Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မင်းကိုနိုင် နှင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီ

chatsuJanuary 13, 20121min62225

မင်းခြံထောင်မှ ၁၃ ဦးတွင် ၁၃ ဦးလုံး လွှတ်

တောင်ကြီး ထောင်မှ ၁၁ ဦးတွင် ၁ဝ ဦးလွှတ်၊ ၁ဦး ကျံန်(ဦးရွှေထူး)

ဘူးသီးတောင်ထောင်မှ ၁ဝ ဦးတွင် ၉ ဦးလွှတ်၊ ၁ဦးကျန်မ(အေးမင်းဖြိုး)

သာယာဝတီထောင်မှ ၁ဝဦးတွင် ၁ဝဦးလွှတ်

ဗန်းမော် ထောင်မှ အကုန်လွှတ်

ကျောက်ဖြူထောင်မှ ၉ ဦးလွှတ်

သရက်ထောင်မှ ၉ ဦးလွှတ်၊ ၉ ဦးကျန်

ဖားအံ့ထောင်မှ အားလုံးလွှတ်

(ကျန် ထောင်စာရင်းများကို ဆက်လျက် ဖော်ပြပေးပါမည်)

နာမည်စာရင်းနှုင့်တကွ ဖော်ပြပေးနိုင်ရန် ကြိုးစားနေပါသည်။

လွှတ်မြောက်သူများ အမည် စာရင်း

၁ ကိုမင်းကိုနိုင်
၂ ဦးခင်ညွှန်(ထောက်လှမ်းေ-ဟောင်း)
၃ ဦးကိုကိုကြီး
၄ ဦးခွန်ထွန်းဦး
၅ ကိုဋ္ဌေးကြွယ်
၆ ဘန်ဒိတ်ထွန်း
ရ မမီးမီး
၈ ဦးဂမ္ဘီရ
၉ မနီလာသိန်း
၁ဝ ကိုဉာလင်း
၁၁ မသက်သက်အောင်
၁၂ ကိုဇော်ဇော်မင်း
၁၃ ကိုဂျင်မီ
၁၄ ကိုမျိုးအောင်နိုင်
၁၅ ကိုသန်းတင်
၁၆ ကိုလှမျိုးနောင်
၁ရ ကိုသက်ဇော်
၁၈ အံ့ဖွယ်ကျော်
၁၉ ဒေါက်တာ မင်းထွန်း
၂ဝ ကိုဇေယျာ
၂၁ ကိုမြအေး
၂၂ ကိုသန်းတင်
၂၃ ကိုသက်ဇော်
၂၄ ကိုပြုံးချို
၂၅ ကိုဇော်သက်ထွေး
၂၆ မန္ဒနာမင်း
၂ရ ဦးညီပု
၂၈ ဦးစိုးင်းညွှန့်လွင်
၂၉ကိုနေဘုန်းလတ်(နေမျိုးကျော်)
၃ဝ မင်းဟန်
၃၁ မဟန်နီဦး
၃၂၊ သန်စင်အောင်
၃၃ ၊ကျော်ကျော်နိုင်
၃၄ နန္ဒစစ်အောင်
၃၅ ၊ပြည့်ဖြိုးအောင်
၃၆ ဦးဘမြင့် ဒေါ်မာမာဦး
၃ရ ကိုကျော်စွာဋ္ဌေး
၃၈ ဒေါက်တာဝင့်သူ၊
၃၉ ကရင် စောနေထူး
၄ဝစစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်
၄၁ ဦးစိုင်းလှအောင်
၄၂ ကိုကျော်ဝင်း
၄၃ ကိုသီဟသက်ဇင်
ဆက်လျက ်ဖော်ပြပေးပါမည်

ရွှေမြစ်မခ မီဒီယာ
သစ်ထူးလွင် 1/13/2012 08:50:00 AM ShareThis
Labels: မြန်မာ့သတင်း

