မုဒုံက ဝင်းစိန်တောရ လျှောင်းတော်မူဘုရားကြီး
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာရှိ ဝင်းစိန်တောရ – ရတနာတောင်မှာ တည်ရှိပါတယ်။ အတောင် ၄၀ဝ (ပေ ၆၀၀) ရှိသော ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဇိနသုခရန်အောင် ချမ်းသာဘုရားကြီး ဖြစ်ပါတယ်။ ဘုရားကြီးရဲ့ ခြေထောက်တော်ကနေဝင်လိုက်ရင် အထဲမှာ အခန်း ပေါင်း ၁၈၂ ခန်းရှိပါတယ်။ ဗုဒ္ဓဝင်ရုပ်လုံး ရုပ်ထုများနှင့် ငရဲပြည်၊ လူ့ပြည်၊ ဗြဟ္မာပြည်၊ နတ်ပြည် အသီးသီး ပုံစံအမျိုးမျိုးနဲ့ ရုပ်ပုံတွေကို တွေ့ရှိခဲ့ရပါတယ်။ ၁၃၅၃ ခုနှစ် ပြာသိုလဆုတ် (၁၀) ရက်နေ့ (၂၉-၁-၁၉၉၂) ဗုဒ္ဓဟူးနေ့ကစပြီး မွန်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကေသရ ကိုယ်တိုင် အုတ်မြစ်ချခဲ့ပြီး ဦးစီးတည်ဆောက်ခဲ့ပါတယ်။ အမြင့်ပေ ၁၁၈ ပေရှိပြီး အထပ်ပေါင်း ၈ ထပ် ရှိပါတယ်။
လွန်ခဲ့တဲ့ ၁ရ နှစ်ကတစ်ကြိမ်၊ လွန်ခဲ့တဲ့ ရ နှစ်ကတစ်ကြိမ်၊ ယခုတစ်ကြိမ်ရောက်ဖူးပါတယ်။ အခုထိ အတွင်းပိုင်းမှာ တည်ဆောက်နေဆဲအခြေအနေကို မြင်တွေ့ခဲ့ရလို့ အံ့ဩစိတ်ဖြစ်မိသေးတယ်။ အချိန်တွေဒီလောက်ကြာတာတောင် လက်စမသတ်နိုင်သေးတာ ငွေကြေးမလုံလောက်လု့ိလား၊ နည်းပညာအဆင်မပြေလို့လား၊ လုပ်မယ့်သူတွေအချိန်မရလို့လား စသဖြင့် သူများနဲ့မတူတောင် တွေးနေခဲ့မိတယ်။ သူငယ်ချင်းကတော့ ကျွန်မနဲ့မတူအောင်တွေးမိပုံရတယ်။ “နင်တွေ့လား .. ငါတို့မြန်မာတွေက ဒီလောက်ကြီးတဲ့ဘုရားကြီးကို အင်ဂျင်နီယာမလိုပဲ ဆောက်နိုင်တယ်တဲ့ ..” … ကျွန်မပြန်ပြောမိတာက “ဒီလောက်ကြာအောင်လုပ်နေကထဲက နည်းစနစ်ကျကျစီမံပေးနိုင်တဲ့ အင်ဂျင်နီယာမရှိလို့ပေါ့လို့ ” .. ဘုရားအတွင်းကိုဝင်ပြီး ရုပ်ပုံတွေ ရုပ်ထုတွေကြည့်ရတာ ကျွန်မအတွက်တော့ စိတ်ကြည်နူးမှုမဖြစ်ခဲ့ပါဘူး။ နိုင်ငံခြားသားမိတ်ဆွေကို ရှင်းပြရတာလဲ တော်တော်ပင်ပန်းပါတယ်။ ဗုဒ္ဓဘာသာနဲ့ပတ်သက်သမျှ ဇာတ်လမ်းအစုံကို တစ်နေရာထဲမှာ ရုပ်ပုံတွေနဲ့ပြထားတာမို့လို့ ရှင်းပြလို့မကုန်နိုင်အောင်ဖြစ်နေပါတယ်။
