပြာက မိုးပြာ သူ့ဟာသူ ဂိုဏ်းထောင်တာ အပြစ်မတင်ပေမဲ့ ဘာသာရေး အဆုံးအမတွေကို ယုံမှား သံသယ ဖြစ်စေတဲ့ အချက်အလက်တွေ ရေးသားလာတာတွေကိုတော့ လုံးဝ ကန့်ကွက်ရမှာပဲ..
          Copy Right ကို အလေးထားတဲ့ ခေတ်ကြီးထဲမှာ တရားစွဲပြီး အမှုရင်ဆိုင်ကြတာပဲ.. အမှုရှုံးတဲ့ လူကတော့ ထောင်ကျတာ လျှော်ကြေးပေးရတာ တွေရှိနေကြတာပဲ.. ရိုးရိုးလေးပဲ တွေးကြည့်ပေါ့.. မျက်ချေးဖတ် ကပ်နေရင်တော့ ဘာမှ မြင်မှာ မဟုတ်ဘူး။
          ထေရဝါဒ မူပိုင်နဲ့ ပတ်သတ်ပြီး တရားစွဲခံရပြီး ထောင်ထဲ ရောက်သွားတာပါ။

  • သာမိညောင်

    January 7, 2012 at 10:00 am

    မလယ်မရှုပ်တော်တော်လုပ်တဲ့လူဘဲ ဘာညာဘာညာကွိကွကွိကွပေး 😀 😀 😀
    ( မှတ်ချက်။ ။ မြှောက်ပေးသူ သဂျီး )
    မြတ်စွာဘုရားရှင်တော် ဟောကြားတော်မူခဲ့တဲ့ ဓမ္မတရားကို မနှစ်သက်တာလား
    မြတ်စွာဘုရားရှင်တော် ကို မနှစ်သက်တာလား
    မြတ်စွာဘုရားရှင်တော် ဟောကြားတော်မူခဲ့တယ်ဆိုတဲ့ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ ဆိုတာ
    မြတ်စွာဘုရားရှင်တော် ဟောကြားခဲ့တဲ့ မူရင်းမဟုတ်ဘူးဆိုတာလား
    ( ဘယ်တရားကို အမှန်လို့ဆိုခြင်လဲ )
    သို့မဟုတ် ငါသိတဲ့တရားက အမှန်လို့ဆိုတာလား
    ခပ်ရှင်းရှင်းလေးမန့်တော်မူပါဦးခင်ဗျ

  • Onyx

    January 7, 2012 at 10:24 am

    ဟုတ်တယ် ကိုမှော်ပြောတာ အဲလိုပဲ ဟိုတစ်ခေါက်ကလဲ ဟို father ဆိုတဲ့လူ ဘလိုင်းကြီး ပြောတာ ခံလိုက်ရတယ် ။ ဒါပေမဲ့ သဂျီးက ခွင့်ပြုတယ်ဆိုတော့လဲ ပြောကြပေါ့ ။ ပြန်ချေပ ပို့တော့ ပြင်ထားရ
    တော့မယ် လို့ထင်တယ် ။ လာလို့ဆို ကျွန်တော်တို့ ဘာသာကိုပဲ ပြောချင်ကြ တာလေ ။
    တစ်ခုတော့ ရှိတယ် အပင်မြင့်လေ လေတိုက်လေ ဆိုတဲ့ စကားလိုပဲ လို့ မှတ်ယူ ထားမှတော်ကာကြမယ်နော်

  • tt lay

    January 7, 2012 at 10:44 am

    စာရေးသူရှင့်…………… ကိုယ့်ယုံကြည်မှုနှင့်ကိုယ်ပါ။ ကိုမှော်ပြောသလို ဘယ်လိုကောင်းကြောင်း၊ မြင့်မြတ်ကြောင်း ပြောလို့ရပါတယ်။ ထေရဝါဒအကြောင်းကို ကောင်းသည် ဆိုးသည် ဝေဖန် ပြောဆိုခြင်းကို ထေရဝါဒ ကိုးကွယ်နေသူတစ်ယောက်အနေဖြင့် ကန့်ကွက်ပါတယ်။

    • kostudier

      January 7, 2012 at 9:37 pm

      ရေအိုကြီးအဖုံးပိတ်ထားသလိုဖြစ်နေရှာမှာပေါ့

  • တောင်တန်း က မောင်ဆန်း

    January 7, 2012 at 11:51 am

    ကျွန်တော်လဲ မကြိုက်ဘူးဗျာ
    လွပ်လပ်စွာ ရေးတာတော့ ရေးတာပေါ့
    ကျွန်တော်တို့ ဘာသာမကောင်းဘူးတော့ မပြောနဲ့ပေါ့
    စည်းကမ်းတကျ ပြောကျရင် တော်ရဲ့ … စည်းလွတ်ဝါးလွတ်ဆို ခက်မကုန်ကျဘူးလား
    နောက်တစ်ခုက သူများက မကောင်းပြောတိုင်း လိုက်ရှင်းနေရရင် ခက်ကုန်မှာပေါ့ …
    ဥပမာ ခင်ဗျားက လူဆိုး သူခိုး ၊ ကျွန်တော်က လူကောင်းလို့ ပြောတိုင်း
    ကျွန်တော် သူခိုးမဟုတ်ပါဘူးခင်ဗျာ ဆိုပြီး လိုက်ရှင်းနေရသလို ဖြစ်နေမှာပေါ့ …
    ဒီတော့ အပေါ်က TTlay ပြောသလိုပဲ
    ထေရဝါဒအကြောင်းကို ကောင်းသည် ဆိုးသည် ဝေဖန် ပြောဆိုခြင်းကို ထေရဝါဒ ကိုးကွယ်နေသူတစ်ယောက်အနေဖြင့် ကန့်ကွက်ပါတယ်။

    • mggwa

      January 7, 2012 at 1:16 pm

      စည်းကမ်းတကျဆိုတာ ဘယ်ပေတံနဲ့ သတ်မှတ်မှာလဲ တောင်တန်းက မောင်ဆန်းရဲ့ သူပြောထားတဲ့ အကြောင်းအရာတွေကို ဝါဒစွဲတွေမပါပဲနဲ့ ပြန်ဆန်းစစ်ကြည့်ပေါ့။
      ဟုတ်ရင် လက်ခံ၊ မဟုတ်ဘူးထင်ရင် လက်မခံနဲ့ပေါ့။
      ထေရဝါဒတွေက ကျန်တဲ့ ဗုဒ္ဓဝါဒကွဲတွေကို မကောင်းဝေဖန်ထားတာကျတော့ မှန်တယ်ထင်နေရင် ကို်ယ့်လူရေ၊ ကိုယ့်လူမှာ ဒိဋ္ဌုပါဒါန်ဆိုတဲ့ အစွဲကြောင့် ဥမ္မတကလို့ဆိုတဲ့ ရောဂါဖြစ်နေတာပဲ။
      အဲဒီအစွဲတွေ ပျောက်အောင် အစွဲပျောက်စေတဲ့ တကယ့်တရားအစစ်တွေ နာဦးပေါ့။
      အစွဲပျောက်အောင်လုပ်ခါမှ ဝါဒတွေ စွဲနေလို့ သင့်တော်ရဲ့လားဆိုတာ ခံစားချက်ကို ဘေးဖယ်ပြီး အသိဉာဏ်နဲ့ ဝေဖန်ကြည့်စမ်းပါဦး။

      • တောင်တန်း က မောင်ဆန်း

        January 7, 2012 at 5:55 pm

        မောင်ဆန်း ထေရဝါဒ စစ်စစ် တစ်ယောက်
        တခြားဝါဒ ကောင်းသည် ဆိုးသည် မောင်ဆန်း မဝေဖန် … အခုလောလောဆယ်လဲ မိုးပြာ ကောင်း၏ မကောင်း၏ မောင်ဆန်း မပြော ….
        ဒီဝါဒက ဒီလိုကောင်းတယ် … ဒီဝါဒက ဒီလို မွန်မြတ်တယ် ပြော မောင်ဆန်း နားထောင်မယ် …
        ဟုတ်မဟုတ် ပိုင်းခြားဝေဖန်ကြည့်မယ် …
        အခုပြောနေတာ အဲဒီ့အဆင့် မဟုတ်သေးဘူး ….
        ထေရဝါဒကို ဝေဖန်ထားလို့ ပြောနေတာ ….။ ခင်ဗျားက မိုးပြာက ဆိုရင် ခင်ဗျား မိုးပြာက မှားယွင်းနေတဲ့ ဘာသာ ၊ လမ်းလွဲနေတဲ့ ဘာသာ ၊ အရေမရ အဖတ်မရ ဘာသာလို့ပြောမယ်ဆိုရင် ခင်ဗျား လက်ခံမလား ၊
        အဲဒီလိုပဲ မိုးပြာက ဆိုရင် မိုးပြာ ကအကြောင်းပဲပြော …
        ထေရဝါဒက ဒီလိုမှားတယ်လို့ ပြောပြီးမှ မိုးပြာက မှန်တယ် လာမပြောနဲ့ ….။
        နောက် ခင်ဗျား ကျွန်တော့ကို ပြောထားတယ်
        ် \\\\\\ ကိုယ့်လူမှာ ဒိဋ္ဌုပါဒါန်ဆိုတဲ့ အစွဲကြောင့် ဥမ္မတကလို့ဆိုတဲ့ ရောဂါဖြစ်နေတာပဲ။
        အဲဒီအစွဲတွေ ပျောက်အောင် အစွဲပျောက်စေတဲ့ တကယ့်တရားအစစ်တွေ နာဦးပေါ့။
        \\\\
        ကျွန်တော့်မှာ အစွဲ စွဲခွင့်ရှိတယ်… မစွဲခွင့်ရှိတယ် … ဒါပေမယ့် ဘာလုပ်ပါ ညာလုပ်ပါ ခင်ဗျား ပြောစရာမလိုဘူး …. ကျွန်တော်ကိုယ်တိုင် ဝေဖန်ပိုင်းခြားပြီး လုပ်ရမယ့် အလုပ် … ခင်ဗျားကို်ယ်တိုင် တရားထူးရနေရင်တော့ ကောင်းကင်ခရီးက ကြွပြီး တရားလာဟော ….
        မှန်တယ်ထင်ရင် မောင်ဆန်း လက်ခံရင် လက်ခံမယ်။မမှန်ဘူးထင်ရင် လက်ကိုမခံဘူး …။
        ဒါပေမယ့် ထေရဝါဒကို နင်းပြီးမှ မိုးပြာ အပေါ်ကိုတက်ဖို့ ထပ်မကြိုးစားနဲ့တော့ ..
        မိုးပြာကိုလက်မခံတဲ့သူတွေကိုလဲ ရောဂါဖြစ်နေတယ် … တရားနာဦးလို့ ထပ်မပြောနဲ့တော့ ….။
        တကယ်လို့ ပြောချင်ရင်လဲ တခြားဘာသာကြီးတွေရှိသေးတယ် … အဲဒီ့ဘာသာတွေက မှားနေတယ်… မိုးပြာက မှန်တယ်လို့ ပြော …..