25 comments

  • ရွှေဘိုသား

    January 13, 2012 at 10:13 am

    ဝမ်းသာပါတယ်ဗျာ
    သိသလောက်တော့
    တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁ဝ ရက်အကြာ အကျဉ်းသား ၆၅၁ ဦးအား ထပ်မံလွတ်ငြိမ်းချမ်းသာခွင့်ပေးပါကြောင်း
    သရက်အကျဉ်းထောင်မှ ဝန်ထမ်းများ၏ ပြောကြားချက်အရ လွတ်မြောက်မည့်သူများထဲတွင် ကိုမင်းကိုနိုင် ပါဝင်နိုင်သည်ဟု သိရှိရသည်။ သတင်းရယူရန် စောင့်စားနေသည့် သတင်းထောက်များ ၁၂ ယောက်ဝန်းကျင်ခန့်ရှိပြီး အတည်မပြုနိုင်သေးသည့် သတင်းများအရ ကိုမင်းကိုနိုင်အား နံနက် ၈နာရီခွဲတွင် လွှတ်ပေးမည်ဟု သိရှိရသည်။
    ဦးခွန်ထွန်းဦးနှင့် ဦးဝင်းကိုတို့ တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်လာပြီဟု သတင်းရရှိပါသည်။
    မြင်းခြံထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မထက်ထက်အောင် အပါအဝင် ၁၂ ဦး လွှတ်မြောက်လာသည်ဟု သိရသည်။
    အရှင်ဂမ္ဘီရ မြောင်မြထောင်မှ လွတ်မြောက်လာပြီးပါက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတွင် ရဟန်းခံမည်ဖြစ်ကြောင်း အရှင် ဂမ္ဘီရ၏မိခင် ဒေါ်ရေးက ပြောကြားခဲ့ပါသည်။ အရှင်ဂမ္ဘီရ ၂၀၀ရ နိုဝင်ဘာ (၄) တွင် အဖမ်းခံရပြီး ပုဒ်မ (၁၇)ခုဖြင့် ထောင်ဒဏ် (၆၈)နှစ်ကျခံထားရသူဖြစ်သည်။
    ဘူးသီတောင်အကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများဖြစ်ကြသည့် ကိုစည်သူမောင်၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်မင်း၊ ကိုထွန်းညို၊ ကိုဌေးကြွယ်၊ ကိုအောင်ဇော်ဦး၊ ကိုပြေကျော်၊ ကိုဝဏ္ဏပံသ၊ ကိုကျော်ဝင်းဆန်း၊ ကိုမောင်မောင်လတ်တို့သည် ယနေ့နံနက် ရ နာရီတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
    စစ်တွေအကျဉ်ထောင်မှ နံနက် ၉ နာရီ ၂ဝ မိနစ်တွင် အကျဉ်သား စုစုပေါင်း (၁၇) ဦးလွတ်မြောက်ပြီး ထိုအထဲတွင် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူ (၈) ဦးပါဝင်ကြောင်း သိရပါသည်။ အဆိုပါ (၈) ဦးမှာ ဒေါက်တာသက်လွင်၊ ကိုသန်းတင်(ခ)ကိုကြီးသန်း၊ ပြည့်ဖြိုးလှိုင်၊ အောင်အောင်ကျော်(ဧရာဝတီ)၊ ဇေယျာဦး(ဧရာဝတီ)၊ ဦးပုရစ်၊ ကျော်ဇင်ဝင်း၊ ဒေါပုံနေနေ တို့ ဖြစ်ကြောင်း သိရပါသည်။
    စစ်တွေအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူ ၁ဝ ဦးအနက် ၉ ဦး နှင့် ဘူးသီးတောင်အကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူ ၁ဝ ဦးအနက် ၉ ဦး လွတ်မြောက်မည်ဖြစ်ပြီး ဘူးသီးထောင်အကျဉ်းထောင်မှ ကိုဌေးကြွယ်၊ ဦးထွန်းညို၊ ဦးပြည်ကျော် တို့ပါဝင်ကြောင်း သတင်းရရှိသည်။ ထို့အတူ စစ်တွေထောင်မှ ဒေါက်တာသက်လွင်၊ ကိုသန်းတင်(ခ)ကိုကြီးသန်း၊ ပြည့်ဖြိုးလှိုင်၊ အောင်အောင်ကျော်(ဧရာဝတီ)၊ ဇေယျာဦး(ဧရာဝတီ)၊ ဦးပုရစ် တို့လည်း လွတ်မြောက်မည်ဟု သိရှိရသည်