အကောင်းမြင်ဝါဒသမား ကျွန်မတို့မိတ်ဆွေက ဘာပဲပြောပြော လေးလေးစားစားနားထောင်ပါတယ်။ သူနားမလည်တာရှိရင်လဲ ပြန်မေးပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သူ့မျက်နှာက မသာမယာရှိနေပါတယ်။ ပင်ပန်းနေလို့ပဲဖြစ်မယ်ဆိုပြီး အားလုံးမကြည့်တော့ပဲ ပြန်ဆင်းလာခဲ့ကြပါတယ်။ ကားပေါ်ရောက်တော့မှ သူက ငရဲခန်းကိုကြည့်ပြီး စိတ်အနှောင့်အယှက်ဖြစ်လာတာတဲ့။ ငရဲပုံရုပ်ထုတွေကို ကြောက်စရာကောင်းအောင်ထုထားတာက ကလေးတွေကို ခြောက်သလိုဖြစ်နေတယ်တဲ့။ သူတို့နိုင်ငံမှာ အဲဒီလိုလုပ်ခွင့်မရှိဘူးတဲ့။ ကျွန်မတို့ကတော့ ကလေးတွေက အဲဒီလောက်ငရဲနဲ့ခြောက်ထားတာတောင်မှ မကြောက်ကြပါဘူးလို့ ဗမာလိုအချင်းချင်းပြောမိကြသေးတယ်။
ဘုရားကြီးပတ်ဝန်းကျင်မှာ သန့်ရှင်းမှုရှိပြီး တိတ်တိတ်ဆိတ်ဆိတ်ရှိပါတယ်။ ဈေးသည်တွေ မတွေ့ခဲ့ရဘူး။ အောက်ခြေကနေ ဘုရားထဲအထိလမ်းလျှောက်ရတဲ့ ခရီးလမ်းက တော်တော်ရှည်ပါတယ်။ အထဲမှာလဲ တော်တော်လျှောက်လိုက်ရတာမို့ ပင်ပန်းတဲ့နေရာတစ်ခုအနေနဲ့ အမှတ်ရနေမိပါတယ်။
အပေါ်စီးကနေမြင်ရတဲ့ ပတ်ဝန်းကျင်ရှုခင်းတွေက သာယာလှပပါတယ်။ ဘယ်ကိုပဲကြည့်ကြည့် စေတီလေးတွေကိုမြင်နေရတာကတော့ မွန်ပြည်နယ်ရဲ့အမှတ်အသားတစ်ခုပဲ ဖြစ်နေပါတော့တယ် …
26 comments
weiwei
January 13, 2012 at 10:20 pm
ဘုရားအတွင်းမှာ အခန်းတွေများလို့ ဓါတ်ပုံသာအကုန်ရိုက်ပြီး တင်လိုက်ရရင်တော့ …. 🙂
ငရဲခန်းထဲက နမူနာလေးနဲနဲသာ အမြည်းအနေနဲ့ တင်ပေးလိုက်ပါတယ် …
padonmar
January 13, 2012 at 11:17 pm
ဝေဝေကျေးဇူးနဲ့ ဒီဘုရားဖူးရပါတယ်။
နာမည်ကြီးပေမယ့် မရောက်ဖူးသေးပါ။
ပုံတွေကြည့်ရင် တွေးမိတာက ဒီဘုရားကြီး ရာသီဥတုဒဏ်ခံနိုင်အောင် ဘာတွေစီမံကိန်းရှိသလဲလို့ပါ။
စာဆက်ဖတ်တော့ တည်တာတောင် ဒီလို နှစ်တွေကြာနေရင် ထိန်းသိမ်းမှုစီမံကိန်းရှိမယ်မထင်ဘူး၊
အင်ဂျင်နီယာတွေ လမ်းတံတား အဆောက်အဦးဆောက်၊ဆရာဝန်တွေဆေးကု၊
BEd တွေစာသင်၊BAgတွေ စိုက်ပျိုးရေးလုပ်ချင်ရင် လုပ်ခွင့်ရမယ့် အချိန် မဝေးတော့ဘူးထင်ပါတယ်။
weiwei
January 14, 2012 at 12:06 am
ကျွန်မလဲ ဒီရွာထဲလည်ပြီးမှ အတွေးအခေါ်အပြောင်းအလဲတွေရှိလာပါတယ် … ဘုရားကြီးကြည့်ပြီး သူကြီးကို သတိရမိသေးတယ် … သူကြီးသာဆိုရင် ဒီလောက်ကုန်မယ့်ပိုက်ဆံတွေကို တကယ်လိုအပ်တဲ့နေရာမှာသုံးသင့်တယ်လို့ တွေးမှာပဲလို့လေ … 🙂
kai
January 14, 2012 at 12:17 am
