Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တောင်ငူပြည်ခိုင်းဖြိုးနှင့် အော်ပီကျယ်၊ မောင်သာချို။ ဦးဘုန်း(ဓာတု) အပါအဝင်ရဲရဲတောက်စာရေးဆရာ ၁ဝ ဦး ရဲ.စာပေဟောပြောပွဲ

tunlinaungJanuary 15, 20121min66423

တောင်ငူပြည်ခိုင်ဖြိုးနှင့် အော်ပီကျယ်၊ မောင်သာချို၊ ဦးဘုန်း(ဓာတု)  အပါအဝင ်စာရေးဆရာ(၁၀)ဦး ၏  စာပေဟောပြောပွဲကြီး

တောင်ငူမြို. မိုင်ဒါအားကစားကွင်းကြီးတွင် ဇန်နဝါရီလ(၂၆)ရက်နေ. မှ(၃၀)ရက်နေ. အထိကျင်းပမည် ဟုကြေငြာထားပါတယ်။ တောင်ငူမြို.ခံများနှင့် စာဖတ်ပရိတ်သတ်တွေ မထင်မှတ်လောက်အောင်

အံ့အားသင့်ပြီး ဝိရောဓိများစွာ ဖြစ်သွားရပါတယ်။ ထာဝရဂရုဏာရှင်စုပေါင်း သွေးလှုရှင်များအဖွဲ. နှင့်

တောင်ငူကာတွန်းဆရာများ ကျင်းပသောစာအုပ်ဈေးရောင်းပွဲတော်နှင့်စာပေဟောပြောပွဲ  လို.

ကြေငြာထားပါတယ်။ စာပေဟောပြောပွဲတွင်ပါဝင် သောစာရေးဆရာစာရင်းမှာ ကြေငြာစာရွက်အရ  (၂၆)ရက်နေ.မှာ ဆရာဟိန်းလတ်နှင့်  ဆရာမသန်းမြင့်အောင်။

(၂၇)ရက်နေ.မှာဆရာမောင်သာချို နှင့်ဆရာ မောင်ဝံသ ။

(၂၈)ရက်နေ.မှာဆရာ ချစ်စရာနှင့်ဦးဘုန်း(ဓာတု)ပါ။

(၂၉)ရက်နေ.မှာတော့ ဆရာကျော်ရင်မြင့်နှင့် ဆရာအော်ပီကျယ်ပါတဲ့ဗျာ။

နောက်ဆုံ.နေ. (၃၀)ရက်နေ.မှာ  ပြည်သူခေတ်က  ကျနော်တို.ရဲ.

ဆရာဖေမြင့်နှင့် ဆရာလယ်တွင်းသားစောချစ် တဲ့ ဗျာ။။

…………  ကဲ… ကဲ…..တောင်ငူသားတွေမှ စိတ်ရှုပ် မသွားရင်၊

တောင်ငူသား တွေမှ ဝိရောဓိ မဖြစ်ရင် ၊

တောင်ငူသားတွေမှ  ……………..ဒီလိုဗျ…………………။။

ဒီပွဲကိုဦးစီးကျင်းပတဲ.အဖွဲ့ဟာ  ပြည်ခိုင်ဖြိုးကဖြစ်နေလို.ပါပဲဗျာ။ ဟောမည့်   ပြောမည့်

ဆရာတွေကိုကြည့်တော့လည်း ရဲရဲတောက်တွေလေဗျာ။

စဉ်းစားကြည့်ပါဦးဗျာ ။ ဖြစ်နိုင်စရာရှိပါသလားလို.လေ။ ဘာကြောင့်ပါလဲ။

ကိုယ့်ဆရာတွေ ၂၀၁၂မှာ  အတွေးအခေါ်တေ ွ ပြောင်းသွားတာများလား။

၁။ရက်ရှည်စာပေဟောပြောပွဲ

တောင်ငူမှာမနှစ်ကမေလမှာစလုပ်ခဲ့တယ်ဗျ။တောင်ငူမြို.မိမြို.ဖတွေနဲ.ကာတွန့်ဆရာတွေလုပ်ခဲ့တာပါ။