    မနေ့ကတည်းက လွတ်မယ်ဆိုတော့ ဘယ်သူတွေများ ပါမလဲလို့ ရင်ခုန်စွာနဲ့ဒီနေ့မနက် အင်တာနက်ဆိုင်အပြေးဖွင့်ကြည့်ပြီး နံမည်ကြီးတော်တော်များများပါလာလို့

    ရွာသားတို့အတွက် ထူးမယ်ထင်ပြီး စည်းကမ်းဖောက်ပြီး ကော်ပီလုပ်တင်ပေးလိုက်တာပါဗျာ

  • bluerose

    January 13, 2012 at 10:35 am

    အခုလိုနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်လာတဲ့အတွက်ဝမ်းသာမိပါတယ်

  • aungnng87

    January 13, 2012 at 11:06 am

    ကြားရတာဝမ်းသာပါတယ်။ လွတ်လာတဲ့သူတွေရဲ့သတင်းကိုဆက်တင်ပေးပါဦး။ဆက်ဝမ်းသာရအောင်လို့။

  • manawphyulay

    January 13, 2012 at 11:53 am

    ကြားရတဲ့သတင်းက နားဝင်ချိုလိုက်တာ…. လေးလေးလည်း လွတ်ပြီဆိုတော့ အဘွား အတွက် ရင်အေးစရာ အတော့်ကို ကောင်းသလို တို့ရဲ့ ရဲဘော်ကြီး နေဘုန်းလတ်လည်း ပါတယ်ဆိုတော့ အတိုင်းထက်အလွန် ဝမ်းသာမိပါတယ်။ ပြည်ထောင်စုနေ့ထပ်လွှတ်ပေးမယ်လို့လည်း ကြားနေတယ်။

  • Thel Nu Aye

    January 13, 2012 at 11:57 am

    ပြောမပြတတ်လောက်အောင်ဝမ်းသာပါတယ်။ တချို့ကလဲအခုမှလွှတ်လို့ သမတကြီးကိုအကောင်း မမြင်ကြသူတွေရှိပေမဲ့ဘာပဲဖြစ်ဖြစ်အခုလိုလွှတ်လိုက်တာကိုပဲကျေးဇူးအထူးတင်ပါတယ်။ အစိုးရသစ်သက်တန်း ၁ နှစ်မပြည့်ခင်မှာထူးခြားတာတွေ၊ မမျှော်လင့်နိုင်၊မမျှော်မှန်းနိုင်ခဲ့တာတွေဖြစ် လာလို့ဘယ်သူဘယ်လိုပြောပြောကျွန်မကတော့ သမတကြီးကိုယုံကြည်စွာနဲ့ကျေးဇူးတင်ပါတယ်။

  • manawphyulay

    January 13, 2012 at 11:57 am

    8:00 Am

    သရက်အကျဉ်းထောင်မှ ဝန်ထမ်းများ၏ ပြောကြားချက်အရ လွတ်မြောက်မည့်သူ များထဲတွင် ကိုမင်းကိုနိုင် ပါဝင်နိုင်သည်ဟု သိရှိရသည်။ သတင်းရယူရန် စောင့်စားနေသည့် သတင်းထောက်များ ၁၂ ယောက် ဝန်းကျင်ခန့်ရှိပြီး အတည်မပြု နိုင်သေးသည့် သတင်းများအရ ကိုမင်းကိုနိုင်အား နံနက် ၈နာရီခွဲတွင် လွှတ်ပေးမည်ဟု သိရှိရသည်။

