အစ္စရေးမှ မမှီကို နှုတ်ဆက်ခြင်းနှင့် မြန်မာပြည်မှ မမှီကို ကြိုဆိုခြင်း
မမှီ နှင့် ကျွန်တော်က ရွာထဲမှာ သိတ်ရင်းရင်းနှီးနှီး ရှိသူတွေ မဟုတ်ကြပါ။ ရွာသူရွာသား ရေးဘော်ရေးဘက် တချို့ကို ကွန်းမန့်တွေ အပြန်အလှန်ပေးရင်း ရင်းနှီးနေခဲ့ပေမယ့် မမှီ နဲ့တော့ တကယ်ကို မရင်းနှီးခဲ့တာ သတိပြုမိပါသည်။ မှတ်မှတ်ရရ မမှီရဲ့ ပေါက်စီ ပို့စ်မှာမှ ကျွန်တော်ပေးတဲ့ ကွန်းမန့်ကို မမှီက ပြန်ရေးသောကွန်းမန့်လေးက ပထမဆုံး ခင်မင်မှုဟု ပြောလို့ရပါသည်။ ထို့နောက် ရွှေတောင်အုန်းနို့ခေါက်ဆွဲ ပို့စ်မှာ တစ်ခါ၊ ထိုင်း ငပိထမင်းကြော်ပို့စ်မှာတစ်ခါ၊ Camel ဈေးမှာတစ်ခါ အပြန်အလှန်ကွန်းမန့်ပေးဘူးသည်ဟု အမှတ်ရမိပါသည်။ ဆိုရလျှင် မမှီ၏ အစ္စရေးရောက် ပို့စ်လေးတွေကို မှတ်မှတ်ရရ မှတ်မိနေခဲ့ပေမယ့် မမှီ ၏ အင်မတန်ဖတ်လို့ကောင်းသောပို့စ်လေးများကို အခုမှ ဖတ်ခွင့်ရခဲ့သည်ဟု ဆိုချင်ပါသည်။ မမှီ ၏ လိုဂိုမှာ ရေးထားသော “စာဖတ်တာ ဝါသနာပါတယ်။ စာလည်းရေးချင်ပါတယ်။ စာစရေးဖို့ ကြိုးစား တာပါ” ဆိုသည့် စာသားသည် မမှီ နှင့် ဘယ်လိုမှ ကိုက်ညီခြင်းမရှိတော့ကြောင်း ကျွန်တော် အကြံပေးလိုပါသည်။ ထိုစာသားကို ယခု ကျွန်တော့်အား အစ္စရေးမှ ရန်ကုန်ပြန်သည့် အထိမ်းအမှတ်ဖြင့် လက်ဆောင်ပေးရန် တောင်းဆိုချင်ပါသည်။ မမှီသည် စာစရေးဖို့ ကြိုးစားသော အဆင့်မဟုတ်တော့ပါ။ အင်မတန်စာရေးကောင်းသူတစ်ယောက်ဖြစ်နေပြီဖြစ်ပြီး ပရိုအဆင့်သို့ တက်လှမ်းဖို့သာ ရှိတော့ကြောင်း ရိုးရိုးသားသား အကြံပေးလိုက်ပါသည်။ ကျွန်တော်၏ ပို့စ်ကို အစ္စရေးမှ မမှီကို နှုတ်ဆက်ခြင်းနှင့် မြန်မာပြည်မှ မမှီကို ကြိုဆိုခြင်း ဟု ခေါင်းစဉ်ပေးလိုက်ပါသည်။ စာရေးကောင်းသူတစ်ယောက်ဖြစ်သဖြင့် စာဆက်ရေးဘို့ကိုတော့ အနူးအညွတ်တောင်းဆိုပါသည်ခင်ဗျာ။
အခုကျွန်တော် ဒီပို့စ်ကိုတင်ဖို့ ရွာကိုဝင်လိုက်တော့ မမှီ ၏ စိုက်ပျိုးရေး ပို့စ်လေးက အပေါ်ဆုံးမှာ ရောက်နေသဖြင့် ပီတိဖြစ် ဂုဏ်ယူမိတာလေး အမှတ်တရ ပြောချင်ပါသည် ခင်ဗျား။
ရင်ကိုထိခတ်ခဲ့သော စကားများ
https://myanmargazette.net/59188/creative-writing
အဖွားအိမ်ပေါ်က ပြန်ဆင်းလာတော့ အမေက ကျွန်မကို ပြောတယ် “အမေ့လို အမေ အသက်မရှည်ချင်ပါဘူး ငါ့သမီးရယ်၊
ကိုယ့်အရိုး ကိုယ်နိုင်တုန်းလေး သေချင်တယ်။ သားသမီး အငြိုအငြင်ခံ သားသမီးကို ဒုက္ခပေးပြီး မနေချင်ဘူး” တဲ့။
အမေ့စကား ကြားတော့ ကျွန်မ အတော်စိတ်မကောင်းဘူး။ အဖေနဲ့အမေ အသက်ကြီးရင် အဖေက အမေကြီးကို ပြုစုသလို
အမေက အမေကြီးကို ပြုစုသလို ကျွန်မ ပြုစုနိုင်ပါ့မလားလို့လည်း တွေးမိပါတယ်။
ကိုယ့်အရိုးလေး ကိုယ်နိုင်တုန်းလေး သေချင်တယ် ဆိုတဲ့ စကားကိုတော့ ကျွန်တော် လည်း ထောက်ခံပါ တယ်ဗျာ။
မမှီဟာ စာရေးကောင်းသူတစ်ယောက်ဆိုတာကို ဒီပို့စ်လေးဖတ်ပြီး လက်ခံလိုက်ရပါတယ်ခင်ဗျာ။
ဝါသနာ တားမရပါရှင်
https://myanmargazette.net/62321/creative-writing
ဒီပို့စ်လေးကတော့ ကြက်တိုက်တာ ဝါသနာပါတဲ့ မမှီရဲ့ အဖေအကြောင်းရေးထားတဲ့ ပို့စ်လေးပါ။
မမှီရဲ့ အဖေက ဆရာကြီး သော်တာဆွေလိုပဲ ကြက်ဝါသနာ ကြီးသူတစ်ယောက်ပါ။ အရေးအသားကလည်း ရိုးရှင်းတာကြောင့်
အစအဆုံး ဖတ်လို့ အဆင်ပြေတဲ့ ပို့စ်လေးပါ။ အဘဆွေ ပေးထားတဲ့ ကွန်းမန့်လေးကို ကျွန်တော်လည်းထောက်ခံတာကြောင့် ဖေါ်ပြပေးချင်ပါတယ်။ အဘဆွေဆိုလို့ အဘဆွေ တစ်ယောက် ပျောက်သွားလိုက်တာ တော်တော်တောင်ကြာပြီနော။
akswe says:
ချစ်ဦးဆိုင် ရောက်နေပလား မသိဘူး သွား..ခေါ်ချေ”။
“ကျုပ်က တော်ပါသွားလို့ လိုက်ထုတ်ရပြီ ထင်တာ” လို့ အငေါ်တူးတော့ ခပ်ပြုံးပြုံးကြီး လုပ်နေပါတယ်။
ညီမလေးက အိမ်ပေါ်မှာ ကြမ်းတိုက်နေပြီး ကျွန်မက မီးဖိုထဲမှာ ဂျင်ခြေလည်အောင် အလုပ်တွေ ရှုပ်လို့။
“ ဦး တောင်ဘက်အခန်းထဲ ထည့်ခဲ့ မြောက်ဖက် အခန်းမှာ တကောင်ရှိသေးတယ်။
အရှေ့ဘက် တန်းလျှားမှာ ဒူးထောင်ပြီး လက်တင်ကာ ထိုင်ရင်း ဆေးပေါ့လိပ်ကြီး တအားနင်းဖွာနေတာ ။
အမေ ” အမေ့ယောက်ကျားကြီး ကြက်ဝိုင်း သွားသေးလားပေါ့” အမေကတော့ ပြုံးပြုံးကြီးနဲ့ ။
မှီရေ … သုံးထားတဲ့ စကားလုံး အသုံးအနှုန်း တွေနဲ့ အရေးအသားက ထိမိတော့ တောဓလေ့ နေထိုင်မှုသဘာဝ ၊
မိသားစု အတွင်းဆက်ဆံ ပြောဆို ပုံကို ပိုပြီး ပီပြင် ပေါ်လွင်စေတယ်…
မီးဖိုထဲမှာ အလုပ်ရှုပ်နေပုံ ကို သရုပ်ဖော်ထားတာများ အသက်တောင် မရှူ နှိုင်ဘူး
( စာရေးဆရာ မောင်ထင် နဲ့ သိပံ မောင်ဝ စပ်ကျပြီး ရေးထား သလိုပဲ)
အဲဒီလိုရေးတတ်ချင်တာ….
