Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သေပြီးနောက် ဖြစ်တယ်ဟုယူထားသော သာတိရဟန်းအကြောင်း (အညွှန်း)

ariyathitsaJanuary 7, 20121min35310

သတ္တဝါတွေ သေပြီးရင် ဝိဉာဏ်လေးက နောက်ဘဝကို ကူးတယ်လို့ ယူထားတဲ့ သာတိရဟန်း။
ကံဆိုတဲ့ သင်္ခါရလုပ်ရင် ဝိဉာဏ်ဖြစ်တယ်၊ အဲဒါနောက်ဘဝပဲလို့ သာတိရဟန်းက မှတ်သားထားတယ်။
ဘုရားက သေပြီးနောက်၊ နောင် ဖြစ်တာတွေ၊ မဖြစ်တာတွေ သူမယူကြောင်း ဟောကြားထား။

(အဗျာကထနတရားတော်) (အယူမှားများနှင့် ဗုဒ္ဓညွှန်ပြ မိစ္ဆာဒိဋ္ဌိများ download )

ကံသတ္တိလေးက ဟိုဖက်ဘဝမှာ ဝိဉာဏ်ကိုဖြစ်စေတယ်လို့ဆိုတဲ့ သာတိရဟန်းအယူအတိုင်း ဒီနေ့ ဗုဒ္ဓဘာသာလောကမှာ ခံယူတတ်ကြပါတယ်။
ဒီကံသတ္တိလေးဟာ ဘာလဲဆိုတာ ဒီနေ့ခေတ်မှာတော့ မေးကိုမေးကြမှာ။
အဲဒီကံရဲ့သတ္တိဟာ ပညတ်လား၊ ပရမတ်လား ?
ပရမတ်ဆိုရင်လည်း စိတ်ပရမတ်လား၊ စေတသိတ်ပရမတ်လား ?
မိလိန္နဝတ္ထုမှာ သတ္တဝါသေပြီးနောက် ဖြစ်တာလည်း မဟုတ်၊ မဖြစ်တာလည်း မဟုတ်လို့ ယူရာရောက်တယ်။
အရိယသစ္စာမသိရင် ဒီမိစ္ဆာဒိဋ္ဌိအယူတွေက လွတ်အောင်ယူဖို့က မလွယ်ဘူး။
သေပြီးနောက် ဖြစ်တယ် (သို့မဟုတ်) မဖြစ်ဘူး တစ်ခုခုကို ယူမိကြမှာပဲ။
အရိယသစ္စာဆိုတာ ဘဝကိုပြောတဲ့ သစ္စာပဲ။
ဘဝဆိုတာ ဒီလူကြီးကို ဘဝလို့ ပြောတာမဟုတ်၊
လူရဲ့အပေါ်မှာ ဖြစ်တည်နေတဲ့ ဘဝကို ပြောတာ။
မဂ္ဂသစ္စာဟာ ဥဒယ၊ ဘယဆိုတဲ့ အဖြစ်၊ အပျက်ကို ရှုတယ်။
အဖြစ်၊ အပျက်ဆိုတာ ဒီလူကြီး အဖြစ်၊ အပျက်ကို ဆိုတာမဟုတ်၊
လူလုပ်တဲ့ လွန်ကျူးမှုတွေရဲ့ အဖြစ်၊ အပျက်ကို ဘုရားက ဥဒယ၊ ဘယလို့ ဟောတာ။
လွန်ကျူးမှုတွေရဲ့ အဖြစ်၊ အပျက်တွေကို တစ်ပေါင်းတည်းအနေနဲ့ ပြောရရင် ဘဝပဲ။
ဘဝတွေ ရွံမုန်းဖို့၊ ဘဝတွေ မဖြစ်ကြဖို့ ပြောတာဟာ ဒီလူတွေ မဖြစ်ကြဖို့၊
တခြားအကောင်တွေ မဖြစ်ကြဖို့ ပြောတာမဟုတ်ဘူး။
သေပြီးရင် ဘယ်သွားမှာလား၊ မသွားဘူးလား ? ဆိုတာတွေဟာ မှားနေတဲ့ အယုံတွေပဲ။
အဲဒါတွေကို ယုံမှားသံသယ ဝိစိကိစ္ဆာလို့ပြောရတာ။
သေပြီးနောက် ဖြစ်တယ်လိ်ု့ ယူတဲ့ ရှင်သာတိရဟန်းကို ဘုရားက မောဃပုရိသ (အချည်းနှီးကောင်၊ အလကားယောက်ျား)ပဲလို့ ဆုံးမတယ်။
ဒါ့ကြောင့် သေပြီးနောက် ဖြစ်တယ်၊ မဖြစ်ဘူးဆိုတဲ့ အခြေအနေတစ်ရပ်ရပ်ကို မစဉ်းစားကြပါနဲ့။
ဒါပေမယ့် မစဉ်းစားကြရုံနဲ့လည်း ဒီအယူ (မိစ္ဆာဒိဋ္ဌိ)တွေက လွတ်ပြီလို့ ပြောလို့ မရသေးဘူး။
မြတ်စွာဘုရားရဲ့ (အရိယသစ္စာ)ဟောချက်ကို သေသေချာချာ သိပြီးမှ ဒီအယူ (မိစ္ဆာဒိဋ္ဌိ)တွေပြုတ်မှာ ဖြစ်တယ်။
ဘုရားက ဒီလူကောင်ကြီးအကြောင်းကို ဟောခဲ့တာမဟုတ်ဘူး ၊
ဒီလူကောင်ကြီးပေါ်မှာ ဖြစ်ထွန်းလည်ပတ်နေတဲ့ (ဘဝ)သံသရာကိုပဲ ဘုရားဟောခဲ့တယ်။
အဲဒီ ဘဝသံသရာတွေ လည်ပတ်ဖြစ်ထွန်းနေပုံ၊
ဒီသံသရာတွေ ပြတ်ပြီးငြိမ်းပုံ စသည်တို့ကို ဓမ္မဝိဟာရီဆရာတော်ဟောကြားထားသည့်
www.ariyathitsa website တွင် ပါရှိသော
” သာတိရဟန်းအကြောင်း (ပထမပိုင်း)” downloadနှင့် ” သာတိရဟန်းအကြောင်း (ဒုတိယပိုင်း)” download အမည်ရတဲ့ MP_3 အသံတရားတော်တို့တွင် ရယူပြီးနာကြားနိုင်ပါကြောင်း ဓမ္မလမ်းညွှန်ပြလိုက်ရပါသည်။

