“အာရုဏ်ဦးနေခြည် ကန်ရေပြင် စိမ်းညို့ ကြာပန်း”(အပိုင်းသုံး)











“အာရုဏ်ဦးနေခြည် ကန်ရေပြင် စိမ်းညို့ ကြာပန်း”(အပိုင်းသုံး)
ကျနော့်အိတ်ထဲက ဖုန်းလေး က အသံမြည်လာတော့ ကျနော်နဲ့ချိန်းထားတဲ့သူကသူလာတော့မယ်ဆိုတာကို
လှမ်းအကြောင်းကြားတာပါ။
အဲဒါနဲ့ အခု ကရိဝိက်ထပ်ဖြားမှာရောက်နေတယ် လက်စသပ်ပြီးထွက်ခဲ့မယ်လို့ပြောလိုက်ပါတယ်။
ဒါနဲ့ဘဲ ကန်တော်ကြီးအရှေ့ဘက်ကနေ အနောက်ဘက်ကို ပြန်လှည့်လာခဲ့ပါတယ်။
ကန်အလည်မှာတော့ ကြာဖက်တွေက ရေလည်မှာ ဖြန့်ခင်း။
သူ့အပေါ်မှာတော့ ရေစက်ရေပေါက်တွေ ကို ထမ်းထား။
နီစွေးစွေးကြာပန်းလေးတွေကလဲ အရိုးထောင်ထောင်နဲ့လှပ။
ရန်ကုန်ကန်တော်ကြီးကတော့ ကန်လည်မှာတံတားလေးတွေခင်းထားတော့ လမ်းလျှောက်ရတာ
အဆင်ပြေပါတယ်။
မန်းလေးကန်တော်ကြီးကတော့ ကန်ပါတ်လမ်းကဘဲလျှောက်လို့ရပါတယ်။
ရန်ကုန်မှာတော့ ကန်ရေပြင်မှာ ရွှေတိဂုံဘုရားအရိပ်ထင်နေတာသပ္ပါယ်။
မန်းလေးကန်တော်ကြီးကတော့ အဝေးမှာလှမ်းဖူးမျှော်စရာ မဟာမုနိ။
ရန်ကုန် ကန်တော်ကြီးကတော့ ကရိဝိက်ကတော့ နှစ်ကောင်တွဲခန့်ခန့်ထည် အရှေ့ဖက်ခြမ်းမှာ။
မန်းလေး ကရိဝိက် (ပြည်ကြီးမွန်) က တော့ အနောက်ဖက်ခြမ်း မမြလေးဘုရားနားမှာ။
ရန်ကုန်ကန်တော်ကြီးက ဗျက်ကျယ်ကျယ်။
မန်းလေးကန်တော်ကြီးကတော့အလျားရှည်ရှည်။
ရန်ကုန်ကန်တော်ကြီးအရှေ့ဖက်ကတော့ မြင်မားတဲ့တိုက်တာအဆောက်အဦ။
မန်းလေးမှာကတော့ ရှမ်းကုန်းပြင်မြင့်။
ရန်ကုန်ကန်တော့ကြီးအလှက ကွေ့ကွေ့ဝိုက်ဝို်က် ရှုပ်ရှုပ်ထွေးထွေး လမ်းလျောက်လာသူတွေကပျားပန်းခပ်။
မန်းလေးကန်တော်ကြီးကတော့ကျယ်ပြန့်လွတ်လပ် အေးဆေး လမ်းလျောက်သူ ရှိပေမယ့်ကျဲပါး။
သူ့အလှနဲ့သူ ဘယ်သူသာတယ်လို့မပြောနိုင်ပါဘူး။
ကျနော်လက်ဆော့ရင်းလမ်းလျောက်အလာ တောင်ဘက်ပေါက်ကအထွက် ကားဂိတ်နားရောက်တော့
ကျနော်နဲ့ချိန်းထားသူကရောက်နှင့်။
ဒါနဲ့ဘဲ ရွှေတိဂုံစောင်းတန်းနားကလက်ဖက်ရည်ဆိုင်မှာသုံးယောက်သားစကားတွေပြောဖြစ်ကြပါတယ်။
8း00ထိုးခါနီးတော့ သုံးယောက်သားနုတ်ဆက်လို့လမ်းခွဲ။
ကဲ ဘယ်အချိန်များမှပြန်ဆုံမယ်မသိဘူးနော်………………………
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(16-1-12)
14 comments
Diamond Key
January 17, 2012 at 9:42 am
အားပေးသွားပါတယ် ခင်ဗျာ 😀 ပုံ ၁။ ၂ ။ ၅ ကို ခိုက်တယ်ဗျာ
စိန်ပေါက်ပေါက်
January 17, 2012 at 9:57 am
ရွာတောင်ပိုင်းက အေးမြတို ့ရေခပ်ဆင်းတဲ့ သများတို ့ရေကန်ကြီးတောင် သတိရသွားပြီ
အေးမြရေ..