        • mggwa

          January 8, 2012 at 4:20 pm

          တောင်တန်း က မောင်ဆန်း ထေရဝါဒကို လက်မခံနိုင်တာနဲ့ပဲ မိုးပြာဝါဒသမားလို့ပဲ တစ်ဖက်သတ်မစွပ်စွဲရဘူးကွ။ အဲဒါ မင်းတို့ မိုးပြာပေါ်ထားတဲ့ အဘိဇ္ဈာတွေ ပေါ်နေတာပဲ။ မင်းတို့ မိုးပြာစွဲစွဲနေတာ။ ထေရဝါဒကို ခင်လွန်းတဲ့စိတ်နဲ့ စွဲနေသလို မိုးပြာကိုလည်း မုန်းလွန်းတဲ့ စိတ်နဲ့ စွဲနေတယ်ဆိုတာ ထင်ရှားနေပြီ။
          ဘာတစ်ခုမှ မစွဲပါနဲ့ တောင်တန်း က မောင်ဆန်းရယ်။ အစွဲဆိုရင် ထေရဝါဒကိုပဲစွဲစွဲ၊ မဟာယာနကိုပဲစွဲစွဲ၊ ပစ္စုပ္ပန်ကမ္မဝါဒ (မိုးပြာ)ကိုပဲ စွဲစွဲ အစွဲဆိုရင် ဘာမှမကောင်းဘူး မောင်ဆန်းရ။
          ကိုယ့်လူမှာ ဝါဒစွဲ နှစ်ခုတွေ့နေရယ်။ ပင်ပန်းပါတယ် မောင်ဆန်းရယ်။

        • တောင်တန်း က မောင်ဆန်း

          January 8, 2012 at 4:45 pm

          ခင်ဗျားဘာသာ မိုးပဲ ပြာပြာ ၊ မိုးပဲ မှောင်မှောင် .. မောင်ဆန်း စိတ်မဝင်စားဘူး ၊ ခင်ဗျား မိုးပြာက ဆိုရင် လို့ ကျွန်တော် ဆိုထားတယ် …
          ခင်ဗျားကို မိုးပြာကလို့ မစွတ်စွဲထားဘူး ..
          ဒါပေမယ့် ပြတ်ပြတ်သားသား မောင်ဆန်းပြောမယ် …
          ထေရဝါဒမှာ ငါးပါးသီလ ရှိတယ်… သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ တရားတော် ရှိတယ် ….
          ဒါတွေကို သေသေချာချာ လိုက်နာ ဆောင်ရွက်တာနဲ့တင် မောင်ဆန်း လူတစ်လုံး သူတစ်လုံး ဖြစ်နေပြီ ။
          ရှေ့ဘဝ နောက်ဘဝ မောင်ဆန်း စိတ်မဝင်စားဘူး …။ အခုကောင်းရင် နောင်ကောင်းရမယ် … ။ ကိုယ် လုပ်မှ ကိုယ်ရမယ် …။
          မောင်ဆန်းဘဝ ကောင်းစားအောင် မောင်ဆန်းကို ညွန်ပြပေးတဲ့ မောင်ဆန်းကိုးကွယ်တဲ့ ဘာသာတရားဟာ မောင်ဆန်းရဲ့ ဦးထိပ်ထားစရာ ကျေးဇူးရှင်ပဲ …
          ကျေးဇူးရှင်ကို ထိခိုက် စော်ကားလာရင်တော့ ပြတ်ပြတ်သားသား ရင်ဆိုင်ရမှာပဲ ..
          ဒါကို အစွဲလို့ယူဆထားရင်တော့ အစွဲပဲ … မောင်ဆန်း ကျေကျေနပ်နပ်ကို စွဲတယ် …
          လူဟာ ကိုယ်ကြိုက်ရာကို ကိုယ်စွဲခွင့်ရှိတယ် …

        • တောင်တန်း က မောင်ဆန်း

          January 8, 2012 at 5:01 pm

          ကိုယ်ယုံကြည်ရာ ဘာသာကို ကိုယ်ကာကွယ်တာ အစွဲလို့ ယူဆရင် ထေရဝါဒသာလျှင်မက
          ခင်ဗျား ခရစ်ယာန်ကိုရော … ဟိန္ဒူ ကိုရော …. မူစလင် ကိုရော အစွဲသမားတွေလို့ ခင်ဗျား ပိုစ့်တစ်ခု တက်ရေးဗျာ … ဒိဋ္ဌုပါဒါန်ဆိုတဲ့ အစွဲကြောင့် ဥမ္မတကလို့ဆိုတဲ့ ရောဂါဖြစ်နေတဲ့ လူတွေလို့ ပြောဗျာ
          တရားတွေ ဘာတွေလဲ ဟောဗျာ …
          အဲဒီ့ဘာသာတရားတွေထက် မိုးပြာက ပိုမှန်တယ်လို့ ပြောဗျာ ….
          ခင်ဗျား အဲဒီလိုရေးရင် ကျွန်တော်နဲ့ နီးစပ်တဲ့ ခရစ်ယန် ၊ မူစလင် မိတ်ဆွေတွေကို ခင်ဗျား တရားနာရအောင် ရွာထဲကို ခေါ်ပေးပါ့မယ်…
          အဲဒီလို ရေးထားတဲ့ ခင်ဗျားပိုစ့်မှာ ခင်ဗျားနဲ့ ပြန်ဆုံကြတာပေါ့ ကိုမောင်ဂွ
          သူကြီးခင်ဗျား ဒီမိုကရေစီမှာ လွပ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိတယ်ဆိုတော့ မောင်ဆန်းလဲ ကိုယ်ကြိုက်ရာ ကိုယ်စွဲခွင့်တော့ ရှိပါသေးတယ်နော် … မောင်ဆန်း ဘောင် မကျော်သေးလောက်ပါဘူး … ထေရဝါဒကို မောင်ဂွ ဝေဖန်ရဲရင် တခြားဘာသာတွေကိုလဲ မောင်ဂွ ဝေဖန်ခွင့် ရှိလောက်ပါတယ်နော် ….

  • True Answer

    January 7, 2012 at 12:44 pm

    မိုးပြာကို
    အဖိုးမှာသည်
    ပုဆိုးပါမကျန်
    မွဲပြာမကျအောင်
    အမျိုးပါမကျန်
    ဆဲခံမထိအောင်
    အောက်ကလင့်လေးကို
    နောက်တစ်ခေါက်ဖတ်ပါဗျို့
    မိုးပြာကို
    အဖိုးမှာသည်
    ပုဆိုးပါမကျန်
    မွဲပြာမကျအောင်
    အမျိုးပါမကျန်
    ဆဲခံမထိအောင်
    အောက်ကလင့်လေးကို
    နောက်တစ်ခေါက်ဖတ်ပါဗျို့

    (http://myanmargazette.net/64548/creative-writing)

  • NAJA

    January 7, 2012 at 2:30 pm

    ကိုယ်နဲ့အတွေးအခေါ်မတူတိုင်း ကိုယ့်ရန်သူသတ်မှတ်ပြီး… အတွေးအခေါ်တွေကိုပိတ်ပင်တာကိုလက်မခံနိုင်ပါ… လက်မခံနိုင်တဲ့အကြောင်းအရာကိုလက်မခံနိုင်ကြောင်း ကျိုးကြောင်းပြကန့်ကွက်မှပဲ မျှတမှုရှိပါမယ်… ငါတို့ဘာသာဆိုပြီး ကောင်းကောင်းဆိုးဆိုးလာမဝေဖန်နဲ့ဆိုတာမျိုးကတော့ တဆိပ်လွန်လွန်းတဲ့ အတွေးအခေါ်တစ်ခုထင်ပါတယ်… ယခုပို့်စ်ပိုင်ရှင်ဘက်မှသဘောတူထောက်ခံပေးခြင်းမဟုတ်ပါ… ပို့စ်နှင့်ပတ်သက်ပြီးမဝေဖန်လိုပါ…

    သဂျီးညွှန်းတဲ့ပို ့မှာဆိုရင်… အင်မတန်ပီပြင် သဘောထားပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကိုမြင်နေရပါတယ်…
    မတူတဲ့အတွေးတွေကို ကျွန်တော်တို ့ကောင်းကောင်းဆိုးဆိုးကြိုဆိုရပါမယ်… ကောင်း၏မကောင်း၏ကို ပိုင်းခြားဆုံးဖြတ်နိုင်ဖို့အတွက် ကိုယ့်ပါရမီကိုရင့်သန်အောင်လုပ်ထားဖို့သာ ပဓါနကျပါမယ်…

    ကမ္ဘာပေါ်မှာ ကျွန်တော်တို ့ဗုဒ္ဒဘာသာ တစ်ဘာသာပဲရှိတာမဟုတ်ပါ… ဘာသာတစ်ခုမှတစ်ကိုကို.. အားပြိုင်တာ ဝေဖန်ရှုံချတာတွေ ကြုံခဲ့ ကြုံနေ ကြုံရဦးမှာပါ… အဲဒီအခါ ကိုယ့်ဘာသာအတွက် မှတ်ကျောက်တင်ချင်တယ်ဆိုရင်တော့ ဆတ်ဆတ်ထိမခံတဲ့စိတ်နဲ့ တုန့်ပြန်လျှှင်တော့ အဆင့်အတန်းမြင့်တဲ့ ဘာသာဝင်တစ်ယောက်တော့ဖြစ်လာနိုင်စရာမရှိပါ…

    ဘာသာရေးရယ်မှမဟုတ်ပါ လူမှုရေး စီးပွားရေး နိုင်ငံရေး… အရေးတကာ့အရေးတွေမှာလဲ ကျွန်တော်တို ့ ငြင်းခုန်ခြင်းမှ ကိုယ့်အမြင်ကို တပါးသူလက်မခံလာနိုင်ပါ… ကိုယ့်အမြင်ကိုယ့်concept ကိုသူများလက်ခံစေလိုလျှင်တော့… သူ့မှာရှိတာထက်ကိုယ့်ဟာကောင်းတာကိုထုပ်ဖော်ပြောဆိုတတ်ဖို့တော့လိုပါတယ်…..

    ဒီ MG မှာ ပွဲဆူပေါင်းများလှပါပြီ….
    ပွဲဆူခြင်းကြောင် မတူတဲ့အတွေးတွေ အများကြီးထွက်လာပါတယ်… သို့သော်…
    ပွဲဆူနေတဲ့အချိန်ကျော်လွန်သွားတဲ့ အခါ… အများနဲ့တစ်ယောက်ဖြစ်ရတဲ့ အတွေးအခေါ်တွေဟာ တိပ်မြုပ်ကုန်ပါတယ်… အသစ်ထပ်မထွက်လာတော့သလို… ဝို်င်းပယ်ခံရတဲ့ခံစားချက်နဲ့… သူ့အတွေးတွေကို ထပ်မံမတင်ပြရဲတော့ပါ… ဘယ်သူတွေနစ်နာပါသလဲ… ကျွန်တော်တို ့ပဲ… နစ်နာပါတယ်… မတူတဲ့အတွေးတွေကိုလေ့လာခွင့်မရတော့ပါ… (democracy သာကျွန်တော်တို ့လိုချင်နေပြီး အခြေခံကျတဲ့ဒီလွတ်လပ်ခွင့်လောက်တောင် ခွင့်မပြုနိုင်ကြတဲ့ စိတ်ဓါတ်ပိုင်ရှင် ကျွန်တော်တို ့ဟာ democracy နဲ့တောင်ထိုက်တန်ပါရဲ့လား)…

    အရင်တစ်လောက inzaghi ပြောတဲ့ စကားလေးတစ်ခွန်းရှိပါတယ် something is better than nothing ဆိုတာကို ဗိုလ်ချုပ်အကြောင်းရုပ်ရှင်ရိုက်သင့်မရိုက်သင့်နဲ့ပတ်သက်ပြီး ထောက်ပြသွားတာပါ… အဲဒါကိုအမှန်တစ်ကယ်လက်ခံပါတယ်… အဲဒိလိုပဲ.. ကျွန်တော်တို ့မကောင်းဘူးထင်တဲ့အရာတွေကနေပဲ အကောင်းကိုပိုပြီး အရောင်တင်နိုင်အကျိုးအမြတ်ရနိုင်ကြမှာပါ….

    မတူတဲ့အတွေးတွေကို (မချိုးနှိမ်ပဲ) ဖိတ်ခေါ်ပြီး
    သဘောထားကြီးစွာနဲ့ အပြန်အလှန်ဆွေးနွေးသွားကြပါစို ့….