ဒီပို့စ်လေးက မမှီ ရဲ့ ရှယ် ပို့စ်လေးတစ်ခု အဖြစ် ညွှန်းရမယ့် ပို့စ်ပါဗျာ။
သံယောဇဉ် နွယ်ပင်
https://myanmargazette.net/63657/creative-writing
ကျွန်တော် အကြိုက်တွေ့မိပြန်တဲ့ မမှီရဲ့ နောက်ထပ်ပို့စ်လေးတစ်ခုပါ။ အိမ်မှာမွေးထားတဲ့ တယ်ရီယာခွေးလေး ဂျက်ကီနဲ့
အိမ်သားတွေရဲ့ သံယောဇဉ်ဖွဲ့ ပို့စ်လေးတစ်ခုပါ။ ဒီပို့စ်လေးအကြောင်းကို အသေးစိတ်ရေးပြချင် ပေမယ့် ကိုယ်တိုင်ဖတ်ကြည့်ဘို့သာ ညွှန်းလိုပါတယ်ဗျာ။ ခွေးလေး ဂျက်ကီရဲ့ လူတစ်ယောက်လို နားလည်ပုံတွေ၊ အရွယ်ရောက်လာတော့ မစိတ်ဝင်လာပုံတွေ နဲ့
ဂျက်ကီသေသွားတဲ့အထိ အသေးစိတ်ရေးပြတာတောင် စာဖတ်သူ ပျင်းရိငြီးငွေ့မသွားအောင် ရေးဖွဲ့နိုင်တဲ့ မမှီ ကို လေးစားပါတယ်ဆိုတဲ့ အကြောင်းလေး လေးလေးစားစား ပြောပါရစေခင်ဗျာ။ ဒီပို့စ်လေးမှာ မမှီ ပြောချင်တာလေးကို ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။
ဂျက်ကီ အိမ်ကို စရောက်လာတာ၊ အိမ်မှာ နေခဲ့တာ၊ ကျွန်မ အိမ်ထောင်ကျပြီးတော့ အိမ်ကို အလည်ပြန်လာတိုင်း မမေ့မလျှော့
ကြိုတတ်တာ တခုပြီး တခုပါပဲ။ ရင်ထဲမှာလည်း ဆို့နင့်မွန်းကျပ်ကာ နေမထိ ထိုင်မသာ။ ဒါနဲ့ပဲ တွေးမိတယ် သံယောဇဉ်ဆိုတာ
နွယ်တပင်လို တွယ်မိတာနဲ့ ဖြည်မရအောင် လျှောက်ပတ်တော့တာပဲ။ အဲ့ဒီ နွယ်ပင်ပတ်ပြီးလို့ ခွာကျသွားတော့ကော အပတ်ခံရသူဟာ
အကောင်းတိုင်း မကျန်တော့ပဲ နွယ်ရာလေးတော့ ကျန်ခဲ့ပါလား။ အပတ်ခံရတဲ့ ကြာချိန်ကို လိုက်လို့ အရာလေးဟာ အချိန်ကြာရင် ကြာသလို
နက်နက်ရှိုင်းရှိုင်း မပျောက်မပျက် ထင်ကျန်ခဲ့ပါလားပေါ့။ လူနဲ့ တိရိစာ္ဆန်တောင် သံယောဇဉ်ဒဏ် ဒီလောက် ခံရတာ လူလူခြင်းသာဆို
ပိုမလွယ်ပါလား။ အခုထိကို သံယောဇဉ် နွယ်ပင်တွေ တခုပြီးတခု တထပ်ပြီးတထပ် အထပ်ထပ် ရစ်ပတ်ခံနေရလို့ နွယ်ပင်ပေါင်း
မနည်းမနောရဲ့ ဒဏ်ကြောင့် အတော်လည်း နက်နေလောက်ပြီ။ ဒီလို နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ နွယ်ပင်တွေ လက်က
ငါဘယ်လိုများ ရုန်းရပါ့လို့ တွေးတောကာ သက်ပျင်းပဲ ချနေမိပါတော့တယ်။
လိပ်ပြာခွဲချိန်
https://myanmargazette.net/64829/creative-writing
ကျွန်တော် ပြန်ဖတ်မိသမျှ မမှီရဲ့ ပို့စ်လေးတွေက ပို့စ်ကောင်းလေးတွေဖြစ်နေတာကို တအံ့တဩ တွေ့ရပါတယ်။
ဒီလိပ်ပြခွဲချိန် ဆိုတာလေးကလည်း ဓလေ့ထုံးတမ်းလေးတစ်ခုအကြောင်းကို ဖတ်သူတွေ ရင်နင့်အောင် ရေးနိုင် ခဲ့ပြန်ပါတယ်။ ဘာတွေရေးထားတယ်ဆိုတာကိုတော့ ကိုယ်တိုင်ဖတ်ကြည့်ပေးကြပါ။ ဖတ်ရကျိုးနပ်မယ် ဆိုတာလေးလောက်တော့ အာမခံနိုင်ပါတယ်ခင်ဗျာ။
ဟတ်ထိသွားတဲ့ အဘဆွေရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးချင်ပါတယ်။
akswe says:
မှီရေ … ဖတ်ပြီး ရင်ထဲမှာနေ လို့မကောင်းတော့ဘူး….အရင်ကသိပ်မခံစားတတ်ပေမယ့် အသက်ရလာတော့ မကြားရက်ဘူး..
အကြောင်းအရာ ကလဲ တစ်ကယ့် အဖြစ်…
အရေးအသားကလည်း အနှစ် ပါ…
ချစ်စရာ ကလေး သေးသေးလေး ကိုလဲ သနား…
ဘဝခြား သွားသူ အတွက် လည်း စိတ် မကောင်း….
ရှေးဟောင်း အယူ လိပ်ပြာခွဲတယ် ဆိုတာလည်း မကြားဘူးတော့ အံ့ဩ…
အဘတော့ …..ဟူးးးး …. ဖတ်ရတာ ရင်မော သွားပြီကွယ်…..
ဒီအဖြစ်အပျက်လေးက လွန်ခဲ့တဲ့ ၁ဝ နှစ်ဝန်းကျင်လောက်က ရန်ကုန်မှာပဲ ဖြစ်ခဲ့တယ်ဆိုလို့ အံ့ဩမိပါတယ် မမှီရေ။
ရန်ကုန်လိုနေရာမျိုးမှာလည်း ဒီလို ဓလေ့ထုံးစံလေးတွေ ရှိနေသေးတာကို ပြောတာပါခင်ဗျာ။
တဒင်္ဂဒေါသ အမှား
https://myanmargazette.net/67253/creative-writing
ဒီပို့စ်လေးကလည်း မဆောင်သင့်တာကို ဆောင်ထားလို့ ဒေါသဖြစ်တဲ့အခါ လက်လွန်ခြေလွန်ဖြစ်သွားတတ်တာ ကို
သင်ခန်းစာပေးသွားနိုင်ခဲ့တဲ့ ပို့စ်လေးပါ။
လူတွေ လူတွေ မဆောင်သင့်တာကို ဆောင်လို့ တဒင်္ဂဒေါသ ထွက်လာချိန်မှာ မထိန်းနိုင်ပဲ ဘာမှမဟုတ်တာလေးနဲ့
အမှားတွေ ကျုးလွန်ကြတာ ဘယ်လောက်တောင်များ များနေပါလိမ့်လို့ သံဝေဂတွေ အထပ်ထပ် ရနေပါတော့တယ်။
ကွန်းမန့်တချို့ကို ဖတ်ကြည့်တဲ့ အခါ ပေးချင်တဲ့ massage ကို မရကြဘူးလို့ ယူဆရတဲ့ ကွန်းမန့်တွေ ပါလာတဲ့ အတွက်
စိတ်မကောင်းဖြစ်မိပါတယ်။
ကျမ အမေနဲ့ ကောင်မလေးတွေ တစ်ညနေ
https://myanmargazette.net/68041/creative-writing
ဒါလေးကလည်း အကျိုးပြုပို့စ်လေးပါပဲ။ မမှီ ရဲ့ အမေနဲ့ ရွာက ကောင်မလေး သုံးယောက်တို့ စကားပြောတာလေး ကို မမှီက
နားထောင်နေတဲ့ ပုံစံလေးနဲ့ ရေးထားတာပါ။ ရွာထဲက အပျိုကြီး အပျိုလေးတွေ ဖတ်ရမယ့် စာသားလေး တချို့ကို ဖေါ်ပြပေးချင်ပါတယ်။
ယောက်ကျားဆိုတာ သူတောင်းစားပဲ ဖြစ်ပါစေ သူ့မှာ အငုံ့မာနတော့ ရှိတာပဲ။ ကိုယ်ကသာ အငုံ့စိတ်ကို သွား မစမိစေနဲ့။
အညှီရှိရင် ယင်အုံတာ ဓမ္မတာပဲ။ ဒါကို မအုံပါနဲ့လို့ ပြောမရဘူး။ ကိုယ်က လိမ္မာပါးနပ်စွာ ကာကွယ်တတ်ဖို့ပဲ လိုတာ။
ကိုယ့်ကို ချစ်ခင်စုံမက်လို့ ပြောတာပဲ မကြိုက်ရင် မကြိုက်ဖူးလို့ ယဉ်ယဉ်ကျေးကျေး ပြောပေါ့။ မိုက်မိုက်ရိုင်းရိုင်း ပြန်မပြောရဘူး။
မုန်းစေလို ခံတွင်းလက်လေးသစ်၊ ချစ်စေလို ခံတွင်းလက်လေးသစ်တဲ့အေ.။ ချစ်ခြင်း မုန်းခြင်း ဒီပါးစပ်ကပဲ ဖန်တီးတာ။
လေးလေး သမီးတွေကို သင်ထားတယ် ကိုယ်က ဘယ်လောက် စိတ်ထဲမှာ မနှစ်သက်ပါစေ ယဉ်ယဉ်ကျေးကျေးပဲ ငြင်းလို့။
ကိုယ်ကသာ မူမှန်ပါစေ ရှေ့မတိုးရဲပါဘူးအေ။ စော်လည်း မစော်ကားဝင့်ပါဘူး။ ကိုယ်နဲ့သူနဲ့ နှစ်ယောက်ခြင်းဆုံတုံး
မိုက်မိုက်ရိုင်းရိုင်း ပြန်ပြောဦးတော့ ဟိုက မွှန်နေလို့ နာရကောင်းမှန်း မသိရင်တောင် လူကြားထဲတော့ မလုပ်ရဘူး။
အေး အဲ့လို လုပ်လို့ တဖက်က ရှက်ပြီး ချစ်စိတ်ကို ရှက်စိတ်လွှမ်းပြီး ရှက်ရမ်းရမ်းလည်း ကိုယ်ပဲ အရှက်ကွဲမှာ။
အငြိုးထားပြီး အကောက်လည်း အကြံခံရနိုင်တာပဲ။ ကိုယ်က မိန်းခလေး ကြံစည်ပြီး လုပ်တော့ မခံရလား။
ကဲ ရွာထဲက အပျိုကြီး အပျိုပေါက်စလေးများ ကိုယ့်ကို ချစ်ခင်စုံမက်လို့ ရည်းဇားစကားလိုက်ပြောရင် ချစ်ရင်ချစ်တယ်၊
မချစ်ရင် မချစ်ဘူး ယဉ်ယဉ်ကျေးကျေး တုန့်ပြန်ကြပါခင်ဗျာ။ ဟေးဟေး စတာပါခင်ဗျာ။ မိန်းကလေးတွေအတွက်
အင်မတန်တန်ဘိုးရှိသော ပို့စ်လေးပါ။ ကွန်းမန့်လေးတွေဖတ်ကြည့်တဲ့အခါ မမှီပြောချင်တဲ့ massage လေးကို ရမှ ရကြပါ့မလားလို့
စိတ်ပူမိပါတယ်ခင်ဗျာ။
လှချင်ရက် စက်စက်ယို
https://myanmargazette.net/72714/creative-writing