အဲဒီမှာ ပြိုကျလိုက်ပြန်ဆောက်လိုက်ဖြစ်နေတုံး.. အလှူငွေထည့်ပြီးကူခဲ့ဖူးတယ်..။ အခုလို လူတွေကို ငရဲနဲ့ခြောက်ဖို့လုပ်နေတာမှန်းလည်း မသိခဲ့ဘူး..။
အလှူကို စိတ်ထဲက ပြန်ရုပ်သိမ်းပြီး…တကယ်လည်း ရီဖန်းပြန်လိုချင်မိပါရဲ့..။
ကြည့်သူသိသူ… လူတွေစိတ်ကို ညစ်နွမ်းညိုးနွမ်းခြောက်လှန့်စေတဲ့ အတွက်… အစဉ်ဆက်..ကိုယ်ပါရှယ်ယာယူ…..သံသရာ.. မပွားစေလိုတော့ဘူးလေ…
အလှူတခုကို “ငါ့လက်ကလွတ်.. ဗြွတ်” မလုပ်မိအောင် သတိပေးစေလိုက်တဲ့အတွက်.. ဝေမမကို သာဓုကြီးစွာခေါ်ပါကြောင်း….
weiwei
January 14, 2012 at 12:25 am
ကျွန်မက ငရဲခန်းကိုပဲ ဓါတ်ပုံရိုက်ပြီး တင်လိုက်လို့ပါ … အထဲမှာ အထပ်ပေါင်းများစွာနဲ့ အခန်းပေါင်းများစွာ ဗုဒ္ဓဝင်တွေ ပြထားပါတယ်။ လူ့ဘုံ၊ နတ်ဘုံတွေလဲ ပါပါတယ် …
လှူပြီးသားကိုတော့ ရီဖန်းပြန်မလိုချင်ပါနဲ့ သူကြီးရယ် ….
တကယ်တော့ ကျွန်မစိတ်ထဲမှာ ဘဝင်မကျတာတွေအများကြီးပါ … ရေးရဲတဲ့သတ္တိရှိလာတဲ့အခါ ရေးချင်တာတွေ အများကြီးရှိပါသေးတယ် …
ဦးဦးပါလေရာ
January 14, 2012 at 12:29 am
ဒီဘုရားကြီးမျိုးတည်တာကတော့ အကျိုးအနေနဲ့ လည်ပတ်စရာနေရာတစ်ခုတိုးပါတယ်။
ဒါ့ထက်ပိုတဲ့အကျိုးကတော့ ကျုပ်ဉာဏ်မမီပါဘူး။
ဒါပေမယ့်စိတ်မကောင်းတာက ဒီဘုရားကြီးလိုဟာမျိုးကို နိုင်ငံတော် သို့မဟုတ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများက မတည်ပဲ ရဟန်းတော်က ဦးစီးပြီးတည်ရတယ်ဆိုတော့
အဲဒီရဟန်းတော်ခမျာ နှစ်ပေါင်းများစွာ ကိုယ်စိတ်ပင်ပန်းပြီး
ရဟန်းတို့ရဲ့ ပဓါနကိစ္စတွေလဲ လစ်ဟင်းတော်မူရှာမှာပဲ…………။
တညင်သား
January 14, 2012 at 12:38 am
အခုထိ မပြီးသေးဘူးဆိုတော့ တော်တော်ကြာပြီပဲနော်…
ဘုရားဦးခေါင်းတော်ထဲထိ သွားလို့ရလား… အမျိုးသမီးတွေပါ ဝင်လို့ရတယ်ဆိုတော့ အခွင့်ရေးတန်းတူရှိတာပေါ့နော်…:)
Foreign Resident
January 14, 2012 at 7:19 am
” ငါတို့မြန်မာတွေက ဒီလောက်ကြီးတဲ့ဘုရားကြီးကို အင်ဂျင်နီယာမလိုပဲ ဆောက်နိုင်တယ်တဲ့ ”
kai says: ” အဲဒီမှာ ပြိုကျလိုက်ပြန်ဆောက်လိုက်ဖြစ်နေတုံး ”
တကယ်ပဲ အင်ဂျင်နီယာ မပါ ၊ စစ်ဆေး ကြီးကြပ်မှုမရှိ ၊ ခွင့်ပြုချက် မရှိပဲ ဆောက်ခဲ့တာလား ???