    PS. သဂျီးရဲ့ မြန်မာပြည်သူပြည်သားတွေကို လူ ့အခွင့်အရေးနဲ့ democracy စိတ်ဓါတ် ရှိစေချင်တဲ့ စေတနာအတွက် အင်မတန်မှ လေးစားမိပါတယ်…

  • ကိုရင်စည်သူ

    January 7, 2012 at 2:41 pm

    လူဆိုတာ ကိုယ့်မှာ သေချာတာ တစ်ခုရှိနေပါလျက်နဲ့ အမြင်ဝေဝါးသွားတတ်တယ်
    ခင်ဗျားအယူဝါဒက မိစာ္ဆဒိဌိဘက်ရောက်နေပြီ… ဘယ်တော့မှလည်း ကျွတ်တော့မယ်မထင်ဘူး။
    ဒီဘဝမှာ အမှန်မြင် မဂ္ဂင်ဖောင်ကြီးစီးနိုင်ပါစေပဲ ကျနော် ဆုတောင်းပေးတယ်…
    ဘုရားရှင်တောင်မှ ဆုံးမထိုက်သူသာ ဆုံးမပေးနိုင်တော်မူခဲ့တယ်..
    ရွာသူားတွေရေ… ပြောမနေနဲ့တော့ လက်ညောင်းမယ် အကုသိုလ်ပွားမယ်…
    အေးဆေးလေး ဂုဏ်တော်ပွားများတာ ကုသိုလ်ရဦးမယ်…

  • Harumoto

    January 7, 2012 at 3:00 pm

    ခင်ဗျားတို့အတွက် ဥပမာလေးနဲ့ ပြောပြချင်တယ်…ဆရာလုပ်တာတော့မဟုတ်ဘူးနော်..
    ကျုပ်တို့တောက ညနေပိုင်း စကားဝိုင်းလိုဖြစ်နေတယ်..
    စာဖတ်အလွန် ဝါသနာပါတဲ့သူတွေပေါ့။ဒါပေမဲ့ မန​ ္တလေးတော့မရောက်ဖူးကြဘူး..။
    တရက် မန ္တလေးမြို့အကြောင်း စကားစပ်ပြောကြတော့တယောက်တမျိုးပြောကြတာမှ စုံနေတာဘဲ။မန ္တလေးတောင်လဲပါတယ်။မဟာမုနိ ရုပ်ရှင်တော်လဲပါတယ်။ဈေးချိုတော်လဲ ပါတာဘဲ။သိတဲ့နေရာတွေ စာထဲဖတ်ထားတဲ့အတိုင်း တယောက်တမျိုုး ငြင်းခုံနေကြတယ်။ လွတ်လပ်စွာပြောဆိုခွင့်တွေ ကွဲလွဲခွင့်တွေ ဘာတွေညာတွေနဲ့ စုံနေတာဘဲ။မန ္တလေး မရောက်ဘူးသေးတဲ့သူ တွေ စာမဖတ်နိုင်တဲ့သူတွေအတွက်တော့ ဗဟုသုတ အများကြီးရတာပေါ့။ ဒါပေမဲ့ အဲသည်လူတွေ ထူးဆန်းတာက မန ္တလေးကို သွားဘို့ မကြိုးစားကြတာဘဲ။ ဘယ်လမ်းကသွားမလဲဆိုတာလဲ စိတ်မဝင်စားဘူး။ ပြောနေရရင် ကျေနပ်နေကြတဲ့ သူတွေ …………
    ဒီလိုဒီလိုတွေ ကျုပ်တို့တောမှာကြုံခဲ့ဖူးတာ။
    ဒီမှာလဲ ဒီလိုဘဲ တွေ့နေပြီလားလို့…………..။

  • Anzartone

    January 7, 2012 at 4:41 pm

    “ဗုဒ္ဓဟာ အဲ့ဒီဘာသာတရားမဟုတ်တဲ့သဘောတရားကို ညွှန်ပြသူဖြစ်လို့
    ဗုဒ္ဓနဲ့ ခေတ်ပြိုင် ဘာသာရေးသမားတွေက ဗုဒ္ဓအပေါ် နားမလည်နိုင်ဖြစ်ပြီးဗုဒ္ဓကို
    နောင်ဘဝဖြစ်၊မဖြစ်…အစရှိတဲ့မေးခွန်းတွေမေးတော့ ဗုဒ္ဓက အဲ့ဒါတွေ
    ငါမပြောဘူးလို့ချည်း ပြောခဲ့သူပါ။”

    အထက်ပါ စာနှင့်ပတ်သက်၍ မေးမြန်းချင်ပါသည်။ ဗုဒ္ဓ က မည်သည့် ခေတ်ပြိုင် ဘာသာရေးသမားများအား မည်သို့သော အကြောင်းအရာနှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်း ဖြစ်ပါသနည်း … ?
    မည်သည့် ကျမ်းတွင် ပါရှိသည်ကိုလည်း သိချင်ပါသည်။

    ဘာသာတရားနှင့် ပတ်သက်၍ ကျမ်းကိုး ကျမ်းကားမှာ လွန်စွာ အရေးကြီးသည်ဟု ကျွန်ုပ် ယူဆမိပါသည်။ အထက်ပါ အမေးများအား ဖြေဆိုနိုင်ခြင်း မရှိပါက စာရေးသူမှာ တစ်ဦးတစ်ယောက်၏ စကားပေါ်တွင်သာ အမှန်ယူပြီး ထေရဝါဒ မှ နှုတ်ထွက်ခဲ့ခြင်း ဖြစ်နိုင်သကဲ့သို့ ထိုသူ၏ စကားအား အကောက်မှားခြင်းလည်း ဖြစ်နိုင်ပါသည်။ ထို့ထက် စာရေးသူမှာ ထေရဝါဒ ဗုဒ္ဓဘာသာအား ရှုတ်ချချင်ရုံ သက်သက်ဖြင့် အကြောင်းအရာ ခိုင်လုံမှု မရှိပါဘဲ ရေးသားခဲ့ခြင်းပင် ဖြစ်နိုင်ပါသည်။

    • kai

      January 7, 2012 at 4:52 pm

      ဒီလိုမေးခွန်းပြန်ထုတ်တာမျိုးလေးတွေ ကြိုက်ပါတယ်..။
      ကဲ..
      မူရင်းပို့စ်စာရေးသူ..ဖြေပေးပါခင်ဗျား..။ ဖြစ်နိုင်ရင်.. ကျမ်းစာအုပ်စာမျက်နှာပါထည့်ပေးစေလိုပါတယ်နော..။ 😆

    • kostudier

      January 7, 2012 at 9:31 pm

      ဒို့များသတိရမိတာတော့ ကာလာမမင်းတိုကို ရှင်တော်ဗုဒ္ဓက
      ကာလာမမင်းတို့ စာပေကျမ်းဂန်အထောက်အထားရှိလို့ဆိုပြီးလည်းမယုံကြနဲ့၊
      လူကြီးသူမပြောတယ်ဆိုလည်းမယုံကြနဲ့၊
      ငါဘုရားပြောလို့လည်းမယုံကြနဲ့ဦး၊
      သင်တို့ကိုယ်တိုင်ကျင့်သုံးပြီးတော့ ကောင်းတယ်ဆိုမှလက်ခံကြလို့
      ဟောတယ်ဆိုပဲ
      ”အရိယသစ္စာခရီးသည်” လက်ခံနားလည်ထားတဲ့ပုံစံကလည်း
      ဗုဒ္ဓ ပြောတဲ့ကိုယ်တိုင် ကျင့်သုံးနည်းဖြစ်နေတယ်

      • nigimi77

        January 11, 2012 at 2:44 am

        @kostudier

        ခင်ဗျား မှာ နီနေတဲ့ နှိပ်ကွပ်ရေးဝါဒီ အနီကဒ် ၂ ကဒ် အထဲက ၁ ကဒ်ကို ကျုပ်က ပြန် ဖယ်လိုက်ပါတယ် ။

        မိမိ အမှန်လို ့ တွေးမြင်သည်ကို ဆက်ပြောပါ ။ မိမိ တွေးမြင်ယူဆချက်သည် ခိုင်လုံဖို ့တော့လိုအပ်ပါတယ် ။

        ခိုင်လုံတဲ့ အကျိုးအကြောင်းတရားနဲ ့ ပြောဆိုခဲ့တဲ့ အရာတွေ အားလုံးဟာ မိမိ အသက်ရှင်စဉ်ကာလတွင်တော့

        ဘယ်သူမှ လက်ခံမှာ မဟုတ်ပါဘူး ။ ကမ္ဘာကြီး လုံးပါတယ် လို ့ပြောခဲ့တဲ့ လူတွေဟာ အသတ်ခံခဲ့ရတယ် ။

        ဒါပေမဲ့ အခုအချိန်မှာ ကမ္ဘာကြီး လုံးပါတယ် ဆိုတာကို အားလုံး နီးပါး လက်ခံနေပါပြီ ။

        ဘာကြောင့်လည်း ဆိုတော့ မျက်မြင်သဘောအရ သေချာပေါက် ကမ္ဘာကြီး လုံးတယ်ဆိုတာ ပြနိုင်လို ့ပဲ ။

        ဆိုတော့…..ကာလာမ သုတ်အရ ပေါ့နော….

        ပြောင်းလဲမှု ဖြစ်စဉ်ဆိုတာ လက်မခံချင်လို ့ ဆွေစဉ်မျိုးဆက် ၂ ဆက်လောက် အထိ ဖြစ်နိုင်ပေမဲ့

        ၃ ဆက်မြောက်ကြရင်တော့ အစောပိုင်းကလိုပဲ ကမ္ဘာကြီး လုံးသလား ပြားသလား ဆိုတာ

        ကိုယ်တိုင်ကိုယ်ကြ သိလာကြမှာပဲ ။

        အဲဒီအချိန်မတိုင်ခင် အထိတော့ သတ်ပဲသတ်သတ် ခဲနဲ ့ပဲ ဝိုင်းပေါက်ပေါက် …..ဒီရွာထဲကလို

        အယူအဆမတူတိုင်း အကျိုးအကြောင်းမရှိ အနီကဒ် ဝိုင်းပြီး အားပေးကြသည်ဖြစ်စေ

        ကျောက်ပတ်တီးစည်း ရိုက်နှက်မှုကိုတော့ ကျေကျေနပ်နပ် ခံလိုက်ပေါ့ ။

        တချိန်ချိန်တော့ ကမ္ဘာကြီး လုံးတယ် ဆိုတာ လက်ခံလာမှာပါ ။

  • nature

    January 7, 2012 at 8:05 pm

    ဝမ်းသာပါတယ်ဗျာ ။မြန်မြန်နှုတ်ထွက်ပါ။ ကျေးဇူးအများကြီးတင်ပါတယ်။တယ်လည်းစိတ်ကြီးတာကိုး။ အမျိုးမျိုး ရုပ်ဖျက်ပြီးခုထိလက်မလျှော့နိုင်သေးဘဲကိုး။

  • xman

    January 7, 2012 at 8:39 pm

    ခက်တာပဲဗျာ
    မိုးပြာတရားစစ်စစ် ဆိုတာရှိရင် အဲဒါကို နားထောင်ကြည့်ချင်ပါတယ်။
    ထေရဝါဒကို သွေးကြွေးဆပ်နေတာတော့ နားမထောင်ချင်ပါဘူး။

    • kostudier

      January 8, 2012 at 8:16 am

      http://www.ariyathitsa.org ဆိုတဲ့ site ကိုဝင်ကြည့် လိုက်ပါ
      အရာရာကိုအပြုသဘောနဲ့လက်ခံတဲ့အတွက်ဝမ်းသာပါတယ်

  • Oo Oo

    January 7, 2012 at 8:45 pm

    ဒီပို့စ် စတက်လာတဲ့မနေ့ည ကထဲက ပို့စ်ခေါင်းစဉ်ကထူးဆန်းနေလို့ ဝင်ဖတ်ကြည့်ပါတယ်။
    ခေါင်းစဉ်အရကြည့်မယ်ဆိုရင်တော့..ထေရဝါဒကိုယုံကြည်ကိုးကွယ်ခဲ့ဖူးသူတယောက်ကရေးသလိုလိုထင်ရပေမယ့်။
    ရေးထားတဲ့စာတွေကိုဖတ်ကြည့်လိုက်တော့မှပဲ..သဘောပေါက်သွားတော့တယ်ဗျာ
    ဆရာရေ…
    အကြောင်းပြချက်ကဖတ်ရတာ ဆားမပါတဲ့ဟင်းလို ပေါ့ရွှတ်ရွှတ်ဖြစ်နေလို့
    ဒီထက်ကောင်းမွန်တဲ့အကြောင်းပြချက်ရေး ရေးတတ်အောင်..
    ထေရဝါဒရဲ့အနှစ်သာရကို သေသေချာချာလေးသိအောင် အတွင်းကျကျလေး လေ့လာတွေးခေါ်ပြီးမှရေးရင်ပိုကောင်းမယ်
    ထင်ပါတယ်..
    (မနေ့ညကဝင်ဖတ်ကြည့်ပြီး..ဝင်မန့်စရာမလိုအပ်တဲ့ပို့စ်တခုလို့သဘောထားလိုက်ပေမယ့်.. အခုကွန်မန့်တွေတော်များနေတာ
    တွေ့လို့ တစ်ကြော့ပြန်ဝင်ပြီးမန့်လိုက်ပါတယ်)