ပြည်ခိုင်ဖြိုးနဲ.မဟုတ်ပါဘူး။ဒီနှစ်ဘယ်လိုဖြစ်သွားတယ်ဆိုတာစဉ်းစားစရာပါပဲ။

၂။သွေးလှူရှင်အသင်း

တောင်ငူမှာသွေးလှူရှင်အသင်းတစ်သင်းရှိပါတယ်။နိုင်ငံသိအသင်းတစ်သင်းဖြစ်ပါတယ်။ မေတ္တာစေတနာသွေးလှူရှင်အသင်းပါ။ရွှေနှင်းဆီဒေါ်အုန်ခင်ဆိုတဲ့မြို.မိမြို.ဖတစ်ဦးကတည်ထောင်ပြီး

မြို.မိမြို.ဖများစုပေါင်းထားသောအသင်းတစ်သင်းဖြစ်ပါတယ်။ဒီအသင်းဟာ စီမံခန်.ခွဲမှုအားနည်းနေချိန်မှာ

အလားတူသွေးလှူရှင်အဖွဲ.တစ်ခုထူးဆန်းစွာပေါ်ပေါက်လာပါတယ်။

(ထာဝရဂရုဏာရှင်စုပေါင်း  သွေးလှုရှင်များအဖွဲသည်ပြည်ခိုင်ဖြိုးက အသင်း ဖြစ်ပါတယ်)

၃။စာရေးဆရာများ

တောင်ငူမှာတကယ်လာဟောတော့မှာပါ။ဆရာရေးဆရာတချို.ဟာအံ.ဩစရာကောင်းနေပါတယ်။

ဆရာအော်ပီကျယ် ၊ ဆရာဖေမြင့် ၊ ဆရာမောင်ဝံသ ၊ ဦးဘုန်းတို.လိုဆရာမျိုးတွေပါ။ ပြည်ခိုင်ဖြိုးရဲ. စင်မြင့်ပေါ်မှာ ဒီဆရာတွေဟောမယ်ဆိုတာ ကြားသိသူမှန်သမျှ ကို

အံ့အားသင့်စေမှာပါ။

၄။တောင်ငူကာတွန်းဆရာများ

ဒီပွဲမှာပူတွဲကျင်းပတဲ့သူတွေပါ။အများစုသောဆရာတွေကအေးဆေးပြီးငြိမ်းချမ်းကြသူများပါ။

ဘာကြောင့်မြို.မိမြို.ဖနှင့်မနှစ်ကလိုမကျင်းပကြပါသလဲဆိုတာတောင်ငူကနားမလည်နိုင်အောင်ပါပဲ။

၅။ပရိတ်သတ်

တောင်ငူမှာလာဟောတဲ့ဆရာတွေကိုကြိုဆိုပါတယ်။တောင်ငူစာဖတ်ပရိတ်သတ်အနေနဲ.ကော စာဖတ်သူတွေအနေနဲ.ကောပါ။ ဒါပေမယ့် ………………….

၆။ပွင့်လင်းမြင်သာမှု

စာရေးဆရာနှင့်တောင်ငူကြားမှာပွင့်လင်းမြင်သာမှုရှိရပါမယ်။ (၁)စာရေးဆရာတွေကိုမည်သူကတာဝန်ယူ ဖိတ်ကြားပါလဲ။

(၂)မည်သို.ခေါင်းစဉ်တပ်ပါသလဲ။

(၃)ပြည်ခိုင်ဖြိုးရဲ.ပွဲဆိုတာပြောပါသလား။(ကြေငြာတွင်ပြည်ခိုင်းဖြိုးဆိုတာလုံးဝ မပါပါ)

(၄)စာရေးဆရာတွေပြည်ခိုင်ဖြိုးပွဲဆိုတာသိပါသလား။ ( တောင်ငူကစာဖတ်သူအများစုကတော့ ဆရာတို. မသိလို. ဟောမယ်လို. ထင်နေပါတယ် )

၇။အပြစ်ရှိသူတွေ

တောင်ငူသားတွေမပြောလို. ဆရာတွေမသိရမဖြစ်ရအောင်ဒီစာလေးကိုရေးရခြင်းဖြစ်ပါတယ်။

တစ်နည်းအားဖြင့် စာရေးဆရာတွေနဲ.တောင်ငူကြားမှာမည်သည့် အထင်လွဲမှုမျိုူးမှမရှိစေချင်တာပါ။

အကယ်လို.များ စာရေးဆရာတွေ မည်သို.ပွဲမျိူးဆိုတာ အသိမပေဘဲ မနှစ်ကလို ပွဲလိုထင်ယောင်ထင်မှား

ဖြင့်ဖိတ်ကြားခဲ့ရင် ဖိတ်ကြားသူများနှင့် စီစဉ်သူများ၏ အကြံဉာဏ်သာဖြစ်ပါတယ်။ တောင်ငူနှင့်လားလား

သက်ဆိုင်ပါ။ ( ဒီပွဲသတင်းကို တောင်ငူသတင်းထောက်တွေ ပြည်ခိုင်ဖြိုးပွဲဆိုတာ သိပါလျက်နဲ.