အဲလိုဆိုရင်တော့ အဲဒီ ဘုရားကြီးကို Strength ခံနိုင်မှု သေချာပြန်စစ်သင့်တယ် ။
လုံလောက်တဲ့ ကြံ့ခိုင်မှုမရှိရင် ဘုရားအတွင်းထဲ လူဝင်ခွင့် ပိတ်တာပဲဖြစ်ဖြစ် ၊
အန္တရာယ်ရှိ အဆောက်အအုံ အဖြစ်ကြေငြာပြီး ဘုရားကြီးကို ဖြိုချတာပဲ ဖြစ်ဖြစ် လုပ်သင့်တယ် ။
ဦးဦးပါလေရာ says:
” ဒီဘုရားကြီးလိုဟာမျိုးကို နိုင်ငံတော် သို့မဟုတ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများက မတည်ပဲ
ရဟန်းတော်က ဦးစီးပြီးတည်ရတယ် ဆိုတော့ ”
ဦးဦးပါလေရာ ရဲ့ ဘာဖြစ်လို့ ဘုရားကို နိုင်ငံတော် သို့မဟုတ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများက
တည်ရမှာတုန်း ။ နားမလည်လို့ပါ ။
ရဟန်းတော်က ဦးစီးပြီးတည်တာတော့ ၊ သူ့ ( အဲဒီ ရဟန်းတော် ) Feeling နှင့်သူပေါ့ ၊
ဘယ်သူကမှ ရိုက်ပြီး တည်ခိုင်းတာမှ မဟုတ်တာ ။
ဦးဦးပါလေရာ
January 14, 2012 at 10:12 am
ကိုဖေါရေ-
(ရှုး-တိုးတိုး- အဲဒါရွဲ့ပြောလိုက်တာ 🙂 )
ကျုပ်အမြင်တော့ ဒီလိုဘုရားကြီးမျိုးတည်ရတာ သာသနာအတွက်အကျိုးရှိတာထက်
ဒေသအထိမ်းအမှတ်အဆောက်အဦးအဖြစ်၊ tour attraction အဖြစ်၊ ဒေသတွင်းဘုရားဖူးခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအဖြစ်သာ
ပိုအကျိုးရှိစေတယ်လို့ပဲ မြင်မိလို့ပါ။
အကျိုးမရှိတဲ့ကိစ္စလို့တော့မမြင်ပါဘူး။
တခုရှိတာက အခုတလောဖြစ်နေတာတွေထဲမှာ-
ဘုရားတည်တဲ့ရဟန်းက ဘုန်းကြီးတယ်ဗျ
ဘုရားကြီးကြီးတည်လေ – အဲဒီရဟန်းဘုန်းကြီးလေပဲ
အဲဒါ သူ့ကုသိုလ်သူ့အကျိုးပေးတာပဲ ဘာမှားလို့လဲ ? လို့မေးစရာရှိပါတယ်။
အဲဒါကတော့ မှားတယ်လို့မပြောချင်သေးပါဘူး။
ခက်တာက ဘုန်းကြီးတိုင်းက ဖြစ်နိုင်ရင် ဘုရားတည်ဘို့ အားထုတ်လာကြတယ်။
ဥပမာ နယ်မြို့သေးသေးလေးက ဘုန်းကြီးကျောင်းသေးသေးထဲမှာတောင်