    • mggwa

      January 8, 2012 at 4:25 pm

      ရဲရဲ ဝင်မန့်စမ်းပါ Oo Oo ရ၊ သူ့ post က အခုမှ ၁- အစပဲရှိသေးတာ၊ Oo Oo ပါးစပ် (ဉာဏ်)က ခံတွင်းပျက်နေလို့ ဖြစ်လိမ့်မယ်ထင်တယ်။ နောက်ပိုင်း ၂/၃/၄/၅/ – – – -တွေ လာဦးမယ်ထင်တယ်။ ဆက်လေ့လာကြည့်ဦးပေါ့။ ဒါဆိုရင် Oo Oo ပါးစပ် (ဉာဏ်)က ခံတွင်းပျက်နေတာ ပြန်ကောင်းလာနိုင်ပါတယ်။

  • memeseku

    January 7, 2012 at 9:06 pm

    ကျနော်ပြောချင်တာလေးတခုရှိပါတယ်……….
    လွတ်လပ်စွာပြောမယ်နော်…….. ဘာသာအယူဝါဒဆိုတာ တကယ်တော့လူကိုလူလိုနေထိုင် ကျင့်ကြံတတ်အောင်သင်ပေးချင်တာပါ …….. ဘာလို့ဟိုဟာမကောင်းဒီဟာ မကောင်းပြောနေကြမှာလဲ…. အဲ့လိုပြောလို့ရောဘာရမှာလဲ…….. အယူဝါဒစွဲတွေပဲပိုများလာမှာ…… ဘာသာတိုင်းကကောင်းတာကို လုပ်ဖို့ပဲပြောနေကြတာပဲ……
    ဘယ်မှာမှမကောင်းတာလုပ်ပါလို့ မပြောဘူး……… ဘာလို့အကျိုးမရှိတာတွေကိုငြင်းနေမှာလဲ….
    moral ethic ကိုပဲကောင်းအောင်လိုက်နာ.စေချင်ပါတယ်….. အဓိက ကလူသားပီသပြီးစိတ်ဓါတ်ကောင်းဖို့ပဲ..
    ဘယ်ဘာသာကိုမှ ကျနော်မကောင်းဘူးလို့ဒီနေ. အချိန်ထိမမြင်မိသေးပါဘူး……..
    လိုက်နာကျင်.သုံးပေးပါ…….. မလိုတာကိုဇီဇာမချဲ.စေချင်ဘူး….
    ခင်မင်စွာဖြင်.

  • ပေစိ

    January 7, 2012 at 9:08 pm

    ဆိုဒ်ပေါ်မှာရှိတဲ့ အခြားဘာသာဝင် အရေအတွက်နဲ့ အခြေအနေကို စူးစမ်းတာလဲဖြစ်နိုင်ပါတယ် အားစမ်းတဲ့ သဘောပေါ့ ကျနော်တို့လဲ mmsy လိုဆိုဒ်မျိုးမှာ သွားပြီးစူးစမ်းသင့်တယ်ထင်တယ် ကျနော် ဗမာစစ်စစ် ဗုဒ္ဒ ဘာသာဝင်စစ်စစ် တစ်ယောက်ပါ

  • သာမိညောင်

    January 7, 2012 at 9:11 pm

    ထွက်ခြင်ထွက်မထွက်ခြင်နေ
    ထွက်ပြီးပြန်ဝင်ခြင်ရင်တော့
    ရွာဦးကျောင်းဆရာတော့်ဆီမှာ အစမ်းသဘော ကပ္ပိယ သုံးနှစ်လုပ်ရမယ် ဒါဗျဲ

  • mozillamedia

    January 8, 2012 at 8:58 am

    သကြီး ခိုင်က မွတ်စလင် ဘာသာဝင်ဟု ယူဆပါသည်…..
    မြန်မာ နိုင်ငံမှာ ဘာသာခွဲတွေ နှိပ်ကွပ်သည် ဆိုရာမှာ မွတ်စလင် တစ်မျိုးတည်းဟု ထင်ပါသည်….
    စဉ်းစားကြည့်လေ ….. သူများနိုင်ငံလည်း နေသေးတယ်…… နိုင်ငံသူ အများ ပိုင်တဲ့ ဆိုင်မှာ မစားဘူး….
    မြန်မာ တွေအိမ်က ရေမသောက်ဘူး….. တော်တော် စီးပိုးလွန်းလို့…..
    ကိုးကွယ် ယုံကြည်တာတွေတော့ မပြောလိုပါဘူး…. တစ်ချို့ ဆိုကိုယ်တောင်ကြိုက်လို့ မိတ္တူ ဆွဲယူထားသေးတယ်….

    • True Answer

      January 9, 2012 at 1:02 pm

      သူကြီးက စီအိုင်အေ သူလျှိုဂုဏ်း ပစ်စုပ်ပန် ကာမ မဟာယန အပြာရောင် တိဘက် အစ်စလမ်းမစ် အစွန်းမရောက်တစ်ရာက် အလယ်အလတ်ဘာသာဝင် ဖြစ်ပါသည်။
      မယုံလျှင် ကိုကြောင်ကြီးကိုမေးမြန်းနိုင်ပါသည်။ း)

  • “ဘီလူးကြီး”ogre

    January 8, 2012 at 3:00 pm

    ထေရာဝါဒ ကတော့
    ကိုယ်ကိုယ်တိုင်ကျင့် ကိုယ်ကိုတိုင်သိ အောင်လုပ်ရတဲ့လမ်းစဉ်ပဲဗျ
    ဘုရားကဟောရုံဟောခဲ့တာ ကျင်ဘို့ ကကိုယ့်တာဝန်
    ဘယ်သူမှ ကယ်မမှာ မဟုတ်ကူး နောင်ဘဝ နောင်သံသရာအတွက်
    လွတ်မြောက်လိုလျှင်တော့
    ထေရဝါဒ က ကိုယ်တိုင်ကျင့်ကြံ ကျိုးကုတ်အားထုတ်ပါ..ဒါပဲ
    အဲဒါတွေမလုပ်ခြင်ဘူးပျင်းတယ်ဆိုရင်တော့
    ကယ်တင်ရှင်ကသာ ကယ်မ နိုင်သော ဝါဒ သို့ပြောင်းသွားပါရန် 🙂 🙂
    (ဒါပေမယ့် ဘာပဲပြောပြောလက်တွေ့ ဘဝမှာတင် ကိုယ်လုပ်မှကိုယ်ရတယ်ဆိုတာတော့မမေ့နဲ့)

  • ငပေါက်ဖော်

    January 8, 2012 at 4:53 pm

    ထွက်ချင်ထွက်..
    ဝင်ချင်ဝင် သများနဲ ့မဆိုင်ဘူး..
    ဒါပေမဲ့

    ကောင်းကောင်းထွက်..
    အီးပေါက်ပြီး ထွက်နဲ ့
    ပတ်ဝန်းကျင်ထိခိုက်ဒယ်

    ဒါဗျဲ

  • kokomyo

    January 8, 2012 at 5:34 pm

    ဗုဒ္ဓမြတ်စွာဘုရားက လူတွေငြိမ်းချမ်းဖို့ပဲ တရားတွေဟောခဲ့ခြင်းဖြစ်ပါတယ်။
    ဟိုဝါဒ ဒီဝါဒတွေဆိုတာ ဗုဒ္ဓက သတ်မှတ်ခဲ့ခြင်း မဟုတ်ပါ။ နောက်လူတွေက ပြုလုပ်ကြခြင်းဖြစ်ပါတယ်။
    ဝါဒတွေကို စွဲကိုင်ပြီး အမှန်အမှားတွေ ငြင်းနေကြတာဟာ ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်းနဲ့ ကိုက်ညီရဲ့လား။
    တကယ်ကတော့ မြန်မာဗုဒ္ဓဘာသာတွေဟာ ထေရဝါဒစွဲ အစွဲသန်နေတာကိုတော့ ငြင်းလို့ မရပါဘူး။
    ဘာဖြစ်လို့လဲဆိုတော့ တရားပွဲတွေတောင် ရိုးရိုးမလုပ်ပဲ ထေရဝါဒ အထူးတရားပွဲဆိုတာ့ ဒါ ဝါဒစွဲနေတဲ့ လက္ခဏာတွေပဲ။
    မဟာယာနဗုဒ္ဓဘာတွေက ဝါဒအဲဒီလောက်မစွဲကြဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ မဟာယာနဘုန်းကြီးကျောင်းတွေမှာ ဝါဒမတူတဲ့ ထေရဝါဒတရားပွဲတွေ လက်ခံကျင်းပပေးတာတွေ့ရတယ်။
    ဒါသဘောထားကြီးတာပဲ၊ ဝါဒအစွဲ မသန်တာကို ပြတာပဲ။
    ဒါပေမယ့် ထေရဝါဒတွေကတော့ ဝါဒမတူတာကို အသာထားဦး တရားနည်းမတူရင်တောင် ကိုယ့်ကျောင်းထဲမှာ တရားပွဲပေးမလုပ်ချင်ဘူး။ ဝါဒတင်မက နည်းပါ စွဲလွန်းမက စွဲနေတာကို တွေ့ရပါတယ်။ ဝါဒကိုစွဲနေတာထက် အစွဲလွန်နေကြသလို ဖြစ်နတာက ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်နဲ့ သွေဖယ်နေပါတယ်။

  • True Answer

    January 8, 2012 at 9:26 pm

    “ဗုဒ္ဓဟာ အဲ့ဒီဘာသာတရားမဟုတ်တဲ့သဘောတရားကို ညွှန်ပြသူဖြစ်လို့
    ဗုဒ္ဓနဲ့ ခေတ်ပြိုင် ဘာသာရေးသမားတွေက ဗုဒ္ဓအပေါ် နားမလည်နိုင်ဖြစ်ပြီးဗုဒ္ဓကို
    နောင်ဘဝဖြစ်၊မဖြစ်…အစရှိတဲ့မေးခွန်းတွေမေးတော့ ဗုဒ္ဓက အဲ့ဒါတွေ
    ငါမပြောဘူးလို့ချည်း ပြောခဲ့သူပါ။”

    အထက်ပါ စာနှင့်ပတ်သက်၍ မေးမြန်းချင်ပါသည်။ ဗုဒ္ဓ က မည်သည့် ခေတ်ပြိုင် ဘာသာရေးသမားများအား မည်သို့သော အကြောင်းအရာနှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်း ဖြစ်ပါသနည်း … ?
    မည်သည့် ကျမ်းတွင် ပါရှိသည်ကိုလည်း သိချင်ပါသည်။

    Anzartone ရဲ့မေးခွန်းကို ထောက်ခံပါတယ်။ ပို့စ်ပိုင်ရှင်အနေနဲ့ တိတိကျကျ ဖြေကြားခြင်းမပြုပါက အများကို ထင်ယောင်ထင်မှားဖြစ်စေသူ မရိုးသားသူ အဖြစ် ယူရပါမည်။

