လားကလူကိုစီးခြင်း…

ဘတစ်ပြန်ကျားတစ်ပြန်၊ဗုံလုံတစ်လှဲ့ ငါးဖျံတစ်လှဲ့။လူတစ်ဟောက်နဲ့လားတစ်ကောင်ပုံပြင်တော့မဟုတ်ပါ၊ ကိုယ်ချင်းစာတရားကို သိရှိသောလူသား..(သို့)အပြန်အလှန်နားလည်သောကျေးဇူးတရား…
ကျနော့်အမြင်မှာတော့ လားပိုင်ရှင်မှာ တစ်နေကုန်ခိုင်းထားသောသဲူ့ရဲ့လားလေးကို သနားသောစိတ်ကြောင့်အိမ်အပြန်လမ်းမှာ သူကိုအနားပေးပြီးပြန်လာခဲ့တာလို့ထင်ပါတယ်။
မည်သို့ပင်ဆိုစေ ဤကမ္ဘာလောကြီးမှာ ကိုယ်ချင်းစာ တရားခေါင်းပါးကြသော လူသားများနည်းနိုင်သမျှနည်းပါစေလို့ဆုတောင်းမိပါတယ်။

မင်းကြိုက်တာငါမကျွေးနိုင်ပေမယ့် ငါ့မှာရှိတာတော့ကျွေးနိုင်ပါတယ်ကွာ…
ဤပုံများကို ကိုပီတာရဲ့ဘလောဒ့်မှတစ်ဆင့်ပြန်လည်ကူးယူဖေါ်ပြပါသည်။။။ ရွှင်လန်းချမ်းမြေ့ကြပါစေ…
10 comments
water-melon
January 14, 2012 at 9:12 pm
စာနာ သနားတတ်တဲ့လူပေါ့နော်
လားက နေများမကောင်းနေတာလား
memeseku
January 14, 2012 at 9:53 pm
အင်းဒီလိုလူလဲရှိသေးတယ်နော် စာနာစိတ်လေးရှိတော. ကောင်းတာပေါ့
ကို်ယ်ခဏလေးသူ.နေရာဝင်လိုက်တာ. သက်သာမဲ.ပုံမပေါ်ဘူး….
ကြည့်ရတာ လားနေကောင်းပုံမရဘူး…
အတိသဉ္ဇာ နာဂရ ချစ်သူ
January 14, 2012 at 10:56 pm
မည်သို့ပင်ဆိုစေ ဤကမ္ဘာလောကြီးမှာ ကိုယ်ချင်းစာ တရားခေါင်းပါးကြသော လူသားများနည်းနိုင်သမျှနည်းပါစေလို့ဆုတောင်းမိပါတယ်။
အရမ်းတန်ဖိုးရှိတဲ့ စာသားလေးပါဗျာ။ကျေးဇူးတင်ပါတယ်ဗျာ။
Khin Latt
January 15, 2012 at 5:54 am
ပုံ(၁)
အကောင်းမြင်စိတ်
လူ က ကြည့်ရတာကြင်နာစိတ် ရှိတယ်။ လားနေမကောင်း လို့ ဆေးခန်း ကို သွားနေတာ ထင်တယ်။
အဆိုးမြင်စိတ်
ဒီလူ့ကြည့်ရတာ လား ကို သားသတ်ရုံ ကို ခေါ်သွားနေသလား မသိဘူး။
ပုံ(၂)
အကောင်းမြင်စိတ်
ပုံလေးက အဆန်း။ လက်သွက်ပြီး မြင်တတ်လိုက်တဲ့ ဓာတ်ပုံဆရာ
အဆိုးမြင်စိတ်
အမ် ….. ဖိုတိုရှော့ ကြီးလားမသိဘူး။
စိန်ပေါက်ပေါက်
January 15, 2012 at 11:43 am
အပြန်အလှန် စီးကြပါ
နားလည်မှုရှိရှိ..စီးကြပါ
ကိုယ်ချင်းစာပြီး စီးကြပါ
လားပဲဖြစ်ဖြစ်ကားပဲဖြစ်ဖြစ် ခဏခဏစီးရင် ပင်ပန်းနိုင်ပါတယ်
windtalker
January 15, 2012 at 11:49 am
အဲ့ရာ
စိန်ငပေါက် ရဲ ့
ကိုယ်တွေ ့ ဗျ
ကိုယ်တွေ ့
နော…
ဟီဟိ
မှော်ဆရာသိန်း
January 15, 2012 at 11:51 am
မိန်းမ မရှိသေးသူကို ဒါနအနေနဲ့ ကိုယ့်မိန်းမကို လှူပစ်ပြီး …
ယောကျင်္ားမရှိသေးတဲ့ အပျိုလေးကို အနစ်နာခံပြီး ပြန်ယူတာကို ရော
ကိုယ်ချင်းစာတယ် ခေါ်မလားဗျ …
ဆူး
January 15, 2012 at 11:55 am
ကိုဇော်မင်း တယောက် ငှက်ပျောသီး ကိုင်ပြီး မော်ဒယ် လုပ်တာ အဖော် မရှိတာနဲ့ ခွေးတကောင် ခေါ်ရိုက်ထားတာနဲ့ တူတယ်။ ဟိဟိ..
JK (စိတ်ဆိုးနဲ့နော်… ဗိုက်ပူပြီး အမွှေးထူနေပေမဲ့ လူနဲ့ ခန္ဓကိုယ်တည်ဆောက်ပုံ တော်တော် နီးစပ်လို့.. )
မလေးက ဟင်းလေးဘာလေး ချက်မတင်တော့ဘူးလား။
ကြောင်ကြီး
January 15, 2012 at 1:37 pm
လားလှည်းစီးနေတာ မဟုတ်ဘူး၊ လူကို လှည်းဆွဲနည်း သင်ပေးနေတာ…။
zaw min
January 15, 2012 at 6:25 pm
စိတ်မဆိုးပါဘူး..ဆူးမမရေ…လူဆိုတာ မျောက်ကဆင်းသက်လာပဲလို့ ပညာရှိများက ပြောကြားခဲ့လေတော့.
လူနဲ့မျောက် အတူတူလောက်ပါပဲ…(ဒါပေမယ့် ကျနော်က ဗိုက်လည်းမပူ၊အမွှေးလည်းမထူပါ)။
မလေးကဟင်းချက်နည်းတွေ ရေးဖို့ရှိပါတယ်…အချိန်မရသေးလို့ပါ…တရုတ်နှစ်ကူးရက်တွေထဲရေးဖြစ်မယ်ထင်တယ်…အေးအေးဆေးဆေးနားလို့ရမယ့်အချိန်လေ…