ဘုရားတွေတည်၊ သံဝေဇနိယလေးဌာနပုံတူတွေဆောက်၊ သတ္တဌာနပုံတူတွေဆောက်
-ဆိုတော့ အဲဒါတွေဆောက်ရတာနဲ့ ပြုပြင်ထိန်းသိမ်းရတာနဲ့ပဲ
ပရိယတ်ပဋိပတ် လုပ်ငန်းတွေမှာ အားနည်းလာကြတာတွေ့ရပါတယ်။
ပြီးတော့ အကျယ်ကြီးချဲ့တွေးရရင် –
ရှားရှားပါးပါးလက်တဆုပ်သာကျန်တဲ့
မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာ လမ်းကြောင်းပြောင်းသွားမှာလဲ
စိုးရိမ်မိလို့ပါ ကိုဖေါရင်း ရေ……။
အောင် မြင်
January 14, 2012 at 9:05 am
ကျွန်တော်တို ့ နိုင်ငံရဲ ့ နေရာတိုင်းမှာ ဗုဒ္ဓဘာသာ အခြေခံကောင်းတွေ ရှိနေတာ ဘာသာရေးအတွက် အားရပါတယ်၊၊ လူတိုင်းရဲ ့ နှလုံးသားထဲ့ ရောက်ရင်တော့ အခုထက်မက ပိုအားရမယ်လို ့ ထင်မြင်မိကြောင်းပါ၊၊
yaungchikha
January 14, 2012 at 9:47 am
မမဝေ……. ကျနော်လည်း မော်လမြိုင်သွားရင်းဝင်းစိန်ဘုရားကြီးကိုရောက်ခဲ့တယ်၊ ဘုရားကြီးအတွင်းထဲထိ ဝင်တော့မကြည့်ခဲ့ဘူး၊ ခြေထောက်တော်နားကနေပဲ ကြည့်ဖြစ်ခဲ့တယ်၊ ငရဲခန်းတွေတော့ မလုပ်ရသေးဘူး၊ ဘုရားတည်တဲ့ ဘုန်းဘုန်းကိုတော့ ဒေသခံတွေပြောတာနဲ့ တောင်ပေါ်တက်ပြီး သွားဖူးခဲ့သေးတယ်၊ ဆရာတော် ဆွမ်းစားချိန်နဲ့တိုက်လို့ မဖူးခဲ့ရဘူး……………. 🙂
ကြောင်ကြီး
January 14, 2012 at 10:07 am
ငရဲခန်းမှာ သဂျီးကို မတွေ့ပါလား…။ မဟာအဝီဇိငရဲ မဟုတ်သေးလို့လား… 🙄
မိုက်ကယ်ဂျော်နီချီးဘတ်
January 14, 2012 at 10:11 am
အဲ့သည်ဆရာတော်က ချဲနံပါတ်ပေးတာမှန်သတဲ့
ဂမ္ဘီရလိုလိုအစွမ်းတွေရှိသတဲ့
အဲ့သည်လျှောင်းတော်မူကြီးရဲ့ ပထမဦးဆုံးအထင်ကရဝင်ငွေကို တစ်စောင်တစ်ထောင်ကျုပ်နှုန်းဖြင့်
မော်တော်ကား မဲကံစမ်းဖောက်ခြင်းဖြင့် ရှာဖွေခဲ့ပါသတဲ့
( ပထမဦးဆုံးကားမှာ ဆန်နီပါပလစ်ကာ အဖြူရောင်လေးဖြစ်ပြီး ပေါက်သည့်သူမှာ
သံဖြူဇရပ်မှ ဖြစ်ပါသတဲ့ ( မသေခြာ ) )