    • ကြောင်ကြီး

      January 9, 2012 at 11:27 am

      ဖြေတတ်တော့ဘူးဗျ.. ကယ်ဂျဘာအုံးအရပ်ကတို့….။ 😥

    • အရိယသစ္စာခရီးသည်

      January 12, 2012 at 4:09 pm

      သဂျီးမှတစ်ဆင့်..ရွာသားအပေါင်းအား…မောင်းထုပေးပါ..။
      ထွက်တယ်ဆိုတာအဝင်ရှိခဲ့လို့ပေါ့..ထွက်ပါတယ်ဆိုမှ ဝင်ဘူးလား လို့မေးတော့…….။ ဝင်တာမှနည်းနည်းမဟုတ်ဘူး…။ တော်တော်ဝင်ခဲ့တာ..။. ဒါပေမယ့် ထွက်တော့လည်း တစ်ချက်တည်းပါပဲ။ အမှောင်အတိဂူထဲမှာ ပိတ်မိနေတဲ့အခါ..ဝင်း..ကနဲအလင်းတွေ့လိုက်ရလို့ အဲ့ဒီအ လင်းပေါက်ကတစ်ဆင့် ဂူအပြင်ထွက်သလိုပေါ့..။
      အတတ်ပညာဟာ လူ့ဆီရောက်ဖို့လိုတယ်လေ..။ အတတ်ပညာက လူ့ဆီရောက်မလာရင် ဘာ
      အသုံးကျတော့မှာလဲ..။ တကယ့်အတတ်ပညာဟုတ်တယ် မဟုတ်ဘူးဆိုတာတောင် သိခွင့်မရှိတာ
      ဘဲ..။ စာအုပ်ထဲက အတတ်ပညာတွေဟာ တကယ့်အတတ်ပညာအစစ်တွဖြစ်တယ်လို့…..၊
      ှဗုဒ္ဓဟောခဲ့တာ..အဲ့ဒီလိုလို့……….၊ တကယ်ယုံကြည်ရင် ကိုယ့်ကိုယ်ပေါ်အရောက်တင်တာကို
      လုပ်ကြည့်ကြရမှာ ဖြစ်တယ်လေ..။ စာအုပ်ထဲကစာတွေ ပြန်သင်ကြားပေးပြီး..လူစွမ်းကောင်း
      လုပ်ပြနေလို့တော့…ကိုယ်နဲ့မတူသူကို ဒေါကန်မာန်ထပြီး..အကုသိုလ်ရတာပဲ..အဖတ်တင်
      မယ်…။
      အဆောက်အအုံ တစ်ခုမှာ ဖောင်ဒေးရှင်းကအရေးကြီးတယ်..။ အဲဒါလွဲပြီဆိုရင် အပေါ်မှာ အ
      ကုန်လွဲပြီပေါ့..။ ဗုဒ္ဓရဲ့ ဓမ္မဖောင်ဒေးရှင်းကဘာလဲ…? ဗုဒ္ဓ(၄၅)နှစ်လုံးလုံး..ဝေါ်ကီနဲ့..တော်ကီ
      လွှတ်ခဲ့တာဘာတွေလဲ…?
      ဓမ္မဖောင်ဒေးရှင်းက ဓမ္မစက္ကပဝတ္တန ဆိုတာ..ရွာသားတို့လည်းသိပြီးသားပါ..။ ဖောင်ဒေးရှင်းရဲ့
      အစ အယုတ်အစွန်းနှစ်ပါးအပေါ်မှာ..ထေရဝါဒက အမှားကြီးလွဲနေခဲ့တယ်..။ အဲ့ဒါလွဲမှားတော့
      ဖောင်ဒေးရှင်းရဲ့အလယ် မဂ္ဂင်ရှစ်ပါး..ဖောင်ဒေးရှင်းရဲ့အဆုံး..သစ္စာလေးပါး..ဉာဏ်သုံးပါးတို့
      လွဲပြီပေါ့…။ ဖောင်ဒေးရှင်းလွဲတော့ အပေါ်ထပ်ဖြစ်တဲ့ အနတ္တလက္ခဏ၊ ပဋိစ္စသမုပ္ပါဒ်၊ သတိပ ဌာန်တို့လည်း လုံးဝလွဲစောင်းသွားပြီပေါ့..။
      စောင်းတာမှ..ဗုဒ္ဓနဲ့ခေတ်ပြိုင် မြို့နီးချင်း…ဂျိန်းဓမ္မဆီကို ထေရဝါဒက ဦးခိုက်တဲ့အထိ ဖြစ် သွားတော့တာပဲ…။ အဲ့ဒီလိုကြီးဖြစ်တော့ ဗုဒ္ဓရဲ့(၄၅)နှစ် ဝေါ်ကီနဲ့ တော်ကီဟာ ညောင်းခဲ့တာ
      ပဲ အဖတ်တင်ခဲ့တယ်..။ ဗုဒ္ဓ…တရစပ်ဟောခဲ့တာကို ထောက်ပြမယ်..။
      —- ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ်ပါဠိတော်၊ ပေါဋ္ဌပါဒသုတ်၊
      —- ဒီဃနိကာယ်၊ ပါထိကဝဂ္ဂပါဠိ၊ ပါသာဒိကသုတ်၊
      —- မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ဘိက္ခုဝဂ်၊ စူဠမာလုကျပုတ္တောဝါဒသုတ်၊ ပရိဗ္ဗာဇကသုတ်၊ အဂ္ဂဝစ္စဂေါတ္တသုတ်၊
      —- သံယုတ္တနိကာယ်၊ ခန္ဓဝဂ္ဂသံယုတ်၊ ထေရဝဂ်၊ အနုရာဓသုတ်၊
      —- မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသပါဠိတော်၊ သီဟနာဒဝဂ်၊ စူဠဒုက္ခက္ခန္ဓသုတ်၊
      —- မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ ဒေဝဒဟဝဂ်၊ ဒေဝဒဟသုတ်၊
      —– သံယုတ္တနိကာယ်၊ ခန္ဓသံယုတ်၊ ထေရဝဂ်၊ ဝက္ကလိသုတ်၊
      —– မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသပါဠိတော်၊ ဂေါသိင်္ဂဝဂ်၊ (မဟာယမကဝဂ်)၊ မဟာတဏှာသင်္ခ
      ယသုတ်၊
      —- သံယုတ္တနိကာယ်၊ ခန္ဓသံယုတ်၊ ထေရဝဂ်၊ ယမကသုတ်နှင့်သောတာပတ္တိဝဂ်၊ မဟာဒိဋ္ဌိသုတ်။
      အဲဒီတရားတွေအပေါ်..ထေရဝါဒဆရာတော်ကြီးတွေက ဗုဒ္ဓကိုစော်ကားတဲ့ ဆင်ခြေတွေနဲ့ ထေ
      ရဝါဒကို ကျားကန်နေကြတယ်..။
      သိစေလိုတာက အနတ္တလက္ခဏကို နာကြားခဲ့တဲ့…ပဉ္စဝဂ္ဂီတို့ဟာ ဓမ္မစင်္ကြာကို ပေါက်ပြီးသူတွေ
      ဖြစ်တယ်..။ ထေရဝါဒကိ။
      အဲဒီတရားတွေအပေါ်..ထေရဝါဒဆရာတော်ကြီးတွေက ဗုဒ္ဓကိုစော်ကားတဲ့ ဆင်ခြေတွေနဲ့ ထေ
      ရဝါဒကို ကျားကန်နေကြတယ်..။
      သိစေလိုတာက အနတ္တလက္ခဏကို နာကြားခဲ့တဲ့…ပဉ္စဝဂ္ဂီတို့ဟာ ဓမ္မစင်္ကြာကို ပေါက်ပြီးသူတွေ
      ဖြစ်တယ်..။ ထေရဝါဒကိ။
      အဲဒီတရားတွေအပေါ်..ထေရဝါဒဆရာတော်ကြီးတွေက ဗုဒ္ဓကိုစော်ကားတဲ့ ဆင်ခြေတွေနဲ့ ထေ
      ရဝါဒကို ကျားကန်နေကြတယ်..။
      သိစေလိုတာက အနတ္တလက္ခဏကို နာကြားခဲ့တဲ့…ပဉ္စဝဂ္ဂီတို့ဟာ ဓမ္မစင်္ကြာကို ပေါက်ပြီးသူတွေ
      ဖြစ်တယ်..။ ထေရဝါဒကိ။
      အဲဒီတရားတွေအပေါ်..ထေရဝါဒဆရာတော်ကြီးတွေက ဗုဒ္ဓကိုစော်ကားတဲ့ ဆင်ခြေတွေနဲ့ ထေ
      ရဝါဒကို ကျားကန်နေကြတယ်..။
      သိစေလိုတာက အနတ္တလက္ခဏကို နာကြားခဲ့တဲ့…ပဉ္စဝဂ္ဂီတို့ဟာ ဓမ္မစင်္ကြာကို ပေါက်ပြီးသူတွေ
      ဖြစ်တယ်..။ ထေရဝါဒကိ။
      အဲဒီတရားတွေအပေါ်..ထေရဝါဒဆရာတော်ကြီးတွေက ဗုဒ္ဓကိုစော်ကားတဲ့ ဆင်ခြေတွေနဲ့ ထေ
      ရဝါဒကို ကျားကန်နေကြတယ်..။
      သိစေလိုတာက အနတ္တလက္ခဏကို နာကြားခဲ့တဲ့…ပဉ္စဝဂ္ဂီတို့ဟာ ဓမ္မစင်္ကြာကို ပေါက်ပြီးသူတွေ
      ဖြစ်တယ်..။ ထေရဝါဒကိ။
      အဲဒီတရားတွေအပေါ်..ထေရဝါဒဆရာတော်ကြီးတွေက ဗုဒ္ဓကိုစော်ကားတဲ့ ဆင်ခြေတွေနဲ့ ထေ
      ရဝါဒကို ကျားကန်နေကြတယ်..။
      သိစေလိုတာက အနတ္တလက္ခဏကို နာကြားခဲ့တဲ့…ပဉ္စဝဂ္ဂီတို့ဟာ ဓမ္မစင်္ကြာကို ပေါက်ပြီးသူတွေ
      ဖြစ်တယ်..။ ထေရဝါဒကတော့…ဓမ္မစင်္ကြာကို လုံးဝ(လုံးဝ) မပေါက်တော့တဲ့အတွက်
      ——- ထေရဝါဒ = ဂျိန်း ဖြစ်ခဲ့ရပြီဖြစ်ကြောင်း…….။

      • True Answer

        January 12, 2012 at 4:31 pm

        ခင်ဗျားပြောတဲ့ လိမ်ညာတဲ့ စကားလုံးက ၃ ကြောင်းလောက်
        အထောက်အထားက ပိဋိကတ် သုံးပုံ ကုန်ပါရောလား။
        အော်-
        ထေရဝါဒ စာပေများတွင် ဟိန္ဒူဝါဒများရောနှောကာ မသန့်စင်ဟူပြီး မယုံကြည်သောစကားကိုဆိုသည်ကတဖက် –
        ထေရဝါဒစာပေများကို စွဲယူလျှက် မိမိတို့ဝါဒအတွက်
        အကိုးအကား အထောက်အထားပြုကာ ထင်ယောင်ထင်မှားပြုလုပ်နေခြင်းသည်ကားလည်းတဖက်…
        ပြုလုပ်နေသောကြောင့် မရိုးမသား ထင်ရောင်ထင်မှားလုပ်သော အယူဝါဒ အဖြစ် ယူဆပါသည်။

      • Oo Oo

        January 12, 2012 at 9:02 pm

        “အတတ်ပညာဟာ လူ့ဆီရောက်ဖို့လိုတယ်လေ..။ အတတ်ပညာက လူ့ဆီရောက်မလာရင် ဘာ
        အသုံးကျတော့မှာလဲ..။ တကယ့်အတတ်ပညာဟုတ်တယ် မဟုတ်ဘူးဆိုတာတောင် သိခွင့်မရှိတာ
        ဘဲ..။ စာအုပ်ထဲက အတတ်ပညာတွေဟာ တကယ့်အတတ်ပညာအစစ်တွဖြစ်တယ်လို့…..၊
        ှဗုဒ္ဓဟောခဲ့တာ..အဲ့ဒီလိုလို့……”
        အရိယသစ္စာခရီးသည်ကြီး ခင်ဗျာ…ဗုဒ္ဓတရားတော်တွေကို အတတ်ပညာလို့ပြောတာ ခင်ဗျားနဲ့ကျမှပဲ
        ကြားဖူးတော့တယ်ဗျာ..ကျနော်ကြားဖူးတာက..မှော်အတတ်ပညာ တို့ စုန်းအတတ်ပညာတို့ပဲကြားဖူး
        ပါတယ်။
        ………………………………………………..
        နောက်ပြီး…
        “အဆောက်အအုံ တစ်ခုမှာ ဖောင်ဒေးရှင်းကအရေးကြီးတယ်..။ အဲဒါလွဲပြီဆိုရင် အပေါ်မှာ အ
        ကုန်လွဲပြီပေါ့..။ ဗုဒ္ဓရဲ့ ဓမ္မဖောင်ဒေးရှင်းကဘာလဲ…? ဗုဒ္ဓ(၄၅)နှစ်လုံးလုံး..ဝေါ်ကီနဲ့..တော်ကီ
        လွှတ်ခဲ့တာဘာတွေလဲ…? ”
        လို့ပြောတဲ့ စကားလုံးအသုံးအနှုန်းတွေကိုကြည့်ခြင်းအားဖြင့်လည်း..ခင်ဗျားဟာ
        တရားတော်တွေကိုဟောကြားခဲ့တဲ့ ဗုဒ္ဓဘုရားရှင်ကိုတောင်လေးစားသမှုမရှိသလို ဖြစ်နေပါပြီ။

        ……………………………………………………….
        နောက်တစ်ချက်က..
        ” ——- ထေရဝါဒ = ဂျိန်း ဖြစ်ခဲ့ရပြီဖြစ်ကြောင်း…….။ ”

        ဆိုတဲ့နေရာမှာ..ဂျိန်းဘာသာအယူဝါဒ လေးကိုပါချပြပေးပါလား။ ဒါမှဂျိန်းအယူဝါဒကို
        မသိသေးတဲ့စာဖတ်သူအချို့အနေနဲ့လည်းတစ်ကယ်တူတယ်မတူဘူးဆိုတာကိုဝေဖန်ဆန်းစစ်လို့ရမှာပေါ့ဗျ၊
        ကိုယ်ပြောချင်ရာပဲဇွတ်ပြောပြီး ရောချနေရင်တော့ သိပ်မဟုတ်သေးဘူးထင်တယ်ဆရာရေ့။

        ….အပေါ်က ရွာသားတွေမေးထားတဲ့ကွန်မန့်လေးတွေကိုလည်း ပြန်ဖြေပေးပါဦးနော့…

  • thantmonzaw

    January 9, 2012 at 11:29 am

    ကျနော်ဒီနေ.အီစွတ်ရဲ.ပုြံပင်များထဲကခွေးကစပျစ်သီးကိုချဉ်တဲ.အကြောင်းပြောတာလေးသတိရမိတယ်ဗျာ။

  • Lwin Aung

    January 9, 2012 at 11:34 am

    Buddhism is really not religious. It is the nature law of what the particle and mind is doing . If you don’t believe, please study on your body with concentrated mind and you will see later what is happening on your body . If you read the Parisa Thamuphat books of Mahasi or Mogoke Sayataw , you will see the Past, Present and future.

