မြန်မာပြည်မှာ ရောင်းစရာများကျန်သေးလား….
ကျွန်တော်တို့မြန်မာနိုင်ငံဟာ မြေပေါ်မြေအောက် သယံဇာတများဖြင့် ပေါကြွယ်ဝတဲ့နိုင်ငံပါ… တကယ်သာ လုပ်နိုင်မယ်.. လုပ်ဖို့အရင်းအနှီးရှိမယ်ဆိုရင် စားမကုန်တဲ့ လိုတရ ရွှေခွက်ကြီးကို ပိုင်ဆိုင်ထားတယ်ဆိုလည်း မမှားပါဘူး… ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တကယ်သယံဇာတတွေကို သုံးပြီး အလုပ်ဖြစ်နေတာကတော့ အိမ်နီးခြင်းနိုင်ငံခြားသားများသာ ဖြစ်နေတာရင်နာစရာကောင်းပါတယ်… တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားများဟာ မြင်သာမြင်သာမြင်ပြီး မကြင်ရတဲ့ဘဝဖြစ်နေတာ တော်တော်ကိုဆိုးပါတယ်…ရခိုင်နဲ့ မုတမကွေ့မှာရှိတဲ့ ဓါတ်ငွေ့သိုက်များမှ နိုင်ငံရဲ့သယံဇာတတွေဖြစ်တဲ့ ဓါတ်ငွေ့မြောက်များစွာဟာ အိမ်နီးခြင်း ကျွန်တော်တို့ထက် တိုးတတ်တဲ့ နိုင်ငံတွေဖြစ်တဲ့ ဓါတ်ငွေ့လိုအပ်ချက်များရှိတဲ့ တရုတ်၊ ထိုင်း နိုင်ငံတွေဆီကိုဘဲ ရောင်းစားနေကြရပါတယ်… ကျောက်စိမ်းဆိုလျှင်လည်း နှစ်စဉ် ကျောက်မျက်ရတာနာပွဲများ ကျင်းပပြီး ရောင်းနေပါတယ်… တရုတ်နိုင်ငံဟာ အများဆုံး ဝယ်ယူလေ့ရှိပြီး သူတို့ဆီမှာ ဒီကျောက်စိမ်းအကြမ်းထည်တွေကို လိုသလိုပြုပြင်ပြီး အနောက်နိုင်ငံတွေကို ပြန်ရောင်းချရာကနေ ဝင်ငွေအဆမတန် ရရှိပါတယ်… ကျွန်းသစ်တိုဆိုလျှင်လည်း ဒီအတိုင်းပါဘဲ.. ကျွန်တော်ပြောခြင်တာက အဲ့ဒီလို သယံဇာတ စီးဆင်းမှု့အပြင် ယခုတဖန် ဂျာနယ်တစ်ခုမှာ ကော့သောင်း ကန်းရိုးတန်းမှာရှိတဲ့ ကျွန်းတွေကိုပါ ရောင်းမယ်ဆိုတော့ တော်တော်နားမလည် ဖြစ်သွားတယ်.. အဲ့ဒီ ကော့သောင်းဘက်ဟာ ကျွန်တော့်လို အထက်မြန်မာနိုင်ငံ၊မန်းလေးဘက်သာမက အောက်မြန်မာနိုင်ငံ ရန်ကုန်ဘက်ကနေပါ သွားလို့လာလို့ အလွန်မလွယ်ကူပါဘူး… သွားရတာခက်တက်အပြင် စရိတ်စကကလည်း အင်မတန်ကြီးတဲ့အတွက် မသွားနိုင်ကြပါဘူး… သွားတော့ သွားကြည့်ခြင်ပါတယ်.. ကျွန်တော်တို့နိုင်ငံရဲ့ တကယ်ပင်လယ်မှာရှိတဲ့ ကျွန်းတွေရဲ့ အလှတရားတွေကို လေ့လာခြင်တယ်… အဲ့ဒီဒေသမှာရှိတဲ့ တိုင်းရင်းသား စလုံလူမျိုးတွေရဲ့ အလေ့အထတွေကို လေ့လာခြင်ပါတယ်…ကျွန်တော်မသိတာက အဲ့ဒီကျွန်းတစကျွန်းလုံးကိုဘဲ ရောင်းတာလား… ကျွန်းရဲ့တစ်စိတ်တစ်ဒေသ မြေကိုဘဲရောင်းတာလားကိုပါ..သတင်းမှာပါတာတော့ ဧက ၅ဝ ပါမြေအစိတ်အပိုင်းကို ဒါ်လာ ငါးသန်းနဲ့ရောင်းမယ်လို့ ဖတ်ပါတယ်…လာရောက်စုံစမ်းတဲ့သူတွေ ဖုန်းနဲ့စုံစမ်းတဲ့သူတွေတောင် ရှိနေပါပြီ… ကော့သောင်းဒေသမှာ နံမည်ကျော် သူဌေး ကျွန်းဆိုတာရှိပါတယ်.. ထိုင်းနိုင်ငံဘက်က သူဌေးတွေ နိုင်ငံခြားသားတွေသာ တည်းခိုနိုင်လောက်တဲ့ အင်မတန်ဈေးကြီးခန်းနားတဲ့ ထိုင်းနိုင်ငံသားပိုင် ဟိုတယ်ကြီးရှိပါတယ်… မြေကိုရောင်းလို့ အဲ့ဒီလို ဟိုတယ်တွေ ဆောက်ရင်ရော ကျွန်တော်တို့လူမျိုးတွေအတွက် ဘာအကျိုးရှိနိုင်မလဲ.. ကျွန်တော်တို့လည်း သွားရောက်တည်းနိုင်တဲ့ နှုန်းထားရှိပါသလား.. ဒီကိစ္စကို ရွာထဲမှာ သတင်းပေးရင်း အမြင်လေးတွေပေးကြပါအုံး… နိုင်ငံအတွက် အကျိုးရှိတဲ့ ကိစ္စဆိုရင်လည်း လုပ်သင့်တယ်ပေါ့..