ဒီပို့စ်လေးကတော့ မိန်းကလေးသဘာဝ ဆံပင်ကောက်တာ ဖြောင့်တာလေးတွေကို ဖတ်ကောင်းအောင် ရေးထားတာလေးပါ။
ကွန်းမန့်လေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပျော်စရာ ပို့စ်လေးတစ်ခုပါခင်ဗျာ။
ပင်လယ်သေ
ဒါကတော့ မမှီ ရဲ့ ခရီးသွား ပို့စ်လေးပါ။ ရောက်ခဲလှတဲ့ ပင်လယ်သေ အကြောင်းကို ဓါတ်ပုံလေးများနဲ့ တင်ပြထားတဲ့ ပို့စ်လေးပါ။
ကွန်းမန့် ၃ရ ခုနဲ့ စည်စည်ကားကား ပို့စ်လေးတစ်ခုပါ။
မြေထဲပင်လယ်
ဒီတစ်ခါ မြေထဲပင်လယ်အကြောင်း ဓါတ်ပုံလေးတွေဖေါ်ပြပြီး မိတ်ဆက်ပေးပြန်ပါတယ်။ မြေထဲပင်လယ် အကြောင်းလေးနည်းနည်း ဖတ်ကြည့်ပါ။
ကမ္ဘာ့သမိုင်းမှာ သင်ခဲ့ရတဲ့ မြေထဲပင်လယ် ဆိုတာကို အခုလို မျက်မြင်တွေ့ရမယ်လို့ အိမ်မက်တောင် မမက်ဖူးပါဘူး။
အခုတော့ ကမ်းခြေမြို့ ဖြစ်တဲ့ တဲအဗီးလ် ( Tel Aviv) မှာ နေတာဆိုတော့ မမြင်ချင်အဆုံး အမြဲကို တွေ့နေရတာ။
တဲအဗီးလ်မြို့ဟာ မြေထဲပင်လယ် အရှေ့ဘက်ခြမ်းမှာ တည်ရှိပြီး လူဦးရေ အထူအထပ်ဆုံးမြို့ပါ။ နိုင်ငံရဲ့ စက်မှု၊ စီးပွါးရေး၊
ငွေကြေးနဲ့ ယဉ်ကျေးမှု အချက်အချာကျသော မြို့ကြီးပါ။ နိုင်ငံတကာသံရုံး အများစုဟာ တဲအဗီးလ် မှာပဲ ရှိပါတယ်။ ဒီမှာက
သောကြာ၊စနေ ရုံးပိတ်ပါတယ်။ သောကြာနေ့က သူတို့ရဲ့ ဥပုဒ်နေ့ပါ။ တနိုင်ငံလုံးက ဘတ်စ်ကားတွေ ၊ ရထားတွေ မထွက်ပါဘူး။
သောကြာနေ့ ညနေ(၄)နာရီကနေ စနေညနေ(၄)နာရီထိပါ။ စစ်သားတွေလည်း အဲ့နေ့မှာ အတတ်နိုင်ဆုံး အနားပေးပါတယ်။
ကမ်းခြေ၊ ပန်းခြံတွေမှာ မိသားစုလိုက် အဖွဲ့လိုက် အနားယူကြပါတယ်။ အိမ်တွေမှာ ဆူညံတာတွေ အတတ်နိုင်ဆုံး မလုပ်ကြလို့ တိတ်ဆိတ်နေတာပါပဲ။ နေ့လည် နေပူပူကြီးမှာ ကျောဗလာတွေနဲ့ လူတွေမြင်တော့ ကျွန်မမှာ သနားမိနေပါသေးတယ်။ ဘယ့်နှယ့် ငါးခြောက်လှန်းနေသလို မြင်မိလို့ပါ။ မိုးက မရွာသလောက် ရှိတာမို့ တော်ရုံဆို ဘာအပင်မှတောင် ရှင်မှာ မဟုတ်ပါဘူး။ ဒါကို နည်းပညာ
တိုးတက်လွန်းတော့ သဘာဝကို အံတုထားတာများ မယုံနိုင်စရာပါ။ နိုင်ငံ သေးသေးလေးနဲ့ သဘာဝ သယံဇာတကလည်း ဘာမှမရှိပဲ
တိုးတက်နေတာ အံမခန်းပါ။ နေရာတိုင်းမှာ စနစ်တကျမို့ အရာရာဟာ သန့်ရှင်းလှပနေပါတယ်။
အစ္စရေးနိုင်ငံရဲ့ ငွေကြေးစံနစ်ကိုလည်း ရှင်းပြပေးထားပါသေးတယ်။
အစ္စရေးနိုင်ငံမှာ သုံးစွဲတဲ့ ငွေကြေးစနစ်က အစ္စရေးရှကယ် ( New Israel Shekel _ NIS ) တစ်ရှကယ်မှာ ၁၀ဝ အဂ္ဂရော့ ( Agrot)။
ငွေစက္ကူအနေနဲ့ ၂ဝ ရှကယ်၊ ၅ဝရှကယ်၊ ၁၀ဝရှကယ်၊ ၂၀ဝရှကယ် တွေရှိပါတယ်။ ဒင်္ဂါးပြားအနေနဲ့ အသေးဆုံး ၅ပြားစေ့၊
၁ဝပြားစေ့ ( ကျွန်မဘာသာ ခေါ်ထားတာပါ) အမှန်တော့ ၁ဝအဂ္ဂရော့၊၅ဝ အဂ္ဂရော့ပါ။ ၁ရှကယ်၊ ၂ရှကယ်၊ ၅ရှကယ်၊ ၁ဝရှကယ် ရှိပါတယ်။ အခု ပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို ၃.၆ ရှကယ်ရှိပြီး တစ်ယူရိုမှာတော့ ၄.၉၄ လောက်ပေါက်ပါတယ်။
မှတ်မှတ်ရရ ဒီပို့စ်မှာ ကျွန်တော် ပေးခဲ့တဲ့ ကွန်းမန့်လေးကို ပြန်ဖေါ်ပြပေးချင်ပါတယ်။
blackchaw says:
မနေ့က ပင်လယ်သေ၊
ဒီနေ့မြေထဲပင်လယ်
hmee ရေ။
လက်စသတ်တော့
ခင်ဗျားက ပင်လယ်နဲ့တူသောမိန်းမပါလားဗျာ။ ဟားဟား။
လှောင်ပြောင် ရယ်မောခြင်း မဟုတ်ပါဘူး မမှီရေ။ ဒီအတွေ့အကြုံလေးတွေက အင်မတန် တန်ဘိုးကြီးပါတယ်ဗျာ။ ဒီလိုနေရာတွေမှာ အေးအေးဆေးဆေး နေခဲ့ရတဲ့ မမှီ ဘဝကိုလည်း ဂုဏ်ယူမိပါတယ်။
ဂျေရုစလင် ၁
ဂျေရုစလင် ၂
ဂျေရုစလင် ၃
သမိုင်းထဲက နာမည်ကြီး မြို့တစ်မြို့ ဖြစ်တဲ့ ဂျေရုစလင် မြို့ အကြောင်း ဓါတ်ပုံတွေနဲ့ တင်ပြထားပြန်တာပါ။
အင်မတန် ဗဟုသုတ ရတဲ့ ပို့စ်ပါ။ ကွန်းမန့်လေးတွေကို ပြန်ဆွေးနွေးပေးတတ်တဲ့ မမှီက မပဒုမ္မာမေးတဲ့ ရှိတ်စပီးယား ပုံပြင်ထဲက ဂျူးကြီးလိုမျိုး လောဘကောကြီးလား ဆိုတဲ့ အမေးကို ဒီကွန်းမန့်လေးနဲ့ပြန်ဖြေပါတယ်။
hmee says:
ကြီးပါသကော အမရေ။ ရန်သူတွေ ပတ်လည်ဝိုင်းနေလို့ပဲလား မပြောတတ်ဘူး။ ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့လူမျိုးအတွက် တကယ့် အတ္တတွေနဲ့ပါ။ ငါ့အတွက် ဦးစားပေး ဒုတိယလည်းငါပဲ တတိယကရော ငါပါပဲရှင်။ သူများဘက်လုံးဝမတွေးဘူး။ အားနာတာ မရှိဘူး။ သူများဆီကသာ ရမယ်ဆို နည်းအမျိုးမျိုးနဲ့ ယူတယ်။ ပေးရမယ်ဆို ကျောက်ခဲ ရေညှစ်တာကမှ ထွက်ချင်ထွက်မယ် သူတို့ဆီကတော့မရ။ ပေကတ်ပြီးနေတာ တကယ့်လူတွေ။ ပစ္စည်းဝယ်ရင်တောင် ပစ္စည်းအရင်မပေးဘူး ငွေကို အတင်းအရင်တောင်းတာ ငွေရပြီးမှ လက်ကလွှတ်တာ အမရေ။ ရှာမှရှား ငွေအလွန်မက်တယ်။ မန်းနီး မန်းနီး ဆိုတဲ့လူကြည့်ပဲ။ လောဘကလည်း ကြီးမှကြီး။ တခုခု ပျက်လို့ ပြင်ချင်ရင်တောင် လာကြည့်တယ် မပြင်ဖြစ်ဖူးဆို ခြေကြွခ နင့်နေအောင် တောင်းလို့ အောင့်အီးပြီး မကျေမနပ် ပြင်ရပါရော။ ပစ္စည်းရောင်းတာလည်း လူလည်ကျမှကျ ၁+၁ ဆိုလို့ အားတက်သရော မဝယ်နဲ့။ အဲ့ဒါက တခုတည်း။ ကျန်တာက အရင်ဈေးပဲ။ အခုတော့ ခဏခဏ ခံရလို့ အထာနပ်နေပြီ အမရေ သေသေချာချာ စစ်စစ်ပေါက်ပေ်ါက် မေးပြီးမှ ဝယ်ရဲတယ်။ သူများ ပိုက်ဆံကို ဘယ်လို လှည့်ယူရမလဲ တွေးပြီး ရအောင်ယူတဲ့လူတွေ အမရေ။
မယ်တော် မာရိအိမ်
ဒါလေးကလည်း အစ္စရေး ရောက်မမှီ ရဲ့ ဗဟုသုတ ဝေမျှပေးထားတဲ့ ပို့စ်လေးပါပဲ။ ဓါတ်ပုံလေးတွေပါ ကြည့်ရမှာပါ။
ကတိလေးသာ တည်ခဲ့သော်
https://myanmargazette.net/80622/creative-writing
ဒီပို့စ်လေးကိုတော့ အရင်က အမှတ်တမဲ့ မဖတ်ခဲ့မိတာ ဝန်ခံပါတယ်။ ကွန်းမန့်လည်း ဝင်မပေးခဲ့ပါ။ အခုပြန်ဖတ်ရင်း
ကွန်းမန့်ပေးတယ်လို့သာ သဘောထားပေးပါ မမှီရေ။ မမှီရဲ့ အညာက အမေနှင့် သူ၏ အလုပ်သမများလို့ ခေါင်းစဉ်တတ်ရမယ့်
ပို့စ်ပါ။ ကတိမတည်တဲ့ အလုပ်သမ တချို့အကြောင်းပြောရင်း ကတိ အရေးကြီးတာလေးကို ရေးပြထားတာပါ။
ကတိတလုံးသာ မြဲကြရင် ဘယ်လောက် ဆင်းရဲဆင်းရဲ ပြောင်ပြောင်ရောင်ရောင် ဆင်းရဲတာပါ။ ထမင်းလည်း မငတ်ပါဘူး။ ကတိမတည်ရင်တော့ ကောင်းစားလည်း ခဏပဲ။ မသိခင်တော့ သုံးမှာပေါ့။ သိတော့လည်း ခွါမှာ မလွဲပါဘူး။
ကိုနိုဇိုမိ ရေးတဲ့ ကွန်းမန့်လေးက ကျွန်တော် နဲ့ သဘောထားတော်တော် တူပါတယ်။
မမှီရေးတဲ့ အညာက အမေ နဲ့ သူ၏ အလုပ်သမများ ပို့စ်လေးတွေက ပိုပြီး ဖတ်လို့ ကောင်းနေပါတယ်။
အမှန်အတိုင်းပြောရရင် ဟိုကအကြောင်း ရေးတဲ့ ပို့်စ် တွေက ကောင်းပေမဲ့ မမှီ ရဲ့ ရပ်ကြောင်း ရွာကြောင်း ရေးတဲ့ပို့စ်တွေက
ပို အသက်ပါပြီး ပိုကောင်းသလိုပဲ အိမ်ကွင်းနဲ့ အဝေးကွင်း ကွာသလိုပေါ့