အစောက်အဦးကို စောက်လုပ်ပြီး မကြာခဏ ပျိုကြခဲ့ပါသတဲ့
ယ္ခုလွှတ်မြောက်လာသော ဦးခင်ညွှန့် ရာထူးရှိစဉ် ရောက်ရှိသည့်အခိုက် အင်ဂျင်နီယာ
နည်းပညာများ ပံ့ပိုးပေးခဲ့ပါသတဲ့
ဂျက်ကီချီးပေ
January 14, 2012 at 12:38 pm
ချဲနံဘတ်ရရင်တော့ လှူမယ်ဗျာ
ဒါမှ လက်တွေ့ကျတာ
စိတ်ဝင်စားလို့ အသေးစိတ်ပြောပါဦး
thit min
January 14, 2012 at 12:58 pm
ကိုအောင်ပုရေ
ကျောက်တလုံးဆရာတော် က ရောနာမည်ကြီးပါဘဲ။
အဲ ကြုံလို့ပြောရရင် ခေါင်းဆေးကျွန်းဆရာတော်နဲ့ပါတ်သက်တဲ့အရှိန်အဝါတွေသတိယသွားတယ်။
ချဲနဲ့တော့မဆိုင်ဘူး။ ကိုအောင်ပုတော့သိမှာပါ။
~~~~~~~~~~~~~~
မဝေဝေကတော့ တခါဆို ဆိုသလောက်ခရီးပေါက်ပါပေ့ဗျာ။
ဘုရားရိပ်တရားရိပ်တွေကိုအဓိကဖော်ပြပေးလို့ စိတ်လဲဧချမ်းသာယာရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။
စိတ်ကြည်လင်တော့ကုသိုလ်ဖြစ်တာဆိုတော့ မဝေဝေကိုယ်တိုင်ပြုခဲ့တဲ့ကုသိုလ်ရော၊
စိတ်ကြည်လင်မှုကို”မျှဝေ”ပေးလို့ရတဲ့ကုသိုလ်ရော နှစ်ထပ်ကွမ်းပါဘဲဗျာ။
သူတော်ကောင်းများချီးမွမ်းခံရသူဖြစ်ပြီပေါ့။သာဓုပါ။
weiwei
January 14, 2012 at 2:12 pm
ဘုရားကြီးကိုတင်ဖို့ ကျွန်မတော်တော်လေးအရှိန်ယူခဲ့ပါတယ် … ခရီးများစွာသွားဖူးတဲ့ကျွန်မအတွက် ဒီနေရာက စိတ်တိုင်းမကျဖြစ်စေတယ် … စိတ်တိုင်းမကျတဲ့အကြောင်းတွေကို ရေးချင်စိတ်လဲ မရှိပြန်ဘူး … ဒါပေမယ့် မရောက်ဖူးတဲ့သူတွေ မြင်ဖူးအောင်လို့ ပြချင်တဲ့စေတနာကရှိနေပြန်တော့ ဒီအတိုင်းလေးပဲ ပြလိုက်ပါတော့တယ် …
pooch
January 14, 2012 at 3:31 pm
မမဝေရေ စိတ်တိုင်းမကျတာကို စိတ်ကူးပေါက်လို့ ပြောဖြစ်မယ်ဆို ပြောချင်နေတဲ့ အဖော်ရှိပါကြောင်း လက်တို့လိုက်ပါရစေ… ခုတော့ ကျမလည်း….တွေးဆဲ….ငေးဆဲ…
ဒီလို ဗဟုသုတလေးအတွက်လည်း ကျေးဇူးတင်ပါကြောင်း..