16 comments
thit min
January 15, 2012 at 4:27 pm
မြန်မာပြည်မှာရောင်းစရာကျန်တာ မကျန်တာထက် လုပ်စရာတွေတပုံကြီးပါ။
လုပ်ခွင့်မရှိလို့
လုပ်နိုင်စွမ်းမရှိလို့
လုပ်မဲ့သူမရှိလို့
လုပ်ချင်သူမရှိလို့
လုပ်ရမှန်းမသိလို့
လုပ်ရမှာနဲ့လုပ်နေတာနဲ့လွဲနေလို့
လုပ်ချင်တာနဲ့လုပ်သင့်တာနဲ့ “လဲ” နေရလို့
—————————————————–အများကြီးရှိနေပါသေးတယ်။နှစ်ပေါင်းများစွာအတွက်ပါ။
windtalker
January 15, 2012 at 6:33 pm
ဟုတ်တယ် ကိုသစ်မင်း ပြောသလိုပါဘဲ
ကိုယ့်မြို ့၊ ကိုယ့်ရွာ ၊ ကိုယ်ရောက်နေတဲ့နေရာ ၊ ကိုယ့်ဘေး မှာဘဲ ကြည့်လိုက်ရင်ကို
လုပ်စရာတွေ တစ်ပုံကြီးတွေ ့မြင်လာရမှာပါ ။
အတိသဉ္ဇာ နာဂရ ချစ်သူ
January 15, 2012 at 7:36 pm
မြိတ်ကျွန်းစုတွေဖက်ပါလှည့်သွားကြပြန်ပီပေါ့။
ခက်တော့နေပီဗျာ။ဟုတ်တော့ ဟုတ်တယ်ဗျာ…
ပြောရင်လဲ သူများတွေဘဲ အပြစ်ဖြစ်ရမယ်ဗျာ။
တိုင်းပြည်ကတော့ ခေတ်သစ် ကိုလိုနီလက်အောက်
မှာဘဲလေဗျာ။
Gipsy
January 15, 2012 at 8:44 pm
ကျန်သေးတယ် .. “ လေ ”
Xii
January 15, 2012 at 8:49 pm
အပေါ်က ဘလော့ဂ် ရေးသူ မေးထားတဲ့ မေးခွန်းကို ကျွန်တော် ဖြေကြည့်ချင်ပါတယ်။ ဟုတ်ကဲ့ပါ။ မြန်မာနိုင်ငံမှာ ရောင်းစရာတွေ အများကြီး ကျန်နေပါသေးတယ်။ ဒီအချက်နဲ့ ပက်သက်ပြီး နည်းနည်းလောက် ပြောပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ သဘာဝ သယံဇာတ တစ်ချို့တစ်ဝက်က တခြားတိုင်းပြည်တွေကို ရောင်းလိုက်ပြီးပါပြီ။ တကယ်လို့ သဘာဝသယံဇာတ တွေ မကျန်ခဲ့ရင်တောင် ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားတွေရဲ့ လူသား အရင်းအမြစ်တွေ ကျန်နေပါသေးတယ်။ ဥပမာ စင်္ကာပူနိုင်ငံလို့ပေါ့။ ရောင်းလို့ ရတဲ့ အရာတွေထဲမှာ လူသားတွေရဲ့ ပညာစွမ်းရည်က တန်ဖိုး အမြင့်ဆုံး တစ်ခုပါ။ ဘာကြောင့် ကုန်လွန်သွားခဲ့တဲ့ သယံဇာတတွေကို ပြန်ပြီး တမ်းတနေရမှာလဲ။ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းကို ဘာလို့ ထုတ်မရောင်းရမှာလဲ။ ကျွန်တော်တို့ မြန်မာ ပြည်သားတွေကလည်း တခြားနိုင်ငံသားတွေလို အိုင်ကျူရှိပါတယ်။ မြန်မာနိုင်ငံတိုးတက်ဖို့ သဘာဝ သယံဇာတတွေ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းတွေ မြင့်မားဖို့ပါပဲ။ ဒါပေမယ့် လုပ်ချင်ရင်တောင် မလုပ်ခဲ့ရတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လုပ်ပိုင်ခွင့် ပိတ်ဆို့မူတွေ ပျောက်သွားခဲ့ရင်တော့…။