    8:10 Am

    သရက်အကျဉ်းထောင်မှ အကျဉ်းသားစုစုပေါင်း ၂ရ ယောက် လွတ်မြောက်မည်ဟု သတင်းရရှိပါသည်။

    8:40 Am

    စစ်တွေအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၁ဝ ဦး အနက် ၉ ဦး နှင့် ဘူးသီးတောင် အကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၁ဝ ဦးအနက် ၉ ဦး လွတ်မြောက်မည်ဖြစ်ပြီး ဘူးသီးတောင် အကျဉ်းထောင်မှ ကိုဌေးကြွယ်၊ ဦးထွန်းညို၊ ဦးပြည်ကျော် တို့ပါဝင်ကြောင်း သတင်းရရှိသည်။ ထို့အတူ စစ်တွေထောင်မှ ဒေါက်တာသက်လွင်၊ ကိုသန်းတင်(ခ) ကိုကြီးသန်း၊ ပြည့်ဖြိုးလှိုင်၊ အောင်အောင်ကျော်(ဧရာဝတီ)၊ ဇေယျာဦး(ဧရာဝတီ)၊ ဦးပုရစ် တို့လည်း လွတ်မြောက်မည်ဟု သိရှိရသည်။

    9:30 Am

    စစ်တွေ အကျဉ်းထောင်မှ နံနက် ၉ နာရီ ၂ဝ မိနစ်တွင် အကျဉ်သား စုစုပေါင်း (၁၇) ဦးလွတ်မြောက်ပြီး ထိုအထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ (၈) ဦးပါဝင်ကြောင်း သိရပါသည်။ အဆိုပါ (၈) ဦးမှာ ဒေါက်တာသက်လွင်၊ ကိုသန်းတင်(ခ)ကိုကြီးသန်း၊ ပြည့်ဖြိုးလှိုင်၊ အောင်အောင်ကျော်(ဧရာဝတီ)၊ ဇေယျာဦး(ဧရာဝတီ)၊ ဦးပုရစ်၊ ကျော်ဇင်ဝင်း၊ ဒေါပုံနေနေ တို့ဖြစ်ကြောင်း သိရပါသည်။

    9:35 Am

    ဘူးသီတောင် အကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ဖြစ်ကြသည့် ကိုစည်သူမောင်၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်မင်း၊ ကိုထွန်းညို၊ ကိုဌေးကြွယ်၊ ကိုအောင်ဇော်ဦး၊ ကိုပြေကျော်၊ ကိုဝဏ္ဏပံသ၊ ကိုကျော်ဝင်းဆန်း၊ ကိုမောင်မောင်လတ် တို့သည် ယနေ့နံနက် ရ နာရီတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

    9:40 Am

    အရှင်ဂမ္ဘီရ မြောင်းမြထောင်မှ လွတ်မြောက်လာပြီးပါက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတွင် ရဟန်းခံမည်ဖြစ်ကြောင်း အရှင်ဂမ္ဘီရ၏မိခင် ဒေါ်ရေးက ပြောကြားခဲ့ပါသည်။ အရှင်ဂမ္ဘီရ ၂၀၀ရ နိုဝင်ဘာ (၄) တွင် အဖမ်းခံရပြီး ပုဒ်မ (၁၇)ခုဖြင့် ထောင်ဒဏ် (၆၈)နှစ် ကျခံထားရသူဖြစ်သည်။

    “ယခုလို သတင်းကြားရတာ အများကြီး ဝမ်းသာပါတယ်။ အဖွားအသက်က (၆၂)နှစ် ပြည့်တာ့မယ်။ ထောင်ဝင်စာ တွေ့ခဲ့ရတဲ့ အကြိမ်တွေက အသက်ထက် မကတော့ပါဘူး။ အခု အဖွားရဲ့ သားနှစ်ယောက်တင်မက နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးလိုက်ပြီ ဆိုလို့ လှိုက်လှိုက်လှဲလှဲ ဝမ်းသာပါတယ်။ အခုလို လွှတ်ပေးတာ တစ်ကယ့် ဒီမိုကရေစီ ခြေလှမ်းကို စလှမ်းလိုက်ပြီလို့ ယုံကြည်ပါတယ်။” ဟု အရှင်ဂမ္ဘီရ၏ မိခင် ဒေါ်ရေးမှ ပြောကြားခဲ့ပါသည်။

    အရှင်ဂမ္ဘီရ၏ အကို ဖြစ်သူ ဦးကျော်အောင်သည်လည်း တောင်ကြီးထောင်မှ လွတ်မြောက်မည်ဟု သိရသည်။

    9:43 Am

    မြင်းခြံထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မထက်ထက်အောင် အပါအဝင် ၁၂ ဦး လွတ်မြောက်လာသည်ဟု သိရသည်။