10 comments

  • kokomyo

    January 8, 2012 at 5:42 pm

    မြန်မာဗုဒ္ဒဘာသာဝင်တိုင်းသေသေချာချာ နားထောင်သင့်ပါတယ်။ ကျုပ်ကတော့ download လုပ်ပြီးပြီ။
    မှားတာမှန်တာ ကိုယ့်ဉာဏ်နဲ့ ကိုယ် စစ်ဆေးကြရမှာပဲ။

  • mggwa

    January 12, 2012 at 1:54 pm

    မြန်မာတစ်နိုင်ငံလုံးနီးပါ (ရဟန်း၊ ရှင်လူ မကျန်) သာတိ တွေပါပဲလို့။

  • True Answer

    January 12, 2012 at 2:37 pm

    ထေရဝါဒ စာပေများတွင် ဟိန္ဒူဝါဒများရောနှောကာ မသန့်စင်ဟူပြီး မယုံကြည်သောစကားကိုဆိုသည်ကတဖက် –
    ထေရဝါဒစာပေများကို စွဲယူလျှက် မိမိတို့ဝါဒအတွက်
    အကိုးအကား အထောက်အထားပြုကာ ထင်ယောင်ထင်မှားပြုလုပ်နေခြင်းသည်ကားလည်းတဖက်…
    ပြုလုပ်နေသောကြောင့် မရိုးမသား ထင်ရောင်ထင်မှားလုပ်သော အယူဝါဒ အဖြစ် ယူဆပါသည်။