ခုလောက်ဆို နင့်မလဲ ခေးတွေနဲ ့
ငါ့မလဲ အကြွေးတွေနဲ ့ဟ.
Moe Z
January 17, 2012 at 10:41 am
လေးပေါက်ရေ အောက်ဆုံးကပုံလေးကို သဘောကျတယ်
မျက်စိကိုအေးသွားတာပဲ …
နံပါတ် ၉ ပုံကကြာပန်းလေးကလှပါရဲ့ အမှိုက်တွေကအလှဖျက်နေတယ်
ရေသန့်ဘူးအခွံပစ်ချတဲ့သူကရှိသေး 🙁
windtalker
January 17, 2012 at 11:37 am
အာရုဏ်ဦး
မြာ အစုံ မြူး
ကြာငုံဖူး
အာပုံတူး
koyinmaung
January 17, 2012 at 6:29 pm
ဆရာပေါက်လက်ရာတွေ
အရမ်းကောင်းလာတယ်
၁..၂..၆..၈ ပုံတွေအရမ်းမိုက်တယ်ဗျို့
အားပေးသွားပါတယ်….
M-Lulinရွှေ
January 18, 2012 at 12:46 am
ဦး ပေါက် ပြောတာ အစ က သဘော မပေါက်ဘူး … တံတား ကွေးကွေး လေး ပေါ်နေတာ မိုက်တယ်ဗျာ …
ကိုပေါက်(မန္တလေး)
January 18, 2012 at 5:02 pm
အဲဒီလိုကွေးတာလေး အစက မတွေ့ဘူး။
နောက် ဟိုလျှောက်ဒီလျှောက်နဲ့မှတွေ့ရတာလေ။
ကိုပေါက်(မန္တလေး)
January 18, 2012 at 5:54 pm
တုံမမရေ
နေအတော်မြင့်တယ်ဆို တာ မနက်ခြောက်နာရီကျော်သွားတာကိုပြောတာပါ။
အဲဒီအချိန်ဆို နေမြင့်ပြီ အလင်းက ရင့်သွားပြီလို့ပြောတာပါ။
ဒီပုံတွေက မနက် 6နာရီစွန်းစွန်းလောက်မှာရိုက်ထားတဲ့ပုံတွေပါ.
windtalker
January 18, 2012 at 8:01 pm
ရေသန် ့ဘူး တစ်ဘူး ရယ် သံဗူးခွံ တစ်ခု ရယ် ၊ လေ့လာ တွေ ့ရှိသွားကြောင်းရယ်ပါ
aye.kk
January 18, 2012 at 8:53 pm
ကိုပေါက်ရဲ ့လက်ရာတွေကော်ပီကူးပြီး..
ပိုစတာထုတ်ရောင်းစားရင်ခွင့်ပြုမှာလား..(အလုပ်မရှိလို့)။စတာ……ပါ။
နှစ်သက်စွာနဲ့ကူးယူသွားပါတယ်..
ပိုစတာထုတ်ပြီးအိမ်မှာအလှချိတ်ထားမယ်….။(တကယ်ပြောတာ)
ကိုပေါက်(မန္တလေး)
January 18, 2012 at 10:14 pm
ကောင်းပါပြီ aye.kk ရေ။
အဲလိုသာပိုစတာလုပ်ချိ်တ်ထားမယ်ဆိုရင ်ကျနော်အတော်လေးကိုဝမ်းသာမိမှာအမှန်ပါဘဲ။
ရွှေဘိုသား
January 18, 2012 at 10:32 pm
လေးပေါက် ကျနော်ကတော့ လေးပေါက်ကိုလည်း အပြင်မှာတောင်းပန်ချင်တာနဲ့ အဲဒီနေ့က တောင်းပန်လိုက်ရလို့ တော်တော်ပျော်သွားတယ် မတွေ့ဖူးတဲ့ အွန်လိုင်းအသိတွေနဲ့ တွေ့ရ တစ်ယောက်အကြောင်းတစ်ယောက်ပြောရင်း တကယ့်ရင်းနှီးမှုတွေနဲ့ကြည်နူးခဲ့ရတဲ့ မနက်ခင်းလေးကို
အမြဲသတိရနေပါတယ်ဗျာ ပြန်ဆုံနိုင်ဖို့ မဝေးတော့ပြီလို့လည်း တွေးမိပါတယ် မျှော်နေမယ်နော် နောက်တစ်ယောက် မင်္ဂလာဆောင်ခိုင်းအုံး ဒါမှရန်ကုန်လာဖြစ်မှာမလား
pooch
January 18, 2012 at 11:23 pm
လေးပေါက် အပေါ်ဆုံးပုံ အကြိုက်ဆုံးပဲ ယူသွားပြီ
ကိုပေါက်(မန္တလေး)
January 19, 2012 at 9:33 am
ယူစေသတည်း အခုဦးနှောက်ခြောက်နေတာက ရိုက်ထားတဲ့ပုံတွေအများကြီးကို ဘယ်လိုထိန်းသိမ်းထားရမလဲဆိုတာ တကယ့်ပြဿနာဘဲ………………