Harumoto
January 14, 2012 at 11:42 am
ကျွန်တော်တို့ ဆီမှာ ဘုရားတည်ပြီး သာသနာပြုနေတဲ့ လုပ်ငန်းတွေ ကို သာမန်အားဖြင့် အမြင်အမျိုးမျိုး မြင်နေကြပါတယ်။
ရှေးလူကြီးတွေ အမြင်ကတော့ သာသနာ အဓွန့်ရှည်ရေး အတွက် ထုထည်ကြီးကြီးမားမားနဲ့ တည်ထားလျှင် နှစ်တာရှည် မြင်တွေ့တော့ သာသနာလည်း မကွယ်နိုင်ဘူး လို့ရည်ရွယ်ဟန် ရှိပါတယ်။
သာသနာ တည်တံ့တိုးတက်မှ နိုုင်ငံ တည်တံ့ နိုင်မယ်ဆိုတဲ့ ရှေးလူကြီးတွေရဲ့ အတွေးအခေါ်ကြောင့် သာသနာ တိုးတက်ဘို့ ဘုရားစေတီတွေကို ထုထည်ကြီးကြီးမားမား တည်ဆောက်ခဲ့ကြပါတယ်။
သူတို့ ကောင်းမှု ကျေးဇူးတွေကြောင့် ယခုပုဂံ ဘုရားတွေ အတွက် ကျွန်တော်တို့ ဂုဏ်ယူ နေကြရပါတယ်။
ဒီနေ့ လူငယ်တွေရဲ့ အတွေးက တော့တမျိုးဖြစ်နေတယ်။
ခေတ်အခြေအနေ ခေတ်အမြင်နဲ့ သူတို့အမြင်ကို မှားတယ်လို့တော့ ပြောလို့မဖြစ်ပါဘူး။
တိုင်းပြည်တည်ထောင်နေတဲ့အချိန်မှာ ငွေအား လုပ်အားတွေ ဆုံးရှုံးနေတယ် ဆိုပြီးအားမလိုအားမရ ဖြစ် နေတာလဲ အပြစ်မဆိုသာပါဘူး။
ဒါပေမဲ့..ပြည်သူလူထု အတွက် ကိုယ်ပိုင် အခွင့်အရေး နဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့် မရတဲ့ အချိန်မှာ ဘုရားတည် ကျောင်းဆောက်တဲ့ အလုပ်က အနှောင့်အယှက် အနည်းဆုံး ဖြစ်မယ်ထင်ပါတယ်။
ဟို အကုသိုလ်တုံးကြီးတွေကလဲ အကုသိုလ်ထဲကလွတ်လိုလွတ်ငြား ဝိုင်းဝန်းအားပေးကြတော့ ဘုရား တည်ဆောက်ရေးလုပ်ငန်းတွေက အဆင်ပြေနေတာပေါ့။
ကျွန်တော်ကတော့ တည်ဆောက်နေတဲ့ ဒေသရဲ့ ပါတ်ဝန်းကျင်က တချို့သော လူတန်းစားတရပ် အတွက် အကောင်းမြင်ပါတယ်။ဒီဆောက်လုပ်ရေးလုပ်ငန်းကြောင့် အတော်အတန် စားဝတ်နေရေး ဖူလုံ နေကြပါတယ်။
သထုံမြို့ နားက အလံတရာဘုရား ကြီး တည်နေတုံးကလဲ အဲသည်ပါတ်ဝန်းကျင်က ပအို့ ရွာတွေ ဘုရားတည် လုပ်အားပေးရင်း ဆရာတော်ရဲ့ စောင့်ရှောက်မှုကြောင့် ယခုအခါ တိုးတက်နေတာကို ဝမ်းသာစရာ မြင်ရပါတယ်။
ဒီလိုဘဲ မုံရွာ ဗောဓိတထောင် ဘုရားမှာလည်း တွေ့ကြမှာပါ။အခြားအရပ်ဒေသတွေမှာလည်း ရှိကြတာပါဘဲ။
ဒီလိုပေါ့ဗျာ…အမြင် အမျိုးမျိုး ရှိပေမဲ့ အာလုံးက အကောင်းမြင်ကြတာပါ။
တယောက်ထဲ မလုပ်နိုင်ပေမဲ့ အများနဲ့ စုပေါင်းလုပ်တဲ့အခါ အကျိုးများများ ရတာပေါ့။
ဆူး
January 14, 2012 at 2:17 pm
ဝင်းစိန်တောရ ကို ဆူး ၉ရ လောက်တုန်းက မိသားစုနဲ့ ရောက်ဖူးတယ်။
အဲဒီတုန်းကလည်း ပြုပြင်ဆဲပါပဲ.. နှစ်ရည်လများ ဒီလောက် ဒီလောက် ကြာတဲ့ အထိ မပြီးနိုင်အောင် လုပ်ရတယ် ဆိုတော့ ပြီးသွားရင်လည်း ပြီးရော ဆိုပြီး ပြန်လည် မွမ်းမံဖို့ တော်တော် အားနည်းမယ် ထင်တယ်။
တညင်သား
January 14, 2012 at 2:33 pm
ကျွန်တော်လဲ အကောင်းဘက်ကကြီးပဲ တွေးနေတော့တာပဲ.:)
အခုရုပ်ပွါးတော် ကြီးတည်ထားကိုးကွယ်မယ်ဆိုရင် နည်းပညာအကူညီလိုတာတော့ သေခြာပါတယ်…….