စာနယ်ဇင်းတွင် ဘာေကြောင့် အသိမပေးပါ သလဲ။)

၈။တူတာလေးတွေတွဲလုပ်တယ်ဆိုရင်

သိပါတယ်။ငါတို.( စာရေးဆရာများ ) ကဖြင့် တူတာလေးတွေတွဲလုပ်ကြတာဟေ့ဆိုရင်လည်း

စာဖတ်ပရိတ်သတ်တွေအနေဖြင့်ပြောစရာမရှိပါကြောင်း သမိုင်းကြောင်းကောင်းသောပြည်သူဘက်သား

ဆရာများကို အမှန်တရားတခုကိုတောင်ငူကဖြင့်သိကြားစေပါတယ်။ ။( စပါးလှန်းထားတာမြင်လို. ဆန်းချေးလိုက်ကြတယ်ဆိုရင်ဖြင့်လည်း တပည်.တော်တို.လည်းမလျှောက်တက်ပါကြောင်း)

တောင်ငူသားလူငယ်များ

( ခွင့်လွှတ်လို.တော့ရပါတယ် ဒါပေမယ့် မေ့လို.တော့မရပါဘူးတဲ.  ။ မင်ဒဲလားပြောတာပါ)

23 comments

  • tunlinaung

    January 15, 2012 at 4:04 pm

    ဖြင့်ဖိတ်ကြားခဲ့ရင် ဖိတ်ကြားသူများနှင့် စီစဉ်သူများ၏ အကြံဉာဏ်သာဖြစ်ပါတယ်။ တောင်ငူနှင့်လားလား မှသက်ဆိုင်ပါ။
    ( ဒီပွဲသတင်းကို တောင်ငူသတင်းထောက်တွေ ပြည်ခိုင်ဖြိုးပွဲဆိုတာ သိပါလျက်နဲ.
    စာနယ်ဇင်းတွင် ဘာေကြောင့် အသိမပေးပါ သလဲ။)
    ၈။တူတာလေးတွေတွဲလုပ်တယ်ဆိုရင်
    သိပါတယ်။ငါတို.( စာရေးဆရာများ ) ကဖြင့် တူတာလေးတွေတွဲလုပ်ကြတာဟေ့ဆိုရင်လည်း
    စာဖတ်ပရိတ်သတ်တွေအနေဖြင့်ပြောစရာမရှိပါကြောင်း သမိုင်းကြောင်းကောင်းသောပြည်သူဘက်သား
    ဆရာများကို အမှန်တရားတခုကိုတောင်ငူကဖြင့်သိကြားစေပါတယ်။ ။( စပါးလှန်းထားတာမြင်လို. ဆန်းချေးလိုက်ကြတယ်ဆိုရင်ဖြင့်လည်း တပည်.တော်တို.လည်းမလျှောက်တက်ပါကြောင်း)

    တောင်ငူသားလူငယ်များ
    ( ခွင့်လွှတ်လို.တော့ရပါတယ် ဒါပေမယ့် မေ့လို.တော့မရပါဘူးတဲ. ။ မင်ဒဲလားပြောတာပါ)

    • awra-cho

      January 16, 2012 at 11:55 am

      သူတို့လုပ်တဲ့ပွဲမှာ ငြင်းရင်လည်း သဘောထားမကြီး ရာကျမယ်။ ဒီတော့စင်ပေါ်တက်ပြီး သူတို့
      အမှားတွေ ထိုင်ပြော၊ဝေဖန်ပေါ့။