    9:52 Am

    ဦးခွန်ထွန်းဦးနှင့် ဦးဝင်းကိုတို့ တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်လာပြီဟု သတင်းရရှိပါသည်။

    9:59 Am

    ယခုအကြိမ်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်သည် နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒနှင့် ပေးခြင်းဖြစ်သည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အမိန့်ကြေငြာစာပါ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ သိရသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) တွင် ဆိုထားသည်မှာ ‘ ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက် မထားဘဲဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် (သို့) ၎င်းကို စီရင်သည့် ပြစ်ဒဏ်အားလုံး (သို့) အစိတ် အပိုင်းတစ်စုံတစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်’ ဟု ဖြစ်ပါသည်။ အကယ်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (ခ) အရ ပေးရမည်ဖြစ်ပြီး ယင်းပုဒ်မ မပါရှိသောကြောင့် သမ္မတကြီး၏ သဘောဆန္ဒဖြင့် ပေးခြင်းဖြစ်သည်ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၂၀၄ (ခ)မှာ ဆိုထားသည်မှာ ” အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်” ဟူ၍ဖြစ်ပါသည်။

    10:10 Am

    သရက်ထောင်မှ ကိုမင်းကိုနိုင် အပါအဝင် (၇)ဦး လွတ်မြောက်လာသည်ဟု သိရှိရသည်။

    10:20 Am

    မုံရွာအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၅ ဦးအား နံနက် ၁၁ နာရီတွင် လွှတ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့မှာ ဦးလှထွေး(ခ) ဦးဝိလာသက္က၊ လာရန်းကျွရ်၊ ကိုကိုနိုင်(ခ) စူးရှ၊ ဒီငြိမ်းလင်းနှင့် နိုဘယ်လ်အေးတို့ ဖြစ်ကြောင်း သိရသည်။
    10:30 Am

    လာရှိုးအကျဉ်းထောင်မှ ကိုမင်းဇေယျ၊ ကိုဇာနည်အောင်၊ ကိုနိုင်ဦး(ခ) ဦးနန္ဒဝံသ(မြင်းခြံစွန်းလွန်း)၊ ဦးမြင့်နိုင်၊ ကိုအောင်သန်းမြင့်(ခ) မဂ္ဂင်ဆရာတော် ဥူးက္ကန္ဒက၊ ကိုငွေစိုးလင်း၊ ကိုမင်းထွန်း၊ ကိုမြတ်လင်းထွဋ် နှင့် မဟန်နီဦးတို့ ယနေ့ ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

    10:30 Am

    ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) လွတ်မြောက်ကြောင်း သိရှိပါသည်။ ၎င်းနှင့်အတူ ဦးမြင့်ဇော်(ဗိုလ်မှုးချုပ်ဟောင်း) လည်း လွတ်မြောက်ကြောင်း သိရှိရပါသည်။

    10:37 Am

    ဟင်္သာတ အကျဉ်းထောင်မှ ကိုစည်သူဇေယျနှင့် ဦးကိုကိုလေး အပါအဝင် ၄ ဦး လွတ်မြောက်လာကြောင်း သိရသည်။

    10:53 Am

    ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) ၏ သားဖြစ်သူ ဦးဇော်နိုင်ဦး(ဗိုလ်မှုးဟောင်း) လွတ်မြောက်ကြောင်း သိရသည်။

    11:07Am

    ဟင်္သာတ အကျဉ်းထောင်မှ ဦးဟန်ဇော် နှင့် ဦးသက်ဟန်စိုး (ဗိုလ်မှုးဟောင်း) လည်း လွတ်မြောက်လာကြောင်း သိရှိရပါသည်။

    11:11 Am

    တောင်ငူ အကျဉ်းထောင်မှ ၂၄ ဦး လွတ်မြောက်ခဲ့ပြီး လွတ်မြောက်သူများထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများဖြစ်သည့် ဦးခွန်ထွန်းဦး (SNLD)၊ ဦးဝင်းကို (NKD)၊ ဇော်ဇော်မင်း (၈၈)၊ ဦးဝတုတ်၊ ဘီဘီဇီငြိမ်း၊ ဦးသန်းထိုက်အောင်၊ ကိုရဲကျော်သူ၊ ကိုမျိုးအောင်၊ ဖြိုးဇော်လတ်၊ ဒေါ်နော်လှ၊ ဒေါ်နော်ဆေး တို့ ပါဝင်ကြောင်း သိရသည်။