ပေစိ
January 15, 2012 at 9:16 pm
လှေခွက်ကြီးကျန် အလံမလဲ ဟုတ်ပေါင် အခွန်ကြီးကျန်မှ အမေစုဆီ ထိုးပေးဖို့လုပ်နေပြီလားမသိဘူး တိုင်းပြည်ရဲ့အဆီအနှစ်တွေကို နိုင်ငံခြားသား(လက်သင့်သူတွေကိုကျွေး)၊ သူတို့က အရိုးအရင်းကိုက်နဲ့ ပြောတော့ပါဘူးလေ
kokoover
January 15, 2012 at 9:19 pm
ငါတူရယ် လွယ်ပါတယ်
သူတို့ဆီက တယောက်ကို
တစ်ဘီလျှံနှုန်း ပြန်ပေးခိုင်းလိုက်
ပြည်သူတွေ အကျိုးရှိမှာပါ
kanjosan
January 15, 2012 at 9:38 pm
Xii ပြောတဲ့ အချက်က တကယ်ကောင်းပါတယ်.. ဒါပေမဲ့ ကျွန်တော်တစ်ခုမေးချင်တယ်… အဲ့ဒီလူသားအရင်းအမြစ်တွေမှာ တကယ်တော်တဲ့ ပညာတတ် နိုင်ငံတကာနဲ့ယဉ်ဘောင်တန်းနိုင်လောက်တဲ့ ပညာတတ်ထားတဲ့ဦးရေဟာ ဘယ်အချိုးအစားရှိပါသလဲ… သူတိုတွေကရော တကယ့်လက်တွေ့ကျကျ အဆင့်မှီမှီ သင်ကြားပို့ချခြင်းခံထားရပါသလား… ပညာရေးအဆင့်အတန်း နိမ့်ကျခြင်းဟာ လူသားအရင်းအမြစ် ဖွံဖြိုးမှု့မှာ သက်ရောက်မှု့ရှိပါတယ်… ပညာရေးမှာ သူများနိုင်ငံတွေနဲ့ယှဉ်ရင် နိမ့်ကျလွန်းနေတာ အရင်ပြုပြင်သင့်ပါတယ်.. အခုကြားတာတစ်ခုက University တွေမှာ Subli Exam စနစ်ကို ဖျောက်တော့မယ် ကြားပါတယ်.. အင်မတန်ကောင်းပါတယ်… ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှု့များများ လုပ်လိုက်ရင် နောက် ၁ဝ နှစ်လောက်ဆို မှီကောင်းမှီနိုင်ပါတယ်…
unclegyi1974
January 15, 2012 at 10:51 pm
ဂျိုုဆန်ရေပညာရေးအမှီလိုက်ဖို့က၁ဝနှစ်နဲ့မဖြစ်နိုင်ဖူးနဲတူတယ်နော်
ရောင်းစရာဘာကျန်ကျန်မကျန်ကျန်
နိုင်ငံအတွက်တကယ်လိုအပ်လို့လုပ်တာဆိုအကုန်ထောက်ခံတယ်ဗျာ
တကယ်မလိုအပ်ပဲအကျိုးလိုလို့ညောင်ရေလောင်းတာမျိုးမဖြစ်ဖို့ပဲ
Foreign Resident
January 16, 2012 at 6:46 am
kanjosan ရေ
အဘရဲ့
စဉ်းစားကြစေလိုပါတယ် ( အဆဲခံချင်လို့ကိုရေးတယ် ( ၅ ) ) Post မှာ
နဲနဲ တို့ထိထားပါတယ်ကွယ် ။
အားပေးပါအုန်း ။
Thel Nu Aye
January 16, 2012 at 10:34 am
မရောင်းတော့ဘူး။ သူတို့ကိုခေါ်ပြီးပဲလုပ်ခိုင်းလိုက်တော့မယ်။
manawphyulay
January 16, 2012 at 11:12 am