    ထေရဝါဒ၊ မဟာယန၊ ဝဇီရာယန ဗုဒ္ဓဘာသာအားလုံး
    -ရှေ့ဘဝနောက်ဘဝအယူ၊
    -ဘုရားအလောင်းအဖြစ် ဘဝပေါင်းများစွာ ပါရမီဖြည့်ကျင့်ရသောအယူ၊
    -လူ့ဘဝ အပြင် ပရလောက (အပါယ်လေးပါး) ရှိသေးသည်ဟူသောအယူ၊
    -ပဋိစ္စသမုပ္ပါဒ်၊ ဓမ္မစကြာ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးအယူ ၊
    -ကံကံ၏အကျိုး (အတိတ်၊ ပစ္စုပ္ပါန်၊ အနာဂတ်အယူ)၊
    -ပါဏာတိပါတကံ အယူ(တိရစ္ဆာန်များပါပါဝင်သည်) အားလုံး အတူတူပင်ဖြစ်လေသည်။
    ထိုသဘောထား အခြေခံမျှ မတူညီနိုင်ပဲ ဗုဒ္ဓစာပေများကို အကိုးအကားပြုကာ
    မိမိတို့ဝါဒကို အများလက်ခံအောင် ဗုဒ္ဓစာပေများကို ထုတ်ယူကိုးကားလျှက် မိမိလိုသလို ဘာသာပြန်ပြီး ဗုဒ္ဓသာသာအမည်ဖြင့် သပ်လျှို လိမ်လည် လှည့်ဖြားခြင်းကို ရပ်တန့်သင့်ပေပြီ။

    မိမိတို့ အယူကို မိမိတို့ကိုယ်ပိုင်နာမည် မိမိဖာသာ လွတ်လွတ်လပ်လပ် တင်ပြသင့်ပါသည်။

    ကျွန်တော်အမှတ်မမှားဘူးဆိုလျှင် ခင်ဗျားတို့ တင်ပြနေသောဝါဒသည်
    ၂ဝ ရာစုအစ ပြင်သစ်ပညာရှင်တစ်ဦးတင်ပြခဲ့ပြီးသော ဝါဒသာဖြစ်ပါသည်။
    Existentialism ဖြစ်ပါသည်။ ဆရာဦးဆန်းလွင်မှ ဖြစ်တည်မှုသာ ပဓါန ဝါဒ ဟူသော အမည်ဖြင့် ဘာသာပြန်ပြီးဖြစ်ပါသည်။

    ဘုရားဟောများကို ကွက်ပြီး မိမိအယူအတွက် လိုရာဆွဲယူဘာသာပြန်မှုအတွက်
    အသေးစိတ်ရှင်းလင်းချက် http://myanmargazette.net/64548/creative-writing

    • ကိုသစ္စာ

      January 25, 2012 at 4:42 pm

      ထေရဝါဒ၊ မဟာယန၊ ဝဇီရာယန ဗုဒ္ဓဘာသာအားလုံး
      -ရှေ့ဘဝနောက်ဘဝကို ဗုဒ္ဓဟောခဲ့တယ်လို့ ယုံကြည်ကြရာမှာ ဘဝဆိုတာ ကံရဲ့ သရုပ်ပါပဲ၊
      ကံတွေကြောင့်ဖြစ်နေရတဲ့ အခြေအနေကို ဘဝလို့ နားလည်ပေးကြည့်ပါ။
      ရှေ့တွေ၊ နောက်တွေဆိုတာ ကိုယ်မမွေးခင်တို့၊ သေပြီးနောက်တို့ကို တွေးမိမယ်ဆိုရင် ကြံဆတဲ့ (တက္က)တရားပဲဖြစ်သွားပါလိမ့်မယ်။
      ဒါဆိုရင် ဗုဒ္ဓရဲ့သန္ဒိဋ္ဌိကစတဲ့ တရားဂုဏ်တော် (၆) ချက်နဲ့ လွတ်သွားပါလိမ့်မယ်။
      အရိယသစ္စာမှာ ရှေ့ဘဝနောက်ဘဝကို မပယ်ပါဘူး။ ဒါပေမယ့် အရိယသစ္စာအမြင် ရှေ့ဘဝ၊ နောက်ဘဝက မမွေးခင်နဲ့ သေပြီးနောက် စိတ်ကူးယဉ် အသိမဟုတ်ပါဘူး။
      ရှေ့ကကံတွေပြုခဲ့တုန်းက ဖြစ်ခဲ့ရတဲ့အခြေအနေတွေနဲ့ ယခုပြုဆဲကံတွေကြောင့် နောက်နောင်ဖြစ်မယ့် အခြေအနေတွေကို ကို်ယ်တိုင်သိရမယ့် အသိပါ။ လုံးဝ ကြံဆတဲ့ (တက္က)အသိမဟုတ်ပဲ၊ ကြံဆစရာမလိုတဲံ (အတက္က) အသိသာဖြစ်ပါတယ်လို့ နာလည်းကြည့်ဖို့လိုပါတယ်။ နာလည်းသလောက် ဝင်ဆွေးနွေးပေးတာပါ။