    ဦးခွန်ထွန်းဦးမှ “နိုင်ငံတော် အစိုးရအနေနဲ့ ပြောင်းလဲချင်စိတ်ရှိလို့ ပြောင်းလဲလာတာ။ ကမာ္ဘမှာ ဒီမိုကရေစီစနစ်က စက်ဝိုင်းလို လည်နေတယ်။ အဲဒီ အပြောင်းအလဲ မြန်မာနိုင်ငံကို ရောက်လာတဲ့အတွက် ပြောင်းလဲလာတယ်လို့ မြင်တယ်။ နိုင်ငံအနေနဲ့ အရမ်းကြီး ကံဆိုးမှသာ ရှေ့ဆက်ဆိုးသွားနိုင်တယ်။ အခုလို အနေအထား အတိုင်းဆိုရင်တော့ ကောင်းလာမှာပါ။ ကျွန်တော့် အနေနဲ့ကေတော့ ကျွန်တော့်ပါတီက ဗဟိုကော်မတီနဲ့ တွေ့ပြီးတော့ ဆွေးနွေးပြီးတော့မှ ရှေ့ဆက် ဘာတွေ ဆက်လုပ်မယ်ဆိုတာ ပြောပါမယ်။ နိုင်ငံရေးကတော့ မပြီးသေးတဲ့အတွက် ဆက်လုပ်ရမှာပါပဲ။ နိုင်ငံရေးအကျဉ်းသား နည်းနည်းတော့ ကျန်နေသေးတယ်။ ဒါကိုအစိုးရအနေနဲ့ ဘယ်လိုဆက်လုပ်မယ ်ဆိုတာတော့ မသိသေးဘူး” ဟုပြောကြားခဲ့သည်။

    11:33 Am

    ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံကြောင်း ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) က ပြောကြားခဲ့သည်။

    11:10 AM

    ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော်ဝိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့်အလုပ်တွေကို လက်တွဲဆောင်ရွက်ကြဖို့ပါပဲ။ ကျွန်တော်တို့သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်းရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံးရေးခဲ့ပြီ ကျွန်တော်တို့ ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။ ရှေ့ဆက်ပြီး ဒီမိ်ုကရေစီအရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခုကျွန်တော်ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော်မစဉ်စားထားပါဘူး၊ သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်ကလုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့အစီအစဉ်မရှိဘူး။သို့သော် ဒီမိုကရေစီအရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော်အလုပ်လုပ်သွာမှာဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဝင်ဖို့ မဝင်ဖို့သာ ရှိပါတယ်။ ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရောပါလားမသိဘူး။ ဒေါက်တာ သန်းထွဋ်အောင်ကိုပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး အခွေကြည့်ရတယ်လို့ Congratulation လုပ်လိုက်ပါနော်။ Appreciate လုပ်ပါတယ်လို့ ” ဟု သရက်ထောင်မှ လွတ်မြောက်လာသော ကိုမင်းကိုနိုင်မှ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်

  • Thel Nu Aye

    January 13, 2012 at 12:07 pm

    အမေစု၊ကိုမင်းကိုနိုင်၊ ကို ကိုကိုကြီး၊ ကိုဋ္ဌေးကြွယ်၊ ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း)၊ ဇာဂနာနှင့်ဒီမိုကရေစီအင်အားစုတွေ ပေါင်းလိုက်မိပြီဆိုလို့ကတော့မြန်မာပြည်ရှေ့ရေး စိတ်အေးရပါပြီ။

  • Lwin Aung

    January 13, 2012 at 12:40 pm

    A lot of thanks to President U Thein Sein.