ရောင်းစရာတွေကတော့ ရောင်းမယ်ဆိုရင် အများကြီး ကျန်သေးတာပေါ့။ ပညာရေးမှာ နောင်၁ဝနှစ်အထိ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းအောင် မြှင့်တင်မယ်ဆိုရင် နိုင်ငံမှာ ပညာတတ်လူတန်းစားကတော့ ကျန်မှာမဟုတ်တော့တာ အသေအချာပါပဲ။ ပညာရေးတစ်ခုထဲ မြှင့်တင်လို့မရပါဘူး။ သူများနိုင်ငံကို ပညာတတ်တွေ မထွက်အောင် ကိုယ့်နိုင်ငံမှာ အခြေချနိုင်အောင် ကြိုးစားလုပ်ဆောင်ဖို့ အများကြီးလိုပါသေးတယ်။ နောက် အချိန်တွေလည်း ရောင်းလို့ရသေးတယ်။ ဒီမှာက ပညာတတ်ရင်မလုပ်ချင်ကြတာကတော့ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်က တန်းတူ အချိုးမကျလို့ပါပဲ။ တန်းတူအချိုးကျအောင် လုပ်မယ်ဆိုရင်တော့ အထွက်နည်းသွားမယ်လို့ မြင်မိပါတယ်။ အလုပ်လုပ်တာချင်း အတူတူ ရတာချင်း တူတယ်ဆိုရင်တော့ သူများနိုင်ငံမှာ ကျွန်မခံကြတော့ပဲ ကိုယ့်နိုင်ငံမှာပဲ အခြေချတော့မှာပေါ့။ နောက်တစ်ချက်က သဘာဝသယံဇာတတွေ ပေါကြွယ်ဝတယ်လို့သာ သီချင်းတွေစပ်ကြ ဆိုကြလုပ်နေကြတာ သူများကို ပေးဖို့နဲ့ ရောင်းဖို့ပဲ အတွေးရှိကြဟန်တူပါရဲ့။ ဒါတွေကို ဘယ်လိုတိုးတက်အောင် ကိုယ့်ပြည် ကိုယ်နိုင်ငံ ဒီထက်ပို တိုးတက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့စိတ်ကလေးတစ်ချက်လေးတော့ ဝင်စေချင်ပါတယ်။ သိပ်မပြောချင်ပါဘူး။ ဒီလောက်ပဲ ပြောတော့မယ်။
ကြောင်ကြီး
January 16, 2012 at 12:12 pm
မြန်မာပြည်မှာ အနောက်နိုင်ငံများ၊ ဂျပန် စတဲ့အကောင်ကြီးတွေဝင်လာရင် တရုတ်တွေ ကျုပ်တို့နိုင်ငံအပေါ် ဘယ်လောက် ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့ကြသလဲ ဆိုတာတွေ့ရလိမ့်မယ်။ တရုတ်ကြီးကို လျှော့ဈေးပေး ရောင်းနေတာတွေ အခုထဲက စလျှော့သင့်နေပြီ။ြ မန်မာပြည်မှာ ဝယ်လက် တရုတ်ကြီးတဦးထဲ မဟုတ်တော့ဘူးဆိုရင် ဈေးနှုန်းပြင်ဆင် သတ်မှတ်ဖို့ လိုနေပြီ။ အနောက်နိုင်ငံနဲ့ ဂျပန်ကော်ပိုရေးရှင်းကြီးတွေကို တရုတ်ကုန်သည်တွေနဲ့ အပြိုင်ဈေးဖွင့်ပေးလိုက်။ ဈေးကွက်က သူ့အလိုလို ဈေးနှုန်း သတ်မှတ်ပေးသွားလိမ့်မယ်။။။ တရုတ်ကြီးရေ ဘိုင့်ဘိုင် ချဲရီးယို….။
အတိသဉ္ဇာ နာဂရ ချစ်သူ
January 16, 2012 at 12:18 pm
သယံဇာတပေါတဲ ့နိုင်ငံတွေဟာ အဆင်းရဲဆုံးနိုင်ငံတွေဆိုပါလားဗျ……
စိတ်ကုန်တယ်ဗျာ။
nyeinchan
January 16, 2012 at 1:04 pm
သယံဇာတကျိန်စာဆိုလားလဲနော့
Harumoto
January 16, 2012 at 1:30 pm
ရောင်းမယ်ဆိုလဲ ရောင်းစားကြပါ။
သယံဇာတတွေ ရောင်းမှ ဝင်ငွေရမှာပါ။
ကုန်ချင်ကုန်ပါသွားပါစေ။
တခုတော့ပြောပါရစေ….
တိုင်းပြည်အတွက် ကိုက်စရာ အရိုးလောက်ဖြစ်ဖြစ်
ပြန်ပေးကြပါခင်ဗျား…..။
ဘယ့်နယ့်ဗျာ….အရင်လူက အရိုးတောင် ချန်မထားခဲ့လို့။