  • thitsamoe

    January 14, 2012 at 4:53 pm

    True Answer ခင်ဗျား။
    တရားဆိုတာ…သိဒ္ဓတ္ထမင်းသားဘုရားမဟုတ်လည်း…တစ်ခြားဗုဒ္ဓ(သိသူ)တွေလည်း…တရားဆိုတာ
    သိနိုင်တာပါပဲ…။ ဘယ်ခောတ်ဘယ်အခါ..ဘယ်ကမ္ဘာဖြစ်ဖြစ်…တရားစစ်ရင်တော့…ကိလေသာငြိမ်းရေး
    ပဲမဟုတ်ဘူးလား…။ ဒါကလည်း…သူကဘုရားဟုတ်တယ်…ဟိုဟာကဘုရားမဟုတ်ဘူး..။
    သူကတရားစစ်တယ်…သူကတော့တရားမစစ်တယ်ဆိုတာ..ဝေဖန်လို့ရတာမဟုတ်ဘူး…။
    ဒါကလည်း…ကိုယ်တိုင်သုံးသပ်ပြီး…ဟုတ်၏..မဟုတ်၏…မှန်၏..မမှန်၏..ကောင်း၏…မကောင်း၏…
    သင့်၏…မသင့်၏..ကို ဆုံးဖြတ်ရမှာမဟုတ်လား…။ ဘယ်သူရေးတယ်…ဘယ်ဝါပြောတယ်ဆိုတာအသာ
    ထားပြီး…တင်ပြသူရဲ့..ဆိုလိုချက်ကို…ဆန်းစစ်နိုင်ဘို့ပဲ..အရေးကြီးတယ်ဆိုတာ…တင်ပြရင်….
    လေ့လာနိုင်အောင်..ညွန်းလိုက်ပါတယ်….ရဲရဲတင်းတင်း..လေ့လာလိုက်စမ်းပါ..True Answer …။
    http://myanmargazette.net/author/mg-moe-pyar
    http://www.venariya.blogspot.com/

  • thitsamoe

    January 14, 2012 at 5:10 pm

    True Answer ခင်ဗျား..
    ထင်ရောင်ထင်မှားနဲ့…ပရန်းပတာဆိုတာ…မရိုးသားဘူးလို့ပြောပုံကိုထောက်ရင်…
    တိကျတာမျိုး..ရေရာတာမျိုးမှ…ကြိုက်တတ်တဲ့..True Answer အတွက်…ပြင်သစ်ပညာရှင်မဟုတ်သော၊
    ဦးဆန်းလွင်မဟုတ်သော..ဝါဒမဟုတ်ကြောင်းကို..လေ့လာနိုင်အောင်…ညွှန်ပြပေးလိုက်ပါတယ်…။
    ရဲရဲတင်းတင်းသာလေ့လာလိုက်ပါ…။
    http://myanmargazette.net/author/mg-moe-pyar
    http://www.venariya.blogspot.com/

Leave a Reply