  • thantmonzaw

    January 9, 2012 at 11:43 am

    တောင်တန်းကမောင်ဆန်းရဲ.commentကိုအကြိုက်ဆုံးပါဗျာ။

  • ssa

    January 9, 2012 at 12:50 pm

    ဒီပိုစ့်ကိုလုံးဝ ကန့်ကွက်လိုက်တယ်.
    နောက်တစ်ခါ ဆိုရင်တော့….
    လုံးဝသည်းမခံနိုင်လို့ …..ကျုပ်ဆဲတော့မှာ…
    ဘာအခြေအမြစ်မှမရှိဘဲ…ခင်ဗျားရေးထားတယ်….
    ထေရဝါဒကို… ခင်ဗျားဘယ်လောက်ထိအောင်လေ့လာဘူးလဲ
    ဘာတွေသိထားပြီလဲ…
    ( ဆရာလိုလို…သဘာ လိုလို တော့မလုပ်ပါနဲ့ )..

    • မိုက်ကယ်ဂျော်နီချီးဘတ်

      January 10, 2012 at 7:07 pm

      ဓမ္မ ( တရား ) ရဲ့မူရင်းသဘောက ( လက်တွေ့ ) ကျင့်စဉ်လေ
      သူ့ကို ဘယ်လောက်သိလဲ ဆဲမိတော့မယ် ဆိုကတည်းက
      ကိုယ်ကိုယ်တိုင် ဓမ္မ ( တရား ) မှာ ဘာမှ မသိဘူးဆိုတာ
      ဖြစ်မနေဘူးလား
      အားလုံးကိုု တိုက်တွန်းပါတယ်
      အကြောင်းအရာ တစ်ခုကို ယုတ္တိရှိမရှိ မိမိ ( ပညာ ) ဖြင့် ဆုံးဖြတ်ကြပါ
      သူ့အပြောထက် မိမိအဆိုသည်သာ အရေးကြီးပါကြောင်း နှင့်
      သူ့အပြောကို မသုံးသတ်ဘဲ ဖြေဘို့သာ ကြိုးစားကြလျှင်
      ကိုယ်ဂျိုးဂျီးနည်းရချီရဲ့
      ( အရိယသစ္စာခရီးသည် ) ကြီးလေဗျာ
      ( အရိယသစ္စာ ) ဆိုတာဘာလဲမေးကြည့်ကြဘာလားလို့

      • windtalker

        January 10, 2012 at 9:28 pm

        ကျုပ်ကတော့
        ချီးဖတ် ပြန်ပေါ်လာလို ့
        ဝမ်းသာမိသဗျို ့
        ချီးယား ချီးဖတ်

        • သာမိညောင်

          January 10, 2012 at 10:23 pm

          တော်တော်ခင်ပုံရတယ်နော်
          အဲ့လို သတ္တဝါမျိုးကိုပေါင်းထား တစ်ခါတစ်လေ
          တော်တော် အသုံးဝင်တယ်
          အရက်တစ်ပုလင်းပေးရင် လမ်းကြောင်းတည့်လို့ကတော့
          ဘာဖြစ်ခြင်သလဲပြော
          မှန်းးးးးးးးးးးးးးးးပြောကြည့်တာ

        • Khin Latt

          January 11, 2012 at 3:19 am

          ကျွန်မ လဲ ဘကြီးဘု ပြန်ပေါ်လာ၍ အလွန်ပင် ဝမ်းမြောက်မိပါကြောင်း။
          ဘကြီးဘု ရေ – သူကြီးပို့လိုက်တာတွေ ကို အ ပြောင်ရှင်းပြီးမှ ပြန်ဝင်လာတာလား။ 😉
          ဤ Post နှင့်မဆိုင် ဘဲ မန့်လိုက် မိပါသည်။ စောဒီး ပါ။

  • ကြောင်ကြီး

    January 11, 2012 at 12:36 pm

    မဖြေမရစေနဲ့ဗျာ။ မဖြေတတ်လို့ ဟုတ်ပါဘူး.. အဖြေမသိလို့ပါ။ ဆယာ့ဆြာဂျီးများကို အကူညီတောင်းထားပါဒယ်။

    True Answer says:

    “ဗုဒ္ဓဟာ အဲ့ဒီဘာသာတရားမဟုတ်တဲ့သဘောတရားကို ညွှန်ပြသူဖြစ်လို့
    ဗုဒ္ဓနဲ့ ခေတ်ပြိုင် ဘာသာရေးသမားတွေက ဗုဒ္ဓအပေါ် နားမလည်နိုင်ဖြစ်ပြီးဗုဒ္ဓကို
    နောင်ဘဝဖြစ်၊မဖြစ်…အစရှိတဲ့မေးခွန်းတွေမေးတော့ ဗုဒ္ဓက အဲ့ဒါတွေ
    ငါမပြောဘူးလို့ချည်း ပြောခဲ့သူပါ။”

    အထက်ပါ စာနှင့်ပတ်သက်၍ မေးမြန်းချင်ပါသည်။ ဗုဒ္ဓ က မည်သည့် ခေတ်ပြိုင် ဘာသာရေးသမားများအား မည်သို့သော အကြောင်းအရာနှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်း ဖြစ်ပါသနည်း … ?
    မည်သည့် ကျမ်းတွင် ပါရှိသည်ကိုလည်း သိချင်ပါသည်။

    Anzartone ရဲ့မေးခွန်းကို ထောက်ခံပါတယ်။ ပို့စ်ပိုင်ရှင်အနေနဲ့ တိတိကျကျ ဖြေကြားခြင်းမပြုပါက အများကို ထင်ယောင်ထင်မှားဖြစ်စေသူ မရိုးသားသူ အဖြစ် ယူရပါမည်။
    Reply
    +2

    ကြောင်ကြီး
    4115
    1-9-12
    ကြောင်ကြီး says:

    ဖြေတတ်တော့ဘူးဗျ.. ကယ်ဂျဘာအုံးအရပ်ကတို့….။ 😥

  • lu nyo chaw

    January 11, 2012 at 3:59 pm

    ကျွန်တော် စာရေးသူကို တစ်ခုလောက် တောင်းဆိုပါရစေ။ကျွန်တော်က ထေရဝါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ ကျွန်တော်က အသက် 24နှစ်အရွယ် လူရွယ်တစ်ယောက်ပါ။အဲ့တော့ အတွေ့အကြုံနုနုနဲ့ပါ။
    ကျွန်တော်နားလည်ထားတဲ့လက်ခံယုံကြည်နေတဲ့ ဘာသာမှာ ဝါဒ ရှိပါတယ်။ ပန်းတိုင်ရှိပါတယ်။သွားရမဲ့လမ်းလည်းရှိပါတယ်။
    အဲ့ဒီသုံးခုကို စာရေးသူအနေနဲ့လည်းသိခဲ့မှာပါ။
    ကျွန်တော်တောင်းဆိုချင်တာက အဲ့ဒီသုံးခုကို အဘယ်ကြောင့်မယုံကြည်ထိုက်ကြောင်း ရှင်းပြပေးဖို့ပါ၊ ကျေးဇူးပြု ပြီးပေါ့။ တောင်းဆိုပါရစေ..။နောက်ပို့စ် တွေမှာ အဲ့ဒီအကြောင်းတွေ ပါ လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်
    ဖတ်ဖူးသလို ဆန်းစစ်ယုံကြည်ထားတဲ့ ဗုဒ္ဓဘာသာရဲ့ အခြေခံတွေမို့ပါ။ အခြေခံမခိုင်ဘူးလို့ သေချာရှင်းပြပေးပါ။

  • သူကြီးကပြောတယ်
    ,strong> သူပြောလာတွေတွေ.. တခုချင်း.အချက်အလက်တွေကိုယူပြီး.. .ချေပလို့ရပါတယ်..။
    ပိုကောင်းတာတွေညစ်ထုတ်.. ထွက်လာစေချင်ရင်.. ဆဲဆိုပြလို့တောင်ရပါတယ်..။
    ( ဒီမှာတော့.. ဒီနှစ်ထဲ ဆဲတာ ခွင့်မပြုနိုင်တော့ပါဘူး..)
    True Answer မေးထားတဲ့ မေးခွန်းတွေ မဖြေသေးဘူးဆိုရင်လည်း ရပါတယ်
    ဒီပို့စ်ကို နောက်နှစ်တွေမှာ လာဖတ်ပြီးတော့
    ကိုအောင်ပုရေ ………… 😀

    • မှော်ဆရာ

      January 12, 2012 at 9:41 pm

      ဒီနှစ်ထဲမှာ မဆဲရဘူးဆိုတော့
      နောင်နှစ်ကျမှ … အင်း …
      ထပ်ဖတ်ပါဦးမယ်ဗျာ…. :mrgreen:

  • မိုက်ကယ်ဂျော်နီချီးဘတ်

    January 12, 2012 at 6:16 pm

    သစ္စာခရီးသည်ကြီးခင်ဗျား
    ခင်ဗျားမလဲကိုယ်တွေ့တဲ့တရားမှ အမှန်လို့ဆိုတာလား
    ဘာတရားမှ မတွေ့လို့ မမှန်ဘူးလို့ဆိုတာလား
    ကျုပ်ဘဲ ဝေးနေတာလားသိဘူးဗျ ထပ်ပြီးရှင်းပါဦး
    ုသတ္တဝါတွေခင်ဗျားဟောတဲ့တရားနဲ့ပေါက်သွားရင် နဲတဲ့အကြောင်းဟုတ်ဘူးနော 😀
    အမှန်တော့ ခင်ဗျားရဲ့ ဝေဖန်မှု့က
    မြန်စွာဘုရားဟောပါဠိတော်တွေကို အဌကထာ နဲ့
    ဋီကာဆရာတွေ ဖွင့်ဆိုပုံ မှားတယ်လို့ ပြောသလိုလိုကနေ ဝိုးတိုးဝါးတားဖြစ်နေတယ်
    ကျုပ်ဖြစ်တာကို ပြောတာပါ
    တစ်ခုတော့ပြောလိုက်ခြင်ပါသေးတယ်
    မဇ္ဈိမနိကာယ် လောက်နဲ့ မမှီသေးရင်
    ခုဒ္ဒကနိကယ်လောက်ကိုလည်း အပျင်းပြေဖတ်ကြည့်ပါဦးနော 😀 😀 😀

  • မှော်ဆရာ

    January 12, 2012 at 9:44 pm

    အရိယသစ္စာ လမ်းစဉ်ကို သေချာလေ့လာကြပါ…
    အရိယာသစ္စာကို သေချာလေ့လာရင် မိုးပျံ ပါလိမ့်မယ် …
    မိုးမပျံဘူးလား …. မိုးမပျံရင်တော့ သေချာပေါက် မြေလျှိုးပါလိမ့်မယ် … :mrgreen:

  • we ren thu

    January 12, 2012 at 10:08 pm

    အရှင်ဉာဏက-“ဂရုဓမ္မသီလထဲက မခိုးရသိက္ခာပုဒ်ရဲ့ အနက်မှာနည်းနည်းပါးပါး ခိုးယူမူ့ မပါဝင်ဘူး။ ဒါသိဖို့လိုတယ်။ ဒါကလေးလောက်တောင် လိုက်နာဖို့ ဖြစ်လာရင် ဒီသီလဟာ လူတွေမလိုက်နာနိုင် ဖြစ်လာမယ်။ လူမလိုက်နာနိုင်တဲ့ ဟာကို ဘုရားကတရားလို့ မလုပ်ဘူး။”(ဘုရား-စာအုပ်-စာ-၁၄၅)

    ဒါတွေကို ထောက်ပြီး အသေးအမွားခိုးမူ့ဟာ မဂ်သီလဖြစ်တဲ့ “ဂရုဓမ္မသီလ မဖြစ်ဘူး”။ ဒါဟာ ဘုရားဖွင့်တဲ့ “ဂရုဓမ္မသီလ မခိုးရသိက္ခာပုဒ်ရဲ့ အနက်ပဲ ဒါရဲ့ အနက်ကို ဘုရားဖွင့်တာ ကျန်ပါသေးတယ် ဆက်ဖွင့်ရအောင်။(ဘုရား-စာအုပ်-စာ-၁၄၇)

    မဂ်သီလဖြစ်တဲ့ ဂရုဓမ္မသီလ မခိုးရ သိက္ခာပုဒ်အရမှာ လူပိုင်မဟုတ်တဲ့ ပစ္စည်းအများအပြား ခိုးယူခြင်း မပါဝင်ဘူး။ သူပိုင်မဟုတ်တဲ့ ပစ္စည်းအများအပြားကို ခိုးယူပေမယ့် ခိုးရင် သီလမပျက်ဘူးလို့ ဆိုလိုတယ်။ ဒါကိုတော်တော်ကြီး သိဖို့ကောင်းတယ်။ သူမဟုတ် သူပိုင်ပစ္စည်းခိုးမိပြီး စိတ်ပျက်နေကြသူတွေ အများကြီးရှိတယ်။ ဒါ ဆုတ်ယုတ်ဖို့ပဲ။ (ဘုရား-စာအုပ်-စာ-၁၄၇/၈)

    “နိုင်ငံတော်ဆိုတာ နတ်ကြီးတစ်ပါးပါပဲ။ မြို့၊ ရွာဆိုတာတွေလည်း နတ်တွေပဲ၊ သမဝါယမအဖွဲ့၊ ရဲအဖွဲ့ မီးသတ်တပ်ဖွဲ့၊ စစ်တပ်အဖွဲ့၊ သယ်ယူပို့ဆောင်ရေးအဖွဲ့၊ ကူးသန်းရောင်းဝယ်ရေးအဖွဲ့၊ ဒါတွေလည်း နတ်တွေပဲ နတ်တွေ နတ်ဖြစ်ကြောင်း ရှင်းရင် သိပ်ရှည်သွားမယ်။ အကျဉ်းချုပ်လိုက်ရင်တော့ လူတစ်ဦးချင်း ပုဂ္ဂလိကပိုင်မဟုတ်တဲ့ ပစ္စည်းတွေဟာ နတ်ပိုင် ပစ္စည်းတွေပဲ။” (ဘုရား-စာအုပ်-စာ-၁၄၉)

    “လူနဲ့ နတ်တို့ ဒီလိုခွဲရမှာဖြစ်တယ်။ လူအစုအမှတ်တွေဟာ လူဆိုတဲ့ ဂုဏ်ရည်က ကျော်သွားပြီ။ အဲဒီလူတွေပို်င်တဲ့ ပစ္စည်းဟာ လူပိုင်ပစ္စည်းအဖြစ်ကို ကျော်ပြီး နတ်ပိုင်ပစ္စည်းတွေဖြစ်သွားတယ်။ အဲဒီပစ္စည်းကို ခိုးယူခြင်းဟာ ဒီသီလ သိက္ခာမှာ အခိုးမမြောက်ဘူး၊ သီလမပျက်သေးဘူးပေါ့။”(ဘုရား-စာအုပ်-စာ-၁၅၀)

    “နိုင်ငံပစ္စည်း ခိုးတာဟာ ဂရုဓမ္မသီလ မခိုးရ သိက္ခာပုဒ် မပျက်ဘူး။ ပစ္စည်းပိုင်သူဟာ ပုဂ္ဂလိက မဟုတ်ဘဲ နိုင်ငံတော်ဖြစ်နေလို့ပဲ။ မြို့ ပိုင်၊ ရွာပိုင်၊ ဌာနဆိုင်ရာပိုင်၊ အဖွဲ့ အစည်းပိုင်၊ သမဝါယမပိုင် ပစ္စည်းတွေကို ခိုးတာဟာလည်း ဂရုဓမ္မသီလ (မခိုးရ သိက္ခာပုဒ်) အရအခိုးမမြောက်ဘူး။(ဘုရား-စာအုပ်-စာ-၁၅၁)

    ကောင်းဗျာ—မြန်မာပြည်က ရိုးသားတဲ့ဝန်ထမ်းလေးတွေကတော့ ဒီလို အယူအဆကြီးကို ဘယ်ကြိုက်မလဲ ဟုတ်ဘူးလား—-

    ခိုးကြခိုးကြ တိုင်းပြည်တစ်ခုလုံး မွဲလန်နေအောင် ခိုးကြ လာဘ်စားကြ ဘာမှအပြစ်မဖြစ်ဘူးတဲ့(သူတို ့ပြောတာနော်သားသားက ဘာမှမသိဘူး××)
    သားသားလည်း ခိုး ကြည့်ဦးမယ်

    • kai

      January 13, 2012 at 12:03 am

      တကယ်သာဒီလိုပြောဟောခဲ့တယ်ဆိုရင်တော့.. ကမ္ဘာတန်းအဆင့်ကို ခြိမ်းခြောက်နိုင်တဲ့ အတွေးအခေါ်ပဲ..
      ပြောရရင် ကျုပ်လည်း နိုင်ငံတော်ပိုင်”လေ”ကို နေ့တိုင်းရှုပြီး ခိုး(ပိုင်ရှင်အသိမပေးပဲသုံးစွဲ)နေတာပဲလေ…။ 😆

      • True Answer

        January 13, 2012 at 7:35 am

        မိမိ လောဘ-ဒေါသနဲ့ ကိလေသာရဲ့ ကောက်ကျစ်မှု ကို ဘုရားတရားအဖြစ် လိုရာဆွဲယူချင်လည်း ယူကြပေါ့လေ။

        —————————————————————————–

        “ကိုယ်ကြိုက်တာ ကိုယ်လုပ် ကိုယ်လုပ်တာ ကိုယ်ခံရမည်“

        စွန်းလွန်းဆရာတော်ဘုရားကြီး

      • we ren thu

        January 13, 2012 at 8:45 pm

        တော်တော်ကလေးကုလားဆန်ပါလား —–လေကိုများ နိုင်ငံတော်ပိုင်တဲ့ ဟားဟား… မိုးပြာတရားတွေမှာ မွှန်ပြီးတော့ ကိုယ်ပြောတဲ့စကားဘယ်အဆင့်ရောက်နေမှန်း မသိတော့ဘူးထင်တယ်——လူတကာကိုမေးကြည့်လိုက်ဦး(လူကိုမေးခိုင်းတာနော် –ကိုယ့်အမျိုးတွေပဲလျှောက်မေးမနေနဲ ့) လေကနိုင်ငံတော်ပိုင်–အော်—–

        • we ren thu

          January 13, 2012 at 9:04 pm

          kai,
          i deeply apologize for the comment above ‘cos i was too angry with the post, i did not consider the facts u r saying @ that moment, really sorry, bro!
          all of my apologies sincere——

        • kai

          January 14, 2012 at 12:46 am

          မြေပေါ်မြေအောက် သယံဇာတတွေရော.. နိုင်ငံတော်မပိုင်ဘူးလား.. (အခြေခံဥပဒေစာအုပ်လေး ပြန်ဖတ်ရမယ်ထင်တယ်..။)

          ထားပါတော့..
          … တောထဲကသစ်ပင်တွေ..။ ရေထဲကငါးတွေ… မြေအောက်ကရွှေ.ပတ္တမြား..ကျောက်မျက်တွေ… .။. .တွေ..။ …တွေ..။ ခွင့်ပြုချက်လိုင်စင်မရှိ.. မတောင်းပဲ.. သုံးစွဲ နေကြတာ.. များပါ့..။ အလွန်ကိုများပါ့ဗျား..။
          တိုတိုပြောရရင်… ..ခိုးနေကြတာပေါ့..။

          .. စဉ်းစားဖို့အတွေးချကြည့်သာတာဖြစ်ပြီး.. မိုးပြာမိုးဝါတွေနဲ့ မဆိုင်ပါကြောင်း..။ 🙂
          ကြည့်ရတာ..
          မိုးပြာဘုန်းကြီးက.. သူယူထားတာတွေလွတ်အောင်.. သူများယူထားတာတွေ.. အပြစ်မရှိဖြစ်အောင်.. တာဝန်ယူခံရှင်းပေးလိုက်တယ် ထင်ကြောင်း…

          (ဒီရွာထဲ ကျုပ်ကသူကြီးတက်လုပ်နေရတော့ကာ.. ရွာသူားတွေက.. ပြန်လှန်ပြောခွင့်ရှိပါတယ်..။ ခပ်ရင့်ရင့်လေး ပြောဆိုဆုံးမကြတာကိုလည်း ..ခွင့်ပြုကြောင်း….
          …ကိုယ့်စကားကိုယ်.. တာဝန်ယူပြီးသာ ပြောပါ.. ခေါင်းခေါက်ပြီး..တောင်းပန်ရန်မလိုကြောင်း…။ 😆 )

    • we ren thu

      January 14, 2012 at 9:18 pm

      တောထဲကသစ်ပင်တွေ..။ ရေထဲကငါးတွေ… မြေအောက်ကရွှေ.ပတ္တမြား..ကျောက်မျက်တွေ… .။. .တွေ..။ …တွေ..။ ခွင့်ပြုချက်လိုင်စင်မရှိ.. မတောင်းပဲ.. သုံးစွဲ နေကြတာ.. များပါ့..။ အလွန်ကိုများပါ့ဗျား..။
      တိုတိုပြောရရင်… ..ခိုးနေကြတာပေါ့..
      ။မြေပေါ်မြေအောက် သယံဇာတတွေရော.. နိုင်ငံတော်မပိုင်ဘူးလား.. (အခြေခံဥပဒေစာအုပ်လေး ပြန်ဖတ်ရမယ်ထင်တယ်..။) — တဲ့ ——-တဲ့

      တော်တော်လေး ခိုက်သွားပါတယ် —-အဲ့ဒါဆို နှာခေါင်းပေါက်နဲ ့အသက်ရှူခဲ့တဲ့ ဗုဒ္ဓကလည်း
      –kai ပြောသလို india နိုင်ငံတော်ကြီးပိုင်တဲ့ လေကို ခိုးခဲ့တာပေါ့ အော်– ဟအော် ဟအော်အော်အော်————လဟားဟားဟားဟာာဟားးးးးးးးးးးးးးဟယ် ========ဟိုဟိုဟိုဟိဟုဟိဟိဟိ
      ဗြဲ———————ဘူူူူူူူူ——————-
      -အူကြီးကို မနည်းနှိပ်နေရတယ်ဗျာ (အရယ်လွန်ပြီး သေသွားမှာစိုးလို ့) ရွှေဖလားမှာဝင်ပြိုင်ပါလား —ပထမတော့အသာလေးပဲရလောက်တယ် —နေရင်းထိုင်ရင်းနဲ့ လူတွေအကုန်လုံး သူခိုးတွေဖြစ်ကုန်ပါပေါ့ —-
      (ကိုယ့်စကားကိုယ်.. တာဝန်ယူပြီးသာ ပြောပါ.. ခေါင်းခေါက်ပြီး..တောင်းပန်ရန်မလို)
      ကျေးဇူးပါခဗျာ—–ဘယ်လိုမျိုးလေးများ တာဝန်ယူပေးစေချင်ပါသလဲခဗျာ—၊၊၊၊၊၊??????????
      ကိုယ့်စကားကိုယ်တာဝန်ယူပါတယ်
      ကြိုက်တဲ့ ပုဂ္ဂိုလ် ဝင်ပြီး ment နိုင်ပါတယ် ဝီရံသူပြောတဲ့အထဲမှာ တစ်ခုခု ဝင်ပြီး စကားနိုင်လုချင်ရင်လေ———-(မိန်းမကြီးလိုတော့ နှုတ်သီးခေါင်းလျှာပါးနဲ ့ ကလေးကလား နိုင်ရင်ပြီးရော မပြောကြနဲ ့ပေါ့ဗျာ–)