ဟိုဟာလဲ ရေး ဒီဟာလဲ ရေး လုပ်ပါဦး
အစ္စရေး အစားအစာ
https://myanmargazette.net/83633/creative-writing
ဒါကတော့ အစ္စရေး အစားအစာတွေကို ဓါတ်ပုံလေးတွေနဲ့ တကွ ရွာသူရွာသားတွေကို မိတ်ဆက်ပေးထားတာပါ။
ကွန်းမန့်လေးတွေနဲ့ ပျော်စရာကောင်းတဲ့ ပို့စ်လေးပါ။
ယေရှု နှစ်ခြင်းခံရာ ဂျော်ဒန်မြစ်
https://myanmargazette.net/85814/creative-writing
ဒီပို့စ်လေးကလည်း သခင်ယေရှု နှစ်ခြင်းခံခဲ့ရာနေရာလေးကို ဓါတ်ပုံလေးတွေနဲ့ ရွာသူားတွေကို မိတ်ဆက်ပေး ထား ပြန်တာပါ။ ခရစ်ယာန်ဘာသာဝင်တွေအတွက်ဆို အင်မတန် တန်ဘိုးကြီးမယ့် ရောက်ရှိခြင်းပါခင်ဗျာ။
Haifa မြို့ နှင့် Akko မြို့
https://myanmargazette.net/87698/creative-writing
ဒီပို့စ်လေးကတော့ အစ္စရေးနိုင်ငံထဲက Haifa မြို့နဲ့ Akko မြို့အကြောင်းလေးတွေကို ဓါတ်ပုံလေးများနဲ့ မိတ်ဆက်ပေးထားပြန်တာပါ။
ကွန်းမန့်များမှာတော့ Etone ကိုစတဲ့ ကွန်းမန့်လေးတွေ များခဲ့ပါတယ်။ ထူးတော့ထူးတယ် Etone ရေ။
ပေါက်စီ
https://myanmargazette.net/88190/creative-writing
ဒါလေးကတော့ ဓါတ်ပုံလေးတွေနဲ့ ပေါက်စီလုပ်နည်းလေးပါ။
ရွှေတောင် အုန်းနို့ခေါက်ဆွဲ
https://myanmargazette.net/90430/creative-writing
ဒါလေးကလည်း ဓါတ်ပုံလေးတွေနဲ့ ရွှေတောင်အုန်းနို့ခေါက်ဆွဲလုပ်နည်းလေးပါ။ ပျော်စရာကွန်းမန့်လေးတွေနဲ့ ဖတ်ရမယ့် ပို့စ်ပါ။
ထိုင်းငပိထမင်းကြော် ကျွေး၍ နှုတ်ဆက်ခြင်း
https://myanmargazette.net/91466/creative-writing
ဒီပို့စ်လေးကတော့ မမှီ ရဲ့ သမိုင်းဦးဂဇက် အကြောင်းလေးတွေကိုပါ ပြန်ရေးပြထားတဲ့ပို့စ်လေးပါ။ ပြီးမှ မမှီက
သူတို့ ရန်ကုန်ကို ပြန်ရတော့ မှာမို့ ရွာသူရွာသားတွေကို နှုတ်ဆက်တဲ့ အကြောင်းလေးကို ပြောပါတယ်။
စိတ်မကောင်းဖြစ်ရတဲ့ ပို့စ်လေးပါ။
အမှန်ကိုဝန်ခံရရင်တော့ ကျွန်တော် က အခုမှ မမှီရဲ့ ပရိသတ်စစ်စစ် ဖြစ်တဲ့ လူတစ်ယောက်ပါ။
ခရီးသွားပို့စ်လေးတွေကတန်ဘိုးရှိတာ မှန်ပေမယ့် ကျွန်တော် တကယ် အကြိုက်တွေ့မိတာက မမှီ အဖေ ရဲ့ ကြက်ဝါသနာ
ကြီးတာလေးတွေရေးထားတဲ့ ပို့စ်လေးတွေ၊ မမှီအမေနဲ့ သူမ၏ အလုပ်သမများ အကြောင်း ပို့စ်လေးတွေကို
ပိုအကြိုက်တွေ့နေမိတာ အမှန်ပါ။ ဒါကြောင့် ရန်ကုန်ပြန်ရောက်လို့ ပို့စ်လေးတွေများ ရေးဖြစ် မယ်ဆိုရင် မမှီတို့ အဖေနဲ့ အမေ ရွာက အဖြစ်အပျက်လေးတွေကို ရေးပါလို့ ကြိုတင်တောင်းဆိုပါရစေခင်ဗျာ။
ကွန်းမန့်က ၄၆ ခု ရှိခဲ့တဲ့ ပို့စ်ပါ။ အမှတ်တရ အဖြစ် ကွန်းမန့်တချို့ကို ဖေါ်ပြပေးချင်ပါတယ်။
weiwei says:
ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး …
ကိုရင်စည်သူပြောသလို
ဝမ်းသာပါတယ် … ဝမ်းနည်းပါတယ်
ရန်ကုန်ကို ပြန်လာတော့မယ့်သတင်းအတွက် ဝမ်းသာပါတယ် …
ရွာထဲမှာ အချိန်ပြည့် မရှိနိုင်တော့မှာကိုတော့ ဝမ်းနည်းတယ် …padonmar says:
မှီရေ
ရန်ကုန်ကိုအပြီးပြန်လာမှာလား၊
ဒီမှာကွန်မကောင်းပေမယ့် အသားကျသွားရင် သည်းခံပြီး post တွေတင်လို့ရပါတယ်။
ရွာနဲ့တော့ အဆက်မဖြတ်ပါနဲ့။
အိမ်မှာအင်တာနက်အဆင်မပြေနှေးနေရင် ရိုက်ပြီးသား memory stick လေးနဲ့ save ပြီး မြန်တဲ့အင်တာနက်ဆိုင်မှာ သွားတင်လို့လည်းရတယ်လေ။kai says:
ရွာသူားတွေထဲ.. ဘယ်သူကလို့..ဘယ်ကစစ်လေ့ရှိတာမှာ…မှီမမက.. အစ္စရေးက ဝင်နေတော့.. တော်တော်အံ့ဩမိရာက.. သတိထားမိခဲ့တာပါ..။
ဆိုတော့…
အမှတ်တရဖြစ်သွားအောင်.. ဒီထမင်းကြော်ကို.. နောက်လထုတ်မဲ့သတင်းစာထဲထည့်လိုက်မယ်နော…။
မြန်မာပြည်ပြင်ပရေးတဲ့.. ပွိုင့်တွေကို..မြန်မာပြည်ပြန်မသယ်နိုင်အောင် စည်းကမ်းထားထားပေမဲ့.. အခုကတော့ ချွင်းချက်နဲ့.. ပွိုက်ဆက်ပေးထားပါ့မယ်..။
အခု.. ထမင်းကြော်အတွက် ပွိုင့်လဲ… ၅၀၀ဝ ပေါင်းပေးလိုက်ပါ့မယ်..။
လကုန်မှဆိုတော့.. အချိန်ရပါသေးတယ်.။
အားရင်အားသလို ဒေသဆိုင်ရာ ခရီးသွားမှတ်တမ်းလေးတွေ.. ရေးတင်ပါဦး..။
နှုတ်မဆက်ပါဘူး..။
ရွာထဲဆက်ရှိနေမယ်ယုံကြည်လို့ပါ..။ကြောင်ကြီး says:
အန်တီမှီ မြန်မာပြည် ပြန်သွားခဲ့ရင် ဆွေမျိုးမတော်လိုက်ရတဲ့ ကြောင်တကောင်ကို မမေ့လိုက်ပါနဲ့ဗျာ….။ ကြောင်ကြီးဘဝမှာ အန်တီမှီ့ ညီမတယောက်ပဲ ရှိခဲ့တယ်။ ဒါတွေ ပြီးခဲ့ပါပြီလေ၊ သမီးလေးမွေးရင်သာ ကြောင်ကြီးကို အဦးဆုံး သတိရပေးပါ။
အန်တီမှီကျွေးတဲ့ ထိုင်းငါးပိ ထမင်းကို ငံပြာရည်ဖျော်စမ်း၊ ငါးပိကြော်ရော၊ ဆားဖြူးစားရင်း အစဉ်လွမ်းနေပါ့မယ်။
သားမက်လောင်းမောင်ကြောင်ကြီးkai says:
အဲဒီမြေပေါ့..။ ကမ္ဘာမှာ အထူးခြားဆုံးမြေနေရာဒေသ…။
ထူးခြား… ကြီးပွားမဲ့ကလေးလို့.. အတတ်ဟောလိုက်ပါတယ်..။
နောင် အနှစ် ၃ဝကျရင်. သူ့ကို…ပြောပြလိုက်နော…။
ကဲ မမှီရေ။ သူကြီးကတော့ အတတ်ဟောလိုက်ပြီခင်ဗျာ။ ထူးခြား ကြီးပွားမယ့်ကလေးတဲ့။ နောက်အနှစ် ၃ဝ အထိ စောင့်မနေပါနဲ ခင်ဗျာ။ ၂၅ နှစ်လောက်ဆိုပြောလိုက်ပါတော့ ကျွန်တော်ကလည်း အဲဒီလိုဟောထားသေးတယ်လို့။ ဒီဟောချက်ကတော့ မှန်မှာ သေချာပါတယ်ဗျာ။
Jaffa မြို့ဟောင်း
https://myanmargazette.net/91984/creative-writing
Jaffa မြို့ဟောင်း (၂)
https://myanmargazette.net/92020/creative-writing
ဒါလေးကတော့ Jaffa မြို့ဟောင်းကို ဓါတ်ပုံလေးတွေနဲ့တကွ မိတ်ဆက်ပေးခြင်းပါ။
Camel ဈေး
https://myanmargazette.net/92396/creative-writing
Telaviv မြို့ ရဲ့ အကြီးဆုံးဈေး အကြောင်း ဓါတ်ပုံလေးတွေနဲ့ ပြောပြပေးထားတာပါ။
ကွန်းမန့်လေးတွေနဲ့ တွဲဖတ်လို့ ကောင်းတဲ့ ပို့စ်လေးပါ။
မမှီရေ။ မမှီ ရဲ့ ပို့စ်တွေထဲက ရှာလို့ရသလောက် ရေးလိုက်တာပါ။ ၅ မျက်နှာပဲ ရှာလို့ ရပါတယ်ဗျာ။
ကျွန်တော် နေမကောင်းဖြစ်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်သွားလို့ အသေးမစိတ်လိုက်နိုင်ပေမယ့်
လိုအပ်ချက်များရှိရင် ခွင့်လွှတ်ပေးပါခင်ဗျာ။
မမှီ ရဲ့ အိမ်ကြီးရှင်ကိုလည်း ကျွန်တော် ဘလက်ချောက နှုတ်ခွန်းဆက်သပါကြောင်းလေးလည်း ပြောပေးပါခင်ဗျာ။
48 comments
weiwei
January 15, 2012 at 6:30 pm
ပထမဆုံး ကွန်မန့်ပေးလိုက်မယ် …
မှီ ဆိုတာ ကျွန်မတို့ ဂေဇက်ရွာထဲမှာ မရှိမဖြစ် ပါပဲ …
အရသာ ပေါင်းစုံ သယ်ဆောင်လာတဲ့ မှီ …
ရန်ကုန်ရောက်ရင်လဲ စာတွေဆက်ရေးပါအုန်း … အတွေးတစ်မျိုးနဲ့ အရသာနောက်တစ်မျိုး ပေးနိုင်ပါလိမ့်မယ် …
မျှော်နေမယ်နော် …..
