“နံနက်ခင်းအရုဏ် ကြည်နူးဘွယ်စုံသော…………………..ရွွှှေတိဂုံစေတီရင်ပြင်မှ”












“နံနက်ခင်းအရုဏ် ကြည်နူးဘွယ်စုံသော…………………..ရွွှှေတိဂုံစေတီရင်ပြင်မှ”
ရန်ကုန်ကိုရောက်ရောက်ခြင်း ရွှေတိဂုံဘုရားနားက မိတ်ဆွေကိုအရင်သွားတွေ့မိပါတယ်။
သူနဲ့ထိုင်စကားပြောနေရင်း အရုဏ်တက် ရွှေတိဂုံဘုရားကို ဓါတ်ပုံရိုက်ဘူးလားမေးတော့
“ဟင့်အင်းပေါ့”
အဲဒါနဲ့သူက ရိုက်သင့်တယ်နော်လို့ပြောတာနဲ့နောက်နေ့မနက်စောစောရိုက်မယ်လို့ပြောလိုက်ပါတယ်။
ဖြစ်ချင်တော့ အဲဒီနေ့ကဘတ်စ်ကားစီးလာတာ ဆူးလေထိပါသွားပါတယ်။
အဲဒါနဲ့ဆူးလေက နေကားပြန်စီးပြီး ရွှေတိဂုံကိုပြန်လာပါတယ်။
အဲဒါနဲ့ဘဲလမ်းကြားထဲကနေဖြတ်ပြီးအလာမှာ ရွှေရောင်တွေဝင်းလက်နေတဲ့
စေတီတော်ကိုဖူးမျှော်ရပါတယ်။
ဒါနဲ့ဘဲရင်ပြင်တော်ပေါ်ကို လမ်းလျှောက်ပြီးတက်လာခဲ့ပါတယ်။
ရင်ပြင်တော်ပေါ်ရောက်တဲ့အခါ အေးငြိမ်းခြင်းရဲ့ ရသ ကို အပြည့်အဝခံစားရပါတယ်။
နောက်တော့လဲ မြင်သမျှ ကို လက်ဆော့ရင်း လှတယ်ထင်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(17-1-12)
8 comments
Diamond Key
January 17, 2012 at 9:36 am
ကိုပေါက်ရေ၊ မနက်ခင်းမှာ ရွှေတိဂုံ မနက်ခင်းကို ကြည်ကြည်နူးနူး ဖူးသွားပါတယ်ဗျာ။
နော်အကြိုက်ဆုံးလေး ချွိုက်ခွင့်ရမယ်ဆိုရင်တော့ ပုံ ရ နဲ့ ပုံ ၁၂ ဗျ။ 😀
စိန်ပေါက်ပေါက်
January 17, 2012 at 9:54 am
ဦးတော် လုပ်သွားပါရစေချင့်
ဦးတော်.ဦးတော်..
yaungchikha
January 17, 2012 at 10:54 am
ကျနော်ကတော့ ပုံ 11 ကိုရွေးပါတယ် ဦးပေါက်ရေ့ ……..နံနက်ခင်း ရွှေတိဂုံဘုရားကို ဒီနေရာကနေ ဦးခိုက်ကန်တော့လိုက်ပါတယ်……………..
စုံ စုံ
January 17, 2012 at 2:32 pm
ပုံတွေအားလုံးကောင်းပါတယ်
အားလုံးလဲသပ္ပါယ်ပါတယ်လေးပေါက်ရေ
အကြိုက်ဆုံးပုံကတော့ ရ ပါ
ရွှေရောင်တဝင်းဝင်းနဲ့ အင်မတန်ကြည်ညိုစရာကောင်းပါတယ်
Thel Nu Aye
January 17, 2012 at 3:07 pm
ကိုပေါက်ရန်ကုန်မှာ ညကောအိပ်ရဲ့လား။ အစောကြီးဘုရားရောက်၊ ကန်တော်ကြီးရောက်နဲ့။ တော်ရုံဇွဲမဟုတ်ဘူးပဲ။ လေးစားပါတယ်။ အဖိုးတန်တဲ့ပုံတွေပါ။ သူများတွေအိပ်ကောင်းတုန်းအချိန် မြင်ရခဲတဲ့ရှု့ခင်းတွေပါ။
ရွှေဘိုသား
January 17, 2012 at 6:54 pm
ဟုတ်တယ် အစ်မ သဲနုအေး လေးပေါက်တို့ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲ
ကျနော်ကိုယ်တိုင် လမ်းလျှောက်တာ မှီအောင် မနည်းလျှောက်ရတယ် တက်ကြွနေတာပဲဗျာ လူကြီးသာပြောတယ် စိတ်ကတော့ 16 နှစ်လားအောက်မေ့ရတယ်
လေးပေါက် ဦးတော် သုံးကြိမ်ပြုလုပ်သွားပါတယ်
windtalker
January 17, 2012 at 9:20 pm
ကောင်းပါဘိဗျာ
အခုလို သာယာအေးလွန်းတဲ့ညချမ်းမှာ
မန်းတလေးမြို ့အင်တာနက်ဆိုင်ထဲကနေ
ကိုပေါက် ကြည်ညိုလာတဲ့
ရွှေတိဂုံစေတီတော်မြတ်ကြီးကို
အားရပါးရ ဖူးမြှော်ရပါ၏
ကိုပေါက်(မန္တလေး)
January 18, 2012 at 9:15 am
(ဦးတော် လုပ်သွားပါရစေချင့်
ဦးတော်.ဦးတော်..)
ပုလင်းကြီးခဏချထားရင်ပိုကောင်းပါမယ်ချင့်……………………