  • ကောင်းမြတ်သူ

    January 15, 2012 at 5:02 pm

    အစ်ကိုရေ စာပေဟောပြောပွဲ တစ်ခုဖြစ်ဖို့ပဲအရေးကြီးပါတယ်. ဘယ်သူတွေ ဦးဆောင်တာ မဦးဆောင်တာ အဓိကမကျဘူးလို့ကျွန်တော်ထင်တယ်. စာရေးဆရာတွေကလည်း သူတို့ဖိတ်လို့မလိုက်ဘူးဆို ဘယ်ကောင်းမလဲ။ အဖွဲ့တိုင်းမှာ ကောင်းတဲ့သူပါသလို မကောင်းတဲ့သူတွေလည်းပါမှာပဲ။ ခွဲပြီးကြည့်ဖို့လိုမယ်ထင်တယ်။ (ဆရာလုပ်တာ လုံးဝမဟုတ်ပါ) အကောင်းဆုံးက မနှစ်ကလုပ်တဲ့သူတွေနဲ့ ပြည်ခိုင်ဖြိုးအဖွဲ့ညှိနှိုင်းပြီးအကောင်းဆုံး ဆောင်ရွက်နိုင်ရင်ကောင်းမယ်ထင်တယ်. စာရင်းဇယားတိတိကျကျ ရှင်းလင်းနိုင်အောင်အထိ ကြိုတင်ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ထင်ပါတယ်..

    • kokoover

      January 15, 2012 at 9:55 pm

      မောင်ကောင်းရေ.
      အဘ မင်ပြောသလို လုပ်ခိုင်းလိုက်မယ်

    • လူတော်ကလေး

      January 16, 2012 at 11:12 am

      ကိုကောင်း
      ထွန်းလင်းအောင်ရေးတာက ၁။ စာရေးဆရာတွေကိုညာဖိတ်တယ်။ ၂။ ပွဲလန့်တုန်းဖျာ
      မခင်းစေချင်တာ ၃။ သူတပါးစိုက်ထားတဲ့အပင်ကို အချောင်မယူစေချင်တာ ၄။တောင်ငူသား တစု
      လက်ချက်သာဖြစ်ကြောင်းသိစေချင်တာ ၅ ။တောင်ငူသတင်းထောက်တွေ တာဝန်မကင်းကြောင်း
      သိစေချင်တာပါ။ စာပေဟောပြောပွဲကိုသူလည်းထောက်ခံထားပါတယ်။ စာကိုသေချာစွာဖတ်စေ
      ချင်ပါတယ်။

  • windtalker

    January 15, 2012 at 6:42 pm

    မတူညီတဲ့ အတွေးအခေါ်လေးနဲ ့မန် ့ချင်လာတယ်ဗျာ
    ပြည်ခိုင်ဖြိုး အဖွဲ ့က ဘာမှ လုပ်ခွင့်မရှိဘူး ဆိုတဲ့သဘောလား ဗျ ။
    ခေတ်အပြောင်း စနစ်အပြောင်း ၊ နိုင်ငံတော် နဲ ့အမျိုးသားတစ်ရပ်လုံး ပြန်လည်ထူထောင်နေတဲ့ အချိန်မှာ ၊ အတိတ်ဟောင်းတွေ ကို မေ့ပစ်လိုက်ရင် မကောင်းဘူးလားဗျ ။
    ကျွန်တော် သည် မည်သည့်အဖွဲ ့ဝင်မှ မဟုတ်ပါ ။ သည်ပို ့စ် ကို ဖတ်အပြီး ၊ တွေးမိသည် ကို မန် ့လိုက်ပါသည် ။

    • kokoover

      January 15, 2012 at 10:17 pm

      သဘောပါပဲ..
      ကိုနီကိုလပ်ကေ့စ် ရေ..

    • လူတော်ကလေး

      January 16, 2012 at 11:17 am

      လုပ်ပါစေနော့။

  • ကိုမောင်ပေ ရေ။ကျနော့် အမြင်မှာတော့ ခွင့်လွှတ်သင့်သူကိုတော့ ခွင့်လွှတ်သင့်ပါတယ်။
    တကယ်ကိုအောက်က ပါတီဝင်တွေဟာ မှိုင်းလုံးမိပြီး အခွင့်အရေး ရလိုရညား လက်စွမ်းပြ
    ခဲ့ကြသူတွေပါ။ဒါပေမယ့် တကယ်ကို အပြစ်ရှိသူတွေက တော့ အထက်က
    အာဏာရူးသူတောင်းစားတွေသာ ဖြစ်ပါတယ်။ခုလို စာပေဟောပြောပွဲက ကြံ့ခိုင်ရေးပါတီ
    ကဦးဆောင်လုပ်တယ် ဆိုတဲ့အတွက်လဲ ကောင်းတဲ့ လုပ်ရပ်တစ်ခုပါ။