hmee
January 16, 2012 at 2:26 pm
ကိုဘလက်ရေ ကျေးဇူးပါနော်။ ကျွန်မက ရွာထဲ အမြဲရှိနေသူဆိုတော့ ကိုဘလက် ဗုဒ္ဓဂါယာအကြောင်းနဲ့ စဝင်လာတာကို သိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မိဘတွေ ဘုရားဖူးသွားမှာနဲ့ ကြုံနေတာလည်းပါတာပေါ့။ အဲ့နောက်ပိုင်း ကိုယ်ဝန်ရှိစ နေမကောင်းလို့ ရွာနဲ့ တော်တော် အဆက်ပြတ်သွားတယ်။ သံယောဇဉ်ကြောင့် မနေနိုင်လို့ ရွာထဲ ဝင်ဖြစ်ရင်တောင် ကွန်မန့်မပေးနိုင်ဘူး။ ကွန်ပြူတာကြည့်ပြီးတာနဲ့ အန်တာကို မခံနိုင်လို့လေ။ နေကောင်းလာပြန်တော့လည်း ပြန်ဖို့လုံးပန်းရပြန်ရော။ ဒါနဲ့ စာရေးနဲသွားပြီး ရွာထဲကလူတွေနဲ့ နဲနဲ အဆက်ပြတ်သွားတာပါ။ ကိုဘလက်ကို ကျွန်မက ကောင်းကောင်းသိပါတယ် တံခါးမှုးကြီးပဲဟာ။ ကိုဘလက်ရဲ့ FB မှာတောင် အတ်ထားသေးတယ် ကိုဘလက် လက်မခံသေးဘူး တော်တော်ကြာပြီနော်။ အစက ခရီးသွားပို့စ်တွေကို နောက်နှစ် ပြန်ခါနီးမှ ရေးမလို့ စုထားတာ။ မထင်မှတ်ပဲ စောပြန်ရလို့ ခရီးသွားပို့တွေကို အရင်တင်တာပါ။ ရွာအကြောင်းရေးထားတဲ့ ကိုနိုဇိုမီပြောတဲ့ စာကိုယ်ဝန်တွေ အများကြီး ရှိပါတယ် ရန်ကုန်ရောက်ရင် ကြိုးစားပြီး တင်ပါဦးမယ်။ ကျွန်မကပဲ ရွာကို ချစ်လို့လား၊ သဂျီးရဲ့ စေတနာကောင်းလို့လား၊ ရွာသားတွေရဲ့ ရွာအပေါ်ထားတဲ့ မေတ္တာကြောင့်လား မသိပါဘူး။ ကျွန်မ မတင်ရတော့ဘူးလို့ စိတ်လျှော့ထားတဲ့ Masada တောင်ကို မထင်မှတ်ပဲ ပြီးခဲ့တဲ့ အပတ်က အိမ်ကြီးရှင် သွားခွင့်ကြုံလာပါတယ်။ ကျွန်မမှာ ဝမ်းသာလိုက်တာ။ သူကလည်း ဓါတ်ပုံတွေ သေချာရိုက်လာပေးပါတယ်။ ကျွန်မက ကိုယ်တိုင်ရောက်ခဲ့တာ မဟုတ်တော့ ဓါတ်ပုံလေးတော့ တင်ပါ့မယ်။ ရွာသူားကုသိုလ် ကျွန်မကုသိုလ်ပေါ့နော့။ 🙂
မဝေရေ ရန်ကုန်ရောက်ရင် ဆုံကြမယ်နော်။ 🙂
weiwei
January 16, 2012 at 2:51 pm
ရန်ကုန်မှာ အင်အားတိုးလာမှာမို့ အထူးတလှယ် ကြိုဆိုပါတယ် …
thit min
January 15, 2012 at 6:33 pm
ကိုဘလက်ကနေမကောင်းတဲ့ကြားထဲက တာဝန်ယူရှာတယ်။
ရွာသားတယောက်အတွက် လိုအပ်တာကို လိုအပ်ချိန်မှာ လုပ်ပေးတဲ့ ကိုဘလက်လဲ
လိုရာပြည့်မှာပါ။အမြန်ဆုံးလဲ နေကောင်းပါစေဗျာ။
——————————
ကျနော်ကတော့ မတွေ့ဘူးပေမဲ့ မမှီရော သူ့အိမ်ကြီးရှင်ရောနဲ့ပါ သိနေပါတယ်နော်။
မမှီနဲ့ကတော့ အပြန်အလှန်ကော်မန့်တွေနဲ့ ရင်းနှီးတယ်လို့တောင်ခံစားမိပါရဲ့။
မမှီ ဟတ်ဗင်းဘေဘီ ဖြစ်တာကျနော် အရင်ဆုံးများ(မှန်းဆ) ပြောမိလိုက်တာလားလို့(^^)။
စိတ်ကောင်းရှိသော မမှီ၊
အစားကောင်းကြိုက်သောမမှီ၊
လူတိုင်းကိုခင်မင်ဖော်ရွေသောမမှီ၊
စာအရေးကောင်းသောမမှီ၊
ဗိုက်တကားကားနှင့်အပြေးဓာတ်ပုံရိုက်သောမမှီ၊
အိမ်ကြီးရှင်ကို ဖိလစ်ပင်းမ ဆယ်ယောက်လက်ကလွတ်ရေးမလွတ်ရေး တွေးပူနေသောမမှီ၊
အားလုံးကခင်သောမမှီ တယောက် သွားလမ်းသာလို့လာလမ်းဖြောင့်ပါစေ။
သားသမီးကောင်းရတနာလေးမွေးပါစေ။
ပို၍ကောင်းသော စာများရေးသားရင်းနဲ့ “မှီ” ဆိုတဲ့ ကလောင်တချောင်းနဲ့ စာပေစင်မြင့်ထက်
ရောက်ပါစေဗျာ။
(အင်း ပြောလို့မရဘူးဗျ၊ နောက်ပိုင်းကျ စာပေဟောပြောပွဲတွေမှာ ဆရာမလို့ခေါ်ချင်ခေါ်နေရမှာနော်)
ခင်မင်စွာ
(^^)သစ်မင်း
hmee
January 16, 2012 at 2:34 pm
ကိုသစ်မင်း ပြောတာနဲ့ ကျွန်မ ဘဝင်မြင့်ချင်သွားပြီ။ 🙂 ကိုသစ်မင်း ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။ ခရီးလမ်း အရှည်ကြီးကို ဗိုက်တလုံး၊ ကလေးတယောက်နဲ့ ပြန်ရမှာ နဲနဲတော့ လန့်တယ်။ 🙂 လေယာဉ်က ၁၅နာရီလောက် စီးရမှာမို့ လန့်နေတာ။ 🙂 အလာတုန်းကတောင် မျှော့မျှော့ပဲကျန်တာ အခုအပြန်တော့ မပြောတတ်ဘူး။ 🙂 ကိုသစ်မင်းပြောတဲ့ ဆရာမတော့ မဖြစ်နိုင်လောက်ဘူး ကိုယ့်အစွမ်းကိုယ်သိတာကိုး။ 😀
windtalker
January 15, 2012 at 7:21 pm
ကျွန်တော် သာ ရန်ကုန်မှာ ရှိခဲ့ရင်….
အစ်စရေးပြန် အန်တီမှီ နှင့် တွေ ့ဆုံမည်မှာ မလွဲမသွေ ပင် ဖြစ်ချေသည် တကား ။
hmee
January 16, 2012 at 2:36 pm
မောင်ပေရေ မမှီကလည်း မန္တလေးကလူတွေကို တကယ်ကို တွေ့ချင်တာ။ အိမ်ကြီးရှင် ပြန်ရောက်ရင် ကလေးလေးလည်း ကြီးပြီဆိုတော့ ဘုရားဖူးလာဖြစ်အောင်လာပြီး မန္တလေးကလူတွေကို လာတွေ့မှာ။
စိန်ပေါက်ပေါက်
January 15, 2012 at 8:43 pm
အစ္စရေးက ပြန်လာမဲ့ မမမှီအတွက် ကိုဘလက်ကြီးရဲ့ ဤပို ့စ်နဲ ့အတူ အနော်
ရွာစားကျော်စိန်ပေါက်ပေါက်မှ လိုက်ပါအားဖြည့်အားပေးသွားပါဂျောင်း..