  • ဝမ်းသာစရာသတင်းပါဘဲဗျာ။အတိုင်းထက်လွန်ပေါ့။မိသားစု တွေပျော်လိုက်ကြမှာ။
    တိုင်းပြည်ရဲ့ အပြောင်းအလဲ တကယ်ဖြစ်တော့မှာပါလား။မ မမြင်တွေ ့လိုက်ရဘဲ
    သေသွားကြတဲ့ ရဲဘော်တွေအတွက် သာဓုခေါ်ပါရစေ

  • True Answer

    January 13, 2012 at 12:50 pm

    ဝမ်းသာပါတယ်ဗျိူ့။ အားလုံးပဲ ကျန်းမာပျော်ရွှင်စွာနဲ့ တိုင်းပြည်အတွက် ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေ။

  • fatty

    January 13, 2012 at 1:23 pm

    ပေတရာပေါ်မှာသွေးစွန်းခဲ့ရကျိုးတွေနပ်ပြီလို့ဆိုလိုက်ချင်ပါတော့တယ်။
    ကျဆုံးသွားကြသောရဲ့ဘော်များကိုဂုဏ်ပြုလျှက် ……..

  • pooch

    January 13, 2012 at 1:31 pm

    ဒီနှစ်ရဲ့ နှစ်ဦးမှာ ဒီလို မင်္ဂလာသတင်းကြားရလို့ အတိုင်းမသိ ဝမ်းသာရပါတယ်

  • ငပေါက်ဖော်

    January 13, 2012 at 2:04 pm

    လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ကြပြီဖြစ်လို ့…
    အထူးပဲ ဝမ်းသာမိပါတယ်ဗျာ..

  • kokothandar

    January 13, 2012 at 2:18 pm

    လွတ်တဲ့သူတွေအတွက်ဝမ်းသာတာ ကျွှန်တော်တို ့ရဲ့ကြင်နာမှုပါ လွတ်လာသူအတွက်က အောင်ပွဲခံစရာမဟုတ်ပါဘူး နဂိုရ်ထဲက
    မတရား ဖမ်းဆီးထောင်ချခံခဲ့ရမှုတွေရဲ့စိတ် ဖိဆီးခံခဲ့ရမှုနဲ ့ပျော်ရွင်ခြင်းဆိုတာ ဘယ်မှာလဲလို ့တစ်သက်လုံးမေးနေရမဲ့+ အဖြစ်တွေကို ရွှှေကြီး(အာဏာရူးကြီး)သိပါစေ.မသေပါစေနဲ ့အုံးဗျာ ပြည်သူတွေရဲ့ ကျိန်ဆဲသံကို နောင်နှစ်ပေါင်းများစွာ ကြားနေပါစေအုံးဗျာ။
    အော် …ကိုခင်ညွှန် ့၊၊၊၊။။ N.L.D ကို အာဏာမပေးေေရေးကို အားသွန်ခွန်စိုက် လုပ်ခဲ့ပြီး ခုဒေါ်စုရဲ့( no body can stop her) ဘယ်သူမှရပ်တန် ့လို ့မရဖြစ်တော့မှ ဒေါ်စုအလုပ်တွေ ဝိုင်းကူလုပ်မယ်တဲ့ ဘူးသီးသီးမှအ ရည်းတော်ချင်တဲ့သူ
    သောက်ခွက်ပြောင်လွန်း့ပါတဲ့ အာဏာရူးဟောင်းရယ် အံ့ရော….အံ့ရော..အံ့ရော……………………………
    ဒေါ်စုရေ ခါးမှာသေနတ်ချိတ်ဗိုလ်ချုပ်ကြီးဘဝထိ မိတ်ကပ်လိမ်းပြီးပွဲထွက်တတ်တဲ့ အခြောက်ကြီးကိုမယုံပါလေပါနဲ.