  • zaw min

    January 15, 2012 at 7:18 pm

    ကျနော့်အမြင်မှာတော့…စာရေးဆရာတွေဆိုတာ ပြည်သူတွေကျွေးတဲ့ထမင်းကိုစားတဲ့သူတွေ၊ပြည်သူတွေကလေးစားကြည်ညိုတဲ့သူတွေ သူတို့ကဘယ်အဖွဲ့ကပဲဖိတ်ဖိတ် ပြည်သူတွေအတွက်သူတို့က လာရမှာပဲလေ…
    အရေးကြီးတာက …ပြည်သူတွေကို သူတို့တွေက တစ်ဆင့်ပြန်လည်မျှဝေပေးတဲ့ သူတို့ရဲ့အနုပညာခံစားချက်တွေနဲ့သူတို့ရဲ့အတွေ့အကြုံတွေ၊အတွေးအခေါ်တွေပါပဲ…ဘာတွေကို ပြည်သူတွေအတွက်ပေးခဲ့တာလည်း၊ပြည်သူတွေရဲ့ရင်ထဲကိုဘာတွေထည့်ပေးလိုက်နိုင်တာလည်း….အဲဒီအကြောင်းအရာတွေကပိုပြီးအရေးကြီးပါတယ်…ဆိုင်းပုဒ်ပေါ်က ခေါင်းစဉ်ထက်…သူတို့ဟောပြောချက်က ပြည်သူတွေအတွက်ပဲဖြစ်စေချင်ပါတယ်…

  • ကောင်းမြတ်သူ

    January 15, 2012 at 8:10 pm

    ဆရာကျာ်ဝင်းရေးတဲ့ အငြင်းသန်တဲ့ မဇ္ဈိမသား စာအုပ်ကိုရှာဖတ်ကြစေချင်တယ်ဗျာ…

    • kokoover

      January 15, 2012 at 10:26 pm

      ဆြာချက်ဆိုဒ်မှာလား

  • ပေစိ

    January 15, 2012 at 9:12 pm

    ပြည်ခိုင်ဖြိုးလို့အများခေါ်တဲ့အဖွဲ့အစည်းဝင်အများစု(အကုန်လုံးမဆိုလို၊အကုန်လုံးနီးပါး)ဟာ ကိုယ်ကောင်းစားရေးဝါဒ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့ အတ္တသမားတွေပါ ကြားဖြတ်ရွေး ကောက်ပွဲနီးလာလို့ စည်းရုံးတဲ့သဘောများလား

    • kokoover

      January 15, 2012 at 9:50 pm

      ဒေါက်ခံ တယ်
      မောင်ပေစီ

  • kokoover

    January 15, 2012 at 9:14 pm

    ပြည်ခိုင်ဖြိုးအော်ပီကျယ်၊ မောင်သာချို။ ဦးဘုန်း(ဓာတု) အပါအဝင်ရဲရဲတောက်စာရေးဆရာဘာလဲ…ဘယ်လဲ…

  • nature

    January 15, 2012 at 11:50 pm

    ဘာပဲဖြစ်ဖြစ်ကျွန်တော့်အမြင်ကတော့ အကောင်းမြင်ဝါဒနဲ့ကြည့်ယခင်ထက်သာတဲ့ တိုးတက်မှုတခု လို့မြင်ပါတယ်။ စာပေဟောပြောပွဲတွေလွယ်လွယ်ကူကူလုပ်နိုင်လာတာ တိုးတက်မှုတခုလို့မြင်ပါတယ်။

  • ကောင်းမြတ်သူ

    January 16, 2012 at 10:20 am

    အမြင်မှားတဲ့အချိန် မှားခဲ့ကြတာတွေကို မေ့သင့်ပါတယ် ရဲဘော်တို့ရယ်…… လမ်းမှန်ဘက်ကို ဘယ်နည်းနဲ့လုပ်လုပ် လက်ခံကြည့်ပါအုံး။ လမ်းမှန်ကိုသွားနေတာကို တားလိုက်ရင် သူနောက်ကြောင်းပြန်လှည့်ဖို့ပဲရှိတယ်ဗျာ……. ပေးလုပ်ခိုင်းလိုက်ပါ….. ကိုထွန်းလင်းအောင်ရေ အဲဒီပွဲလေးပြီးဆုံးခဲ့ရင် သူတို့လုပ်ရပ်တွေကို MG မှာပဲဆက်တင်ပေးပါအုံးဗျာ…. ဒီနေရာက comments ကိုတွေကိုဆက်ကြည့်ချင်လို့ပါ။ ခေါင်းစဉ်ကိုတော့ ဒီခေါင်းစဉ်အတိုင်းအပိုဒ်ခွဲလေးနဲ့တင်ပေးရင်ပိုကောင်းတယ်ဗျာ…….