ပြန်လာရင် ဂျူးမလေး တစ်ယောက်လောက်ပါဆယ်ထုပ်ခဲ့ပေးပါ
(ဤစာကို လေဒီစိန်ပေါက်ပေါက်မဖတ်မိစေရ )
hmee
January 16, 2012 at 2:39 pm
ကိုပေါက်ဖော်ကတော့ မတွေ့မဖြစ်ပဲ။ ရန်ကုန်အင်တာနက်အကြောင်း မသိသူမို့ ဆရာကို တင်ရဦးမှာ။ ဂျုးမလေးတော့ မလိုချင်နဲ့နော် ဂျုးမက အာရှသားဆို ၁၂နှစ်သားလောက်ပဲ ထင်တာ။ 🙂
မှော်ဆရာသိန်း
January 15, 2012 at 9:13 pm
အမရေ …
မှီ ဆိုတဲ့ နာမည်ဆန်းဆန်းကို အရင် စိတ်ဝင်စားခဲ့တာပါ ..
အရင်တုန်းကတော့ သမန်ကာ ရှန်ကာ … နောက်ပိုင်းမှာတော့ အလေးထားပြီးတော့ကို ဖတ်ဖြစ်ခဲ့ပါတယ် ..
အဲ … ကြည့်ဖြစ်တယ်ဆိုရင် ပိုမှန်သပေါ့ ….
မမှီတင်တဲ့ ဓါတ်ပုံတွေဟာ ရိုးရိုးတန်းတန်း ခရီးသွားမှတ်တမ်းတင် မဟုတ်ပါဘူး ။ စာဖတ်သူပေါ်ထားတဲ့ အမရဲ့စေတနာကို ပိုစ့်တွေမှာ မြင်နေရပါတယ် ..
ဥပမာ အစ္စရေးက စိုက်ပျိုးခင်းတွေကို ရိုက်ပြထားတဲ့ပိုစ့်မှာဆိုရင်
သူ့ခြံမှာ နီဝါ ဝင့် ရင်ဖြင့် .. ၊ ငါ့ခြံမှာ ဖြူပြာတင့်စေချင်တဲ့ … အမရဲ့ စေတနာကို လေးစားရပါတယ်ဗျာ …။
ဗဟုသုတ ကို စေ့စေ့စပ်စပ် ဆည်းပူးတတ်တဲ့ သူတစ်ယောက်ဆိုတာကိုလဲ
အမရဲ့ ကွန်မန့်တွေမှာလဲ တွေ့ရပါရဲ့ …. မေးထားသမျှလေးတွေကို တစ်ယောက်ခြင်း စနစ်တကျကို ပြန်ဖြေတယ်နော် ….အသိပညာတွေကို ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ
hmee
January 16, 2012 at 2:42 pm
မှော်ဆရာရေ မှီဆိုတာ အမ အမေရဲ့ နာမည်တလုံးကို ယူထားတာ။ 😀 အမေ့နာမည်ကို အမြတ်တနိုးသုံးချင်လို့။ အားပေးတဲ့အတွက် ကျေးဇူးပါနော်။
padonmar
January 15, 2012 at 9:41 pm
ကိုဘလက်ရေ
ကျန်းမာရေးဂရုစိုက်ပါနော်။
ရွာထဲမှာ ကိုဘလက်ကလည်း မရှိမဖြစ်ဘလက်ပါပဲ။
မှီရေ
ကိုဘလက်ပြန်ရေးပြမှ
မှီ့စာတွေ ခင်ခင်ထူးနဲ့တူတယ်လို့ မန့်ကြတာ ပြန်အမှတ်ရတယ်။
ကိုဘလက်တူးဆွတဲ့ထဲမှာ မပါတဲ့ သားကလေးအကြောင်းတို့၊ဟင်းရွက်ရှားလို့ကျောင်းခြံစည်းရိုးက နွေပဲပင်လေး စားချင်တဲ့ အကြောင်းတို့
ရေခဲသေတ္တာထဲ သိမ်းပြီးချွေတာစားရတဲ့ မြန်မာစာတွေအကြောင်းတု့ိ ရင်ထဲရောက်အောင် ရေးနိုင်တဲ့ လက်ရာရှင်ပါ၊
ဒါကြောင့်လည်း သူကြီးက
“အမှတ်တရဖြစ်သွားအောင်.. ဒီထမင်းကြော်ကို.. နောက်လထုတ်မဲ့သတင်းစာထဲထည့်လိုက်မယ်နော…။
မြန်မာပြည်ပြင်ပရေးတဲ့.. ပွိုင့်တွေကို..မြန်မာပြည်ပြန်မသယ်နိုင်အောင် စည်းကမ်းထားထားပေမဲ့.. အခုကတော့ ချွင်းချက်နဲ့.. ပွိုက်ဆက်ပေးထားပါ့မယ်..။
အခု.. ထမင်းကြော်အတွက် ပွိုင့်လဲ… ၅၀၀ဝ ပေါင်းပေးလိုက်ပါ့မယ်..။ ”
ဆိုပြီး ရွာက မထွက်ချင်အောင် စည်းရုံးနေရတာပေါ့၊
ဒို့သူကြီး တော်ပါပေတယ်။
စည်းကမ်းတွေ လျှှော့ပေးထိုက်တဲ့သူကို လျှော့ပေးသင့်တဲ့အချိန်မှာလျှော့ပေးတာ မင်္ဂလာတစ်ပါးပါ။
မှီ့ကလေးလေးအတွက် သူကြီး၊ကိုသစ်နဲ့ ကိုဘလက်ဟောကိန်းလေးမှန်ပါစေ။
hmee
January 16, 2012 at 2:59 pm
အမရေ ပဲပင်ပေါက်ပို့စ်က အမ ကွန်မန့်အတိုင်း ပဲပင်ဖေါက်တာ အဆင်ပြေနေပြီ။ ပဲပင်ဖေါက်တော့ ပဲပင်ပေါက် မလှမပကို မြင်ပြီး အတွေးရသွားတာ။ သားလေး တယောက်တည်း ကစားနေတာကို မြင်ပြီး သနားနေတာက ကြာပြီ။ ဒါနဲ့ ကိုယ်တွေ အငယ်တုန်းက ဘဝကို သတိရပြီး ယှဉ်ပြီး ရေးမိတာ။ အတွေးရရခြင်း ကောက်ရေးပြီး ချက်ချင်းတင်တာ အိမ်ကြီးရှင်ကို အဲ့သည်နေ့က ညနေစာ ဂေဇက်ဟင်းနဲ့ ကျွေးလိုက်ရတယ်။ 🙂 ကိုယ့်အစာကို အများကြီးက မရှိတော့ ချွေစားရတာကို အမှတ်တရ ရေးချင်တာနဲ့ ရေးလိုက်တာ။ အမေက ဖတ်ပြီး သနားလို့ လူကြုံနဲ့ ချဉ်ပေါင်တွေ ကြော်ပေးလိုက်တာ လူကြုံထံမှာ ရက်ကြာတော့ ဒီရောက်တော့ သိုးနေပြီ။ လွှတ်မပြစ်ရက်လို့ ချဉ်ပေါင် အသိုးကို ဆီနဲ့ ပြန်ကြော်စားတာလည်း မိန်းမဆိုတဲ့ အမျိုး ပို့စ် အမှတ်တရပဲ။ 😀
တိုက်ကြီးသုံးတိုက် ဆုံရာမြေ၊ ဘာသာကြီး သုံးခု တည်ရှိရာမြေ၊ အလွန်ရှေးကြတဲ့ သမိုင်းတွေ ရှိရာမြေ ဆိုတော့ သူဂျီးတို့ ဟောတာ မှန်မယ်ထင်တယ်နော့။ ကိုယ့်ကလေးမို့ ကိုယ့်ဘာသာ ဖြစ်စေချင်တာလည်း ပါတယ်။ 😀
ကြောင်ကြီး
January 15, 2012 at 11:25 pm
မြန်မာ့စာပေလောကကို တိုက်ခိုက်သိမ်းပိုက်ဖို့ အန်တီမှီ ပြန်လာဘီ…။ ကြောင်ကြီးလည်း အန်တီမှီ့ ညီမလေးနဲ့တွေ့ဖို့ ပြန်လာမယ်….။ သဂျီးနဲ့ အမျိုးမတော်တော့ဘူး…။
hmee
January 16, 2012 at 2:44 pm
ကိုကြောင်ကြီး ဘယ်ညီမကို ပြောတာလည်း ဆယ်ယောက်လောက်ရှိတာနော်။ 🙂 ကိုကြောင်အလည်ပြန်လာမယ်ဆို ကြိုဆိုပါတယ်နော့။ ညီမ အပြင် ယောင်းမ တွေလည်း ရှိသေးတယ်။ 😀
inz@ghi
January 16, 2012 at 2:51 pm
ခစ်ခစ်….
အဲ့ဂလို စာရင်းအတိအကျထွက်လာချိန်ကို စောင့်နေလို့
မနှုတ်ဆက် မကြိုဆိုသေးတာပါခညာ ….
ကျနော်ပြန်လာတဲ့အခါ
ညီမ နှင့် ယောင်းမချောချောလေးများ နှင့် မိတ်ဆက်ပေးမှာ မြေကြီးလက်ခတ်မလွဲဟု ယုံကြည်ပါသောကြောင့်…
အဝေးတနေရမှာ တင်ကြို နှုတ်ဆက်-ကြိုဆိုပါသည် မမမှီ…
ခင်တဲ့
စိန်ဇာဂီ…
hmee
January 16, 2012 at 3:04 pm
ပြောထား ပြောထား တွေ့မှ ထွက်မပြေးနဲ့။ မမှီ ညီမတွေက အလန်းဇယားတွေနော်။ နောက်တာ မမှီလို ပုံးတုံးတွေမို့ လန့်မပြေးရ။ 🙂
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 16, 2012 at 7:35 pm
ပုံတုံးတွေဆိုရင် ပိုသဘောကျတယ်ဗျ
ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေကို ချစ်တတ်လို့
ဒါပေမယ့်လည်း ခေတ်ပေါ်ပစ္စည်းဆန်းတွေကိုတော့လည်း
လိုချင်သားဗျ
ကိုယ့်ဟာကိုယ် အရွေးရခက်ရင်း လုံးချာလည်လိုက်ကာ
မမှီချက်သမျှတွေ ဝင်နှိုက်မြည်းသွားပါကြောင်း …. 😛
(ဆိုင်မဆိုင်တော့မသိဘူး) …
ကိုရင်စည်သူ
January 18, 2012 at 8:37 am
ဟွမ်.. ကိုရင့်လို လူပျိုကြီးကိုကော ဘယ်နားသွားထာတာလဲ..
မမမှီကိုက အစကတည်းက အမျိုးတော်ပြီးသား (စိတ်ထဲကပါ) ။ ။
မမမှီနဲ့ အမျိုးတော်ရရင် ညီမ၊ ယောင်းမ… ခရင်း ခွ ပါမကျန်..