ဒေသခံ တွေလဲ အလုပ်ရ အသိဉာဏ်လေးဘာလေးပွင့်လင်းလာတာပေါ့……
windtalker
January 14, 2012 at 2:58 pm
ကွန်မင့်ပေးဖို ့စဉ်းစားလို ့မရသဖြင့် ၊ ဘုရားပုံတော်များကို ဖူးမျှော်သွားပါကြောင်း
manawphyulay
January 14, 2012 at 5:15 pm
အဲဒီဘုရားက ဆောက်လက်စကို ရပ်ထားတာလု့ိ ပြောပါတယ်။ အင်ဂျင်နီယာမရှိလို့ ရပ်ထားတာလို့တော့မမြင်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ဆက်မစောင့်တော့ဘူးလု့ိတော့ သိရပါတယ်။ ရုပ်ပွားတော်မှာတော့ အစုံ ပြခန်းတွေလည်း ရှိတော့ တစ်နေရာထဲနဲ့ ငရဲပြည်၊ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် အစုံရောက်သွားသလို ခံစားမိတာပါပဲ။ ခုက အရမ်းစည်လား မမဝေ…
weiwei
January 14, 2012 at 5:24 pm
အခုအခြေအနေမှာ အထဲမှာ ရုပ်ထုတွေ လုပ်နေကြတယ် … ဆောက်နေကြတယ် .. အထဲမှာ အသံတွေနဲ့ ဆူညံနေပါတယ်။ ကြားရက်မို့ ဘုရားဖူး သိပ်မရှိပါဘူး …
သွားတုန်းက ကြုံမိတာလေး အမှတ်တရပြောမိတာလေးတွေကို မှတ်တမ်းအနေနဲ့ ပြန်လည်ရေးပြထားခြင်းသာဖြစ်ပါတယ် … ခရီးသွားလမ်းညွှန်မပါပဲ ဒီအတိုင်းပဲ သွားတာမို့လို့ ရှင်းပြမယ့်သူလဲ တစ်ယောက်မှ မရှိခဲ့လို့ ကိုယ့်ဟာကိုယ် ထင်ချင်သလိုသာ ထင်ခဲ့ပါတော့တယ် ….
ကိုပေါက်(မန္တလေး)
January 14, 2012 at 9:57 pm
ကျနော်ကတော့ တောင်ပေါ်တက်ပြီး ဓါတ်ပုံရိုက်ချင်စိတ်ပေါက်လာပေမယ့်
ငရဲခန်းကပုံတွေကိုမြင်တော့ ကြောက်လာတော့ ရိုက်ချင်စိတ်ပျောက်သွားပါကြောင်း။
ဂျက်ကီချီးပေ
January 14, 2012 at 10:05 pm
ဒီမာ
ဒေါ်ဝေဝေ
ရခိုင်ပုဆိုးအကွက်ကြီးကို ဝတ်ထားတာ
ဘယ့်နှယ့်ကြောင့် ငရဲသားကြီးဖြစ်ရမှာတုန်း
အဲ့ဒါ
ငရဲထိန်းကြီးဗျ
ငရဲထိန်းကြီး
နောက်တစ်ခါ မျက်မှန်တတ်ပျီးမှ ဓာတ်ပုံရိုက်ပါ
ချီးပေ ကို စိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်ပါနဲ့
weiwei
January 14, 2012 at 10:10 pm
စိတ်မရှိပါနဲ့ ကိုချီးပေ (နံမည်ခေါ်ရတာ ခေါင်းကိုက်လိုက်တာ … 🙂 )
အသက်ကြီးပြီဆိုတော့ မျက်မှန် ၂ လက်နဲ့ ကြည့်နေတဲ့ကြားထဲက မှားရိုက်လိုက်မိပါတယ် …