  • naywoonni

    January 16, 2012 at 10:31 am

    ငါတို့ဆီမှာတော့ 2011 ဘာစာပေဟောပြောပွဲမှမဖြစ်ခဲ့ဘူး…။ ချိတ်ချိုးစရာတောင်နေဘီ

  • manawphyulay

    January 16, 2012 at 12:16 pm

    ဘယ်သူ ဦးစီးလို့ ဘယ်လိုဖြစ်တာဆိုတာ ခေါင်းထဲ ထည့်စဉ်းစားဖို့ မလိုပါဘူး။ သူတို့ကရော သူတို့ဦးစီးပြီး သူတို့အကြောင်း အကောင်းပြောပါလို့ စာရေးဆရာတွေကို ပြောခဲ့ပါသလား။ ဒါမှမဟုတ် သူတို့က မည်သူ့နာမည်ခံတွေနဲ့ ဘယ်လိုလုပ်လို့ လာကြတာလဲဆိုတာ စဉ်းစားမနေပါနဲ့ အဓိက ကိုယ့်မြို့ ကိုယ့်နယ်မှာ စာပေဟောပြောပွဲ ကိုယ်မလုပ်နိုင်လို့ သူများ ဦးဆောင်တာကို ကျေးဇူးတင်လိုက်ပါ။ ပုဂ္ဂိုလ်စွဲတွေ ခဏမေ့လိုက်။ သူတို့လည်း လမ်းကြောင်းပြောင်းရင် ကိုယ်လည်း ဘာလို့ လက်တွဲမခေါ်ရဲကြတာလဲ.. အတူတူသွားမှ လမ်းကြောင်းတစ်ခုပေါ်ရောက်မှာပေါ့။ ငယ်တုန်းကလို သူက ငါနဲ့မတည့်ဘူး။ သူ့ကို နင်လည်းမခေါ်နဲ့ဆိုသလို ကလေးကစားကြတဲ့အရွယ်တွေလည်း မဟုတ်ကြတော့ပါဘူး။ ကိုယ်တောင် နေ့ည ရှိဦးမှာလား သေမလားဆိုတာ ဘယ်သူမှ မပြောနိုင်ကြဘူး။ တရားသဘောနဲ့ ဆင်ခြင်ရင် အားလုံးက ဖြစ်ပျက် သဘောတရားပါပဲ။ နောင်အနာဂတ်ကောင်းဖို့ပဲ စဉ်းစားကြစေလိုပါတယ်။ (ကျွန်မလို ဘာမှမသိတဲ့သူ ဆရာလုပ်တယ်လို့လည်းမထင်စေချင်ပါဘူး။ ကျွန်မရဲ့ ပိန်းနေတဲ့စိတ်လေးနဲ့ ဝင်ပြောကြည့်တာပါ။ ဘာဘာ ဘာမှမဟုတ်ပါဘူးလို့ ပြောပါရစေရှင်)

    စာပေဝါသနာရှင်တစ်ဦး

  • စိန်ပေါက်ပေါက်

    January 16, 2012 at 12:16 pm

    http://myanmargazette.net/93929/society-lifestyle/events-fundraise
    ဪ..ဪ..
    သိပါဘူး..
    သများအားပေးထားတာလေး ဖျက်လိုက်သလားလို ့စဉ်းစားနေတာ…
    ၂ခေါက် ထပ်ရေးသကိုး..
    ကောင်းလေစွတဂါး..

  • char too lan

    January 16, 2012 at 2:12 pm

    ဘယ်ဟာက အဓိကလဲ ???
    မသိလို့မေးတာနော် ………….
    ဘာတွေပြောမလဲဆိုတာ အခွေထွက်မှပဲ သိရတော့မယ်ထင်တယ် 🙄

  • kokothandar

    January 17, 2012 at 1:49 pm

    ဒီ ဆရာတွေဟာ ကျတ်ဖွတ် ရေးပေးတဲ့စာ အတိုင်းဖတ်ပြမယ်လို့မထင်ပါဘူး ဖတ်ပြရင် သူတို့သမိုင်းပျက်ပြီ

Leave a Reply