စိတ်ဝင်စားတယ်.. ခိ ခိ.. 😳
ကြောင်ကြီးနဲ့ ဂီ့ဂီ့ကို မယုံလေနဲ့.. 😀 😀 😀
pooch
January 16, 2012 at 2:42 pm
မမှီရေ စာတွေ ဆက်ပြီး ရေးစေချင်ပါသေးတယ်နော် .. အားလုံးပြောသလို မမှီရဲ့ စာကို ဖတ်ရင် ခင်ခင်ထူးကို သတိရစေတာမို့ မမှီရဲ့ စာများကို မျှော်နေတဲ့သူများ ရှိနေတာကို သတိရပေးပါ…
hmee
January 16, 2012 at 3:02 pm
pooch ရေ ဆုံချင်ပါသေးတယ်နော်။ ရာဖဝင်ထဲက မိန်းမသား အကြောင်းတွေ ပြောချင်လို့။ 😀
MaMa
January 16, 2012 at 3:36 pm
မှီရေ-
တောသားချင်းလို့ပဲ ပြောရမလား မသိ၊
ကိုယ့်ဇာတိ ကိုယ့်ရပ်ရွာကို ခင်မင်သူချင်းမို့ မှီရေးလိုက်တဲ့ ပိုစ့်တိုင်းလိုလို ဖတ်ဖြစ်တယ်။
မှီရဲ့ ရေးဟန်ကိုလည်း သဘောကျတယ်။
သဘောအကျဆုံးကတော့ အစ္စရေးစိုက်ပျိုးရေးရွာက ရွာလမ်းမ ပဲ။
ကိုယ့်ဆီက ရွာလမ်းမနဲ့ သိပ်မကွာလို့ … 😆
hmee
January 16, 2012 at 8:13 pm
မှီတို့ ရွာကို သွားတဲ့ လမ်းမကို အဲ့လို ဖြစ်စေချင်နေတာ။ 🙂 ဘယ်တော့များမှ ဖြစ်မလဲတော့ မသိဘူး။ မင်းနေပြည်တော်နဲ့ နီးတော့ ဖြစ်တော့ဖြစ်မယ် ထင်တာပဲ။ 🙂
etone
January 16, 2012 at 4:25 pm
မမှီရေ .. ဝဲကမ်းလ်ပါ … ရန်ကုန်မြေမှ ကြိုဆိုပါတယ်နော် …. ။
ဗိုက်လေးတကားကားနဲ့ မုန့်ဟင်းခါးလာစားမယ့်နေ့ကိုလည်း စောင့်နေပါတယ်နော် … ။ 😀
hmee
January 16, 2012 at 8:10 pm
ရောက်အောင်ကို လာဦးမှာ တုံရေ။ 🙂
ကိုပေါက်(မန္တလေး)
January 16, 2012 at 5:08 pm
ခင်မင်ရပါသော မမှီရေ……………..
ကိုချောပြောတာမှန်တယ်။
မမှီတင်ထားတဲ့စာသားပြောင်းရတော့မယ်။
အပွင့်လင်းဆုံးပြောရရင် မမှီအရင် ပိုစ်တွေဖတ်ဖြစ်တယ် ပဲပင်ပေါက်တို့ကျွတ်ကျွတ်အိပ်တို့ပေါ့။
အခုခရီးသွားဆောင်းပါးတွေရောက်တော့ ဖတ်တလှည့် မဖတ်တလှည့်။
ရေးချင်ပိုး ရှိတာခြင်းတူတဲ့ မမှီကို မန်းလေးကို မရောက်ရောက်အောင်လာပါလို့ မန်းလေးက ပေါက်ပေပုတို့အဖွဲ့က စာရေးဖော် မမှီကို ဖိတ်ခေါ်လိုက်ပါတယ်။
hmee
January 16, 2012 at 8:09 pm
ပဲပင်ပေါက်မှာ ဒီလိုအတွေးမျိုး များများရေးပါလို့ ပြောတဲ့ လေးပေါက် မန့်တာလည်း စွဲနေအောင် မှတ်မိတယ် လေးပေါက်ရေ။ 🙂 လေးပေါက်တို့ ထမင်းဝိုင်းကို တွေ့လို့ ရန်ကုန်ရောက်ရင် ထမင်းဆိုင် ကောင်းကောင်းမှာ ထမင်းသွားစားဦးမယ်လို့ အကြံရသွားပြီ။ 🙂
blackchaw
January 16, 2012 at 5:46 pm
မမှီရေ။
မမှီရဲ့ စာလေးတွေကို
ကြိုက်တဲ့လူတွေထဲမှာ
မဒမ်ဘလက်လည်း ပါတယ်ဗျ။
သူက မမှီ ကလောင်နာမည်ယူတာ
ကိုတောင် ခန့်မှန်းချက်တွေပေးနေသေးတာ။
အခုမှ မမှီအမေနာမည်တစ်လုံးကို ယူသုံးတယ်ဆိုတာလေးသိရတာပါ။
မဒမ်ဘလက် ရဲ့ ခန့်မှန်းချက်က ဒီလိုခင်ဗျ။
မမှီက လမင်းမိုမို ပရိသတ်ဖြစ်ရမယ်တဲ့။
လမင်းမိုမို က သူ့ဇာတ်လိုက်မတွေကို ယွန်းမှီမှီတို့ ဘာတို့
မှည့်လေ့ရှိတယ်လေ။ အဲဒါကြောင့် မမှီက
မှီလို့ ကလောင်အမည် ယူထားတာလို့ (ဘာမှလည်း မဆိုင်ဘူးနော)
တစ်ထစ်ချကို ပြောနေတော့တာဗျ။
Khin Latt
January 17, 2012 at 5:41 am
အစ်မ လဲ မှီ လို့ စတွေ့တော့ ယွန်းမှီမှီ ကို ပြေးသတိရသေးတယ်။
အခုကျတို့မှ ယွန်းမှီမှီက မှီ အမေ့ အမည် ကို မှီငြမ်း ထားတာဖြစ်မယ်။
မှီ ရဲ့ ရေခဲသေတ္တာထဲ သိမ်းပြီးချွေတာစားရတဲ့ မြန်မာစာတွေအကြောင်း ကို မှတ်မှတ်ရရ မှတ်မိခဲ့တာ။
မြန်မာပြည်ပြန်ရောက် ရင်လဲ အဲဒီက နေ့စဉ်ဘဝ လေးတွေကို ဆက်ပြီးမျှပေးပါဦး မှီရေ။
hmee
January 16, 2012 at 8:05 pm
လမင်းမိုမို ပရိတ်သတ်ဆိုတာတော့ မှန်ပါတယ် ကိုဘလက်ရေ။ ကျွန်မ ဝတ္ထုစဖတ်တော့ မှတ်မှတ်ရရ လမင်းမိုမိုရဲ့ ကိုကိုဘာလို့ မုန်းတာလဲ ဝတ္ထုလေ။ ဇတ်လမ်းဆင်တာလေး ကောင်းလွန်းလို့ အခုထိ မမေ့ဘူး။ ရုပ်ရှင်ရိုက်မှ ပျက်သွားတာ။ 🙁 ကျွန်မတို့ ရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ သစ်ဆိမ့်ပင်ရွာ စာကြည့်တိုက်က သွားဌါးပြီးဖတ်ရတာ။ 🙂
ကိုပေါက်(မန္တလေး)
January 16, 2012 at 9:45 pm
မမှိရေ
စာရေးတဲ့သူဆိုတာ ဘယ်လိုစာမျုးိရေးရေး ရင်ထဲမှာခံစားမူ့တစ်ခုကိုဆွဲထည့်ပြီးမှ ပြန်အန်ထုတ်ရတာချည်းပါဘဲ။
ကိုယ်ရေးလိုက်တာလေး ကိုမွေးထုတ်လိုက်တာလေးကို အသိအမှတ်ပြုခံရတာ မခံရတာက တကဏ္ဍဗျာ။
တကယ်ရေးဘို့ဝါသနာကြီးသူကတော့ ရေးနေမှာဘဲ။
ဟုတ်တယ်မလားမမှီ
hmee
January 18, 2012 at 2:20 pm
ဟုတ်ပါတယ် လေးပေါက်ရေ ဝါသနာတားမရလို့ ရေးတာကိုး။ အရင်ကဆို ကိုယ့်ဘာသာ တယောက်တည်း လျှောက်ရေးတာ ဖတ်မည့်သူ မရှိပဲနဲ့။ မဂ္ဂဇင်းတွေလည်း မပို့ရဲဘူး ကိုယ့်အစွမ်းကိုယ်သိလို့။ 🙂
အတိသဉ္ဇာ နာဂရ ချစ်သူ
January 16, 2012 at 11:19 pm
ကိုဘလက်ချောရဲ့ တံခါးမှူးကြီး ပီသစွာစေ့စပ်သေချာအောင်တူးဆွဖော်ထုတ်နိုင်စွမ်းက စာရေးသူ မမမှီကိုပိုပြီး
အရည်အချင်းပေါ်လွင်စေပါတယ်။
kokothandar
January 17, 2012 at 12:10 pm
အစ္စရေး ဟာ ကမ္ဘာရဲ့အံဩရဆုံး နိူင်ငံတစ်ခုပါ နည်းပညာတွေယူခဲ့ပါ ဂျူးတွေရဲ့လူရည်လည်မှုတွေ ယူပြီး
အဲဒါတွေစာမှာမတင်ပါနဲ့ မောင်ကောင်းထိုက်ရဲ့ ဟာသပဒေသာ စာစောင်အားလုံး ဖတ်ပြီး ဂျူးစိ်တ်တွေကို
ချီးကျူးပါတယ် သူတို့ရဲ့စီးပိုးတတ်လွန်းတတ်တာကိုလဲကြောက်တယ် မိန်းမရဲ့အမျိုး တွေ ဂျူးစိတ်ဓါတ်နဲ့
အိမ်လာပြီးမပြန် ကြမှာကြောက်လို့ပါ
nozomi
January 17, 2012 at 12:33 pm
မမှီ ရဲ့ ပထမဆုံး ပို့စ် မှာ ကတဲက သတိထားမိပြီး အားပေးခဲ့တာ ၊ ပထမဆုံး ပို့စ် တုန်းက မန်းတာ ၃ ယောက်မြောက် လောက်ပဲ ၊ အဲဒီ အချိန်က ခင်ခင်ထူး ရဲ့ အညာသူအညာသားကျွန်မဆွေမျိုးများ ကို ဒုတိယအကြိမ် ဖတ်ပြီးကာစမို့ ဆရာမ ခင်ခင်ထူး ရဲ့ လက်ရာအတိုင်းပဲ လို့ ပြောခဲ့မိသေးတယ် ၊ အခုမှ စရေးတဲ့ လူသစ်ဆိုပေမဲ့ တကယ့် ဝါရင့် ဆရာမကြီးတွေ လက်ရာအတိုင်းပဲ ၊ ပြောပြတဲ့ မြင်ကွင်းတွေက မျက်စေ့ထဲ ထင်းကနဲ လင်းကနဲ့ ကိုယ်တိုင် အဲဒီနေရာကို ရောက်နေရသလိုပဲ ၊