    • ကိုသစ္စာ

      January 25, 2012 at 4:56 pm

      ပြည်သူပိုင်ပစ္စည်းယူတိုင်း အာဒိန္နကံထိုက်တယ်ဆိုရင် တောထဲမှာ ထင်းခုတ်၊ ဝါးခုတ်၊ မှိုရှာနေတဲ့ သူတော့ ငတ်သေရဖို့ပဲရှိတယ်။
      နောက်ပြီး ရေတွင်းတွေ၊ ရေကန်တွေထဲကရေတွေက ဘယ်သူပိုင်တာလဲ?
      ပြည်သူတွေပဲပိုင်တာလေ။ အဲဒါတွေ ယူခပ်ရင်ကော အာဒိန္နကံပဲလား ?
      ဒါဆိုရင်တော့ တနိုင်လုံး သူခိုးတွေဖြစ်နေပြီပေါ့။
      စဉ်းစားစမ်းပါ။ အာဒိန္နကံဆိုပြီး ကိုယ်ဉာဏ်မမှီတိုင်း ဝါးလုံးရှည်နဲ့ အကုန်ရမ်းနေလို့ သင့်ပါမလား။
      ကံဆိုတာ တဏှာကနေ ပေါက်ပွားလာတာပါ။ တဏှာဆိုတာ “လွန်ကျူးတာ”လို့ နားလည်ပေးပေါ့။
      ဒါဆိုရင် မိမိအပြော၊ အပြူ၊ အနေတွေဟာ မိမိခံစားခွင့်၊ ခံစားသင့်တာထက် လွန်သွားပြီးလား၊
      ဒါဆိုရင်တော့ ဘယ်မှာ ငြိမ်းချမ်းနိုင်တော့မလဲ။
      ဒါ့ကြောင့် ပြည်သူပိုင်ပစ္စည်းတိုင်းလို့ ဝါးလုံးရှည်နဲ့ အကုန်မရမ်းလိုက်ပါနဲ့။
      လူ့ (နိုင်ငံ၊ လောက) ငြိမ်းချမ်းမှုကို ထိခိုက်စေလောက်တဲ့ လွန်ကျူးမှုတွေကိုတော့ သေသေချာချာထိမ်းဖို့ပဲလိုတာလို့ နားလည်ပေးပါ။
      (နွားထီး ငါးကျပ်၊ နွားမ ငါးကျပ်ဆိုတဲ့ အသိဟာ အလွန်ကို ကျဉ်းမြောင်းလှပါတယ် we ren thu ရယ်။ )

  • we ren thu

    January 12, 2012 at 10:12 pm

    ကိုယ့်ကိုယ်ကို် ပြည်သူပိုင် ခိုးချင်လို ့မိုးပြာထဲဝင်ရင်ဝင်တယ်ပေါ့ဗျာ — နှုတ်သီးခေါင်းလျှာပါးနဲ ့ဟိုလူ ့ယိုးဒီလူ ့ရိုးလိုက်လုပ်မနေပါနဲ ့

  • MaMa

    January 13, 2012 at 9:15 am

    သင်ပြုသည့်ကံ ပဲ့တင်သံ သင့်ထံပြန်လာမည် တဲ့။
    စာရေးသူက ဘယ်လို စိတ်ထားနဲ့ ရေးထားတယ်ဆိုတာကို မပြောလိုပါဘူး။
    ထေရဝါဒဟာ အယူမှားတယ်ထင်လို့ လူတွေကို
    ကောင်းတဲ့စိတ်ထားနဲ့ ကောင်းစေလိုလို့ ရေးတာဆိုရင် စာရေးသူလည်း ကောင်းသောအကျိုးတွေကို ရရှိမှာပါ။
    အကယ်၍များ စွပ်စွဲပုတ်ခတ်လိုတဲ့စိတ်၊ ဝေဖန်ပြစ်တင်ချင်တဲ့စိတ်တွေနဲ့များ ရေးလိုက်တာဆိုရင်တော့…
    သိထားသလောက်ပြောရရင် ကို်ယ်ပြစ်မှားလိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ အကျင့်သီလကောင်းရင် ကောင်းသလောက် ကိုယ့်အပေါ်ကို (လောကသဘာဝဓမ္မအလျှောက်၊ ဘယ်သူမှ လာလုပ်မှာ မဟုတ်ပဲ) ဆိုးကျိုးတွေ အများကြီး ရစေနိုင်တာမို့…..
    အင်းးးးးးးးးးးး မှော်ဆရာ ပြောသလို
    (အရိယာသစ္စာကို သေချာလေ့လာရင် မိုးပျံ ပါလိမ့်မယ် …
    မိုးမပျံဘူးလား …. မိုးမပျံရင်တော့ သေချာပေါက် မြေလျှိုးပါလိမ့်မယ် …)

  • we ren thu

    January 13, 2012 at 9:10 pm

    Mr, kai,
    i deeply apologize for the comment above ‘cos i was too angry with the post, i did not consider the facts u r saying @ that moment, really sorry, bro!
    all of my apologies sincere——

  • we ren thu

    January 13, 2012 at 9:25 pm

    နောက်ထပ်အရိယာမိုးပြာ သစ္စာရှင်တွေရဲ့ အရိယာသူတော်ကောင်းအတွေးအခေါ်တွေကို တင်ပြပါဦးမယ်
    မယုံပါနဲ့ဦး ကိုယ့်ဟာကိုယ် ရှာပြီး ဖတ်ကြည့်နိုင်ကြပါတယ် ဘယ်လောက် မြင့်မြတ်တဲ့ အရိယာဝါဒတွေလည်းလို ့—-
    လူသိများတာက ဘုရားဟာ သတ်မူက ရှောင်ရမယ် အသက်ကို အားလုံးရဲ့ အသက်အဖြစ် ဟောတာလို့ သိနေကြတယ်။ဘုရားရဲ့ မသတ်ရမယ့် အချက်ရဲ့ အနက်ဟာ လူ့အသက်ပဲ ဖြစ်တယ် အခြားအကောင်ပလောင်တွေရဲ့ အသက် မဟုတ်ဘူး။(ဘုရား၊ စာ-၁၃၅)-ဒါကြောင့် ဓမ္မမှာဘုရားရဲ့ မသတ်ကောင်းတဲ့အသက် ဟောချက်ဟာ လူ့အသက်ဖြစ်တယ်။ ဒါကြောင့်ဘုရားဟောတဲ့ သီလမှာပါတဲ့ မသတ်ဘူးဆိုတဲ့ အသက်ဟာ လူ့အသက်ပဲဖြစ်တယ်။ အခြားအကောင်ပလောင်တွေရဲ့ အသက်တွေ အကျုံးမဝင်ပါဘူး။ လူမဟုတ်သူတွေရဲ့ အသက်သတ်ဖြတ်မှုဟာ ဓမ္မအရာမဝင်တဲ့ အမှုသာဖြစ်တယ်။ မပြောပလောက်တဲ့အမှုပေါ့။
    ယင်းကောက်နုတ်ချက်များဟာ “ပါဏာတိပါတ” ပုဒ်အရ “မသတ်ရဘူးဆိုတာ လူအသက်ပဲဟောတာဖြစ်တယ်” ဟူသော မိုးပြာ ဂိုဏ်းခေါင်းဆောင် ရှင်ဉာဏ၏ ဟောပြောရေးသားချက်များ ဖြစ်ပါသည်။
    ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။ ကာမဂုဏ်မှားယွင်းကျက်စားမှုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပြုမှုလို့ အဓိပ္ပာယ်ရမှာ မဟုတ်ဘူး။ ကိုယ့်ဘဝမဟုတ်တဲ့အရာတွေကို မမှန်တာပြောလည်း လိမ်ရာမကျဘူး။ မုသာဝါဒမဖြစ်ဘူး။ လိမ်ကောင်းတယ်။ မူးအောင်မသောက်ရင် အရက်သောက်တာက မိတ်ဆွေပေါလို့ စီးပွားဖြစ်တော့ အကျိုးတောင် ရှိပါသေးတယ်။ ဒီလိုသောက်တာကို ဘုရားက သုရာမေရယလို့ ဟောတာမဟုတ်ဘူး။

    ကာမပိုင်အမျိုးသမီးကို သဘောတူပျော်ပါးရာ၌ အပြစ်မရှိ။ ဆန္ဒကို ဖြည့်စွမ်းပေးသောကြောင့် ကုသိုလ်ပင်ဖြစ်နိုင်သည်။——

    ကျတော့အထင်တော့ အောက်ဆုံးအချက်ကြောင့်ပဲ ထေ၇ဝါဒကနေ မိုးပြာထဲကို ပျော်ပျော်ကြီး မြိုင်မြိုင်ဆိုင်ဆိုင် ဝင်ကုန်တယ်နဲ့တူပါတယ်

  • sandawchain

    January 14, 2012 at 8:06 am

    ကျွန်တော်တို ့ပယ်ရမှာ ထေရဝါဒလည်း မဟုတ်ပါ မိုးပြာလည်း မဟုတ်ပါ
    ကျွန်တော်တို ့ယူရမှာ ထေရဝါဒလည်းမဟုတ် မိုးပြာလည်းမဟုတ်ပါ
    ဆရာကြီးဂိုအင်ဂါရဲ့ တန်ဖိုးရှိသောစကားလေးတစ်ခွန်းသာဝေမျှလိုသည်
    ကျွန်တော်တို ့ပယ်ရမှာက လောဘ ဒေါသ မောဟ
    ကျွန်တော်တို ့ယူရမှာကတော့ အလောဘ အဒေါသ အမောဟ
    အားလုံးကျန်းမာကြပါစေ ချမ်းသာကြပါစေ
    (ကိလေသာကိုသာ အနိုင်ယူသူ)

  • မိုးချမ်းမြေ့

    January 14, 2012 at 3:47 pm

    အရောင်များထွက်နေကြသည်…
    မည့်သည့်အရောင်က လက်ခံစရာကောင်းသနည်း…
    ကူ၍ရှင်းပေးကြပါ…
    ရှုပ်လွန်းလို့မရှင်းနိုင်ဘူးလား…
    ဘုရားရှင်းလျှင်ရနိုင်ပါသည်…။
    (သို့သော်….ဘယ်သူက ဘုရားအစစ်ကိုမြင်ဘူးကြပါသနည်း…။
    တရုပ်ပြည်က စွယ်တော်ကို DNA ယူပြီး…ပုံတူမျိုးပွားနည်းနဲ့ ဘုရာပုံတူထွက်ပေါ်လာရင်တောင်
    တို့မြန်မာတွေကလည်း…အငြင်းသန်လှပါဘိ…။ တော်ကြာဘုရားရုပ်ဆင်းတော်ပိုင်ရှင်ဖြစ်တဲ့
    ပုံတူမျိုးပွားတောင် အင်ကြီးဆိုပြီး လုပ်ကြအုံးမှာ..။
    တရားဆိုရင်တော့..ပိုဆိုးရောပေါ့ဗျာ..။ ခုလည်းကြည့်ပါလား…ဆွေးနွေးတာနဲ့မတူဘူး…။
    ပြောချင်သလိုပြော..အဲ…တွေးချင်သလိုတွေးပြီး..ရေးချင်သလိုရေးကြဗျာ…
    တရားဂုဏ်တော်ခြောက်ပါးက…အဓိကပါ…
    ဝါတာပဲဖြစ်ဖြစ်..
    ပြာတာပဲဖြစ်ဖြစ်…
    ညိုချင်ညို…
    စိုချင်စို…ဘာမှလိုဘူးဗျာ..။
    တရားဂုဏ်တော်ပဲအဓိကထားတယ်…….ဒါပဲ…။)
    အဲ…ရေးရင်းနဲ့…ကျုပ်လဲ အရောင်ထွက်သွားပြီ…ဟီဟီ……..

Leave a Reply