  • Khin Kha

    January 13, 2012 at 3:31 pm

    မင်္ဂလာအပေါင်းနဲ့ပြည့်တဲ့သတင်းပါ။

  • cobra

    January 13, 2012 at 3:45 pm

    မြန်လိုက်တာဗျာ…
    တင်လိုက်တာကလဲ
    ကျွန်တော်ကခုမှပြန်ရောက်လို့တင်မလို့ဟာကို
    သူကဦးသွားတယ်။
    ကျွန်တော်တို့လှိုင်က၄ယောက်လုံးပါလာတယ်ဝမ်းသာလိုက်တာဗျာ….
    ကြည့်မြင်နိုင်ကတာဝန်ခံ၂အကိုလည်းပြန်လွတ်တယ်
    ကျွန်တော်တို့NLD မှာလူပြန်စုံသွားပြီ
    88လူငယ်ပါတီလည်းလူပြန်စုံနေပီ
    ဖောက်ခွဲရေးအမှုနဲ ့ကျတဲ့သူတွေတော့ရှိသေးတယ်
    ၁၂ရက်နေ့ထပ်လွှတ်မယ်လိုတော့သတင်းကြားထားတယ်

  • zaw min

    January 13, 2012 at 3:58 pm

    ဒီနေ့လောက် ကျက်သရေမင်္ဂအပေါင်းနဲ့ပြည်စုံတာမရှိတော့ဘူးလို့ထင်ပါတယ်၊ဝမ်းသာလွန်းလို့မျက်ရည်များတောင် လည်ရှာတယ်…သီချင်းဆိုရမလိုပါပဲဗျာ…နောက်ထပ်ကျန်ရှိသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေဗျာ…ကိုမင်းကိုနိုင်နဲ့အတူ ကိုမြအေး၊အရှင်ဂမ္ဘီရ၊နေဘုန်းလတ်၊ကိုကိုကြီး၊ကိုဌေးကြွယ်စတဲ့ ရဲရင့်တက်ကြွတဲ့နိုင်ငံရေးသမားတွေပြန်လည်လွတ်မြောက်လာတာ အင်မတန်မင်္ဂရှိတဲ့သတင်းပါပဲဗျာ..
    ကျွန်တော်တို့ရဲ့တိုင်းပြည်ကြီး တိုးတက်ကောင်းမွန်လာအောင် အားလုံးပူးပေါင်းဆောင်ရွက်နိုင်ကြပါစေဗျာ…
    ယခုလို စေတနာထားပေးတဲ့ သမတကြီးဦးသိန်းစိန်လည်း ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ပါစေဗျာ….

  • AKKO

    January 13, 2012 at 4:44 pm

    ကွန်ကရက်ကျူလေးရှင်းပါ … ကြားရတဲ့သတင်း မင်္ဂလာရှိလိုက်တာဗျို့ … ။

  • ဆူး

    January 13, 2012 at 6:53 pm

    ဒီနေ့ သတင်းတွေ အတွက် အရမ်းဝမ်းသာမိပါတယ်။
    မင်္ဂလာရှိသော သတင်းပါပဲ။

  • koaung

    January 13, 2012 at 7:16 pm

    ဒီလိုနေ့မျိုး ဒီလိုသတင်းမျိုး စောင်စားနေရတာ ကြာပါပြီဗျာ

  • နွေးနွေး

    January 13, 2012 at 8:42 pm

    အရမ်းဝမ်းသာမိနေတယ် ဘဘဦးခင်ညွှန် လွှတ်လာလို့ပါ ကျန်နေသူအားလုံးလည်းအမြန်ဆုံးလွှတ်လာပါစေ

  • နွေးနွေး

    January 13, 2012 at 8:42 pm

    အရမ်းဝမ်းသာမိနေတယ် ဘဘဦးခင်ညွှန် ့လွှတ်လာလို့ပါ ကျန်နေသူအားလုံးလည်းအမြန်ဆုံးလွှတ်လာပါစေ

  • unclegyi1974

    January 13, 2012 at 11:14 pm

    ကဲရထားကြီးကတော့စရွေ့နေပြီ
    အရှိန်ရဖို့ပဲကျန်တော့တယ်
    နောက်ဘူတာမကြာခင်ရောက်လောက်ပါရဲ့

  • natthamee

    January 14, 2012 at 8:11 am

    အရမ်းဝမ်းသာတယ်၊ ကိုအံ့ဖွယ်ကျော်ရဲ့ သတင်းလေးရရင်လဲ တင်ပေးကြပါဦးနော်။

  • memeseku

    January 14, 2012 at 9:57 am

    ုkokothandarရေ….အတွေးအခေါ်ထပ်တူကျပါကြောင်းထောက်ခံလိုက်ပါတယ်….

Leave a Reply