မမှီ ရဲ့ ပို့စ် တိုင်းကတော့ ဖတ်လို့ကောင်းတယ် ဖတ်တဲ့သူအတွက် အကျိုးရှိတယ် ဆိုတာမျိုးချည်းပဲ ဒါပေမဲ့ ခံစားရေးရတဲ့ ရွာအကြောင်းလေးတွေ ၊ပဲပင်ပေါက်နဲ့ အထိန်းအချုပ်ခံကလေးတွေရဲ့ ဘဝကို နှိုင်းယှဉ် ရေးတာမျိုးလေးတွေက သုတပို့စ်တွေထက် ပိုကောင်းတယ် ပိုအသက်ပါတယ်
နောက် မမှီက မှတ်ဉာဏ်တော်တော်ကောင်းတာပဲ ကျွန်တော် ကိုပေါက်ဖော်လား ကိုဘီလူးလား ( သေချာ မမှတ်မိတော့ဘူး 🙂 ) ရဲ့ ပို့စ် မှာ မန်းခဲ့တာလေးကို မမှီက ကျွန်တော် ရေးခဲ့တာပါ ဆိုပြီး …”ကိုနိုဇိုမီပြောတဲ့ စာကိုယ်ဝန်တွေ ” ဆိုပြီး အတိအကျ မှတ်မိနေတယ်
မမှီ ကျန်းမာသန်စွမ်း အင်္ဂါစုံ၊ ဉာဏ်ရည်ကောင်းပြီး အဖေအမေလို ရုပ်ရည်ချောမောလှပတဲ့ သားသမီး ရတနာလေး မွေးဖွားပါစေ ၊ဆရာသစ်ပြောသလို စင်မြင့်ထက် မှာ ဆရာမ လို့ လာနုတ်ဆက်ရတဲ့ ဘဝကို အမြန်ဆုံးရောက်ပါစေလို့လဲ ဆုတောင်းပေးပါတယ်နော
hmee
January 17, 2012 at 3:33 pm
ကျွန်မရေးတဲ့စာကို ကိုနိုဇိုမီက ဆရာမခင်ခင်ထူးရေးတာနဲ့ တူတယ်ပြောတော့ ဝမ်းသာလိုက်တာ။ ကိုယ်ကလည်း ဆရာမ ပရိတ်သတ်ကိုး။ 🙂 ကျွန်မ စာရေးပြီးတိုင်း ကျွန်မ အစ်ကိုကြီးဆီ ကော်ပီ ပေ့ လုပ်ပြီး ပို့တယ်။ အစ်ကိုကြီးက ကျွန်မတို့ အိမ်မှာ အဖေပြီးရင် စာဖတ် အနာဆုံးသူလေ။ ပို့လိုက်တဲ့ စာကို ဖတ်ပြီးတိုင်း ဘယ်နားမှာ လိုသွားတယ်၊ ဘယ်စကားကတော့ ရွာကလူတွေ လေသံ မဟုတ်ပဲ နင့်ရဲ့ ရန်ကုန်လေ ဖြစ်သွားတယ် စသည်ဖြင့် ထောက်ပြပေးတယ်။ ပြီးတော့ပြောပါတယ် ငါက စာပဲ ဖတ်တတ်တာ နင့်လိုတော့ မရေးတတ်ဘူးတဲ့။ စာရေးတာကို အရမ်းလည်း အားပေးတော့ ကျွန်မမှာ ဝမ်းသာလွန်းလို့ ကိုကြီး အားပေးရင်ကို ကိုယ့်ကိုကိုယ် ဟုတ်လှပြီ ထင်ပြီး ရေးလိုက်တာ ပို့စ် ၅ဝကျော်သွားတယ်။ 🙂 ကိုနိုဇိုမီ ရေးလိုက်တဲ့ စာကိုယ်ဝန်ဆိုတဲ့ အသုံးအနှုံးလေးကို အရမ်းသဘောကျလို့ မှတ်မိနေတာ။ ကလေးလေး ကြီးလာရင်လည်း ဂေဇက်ကလူတွေ ဆုတောင်းပေးတာကို သတိတရ ပြောပြပေးရဦးမယ်။ 😀
Moe Z
January 17, 2012 at 12:48 pm
မမမှီရေ ဒီရက်ပိုင်းအလုပ်များနေလို့ ကြိုဆိုရေးနောက်ကျသွားတယ်
ပန်းစည်းနဲ့စောင့်နေပါတယ်နော် သားလေးကိုရော 🙂
ကိုရင်စည်သူ
January 17, 2012 at 1:06 pm
မမှီရေ.. ရန်ကုန်အဲပို့ကနေပြီး ပန်းစည်းနဲ့
ရုပ်ချောချော၊ ဘရတ်ပစ်နဲ့ စမတ်ကျတဲ့ လူလာကြိုနေရင်
ကိုရင်စည်သူလို့ပဲ မှတ်ပေးပါနော့်… 😳
စကားမစပ်..
ကျနော်မှာထားတဲ့ ဂျူးမလေးတစ်ယောက်လောက်များ
မပါလာဝူးလားဟင်… အဟီးးး
ပျော်ရွှင်ချမ်းမြေ့သော အိမ်ပြန်ခရီးဖြစ်ပါစေဗျာ..
ခင်မင်လေးစားတဲ့
ကိုရင်စည်သူ
hmee
January 18, 2012 at 2:02 pm
မိုးဇက်ပြောတာနဲ့ နူးဘားဂိုဏ်းကလူတွေ မမှီသားလေးကို မျက်စောင်းထိုးနေဦးမယ်နော်။ 🙂 မမှီသားက လူချောနော် ဘယ်သူပြောတာလည်း မမှီပြောတာပေါ့။ 😀
ကိုရင် ပန်းစည်းနဲ့ ကြိုမယ်ဆိုတဲ့ အကြံကို သိတယိနော်။ 🙂
Rose Minn
January 17, 2012 at 2:39 pm
မမှီရဲ့ ဟင်းတွေကို အပြင်မှာ မြည်းချင်တာတော်တော်ကြာခဲ့ပြီ။ ပြန်လာရင် မမှီချက်တာလာစားမယ်နော်။ ဟင်းချက်နည်းတွေလဲ သင်အုံးမယ်။ ပြန်လာရင် rose ကိုလဲဖိတ်နော်။ မမှီ လုပ်တဲ့မုန့်တွေစားချင်တယ်။ မမှီရေးတဲ့စာ တွေထဲမှာ မုန့်လုပ်နည်းတွေကို တော့စိတ်အဝင်စားဆုံးပဲ။ rose လဲချက်တာ ဝါသနာပါလို့ထင်တယ်။ ဟီးဟီး။
hmee
January 18, 2012 at 2:05 pm
Rose ရေ ချက်တာတော့ မပြောနဲ့ ကိုယ့်ဘာသာချက်လိုက် အားပေးမဲ့သူမရှိတော့ ကိုယ်ဘာသာ စားလိုက်နဲ့ လူလည်း ပွင့် ဖြစ်နေပြီ။ အားပေးမဲ့သူရှိပြီး ကောင်းတယ်သာပြော မမောမပန်းကို ချက်ကျွေးတယ်။ 🙂
ရွှေဘိုသား
January 17, 2012 at 7:07 pm
ကိုဘလက်ရဲ့ ပို့နဲ့အတူ ကြိုဆိုလျှက်ပါ မမှီရေ
naywoonni
January 17, 2012 at 9:40 pm
မမှီကို နေပြည်တော်မှ ကြိုဆိုပါ၏ …….။
hmee
January 18, 2012 at 2:14 pm
ရွှေဘိုသားရေ လေးပေါက် ကလောင်စွမ်းကြောင့် ရွှေဘိုသားကို မှတ်မှတ်ရရ သတိရပါတယ်။ 🙂 ကြိုဆိုတဲ့ အတွက် ကျေးကျေးပါ။
အဘနီရေ နေပြည်တော်ကို ရောက်ရင်တော့ အဘနီနဲ့ ဆုံချင်ပါသေးတယ်နော့။
zarzarhtwe
January 18, 2012 at 10:35 am
ရန်ကုန်ပြန်ရောက်ရင်လည်း စာတွေဆက်ရေးပါအုံးနော်။မမှီရဲ့ ပဲပင်ပေါက် ပို့စ်ကိုအမြဲ အမှတ်ရနေပါတယ်
hmee
January 18, 2012 at 2:16 pm
ဇာဇာရေ မမှီရဲ့ ပဲပင်ပေါက် မလှမပလေးလည်း ရန်ကုန်ရောက်လို့ ဆွေမျိုးတွေကြား ရောက်ရင်တော့ သန်မာတော့မယ် ထင်ပါရဲ့။ 🙂 အားပေးတဲ့အတွက် ကျေးကျေးပါနော်။
ကိုပေါက်(မန္တလေး)
January 18, 2012 at 2:59 pm
မမှီရေ
စာသမားကိုပေါက်နဲ့ ရွှေဘိုသားရန်ကုန်မှာ 8-1-2012နေ့မနက်စောစော ရွှေတိဂုံဘုရားနားက လက်ဖက်ရည်ဆိုင်လေးမှာတွေ့ပြီးကြပြီ။
နွေးသီးတောင်အဆစ်ပါလိုက်သေးတယ်နော်.
Phaung Phaung
January 18, 2012 at 4:08 pm
ဒီဂဇက်ထဲကို မရောက်ခင်ကထဲက မမှီရဲ့ Post တွေကိုကြိုက်ပါတယ်…စာဖတ်သူကိုဆွဲခေါ်သွားနိုင်အောင်ကို ကောင်းပါတယ်။ ဉာဏ်မကောင်းလို့ သိပ်မမှတ်မိတာကိုတော့ခွင့်လွှတ်ပါ… မမှီရောက်နေတဲ့နေရာမှာ ချဉ်ပေါင်ရွက်မရှိလို့ ဘာအရွက်ကိုလဲမသိဘူး ချဉ်ပေါင်လို့သဘောထားပြီးစားရတယ်ဆိုတဲ့အကြောင်းလေးကို စာတစ်ပုဒ်ဖြစ်အောင်ရေးနိုင်ပြီး အခြား Post တွေကလည်း ရသအမျိုးမျိုးနဲ့ ဗဟုသုတတွေရစေနိုင်လို့ အမြဲ စောင့်မျှော်ဖတ်ရှုအားပေးပါ့မယ်လို့ ပြောချင်ပါတယ်…………..